စနိုးဝှိုက်နှင့် လူပု
Vol. 29 Ch. 434
ရွှီဖန်းသည် သူနှင့် စွန်းဖေးဖေးအား လူအုပ်စုက ဝိုင်းထားပြီး ဆက်တိုက်အော်နေတာကို မြင်လိုက်ရ၏။ သူ ချက်ချင်းထရပ်ကာ အသံအကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
"ဘာလို့ အဲ့လိုခေါ်နေကြတာလဲ၊ ဘာ စွန်းဖေးဖေးလဲ၊ ဒါက ငါ့ဇနီးကွ!"
စွန်းဖေးဖေးက ထိုစကားကိုကြားသောအခါ မျက်နှာနီမြန်းသွားခဲ့ပြီး သူမ၏ပရိသတ်များကတော့ နေရာမှာတင် အံ့အားသင့်သွားကြ၏။
လူထု၏မျက်လုံးထဲမှာ စွန်းဖေးဖေး၏ပုံရိပ်က အမြဲဖြူစင်သောအလှတရားပင် ဖြစ်ခဲ့သည်။ အစကတည်းက သူမဘေးနားရှိ ဘယ်သူဘယ်ဝါမှန်းမသိသော ယောက်ျားတစ်ယောက်ကြောင့် ပရိသတ်များက ရူးသွပ်နေပြီးသားပင်။ သို့သော် အခုတော့ ဘယ်သူဘယ်ဝါမှန်းမသိသည့် ဒီယောက်ျားမှာ စွန်းဖေးဖေးက သူ့ဇနီးပါဟု ပြောနေ၏။
"ဒါက ငါတို့ရဲ့ဖေးဖေးဆိုတာ ရှင်းနေတာပဲ၊ မင်းမှာ ငါတို့ရဲ့ဖေးဖေးက မင်းရဲ့ဇနီးပါလို့ ပြောဖို့ ဘာအခွင့်အရေးရှိလို့လဲ၊ မင်းက ဟင်္သာရဲ့အသားကို စားဖို့ ကြိုးစားနေတဲ့ ဖားပြုတ်ပဲ၊ မင်းက စနှိုးဝိုက်ဘေးက လူပုလေးတစ်ယောက်ပဲ!"
ရွှီဖန်းမှာ ထိုလူကြီး၏စကားကြောင့် ချက်ချင်းပင် ရွှင်မြူးသွားရသည်။ စွန်းဖေးဖေးလည်း ကျယ်လောင်စွာ မရယ်မိဘဲ မနေနိုင်ခဲ့ချေ။
အရပ်မြင့်ပြီး သန်မာသောလူ၏မျက်နှာက နီရဲနေပြီး သူ့လက်ညှိုးက တုန်ယင်နေကာ ရွှီဖန်းကို ထိုးပြနေခဲ့၏။ သူ့ပါးစပ်က ထွက်လာသော ရူးသွပ်သည့် စကားလုံးများက ကောင်းကင်အထိ လျှံကျနေသော ဒေါသများကို ဖော်ပြနေခဲ့သည်။
ဒါက ရေလှိုင်းအများကြီးဖြစ်စေသော ကျောက်တုံးတစ်တုံးကဲ့သို့ပင်။ ရူးသွပ်နေသော ပရိသတ်အုပ်စုသည် ရွှီဖန်းနှင့် စွန်းဖေးဖေးအား ရေတစ်စက်တောင် မယိုစိမ့်နိုင်လောက်အောင် တင်းကျပ်စွာ ဝန်းရံထားခဲ့ကြ၏။
"စွန်းဖေးဖေးက ငါတို့ရဲ့လူပဲ! ငါတို့ရဲ့စွန်းဖေးဖေးကို ပြန်ပေး!"
"မှန်တယ်! ဒီလူက လူကောင်းတစ်ယောက်မဟုတ်ဘူး၊ ငါတို့ရဲ့ဖေးဖေးက အန္တရာယ်ရှိနေပြီ"
စွန်းဖေးဖေးက ထိုပရိသတ်အုပ်စုကြား၌ အလွန်မြင့်မားသောနေရာကို ပိုင်ဆိုင်ထားတာ ရှင်းလှသည်။ စွန်းဖေးဖေးသာ သူမ၏ လက်မောင်းကို မြှောက်၍ ရွှီဖန်းကို လက်ညှိုးထိုးလျက် "ငါ့ကို ကယ်ပါ၊ ဒီလူက လူဆိုးတစ်ယောက်ပါ!"ဟု ပြောခဲ့မည်ဆိုလျှင် ရွှီဖန်းက သူမပရိသတ်များ၏ ဒေါသကြောင့် နစ်မြုပ်သွားနိုင်၏။
သို့သော်ငြား စွန်းဖေးဖေး၏မျက်လုံးများက ရွှီဖန်းကို ကြင်နာမှုများပြည့်နှက်စွာဖြင့် ကြည့်နေခဲ့သည်။
လက်ရှိအချိန်မှာ စွန်းဖေးဖေးက ပြုံးလျက် ထရပ်လာပြီး သူမ၏ ရူးသွပ်နေသော ပရိသတ်များကိုနှစ်သိမ့်ပေးလိုက်၏။
"အထင်မလွဲကြပါနဲ့ ဒါက ကျွန်မရဲ့ချစ်သူပါ၊ သူက လူဆိုးတစ်ယောက် မဟုတ်ပါဘူး၊ ဒီနေ့ မင်းတို့တွေအားလုံးကို မြင်တွေ့ရတာ ဝမ်းသာပါတယ်၊ မင်းတို့ အားလုံး ကျွန်မတို့ကို ကောင်းချီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
စွန်းဖေးဖေးသည် သူမ၏ပရိသတ်များကို ညင်ညင်သာသာဖြင့် ပြောနေခဲ့သော်လည်း သူမ၏မျက်လုံးများက ရွှီဖန်းအပေါ်မှာ အာရုံစိုက်နေခဲ့၏။ သံသယဖြစ်စရာမလိုဘဲ သူမသည် အချစ်နွံထဲကို ကျဆင်းသွားသော မိန်းကလေးတစ်ယောက်သာ ဖြစ်သည်။
ပရိသတ်အုပ်စုသည် စွန်းဖေးဖေး၏စကားကို ကြားသောအခါ နတ်ဆိုးကဲ့သို့ ညည်းသံများ၊ ဝံပုလွေများကဲ့သို့ အော်ဟစ်သံများဖြင့် ချက်ချင်းပင် ပြည့်နှက်သွားခဲ့၏။
"ဖေးဖေး! မင်းက ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာ အားပေးမှုတစ်ခုပါ! မင်း သူ့ကို လက်ထပ်လို့မရဘူး!"
"သူက အရမ်းကိုရိုးရိုးကြီးပဲ၊ သူက ဘယ်လိုလုပ် ကျွန်တော်တို့ရဲ့ဖေးဖေးနဲ့ ထိုက်တန်မှာလဲ"
သို့သော်လည်း သူတို့သည် နတ်ဆိုးကဲ့သို့ ညည်းတွားကာ ဝံပုလွေများကဲ့သို့ အော်ဟစ်နေခဲ့ကြသော်လည်း သူတို့၏ဟိန်းသံများက အများကြီး ပို၍ ပျော့ပျောင်း
သွားခဲ့သည်။ ပရိသတ်အများစုသည် စွန်းဖေးဖေး၏ နူးညံ့သော စကားများကို ကြားသည့်အခါ တိတ်တိတ်ဆိတ်ဆိတ်ပင် ကောင်းချီးပေးလိုက်ကြ၏။
စွန်းဖေးဖေးက တိတ်တဆိတ်ပင် ထိုင်ချလာပြီး ရွှီဖန်း၏လက်ကို ကိုင်လိုက်သည်။
စွန်းဖေးဖေးက သန်မာသောအမျိုးသမီးတစ်ယောက် မဟုတ်ပေ။ သူမမိသားစု၏ ထိန်းချုပ်မှုအောက်မှာ ဒီနှစ်တွေအတွင်း မိသားစုက စီစဉ်ပေးထားသော လမ်းအတိုင်း ကျောင်းတက်၊ ဘွဲ့ရ၊ လမ်းပေါ်ထွက်ပြီး စူပါစတားတစ်ယောက် ဖြစ်လာခဲ့၏။ ရွှီဖန်းသာ မရှိခဲ့ဘူးဆိုလျှင် စွန်းဖေးဖေးသည် သူမမိသားစုဆီက ထိန်းချုပ်ခံရပြီး သူမ တစ်ခါမှ မတွေ့ဖူးသော စေ့စပ်ထားသည့် ယောက်ျားတစ်ယောက်နှင့် လက်ထပ်ခဲ့ရမှာ ဖြစ်သည်။
သို့သော်ငြား ဒီနေ့မှာတော့ စွန်းဖေးဖေးသည် သူမဘဝတစ်ဝက်လောက်ကို စောင့်ဆိုင်းခဲ့ရသော မင်းသားလေးနှင့် နောက်ဆုံးမှာ တွေ့ခဲ့ရ၏။ သူမက သူ့ဇနီးပါဟု ရွှီဖန်းပြောတာကို ကြားပြီးနောက်မှာ စွန်းဖေးဖေး၏နှလုံးသားက ပျားရည်စားထားသကဲ့သို့ ချိုမြိန်နေခဲ့သည်။
ကောင်းချီးပေးမှုများနှင့် ညီးတွားမှုများကို ထားခဲ့ပြီးနောက် ရူးသွပ်နေသော ပရိသတ်များသည် နောက်ဆုံးမှာတော့ နှစ်ယောက်သုံးယောက်စီဖြင့် ကွဲသွားခဲ့၏။
ရွှီဖန်းနှင့် စွန်းဖေးဖေးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ သူတို့သည် တစ်ယောက်မျက်လုံးထဲမှာ တစယောက်၏ခံစားချက်များကို မြင်နိုင်ခဲ့၏။
မင်းက အကောင်းဆုံးဖြစ်ခဲ့လျှင်တောင်မှ တစ်ဖက်လူက မကြိုက်ခဲ့ဘူးဆိုလျှင် မင်းက ဘာမှ မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် မင်းက ကမ္ဘာကြီး၏အမြင်မှာ သည်းမခံနိုင်လောက်အောင် ဖြစ်နေရင်တောင်မှ မင်းကို မှန်ကန်သောနည်းလမ်းဖြင့် ကြည့်ခဲ့လျှင် ကမ္ဘာတစ်ခုလုံးနှင့် လဲယူလို့ရရင်တောင် လဲလှယ်လိမ့်မည်မဟုတ်ပေ။
ညစာစားပြီးနောက်မှာ သူတို့နှစ်ယောက်စလုံး ကားထဲသို့ ပြန်ဝင်ခဲ့ကြသည်။ စွန်းဖေးဖေး၏တောင်းဆိုမှုအရ ရွှီဖန်းသည် ဟိုတယ်တစ်ခုဘက်သို့ ကားကို မောင်းသွားခဲ့၏။
ဒီတစ်ကြိမ် ပွဲကို စွန်းဖေးဖေး လာခဲ့ခြင်းမှာ အကြီးအကဲဝမ်ဆီ လည်ရန်နှင့် အရင်တုန်းက အချိန်များကို ပြန်လည်အမှတ်ရရန်ပင်။ ရွှီဖန်းက ပွဲထဲမှာ ပေါ်လာလိမ့်မည်ဟု ဘယ်သူက ထင်ခဲ့မည်နည်း။
သို့သော် ဒီနေ့မှာတော့ လူတိုင်းက အလွန်ပျော်ရွှင်ခဲ့ကြသည်။ စွန်းဖေးဖေးက အကြီးအကဲဝမ်ဆီ လည်ပတ်နိုင်ခဲ့ရုံသာမက ရွှီဖန်းနှင့်လည်း အချစ်ရေးကို တည်ဆောက်ခဲ့ရ၏။ အခု သူတို့ ဟိုတယ်ကို ပြန်ရောက်ပြီဖြစ်ရာ စွန်းဖေးဖေးသည် သူမ၏ခရီးစဉ်ကို အနည်းငယ် ပြောင်းလဲချင်ခဲ့သည်။
"ရွှီဖန်း"
လက်ရှိအချိန်မှာ စွန်းဖေးဖေးက ခရီးသည်ထိုင်ခုံ၊ ရွှီဖန်းဘေးမှာ ထိုင်နေခဲ့၏။ သူမ၏မျက်နှာက နီရဲနေတုန်းပင်။
"ရှင် အခုကစပြီး ဘာလုပ်မှာလဲ"
စွန်းဖေးဖေး၏အသံက အနည်းငယ် ရှက်နေပုံရသည်။ သူမအနေဖြင့် မိသားစု၏ဆန္ဒကို ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဒါ ပထမဆုံးအကြိမ်ပင်။ အမြဲတမ်းအားနည်းပြီး နူးညံ့သိမ်မွေ့ခဲ့သော စွန်းဖေးဖေးအတွက် ဒီလိုအခြေအနေဖြစ်လာဖို့က မဖြစ်နိုင်သလောက်ပင်။
ရွှီဖန်းသည် သူ့လက်ကို ဆန့်ထုတ်၍ စွန်းဖေးဖေး၏လက်ကို သူ့လက်ဖြင့် ဆုပ်ကိုင်ထားခဲ့၏။ သူ နူးညံ့စွာဖြင့် နှစ်သိမ့်ပေးခဲ့သည်။
"အခုအချိန်ကစပြီး ချန်ဟိုင်းမှာပဲ နေတော့၊ မင်း ကျွန်တော့်ဘေးမှာ ရှိနေသ၍ ဘယ်သူကမှ မင်းကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး"
"ဒါပေမဲ့..."
စွန်းဖေးဖေး၏မျက်နှာက ကြောက်ရွံ့မှုများဖြင့် ပြည့်နေတုန်းပင်။ သူမ၏ပုံစံမှာ ကြီးမားသောအမှားတစ်ခုကို ကျူးလွန်မိသွားပြီဟု သိသွားသည့် အရူးလိုဖြစ်နေသော ကလေးတစ်ယောက်ကဲ့သို့ပင်။
"ကျွန်မမိသားစုရဲ့ကိစ္စတွေက ရှင့်ကိုပါ ပတ်သက်မိမှာ ကြောက်တယ်"
မိသားစု၏ဆန္ဒကို သူမ ပုန်ကန်ခဲ့မှန်း ကြားသောအခါ သူမနောက်ကွယ်ရှိ မိသားစုက ဘယ်လောက်အထိ ဒေါသထွက်လိမ့်မည်ဆိုတာကို စွန်းဖေးဖေးက ကောင်းကောင်းသိ၏။
ထိုလူအုပ်စုက အာဏာများ ပေါများနေရုံသာမက ပိုပြီးကြောက်စရာကောင်းသည်မှာ သူတို့၏နည်းလမ်းများက လူတစ်ယောက်၏နှလုံးသားကို တုန်လှုပ်ချောက်ချားစေနိုင်သည်။
ရွှီဖန်းက စွန်းဖေးဖေး၏လက်သေးသေးလေးကို လေးနက်သောအမူအရာဖြင့် ကိုင်ထားခဲ့ပြီး အသံကျယ်ကျယ်ဖြင့် ပြောလာ၏။
"ကျွန်တော် မင်းရှေ့မှာ ရှိနေတာကို ဘာကို ကြောက်နေတာလဲ၊ ဘာနတ်ဆိုးတွေ၊ တစ္ဆေတွေ၊ နတ်ဘုရားတွေလဲ! ငါ့ဆီကိုသာ လာခဲ့စမ်းပါ!"
စွန်းဖေးဖေး၏အေးစက်နေသော လက်တစ်စုံက ရွှီဖန်း၏လက်ဖဝါးအောက်မှာ နောက်ဆုံးမှာတော့ နွေးထွေးမှုတချို့ကို ပြန်လည်ရရှိခဲ့သည်။
မှန်၏။ သူမသည် မတိုင်ခင်က အမြဲတမ်းတစ်ယောက်တည်းသာ ရှိခဲ့သည်။ သို့သော် အခုတော့ သူမအရှေ့မှာ ယောက်ျားတစ်ယောက် က ရပ်နေ၏။ ထိုယောက်ျားက ကောင်းကင်နှင့် မြေကြီးကို ကာထားပေးနိုင်ပြီး သူ၏ပခုံးများက သူမ မှီခိုနားနေရန် လုံလုံလောက်လောက် ကျယ်ပြန့်လေသည်။ ဒါဆို ဘာကို ကြောက်ရမည်နည်း။
ဒီမတိုင်ခင်က စွန်းဖေးဖေးသည် ရွှီဖန်း၏သဘောထားကို တကယ်ပင် စိတ်ပူနေခဲ့၏။
စွန်းဖေးဖေးသည် လက်ရှိအချိန်လေးအတွက် အရာအားလုံးကို လမ်းကြောင်းများ ဖြတ်တောက်ခဲ့သည်။ သူမကို ထောက်ပံ့ပေးနေသော မိသားစုကိုတောင် ဆန့်ကျင်ခဲ့၏။
ရွှီဖန်းသာ ရုတ်တရက် ပြန်ဆုတ်ခွာသွားခဲ့လျှင် စွန်းဖေးဖေး၏ အခုမှ ရှင်သန်လာသော လွတ်လပ်ချင်သည့် စိတ်ဆန္ဒက လုံးဝ နစ်မြုပ်သွားတော့မှာပင်။
ကံကောင်းစွာဖြင့် ရွှီဖန်းက မဆုတ်ခွာသွားဘဲ 'မင်းရှေ့မှာ ကျွန်တော် ရှိနေတယ်" ဟု သူ့ကိုယ်သူ ဂုဏ်ယူစွာ ပြောခဲ့သည်။
ပြိုင်ကားက မျက်စိတစ်မှိတ်စာအတွင်းမှာပင် စွန်းဖေးဖေး တည်းခိုနေသောဟိုတယ်သို့ ရောက်ရှိခဲ့၏။ ထိုနေရာက ရွှီဖန်းနှင့် စွန်းဖေးဖေးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သော ချန်ဟိုင်း၏ ပြည်နယ်ဟိုတယ်ပင် ဖြစ်သည်။
ဓာတ်လှေကားဖြင့် အပေါ်ကိုရောက်ပြီးနောက်မှာ သူတို့နှစ်ယောက်စလုံး လက်ချင်းချိတ်၍ အခန်းဆီ လျှောက်သွားခဲ့ကြပြီး တံခါးကို ဖွင့်လိုက်ကြ၏။
အခန်းထဲမှ ရင်းနှီးသောအရာများကို ကြည့်ရင်း ရွှီဖန်းသည် အခန်းထဲ၌ စွန်းဖေးဖေးနှင့် အတူရှိခဲ့စဥ်က နီးကပ်သောဆက်ဆံရေးများကို မမှတ်မိဘဲ မနေနိုင်ခဲ့ချေ။
ရွှီဖန်းသည် စွန်းဖေးဖေးကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။ လက်ရှိအချိန်မှာ သူမမျက်နှာကလည်း နီမြန်းနေခဲ့၏။ သိသာသည်မှာ သူမကလည်း အရင်တုန်းက မြင်ကွင်းကို ပြန်မှတ်မိနေခဲ့တာပင်။
ရွှီဖန်း၏နှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။ သူ ဘာမှမပြောရသေးခင်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့၏။
"ဖေးဖေး၊ မင်းပြန်လာပြီလား။"
*********************