← Chapters

မင်းကိုတွေ့ရတာ ပျော်စရာပေါ့

Vol. 36 Ch. 535

မင်းကိုတွေ့ရတာ ပျော်စရာပေါ့

Vol. 36 Ch. 535

သူဌေးကျောက်မှ သူ့ပုခုံးကို အသာပုတ်၍ အလွန် ကျေနပ်စွာဖြင့်

“မင်း ရုံးခန်းရောက်ရင် တစ်ခုခု ကြီးကြီးမားမား ပြင်ဆင်ပေးမယ်”

သူဌေးကျောက်မှာ ရှဉ့်ကို သူ့လူယုံဟု လုံးဝ မှတ်ထားလေ၏။

ရှဉ့် သူ့ကိုကြည့်၍

“ဘယ်လို ကြီးကြီးမားမားလဲ”

သူဌေးကျောက် သူ့ပုခုံးကိုကိုင်လျက် ဆွဲမလိုက်ပြီး အခြားဟက်ကာများ ခိုးနားထောင်ခြင်းမှ ကာကွယ်ရန် ရုံးခန်းထဲ ခေါ်သွားလိုက်သည်။

အခန်းထဲ ရောက်သောအခါ ရယ်မော၍

“မင်းလည်း ဟက်ကာနတ်ဘုရားဆိုတဲ့သူအကြောင်း သိမယ်ထင်ပါတယ်”

“ဒါပေါ့”

ရှဉ့် ခေါင်းငြိမ့်ပြ၏။

“ငါတို့ရဲ့ ပစ်မှတ်က သူပဲ”

သူဌေးကျောက်မှာ ရှဉ့်ကို အလွန် ယုံကြည်နေသောကြောင့် အားလုံး အမှန်အတိုင်း ပြောမိသည်။

“ကျွန်တော်တို့ ဒီလို လုပ်မှာလား”

ရှဉ့်မှာ လည်ပင်းကိုလှီးသည့်အမူအရာ လုပ်ပြရင်း မေး၏။

သူဌေးကျောက် ချက်ချင်း လက်ယမ်းကာ

“ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး။ သူ့ကို ဒီအတိုင်း သတ်လိုက်ဖို့က အရမ်းတန်ဖိုးကြီးနေတယ်”

“အဲ့တာဆိုရင်”

ရှဉ့်မှာ နားမလည်နိုင် ဖြစ်နေသည်။

“သူ့ကို ဘယ်လိုလုပ်မလို့လဲ”

“အရှင် ဖမ်းရမှာပေါ့”

သူဌေးကျောက် လေးနက်စွာ ပြောလိုက်၏။

“ဟင်”

ရှဉ့် အနည်းငယ် လန့်သွားပြီး အမြန် စဉ်းစား၍

“ကျွန်တော်က သူ့ကို အင်တာနက်ကွန်ယက်ပေါ်ကနေပဲ ရင်ဆိုင်နိုင်တာ။ အရှင်ဖမ်းဖို့တော့ ခက်မယ်ထင်တယ်”

သူဌေးကျောက်မှာ အတွေ့အကြုံရှိသော ဆရာတစ်ဦးကဲ့သို့ ပြုံးလျက်

“အဲ့တာ မင်းမှားနေတာပေါ့။ ထိပ်တန်းဟက်ကာ တစ်ယောက်အနေနဲ့ ဘယ်လိုနယ်ပယ်ဖြစ်ဖြစ်၊ ဘယ်လိုရန်သူဖြစ်ဖြစ် သိရမယ်လေ။ အဓိကက အချက်အလက်တွေပဲ”

“အချက်အလက်လား။ ဟုတ်တယ်နော်”

ရှဉ့်မှ ခေါင်းငြိမ့်မိသည်။

“အဲ့တာ ဉာဏ်ရည်ပဲပေါ့”

သူဌေးကျောက်မှ ဆက်၍

“ဉာဏ်ပိုကောင်းတဲ့သူက ဒါမှမဟုတ် ရန်သူ့အကြောင်း ပိုသိတဲ့သူက အသာစီးရတာပဲ”

“ဟုတ်ပါတယ်”

ရှဉ့်မှ ထောက်ခံလေ၏။

သူ လင်းယုန်နှင့် အဆက်အသွယ် ရှိနေသောကြောင့် အမြဲ ရှေ့ရောက်နေခြင်း ဖြစ်သည်။

ဉာဏ်ပညာမှာ အလွန်အရေးကြီးပါသည်။

“မင်း ငါတို့ဆီ မလာခင်က ငါတို့ဟက်ကာအဖွဲ့အနေနဲ့ သူ့ကိုယှဉ်ဖို့ တော်တော်ရုန်းကန်ခဲ့ရတယ်။ သူ့ဘက်ကပဲ သာပြီး စက်ရုံတစ်ခုတောင် ဖျက်ဆီးခံလိုက်ရသေးတယ်”

သူဌေးကျောက်မှ ရှင်းပြနေ၏။

ခရိုနေး၏ လှုပ်ရှားမှုကိုလည်း လင်းချွမ်ဘက်မှ ရိပ်မိကာ ပြန်တိုက်ခိုက်ခံခဲ့ရသည်။

ထို့ကြောင့် သူတို့၏ ကျရှုံးမှုမှာ လင်းချွမ်မှ သတင်းကြို၍ သိနေသည်လားဟု ထင်မိ၏။

ရှဉ့်မှာ ပါးစပ်ပိတ်လျက် မျက်မှောင်ကြုတ်နေသည်။

သူဌေးကျောက် သူ့ပုခုံးကို လှမ်းပုတ်၍

“အခုတော့ မတူတော့ဘူး။ မင်းဦးဆောင်တဲ့ ဟက်ကာအဖွဲ့နဲ့ လင်းချွမ်ကို လုံးဝ ထိန်းချုပ်နိုင်ပြီ။ သူ့အကြောင်းတွေလည်း အများကြီး သိထားရတယ်။ အဲ့တော့ အလုပ်လည်း ပိုလွယ်ကူ တွင်ကျယ်တာပေါ့”

ရှဉ့် ရုတ်တရက် သဘောပေါက်သွားပြီး

“သူဌေးကျောက် စိတ်အေးအေးထားပါ။ ကျွန်တော် ဒီတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါမယ်”

“ငါတို့ သူ့ကို ဖမ်းပြီးတဲ့အခါ မင်းကို ဟက်ကာနတ်ဘုရားအဖြစ် တစ်လောကလုံး သိအောင် ကြေညာပစ်မယ်”

သူဌေးကျောက် အားရပါးရ ရယ်မောနေ၏။

ရှဉ့်လည်း ရယ်မောမိလေသည်။

သို့သော် သူ့စိတ်ထဲ၌ လင်းချွမ် ဖမ်းမိသည့်တိုင်အောင် သူကတော့ ဟက်ကာနတ်ဘုရား ဖြစ်လာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လင်းယုန်၏ အရည်အချင်းမှာ ပို၍ သာလွန်နေသောကြောင့် ဖြစ်၏။

နောက်ရက်များတွင်။

ရှဉ့်၏ ထူးချွန်သော အရည်အချင်းနှင့် မှင်တက်လောက်စရာ မှတ်တမ်းများကြောင့် ပိုင်ရှန်အုပ်စု၏ ဘုတ်အဖွဲ့ဝင်စစ်ဆေးမှုကို အောင်မြင်ကာ ကွန်ယက်လုံခြုံရေး ခေါင်းဆောင်အနေဖြင့် ဖြစ်လာ၏။

အချိန်တိုအတွင်း လျင်မြန်စွာ ရာထူးတိုးခြင်းကြောင့် အားလုံး၏ စိတ်ဝင်စားခြင်းကို ခံရလေသည်။

သူဌေးကျောက်မှလည်း အပြည့်အဝ ကာကွယ်ပေးသောကြောင့် ရှဉ့်အား မည်သူမျှ ပြဿနာမရှာရဲကြချေ။

ချက်ချင်းပင်။

သူဌေးကျောက် ရှဉ့်နှင့် အောင်မြင်မှုများ ရပြီးနောက် ပုန်းအောင်းနေသော ကျားကြီးအား ဆက်သွယ်ကာ လင်းချွမ်အပေါ် နောက်ထပ် လှုပ်ရှားရန် စီစဉ်ရတော့သည်။

…

အန်လင်းမြို့။

တောင်ပိုင်းမှ ဆောင်းရာသီမှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။

နံနက်ခင်း၏ အေးမြသော လေညင်းမှာ မြစ်ပြင်ကို ကျော်ဖြတ်၍ မြို့ထဲသို့ ဝင်ရောက်လာသည်။ လမ်းများထဲမှ မြစိမ်းရောင်သစ်ရွက်များသည် အလင်းနှင့် အရိပ်ကြား တောက်ပနေကြ၏။

ထိုအချိန်တွင် လင်းချွမ်မှာ ကုတ်အင်္ကျီအနက်ကို ဝတ်ဆင်လျက် ပေါ့ပါးသော ဝတ်စုံဖြင့် ကားထဲမှ ထွက်လာပြီး အန်လင်းရဲစခန်းထဲ ဝင်သွားသည်။

လမ်းတစ်လျှောက်၌ ရင်းနှီးနေသော မျက်နှာအချို့ကို တွေ့ရ၏။

“ဒီလောက် စောစောစီးစီး ဘာတွေ ပြုံးပျော်နေတာလဲ”

ရှန်ချန်းချန်းသည် နက်ပြာရောင် ရဲယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူ့အနား ရောက်လာကာ တက်ကြွစွာ ပြောလေသည်။

“သတင်းကောင်းမရှိရင် ပြုံးလို့ မရဘူးလား”

လင်းချွမ်မှ ပြန်ပြော၏။

အမှန်တော့ သူ ပြုံးစရာကိစ္စရှိပါသည်။

ရှဉ့်၏ လုပ်ငန်းစဉ်များမှာ အစီအစဉ်အတိုင်း ဖြစ်နေ၏။

ထိုအရှေ့တွင် သူဌေးကျောက်၏ ဟက်ကာအဖွဲ့မှာ လင်းချွမ်၏ ၇၂၀ ကုမ္ပဏီကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ခြင်းသည် နောက်ကွယ်၌ လင်းချွမ် ရှိနေသည်။

အန်လင်းရဲစခန်းကို တိုက်ခိုက်ရာတွင်လည်း လင်းချွမ်မှ ကျန်းပြောင်ကို အကူအညီတောင်း၍ အလိုက်သင့်နေရန် ပြောခဲ့၏။

အရာအားလုံးမှာ ရှဉ့်အတွက် ဖန်တီးပြင်ဆင်ထားခြင်း ဖြစ်ပါသည်။

ကံကောင်းစွာဖြင့် ရှဉ့်မှာလည်း အောင်မြင်စွာ ဟန်ဆောင်နိုင်ပြီး ပိုင်ရှန်အုပ်စု ရာထူးကြီးပိုင်းအထိ ဝင်လာခဲ့၏။

အဆင့်မတူလျှင် လျှို့ဝှက်ချက်လည်း မတူချေ။

ယခုအခါ ရှဉ့်တစ်ယောက် အရင်ထက် ပိုမြင်လာရသည်များ ရှိသည်။

ဤသည်မှာ လင်းချွမ်အနေဖြင့် ပိုင်ရှန်အုပ်စုအကြောင်း ပိုနားလည်လာတော့မည် ဖြစ်၏။

သူ မပြုံးဘဲ မည်သို့နေနိုင်မည်နည်း။

“ကိစ္စမရှိလည်း ရယ်လို့ကတော့ ရပါတယ်”

ရှန်ချန်းချန်းမှ ဆက်၍

“ဒါပေမဲ့ နည်းနည်း ချိုချိုသာသာ ပြောလို့ မရဘူးလား”

“ဘယ်လောက် ချိုရမှာလဲ”

“ရှင် ဝတ္ထုရေးဆရာ မဟုတ်ဘူးလား။ အချစ်ဝတ္ထုတွေ မဖတ်ဖူးဘူးလား”

ရှန်ချန်းချန်း ပြန်ပြောလေ၏။

“ကျွန်တော်တော့ မဖတ်မိဘူး။ ချန်းချန်းက ဖတ်လို့လား”

လင်းချွမ် ရှန်ချန်းချန်းကိုကြည့်၍ ပြုံးကာ မေးလိုက်သည်။

ရှန်ချန်းချန်း ပါးလေးရဲသွားကာ

“ထားလိုက်တော့။ ကျွန်မ အလုပ်လုပ်တော့မယ်”

“မသွားပါနဲ့ဦး။ ပြန်မဖြေရသေးဘူးလေ။ ဘယ်လောက် ချိုရမှာလဲလို့”

လင်းချွမ် အနောက်မှ အတင်းလိုက်၍ အဖြေပြန်ပေးရန် ကြိုးစားနေသည်။

သို့သော် ရှန်ချန်းချန်းတစ်ယောက် ပို၍ လျင်မြန်စွာ လျှောက်သွား၏။

ထိုစဉ် လင်းချွမ်ဘေးသို့ ရှချင်းချင်း ရောက်လာပြီး တခစ်ခစ် ရယ်မောနေသည်။

“ချင်းချင်း ကျွန်တော် ဘယ်လောက် ချိုသာလဲ သိတယ်မလား”

လင်းချွမ် သူ့ကို လှည့်မေး၏။

ရှချင်းချင်းမှ

“ချန်းချန်းက ဘာလို့ပြုံးလဲ မေးတည်းက ‘မင်းကို တွေ့တော့ အလိုလို ပြုံးမိတာပါ’ လို့ ပြောလိုက်ရင် ပြီးရောကို”

“အဲ့တာက အီသလို မဖြစ်ဘူးလား”

လင်းချွမ် ပြန်မေးမိသည်။

“အီစီကလီလား”

ရှချင်းချင်း ခေါင်းယမ်းကာ

“ဘယ်သူ့ကို ပြောလဲဆိုတဲ့အပေါ်တော့ မူတည်တာပေါ့”

“ဪ ဪ”

လင်းချွမ် ခေါင်းတဆတ်ဆတ်ငြိမ့်၍

“ချင်းချင်း မေးကြည့်ပါလား”

ရှချင်းချင်း မျက်လုံးအရောင်လေးများ လက်ကာ

“လင်းချွမ် ဘာလို့ အဲ့လောက် ပြုံးပျော်နေတာလဲ”

“မင်းကို တွေ့ရတာက ပျော်စရာမို့လို့ပေါ့”

လင်းချွမ် စနောက်ကာ ပြော၏။

ရှချင်းချင်း မျက်နှာလေး ဝင်းပလျက် ရှန်ချန်းချန်းထံ ပြေးသွားလေ၏။

“ချန်းချန်း ခုနက လင်းချွမ် ဘာပြောလိုက်လဲ သိလား”

“ဘာပြောလို့လဲ”

ရှန်ချန်းချန်း လင်းချွမ်အား လှည့်ကြည့်မိသည်။

ရှချင်းချင်းမှာ ပြုံးရွှင်လျက်

“လင်းချွမ်က ငါ့ကို တွေ့ရတာနဲ့တင် ပျော်ပြီး ပြုံးမိတာတဲ့”

ရှန်ချန်းချန်း ရှုံ့မဲ့သွားပြီး

“ငတုံး”

ရှချင်းချင်းမှာ ခေါင်းယမ်းလျက် သူ့အလုပ်နေရာဆီသို့ လျှောက်သွားလေသည်။

ဤသည်မှာ လမ်းတစ်ဝက်သာ ရှိသေးပြီး လင်းချွမ်၏ ပန်းတိုင်မှာ အင်တာပို ယာယီရုံးခန်းဆီသို့ ဖြစ်၏။

အခန်းထဲတွင် ပုံမှန်အတိုင်း လူ (၂) ယောက် ရှိနေကြသည်။

လီထုန်နှင့် ချင်ယွန်းတို့ ဖြစ်၏။

ထိုအချိန်အတွင်း လီထုန်နှင့် ချင်ယွန်းမှာ လင်းချွမ်ကို ကူညီရင်း အင်တာပိုမှတစ်ဆင့် ပိုင်ရှန်အုပ်စုအကြောင်း အချက်အလက်များ စုစည်းကြရသည်။

လင်းချွမ်ကို တွေ့သောအခါ နှစ်ယောက်သား လှမ်းကြည့်၍ နှုတ်ဆက်ကြလေ၏။

ရုံးခန်းထဲတွင် လင်းချွမ်အတွက်လည်း နေရာတစ်ခု စီစဉ်ထားပါသည်။

သူ လက်ဖက်ရည်တစ်ခွက် ဖျော်ပြီးနောက် စားပွဲ၌ ဝိုင်းထိုင်လိုက်ကြ၏။

လင်းချွမ် သူတို့ကို ကြည့်ကာ

“ကျွန်တော်တို့ စပြီး လှုပ်ရှားလို့ ရပြီ”

“စလှုပ်ရှားမှာလား”

ချင်ယွန်း တအံ့တဩဖြင့်

“ဘာကို လှုပ်ရှားမှာလဲ”

“ဘယ်သူ ရှိရမလဲ”

လင်းချွမ် ပြုံး၍ ပြောလေ၏။

“ပိုင်ရှန်ကို… ပြောတာလား”

ချင်ယွန်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။

မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးကို ဖျက်ဆီးထားသည်မှာပင် မကြာသေးချေ။ ယခု ပိုင်ရှန်အုပ်စုအား ထပ်မံ တိုက်ခိုက်တော့မည်လား။

All Chapters