← Chapters

မလုလောက်ပါဘူးနော်

Vol. 36 Ch. 537

မလုလောက်ပါဘူးနော်

Vol. 36 Ch. 537

လီထုန် ရယ်မော၍ စနောက်လိုက်သည်။

ချင်ယွန်းမှာ ပိုစိတ်လှုပ်ရှားလာပြီး ချက်ချင်း ကော်ဖီတစ်ခွက် ထဖျော်ကာ လန်းအောင် ပြုလုပ်ပြီးမှ

“အစ်မလီ ကျွန်တော်တို့ ဘာလုပ်စရာရှိဦးမလဲ”

“အဲ့တာက ခေါင်းဆောင်ကို မေးရမှာလေ”

လီထုန် ပြုံး၍ ပြန်ပြောလိုက်သည်။

“အခုထိတော့ ခေါင်းဆောင်က ဘာမှ မပြောသေးဘူး။ သူလည်း အရေးကြီးတာတွေနဲ့ အလုပ်ရှုပ်နေမှာပေါ့”

ချင်ယွန်း ခေါင်းကုတ်လျက် ရယ်မောနေသည်။

“ကဲ ဒါဆိုရင် အခုတော့ ဒီလောက်ပဲ။ အကြီးအကဲကျောက်ကို တင်ပြပြီးရင် လုပ်ငန်းလည်း ပြီးသလောက် ဖြစ်ပြီ”

ထိုအချိန်တွင် လီထုန်၏ ကွန်ပျူတာမျက်နှာပြင်၌ အချက်အလက်များ ပေးပို့နေဆဲ ဖြစ်လေသည်။

ဒင်!

အချက်အလက်ပို့ခြင်း ပြီးဆုံးမှ လီထုန် သက်ပြင်းချနိုင်ပြီး အကြောဆန့်လိုက်၏။

“အစ်မလီ ကျွန်တော်တို့ ဒီအလုပ်ပြီးရင် အဖွဲ့လည်း ကွဲသွားမှာပေါ့နော်”

ချင်ယွန်းမှ မေးလိုက်သည်။

“ဘာလို့လဲ”

“အဖွဲ့ကွဲသွားရင် ခေါင်းဆောင်က ကျွန်တော်တို့နဲ့ အလုပ်အတူတူ မလုပ်တော့ဘူးမလား”

ချင်ယွန်း ရုတ်တရက် စိုးရိမ်သွားမိ၏။

လီထုန် ဟက်ခနဲ ရယ်လျက်

“အဲ့တာက ခေါင်းဆောင်ကို မေးမှပေါ့”

ချင်ယွန်း နှုတ်ခမ်းလေးစူကာ ဆက်မပြောတော့ချေ။

ထို့နောက် ထိုသို့ခွဲရမည့်အခြေအနေအား တွေးမိပြီး ဝမ်းနည်းနေ၏။

အလွန်ဆုံး နှုတ်ဆက်ညစာစားရုံသာရှိပြီး ထို့နောက်၌ ကိုယ့်လမ်းကိုယ် လျှောက်ရတော့ပေမည်။

နှမျောစရာပဲ။

အရမ်းတော်တဲ့ ခေါင်းဆောင်ကို။

လီထုန်လည်း လင်းချွမ်နှင့် အလုပ်လုပ်ရသည်မှာ သက်သာ၍ အလုပ်ဖြစ်ထွန်း၏။

အရင်လို ပြေးလွှားကြိုးစားနေစရာ မလိုချေ။

လင်းချွမ် ပေးသောအရာတိုင်း အံ့ဩစရာ ဖြစ်လေ၏။

ဥပမာ ဒီမနက် လင်းချွမ် ရောက်လာပြီး ပိုင်ရှန်မှ အချက်အလက်များ ပေးလာခြင်းကို ကြည့်နိုင်ပါသည်။

ကြက်သီးထစရာပင် ကောင်းလှ၏။

ထိုခံစားချက်ကို လီထုန်တင်မက ချင်ယွန်းနှင့် ကျောက်ဟိုင်ဖျင်တို့ပါ ခံစားရပါသည်။

ကျောက်ဟိုင်ဖျင်သည် မနက်တည်းက လီထုန်ထံမှ သတင်းရထားသောကြောင့် အချက်အလက်များ မရမချင်း ညဉ့်နက်သည်အထိ စောင့်နေ၏။

ထို့နောက် အသက်အရွယ်ကို ဂရုမစိုက်နိုင်ဘဲ တစ်ညလုံး ထိုင်စစ်ဆေးနေတော့သည်။

ဒေတာစစ်ဆေးရေး တစ်ဖွဲ့လုံးလည်း အလုပ်ရှုပ်နေပြီး ကျောက်ဟိုင်ဖျင် ဘေးမှ သွားစောင့်နေ၏။ ပထမအဆင့် ရလဒ်အချောရရှိရန် မျှော်လင့်မိပါသည်။

သူ့မျက်နှာ ဝင်းပ၍ စိတ်လှုပ်ရှားနေ၏။

ပိုင်ရှန်အုပ်စုအပေါ် လှုပ်ရှားရန် အနည်းဆုံး လပိုင်းမျှ ကြာမည်ဟု တွေးထားသော်လည်း မထင်မှတ်စွာဖြင့် လင်းချွမ်ထံမှ အချက်အလက်များမှာ အလွန် လျင်မြန်လေသည်။

ဒေတာစစ်ဆေးရေးအဖွဲ့ထံမှ ရလဒ်မထွက်မီ ရုံးခန်းတစ်ခုထဲဝင်၍ ဖုန်းဆက်လိုက်၏။

အထက်လူကြီး ဝမ်အန်ပင်။

လူမှုလုံခြုံရေးဝန်ကြီးရုံး။

“ကျောက် အခုထိ မအိပ်သေးဘူးလား”

ဝမ်အန် စိုးရိမ်သလို ပြောလိုက်သည်။

“မအိပ်နိုင်ပါဘူး ဆရာရယ်”

ကျောက်ဟိုင်ဖျင်မှာ ပြုံးရွှင်လျက်

“ကျွန်တော် အထူးသတင်း တင်ပြစရာရှိလို့”

“ဘာများလဲကွ”

“ဆရာလည်း ကြားလိုက်ရင် ဒီည အိပ်ပျော်တော့မှာ မဟုတ်ဘူး”

ကျောက်ဟိုင်ဖျင်မှ စနေ၏။

ဝမ်အန် အံ့ဩသွားပြီး

“ပြောစမ်းပါဦးကွ”

ကျောက်ဟိုင်ဖျင် ခဏစဉ်းစား၍

“လင်းချွမ်က ပိုင်ရှန်အုပ်စုက အချက်အလက်တွေ ရလာပြီ”

“ဟင်”

ဝမ်အန် အလွန် လန့်သွားသည်။

ကျောက်ဟိုင်ဖျင်မှာတော့ ထင်ထားသည့်အတိုင်း ပျော်ရွှင်နေလေသည်။

ဝမ်အန်မှ

“အဲ့အချက်အလက်တွေ ပြစမ်းပါဦး”

“ဆရာ အခုတော့ စစ်ဆေးနေတုန်းပါ။ ရလဒ်ထွက်တာနဲ့ ချက်ချင်း ပို့ပေးလိုက်ပါမယ်”

“ကောင်းပြီ ကောင်းပြီ”

ဝမ်အန်လည်း မျက်နှာမှာ ရွှင်ပျသွား၏။

ထိုသတင်းမှာ အတော်လေး သက်ရောက်မှု ရှိပါသည်။

သူတင်မက အာရှ-ပစိဖိတ်အထိ သက်ရောက်မည် ဖြစ်၏။

“လင်းက တကယ် တော်တာပဲ”

ဝမ်အန် ထပ်ချီးကျူးမိသည်။

“အမှန်ပဲဗျာ။ ကျွန်တော်လည်း သတင်းကြားတော့ တော်တော် အံ့ဩသွားတာ”

ကျောက်ဟိုင်ဖျင် ရယ်မောကာ ပြော၏။

ဝမ်အန် အလွန်ကျေနပ်စွာဖြင့်

“ဒါနဲ့ သူ ဒီအချက်အလက်တွေ ဘယ်ကရလဲ တကယ် သိချင်မိတယ်”

“ကျွန်တော်ပြောရင်တောင် ဆရာ ယုံမှာ မဟုတ်ဘူး”

ကျောက်ဟိုင်ဖျင်ပြုံး၍ ဆက်ပြော၏။

“ပိုင်ရှန်အုပ်စုထဲမှ သူလျှိုကြီးကြီးထည့်ထားပြီး အချက်အလက်တွေ ရလာတာ”

“မော်ဂန်တုန်းကလိုလား”

ဝမ်အန် အရင်အကြောင်း ပြန်တွေးမိသည်။

ကျောက်ဟိုင်ဖျင် ခေါင်းယမ်းကာ

“အခြေအနေက အတူကြီးတော့ မဟုတ်ဘူး”

“အတိအကျ ပြောစမ်းပါ”

ဝမ်အန် ပိုစိတ်ဝင်စားလာသည်။

“ဒီအပိုင်းက ကျွန်တော်ကိုယ်တိုင်လည်း မယုံနိုင်သေးဘူးဗျ။ အဲ့သူလျှိုက အရင်က ကျွန်တော်တို့ မော်ဂန်ထဲ ထည့်ထားတဲ့လူ…”

ကျောက်ဟိုင်ဖျင် အသေးစိတ် ပြောပြလိုက်၏။

ဝမ်အန်လည်း နားထောင်ပြီးနောက် သက်ပြင်းချမိသည်။

သူ အမှန်ပင် ဤညတော့ မအိပ်နိုင်တော့လောက်ပေ။

ထိုအဖြစ်အပျက်မျိုး သူ တစ်ခါမှပင် မကြားဖူးခဲ့။

ရုပ်ရှင်၊ စာအုပ်များ၌ ပါလျှင်ပင် ပိုပိုသည်းသည်း ရေးသည်ဟု ထင်မိမည် ဖြစ်၏။

ယခုအခါ လက်တွေ့ မြင်ရသောကြောင့် ပို၍ မယုံကြည်နိုင် ဖြစ်နေတော့သည်။

“ငါတော့ အန်လင်းကို ကိုယ်တိုင် လာသင့်ပြီ ထင်တယ်”

ဝမ်အန် ရေရွတ်လိုက်မိသည်။

“ကိုယ်တိုင်လား”

ကျောက်ဟိုင်ဖျင်လည်း လန့်သွား၏။

“လင်းချွမ်နဲ့ ဒီသူလျှိုကိစ္စက လျှို့ဝှက်ချက်ကြီးနော်။ အမျိုးသားလုံခြုံရေးဗျူရိုဘက်က မသိစေနဲ့”

ဝမ်အန်မှ ပြော၏။

“လောလောဆယ်တော့ လျှို့ဝှက်ချက်အဖြစ် ထားထားပါတယ်။ ဒါပေမဲ့ မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ကို ရှင်းလိုက်တာကိုတော့ သိပြီးလောက်ပြီ”

ကျောက်ဟိုင်ဖျင် စိတ်ပျက်လက်ပျက် ပြောလိုက်၏။

ဝမ်အန် ခဏတိတ်ဆိတ်နေပြီးမှ

“သူတို့ ငါ့ဆီက လုမှာတော့ မဟုတ်ပါဘူးနော်”

ကျောက်ဟိုင်ဖျင် တစ်ချက်ရှုံ့သွားပြီး

“သူတို့… မလုလောက်ပါဘူး”

“ထားပါ။ အခုနေနှင့်ဦး။ ပိုင်ရှန်ကိစ္စ ပြီးတာနဲ့ ငါကိုယ်တိုင် လင်းချွမ်ကို လာတွေ့မယ်”

ဝမ်အန်မှ ဆို၏။

“ကောင်းပါပြီ”

“ဒါနဲ့ အကူအညီတစ်ခုခု လိုရင်လည်း ပြောလေ။ မင်းတို့အတွက် အချိန်မရွေး စီစဉ်ပေးမယ်”

“ကျေးဇူးပါ ဆရာ”

ကျောက်ဟိုင်ဖျင် ဝမ်းသာသွားလေသည်။ သူ ထိုစကားကို စောင့်နေခြင်း ဖြစ်၏။

…

ဒေတာစစ်ဆေးရေးအဖွဲ့မှာ တစ်ညလုံး၊ တစ်မနက်လုံး အလုပ်ရှုပ်နေခဲ့ပြီး နောက်တစ်နေ့ နေ့လယ်မှ ရလဒ်များ ရလာခဲ့သည်။

ကျောက်ဟိုင်ဖျင် ကျေနပ်စွာ ကြည့်ရှုပြီးနောက် ဝမ်အန်အား ပို့ပေးလိုက်ပြီး အင်တာပိုအာရှဗျူရိုအတွင်း အရေးပေါ် အစည်းအဝေး ပြုလုပ်ကြလေသည်။

အစည်းအဝေးမှာ အချိန်အတော်ကြာသွားပြီး ည (၈) နာရီဝန်းကျင်မှ လုပ်ငန်းစတင်ရန်အတွက် သဘောတူညီချက် ရရှိ၏။

“လင်းပေးတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး နောက် (၃) ရက်မြောက်ည (၉) နာရီမှာ ပိုင်ရှန်အုပ်စုကို စလှုပ်ရှားမယ်”

ကျောက်ဟိုင်ဖျင်ကိုယ်တိုင် လင်းချွမ်အား ပြောပြ၏။

“ကောင်းပါပြီ”

လင်းချွမ် ပြန်ဖြေလိုက်သည်။

“အဲ့အချိန်မှာ မင်းနဲ့ အန်လင်းရဲစခန်းက အန်လင်းထဲက လုပ်ငန်းငယ်တွေကိုပါ ရှင်းလင်းရမယ်။ ဒါပေမဲ့ ဘေးကင်းအောင်တော့ ဂရုစိုက်နော်”

ကျောက်ဟိုင်ဖျင် စိုးရိမ်စွာ ပြောလိုက်သည်။

“ဘာမှမစိုးရိမ်ပါနဲ့ ဆရာကျောက်ရယ်”

လင်းချွမ် ရယ်မောကာ ပြန်ပြောလေ၏။

ထို့နောက် အခြားအရေးကြီးအချက်များ ပြောကာ ဖုန်းချလိုက်ကြသည်။

ထိုအချိန်တွင် လင်းချွမ် ရှဉ့်ထံသို့ စာပို့လိုက်သည်။

“(၃) ရက်မြောက်နေ့မှာ ပိုက်ကွန်သိမ်းမယ်”

ရှဉ့်မှာ လတ်တလောအချိန်အတွင်း ကျွမ်းကျင် သူလျှိုတစ်ဦး ဖြစ်နေပြီး ချက်ချင်း သဘောပေါက်သွား၏။

ထို့နောက် လင်းချွမ်မှ လိုအပ်သောအချက်များကို ဆက်၍ ရှင်းပြသည်။

ရှဉ့်လည်း ဂရုတစိုက် နားထောင်မှတ်သားလေ၏။

လင်းချွမ်တစ်ယောက် ပြုံးရွှင်နေမိလေသည်။

ပိုင်ရှန်အုပ်စုကို သူ့ဘဝမှ အပြီးတိုင် ထုတ်ပစ်နိုင်တော့မည်။

All Chapters