← Chapters

ပူးပေါင်းမည့် ကုမ္ပဏီ

Vol. 36 Ch. 526

ပူးပေါင်းမည့် ကုမ္ပဏီ

Vol. 36 Ch. 526

ထိုညတွင်းချင်းပင် အံ့ဩစရာကောင်းလောက်စွာ တရားခံအတော်များများ ဖမ်းမိသွားတော့သည်။

မော်ဂန် အထက်ပိုင်း၌လည်း အစည်းအဝေးများ အရေးပေါ် ပြုလုပ်နေရလေပြီ။

လင်းချွမ်ကို ခုခံရေးမှာ အရေးအကြီးဆုံး ဖြစ်၏။

အချိန်မှာ ညသန်းခေါင်ကိုပင် ကျော်လွန်နေလေပြီ။

အန်လင်းရဲစခန်း ဆိုက်ဘာလုံခြုံရေးဌာန အစည်းအဝေးခန်း။

အဖွဲ့ဝင်များအားလုံး အလုပ်ကိုယ်စီ ရှုပ်နေကြသည်။

လင်းချွမ် အပြင်ဘက်ရှိ ကော်ရစ်တာ၌ မှီလျက် ရှိ၏။

ချင်းချင်းတစ်ယောက် ယခုလေးတင် အလုပ်ပြီးသွား၍ အကြောဆန့်ကာ ခုံမှ ထရပ်လိုက်သည်။ ထို့နောက် လက်ဖက်ရည် (၂) ခွက် ဖျော်၍ လင်းချွမ်ရှိရာ ကော်ရစ်တာသို့ ထွက်လာခဲ့သည်။

“ကျေးဇူးပါပဲ”

လင်းချွမ် လက်ဖက်ရည်သောက်ရင်း ပြုံးလျက်

“ဘာကိုလဲဗျ”

“မနက်အစောကြီးအထိ အချိန်ပိုဆင်းရအောင် လုပ်ပေးလို့လေ”

ချင်းချင်း ပြုံး၍ ပြောလေသည်။ နဂို နူးညံ့ဖြူဖွေးသော အသားအရည်မှာ တစ်ညလုံး ပင်ပန်းထား၍ အနည်းငယ် နွမ်းနယ်နေ၏။

“အင်း…”

လင်းချွမ် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး

“ရပါတယ်လို့ပဲ ပြန်ပြောရမှာလား”

“နောက်တာပါ”

ချင်းချင်း ပြုံးနေမိသည်။

“ဒါပေမဲ့ တကယ်လည်း ကျေးဇူးတင်ရမှာပါ။ ”

လင်းချွမ် ချင်းချင်းဘက်လှည့်ကြည့်ကာ

“ဘာလို့လဲ”

“ဒီအတွေ့အကြုံတွေနဲ့ဆိုရင် ဆိုက်ဘာလုံခြုံရေးဌာနက အလုပ်တွေ ကိုယ့်ဟာကိုယ် လုပ်သင့်တာ”

လင်းချွမ်မှ စီနီယာတစ်ယောက်လေသံဖြင့် ပြောလေသည်။

“ဒါဆို ကျွန်မက ရှင့်တပည့်ပေါ့လေ”

ချင်းချင်း မျက်နှာလေး ပင်ပန်းနေသော်လည်း မျက်လုံးများမှာ တောက်ပနေ၏။

“ဒါ ဆရာကို ကြိုဆိုတဲ့ လက်ဖက်ရည် မဟုတ်ဘူးလား”

လင်းချွမ် သူ့လက်ဖက်ရည်ကို မြှောက်လျက် ပြုံးကာ

“ဒါဆိုရင် တော်တော်တော့ ရိုးတယ်နော်။ ဟုတ်ပြီ။ (၃) ကြိမ် ဦးညွှတ်ရင် ရတာပဲ”

ချင်းချင်း မျက်ခုံးပင့်လျက် သူ့ယူနီဖောင်းကို လက်ညှိုးထိုးပြကာ

“ကျွန်မကို ယူနီဖောင်းနဲ့ တွေ့နေတာတောင် လက်ခံရဲလို့လား”

လင်းချွမ် ရယ်မောလျက် လက်ယမ်းကာ

“အင်းနော်။ သက်သေအနေနဲ့ ဓာတ်ပုံရိုက်ထားပြီး အွန်လိုင်းမှာ တင်လိုက်ရင် သွားပြီပဲ”

ချင်းချင်း လှပစွာ ပြုံး၍ ကြည့်နေသည်။

ယခုညတွင် တရားခံများကို ကိုယ်တိုင် ဖမ်းဆီးခဲ့ရသောကြောင့် ရှားပါး အတွေ့အကြုံ ဖြစ်လေသည်။

အရင်တစ်ခါ အလုပ်သမားနေ့က နယ်စပ်တွင် လင်းချွမ်တို့နှင့်အတူ ပိုင်ကို သွားကယ်ခြင်းမှာ နှစ်ဝက်မျှ ကြာသွားပြီ ဖြစ်၏။

ချင်းချင်း လင်းချွမ်ကို ကြည့်ကာ

“လင်းချွမ် ရှင့်ကိုသိလာတာ ကြာနေပေမဲ့ အခုထိ နားမလည်နိုင်သေးဘူး”

“ဘာလို့ နားလည်ချင်ရတာလဲ”

လင်းချွမ် ပြန်မေးလိုက်သည်။

“မိတ်ဆွေတစ်ယောက်အနေနဲ့ ပိုပြီး နားလည်ချင်တာပဲလေ။ ထူးဆန်းတဲ့သူနဲ့ သူငယ်ချင်း လုပ်နေလို့မှ မရတာ”

လင်းချွမ် နှာခေါင်းလေးပွတ်လျက်

“ကျွန်တော်က အဲ့လောက်တောင် ထူးဆန်းလို့လား”

“ရှင် မော်ဂန်အုပ်စု ရုံးချုပ်ဘက်မှာ သူလျှိုကြီးကြီး ထားထားလို့ လူးကပ်စ်ကို ဖမ်းနိုင်သွားတယ်တောင် ကြားတယ်နော်”

လင်းချွမ် ပြုံး၍

“ကျွန်တော် သင်ပေးမှာပေါ့။ အေးဂျင့်ဖြစ်လာတဲ့အခါ လိုရင် လိုမှာလေ”

“သင်ခပေးရဦးမှာလား”

“ဘယ်လို ကြိုးစားရမလဲ အရင်မေးရမှာ မဟုတ်ဘူးလား”

ချင်းချင်း နှုတ်ခမ်းလေးစူကာ

“အရင်ကတော့ မဖြစ်နိုင်ဘူး ထင်ထားပေမဲ့ ရှင့်လို စာရေးဆရာတောင် အလုပ်တွေ အများကြီး ထပ်လုပ်နိုင်သေးတာပဲ။ ကျွန်မလည်း ဖြစ်နိုင်တာပေါ့”

လင်းချွမ် အားရပါးရ ရယ်မောနေမိ၏။

“မြန်မြန်သာ ပြောပြပါ”

ချင်းချင်းမှာ ကြိုးစားပြိုင်ဆိုင်လိုစိတ် ရှိသူမျိုး ဖြစ်၏။

လင်းချွမ် ပြုံးလျက်

“အမှန်တော့ ကျွန်တော် မော်ဂန်ထဲမှာ သူလျှို ထည့်ထားတာ မဟုတ်ပါဘူး။ အရင်းအမြစ်ကို ဘယ်လိုသုံးရမလဲ သိရုံပဲ”

“သုံးတယ်”

“ရန်သူဘက်ကလူတိုင်းက အရင်းအမြစ် ဖြစ်နိုင်တယ်။ သူတို့ အားနည်းချက်ကို ဆုပ်ကိုင်ပြီး လေ့လာဆန်းစစ်ရတာပေါ့။ အဲ့လိုနဲ့ သူလျှိုက အလိုလို ပေါ်လာတာပဲ”

လင်းချွမ် သေချာ ရှင်းပြသည်။

“နေပါဦး”

ချင်းချင်း ရုတ်တရက် တစ်ခုခုကို သတိရကာ အစည်းအဝေးခန်းထဲ ဝင်သွားသည်။

ခဏအကြာ၌ မှတ်စုစာအုပ်နှင့် ဘောပင်ကိုင်ကာ ပြန်ထွက်လာ၏။

“ရပြီ ဆရာလင်း ဆက်ပြောပါဦး”

လင်းချွမ် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

ထို့နောက် သူ သေချာ ဆက်ရှင်းပြလေသည်

“နားလည်လား”

လင်းချွမ် သူ့မှတ်စုစာအုပ်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

ထိုအခါ ရှချင်းချင်း မျက်လုံးလေးများ ဝိုင်းလျက် ပြုံးကာ

“နည်းနည်းပေါ့”

“ဟားဟားဟား”

လင်းချွမ် ရယ်မောလျက်

“ဟုတ်ပါပြီ ကျောင်းသူရှ။ ဒါတွေ နားလည်ပြီဆိုမှ ထပ်ပြောကြတာပေါ့”

“ဟုတ်ကဲ့ ဆရာလင်း”

ချင်းချင်း တောက်ပစွာ ပြုံးနေ၏။

“အခုတော့ နောက်ကျနေပြီ။ အိပ်ချိန် ရောက်ပြီ”

လင်းချွမ် သမ်းဝေရင်း ပြောလိုက်သည်။

ချင်းချင်းမှာ သူ့မှတ်စုစာအုပ်ကို ကြည့်၍

“ချန်းချန်းနဲ့ ပြန်ဆွေးနွေးလိုက်ရင်တော့ ပိုပြီး ကျွမ်းကျင်လာမှာပါ။ သူလျှိုတောင် ပြန်လုပ်လို့ ရပြီ”

ထို့နောက် လင်းချွမ် အိမ်သို့ ပြန်လာပြီး မနက် (၁၀) နာရီအထိ အိပ်ပျော်သွား၏။

သူ နိုးလာသောအခါ တံခါးဝတွင် ကျန်းရှင်းရှင်းမှာ အဖြူရောင် ညအိပ်ဝတ်စုံလေး ဝတ်ဆင်လျက် ပြုံး၍ကြည့်နေသည်။

“သူဌေး နိုးပြီလား”

လင်းချွမ် အိပ်ရာမှ ထလာပြီး သူ့အနား လျှောက်လာ၍ ပါးနုနုလေးအား ခပ်ဖွဖွဆွဲကာ

“အစောကြီး နိုးနေတာလား”

“စောစောထရမှာမို့လို့ပေါ့”

ကျန်း ရယ်မောကာ ပြောလိုက်သည်။

“မဟုတ်ရင် ကျွန်မသူဌေးကို မနက်စာ ဘယ်သူ လုပ်ပေးမှာလဲ”

လင်းချွမ် သူ့ဆံနွယ်များအား သပ်ပေးလိုက်သည်။

ကျန်း သူ့ကို ငေးကြည့်ရင်း

“အခြေအနေရော ဘယ်လို ဖြစ်သွားပြီလဲ”

လင်းချွမ် နိုးနိုးချင်း မမေးချင်သော်လည်း အလွန် သိချင်လှလေပြီ။

လင်းချွမ်၏ ရည်မှန်းချက်မှာ သူ့ရည်မှန်းချက် အတူတူပင် ဖြစ်၏။

“ပင်လယ်စာစွပ်ပြုတ်လေး ကောင်းမယ့်ပုံပဲ”

လင်းချွမ်မှာ ကျန်းမနက်စာအား ချီးကျူးရင်း ပြောလိုက်သည်။

“တစ်ဝက်တော့ ပြီးသလောက်ပါပဲ”

“မနေ့ညကရော အောင်မြင်သွားလား”

“ဒါပေါ့။ ကို ကိုယ်တိုင် ဝင်လှုပ်ရှားတာကို။ မအောင်မြင်ဘဲ ရှိမလား”

လင်းချွမ် မျက်ခုံးပင့်၍ ဂုဏ်ယူစွာ ပြောလိုက်၏။

“ပြောရရင် လုံးဝ သေချာ အောင်မြင်သွားတာ”

“ဘယ်လိုမျိုးလဲ”

ကျန်း သူ့အနားကပ်၍ စိတ်ဝင်တစား မေးလေသည်။

“အပြီးသတ်ပဲပေါ့။ လူးကပ်စ်လည်း ပါတယ်”

လင်းချွမ်စကားမှာ တည်ငြိမ်လှသည်။

“အံ့ဩစရာပဲ”

“အမြစ်ကနေ ဆွဲနုတ်ရမှာလေ။ လူးကပ်စ်ကို ဘယ်ထွက်ပြေးခံမလဲ”

လင်းချွမ် ပြုံးလျက်

“မော်ဂန်အုပ်စု အထက်ပိုင်းတွေလည်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ဘဲ ဆက်ခုခံနေရင်တော့…”

“အဲ့လိုဆိုရင်ရော”

ကျန်း မျက်လုံးလေးများ တောက်ပ၍ မေးလိုက်၏။

“သူတို့ ရုံးချုပ်ကိုပါ ဖျက်ဆီးရမှာပေါ့”

ထိုစကားကို အခြားသူများသာ ကြားလျှင် လင်းချွမ် ကြွားနေသည်ထင်ကာ သေချာပေါက် ရယ်ကြပေလိမ့်မည်။

သို့သော် ယခုနားထောင်သူမှာ ကျန်းရှင်းရှင်း ဖြစ်၏။

မည်သည့်အချိန်ဖြစ်စေ လင်းချွမ်ကို အကြွင်းမဲ့ ယုံကြည်ပေးမည့်သူ ဖြစ်လေသည်။

“ဒါဆိုရင်တော့ စိတ်အေးရပါပြီ”

ကျန်း ပင်လယ်စာစွပ်ပြုတ် သွားထည့်လာပြီး ပေး၏။

လင်းချွမ် ပြုံးကာ

“ပိုင်ရှန်ပဲ ကျန်တော့တယ်။ သူတို့ကိစ္စပြီးရင် ရှင်းရှင်းကို ဖက်ပြီး အေးအေးဆေးဆေး အိပ်နိုင်ပြီ”

ကျန်း သူ့ကို မော့ကြည့်၍

“ဒါပဲလား”

လင်းချွမ် အနည်းငယ် လန့်သွားပြီး

“အလုပ်တွေ အကုန်ပြီးရင် ကိုနဲ့ ဖက်အိပ်ချင်တာ မဟုတ်ဘူးလား”

“ဟုတ်တယ်လေ။ ဘာလုပ်ချင်သေးလို့လဲ”

နှစ်ယောက်သား ရယ်မောမိကြ၏။

“ဒါနဲ့ ကိုတို့ကုမ္ပဏီနဲ့ ပူးပေါင်းချင်တယ်ဆိုပြီး ရောက်လာတာမျိုးရှိလား ကြည့်ဦးနော်”

သူ ယောကျဲကို သတိရသွားပြီး ပြောလိုက်သည်။

ထို့နောက် လိပ်စာကဒ်လည်း ထုတ်ပေးလိုက်၏။

“နှလုံးသားစကားလား”

ကျန်းမှ ကဒ်ကိုကြည့်ကာ ရေရွတ်မိသည်။

“ကြည့်လိုက်ဦးမယ်လေ။ ပူးပေါင်းချင်လို့ လာပြောထားတာတော့ အများကြီးပဲ။ လက်ထောက်ပဲ စီစဉ်နေတာ အဲ့တာက”

“အင်း ကြည့်ကြည့်ပါဦး”

“ခုနကဟာက ဘာလို့လဲ”

ကျန်း ပြန်မေးလိုက်၏။

“အဲ့တာ ပိုင်ရှန်အုပ်စုက ဟန်ဆောင် အသွင်ယူထားတာ ဖြစ်နိုင်တယ်”

လင်းချွမ် ပြန်ရှင်းပြ၏။

ထိုအခါ ကျန်းကိုယ်တိုင် ဖိုင်များ ပြန်ရှာရင်း မကြာမီ

“တွေ့ပြီ။ လွန်ခဲ့တဲ့ (၂) ရက်က နှလုံးသားစကား ကုမ္ပဏီက လာပြောထားတယ်။ သူတို့ကုမ္ပဏီရဲ့ ဆိုက်ဘာဝန်ဆောင်မှုအတွက် ပူးပေါင်းဖို့”

ထင်သည့်အတိုင်းပင်။

လင်းချွမ် လိပ်စာကဒ်ကို စိုက်ကြည့်ရင်း တွေးနေမိလေသည်။

ပိုင်ရှန် မင်းလည်း အဆုံးသတ် ရောက်တော့မှာပဲ။

All Chapters