← Chapters

အခန်း (၁၄၄၄-၁၄၄၆)

Vol. 97 Ch. 1444-1446

အခန်း (၁၄၄၄-၁၄၄၆)

Vol. 97 Ch. 1444-1446

အခန်း(၁၄၄၄)

ကျန်းချန်၏ မျက်လုံးထဲတွင် သွေးဝိညာဥ် မျိုးနွယ်စုသည် ပုန်းကွယ်နေသော အန္တရာယ်တစ်ခု ဖြစ်သည်။

သွေးဝိညာဥ်မျိုးနွယ်စုကိုသာ လုံးဝ နှိမ်နင်းနိုင်ခဲ့ခြင်းမရှိခဲ့လျှင် ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုနှင့် ရှန်းဝူကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုများသည် ငြိမ်းချမ်းရေးကို ရရှိလိမ့်မည် မဟုတ်ပေ။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကလို အမှားမျိုး ထပ်မံ မဖြစ်ပေါ်စေရန်အတွက် ကျန်းချန်သည် သွေးဝိညာဥ်မျိုးနွယ်စုကို လုံးဝနှိမ်နင်းရန် ဆုံးဖြတ်ထားခဲ့သည်။

သို့မှသာ သွေးဝိညာဥ်မျိုးနွယ်စုသည် လူသားမျိုးနွယ်စု၏ ရန်သူဖြစ်ရန် မည်သည့်အခါမှ ကြံစည်ရဲတော့မည် မဟုတ်ချေ။

ဆိုရလျှင် သွေးမြစ်နယ်မြေ၏ နယ်စပ်ဂိတ်သည် သွေးဝိညာဥ်မျိုးနွယ်စုကို နှိမ်နင်းရန်အတွက် ကျန်းချန်၏ ပထမဆုံးခြေလှမ်းပင်။

"ဟားဟား မလောက်လေး မလောက်စားကောင်လေးကများ ငါ့ရဲ့ရှေ့မှာ ရမ်းကားရဲတယ်.. မင်းက မင်းရဲ့နောက်က ပုရွက်ဆိတ်လို အုပ်စုလေးကို အားကိုးပြီး ငါ့ကို အညံ့ခံခိုင်းချင်တာလား"

ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် လီဝေသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ လှောင်ပြောင်လိုက်သည်။

သူက ကြယ်ကိုးပွင့် သွေးစစ်သည်တော် တစ်ဦး ဖြစ်သောကြောင့် ယွင်ကျိုးရှိ စစ်ခေါင်းဆောင် ဖြစ်နေလျှင်ပင် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

လူသားမျိုးနွယ်စုက အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများကို စစ်ကူအဖြစ် စေလွှတ်ခြင်း မရှိခဲ့လျှင် ဤဒေသရှိ မည်သူကမျှ သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ချေ။

သို့ဖြစ်ရာ သူ၏ရှေ့မှ ကောင်စုတ်လေးသည် မည်ကဲ့သို့သောအရည်အချင်းမျိုးဖြင့် သူ့ကို အညံ့ခံခိုင်းရဲပါသနည်း။

"မင်းက ငါတို့ကို ပုရွက်ဆိတ်လို့ ပြောတယ်ဆိုတော့ ဒီပုရွက်ဆိတ်လေးက မင်းကို ဘယ်လို သတ်ပစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်"

အေးစက်စက် ကြုံးဝါးပြီးသည်နှင့် ကျန်းချန်သည် လေထုထဲကို ခြေလှမ်းလိုက်သည်။

လီဝေကလည်း ချက်ချင်းပင် သူ၏ခန္ဓာကိုယ်မှ သွေးစွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်လိုက်သည်။

လီဝေက ရုပ်ပိုင်းဆိုင်ရာကို အထူးပြုကျင့်ကြံသော သွေးကျင့်ကြံသူ တစ်ယောက်ဖြစ်၍ အင်ပါယာကပ်ဘေးကို ဖြတ်ကျော်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်သည် သာမန် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများထက် များစွာပို၍ အားကောင်းသည်။

ဆိုရလျှင် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် အင်ပါယာအဆင့် လက်နက်များနှင့်ပင် နှိုင်းယှဥ်နိုင်ပြီး အလွန်ပင် အစွမ်းထက်၏။

"ဝုန်း.."

လီဝေက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အဆုံးမဲ့ အသက်စွမ်းအင်သည် သူ၏ လက်သီးပေါ်တွင် ချက်ချင်းဆိုသလို စုစည်းသွားခဲ့သည်။

အဆုံးသတ်တွင် အရာအားလုံးကို နှိမ်နင်းရန် လုံလောက်သော သွေးလက်သီး အဖြစ် ပြောင်းလဲသွားကာ ကျန်းချန် ဆီသို့ ပေါက်ကွဲထွက်သွားခဲ့သည်။

ကျန်းချန်က ထီမထင်သော အမူအရာဖြင့် ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ဥပဒေသများဖြင့် စုဖွဲ့ထားသော ကြောက်မက်ဖွယ်ဓားအလင်းသည် ကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့၏။

"ဝုန်း.."

ထိုဓားအလင်းသည် သွေးလက်သီး၏ ခွန်အားကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

လီဝေ၏ လက်သီးချက်ကို ဖျက်ဆီးပြီးနောက်တွင် ဓားအလင်းသည် အရှိန်မကုန်သေးဘဲ လီဝေ၏ ခန္ဓာကိုယ်ကိုပင် တိုက်ရိုက် ထိမှန်သွားခဲ့ရာ လီဝေ၏ ပုံရိပ်သည် တုန်ယင်သွားခဲ့ပြီး လေထုထဲတွင် ပေရာနှင့်ချီ၍ လွင့်စင်သွားခဲ့သည်။

လီဝေက သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။

ထို့နောက်တွင် သူက ခေါင်းကိုမော့၍ ကျန်းချန်ကို ကြည့်လိုက်၏။

ထိုအချိန်တွင် လီဝေသည် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

"ကောင်းတယ်.. သိပ်ကောင်းတယ် ငါမင်းကို အထင်သေးခဲ့မိတယ်.. မင်းက လူသား ဓားအင်ပါယာတစ်ပါး ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

အသက်(၂၀)ဝန်းကျင်သာ ရှိပုံရသော ကောင်စုတ်လေးတစ်ယောက်သည် လူသားဓားအင်ပါယာ တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

သူ၏ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် အင်ပါယာအဆင့်ချပ်ဝတ်သာ မရှိခဲ့လျှင် သူ၏ ကြယ်ကိုးပွင့် ခန္ဓာကိုယ်သည်ပင် ထိုကောင်လေး၏ ဓားချက်ကြောင့် ဒဏ်ရာရရှိသွားလိမ့်မည်မှာ သေချာသလောက်ပင်။

လီဝေက သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

သူ၏ အမူအရာသည် တစ်ခဏအတွင်း ပိုမို၍ လေးနက်လာခဲ့၏။

သွေးမြစ်နယ်မြေ၏ မြောက်ဘက်ရှိ လူသားမျိုးနွယ်စုတွင် ယွင်ကျိုး၏ ခေါင်းဆောင် ယွင်ယွဲ့ တစ်ယောက်သာလျှင် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်ရာ ဤလူငယ် ဓားအင်ပါယာသည် မည်သည့်နေရာက ထွက်ပေါ်လာပါသနည်း။

လူသားမျိုးနွယ်စုက ယွင်ကျိုးသို့ အင်အားကြီးမားသော ကျင့်ကြံသူ တစ်ယောက်ကို စေလွှတ်ကာ သွေးမြစ်နယ်မြေရှိသူတို့ကို တိုက်ခိုက်စေခြင်း ဖြစ်နိုင်ပါသလော။

ထိုအတိုင်းသာဆိုလျှင် သူတို့ သွေးမြစ်နယ်မြေ အတွက် အခက်အခဲများ ကြုံတွေ့လာရနိုင်ပေသည်။

"နန်းတော်သခင်ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာပဲ"

စန်းယွမ်လုံက လေထုထဲမှ တိုက်ပွဲကိုကြည့်ကာ စိတ်နှလုံးထဲကနေ ခါးသီးစွာ ပြုံးလိုက်သည်။

လီဝေကဲ့သို့ ကြယ်ကိုးပွင့် သွေးစစ်သည်တော်ကိုပင် ကျန်းချန်သည် ဓားတစ်ကွက်တည်းဖြင့် ဖိနှိပ်နိုင်ခဲ့သည်။

ထို့ကြောင့် ယခင်က သူ့အနေဖြင့် ကျန်းချန်ကို ရင်ဆိုင်ရန် တွေးနေခဲ့သည်မှာ ရယ်စရာပင် ဖြစ်နေခဲ့၏။

ကံကောင်းစွာဖြင့် သူသည် ကျန်းချန်နှင့် ရင်ဆိုင်တိုက်ခိုက်မှု မပြုလုပ်ခဲ့ပေ။

သို့မဟုတ်လျှင် သူ့အနေဖြင့် မည်ကဲ့သို့ သေဆုံးခဲ့မှန်းကိုပင် သိရှိလိမ့်မည် မဟုတ်ချေ။

"လီဝေ ငါမင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်.. မင်းငါ့ဆီမှာ အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား.. မင်းကိုယ်တိုင်ကြိုက်တာ ရွေးချယ်ပါ"

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ လီဝေကို အေးစက်စက် စိုက်ကြည့်၍ မေးလိုက်သည်။

သူက နယ်စပ်ဂိတ်ကို တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် မကြာမီမှာပင် သွေးမြစ်နယ်မြေ နှင့် သွေးဝိညာဥ်မျိုးနွယ်စုတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။

ယခုအခါတွင် သူ၏နံဘေး၌ အင်အားကြီးမားသော ကျင့်ကြံသူ တစ်ယောက်မှ မရှိပေ။

ထို့ကြောင့် သူ၏ရှေ့မှ ကြယ်ကိုးပွင့် သွေးစစ်သည်တော်ကိုသာ ထိန်းချုပ်နိုင်ခဲ့လျှင် သူ့အတွက် ကြီးမားသောအင်အားတစ်ရပ် ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

လီဝေက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် လူသားမျိုးနွယ်စု တစ်ခုလုံးနဲ့ ကြည့်ရင်တောင် အရည်အချင်းရှိသူ အနည်းငယ်ထဲက တစ်ဦးပဲ ဖြစ်ရမယ်.. မင်းက အညတရတစ်ဦး လုံးဝမဖြစ်နိုင်ဘူး.. မင်းဘယ်သူလဲ"

"ငါဘယ်သူလဲဆိုတာ မင်းမကြာခင် သိလာပါလိမ့်မယ်"

ကျန်းချန်က လီဝေကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။

"မင်းနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောဖို့ ငါ့မှာ အချိန်မရှိဘူး မင်းဆုံးဖြတ်ချက် ချသင့်ပြီ"

"ဟမ့်.. မင်းက ဓားအင်ပါယာတစ်ပါး ဖြစ်နေတာနဲ့ပဲ ငါက မင်းကို ကြောက်မယ်များ ထင်နေလား.. မင်းဘယ်သူပဲဖြစ်နေပါစေ ငါတို့ သွေးမြစ်နယ်မြေကို တိုက်ခိုက်ဖို့ ချီတက်လာရင်တော့ ငါ့ကို အရင်ဆုံး‌ ကျော်ဖြတ်ရလိမ့်မယ် ငါက သွေးမြစ်နယ်မြေရဲ့ နယ်စပ်ဂိတ်ကို စောင့်ကြပ်တဲ့ လီဝေပဲ"

လီဝေက အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် ခြေတစ်လှမ်းတည်းဖြင့် ပေတစ်ထောင်ကျော် လေထုကို ဖြတ်ကျော်ကာ ကျန်းချန်ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။

သူ၏ကြောက်မက်ဖွယ် သွေးစွမ်းအားကြောင့် သူ၏ လက်သီးချက်သည် သွေးနဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရာအားလုံးကို အမှုန့်အဖြစ် လုပ်ဆောင်ရန် လုံလောက်နေခဲ့သည်။

"မင်းက အသေခံဖို့ ရွေးချယ်လိုက်တဲ့ အတွက် ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကျန်းချန်က သူ့ကိုတိုက်ခိုက်လိုက်သော လီဝေကို ထီမထင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ထို့နောက် သူ၏ လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ မမြင်နိုင်သော အင်အားနှစ်ခုသည် လီဝေ၏ ပတ်ပတ်လည်ရှိ လေထုကို ချက်ချင်းပင် သက်ရောက်သွားခဲ့သည်။

ထိုအင်အားနှစ်ခု၏ သက်ရောက်မှုအောက်တွင် ကြောက်မက်ဖွယ် လက်သီးချက်ကို ထုတ်ဖော်လိုက်သော လီဝေ၏ ပုံရိပ်သည် အလွန်အမင်း နှေးကွေးသွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် ဆယ်ဆခန့် နှေးကွေးသွားခဲ့သည်။

ထို့အပြင် လီဝေ၏ အသက်သည် ဤမမြင်နိုင်သော အင်အား၏ အောက်တွင် ပို၍ မြန်ဆန်စွာ ကုန်ဆုံးလာခဲ့သည်။

ဤသည်မှာ ကျန်းချန်၏ နေရာလွတ် ဥပဒေသနှင့် အချိန်ဥပဒေသ တို့၏ အစွမ်းပင် ဖြစ်၏။

လက်ရှိတွင် ကျန်းချန်သည် ဤဥပဒေသများ၏ စွမ်းအားကို ကိုးဆယ်ရာခိုင်နှုန်းခန့် နားလည်နေခဲ့ကာ ပြီးပြည့်စုံသောအဆင့် ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

ဤစွမ်းအားများသည် လီဝေကဲ့သို့ အင်ပါယာအဆင့် ကျင့်ကြံသူများကိုပင် ကြီးမားသော ပြဿနာများ ပေးစွမ်းနိုင်စွမ်းရှိ၏။

ကျန်းချန်က လီဝေကို ဥပဒေသ နှစ်ရပ်ဖြင့် ထိန်းချုပ်ထားပြီးနောက်တွင် လုံးဝ တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်ယံကနေ တောက်ပသော ရွှေရောင်အလင်း တစ်ခုသည် ဆင်းသက်လာခဲ့ပြီး အဆုံးသတ်၌ ကျူးရှန်းဟူသော စာသားကို ထွင်းထုထားသည့် ရွှေရောင်လေးထောင့်တုံး စည်းတံဆိပ် အဖြစ်သို့ ပြောင်းလဲသွားကာ လီဝေကို ဦးခေါင်း အထက်ကနေ ဖိနှိပ်လိုက်သည်။

ကောင်းကင်ကနေ ကျဆင်းလာသော ရွှေရောင်လေးထောင့်တုံး စည်းတံဆိပ်ကို ကြည့်ရင်း လီဝေသည် တစ်စုံတစ်ရာကို တစ်ခဏအတွင်း တွေးမိလိုက်ပြီး အဆုံးသတ်တွင် သူ၏ မျက်လုံးများ၌ ထိတ်လန့်သော အရိပ်အယောင်တစ်ခု ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

"မင်း.. မင်းက လူသားမျိုးနွယ်စု..."

သို့သော်လည်း လီဝေ၏ စကားမဆုံးခင်မှာပင် ရွှေရောင်လေးထောင့်တုံး စည်းတံဆိပ်သည် အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားဖြင့် လီဝေကို ဖိချလိုက်သည်။

ဤစည်းတံဆိပ်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယမြောက် စည်းတံဆိပ်ဖြစ်၏။

ကျန်းချန်သည် ဤစည်းတံဆိပ်ဖြင့် ကျိုးယိုကိုပင် သတ်ပစ်ခဲ့ဖူးသည်။

သို့ဖြစ်ရာ ကျိုးယိုထက် များစွာ အားနည်းသော လီဝေဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။

"ဝုန်း.."

ရွှေရောင်လေးထောင့်တုံး စည်းတံဆိပ်သည် လီဝေ၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော အသက်စွမ်းအင်များကို ချက်ချင်းပင် ချိုးဖျက်ပစ်လိုက်သည်။

ထို့နောက်တွင်မူ လီဝေ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျူးရှန်းစည်းတံဆိပ်၏ နတ်စွမ်းအားအောက်တွင် ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့၏။

နယ်စပ်ဂိတ်၏ အကြီးအကဲ ဖြစ်သည့် အကြီးအကဲ လီဝေသည် ကြယ်ကိုးပွင့် သွေးစစ်သည်တော်တစ်ဦး ဖြစ်သော်လည်း ကျန်းချန်၏ သတ်ပစ်ခြင်းကို ခံခဲ့ရသည်။

အခန်း(၁၄၄၄)ပြီး၏။

အခန်း(၁၄၄၅)

ရွှေရောင် လေးထောင့်တုံး စည်းတံဆိပ်နှင့်အတူ လီဝေ၏ပုံရိပ်သည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ဤအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။

သွေးဂိတ်တံခါးကို စောင့်ကြပ်နေသည့် သွေးဝိညာဥ်မျိုးနွယ်စုဝင်များဖြစ်စေ၊ အောက်ဘက်ရှိ စန်းယွမ်လုံနှင့် တခြားသူများဖြစ်စေ အားလုံးက မှင်တက်နေခဲ့ကြပြီး သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

လီဝေသည် ဂုဏ်သိက္ခာကြီးမားသည့် ကြယ်ကိုးပွင့်သွေးစစ်တော်တစ်ယောက် ဖြစ်ပြီး အင်ပါယာနယ်ပယ်အဆင့်နှင့်ပင် ယှဥ်နိုင်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

ဤကဲ့သို့ သန်မာသောသူတစ်ယောက်ပင် ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် အလွယ်တကူ ပျောက်ကွယ်သွားခဲ့သည်။

သူတို့ရှေ့မှ ကောင်လေး၏ စွမ်းအားသည် မည်မျှပင်အစွမ်းထက်နေပါသနည်း။

"အကြီးအကဲလီဝေ သေသွားပြီ ဆိုတော့ နယ်စပ်ဂိတ်က ကျဆုံးဖို့ များသွားပြီ.. အခုချက်ချင်း သွေးမြစ်မြို့တော်ကို သွားပြီး လူသားမျိုးနွယ်စုက သွေးမြစ်နယ်မြေကို တိုက်ခိုက်တော့မယ်လို့ အစီအရင်ခံလိုက်"

ဤအချိန်တွင် သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူများစွာသည် ထိတ်လန့်နေခဲ့ကြသည်။

လီဝေသည် သွေးမြစ်နယ်မြေ၏ နယ်စပ်ဂိတ်တံခါးကို စောင့်ကြပ်နေသော အင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

လီဝေလိုလူမျိုးပင် အလွယ်တကူ အသတ်ခံခဲ့ရသည် ဖြစ်ရာ သူတို့အနေဖြင့် ဤလူသားကျင့်ကြံသူနှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါအံ့နည်း။

ထို့ကြောင့် သူတို့က လုံးဝ တုံ့ဆိုင်းမနေခဲ့ဘဲ သွေးမြစ်မြို့တော်ရှိရာဘက်သို့ အလျင်အမြန်ပင် ပြေးထွက်သွားခဲ့ကြသည်။

ထိုအချိန်မှာပင် ကျန်းချန်က အေးစက်စက် စိုက်ကြည့်လိုက်ကာ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် တစ်ခုကို ထုတ်ဖော်လိုက်၏။

ဤသို့ဖြင့် လျှို့ဝှက်ဆန်းကြယ်သော မီးခိုးရောင်ဓားစွမ်းအင် တစ်ခုသည် လေထဲကနေ ပေါက်ကွဲထွက်လာခဲ့ပြီး အထိတ်တလန့် ထွက်ပြေးနေသော သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူများဆီ ပျံသန်းသွားခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ထွက်ပြေးနေကြသည့် သွေးဝိညာဥ် မျိုးနွယ်စုမှ ကျင့်ကြံသူဒါဇင်ပေါင်းများစွာသည် ထိုကြောက်မက်ဖွယ်ဓားချီဖြင့် ထိမှန် ခံလိုက်ရပြီးနောက်တွင် လေထုထဲတွင် ဘာမှ မကျန်ရှိတော့ပေ။

ကျန်းချန်၏ ဓားချီစွမ်းအင်သည် သွေးဝိညာဥ် မျိုးနွယ်စုဝင် ဒါဇင်ပေါင်းများစွာကို ဆက်တိုက်ဆိုသလို သတ်ဖြတ်ပစ်လိုက်၏။

ကျန်းချန်က ပြိုင်ဘက်ကင်း ဓားနတ်ဘုရား တစ်ပါးကဲ့သို့ လေထုအထက်ကနေ အေးစက်စက် စိုက်ကြည့်နေခဲ့သည်။

ထို့နောက်တွင် သူ့ထံမှ ခံစားချက်ကင်းမဲ့သော လေသံသည် လေထုထဲတွင် ပဲ့တင်ထပ်လာခဲ့၏။

"ငါ့ရဲ့ခွင့်ပြုချက်မရဘဲ ထွက်ပြေးရင် သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ်"

သွေးမြစ်နယ်မြေတွင် လီဝေအပြင် အင်ပါယာအဆင့် ကျင့်ကြံသူ နှစ်ဦး သို့မဟုတ် သုံးဦးခန့် ရှိနေလောက်သည်။

၎င်းတို့ထဲတွင် လီဝေထက် ပိုပြီး အစွမ်းထက်သော ကျင့်ကြံသူများလည်း ရှိနေနိုင်သည်ဟု သူခန့်မှန်းခဲ့သည်။

သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ အများအပြားကို တစ်ကိုယ်တော် ရင်ဆိုင်ရန်မှာ အနည်းငယ် ခက်ခဲနိုင်၏။

ထို့ကြောင့် ကျန်းချန်သည် နယ်စပ်ဂိတ်၏ သတင်းကို သွေးမြစ်မြို့တော် ဆီသို့ ရောက်ရှိစေရန် ခွင့်ပြုမည်မဟုတ်ပေ။

ယနေ့တွင် သူသည် သွေးမြစ်နယ်မြေ၏ နယ်စပ်ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် ဥပဒေသအချို့၏ စွမ်းအားများကို ပြီးပြည့်စုံစွာ နားလည်ရန်အတွက် ဤနေရာတွင် အချိန်အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ရန် စီစဥ်ခဲ့သည်။

သို့မှသာ သွေးမြစ်နယ်မြေမှ အင်ပါယာအဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်လျှင် ၎င်းတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ပါလော။

ကျန်းချန်က ထွက်ပြေးနေသည့် သွေးဝိညာဥ် မျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပြီးနောက်တွင် ကျန်ရှိသည့် သွေးဝိညာဥ်မျိုးနွယ်စုများသည် လှုပ်ရှားရဲခြင်း မရှိတော့ပေ။

၎င်းတို့အားလုံးက ထွက်ပြေးဖို့ မဝံ့ရဲတော့ဘဲ တုန်တုန်ယင်ယင်ဖြင့် ကျန်းချန် ရှေ့တွင် ဒူးထောက်လိုက်ကြသည်။

"အရှင့်ကို သစ္စာခံပါမယ်.. ကျွန်တော်တို့ရဲ့အသက်ကိုချမ်းသာပေးပါ"

ကျန်းချန်က မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည့် သွေးဝိညာဥ်မျိုးနွယ်စုမှ လူများကို လျစ်လျူရှုလိုက်ပြီး စန်းယွမ်လုံကို တိုက်ရိုက်ပင် ပြောလိုက်သည်။

"စန်းယွမ်လုံ.. နယ်စပ်ဂိတ်ကို မင်းပဲ ဦးဆောင်ပြီး ထိန်းချုပ်လိုက်.. ပြီးရင် သွေးစွန့်ပစ်နယ်မြေမှာ ရှိတဲ့ အင်အားစုတွေကို ဒီနေရာဆီ ‌ရွှေ့လိုက်ပါ"

ကျန်းချန်က သွေးမြစ်နယ်မြေ၏ နယ်စပ်ဂိတ်မှ အင်အားကြီးမားသော ကျင့်ကြံသူအချို့ကို သတ်ပစ်ခဲ့သည်။

ထို့ကြောင့် ယခုအခါတွင် နယ်စပ်ဂိတ်မှ လက်ကျန် သွေးဝိညာဥ်မျိုးနွယ်စုများသည် စန်းယွမ်လုံကို မခြိမ်းခြောက်နိုင်တော့ပေ။

ထို့ကြောင့် ကျန်းချန် မပါရှိဘဲ နယ်စပ်ဂိတ်ကို ထိန်းချုပ်ရန်မှာ စန်းယွမ်လုံ အတွက် မခက်ခဲတော့ချေ။

"အမိန့်အတိုင်းပါ နန်းတော်သခင်"

စန်းယွမ်လုံက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ စိတ်နှလုံးထဲမှ တုန်လှုပ်မှုကို ဖိနှိပ်လိုက်ကာ တလေးတစား ပြန်ဖြေလိုက်သည်။

ဤအချိန်တွင် စန်းယွမ်လုံသည် သူ၏အရှေ့တွင် ရှိသည့် အနက်ရောင် ဝတ်စုံဝတ်လူငယ်ကို အကြီးအကျယ် အံ့အားသင့်နေခဲ့သည်။

မူလက သူသည် နယ်စပ်ဂိတ်ကို တိုက်ခိုက်ရာတွင် အလွန်ခက်ခဲသော တိုက်ပွဲတစ်ပွဲနှင့် ရင်ဆိုင်ရမည်ဟု စဥ်းစားခဲ့သည်။

အနည်းငယ် ပေ့ါဆမိလျှင်ပင် ထိုတိုက်ပွဲတွင် သူတို့အားလုံး ကျဆုံးသွားနိုင်သည်ဟုလည်း တွေးမိခဲ့သည်။

သို့သော်လည်း ကျန်းချန်က ကြယ်ကိုးပွင့် သွေးစစ်သည်တော်သည် ဖြစ်သည့် လီဝေကို သုတ်သင်ပစ်လိုက်ပြီး သွေးဝိညာဥ်မျိုးနွယ်စုမှ အင်အားကြီးမားသော ကျင့်ကြံသူဒါဇင်ပေါင်းများစွာကို သတ်ဖြတ်နိုင်သည်အထိ အစွမ်းထက်လိမ့်မည်ဟု စန်းယွမ်လုံ တစ်ခါမှ မတွေးမိခဲ့ပေ။

ကျန်းချန်ပြသခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ဖြင့်ဆိုလျှင် သူတို့ လူသားဧကရာဇ်နန်းတော်သည် သွေးမြစ်နယ်မြေကို အမှန်တကယ်ပင် သိမ်းပိုက်နိုင်ပြီး ရွှယ်လင်ကုန်းမြေတိုက်တွင် ကြီးမားသော အင်အားတစ်ရပ်ကို တည်ထောင်နိုင်တော့မည် ဖြစ်သည်။

ကိစ္စအဝဝကို စန်းယွမ်လုံနှင့် လွှဲအပ်ခဲ့ပြီးနောက်တွင် ကျန်းချန်သည် လျှို့ဝှက်အခန်းတစ်ခန်းကို ရှာဖွေကာ ကျင့်ကြံရန် စတင်ခဲ့သည်။

ကျန်းချန်သည် ရွှယ်လင်ကုန်းမြေတိုက်သို့ ရောက်ရှိနေသည်မှာ လအနည်းငယ်ခန့် ရှိနေခဲ့ချေပြီ။

ပထမနှစ်လတွင် သူက ကုသရေးကို အဓိကထားခဲ့ပြီး အင်ပါယာရုပ်ကြွင်းဓာတ်လုံးကို မျိုချသည်က လွဲလျှင် သူ၏ စွမ်းအားသည် သိသိသာသာ တိုးတက်မှုမရှိသေးပေ။

ထိုနောက်ပိုင်းတွင် ကျန်းချန်သည် ဥပဒေသ၏ စွမ်းအားအပေါ်နားလည်ရန် ပိုမို၍ အာရုံစိုက်ခဲ့သည်။

ဤရွှယ်လင်ကုန်းမြေတိုက်သည် ရှန်းဝူကုန်းမြေတိုက်ထက် အဆင့်တစ်ဆင့် ပိုမြင့်သည်ဖြစ်၍ ဤဂြိုဟ်၏ မူလစွမ်းအားသည် ရှန်းဝူကုန်းမြေတိုက်ထက် ပို၍ပင် အားကောင်းသည်။

သူ၏ ဥပဒေသ စွမ်းအား အပေါ် နားလည်သည့် အမြန်နှုန်းသည် ရွှယ်လင်ကုန်းမြေတိုက်တွင် ရှန်းဝူကုန်းမြေတိုက်မှာထက် အနည်းဆုံးနှစ်ဆပို၍ မြန်ဆန်၏။

ထိုအကြောင်းကြောင့်ပင် ကျန်းချန်သည် သူလုံးဝ ကျွမ်းကျင်ထားသည့် ဓားဥပဒေသက လွဲလျှင် ကျန်ဥပဒေသငါးမျိုး၏ စွမ်းအားကို ကိုးဆယ်ရာခိုင်နှုန်းနီးပါး နားလည်ထားခဲ့ပြီဖြစ်သည်။

သူသာ ဆက်လက် နားလည်အောင် ကြိုးစားသရွေ့ လဝက်အတွင်း ထိုဥပဒေသ ငါးမျိုးကို လုံးဝ ကျွမ်းကျင်နိုင်ပြီး သူ၏စွမ်းအားကို နောက်ထပ် အဆင့်သစ်တစ်ခုဆီ မြှင့်တင်နိုင်လိမ့်မည် ဖြစ်၏။

ထိုသို့တွေးမိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမှုမရှိဘဲ ကျင့်ကြံခြင်းတွင် စိတ်နှစ်ထားလိုက်သည်။

"ဒင်.. သင်က ကောင်းကင်နဲ့မြေကြီးရဲ့ မူလစွမ်းအားကို ခံစားပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင့်ရဲ့ ဓားဥပဒေသက အတွေ့အကြုံရမှတ် နှစ်သန်းကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က ကောင်းကင်နှင့်မြေကြီးရဲ့ မူလစွမ်းအားကို ခံစားပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင့်ရဲ့မိုးကြိုးဥပဒေသက အတွေ့အကြုံရမှတ် နှစ်သန်းကို အဆ ၁၀၀ ရရှိပါတယ်"

"........."

ကျန်းချန်က ရွှယ်လင်ကုန်းမြေတိုက်၏ မူလစွမ်းအားကို တစ်ကြိမ်ခံစားရန် လိုအပ်သောအချိန်သည် အင်ပါယာယွင်နတ်သစ်ပင်အောက်မှာကဲ့သို့ပင် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။

သို့သော်လည်း ရရှိသည့် အတွေ့အကြုံရမှတ်ကမူ နှစ်ဆဖြစ်၏။

ဤသို့ဖြင့် ကျန်းချန်သည် ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအားကို ခံစားပြီး သူ၏ ဥပဒေသစွမ်းအားများကို အဆက်မပြတ် နားလည်အောင် ကြိုးစားခဲ့သည်။

ဆယ်ရက်ခန့်ကြာပြီးနောက်တွင် ကျန်းချန်သည် မိုးကြိုးဥပဒေသနှင့်‌ လေဥပဒေသများကို လုံးဝ ကျွမ်းကျင်သွားခဲ့သည်။

ဆယ့်နှစ်ရက်ခန့်ကြာပြီးနောက်တွင်မူ ကျန်းချန်သည် မီးဥပဒေသကိုပါ ကျွမ်းကျင်သွားခဲ့သည်။

လဝက်ခန့်ကြာသောအခါ ကျန်းချန်သည် အချိန်ဥပဒေသနှင့် နေရာလွတ် ဥပဒေများကိုပင် လုံးဝ ကျွမ်းကျင်သွားခဲ့သည်။

သူ မူလက နားလည်ထားသည့် ဓားဥပဒေသကိုပါ ထည့်ပေါင်းလိုက်လျှင် ကျန်းချန်သည် ယခုအခါ၌ ဥပဒေသခြောက်မျိုးကို လုံးဝ ကျွမ်းကျင်ထားခဲ့ပြီ ဖြစ်၏။

ကျန်းချန်သည် ဥပဒေခြောက်မျိုးကို ပြီးပြည့်စုံစွာ နားမလည်သေးသော အချိန်မှာပင် သာမန် အင်ပါယာအဆင့်ကျင့်ကြံသူများကို ခွေးသတ်သကဲ့သို့ သတ်ဖြတ်နိုင်ခဲ့သည်။

ယခုအခါတွင် ဥပဒေသခြောက်မျိုး၏စွမ်းအားကို အပြည့်အဝနားလည်ထားပြီဖြစ်ရာ သူ၏တိုက်ခိုက်ရေးစွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းလာလိမ့်မည် ဖြစ်၏။

အင်ပါယာ နယ်ပယ်အဆင့်တွင် ယခင်နယ်ပယ်အဆင့်များကဲ့သို့ အဆင့်ကိုးဆင့် မခွဲခြားထားဘဲ အစောပိုင်းအဆင့်၊အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့် ဟူသည့် အဆင့်လေးဆင့်သာ ခွဲခြားထား၏။

အဆင့်တစ်ဆင့်တက်တိုင်းတွင် စွမ်းအားသည် ၁၀ဆနီးပါး တိုးမြင့်လာမည် ဖြစ်သည်။

အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်ကို အင်ပါယာနယ်ပယ်အဆင့်ဟု ခေါ်ကြပြီး အထွတ်အထိပ်အဆင့်ကို ရောက်သည်နှင့် မဟာအင်ပါယာဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။

ရွှယ်လင်ကုန်းမြေတိုက်လို နေရာမှာပင် မဟာအင်ပါယာသည် အလွန်ရှားပါး၏။

လက်ရှိ သူ၏ တိုက်ခိုက်ရေးစွမ်းအင်က မည်မျှအထိ အစွမ်းထက်မှန်း အသေအချာ မသိသော်လည်း အလယ်အလတ်အဆင့် အင်ပါယာတစ်ပါးကို ရင်ဆိုင်ရန် ပြဿနာမရှိလောက်ဟု ကျန်းချန် ထင်မြင်ခဲ့သည်။

အကယ်၍ သူသာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို အလယ်အလတ်အဆင့်ထိ မြှင့်တင်နိုင်ခဲ့လျှင် အင်ပါယာအဆင့်၏ နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှင့်ပင် ရင်ဆိုင်နိုင်လောက်မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် မဟာအင်ပါယာနှင့် မတွေ့မချင်း သူ့ကို ခြိမ်းခြောက်နိုင်သည့်သူ ရှိတော့မည်မဟုတ်ပေ။

အခန်း(၁၁၄၅)ပြီး၏။

အခန်း(၁၄၄၆)

မိုင်ထောင်ပေါင်းများစွာ ကျယ်ပြန့်သော သွေးမြစ်နယ်မြေတွင် ကောင်းမွန်သောမြေကောင်းမြေသန့်များ ရှိပြီး ဝိညာဥ်သွေးကြောများသည်လည်း နေရာအနှံ့ရှိသည်။

ဆိုရလျှင် သွေးမြစ်နယ်မြေ၏ အဓိကဗဟိုချက်နေရာသည် သွေးမြစ်နယ်မြေ၏ မြို့တော်ဆိုလည်း မမှားပေ။

ဤအချိန်တွင် သွေးမြစ်နယ်မြေ၏ မြို့တော်၌ သွေးဘုရင်အသစ်၏ နန်းတက်ပွဲ အခမ်းအနားကို ကျင်းပနေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀၀)ခန့်က သွေးမြစ်နယ်မြေ၏ သွေးဘုရင်ဖြစ်သော ကျိုးယိုသည် သွေးမြစ်နယ်မြေမှ စစ်တပ်ကို ဦးဆောင်ကာ လူသားမျိုးနွယ်စု၏ အဆင့်နိမ့်ဂြိုဟ်တစ်ခုကို တိုက်ခိုက်ခဲ့သော်လည်း ထိုဂြိုဟ်မှာပင် နှိမ်နင်းခံခဲ့ရသည်။

ထိုနောက်ပိုင်းတွင် သွေးမြစ်နယ်မြေ၏ ရာဇပလ္လင်သည် လစ်လပ်နေခဲ့သည်။

ဤနှစ်များအတွင်း သွေးမြစ်နယ်မြေ၏ မြို့တော်တွင် ကျန်ရစ်ခဲ့သော တော်ဝင်မျိုးနွယ်စုမှ သားစဥ်မြေးဆက်များ၌ ထူးချွန်သော ပါရမီရှင်များ မပေါ်ပေါက်ခဲ့ပေ။

ရှင်းလင်းစွာဆိုရလျှင် တော်ဝင်မျိုးနွယ်စု၏ သားစဥ်မြေးဆက် တစ်ဦးကမှ အင်ပါယာနယ်ပယ်အဆင့်ကို မရောက်ရှိသေးပေ။

ထို့ကြောင့်လည်း သွေးမြစ်နယ်မြေတွင် ကျိုးယို နောက်ပိုင်း၌ ဘုရင်အသစ်တစ်ပါး နန်းတက်ခဲ့ခြင်း မရှိချေ။

သိပ်မကြာခင်က သွေးမြစ်နယ်မြေသည် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူလေးဦးကို ကျိုးယိုအား ကယ်တင်ရန် စေလွှတ်ခဲ့သော်လည်း အရှုံးနှင့်သာ အဆုံးသတ်ခဲ့ရသည်။

ကံကောင်းစွာဖြင့် လွန်ခဲ့သော လဝက်ခန့်တွင် တော်ဝင်မျိုးနွယ်မှ သားစဥ်မြေးဆက် တစ်ဦးသည် အင်ပါယာနယ်ပယ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။

တော်ဝင်မျိုးဆက်တစ်ဦးက အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သောကြောင့် မြို့တော်မှ အကြီးအကဲများသည် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပကာ ထိုဆွေးနွေးပွဲအပြီးမှာပင် အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သော တော်ဝင်မျိုးဆက်မှ ကျင့်ကြံသူကို သွေးမြစ်နယ်မြေအား အုပ်ချုပ်မည့် သွေးဘုရင်အသစ် အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သည်။

"သွေးဘုရင်ကျိုးယိုက လူသားမျိုးနွယ်စုရဲ့ အဆင့်နိမ့်ဂြိုဟ်ကို တိုက်ခိုက်ဖို့ ထွက်သွားပြီးတဲ့အချိန်ကစပြီး သွေးမြစ်နယ်မြေမှာ ထောင်စုနှစ်ပေါင်းများစွာ ခေါင်းဆောင်မရှိခဲ့ဘူး.. ဒီကနေ့မှာ တော်ဝင်မျိုးနွယ်စုရဲ့ သားစဥ်မြေးဆက်တစ်ဦးဖြစ်တဲ့ လီဟန်က အင်ပါယာနယ်ပယ်အဆင့်ကို ထိုးဖောက်ပြီး သွေးမြစ်နယ်မြေရဲ့ သွေးဘုရင်အသစ်တစ်ပါး ဖြစ်လာခဲ့ပြီ"

မြို့တော်၏ဗဟိုချက်ရှိ ကြီးမားသော ရင်ပြင်တစ်ခုတွင် အရာရှိတစ်ဦးသည် စင်မြင့်ပေါ်၌ စာသားများကို ဖတ်ရှုနေခဲ့သည်။

သူ၏ရှေ့တွင် သွေးနဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် သွေးမြစ်နယ်မြေမှ အကြီးအကဲသုံးဦးနှင့်အတူ လေးနက်သောအမူအရာဖြင့် ရပ်နေခဲ့၏။

ထို့အပြင် ရင်ပြင် ပတ်ပတ်လည်တွင်လည်း သွေးမြစ်နယ်မြေမှ ကျင့်ကြံသူအများအပြား ရှိနေခဲ့သည်။

ထိုနေရာတွင် သွေးမြစ်နယ်မြေလက်အောက်ရှိ မြို့တော်အများအပြားမှ မြို့စားများနှင့် အဓိကမိသားစုများ၏ မျိုးနွယ်စုခေါင်းဆောင် အားလုံး စုဝေးနေခဲ့ကြ၏။

အခမ်းအနားမှူးက ပူဇော်ပွဲစာသား၏ ရှည်လျားသော အပိုင်းကို ဖတ်ရှုပြီးနောက်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အခုအချိန်က စပြီး သွေးမြစ်နယ်မြေရဲ့ ဘုရင်အသစ် ဖြစ်တဲ့ သွေးဘုရင်လီဟန်ကို ပလ္လင်ပေါ်ကြွဖို့ ဖိတ်ခေါ်ပါတယ်"

"သခင်လေးလီဟန် အချိန်ကျပြီ.. ကျေးဇူးပြုပြီး ပလ္လင်ပေါ်မှာ နေရာယူပေးပါ"

အခမ်းအနားမှုး၏စကားသံ အဆုံးသတ်သည်နှင့် အင်ပါယာနယ်ပယ်အဆင့် အကြီးအကဲသုံးဦးသည် သွေးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လီဟန်ကို ပြောလိုက်သည်။

"နယ်စပ်စည်းကို စောင့်ကြပ်နေတဲ့ နယ်စပ်ဂိတ်တံခါးမှုး လီဝေ အခုထိ မရောက်သေးဘူး သူ့ကို စောင့်လိုက်ရအောင်"

လီဟန်က ပေါ့ပါးစွာပင် ပြန်ပြောလိုက်သည်။

လီဟန်၏ စကားကိုကြားပြီးနောက်တွင် အင်ပါယာနယ်ပယ်အဆင့် အကြီးအကဲ သုံးဦးသည် မျက်မှောင်ကြုတ်သွားခဲ့သည်။

လီဝေသည် သွေးမြစ်နယ်မြေတွင် ရှိသည့် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်ပြီး သွေးမြစ်နယ်မြေ၏ နယ်စပ်စည်းကို စောင့်ကြပ်နေသော ခေါင်းဆောင်လည်း ဖြစ်သည်။

သူ၏ ဂုဏ်သိက္ခာနှင့်အဆင့်အတန်းသည် သွေးမြစ်နယ်မြေတွင် အလွန်ပင် မြင့်မား၏။

ဆိုရလျှင် လီဝေကဲ့သို့ ပုဂ္ဂိုလ်က သွေးဘုရင်အသစ် ဘိသိက်ခံသည့် အခမ်းအနားကို တက်ရောက်မှသာလျှင် အခမ်းအနားသည် ပို၍ ပြီးပြည့်စုံသွားလိမ့်မည် ဖြစ်သည်။

"ငါလူလွှတ်ပြီး အကြောင်းကြားပြီးပြီ.. ဘာလို့ လီဝေက အခုထိရောက်မလာသေးတာလဲ"

ခါးအနည်းငယ် ကုန်းနေသည့် ဆံဖြူအဘိုးအိုတစ်ဦး၏ မျက်နှာထက်တွင် အလိုမကျသည့် အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။

အဘိုးအိုက အရမ်းအိုမင်းနေပုံရပြီး သေခါနီးပုံစံ ဖြစ်နေသော်လည်း သူ၏ ခန္ဓာကိုယ်ကနေ အင်ပါယာနယ်ပယ်အဆင့်အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

ထိုအဘိုးအိုသည် တခြားသူမဟုတ်ပေ။

သွေးမြစ်နယ်မြေ၏အကြီးအကဲချုပ် လီရွှယ်ယန် ဖြစ်ပြီး သွေးမြစ်နယ်မြေတွင် အလေးစားခံရဆုံး ပုဂ္ဂိုလ်လည်းဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ခန့်က ကျိုးယိုသည် သွေးမြစ်နယ်မြေမှ စစ်တပ်ကို ဦးဆောင်ကာ လူသားမျိုးနွယ်စု၏ အဆင့်နိမ့် ဂြိုဟ်တစ်ခုကို ကျူးကျော်ခဲ့သည်။

ထိုအချိန်က လီရွှယ်ယန်သည် သွေးမြစ်နယ်မြေကို စောင့်ကြပ်ရန်အတွက် ကျန်ရစ်ခဲ့သည့် အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူ တချို့ထဲမှ တစ်ဦး ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ကျော်အတွင်း ထိုနှစ်က ကျိုးယို ချန်ရစ်ခဲ့သည့် အင်အားကြီးမားသော အင်ပါယာအချို့သည် အချိန်ကာလ၏ တိုက်စားမှုအောက်တွင် တစ်ဦးပြီးတစ်ဦး သေဆုံးသွားခဲ့ကြသည်။

ဆိုရလျှင် လီရွှယ်ယန်သည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)ခန့်ကနေ ယခုအချိန်ထိ အသက်ရှင်သန်နေခဲ့သူဆိုလည်း မမှားပေ။

လီရွှယ်ယန်၏ စကားကိုကြားပြီးနောက်တွင် တခြား အင်ပါယာအဆင့် အကြီးအကဲနှစ်ဦး၏ အမူအရာများသည်လည်း အလွန်တရာပင် လေးနက်လာခဲ့သည်။

သွေးမြစ်နယ်မြေတွင် ဘုရင်အသစ်နန်းတက်ပွဲ ရှိသော်လည်း လီဝေသည် ရောက်မလာခဲ့ပေ။

အကယ်၍ လီဝေသာ ဘုရင်အသစ် နန်းတက်သည်ကို မထောက်ခံခဲ့လျှင် ဤသည်က သွေးမြစ်နယ်မြေ၏ ဘုရင်အသစ်အတွက် သတင်းကောင်းတစ်ခု မဟုတ်ပေ။

"လီကျန်း မင်းကိုယ်တိုင် နယ်စပ်ဂိတ်ကိုသွားပြီး အဘိုးကြီးလီဝေ ဘာလုပ်နေလဲဆိုတာ သွားကြည့်ချေ"

လီရွှယ်ယန်က အနက်ရောင်ဝတ်စုံဝတ် အင်ပါယာအဆင့်အကြီးအကဲ တစ်ဦးကို တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။

"အမိန့်အတိုင်းပါ အကြီးအကဲ"

အနက်ရောင်ဝတ် အကြီးအကဲ လီကျန်းက ပြန်ဖြေလိုက်ပြီးနောက်တွင် မြို့တော်ကနေ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း ထိုအချိန်မှာပင် အဝေးရှိ ကောင်းကင်ယံကနေ ရုတ်တရက် ဓားအလင်းတစ်ခု သက်ရောက်လာခဲ့သည်။

ထိုဓားအလင်းက မြို့တော်ကို ကာကွယ်ထားသည့် အစီအရင်ကို တိုက်ရိုက်ပင် ဖောက်ထွင်းသွားခဲ့ပြီး မြို့တော်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ခပ်ထေ့ထေ့ ရယ်သံတစ်သံသည် ကမ္ဘာတစ်ဝန်းလုံးတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။

"ဟားဟား ဘုရင်အသစ်နန်းတက်ပွဲတဲ့လား.. မင်းတို့သွေးမြစ်နယ်မြေက ဘုရင်အသစ်တစ်ပါးကို တင်မြှောက်ဖို့ အခုအချိန်ကစပြီး မလိုအပ်တော့ဘူး"

မောက်မာသောစကားသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့ရာ အောက်ဘက်မှ မရေမတွက်နိုင်သော အကြည့်များသည် ကောင်းကင်ယံကို လှမ်းကြည့်လိုက်ကြသည်။

ထိုအခါ အနက်ရောင် ဆံပင်ရှည်ရှိသော လူသားလူငယ်လေးတစ်ဦးသည် နတ်ဘုရားတစ်ပါးကဲ့သို့ ကောင်းကင်ထက်တွင် ဝင့်ကြွားစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

"အတင့်ရဲလှချည်လား.. လူသား ကောင်စုတ်လေး တစ်ယောက်ကများ ငါတို့ သွေးမြစ်နယ်မြေရဲ့ မြို့တော်ကို ကျူးကျော်ရဲတယ်"

အောက်ဘက်ရှိ ရင်ပြင်မှ သွေးရောင် သံချပ်ဝတ်စုံ ဝတ်ဆင်ထားသော အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူလေးဦးသည် ရုတ်တရက် ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး ကောင်းကင်ယံရှိ ကျန်းချန်ဆီသို့ တစ်ချိန်တည်း ပြေးဝင်လာခဲ့ကြသည်။

ဤနေ့သည် သွေးမြစ်နယ်မြေ၏ ဘုရင်အသစ်နန်းတက်ပွဲ အခမ်းအနား ဖြစ်သည်။

သူတို့လေးဦးသည် ထိုနန်းတက်ပွဲကို စောင့်ကြပ်သည့် ခေါင်းဆောင်များ ဖြစ်ကြသည်။

သူတို့၏တာဝန်သည် နန်းတက်ပွဲ အခမ်းအနားကို ချောချောမွေ့မွေ့ ပြီးဆုံးစေရန် ဖြစ်၏။

ယခု လူသားလူငယ်လေးတစ်ဦးက မြို့တော်ထဲကို ရုတ်တရက် ဝင်ရောက်ကာ နန်းတက်ပွဲအခမ်းအနားကို နှောင့်ယှက်နေရာ သူတို့အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

"ပုရွက်ဆိတ်လေးတွေကများ ငါ့ကို ဆန့်ကျင်ပြီး တိုက်ခိုက်ရဲတယ်"

ကျန်းချန်က သူ၏ လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ပေတစ်ထောင်ခန့်ရှည်လျားသည့် ဧရာမ ဓားတစ်လက်သည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီး အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူလေးဦးကို ပိုင်းဖြတ်လိုက်သည်။

ထိုဧရာမဓားချက်အောက်တွင် အင်ပါယာတစ်ပိုင်းအဆင့် ကျင့်ကြံသူ လေးဦးသည် လုံးဝ မခုခံနိုင်ခဲ့ဘဲ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"လူသားဓားအင်ပါယာ တစ်ပါးကများ ငါတို့ သွေးမြစ်နယ်မြေရဲ့ မြို့တော်မှာ ရမ်းကားရဲတယ်.. မင်းက သေခြင်းတရားကိုရှာဖွေနေတာပဲ"

လီရွှယ်ယန်က ကျန်းချန်ကို ခက်ထန်စွာစိုက်ကြည့်လိုက်သည်။

ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခုသည် သူ၏တစ်ကိုယ်လုံးကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။

သူတို့ သွေးမြစ်နယ်မြေ၏ နယ်စပ်ဂိတ်ကို လီဝေက စောင့်ကြပ်ထား၏။

ထို့ကြောင့် လူသားအင်ပါယာ တစ်ဦးသည် သွေးမြစ်နယ်မြေကို အလွယ်တကူ ဝင်ရောက်ရန် လုံးဝ မဖြစ်နိုင်ပေ။

ထို့အပြင် သူ့အရှေ့မှ လူသားဓားအင်ပါယာသည် အလွန်ပင်ထူးဆန်းနေပြီး ယွင်ကျိုးကို အုပ်ချုပ်သည့် လူသားကျင့်ကြံသူ မဟုတ်ပေ။

ဆိုရလျှင် သူ၏ရှေ့မှ လူငယ်ဓားအင်ပါယာကို လူသားမျိုးနွယ်စုသည် လျှို့ဝှက်စွာ စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။

လီဝေ ယခုအချိန်ထိ ရောက်မလာပုံကိုထောက်၍ လီရွှယ်ယန်သည် သွေးမြစ်နယ်မြေ၏ နယ်စပ်ရှိ ဖြစ်နိုင်ခြေများကို ခန့်မှန်းရန် သဘာဝအတိုင်း မခက်ခဲခဲ့ပေ။

သူ၏ ခန့်မှန်းချက်အရ သွေးမြစ်နယ်မြေ၏ နယ်စပ်ဂိတ်ကို စောင့်ကြပ်သည့် လီဝေသည် ကံဆိုးသွားလောက်ပြီ ဖြစ်၏။

"ဟားဟား ငါက သေခြင်းတရားကို ရှာဖွေဖို့ ဒီကိုရောက်လာတာ မဟုတ်ဘူး"

ကျန်းချန်က ထီမထင်သောအပြုံးဖြင့် ပြောလိုက်ပြီး လီရွှယ်ယန်နှင့် တခြားသူများကို အထက်စီးကနေ ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ မောက်မာသောအသံသည် လေထုထဲတွင် ထပ်မံပဲ့တင်ထပ်လာခဲ့သည်။

"ငါ ကျန်းချန်က ဒီနေ့သွေးမြစ်နယ်မြေကို ဖျက်ဆီးဖို့ ရောက်လာတာပဲ.. ခုခံတဲ့သူတွေကို သနားခြင်း အလျဥ်းမရှိဘဲ သတ်ဖြတ်ပစ်မယ်"

ကျန်းချန်၏ စကားကိုကြားလျှင် သွေးမြစ်နယ်မြေမှ ကျင့်ကြံသူအများအပြားသည် ဒေါသအိုး ပေါက်ကွဲသွားကြသည်။

"ဟမ့် ကျန်းချန်.. သိပ်မလွန်လာနဲ့.. မင်းတစ်ယောက်တည်းက ငါတို့ သွေးမြစ်နယ်မြေကို ဖျက်ဆီးရအောင် ငါတို့ သွေးမြစ်နယ်မြေမှာ မင်းကိုယှဥ်နိုင်မဲ့သူဘယ်သူမှ မရှိဘူးလို့ ထင်နေတာလား"

သွေးဘုရင် အသစ်အဖြစ် နန်းတက်တော့မည့် တော်ဝင်မင်းသား လီဟန်သည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို သွေးပုံရိပ်အဖြစ် ပြောင်းလဲကာ ကောင်းကင်ဆီသို့ ခုန်တက်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားများနှင့် အအေးဓာတ်သည် လေထုတစ်ခုလုံးကို ပြည့်လျှံသွားခဲ့သည်။

လေထုထဲရှိ ပေထောင်ပေါင်းများစွာ နေရာလွတ်ရှိ သွေးစွမ်းအားများသည် ထိုအအေးဓာတ်ကြောင့် သွေးခဲများအဖြစ်ပြောင်းလဲသွားခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည်ပင် ထိုအချိန်တွင် အေးခဲနေပုံရသည်။

အခန်း(၁၄၄၆)ပြီး၏။

All Chapters