လူကြီးသူကောင်း၏ယုံကြည်မှု
Vol. 29 Ch. 432
ရွှီဖန်းက သူ၏သဘောထားကို ထုတ်ဖော်ပြသလိုက်သောအခါ ထိပ်သီးပုဂ္ဂိုလ်များအားလုံးသည် အာမခံချက်တစ်ခုအဖြစ် ခေါင်းညိတ်ပြလာကြ၏။
"မစ္စတာရွှီ စိတ်မပူပါနဲ့၊ ကျွန်တော်တို့အားလုံးက ချန်ဟိုင်းပြည်နယ်ရဲ့တစ်စိတ်တစ်ပိုင်းတွေပါပဲ၊ မစ္စတာရွှီ အနာဂတ်မှာ အခက်အခဲတစ်ခုခုရှိခဲ့ရင် ပြောဖို့ မတွန့်ဆုတ်ပါနဲ့"
"မစ္စတာရွှီရဲ့စကားနဲ့သာဆိုရင် ဓားတောင်တွေနဲ့ မီးပင်လယ်တွေက အရှေ့မှာပဲရှိရှိ၊ အနောက်မှာပဲရှိရှိ ကျော်ဖြတ်လာခဲ့ပါမယ်!"
"မှန်ပါတယ်၊ ဒါက ကျွန်တော်တို့ ဂရုစိုက်သင့်တာပါ"
မျက်စိတစ်မှိတ်စာအတွင်းမှာပင် တင်းမာနေသောလေထုက ပူနွေးလာခဲ့သည်။
ထိပ်သီးပုဂ္ဂိုလ်များအားလုံးသည် ရွှီဖန်း၏စကားကို ကောင်းတယ်၊ နာခံတယ်ဟု ပြောခဲ့ကြပြီး သူတို့၏ သဘောထားနှင့် ကောင်းမွန်သောစိတ်ဆန္ဒကို ပြသခဲ့ကြ၏။
*မည်သို့ပင်ဆိုစေကာမူ မင်းအရှေ့မှာ အနည်းဆုံး အသားပိဿာချိန် အနည်းငယ်တော့ ရှိနေလေသည်။
သူတို့က ရွှီဖန်းအရှေ့မှာ ဒီလိုပြောနိုင်ခဲ့မည်ဆိုလျှင် လျိုမိသားစုရှေ့မှာလည်း အတူတူပင် လုပ်နိုင်ကြမည်ပင်။
မင်း ရွှီဖန်းက အံ့သြစရာကောင်းရင်တောင် မင်းမှာ ဖောက်ထွင်းနားထောင်နိုင်တဲ့နားရွက် ရှိလို့လား။
အရေးပါသောပုဂ္ဂိုလ်များက ကြောက်ရွံ့မှုကင်းမဲ့နေကြလေ၏။
"ကျွန်တော် ရွှီဖန်းက ခင်ဗျားတို့အားလုံး ဘာတွေးနေလဲဆိုတာကို သေချာပေါက် နားလည်ပါတယ်၊ ဒါပေမဲ့ လျိုမိသားစုက အကြီးစားမိသားစုတစ်ခုဖြစ်တာကြောင့် ခင်ဗျားတို့အားလုံး အဲ့ဒါကို ရင်ဆိုင်တဲ့အခါ ဖျက်ဆီးခံရမှာ အသေအချာပဲ၊ ကျွန်တော် ဘာလုပ်
သင့်လဲ"
ရွှီဖန်းသည် လူအုပ်ကြီးအား ပြုံးပြုံးလေးကြည့်နေခဲ့ပြီး ထိုလူအုပ်စုအတွက် တကယ်တွေးပေးနေသလိုမျိုး ပြောနေခဲ့သည်။
ထိပ်သီးပုဂ္ဂိုလ်များအားလုံးမှာ ရွှီဖန်း၏မျက်နှာအမူအရာကြောင့် စိတ်ရှုပ်ထွေးနေကြ၏။
ဘာဖြစ်နေတာလဲ။
ဒီလူငယ်လေးက ငါတို့အတွက် တကယ်ပဲ တွေးပေးနေတာလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ပြီးတော့ ငါတို့ကလည်း လျိုမိသားစုနဲ့ လုံးဝတိုက်ချင်တာ မဟုတ်ဘူးနော်။ ဒီလူငယ်လေးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။
အလွန်မြန်ဆန်စွာပင် ရွှီဖန်းက ထိပ်သီးပုဂ္ဂိုလ်အုပ်စုကို အဖြေတစ်ခု ပေးလာသည်။
"လူကြီးမင်းတို့အားလုံးပဲ ကျွန်တော်ရွှီဖန်းက တိုက်တိုက်ဆိုင်ဆိုင် မြို့ရဲ့အနောက်ဘက်ခြမ်းမှာ ဟွားချန်ကိုယ်ခံပညာကျောင်းလို့ ခေါ်တဲ့ ကိုယ်ခံပညာအဆောက်အအုံတစ်ခုကို ဖွင့်ထားပါတယ်၊ လူတိုင်းရဲ့ သားသမီးမြေးမြစ်တွေကို လျိုမိသားစုက ခေါ်
ဆောင်သွားမှာကို ကာကွယ်ဖို့အတွက် ခင်ဗျားတို့ရဲ့ သားသမီးမြေးမြစ်တွေအားလုံးကို ကျွန်တော် တပည့်တွေအဖြစ် ခေါ်ထားချင်ပါတယ်"
ဘယ်လိုထင်လဲ။ ဘယ်လိုထင်လဲ။
မဟုတ်ဘူး! မရဘူးပေါ့!
လျိုမိသားစုက အင်အားကြီးသော်လည်း သူတို့က ဒီလိုမျိုးခြိမ်းခြောက်သောအရာမျိုးကို တစ်ခါမှ မလုပ်ခဲ့ဖူးပေ။ ဒီလူငယ်လေးက သူတို့၏ကလေးများကို အကွက်ချစီစဉ်ရန် တကယ်ပင် သတ္တိရှိနေခဲ့၏။
သူတို့ ခေါင်းညိတ်လိုက်တာနှင့် ရွှီဖန်း၏သင်္ဘောကြီးပေါ်ကို အတင်းအကြပ် တင်ခံရတော့မှာ ဖြစ်သည်။ လျိုမိသားစုက ချန်ဟိုင်းပြည်နယ်ကို လာပြီး သူတို့နှင့် ဆက်သွယ်ချင်ရင်တောင် သူတို့က လျိုမိသားစုက လူများကို တွေ့ရဲဦးမှာတဲ့လား။
မဖြစ်နိုင်ပေ။
အရေးအကြီးဆုံးမှာ ထိုကိစ္စ ပေါ်သွားသည်နှင့် လျိုမိသားစုမှာ သူတို့က ရွှီဖန်းနဲ့ သင်္ဘောတစ်ခုတည်းစီးနေတယ်ဟု သေချာပေါက် တွေးမိသွားလိမ့်မည်။ လျိုမိသားစုက သူတို့၏အဆုံးမရှိသောဒေါသကို သူတို့အပေါ်မှာ ဖော်ထုတ်လိမ့်မည်။
ထိပ်သီးပုဂ္ဂိုလ်များ၏အတွေးများက ရင်ထဲမှာ လှိုင်းထန်နေခဲ့သည်။
ရွှီဖန်းက စင်ပေါ်မှာ ရပ်နေပြီး ထိပ်သီးပုဂ္ဂိုလ်များ၏ ရှုပ်ထွေးနေသော မျက်နှာအမူအရာများကို ပျော်ရွှင်သော အမူအရာဖြင့် ကြည့်နေလေ၏။
ဒီလူတွေက သူ့အတွက် အများကြီး အကူအညီဖြစ်စေလိမ့်မည်ဟု ရွှီဖန်းကလည်း မထင်ထားပေ။ သူတို့က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လက်အောက်ငယ်သားများ၊ အဆိုးရွားဆုံးလုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြသည်။
မင်းရဲ့တန်ဖိုး ဆုံးရှုံးသွားတာနဲ့ သူတို့က ဘာတွန့်ဆုတ်မှုမှမရှိဘဲ မင်းကို ရောင်းစားပစ်လိမ့်မယ်!
ထို့ကြောင့် ရွှီဖန်းသည် သူတို့၏ထင်မြင်ချက်များကို ထုတ်ဖော်ရန် သူတို့အား အတင်းအကျပ်လုပ်ရန်သာ အလိုရှိခဲ့ခြင်းပင်။
ငါ့ဆီက အကျိုးအမြတ်ယူချင်တာလား။ ကောင်းပြီလေ...မင်းတို့ရဲ့ခေါင်းကို အရင်ပေး၊ နောက်နေ့မှာ မင်းတို့ရဲ့သားသမီးတွေကို ငါ့ရဲ့ဒိုဂျိုဆီ ပို့လိုက်!
ရွှီဖန်းအနေဖြင့် သူတို့ကို ကိုယ်ခံပညာ သင်ပေးရန် လုံးဝမလိုအပ်ပေ။ သူတို့ကို ကိုယ်တိုင်တွေ့ရန်တောင် မလိုအပ်ပေ။ သူတို့သာ သူ၏ဒိုဂျိုထဲကို ဝင်ရောက်လာပါက အရာအားလုံးအဆင်ပြေပြီး လူတိုင်း ပျော်ရွှင်ရလိမ့်မည်။
ထိုလှုပ်ရှားမှုက လျိုမိသားစု၏ လက်စားချေမှုဖြစ်နိုင်ခြေကို ကိုင်တွယ်ရန်အတွက်သာမကဘဲ ဒိုဂျိုနှင့် ချန်ဟိုင်းစားနပ်ရိက္ခာအခြေစိုက်ရုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ ဖြစ်သည်။
အကြီးအကဲဝမ်၏နာမည်က နာမည်ကြီးသော်လည်း လက်ရှိအချိန် သက်ရောက်မှုက အလွန်ဝေးနေတုန်းပင်။ ချန်ဟိုင်းပြည်နယ်ထဲမှာတော့ သူ့အရှေ့က ရာနှင့်ချီသော ထိပ်သီးပုဂ္ဂိုလ်များက အရေးကြီးနေသေး၏။
ဒါကလည်း ရွှီဖန်းက ထိုထိပ်သီးပုဂ္ဂိုလ်များနှင့် ငြင်းခုံရသော တကယ့်အကြောင်းရင်းပင် ဖြစ်သည်။
လက်ရှိအချိန်မှာ ဒီလူအုပ်စုက ရွှီဖန်းကြောင့် တစ်နေရာတည်းမှာ စုပုံနေခဲ့ကြ၏။ သူ့အတွက် အောင်မြင်ရန် တစ်လှမ်းသာ လိုတော့သည်။
သို့သော်လည်း ရွှီဖန်းသည် မာန်မာနလည်း မကြီးသလို စိတ်မရှည်တာမျိုးလည်း မရှိခဲ့ပေ။ သူ စင်ပေါ်မှာစိတ်ရှည်လက်ရှည်ဖြင့် ရပ်နေခဲ့ပြီး ထိပ်သီးပုဂ္ဂိုလ်များ၏ ရှုပ်ထွေးနေသောမျက်နှာအမူအရာများကိုကစားလိုသော အမူအရာဖြင့် ကြည့်နေခဲ့၏။
အစပိုင်းမှာ ထိပ်သီးပုဂ္ဂိုလ်များသည် အနည်းငယ် ကြောက်ရွံ့နေခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းသာ ဖလှယ်ရဲခဲ့ကြသည်။ သို့သော် ရွှီဖန်းက ဘာမှမပြောတာကို မြင်ပြီးနောက်မှာ ထိပ်သီးပုဂ္ဂိုလ်များသည် တဖြည်းဖြည်း သတ္တိရှိလာကြပြီး တစ်ယောက်နှင့်တစ်ယောက် တိုးတိုးလေးပြောရန် စုဝေးခဲ့ကြ၏။
မည်သို့ပင်ဆိုစေ ထိုအရာက အလွန်ကြီးမားသော ကိစ္စတစ်ခုပင်။ သူတို့ ခြေလှမ်းမှားသွားလျှင် ကျန်တာအားလုံးကို မေ့ပစ်ရတော့မည်။
မကြာခင်မှာပင် သူတို့က ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်လိုက်သည်။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေရောင်ဘောင်မျက်မှန်အား တပ်ထားလေ၏။ သူ့မျက်နှာက ချောမောပြီး ယဉ်ကျေးသိမ်မွေ့ပုံ ပေါက်သည်။ သူကတော့ ချန် ဟိုင်းပြည်နယ်၏ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဝမ်ဖေး၏ဖခင်ဖြစ်သော ဝမ်ဟန်ပင် ဖြစ်၏။
ချန်ဟိုင်းပြည်နယ်၏ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် အခုလိုအခြေအနေမျိုးမှာ ဝမ်ဟန်တစ်ယောက်တည်းကသာ ချန်ဟိုင်းပြည်နယ်တစ်ခုလုံး၏ ထိပ်သီးပုဂ္ဂိုလ်များကိုယ်စား ထွက်ရပ်ပြီး စကားပြောနိုင်လေသည်။
ယုံကြည်မှုနည်းလေလေ၊ စွန့်စားရလေလေပင်။ တခြားတစ်ယောက်ကိုလွှတ်လိုက်၍ စကားအနည်းငယ်လေးနှင့်တင် ဂုဏ်သိက္ခာကျဆင်းခဲ့ပါက ချန်ဟိုင်းပြည်နယ်ထဲရှိ ထိပ်သီးပုဂ္ဂိုလ်များအားလုံး မျက်နှာပျက်ရမည်မဟုတ်ပါလော။
ဝမ်ဟန်က သူ့နှာခေါင်းပေါ်ရှိ ရွှေရောင်မျက်မှန်ကို ချိန်ညှိလိုက်ပြီး ယဉ်ကျေးစွာ ထရပ်လာ၏။
"မစ္စတာရွှီ ခင်ဗျားရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကို ဒီလိုမျိုး သင်္ဘောတစ်စင်းတည်းမှာ ချည်နှောင်လိုက်တာက ကျွန်တော်တို့ကို လျိုမိသားစုကြီးနဲ့ ရင်ဆိုင်စေတာပဲ၊ ဒီလိုမျိုးလုပ်တာက မမျှတဘူး မဟုတ်ဘူးလား၊ ဒီမှာရှိတဲ့လူအများစုက မစ္စတာရွှီကို ပထမဆုံးအကြိမ် မြင်ဖူးကြတာကို သိထားရပါမယ်"
ဝမ်ဟန်၏ဆိုလိုရင်းက အလွန်ရိုးရှင်းသော်လည်း သူက တိုက်ရိုက်ငြင်းဆန်ခြင်းတော့ မပြုခဲ့ပေ။
ရွှီဖန်းနှင့် ရင်ဆိုင်ရသောအခါ ဘယ်သူကမှ အလွန်သတ္တိရှိရဲခြင်းမရှိခဲ့ပေ။ ဒီလူငယ်လေးက ဒေါသထွက်ပြီး နောက်ထပ်ဆူပူအုံကြွမှု ဖြစ်စေမလားဆိုတာ မသိနိုင်ပေ။
ရွှီဖန်းက လူအုပ်ကြီးကို မထီမဲ့မြင်ပြုစွာကြည့်၍ လက်ခါယမ်းလိုက်၏။
"မျှတမှုလား၊ ခင်ဗျားတို့ ကျွန်တော့်မိသားစုကို တိုက်ခိုက်တုန်းက 'မျှတမှု' ဆိုတဲ့ စကားလုံးကို ဘာလို့ မစဉ်းစားခဲ့ကြတာလဲ၊ ခင်ဗျားတို့ထဲက ဘယ်သူကများ ကျွန်တော့်မိသားစုကို အရေးယူခဲ့လဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး၊ ဒီကိစ္စကိုလည်း လိုက်စုံစမ်းဖို့လည်း အစီအစဉ် မရှိဘူး"
"ခင်ဗျားတို့က ဒီလိုလုပ်ခဲ့ပြီးပြီဆိုမှတော့ လျိုမိသားစုနဲ့ ကျွန်တော့်ကြားမှာ ခင်ဗျားတို့ ကြားနေဖို့က မဖြစ်နိုင်တော့ဘူး၊ ဒါ့အပြင် ဒီလိုမျိုး ခင်ဗျားတို့ ရှေ့ဆက်သွားချင်ရင်တောင် အရည်အချင်းမပြည့်မီဘူး"
ရွှီဖန်းသည် စင်ပေါ်ကို လျှောက်လာခဲ့သည့်အချိန်ကတည်းက ထိပ်သီးပုဂ္ဂိုလ်များအား မျက်နှာသာ မပေးခဲ့ပေ။
ယွီကျန့်ဟိုင်နှင့် ဝမ်ကျုံးကျန့်တို့လုပ်ခဲ့သော ကိစ္စက ရွှီဖန်းကို အဆုံးစွန်ထိ ဒေါသထွက်စေခဲ့၏။
ဝမ်ဟန်သည် သူ့ဘေးကလူကို မသိမသာကြည့်လိုက်ပြီး သူ့ဘေးကလူကလည်း သူ့ကို ကြည့်နေတာကို မြင်သောအခါ ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး တည်ငြိမ်စွာ ထပ်မေးလိုက်သည်။
"မစ္စတာရွှီ အစောပိုင်းမှာ ဖြစ်ခဲ့တဲ့အရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာလည်း ရှောင်လွှဲလို့မရတဲ့တာဝန်တစ်ခုရှိခဲ့ပါတယ်၊ ဒါပေမဲ့ မစ္စတာရွှီက ကျွန်တော်တို့ကို လျိုမိသားစုရဲ့မီးတွင်းထဲကို တွန်းထည့်လိုက်ပြီးနောက် ချန်ဟိုင်းပြည်နယ်ရဲ့ထိပ်သီးပုဂ္ဂိုလ်တွေကများ ဟာကွက်တစ်ခုခုကို ဖော်ထုတ်မိသွားခဲ့ရင် လျိုမိသားစုက သူတို့ကို အစားထိုးဖို့အတွက် လူတွေစေလွှတ်လိုက်လိမ့်မယ်၊ အဲ့ဒါဆိုရင် မစ္စတာရွှီအတွက်လည်း အကျိုးမရှိဘူး မဟုတ်လား"
ထိုအရာက ပွဲထဲရှိ ထိပ်သီးပုဂ္ဂိုလ်အားလုံး၏ ယုံကြည်မှုပင်။
ငါတို့ကို ကစားပြီးနောက်မှာလည်း မင်း ရွှီဖန်းက ကောင်းမွန်တဲ့ရလဒ်တွေ ရရှိမှာမဟုတ်ဘူး!
နှစ်ဖက်လုံးက သဟဇာတမဖြစ်နိုင်သော်လည်း နှစ်ဖက်စလုံးက အတူတူ ဒုက္ခရောက်ကြမှာ သေချာ၏။
( Jue - *မည်သို့ပင်ဆိုစေကာမူ မင်းအရှေ့မှာ အနည်းဆုံး အသားပိဿာချိန် အနည်းငယ်တော့ ရှိနေလေသည်။
"ဘယ်လိုအခြေအနေပဲပြောင်းလဲသွားပါစေ မင်းရဲ့လက်ထဲမှာ အနည်းဆုံးတော့ အကျိုးအမြတ်နည်းနည်းကျန်ခဲ့လိမ့်မယ်လို့ ဆိုလိုခြင်းပါ" )
***********************