← Chapters

နောက်ထပ်ပစ်မှတ်

Vol. 36 Ch. 527

နောက်ထပ်ပစ်မှတ်

Vol. 36 Ch. 527

တစ်ဖက်တွင် ကျောက်ဟိုင်ဖျင်တစ်ယောက် အရေးအကြောင်းများ ထင်းအောင် ပြုံးလျက် ထိုင်နေသည်။

တစ်ညတည်းဖြင့် မော်ဂန်အုပ်စု အရှေ့တောင်အာရှအဖွဲ့ အားလုံးကို ရှင်းပစ်လိုက်နိုင်၏။

နှစ်ပေါင်းများစွာ ကြာ၍ သူ ပင်စင်ယူပြီးလျှင်ပင် မြေးငယ်လေးကို ထိုအကြောင်း ဂုဏ်ယူစွာ ပြောပြမိလိမ့်မည်။

“ဟားဟားဟား”

သူ အားရပါးရ ရယ်မောမိ၏။

ထို့နောက် စားပွဲပေါ်မှ ဖုန်းကိုကောက်ကိုင်၍ တစ်ယောက်ယောက်ကို ဆက်လိုက်သည်။

“ဆရာ”

သူ့အသံမှာ အလွန်လန်းဆန်း တက်ကြွနေ၏။

“မင်းအသံကို ကြားရတာ မထင်ထားလောက်အောင် အောင်မြင်သွားပြီလား”

ဝမ်အန်မှ ခန့်မှန်းကြည့်၏။

“ဆရာ့ကိုတော့ ဘာမှ ဖုံးထားလို့ မရဘူးပဲ”

ကျောက်ဟိုင်ဖျင် အားရပါးရ ရယ်မော၍ ပြောလေသည်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ အောင်မြင်သွားပြီ”

“ကောင်းတယ်”

ဝမ်အန်လည်း အလွန် ကျေနပ်သွားသည်။

ကျောက်ဟိုင်ဖျင် ဆက်၍ အခြေအနေ အသေးစိတ်ကို တင်ပြလိုက်၏။

“တော်တယ်။ အရမ်းတော်တယ်”

ဝမ်အန် ဆက်တိုက် ချီးကျူးမိလေ၏။

“လူးကပ်စ်ရောလို့ ပြောလိုက်တယ်မလား။ အရှေ့တောင်အာရှအပိုင်းမှာ မူးယစ်ဆေးဈေးကွက်နဲ့ ပတ်သက်ပြီး ငါတို့ အသက်ကောင်းကောင်း ရှူလို့ရပြီပဲ”

“ဆရာ နောက်ထပ် သတင်းကောင်းတွေ ရှိပါသေးတယ်”

ကျောက်ဟိုင်ဖျင် ဆက်ပြောပြန်သည်။

“ဟုတ်လား”

ဝမ်အန် သူ့စကားကို စောင့်နေ၏။

ကျောက်ဟိုင်ဖျင်လည်း ဝေ့ဝိုက်မနေတော့ဘဲ တိုက်ရိုက် ပြောလိုက်သည်။

“ကျွန်တော် ဖမ်းမိတဲ့ အရေအတွက်ကိုကြည့်ရင် မော်ဂန်ရဲ့ အားလုံးလို့ ပြောလို့ရပါတယ်”

“အားလုံးလား”

“ဟုတ်ပါတယ်”

ကျောက်ဟိုင်ဖျင်အသံမှာ ကျယ်လောင် ပြတ်သားနေသည်။

“အခြေအနေကတော့ ဒီတစ်ခါ မော်ဂန်အုပ်စုဘက်က လွတ်သွားတဲ့ငါး ထပ်မရှိတော့ပါဘူး”

ဘုရားရေ။

ဝမ်အန် လန့်ဖျပ်ကာ ဘုရားတမိသည်။

အရှေ့တောင်အာရှတွင် ကြီးမားစွာ လက်ဝါးကြီး အုပ်ထားသော မော်ဂန်အုပ်စုကို ညတွင်းချင်း တစ်ယောက်မှ မလွတ်အောင် ဖမ်းနိုင်ခဲ့သည်လား။

ပြီးပြည့်စုံသည်ထက်ပင် ပိုနေသေး၏။

သူ ခဏငြိမ်နေပြီးနောက် ချီးကျူးမိလေသည်။

“တကယ့် အံ့ဩစရာမျက်လှည့်ကို လုပ်နိုင်ခဲ့တာပဲ”

ကျောက်ဟိုင်ဖျင်လည်း ထိုစကားကြောင့် သွေးများ ဆူပွက်လောက်အောင် ဂုဏ်ယူနေမိတော့သည်။

အံ့ဩစရာ မျက်လှည့်လား။

“ချီးကျူးတာ ကျေးဇူးတင်ပါတယ် ဆရာ။ အမှန်တော့ ဒီလိုဖမ်းဆီးနိုင်တာ အဲ့လူငယ်လေးကြောင့်ပါ”

ကျောက်ဟိုင်ဖျင် အမှန်အတိုင်း ပြောပြ၏။

“အဲ့ကောင်လေးက နည်းပညာအပိုင်း တာဝန်ယူထားတာ မဟုတ်ဘူးလား။ အဲ့တာလည်း တော်တော် အရေးကြီးတယ်နော်”

“အရေးကြီးရုံတင် မကဘူး။ အဆုံးအဖြတ် ပေးရတဲ့ ရာထူးမျိုးပါ။ သူသာ မရှိရင် ဒီလောက် သက်ရောက်မှု ကြီးမှာ မဟုတ်ဘူး”

“ဆက်ပြောပါဦး”

ဝမ်အန်လည်း ပိုစိတ်ဝင်စား၏။

ကျောက်ဟိုင်ဖျင် အသေးစိတ် ဆက်၍ ရှင်းပြလိုက်သည်။

“ဒါက တကယ့် ခေတ်မီ ဖမ်းဆီးနည်းပဲ”

ဝမ်အန် အံ့ဩစွာ ရေရွတ်မိ၏။

“ဪ”

ကျောက်ဟိုင်ဖျင် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး

“လူးကပ်စ်ကို ဖမ်းမိတာလည်း လင်းချွမ်ရဲ့ အကြံကြောင့်ပဲ”

“ဘယ်လိုလုပ်လိုက်လို့လဲ”

ဝမ်အန် ရယ်မော၍ မေး၏။

“လင်းချွမ်က လူးကပ်စ်ရဲ့ အယုံကြည်ရဆုံး အတွင်းရေးမှူးကို သိမ်းသွင်းလိုက်တာလေ”

“သူ့မှာ အဲ့လို အရည်အချင်းမျိုး ရှိတာလား”

ဝမ်အန် အလွန် မှင်တက်နေမိတော့သည်။

“ကျွန်တော်ကိုယ်တိုင်လည်း မယုံနိုင်ပေမဲ့ တကယ် ဖြစ်ပျက်သွားတာ”

ကျောက်ဟိုင်ဖျင် ရှင်းပြနေ၏။

“ငါတော့ ဒီကောင်လေးကို ပိုပိုပြီး စိတ်ဝင်စားလာပြီ”

ဝမ်အန် ရယ်မော၍ ပြောမိ၏။

“ဆရာ တွေးနေတာက…”

ကျောက်ဟိုင်ဖျင် တစ်ခုခု စဉ်းစားမိသည်။

ဝမ်အန် ပြုံးကာ

“ဆက်စောင့်ကြည့်တာပေါ့။ ပိုင်ရှန်အုပ်စု ကျန်သေးတယ်မလား”

“ပိုင်ရှန်လောက်ကတော့ လေ့ကျင့်ခန်း လုပ်သလောက်ပဲ ရှိမှာပဲ”

ကျောက်ဟိုင်ဖျင် ရယ်မောကာ စနောက်မိသည်။

“လူငယ်တွေခေတ်ပဲ”

“သူနဲ့ယှဉ်ရင် ကျွန်တော်တောင် အားငယ်မိပါတယ်”

ကျောက်ဟိုင်ဖျင်မှလည်း ဝန်ခံလေသည်။

“အဲ့လို မတွေးပါနဲ့။ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရှိတာပဲ”

“ဟုတ်ကဲ့ပါ”

ထို့နောက် ဖုန်းချလိုက်ပြီးနောက် လင်းချွမ်အား ဆက်သွယ်လိုက်၏။

“လင်း”

“ဆရာကျောက်”

လင်းချွမ်မှ ပြန်နှုတ်ဆက်လိုက်သည်။

ထိုအချိန်တွင် လင်းချွမ်မှာ အိမ်၌ရှိနေပြီး နှလုံးသားစကား ကုမ္ပဏီ၏ ချဉ်းကပ်မှုအတွက် ပြင်ဆင်နေ၏။

ကျောက်ဟိုင်ဖျင်မှ

“လင်း နောက်ပစ်မှတ်အတွက် ဘယ်လို စီစဉ်မှာလဲ”

“အခုထိတော့ မျှားထားတုန်းပဲ။ မကြာခင် သတင်းကြားရမှာပါ။ သိရတာနဲ့ ချက်ချင်း တင်ပြပါမယ်”

လင်းချွမ် ပြုံး၍ ပြောလိုက်၏။

“သိပါပြီ။ အကူအညီလိုတာ ရှိသေးလား”

သူ စိုးရိမ်စွာ မေးမိ၏။

“အခုထိတော့ မလိုသေးပါဘူး။ အစ်မလီနဲ့ ချင်ယွန်းလည်း ရှိနေတာဆိုတော့ အဆင်ပြေပါတယ်”

ကျောက်ဟိုင်ဖျင် ပြုံး၍

“ဒီတစ်ခါ အထက်ကလည်း မင်းကို တော်တော် သတိထားမိနေပြီ။ သေချာ ကြိုးစား”

“ဆရာကျောက် အထက်ကလား”

“လင်းချွမ်အံ့ဩနေမိ၏။

“အများကြီးတော့ မပြောဘူးကွာ”

လင်းချွမ်လည်း ပြုံးနေရုံတော့ ရှိတော့သည်။

ထို့နောက် ဖုန်းချလိုက်ကြသည်။

ထို့နောက် ကျန်းကိုလှမ်းကြည့်၍

“ကျန်းကျန်းရေ ၇၂၀ ကုမ္ပဏီဘက် လှမ်းပြောလိုက်ပါ။ နှလုံးသားစကားနဲ့ ပူးပေါင်းမယ်လို့”

ထို့နောက် နေ့လယ်ခင်း၌ ကနဦးသဘောတူညီချက် ရသွားပြီး ညနေပိုင်းတွင် လင်းချွမ် ထင်ထားသည့်အတိုင်း ယောကျဲမှ စာပို့လာ၏။

“ဒါရိုက်တာလင်းတို့ကုမ္ပဏီနဲ့ ပူးပေါင်းခွင့်ရတာ ဂုဏ်ယူမိပါတယ်”

လင်းချွမ် ဧည့်ခန်းမှ ဆိုဖာတွင်ထိုင်ရင်း ပြုံး၍ ကြည့်နေသည်။

“သူဌေးယောက လုပ်ပြီဗျာ။ ကျွန်တော်တို့က ဂုဏ်ယူရမှာပါ”

“၇၂၀ ကုမ္ပဏီရဲ့ အရည်အချင်းတွေကို ကြားဖူးထားတာ ကြာပါပြီ။ ဒီလိုဖြစ်သွားတာ တကယ် ဝမ်းသာတယ်”

ယောကျဲမှ စာပြန်၏။

“ကျွန်တော်တို့ဆီမှာ လိုအပ်တဲ့အပိုင်းတွေကို အေးဆေး ပြောရင်း နေရာလည်း လိုက်ပြချင်လို့ ကုမ္ပဏီကို အလည်လာခဲ့ပါလားဗျ”

ယောကျဲမှ စဖိတ်လာ၏။

“ရတာပေါ့”

လင်းချွမ်လည်း ချက်ချင်း လက်ခံလေသည်။

“ဒါရိုက်တာလင်း ဘယ်အချိန် အားလဲ”

“ကျွန်တော်က ဘယ်အချိန်ဖြစ်ဖြစ် ရပါတယ်”

“ဒါဆို မနက်ဖြန် ညနေ (၃) နာရီလောက်ရော”

“ရပါတယ်”

“ဒါဆို စောင့်နေပါမယ်ဗျာ”

“ကောင်းပါပြီ”

လင်းချွမ်ပြုံး၍ ရေရွတ်လိုက်လေသည်။

“မင်းရဲ့အစွယ်ကို ထုတ်မပြသေးဘူးပေါ့လေ။ ဘယ်လို စီစဉ်နေလဲ ကြည့်ကြသေးတာပေါ့”

“ပြီးသွားပြီလား”

ဘေးမှ ကျန်းရှင်းရှင်း ဝင်ပြော၏။

လင်းချွမ် ပြုံး၍

“နောက်ပစ်မှတ်အတွက် ပြင်ထားလိုက်တော့”

ထို့နောက် လင်းချွမ် မတ်တပ်ထရပ်ကာ အခန်းထဲဝင်သွားပြီး နှလုံးသားစကား ကုမ္ပဏီအကြောင်း သွားစုံစမ်းနေတော့၏။

မြွေကိုတော့ တွင်းထဲမှ ထုတ်လိုက်မိပြီးလေပြီ။

All Chapters