တိုက်ဆိုင်မှုလား
Vol. 36 Ch. 531
“ရှိတယ် ရှိတယ်”
ရှန်ချန်းချန်း သတိပြန်ဝင်လာပြီး ဖြေလိုက်၏။
“ခုနက ပြောလိုက်တာရော ကြားရဲ့လား”
“ကြားပါတယ်။ အခုပဲ အဖွဲ့မှူးဟူကို ပြောလိုက်မယ်”
ရှန်ချန်းချန်း ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
ရှန်ချန်းချန်း ဖုန်းချရန် ပြင်လိုက်စဉ် ရှချင်းချင်းက
“လင်းချွမ် ရှင် ဒီည အလုပ်ရှိလား”
“ဟင် ဘာလို့လဲ ချင်းချင်း”
“ဘာမှတော့ မဟုတ်ပါဘူး။ နည်းနည်း အထီးကျန်လို့”
ရှချင်းချင်းမှ ရှန်ချန်းချန်းကို လှမ်းကြည့်ကာ ပြုံးနေ၏။
“အဲ့တော့”
လင်းချွမ် နားမလည်နိုင်ပေ။
“ညလယ်စာလေးများ လိုက်မကျွေးချင်ဘူးလားလို့”
ရှချင်းချင်း လျှာလေးထုတ်ကာ ပြောင်ပြ၏။
လင်းချွမ် အချိန်လှမ်းကြည့်၍ ခဏစဉ်းစားပြီးနောက်
“ကိစ္စမရှိပါဘူး။ နေရာရွေးလိုက်လေ”
“ဟုတ်ပြီ။ အခု လာခေါ်လိုက်မယ်။ ဖုန်းချပြီနော်”
ရှချင်းချင်း ပြုံး၍ ဖုန်းချလိုက်လေ၏။
“အယ် နင်…”
ရှန်ချန်းချန်း ပါးစပ်အဟောင်းသားလေး ဖြစ်နေသည်။
“ဘာလို့လဲ”
ရှချင်းချင်း ပြုံးလျက်
“နင်က အဖွဲ့မှူးဟူကို တင်ပြမလို့ဆို”
ရှန်ချန်းချန်း နှုတ်ခမ်းလေးစူကာ ချက်ချင်း ဟူတာချန်းကို ဖုန်းခေါ်ကာ လင်းချွမ်အကြောင်း ပြောပြလိုက်သည်။
လင်းချွမ်မှာ ယခုအချိန်တွင် အန်လင်းရဲစခန်း၏ ရတနာ ဖြစ်နေလေပြီ။
လင်းချွမ် တစ်ခုခု လှုပ်ရှားလိုက်တိုင်း အန်လင်း ရဲစခန်း၏ စွမ်းဆောင်ရည် တိုးတက်ကာ ဆုများစွာပါ ရရှိလေသည်။
ယခုတစ်ခေါက် မြေအောက်လောင်းကစားဝိုင်း ကိစ္စမှာ သူ့အတွက် မခက်ခဲလှပေ။
ဟူတာချန်း ခွင့်ပြုကြောင်း ပြောပြီးနောက် ဖုန်းချလိုက်၏။
ရှန်ချန်းချန်း ရှချင်းချင်းကို လှမ်းကြည့်ချိန်တွင် အဝတ်အစားများပင် လဲပြီးနေလေပြီ။
အနက်ရောင်လည်ပိတ် သိုးမွေးအင်္ကျီအကြပ်နှင့် ဂျင်းဘောင်းဘီတို့ကို ဝတ်ဆင်ထားပြီး အပေါ်မှ အဖြူရောင် အနွေးထည်အရှည်ကို ထပ်ဝတ်ထားသောကြောင့် ဖြူဝင်းသော အသားအရည်မှာ ပိုတောက်ပနေ၏။
ရှန်ချန်းချန်း ရှုံ့မဲ့လျက်
“ချင်းချင်း ညလယ်စာသွားစားမှာကို အဲ့လောက် အလှပြင်စရာ လိုလို့လား”
“အဲ့တော့ နင်က မလိုက်ဘူးလား”
ထိုအခါမှ ရှန်ချန်းချန်း သူ့အခန်းထဲ ပြေးဝင်သွားပြီး အဝတ်အစား လဲလေ၏။
မနက်ဖြန်အလုပ်မှာ (၉) နာရီဝန်းကျင်မှ စမည်ဖြစ်ပြီး သတင်းလွှင့်၍သာ ဖြစ်၍ အရေးတကြီး ပြင်ဆင်စရာ မရှိပေ။
ညလယ်စာထွက်စားရန် အချိန်ကောင်းကောင်း ရပါသည်။
ထို့နောက် ရှန်ချန်းချန်းလည်း ဝတ်စားပြီးသောအခါ
“သွားကြမယ်။ ဗိုက်တော်တော် ဆာနေပြီ”
“ငါကရော မဆာလို့လား”
ဤသို့ဖြင့် အမျိုးသမီးလေး (၂) ဦး လင်းချွမ်ကို ခေါ်ရန် လင်းကျန်အဆောက်အဦသို့ ထွက်လာကြသည်။
…
ထိုအချိန်တွင်။
မြေအောက် လောင်းကစားဝိုင်း၌။
လင်းချွမ်တို့နှင့် ဆန့်ကျင်စွာ ကျားကြီး၊ ရှောင်ယန်နှင့် ယောကျဲတို့ အနေအထားမှာ တင်းမာလျက် ရှိ၏။
ကျားကြီးသည် ဆေးလိပ်ကို ပြင်းပြင်းရှိုက်လျက် ရှိသည်။
ဘေး၌ ယောကျဲနှင့် ရှောင်ယန်တို့ ရပ်နေကြ၏။
“ဟူး…”
ကျားကြီး ဆေးလိပ်တစ်ဖွာရှိုက်ကာ
“နှလုံးသားစကားကုမ္ပဏီက ဘယ်လို အခြေအနေရှိလဲ”
ယောကျဲ ချောင်းဟန့်လျက် ချက်ချင်း ပြန်ဖြေသည်။
“အားလုံး စီစဉ်ပြီးပါပြီ”
ကျားကြီး ခေါင်းငြိမ့်ပြ၍ ရှောင်ယန်ဘက် လှည့်ကာ
“လူအင်အားကရော”
လင်းချွမ်ကို ရင်ဆိုင်ရန် လူအင်အား အလုံးအရင်းနှင့် လိုအပ်ကြောင်း သူ ကောင်းကောင်း သိပါသည်။
ရှောင်ယန်မှ ယုံကြည်ချက်အပြည့်ဖြင့်
“အဲ့တာတွေလည်း ပြင်ဆင်ထားပါပြီ။ အားလုံး လက်နက်ပေးထားပြီး အသံတိတ်စနစ်ပါတာက သေနတ် (၃) လက် ရှိပါတယ်။ သူ ဝင်လာပြီးတာနဲ့ အပြန်လမ်း မရှိစေရပါဘူး”
“ကောင်းတယ်”
ကျားကြီး ပြုံး၍ ခေါင်းငြိမ့်မိ၏။
ရှောင်ယန်မှ ဆက်၍
“ရွေးထားတဲ့သူတွေကလည်း အကုန် မကောင်းဆိုးဝါးလို ကြမ်းတဲ့သူတွေချည်းပဲ။ ယုံကြည်ထားလိုက်ပါ သူဌေး”
“ဟုတ်ပြီ။ အရမ်းကောင်းတယ်”
ကျားကြီး ကျေနပ်စွာဖြင့် ဆေးလိပ်ပြာကို ပြာခွက်ထဲ အသာချွေလိုက်၏။
ထို့နောက် ခဏစဉ်းစားကာ
“ထွက်ပြေးဖို့ လမ်းကြောင်းကရော”
ရှောင်ယန် ခေါင်းငြိမ့်၍
“သူဌေး စိတ်သာချထားပါ။ ကျွန်တော် အားလုံး စီစဉ်ထားပါတယ်။ ယာဉ်အကောင်းစားတွေနဲ့ ကားသမားတွေလည်း ရှိတယ်။ လမ်းကြောင်းက နယ်စပ်ကို ဆွဲထားတာမို့လို့ ဘာမှ လွဲချော်စရာ မရှိတာ အာမခံပါတယ်။ အဲ့ရဲတွေ ကျွန်တော်တို့ သွားတာတောင် သိလိုက်မှာ မဟုတ်ဘူး”
ကျားကြီး အားရပါးရ ရယ်မော၍
“မနက်ဖြန် နေ့လယ် (၃) နာရီအထိပဲ စောင့်ကြတာပေါ့”
“အဲ့အခါကျရင် သူဌေးလည်း ထိပ်ဆုံး ရောက်ပြီ”
လင်းချွမ်ကိုသာ ဖမ်းနိုင်လျှင် ကျားကြီးလည်း ပိုင်ရှန်ထဲဝင်ရန် ပြဿနာမရှိတော့ပေ။
ထို့နောက် သူ ဆေးလိပ်ကို ချလိုက်ပြီး ရှောင်ယန်နှင့် ယောကျဲအား လက်ညှိုးထိုး၍
“မင်းတို့က ငါရဲ့ လက်ရုံးတွေပဲ။ သေချာလုပ်နော်။ ငါ့နောက်သေချာလိုက်ရင် ချမ်းသာအောင်မြင်ဖို့ အာမခံတယ်”
“ကျေးဇူးတင်ပါတယ် သူဌေး”
ရှောင်ယန်နှင့် ယောကျဲတို့ အချင်းချင်းကြည့်ကာ စိတ်လှုပ်ရှားသွားကြသည်။
ဆွေးမြေ့စရာ အနေအထားသည်လည်း အသက်ဝင်လာ၏။
အားလုံး အစီအစဉ်အတိုင်း အောင်မြင်မည်ဟု ယုံကြည်နေကြသည်။
သူတို့၏ ချမ်းသာမှုမှာ လင်းချွမ်အပေါ် မူတည်နေသည်။
သို့ရာတွင် ထိုပျော်ရွှင်မှုမှာ (၁၀) မိနစ်မျှသာ ကြာရှည်လိုက်၏။
အဘယ်ကြောင့်ဆိုသော် မထင်ထားသောကိစ္စတစ်ခု ပေါ်လာလေသည်။
ရှောင်ယန်နှင့် ယောကျဲတို့ အလန့်တကြားဖြင့် ရုံးခန်းထဲ ပြေးလာကြသည်။
“ဘာဖြစ်တလဲ”
ကျားကြီးမှ သူဌေးပေါင်၏ဓာတ်ပုံကို ကြည့်၍ မျက်မှောင်ကြုတ်သွား၏။
ရှောင်ယန် အသက်ကို လုရှူရင်း
“ပြဿနာတက်ပါပြီ သူဌေး။ ရဲတွေ ရောက်လာတော့မယ်”
“ဟင်”
ကျားကြီး မျက်နှာထားတင်းသွားကာ မျက်လုံးပြူးသွား၏။
ယောကျဲမှ ဝင်၍
“အခုပဲ သတင်းရတာ။ အန်လင်းရဲစခန်းက ကျွန်တော်တို့ မြေအောက်ကာစီနိုနေရာကို သိသွားပြီတဲ့။ မနက်ဖြန်မနက် ဒါမှမဟုတ် ဒီသန်းခေါင် နောက်ဆုံးထားပြီး ဝင်စီးမယ်တဲ့”
ကျားကြီး ဓာတ်ပုံကို ဘေးချ၍
“အဲ့သတင်းကို ဘယ်ကရတာလဲ”
“သူလျှိုတစ်ယောက်ဆီကပါ”
ရှောင်ယန် ပြန်ဖြေလိုက်သည်။
ရုံးခန်းထဲ၌ အနေအထားမှာ ချက်ချင်း အေးစက်၍ ကြက်သီးထစရာ ကောင်းလာ၏။
“အဲ့သတင်းပေးက ယုံရရဲ့လား”
ကျားကြီးမှ ထပ်မေးသည်။
ရှောင်ယန် ခေါင်းငြိမ့်ပြကာ
“လုံးဝ ယုံရပါတယ်”
ကျားကြီး ဒေါသတကြီးဖြင့် စားပွဲကို ထုလိုက်လေသည်။
ရုတ်တရက် အရှုပ်အထွေးကြောင့် သူတို့ အစီအစဉ်အားလုံး ပျက်စီးရတော့မည်။
လင်းချွမ်ကိုဖမ်းမည့်ကိစ္စလည်း မြောင်းထဲရောက်သွား၏။
“သူဌေး ဘာဆက်လုပ်ကြမလဲဟင်”
ယောကျဲ မျက်နှာငယ်ဖြင့် မေးလိုက်သည်။
“ပြေးတာပေါ့”
ကျားကြီး အံကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
သူတို့သည် ကျွမ်းကျင်အဖွဲ့ဖြစ်သောကြောင့် ရှောင်ရှားရေးကို နာရီဝက်ဝန်းကျင်အတွက် ဆောင်ရွက်နိုင်လေ၏။
သို့သော် နောက်ထပ်လျှို့ဝှက်နေရာကို ရှာရသည်မှာတော့ သိပ်မလွယ်လှပေ။
အန်လင်းရဲစခန်းမှ မပြတ်တမ်း စောင့်ကြည့်နေပြီ ဖြစ်သည်။
“ဘာတွေ ဖြစ်ကုန်တာလဲကွာ”
ယာယီရွှေ့ပြောင်းထားသည့် နေရာတွင် ကျားကြီး စိတ်တိုကာ ရေရွတ်မိသည်။
ရှောင်ယန် ဇက်ကလေးပုလျက် တုန်ရီစွာဖြင့်
“ကာစီနိုထဲကို အရပ်ဝတ် ရဲတစ်ယောက် ဝင်လာတာ တွေ့တယ်လို့ ကောင်လေးတစ်ယောက် လှမ်းပြောပါတယ်”
“သူက ဝက်လား။ ဒါလေးတောင် မသိဘူးလား”
ကျားကြီး ထဟောက်၏။
“အဲ့တာက လင်းချွမ်နဲ့များ ပတ်သက်နေလား”
ကျားကြီး ဆက်မေးလေသည်။
ရုတ်တရက် အခြေအနေဖြစ်သော်လည်း တိုက်ဆိုင်လွန်း၏။
“မဖြစ်နိုင်ပါဘူး”
ရှောင်ယန် ခဏစဉ်းစားပြီးနောက်
“ကျွန်တော့်လူတွေ ပြောတာတော့ သူ အခု ရဲမေ (၂) ယောက်နဲ့ အကင်စားနေကြတယ်တဲ့”