← Chapters

အရှုံးပေးလိုက်တော့

Vol. 36 Ch. 539

အရှုံးပေးလိုက်တော့

Vol. 36 Ch. 539

လှေကားအောက်ခြေနှင့် ဒုတိယထပ်မှာ သိပ်တော့ မဝေးလှပေ။

ကျားကြီးမှာ ရင်တဒိတ်ဒိတ်ခုန်လျက် စိတ်လှုပ်ရှားမှု အပြည့် လွှမ်းခြုံနေသည်။

“ဆရာ ကျွန်တော် ဘာလို့ အရမ်းတုန်လှုပ်နေတာလဲ မသိဘူး”

ရှောင်ယန် ခြေလှမ်းလှမ်းနေရင်း ပြော၏။

“မင်းရောပဲလား”

ကျားကြီး မျက်မှောင်ကြုတ်ကာ လှည့်ကြည့်သည်။

ယောကျဲမှာတော့ အရမ်းသတိမထားမိဘဲ ရယ်မောလျက်

“ဆရာနဲ့ အစ်ကိုယန်က လင်းချွမ်ကို အရှင်ဖမ်းဖို့ အရမ်းအားခဲထားလို့ နေမှာပေါ့။ အဲ့တာ စိတ်လှုပ်ရှားတာလေ။ တုန်လှုပ်တာမှ မဟုတ်တာ”

ကျားကြီး သက်ပြင်းချကာ ခေါင်းငြိမ့်မိ၏။

အမှန်ပင် ခံစားချက်မှာတော့ ဆင်တူလွန်းပါသည်။

“အဲ့လို မျှော်လင့်ရတာပဲ”

ရှောင်ယန် ရေရွတ်လိုက်၏။

ထောက် ထောက် ထောက်!

အမျိုးသား (၃) ဦး၏ ခြေသံများမှာ တိတ်ဆိတ်သော ညခင်း၌ ထင်ရှားစွာ ထွက်ပေါ်နေသည်။

ကျားကြီးသည် ထိုနေရာနှင့် ရင်းနှီးပြီးဖြစ်၍ ခပ်သုတ်သုတ် လျှောက်၏။

ဒုတိယထပ် လှေကားညာဘက်တွင် ဧည့်ခန်းကြီး ရှိလေသည်။

သူတို့၏ ပန်းတိုင်နေရာဖြစ်၏။

ထိုစဉ် တံခါးပွင့်လာပြီး သူဌေးကျောက် လွှတ်ထားသော လူ (၂) ယောက် ပေါ်လာသည်။ သူနှင့်တော့ မရင်းနှီးကြပေ။

ကျားကြီးမှာ အဝတ်အစားကို သေသပ်အောင် ပြင်ဆင်လိုက်ပြီး ခေါင်းမော့၍ ဝင်သွားလေသည်။

သူ့၏ တက်ကြွသောပုံစံကိုသာ ပြလိုပါသည်။

ထို့နောက် အထဲဝင်သွားကြသောအခါ ရင်းနှီးသည့် မျက်နှာအချို့ကို တွေ့ရတော့၏။

ကျားကြီး မှင်တက်၍ ရုတ်တရက် စွံ့အနေသည်။

မျက်နှာမှာ အလွန်ကို ရင်းနှီးလွန်းနေသည်။

ဖြောင့်တန်းသော မျက်ခုံး၊ စူးရှသော မျက်ဝန်း၊ ပြေပြစ်သည့် မျက်နှာအချိုးအစား၊ ပြုံးယောင်ယောင် နှုတ်ခမ်းထောင့်များ။

နေပါဦး။

လင်းချွမ်လား။

ချီးပဲ။ လင်းချွမ်။

ချက်ချင်းပင် ကျားကြီး မျက်မှောင်ကြုတ်၍ အမူအရာ တင်းမာသွား၏။

ထိုစဉ် တံခါးစောင့် (၂) ဦးမှ တံခါးကို ပြန်ပိတ်လိုက်လေသည်။

ဂျိန်း!

ကျားကြီး ချက်ချင်းပင် မူမမှန်မှုကို သတိထားမိသွားသည်။

သူ ထောင်ချောက်ထဲ ဝင်သွားပြီ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် အခန်းထဲတွင် လင်းချွမ်တင်မက အခြားလူအချို့လည်း ရှိနေသည်။ အားလုံးမှာ ကြောက်စရာအမူအရာဖြင့် စူးရှစွာ စိုက်ကြည့်နေကြ၏။

လက်ထဲတွင်လည်း လက်နက်များ ကိုင်ထားလေသည်။

သူတို့ (၃) ဦးကို ချိန်ထားသော သေနတ်များမှာ များပြားလွန်း၍ လိုက်ရေရန်ပင် မဖြစ်နိုင်။

ရှောင်ယန်နှင့် ယောကျဲတို့မှာ မျက်လုံးများ ပေါက်ထွက်မတတ် ပြူးကျယ်နေကြ၏။

(၃) ယောက်လုံးလည်း တုန်ရီလျက် ရှောင်ယန်မှာ အဆိုးဆုံးဖြစ်ပြီး လဲကျတော့မလို ဖြစ်နေသည်။

“မင်္ဂလာပါ”

လင်းချွမ် မတ်တပ်ထရပ်လာပြီး ရှေ့ (၂) လှမ်းမျှ တိုးကာ နှုတ်ဆက်လေသည်။

ကျားကြီး ထိတ်လန့်ကာ အနောက်သို့ ဆုတ်လိုက်ပြီး

“မင်း… ငါတို့ကို လှည့်စားတာလား”

ကျားကြီးမှာ ယခုအချိန်အထိ သူ့ကိုပို့ခဲ့သော စာမှာ သူဌေး​ကျောက်ထံမှ မဟုတ်ဘဲ လင်းချွမ်ထံမှ ဖြစ်ကြောင်း မသိလျှင် အရူးဖြစ်ပေမည်။

သူဌေးကျောက်အမည်ကိုသုံး၍ ကျားကြီးအား မျှားခေါ်ခဲ့ခြင်းပင်။

“ကြည့်ရတာ အရမ်းတော့ မတုံးဘူးပဲ”

လင်းချွမ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြော၏။

ရှဉ့်မှာ ပိုင်ရှန်၏ ဆိုက်ဘာလုံခြုံရေးနှင့် နည်းပညာ တည်ဆောက်ရေး ခေါင်းဆောင် ဖြစ်နေသောကြောင့် ထိုကဲ့သို့ အချက်အလက်မျှကို အလွယ်တကူ ထိန်းချုပ်နိုင်ပါသည်။

ကျားကြီး သူဌေးကျောက်ကို ထပ်သွားမေးလျှင်ပင် ရလဒ်မှာ ထူးမည် မဟုတ်ပါ။

ရှဉ့်သည် သူဌေးကျောက်အကောင့်ကိုလည်း ဟက်ထား၏။

ထိုအချိန်တွင် ကျားကြီးမှ သူ့ခါးကို ရုတ်တရက် စမ်းလိုက်သည်။

လင်းချွမ် ထိုအပြုအမူကို တွေ့ကာ အမြန်ရှေ့တိုး၍ လက်ကိုချုပ်လျက် တံတောင်ဖြင့် မျက်နှာကို တွတ်လိုက်၏။

ထို့နောက် ကျားကြီးလက်ထဲမှ သေနတ်ကို အမြန်ပြန်လုလိုက်သည်။

မကြာမီ ကျည်ဆံများ ပြုတ်ကျသွားသည့်အသံ ကြားရလေ၏။

ကျားကြီးလည်း ပို၍ တုန်လှုပ်သွားသည်။

လင်းချွမ် ကျားကြီးအနောက်မှ (၂) ယောက်ကို လှမ်းကြည့်၍

“ထိုင်ကြ”

ရှောင်ယန်နှင့် ယောကျဲတို့မှာ မခုခံနိုင်တော့ဘဲ ချက်ချင်း မျက်နှာငယ်လေးများဖြင့် လှမ်းကြည့်၏။

ထိုအခါ အတူပါလာသော ရှန်ချန်းချန်းမှ လက်ထိပ် သွားခတ်လိုက်လေသည်။

လင်းချွမ်မှာတော့ ကျားကြီးကို လှမ်းကြည့်နေ၏။

ကျားကြီးလည်း သူ့ကို သတ်ချင်စိတ်အပြည့်ဖြင့် ပြန်ကြည့်နေသည်။

“(၁၀) သန်းနဲ့ ကြေညာတဲ့စာက မင်းလုပ်တာမလား”

လင်းချွမ်မှ ရှန်ချန်းချန်းလှမ်းပေးသော လက်ထိပ်ကို ယူ၍ ကျားကြီးအားခတ်ရင်း မေးလေသည်။

“အဲ့တော့ ဘာဖြစ်လဲ”

ကျားကြီး မကျေမနပ် ပြန်ပြောသည်။

“ဘာမှ မဖြစ်ပါဘူး။ ဒေါ်လာ (၁၀) သန်းကတော့ နည်းလွန်းတယ်လေ။ အနည်းဆုံး သန်း (၂၀၀) လောက် ပေးမှပေါ့”

လင်းချွမ် ရယ်မောကာ ပြော၏။

“မင်း ရယ်နိုင်သေးတယ်ပေါ့။ လင်းချွမ် မင်းလည်း ကောင်းကောင်း အဆုံးသတ်မှာ မဟုတ်ပါဘူး”

ကျားကြီးမှ အံကြိတ်ကာ ဒေါသတကြီး ပြောလေသည်။

လင်းချွမ် သူ့ကို ဒူးထောက်ခိုင်းလိုက်ပြီး ရယ်မော၍

“မင်းအဆုံးသတ်တောင် မင်း မဆုံးဖြတ်နိုင်တာကို”

“မင်း မလွတ်ပါဘူးကွာ။ ပိုင်ရှန်က တစ်နေ့နေ့ လက်စားချေလိမ့်မယ်”

သူ ဒေါသတကြီး အော်ဟစ်လေ၏။

“ပိုင်ရှန်အုပ်စုကလည်း အဲ့လို မလုပ်နိုင်လောက်တော့ဘူး ထင်တယ်နော်”

လင်းချွမ် ဆက်၍ စနေသည်။

“စောင့်ကြည့်လိုက်စမ်းပါ”

“ခုနလေးတင် အရမ်းမတုံးဘူး ပြောမိတာ။ အခုတော့ ဒါလေးတောင် မသိဘူးပဲ။ သူဌေးကျောက်နဲ့ မပြောထားဘူးလား”

ကျားကြီး ရုတ်တရက် ပြန်တွေးမိသွားသည်။

သူ အမှန်ပင် သူဌေးကျောက်ကို တိုက်ရိုက်မေးခဲ့ပြီး အတည်ပြုပေးခဲ့ပါသည်။

ထို့ကြောင့် လင်းချွမ် လာစောင့်နေမည်ဟု မည်သို့ ထင်မည်နည်း။

“သူဌေးကျောက်က ခင်ဗျားသူလျှိုလား”

ယောကျဲမှ ဝင်ပြော၏။

လင်းချွမ် ရယ်လျက်

“အဲ့လိုလည်း တွေးနိုင်တာပေါ့”

“လင်းချွမ် သူတို့ကို လေကုန်ခံပြီး ပြောမနေနဲ့။ အချိန်ကျပြီ။ ရဲစခန်း အရင်ခေါ်သွားမယ်”

ရှန်ချန်းချန်း သူ့အနားရောက်လာပြီး သတိပေး၏။

“ကောင်းပါပြီ”

လင်းချွမ် ခေါင်းငြိမ့်ပြပြီးနောက် ကျားကြီးအား ခေါ်ထုတ်သွား၏။

လင်းချွမ်မှာ ပြုံးလျက်

“ကျွန်တော့်ကို အဲ့လို လာမကြည့်နဲ့။ သူဌေးကျောက်လည်း ရဲစခန်း ရောက်လာရမှာပဲ။ ဒီတစ်ခါတော့ ကောင်းကောင်း အရှုံးပေးမယ် ထင်တာပဲ။ မဟုတ်ရင် အပစ်ခံရမှာဆိုတော့ မင်းတို့ ဆရာတပည့်တွေ ပြန်ဆုံတော့မှာ မဟုတ်ဘူး”

ကျားကြီး ပြန်မပက်နိုင်မီ အခြားရဲဝန်ထမ်းများမှ ကားထဲ အတင်းထိုးထည့်သောကြောင့် ပါသွားတော့၏။

“လင်းချွမ်ကတော့ တကယ်ပါပဲ”

အခြားကားထဲတွင် လင်းချွမ်မှာ ဘေးခုံတွင် ထိုင်နေပြီး ရှန်ချန်းချန်းသည် ယာဉ်မောင်းနေရာ၌ ဝင်ထိုင်၏။

လင်းချွမ် ပြုံးလျက်

“ဒါ တိုက်ကွက်ပဲလေ။ ဒီလောက်မှမရှိဘဲ ဘယ်လိုလုပ် ထောင်ချောက်ထဲ ဝင်လာကြမလဲ”

“အင်တာပိုကရော လုပ်ငန်း စနေပြီလား”

ရှန်ချန်းချန်း ထပ်မေးလိုက်သည်။

အန်လင်းထဲမှ ပိုင်ရှန်နှင့် ပတ်သက်သည်များကို ရှင်းလင်းရသည်မှာ အချိန်သိပ်မကြာလောက်ပေ။

အဓိက ရုံးချုပ်ကို သူ စိတ်ပူမိ၏။

လင်းချွမ် အချိန်ကိုကြည့်ကာ ပြုံးလျက်

“သူတို့လည်း စနေပါပြီ”

“ရှင်က ဘာလို့ အဲ့လောက် စိတ်အေးနေတာလဲ။ အခု လုပ်ငန်းစဉ်ရဲ့ ခေါင်းဆောင်နော်”

လင်းချွမ် နားမလည်နိုင်စွာကြည့်၍

“ကျွန်တော်သာ အစတည်းက မပါခဲ့ရင် ဒီည ကောင်းကောင်း အိပ်နေရလောက်ပြီပေါ့”

လင်းချွမ် ရယ်မောကာ ပြောလေသည်။

“ရှင်ကတော့ တကယ်ကို လွယ်နေတော့တာပဲ”

ရှန်ချန်းချန်း မှတ်ချက်ပြုမိ၏။

လင်းချွမ် ပြုံး၍ ပြန်မဖြေပေ။

တီ တီ တီ…

ရုတ်တရက် ရှန်ချန်းချန်းထံသို့ ဖုန်းဝင်လာ၏။

သူ နားကြပ်တပ်၍ နားထောင်ပြီး ခေါင်းတငြိမ့်ငြိမ့်သာ တွေ့ရသည်။

“ဘာတဲ့လဲ”

ဖုန်းချလိုက်ပြီးနောက် လင်းချွမ်မှ လှမ်းမေး၏။

“ရှင်တော့ ဒီည တကယ် မအိပ်ရလောက်တော့ဘူး။ လူတစ်ယောက် ရှင့်ကို ရှာနေတယ်”

ရှန်ချန်းချန်း ပြုံးကာ ပြောလိုက်လေသည်။

All Chapters