← Chapters

လှပသော ထိုအနမ်း

Vol. 29 Ch. 428

လှပသော ထိုအနမ်း

Vol. 29 Ch. 428

ချန်ဟိုင်းကို ရောက်လာခဲ့သော ရည်ရွယ်ချက်ကို ဝမ်ကောချန်က အောင်မြင်ခဲ့ပြီးလေပြီ။ သူ ရွှီဖန်းနှင့် တွေ့ဆုံကာ သဘောတူညီချက်တစ်ခုတောင် ပြုလုပ်ခဲ့၏။

အခုတော့ သဘာဝကျစွာပင် ထွက်ခွာရန် အချိန်ရောက်လေပြီ။ ဒီညမှာ ရွှီဖန်း၏လုပ်ဆောင်မှု မရှိခဲ့ရင်တောင် သူ အောင်မြင်နိုင်မည့် အကြီးမားဆုံးအကြောင်းရင်းမှာ ဝမ်ကောချန်က ထိုနေရာမှာ ထိုင်နေခြင်းပင်။ ရွေ့လျားလို့မရသည့် တောင်ကြီးတစ်ခုဖြစ်သည်။

ဝမ်ကောချန်သာ မရှိခဲ့လျှင် ရွှီဖန်းက လျိုဟွားကို သူ့ခြေထောက်အောက်မှာ နင်းထားနိုင်သော ယုံကြည်မှုရှိရင်တောင်မှ အခုလိုမျိုး သက်ရောက်မှုမျိုးကို ရရှိမည် မဟုတ်ပေ။

ဝမ်ကောချန် ထရပ်ပြီး ထွက်သွားသည်နှင့် ဧည့်သည်များအားလုံးက သူ့ကို လိုက်ပို့ရန် မတ်တပ်

ရပ်လာကြ၏။

အကြီးအကဲ၏အဆင့်အတန်းက အလွန်မြင့်သည်။ အခုလို အဆင့်မြင့်ပုဂ္ဂိုလ်များအုပ်စုကတောင် အကြီးအကဲနှင့် စကားပြောရန် အရည်အချင်း မပြည့်မီပေ။ 

သို့သော်ငြား ထိုသို့ဖြစ်နေရင်တောင် အကြီးအကဲက လျိုဟွားလိုမျိုး ပြုမူခဲ့ခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် အကြီးအကဲသည် ဒီညမှာ ပုံမှန်အတိုင်းသာ နေခဲ့ပြီး ခေါင်းဆောင်များပြောတတ်ကြသော အခြေခံအကျဆုံးအရာများကိုတောင် မပြောခဲ့ပေ။

ဒီညမှာ ရွှီဖန်းသာ မရှိခဲ့လျှင် လျိုဟွားတောင်မှ ဒီအကြီးအကဲနှင့်အတူ ထိုင်ရန် အရည်အချင်းမရှိပေ။

ဝမ်ကောချန် ရောက်လာသောအခါ ဧည့်သည်အားလုံးက သူ့ကို ကြိုဆိုရန် မတ်တပ်ရပ်ကြ၏။ အလားတူပင် ဝမ်ကောချန် ထွက်သွားသောအခါ ဧည့်သည်အားလုံးက သူ့ကို လိုက်ပို့ပြီး ဦးညွှတ်ကြသည်။

ရွှီဖန်းကလည်း အကြီးအကဲကို ကျေးဇူးတင်ကြောင်း ဖော်ပြရန် အနည်းငယ် ဦးညွှတ်လိုက်လေ၏။

ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်လို့ သူတို့နှစ်ယောက်ကြားမှာ စာရွက်တစ်ရွက်တောင် မရှိခဲ့ပေ။ သူတို့ကြားမှာ ကောင်းမွန်သောစကားလုံးများတောင် မပြောခဲ့ကြပေ။ သို့သော် ဝမ်ကောချန်ကတော့ ရွှီဖန်းကို တိုက်ရိုက်ယုံကြည်ရန် ရွေးချယ်ခဲ့သည်။

သူတို့နှစ်ယောက်ကြားက ခွဲခွာသည့် စကားများကလည်း သူတို့၏မျက်လုံးများကတဆင့်ပင် ဖြစ်၏။

လက်ရှိအရာအားလုံး၏အကြောင်းရင်းက ဝူထျန်း၏ အကြံပြုချက်များကြောင့် ဖြစ်နိုင်သော်လည်း အများစုကတော့ ဝမ်ကောချန်၏ ပင်ကိုအသိကြောင့်သာ ဖြစ်သည်။

သို့သော်ငြား အခုအချိန်ကစပြီး သူတို့နှစ်ယောက် ထပ်တွေ့ရန် အလွန်ခက်ခဲသွားလေပြီ။

ဝမ်ကောချန်သည် တစ်လှမ်းချင်းဖြင့် ဖြည်းဖြည်းချင်း အပြင်ကို လျှောက်သွားနေ၏။ ပွဲထဲရှိ အော်ဟစ်နှုတ်ဆက်စကားသံများအားလုံးက ဝမ်ကောချန်ကို လုံးဝမသက်ရောက်ပေ။ အကြီးအကဲ၏ခြေလှမ်းများက သူ၏စိတ်အခြေအနေကဲ့သို့ တည်ငြိမ်ကာ အေးဆေးနေသည်။

ရွှေလင်းယုန်တပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဝမ်ကျိကလည်း ဝမ်ကောချန်၏အနောက်ကနေ ကပ်၍ လိုက်ပါသွားခဲ့၏။

သူတို့ ထွက်ပေါက်နှင့် နီးလာသောအခါ ဝမ်ကောချန်သည် ပေါ့ပေါ့ပါးပါး လှည့်လာလိုက်ပြီး လက်ရှိမှာရှိနေသော ပုဂ္ဂိုလ်ကြီးများအားလုံး၏ စိတ်အားထက်သန်နေသည့် အကြည့်များကနေတစ်ဆင့် ရွှီဖန်းရှိရာကို ကြည့်လာသည်။

ထိုအချိန်မှာ ရွှီဖန်းက ကျောအနည်းငယ် ကုန်းညွတ်၍  ဝမ်ကောချန်ကို သူ့နည်းသူ့ဟန်ဖြင့် နှုတ်ဆက်နေ၏။

မျက်နှာပေါ်မှ အပြုံးတစ်ခုနှင့်အတူ ဝမ်ကောချန်သည် တစ်ဖက်ကိုပြန်လှည့်၍ ခပ်သွက်သွက် လှမ်းကာ ပွဲကျင်းပရာနေရာကနေ ထွက်သွားခဲ့သည်။

ဤချန်ဟိုင်းခရီးစဉ်၏တန်ဖိုးက အတိုင်းအဆ မရှိပေ။

ဝမ်ကောချန်၏ပုံရိပ်က နောက်ဆုံးမှာတော့ လူတိုင်း၏မျက်စိကနေ ပျောက်ကွယ်သွားလေ၏။ လျိုဟွားနှင့် အကြီးအကဲတို့ ထွက်သွားပြီးနောက်မှာ ပွဲကျင်းပရာနေရာရှိ အခြေအနေက ပို၍စိတ်လှုပ်ရှားစရာကောင်းလာသည်။

သူတို့ ပွဲထဲ ရှိနေသည့်အချိန်မှာ ရွှီဖန်းနှင့် လျိုဟွားတို့ ယှဉ်ပြိုင်နေတာကို မြင်ခဲ့ကြ၏။ သူတို့၏နှလုံးသားများကလည်း လည်ချောင်းထိရောက်လုနီးပါး ဖြစ်ခဲ့ကြသည်။ သူတို့၏မျက်လုံးများက ရွှီဖန်းနှင့် လျိုဟွားတို့ အပေါ်မှာသာ ရှိနေခဲ့ပြီး အရင်ကအကြောင်းများ ပြန်ပြောရန် အချိန်မရခဲ့ကြပေ။

အခုတော့ လူတစ်ယောက်သာ ကျန်တော့၏။ ချန်ဟိုင်းရှိ ဂုဏ်သရေရှိလူများက စိတ်လှုပ်ရှားလာကြသည်။

ခဏတာအတွင်းမှာ သူတို့က ရယ်မောပျော်ရွှင်စွာဖြင့် စကားပြောနေကြ၏။

သို့သော်ငြား အနည်းငယ်လေးသာ ဆူညံနေခြင်းပင်။ လူတိုင်း၏အကြည့်များက ရွှီဖန်းအပေါ်မှာ ရှိနေတုန်းပင်။ လူငယ်လေးက ပွဲကျင်းပရာနေရာကနေ မထွက်သွားသရွေ့ သူတို့ အရင်ကအကြောင်းများ ပြန်ပြောရန် စိတ်တည်ငြိမ်နိုင်မည် မဟုတ်ပေ။

သူက လျိုမိသားစုသခင်လေး၏ မျက်နှာကို ရိုက်ခဲ့သူ၊ ဝူရှန်း၏ခေါင်းကို နင်းခဲ့သူဖြစ်ပြီး အကြီးအကဲဝမ်က အားကိုးရသူ ဖြစ်သည်ဆိုတာကို နားလည်ထားရမည်။

တခြားစကားလုံးများနှင့် ပြောလျှင် နားလည်ရတာ ပိုလွယ်ကူလိမ့်မည်။ ထိုလူက လျိုမိသားစုသခင်လေးနှင့် ဝူရှန်းကိုတောင် ရိုက်နှက်ရဲသူတစ်ဦးပင်။ ဘယ်သူက သူ့ကို ရန်စရဲမည်နည်း။ 

မင်းက လျိုမိသားစုသခင်လေးထက် ပိုအားကောင်းလို့လား။ သူ့ကိုရော နိုင်အောင် တိုက်ခိုက်နိုင်လို့လား။

လူအုပ်ကြီး၏အလယ်မှာ ရပ်နေသည့် ရွှီဖန်းကတော့ လုံးဝပင် မသက်မသာ မခံစားရပေ။ သူ့ထိုင်ခုံပေါ်မှာ တည်တည်ငြိမ်ငြိမ် ထိုင်နေပြီး ဘေးနားရှိ ဝူထျန်း၊ တခြားသူများနှင့် စကားပြောနေလေသည်။

ဝူထျန်းက အကြီးအကဲနှင့်အတူ လာခဲ့ခြင်းဖြစ်ရာ  အစကတော့ အကြီးအကဲနှင့်အတူ ပြန်ချင်ခဲ့၏။ သို့သော် သူ၏ရဲဘော်ဟောင်းများက သူ့ကို နေခဲ့ရန် စည်းရုံးတာကို မငြင်းဆန်နိုင်ခဲ့ပေ။ ဝူထျန်းလည်း နောက်ဆုံးမှာတော့ တစ်ညနေရန်နှင့် သူ၏ရဲဘော်ဟောင်းများနှင့် စကားပြောရန် သဘောတူခဲ့သည်။

တုန့်ဝေနှင့် တခြားသူအနည်းငယ်ကလည်း ဝူထျန်းကို စည်းရုံးခဲ့ကြလေ၏။ သူတို့က ရယ်မောကာဖြင့် ဝူထျန်း၏ပခုံးကို ပုတ်လျက် ရွှီဖန်းကိုလည်း ကာရာအိုကေ သွားရန် ဖိတ်ခေါ်ခဲ့ကြသည်။

ရွှီဖန်းသည် ဝူထျန်းနှင့် ဆက်ဆံရေး နက်ရှိုင်းသော်လည်း သူ ထို ဖိတ်ခေါ်မှုကို လက်မခံခဲ့ပေ။ ထိုအစား ဝူထျန်း၏ ဤညကို ရဲဘော်ဟောင်းများနှင့်သာ ချန်ထားခဲ့၏။

သူတို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ဖုန်းနံပါတ် လဲလှယ်ခဲ့ကြပြီး အနာဂတ်မှာ ကိစ္စများရှိလာလျှင် လာရှာရန် ပြောခဲ့ကြသည်။ နောက်ဆုံးမှာ ဝူထျန်း၊ တုန့်ဝေနှင့် တခြားသူများက မတ်တပ်ရပ်ကာ ရွှီဖန်းကို နှုတ်ဆက်လာကြ၏။

သူတို့ အချိန်အကြာကြီး မတွေ့ခဲ့ရပေ။ ဒီနေ့မှာ သူတို့က အကြီးအကဲကို တွေ့ရန် ရောက်လာခဲ့တာဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဝူထျန်း ပြောခဲ့သော ထူးချွန်သူရွှီဖန်းကိုလည်း တွေ့ချင်ခဲ့ကြသည်။ အခုတော့ ကိစ္စနှစ်ခုလုံး ပြီးစီးသွားပြီဖြစ်၍ သူတို့ ကျေနပ်ကြပေ၏။

ဝူထျန်းနှင့် တခြားသူများကို လိုက်ပို့ပြီးနောက်မှာ မူလက စည်ကားနေသည့် စားပွဲ၌ ရွှီဖန်းနှင့် စွန်းဖေးဖေးသာ ကျန်ရစ်တော့သည်။

ဝမ်ကောချန် ရှိနေတုန်းမှာ စွန်းဖေးဖေးသည် ပြုံးရင်း စကားအနည်းငယ် ဝင်ပြောခဲ့သေး၏။ သို့သော် ဝမ်ကောချန် ထွက်သွားပြီးနောက်မှာ စွန်းဖေးဖေးက လုံးဝတိတ်ဆိတ်သွားလေသည်။ သူမက ထိုင်ခုံပေါ်မှာ တိတ်ဆိတ်စွာ ထိုင်နေပြီး ရွှီဖန်းကို ကြည့်နေခဲ့၏။ သူမ၏ဆွဲဆောင်မှုရှိသော မျက်နှာလေးက အနည်းငယ် နီရဲနေပြီး သူမ၏အပြုံးက နစ်မြုပ်ချင်စရာပင်။

စွန်းဖေးဖေးက ဝူထျန်းတို့နှင့် ရင်းနှီးခြင်း မရှိပေ။ သူတို့ တစ်ချိန်က ပါဝင်ခဲ့ဖူးသော မီးလျှံမုန်တိုင်းများအကြောင်းကိုလည်း သူမ စိတ်မဝင်စားပေ။တစ်လျှောက်လုံး ဒီမှာ ထိုင်နေခဲ့ရသော အကြောင်းရင်းက သဘာဝကျစွာပင် သူမ ရွှီဖန်းနှင့် စကားပြောရန် အချိန်ကောင်းကို စောင့်နေခြင်းဖြစ်၏။

ထိုအနမ်းက လျှပ်စီးကြောင်းတစ်ခုလိုမျိုး မူးယစ်ဖွယ်ကောင်းသည်။

စွန်းဖေးဖေးက အလွယ်တကူ ကျေနပ်တတ်သူ မဟုတ်ပေ။ သူမ ရွှီဖန်းကို ပိုနမ်းချင်ခဲ့သည်။ သို့သော် ထိုမတိုင်ခင်မှာ စွန်းဖေးဖေးအတွက် အဖြေတစ်ခု လိုအပ်ပေ၏။

ရွှီဖန်း၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း စွန်းဖေးဖေး၏မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။

"ရွှီဖန်း ကျွန်မကို အဖြေပြောပြပါ အခုပဲ!"

ရွှီဖန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ဘာအဓိပ္ပာယ်လဲ။ ရုတ်တရက်ကြီး ဘာအဖြေကို တောင်းနေရတာလဲ။

စွန်းဖေးဖေး၏ဦးနှောက်လည်ပတ်မှုကို ကောင်းကောင်းသိသော ရွှီဖန်းသည် သတိကြီးစွာဖြင့် မေးလိုက်မိ၏။

"မင်းကို အဖြေမပေးခင်မှာ ဖြစ်နိုင်ရင် ကျွန်တော့်ကို မေးခွန်း အရင်မေးပေးလို့ရမလား"

စွန်းဖေးဖေးက သူမ၏ခေါင်းကို ပုတ်၍ ရွှီဖန်းကို ကြည့်ကာ စိတ်ပူပန်စွာ ပြောလာသည်။

"ရှင် မေ့သွားပြီလား...ကျွန်မ ခုနကပဲ ရှင့်ကို မေးခဲ့တယ်၊ ကျွန်မကို ချစ်လားလို့...ကျွန်မကို ချစ်ရင် ကျွန်မတို့ ထွက်သွားကြမယ် ဒါမှမဟုတ် ကျွန်မ ချန်ဟိုင်းမှာ လိုက်နေမယ်...အရာအားလုံးက ရှင့်အပေါ်မှာ မူတည်တယ်ရယ်၊ ရှင် ကျွန်မကို မချစ်ရင် ကျွန်မက ပေကျင်းကို ပြန်သွားမှာ ပြီးတော့..."

စွန်းဖေးဖေး စကားမဆုံးခင်မှာ ရွှီဖန်းက သူ့လက်ကို ဆန့်ထုတ်၍ သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။ ထို့နောက် သူ့ခေါင်းကို နှိမ့်ကာ စွန်းဖေးဖေး၏ နားရွက်ဘေးမှာ ကပ်လျက်...

 "ချစ်တယ်"

စွန်းဖေးဖေးက​တော့ ရွှီဖန်း၏ရင်ဘတ်အပေါ် ခေါင်းတင်ထားသည့် ယဉ်ကျေးသော ကြောင်လေးတစ်ကောင်ကဲ့သို့ပင်။ သူမ၏မျက်လုံးများကို မှိတ်ထားကာ ရွှီဖန်း၏ခန္ဓာကိုယ်ကနေ ထွက်လာသည့် အမျိုးသားဆန်သောရနံ့ကို ရှူသွင်းနေရင်း သူမ၏မျက်နှာက နီရဲလာလေသည်။

စွန်းဖေးဖေးသည် ဒီအချိန်အတွက် အကြာကြီး စောင့်မျှော်နေခဲ့ရ၏။

အသက်၁၁ နှစ် သို့မဟုတ် ၁၂ နှစ်ကတည်းက စွန်းဖေးဖေးသည် ဒီလိုအိပ်မက်မျိုးကို စတင်မက်ခဲ့ရသည်။ အဖြူရောင်မြင်းကို စီးလာသော မင်းသားလေးတစ်ပါးက ကောင်းကင်ကနေ ဆင်းသက်လာပြီးနောက် သက်တံ့ပေါ်မှ တိမ်တိုက်ပေါ်ကို တက်ကာ သူမကို လက်ထပ်ခေါ်သွားလေ၏။ ထို့နောက် သူမကို မိသားစု၏ကန့်သတ်ချက်များကနေ လွတ်မြောက်အောင် ကူညီပေးလိမ့်မည်။

စွန်းဖေးဖေးသည် သူမ၏မင်းသားလေးကို နောက်ဆုံးမှာတော့ မြင်ခဲ့ရလေပြီ။ သူမ၏ဆန္ဒများလည်း ပြည့်ဝလာကာ သူမ၏မင်းသားလေးက သူမကို ပွေ့ဖက်ထားလေသည်။

သန့်စင်သောပတ္တမြားနှင့် သန်မာသောလေတို့ တွေ့ဆုံချိန်မှာ ထိုတွေ့ဆုံမှုက လောကတစ်ခုလုံး၌ အနှိုင်းမဲ့အောင်မြင်မှုကို ပေးစွမ်းနိုင်လိမ့်မည်။

**************************

All Chapters