← Chapters

လိုချင်တာ ပြောပါ

Vol. 36 Ch. 534

လိုချင်တာ ပြောပါ

Vol. 36 Ch. 534

သူဌေးကျောက်မှာ ပိုင်ရှန်အုပ်စုထဲ၌ အရေးကြီးရာထူးကို ယူထားရပြီး အရည်အချင်းထူးများနှင့်အတူ အဆက်အသွယ်ကောင်းများလည်း ရှိ၏။

နေ့တစ်ဝက် ကုန်ဆုံးကာ AW မှ ဟက်ကာများစွာ ရောက်ရှိလာကြသည်။

နောက် (၂) ရက် ဖြတ်သန်းပြီးသောအခါ။

သူဌေးကျောက်တစ်ယောက် ဟက်ကာအဖွဲ့အသစ် ဖွဲ့စည်းရေးကို အောင်မြင်စေရန် ဆောင်ရွက်နေသည်။

ထိုအုပ်စုမှာ ပိုင်ရှန်မှ ကျွမ်းကျင်သူများကိုယ်တိုင် ရွေးချယ်၍ ပြဿနာမရှိသည် သေချာမှ ရှဉ့်ထံ ပို့လိုက်ပြီး ရှဉ့်မှ ဦးဆောင်ရလေ၏။

သူ ထိုဟက်ကာအသစ်များကိုကြည့်ကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။

လက်တွေ့တွင် မည်သူက လင်းယုန်၏လူမှန်း သူ မသိနိုင်ပေ။

ထိုထဲမှ အချို့သည် လင်းယုန်နှင့် အဆက်အသွယ်ရှိမှန်း ကြားထားသော်လည်း သူ့လူတော့ မဟုတ်ပေ။

AW ဟက်ကာများကို မည်သို့ စည်းရုံးနိုင်မည်နည်း။ တကယ်သာဆိုလျှင်လည်း လင်းယုန်၏ နည်းလမ်းမှာ အလွန် အင်အားကြီးလွန်းသည်မလား။

သူ ထိုအချက်အထိ တွေးနေရန် အချိန်မရှိပေ။

သူဌေးကျောက်မှ တာဝန်ချထားလေပြီ။

ပထမဆုံးအနေဖြင့် လင်းချွမ်၏ ၇၂၀ ကုမ္ပဏီထဲ ဝင်ရန် ဖြစ်သည်။

ထိုအချိန်တွင် သူဌေးကျောက်မှာ အလွန် စိတ်အား တက်ကြွလျက် AW မှ ဟက်ကာများ သူ့အဖွဲ့ထဲ ဝင်လာသည်ကို ကြည့်ရှုလေသည်။ အထူးသဖြင့် အရည်အချင်းရှိလှသော ရှဉ့်မှ ဦးဆောင်နေ၍ ဖြစ်၏။

လင်းချွမ်နောက် လိုက်ရသည်မှာ အလဟဿ မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ထိုညနေ၌ အားလုံး တက်ကြွ၍ ညတွင်းချင်း ၇၂၀ အား တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။

ယခု ဟက်ကာအဖွဲ့အသစ်မှာ အလွန်အင်အားကောင်းလေသည်။

ထင်ထားသည့်အတိုင်းပင် အချိန်ပင် သိပ်မကြာလိုက်ဘဲ ၇၂၀ ကုမ္ပဏီ၏ အကာအကွယ်ထဲ ဝင်ရောက်ကာ အဓိကဆာဗာကို ဖျက်ဆီး၍ ၇၂၀ ကုမ္ပဏီနှင့် သူနှင့် ပူးပေါင်းထားသော လုပ်ငန်းများ၏ အချက်အလက်များကို ရရှိသွားတော့၏။

“ဟားဟားဟား အရမ်းတော်တယ်ကွာ”

သူဌေးကျောက်မှာ သူ့ဟက်ကာအဖွဲ့ကို ကြည့်၍ ကျေနပ်ကာ ပို၍ စိတ်တက်ကြွလာသည်။

ထိုအဖွဲ့ဖြင့်ဆိုလျှင် လင်းချွမ်ကို နိုင်ရုံတင်မကဘဲ နောက်ပိုင်းတွင် အရှေ့တောင်အာရှ၏ မြေအောက်လောကကိုပါ စိုးမိုးနိုင်ကာ ရဲများ၏ လှုပ်ရှားမှုကိုလည်း စောင့်ကြည့်နိုင်ပေမည်။

သူ တဖြည်းဖြည်း လုံခြုံလာသည်ဟု ခံစားရ၏။

လင်းချွမ်ထံမှ လက်နက်ထုတ်လုပ်ရေး အချက်အလက်များပါ ရရှိပါက သူ့အနာဂတ်သည် မတွေးရဲစရာပင်။

အချိန်ဆွဲနေလို့ မဖြစ်ဘူး။

ထိုည၌ပင် သူဌေးကျောက် ချက်ချင်း အန်လင်းရဲစခန်း၏ ကွန်ယက်ကိုပါ တိုက်ခိုက်ရန် ညွှန်ကြား၏။

အန်လင်းရဲစခန်းမှာ လင်းချွမ်၏ နောက်ခံဖြစ်ပြီး သူတို့၏ ကွန်ယက်ကို ဖော်ထုတ်နိုင်ပါက အင်အား အတော်လေး လျော့နည်းသွားမည်အား ကောင်းစွာ နားလည်ပါသည်။

ထို့နောက် ကျားကြီးကိုလည်း လင်းချွမ်အား ဖမ်းရန် အမိန့်ပေးလိုက်၏။

လင်းချွမ်ဘက်မှ လုံးဝ အခြေအနေ မပြောင်းလဲနိုင်တော့ပေ။

ထိုညတွင် ရှဉ့်အပါအဝင် ဟက်ကာအားလုံးတို့မှာ ရုံးခန်းထဲတွင် ထိုင်၍ ကိုယ်စီ ကွန်ပျူတာများကို ကြည့်နေကြသည်။ အမူအရာများမှာလည်း လေးနက်နေကြလေ၏။

ယခုတိုက်ပွဲမှာ သူဌေးကျောက်အတွက်လည်း စိတ်ဝင်စားစရာ ဖြစ်သည်။

ရှဉ့်ကိုယ်တိုင်လည်း တက်ကြွနေ၏။

ပြီးပြည့်စုံသော ညွှန်ကြားချက်များဖြင့် ဟက်ကာများအား ဦးဆောင်ကာ အန်လင်းရဲစခန်း၏ ကွန်ယက်ထဲ ဝင်ရောက်ရန် အသင့်ဖြင်နေလေသည်။

သူဌေးကျောက်မှာ ကြည့်ရင်း ကြည့်ရင်း ပိုကျေနပ်လာ၏။

တိုက်ပွဲသည် (၃) နာရီနီးပါး ကြာမြင့်ပြီး ည (၁၁) နာရီဝန်းကျင် လူခြေတိတ်ချိန်မှ ပြီးဆုံးသွားသည်။

ရလဒ်မှာတော့ ရှင်းရှင်းလင်းလင်းပင်။

သူတို့ နိုင်သွားပါသည်။

အောင်မြင်မှုမှာ အပြတ်အသတ်ဖြစ်၏။

ရဲစခန်းကွန်ယက်ထဲ ထိုးဖောက်၍ အန်လင်းရဲစခန်း၏ ဆာဗာများ ပြိုလဲသည်အထိ ဖျက်ဆီးခဲ့ကြသည်။ ရဲစခန်းမှ အရေးကြီး အချက်အလက်များ မရလိုက်သည့်အချက်သာ နှမျောစရာရှိ၏။

“သူတို့ရဲ့ အရေးကြီးအချက်အလက်တွေကတော့ သေချာ စီစဉ်ပြီး ကာကွယ်ထားတာပဲ”

ရှဉ့်မှ နောင်တရသလို ပြောသည်။

“ကိစ္စမရှိပါဘူး။ မင်းစွမ်းရည်က တကယ် လေးစားစရာပါ”

သူဌေးကျောက် ပျော်ရွှင်စွာဖြင့် ရှဉ့်၏ပုခုံးကို ပုတ်ကာ အားပေးလိုက်သည်။

“မင်းကို ငါ့ဆီခေါ်လာမိတာ အမှန်ကန်ဆုံး ရွေးချယ်မှုပဲ”

“သူဌေးကျောက်က မြှောက်လွန်းနေပါပြီ။ သူဌေးဆီမှာ အလုပ်လုပ်ခွင့် ရတာပဲ ဂုဏ်ယူပါတယ်”

ရှဉ့်မှ ချီးကျူးမှုကို ချက်ချင်း အခွင့်အရေးအဖြစ် အသုံးချလေသည်။

“မင်းက ငါတွေ့ဖူးတဲ့ဟက်ကာတွေနဲ့ မတူဘူးကွ”

သူဌေးကျောက် ပြုံး၍ ပြော၏။

ရှဉ့်သည် နားမလည်နိုင်ပုံဖြင့် ကြည့်နေသည်။

ထိုအခါမှ သူဌေးကျောက် ရယ်မောလျက်

“ဟားဟား မင်းရဲ့အရည်အချင်းက မြင့်ရုံတင်မကဘူး။ ဘယ်လို နေထိုင်ပြုမူရမလဲပါ သိနေလို့လေ။ ငါတွေ့ဖူးတဲ့ ဟက်ကာတွေကတော့ တော်တော်များများ ဘဝင်မြင့်ကြတာပဲ”

ရှဉ့်မှ

“သူဌေးကျောက်ရှေ့မှာ ဘယ်လိုလုပ် ဘဝင်မြင့်ရဲပါ့မလဲဗျာ”

သူ့ချီးမွမ်းစကားများကြောင့် သူဌေးကျောက် အလွန် ကျေနပ်သဘောကျနေတော့၏။

ရှဉ့်၏ စကားအဓိပ္ပာယ်မှာ အခြားသူများနှင့် ဘဝင်မြင့်လျှင် မြင့်မည်ဖြစ်သော်လည်း သူဌေးကျောက်ရှေ့၌ ကိုယ့်နေရာကိုယ်သိသည့် သဘော ဖြစ်သည်။

“မင်း တိုက်ပွဲ (၂) ခုတောင် ဆက်တိုက် နိုင်သွားတာပဲ”

သူဌေးကျောက် ကျေကျေနပ်နပ် ရယ်မောကာ

“မင်း လိုချင်တာ စိတ်ကြိုက်ပြော။ ပိုက်ဆံလား။ မိန်းမလား”

ရှဉ့်မျက်နှာမှာ ဝင်းလက်သွား၏။

ထိုကဲ့သို့ ချီးကျူးစကားများနောက်တွင် ဆုလာဘ်တစ်ခု လာမည်မှာ ပုံမှန်ပင်။

သို့သော် ရှဉ့်သည် တည်ကြည်သော အကြည့်များဖြင့်

“ပိုက်ဆံနဲ့ မိန်းမတွေဆိုတာ ကျွန်တော့်ကို ခဏပဲ ပျော်ရွှင်မှု ပေးနိုင်မှာပါ။ ကျွန်တော် တွေးနေတာက ပိုကြီးတဲ့ ဟက်ကာလောကကြီးကို ဖန်တီးချင်ပါတယ်”

သူဌေးကျောက် အံ့ဩကာ သူ့ကို သေချာကြည့်နေသည်။

မြေခွေးအိုပီသစွာဖြင့် သူ့အကြည့်များမှာ စူးရှလှသည်။

သို့သော် ကျွမ်းကျင်အဆင့် သူလျှိုအဖြစ် လေ့ကျင့်ခဲ့ပြီး လင်းချွမ်၏ ညွှန်ကြားမှုများကြောင့် ရှဉ့်ကိုလည်း အထင်မသေးနိုင်ပေ။ အထူးသဖြင့် ယခုလို အခြေအနေမျိုး၌ သူ့အမူအရာမှာ တည်ငြိမ်လွန်းလှ၏။

“ကောင်းပြီလေ။ ဒီအခွင့်အရေးမှာ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်။ ပိုင်ရှန်က ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတွေကို မင်းအကြောင်း ထောက်ခံပေးမယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ ကွန်ယက် တည်ဆောက်ရေးမှာ ခန့်ဖို့ပေါ့”

ရှဉ့်၏မျက်ဝန်းထဲ၌ ကြီးမားသော ရည်မှန်းချက်ကို သူဌေးကျောက် တွေ့နေရသည်။

ထိုပုံစံမျိုး တွေ့ရသည်ကို သူက ပိုပျော်နေမိ၏။

ရှဉ့်တစ်ယောက် ရည်မှန်းချက်ရှိတာ ကောင်းပါသည်။

သူဌေးကျောက် ရှဉ့်ကို နေရာပေးခြင်ရအတွက် ယုံကြည်ချက်ရှိ၏။ ပိုင်ရှန်အုပ်စုတွင် သူ့လွှမ်းမိုးမှုမှာလည်း သာမာန် မဟုတ်ပေ။

ယခုလို ရှဉ့်၏ အရည်အချင်းဖြင့် လုပ်ငန်းများ ပိုမို အောင်မြင်လာသောကြောင့် သူ့အတွက်လည်း ကောင်းသည်။

ရှဉ့်မှာ သူ့စကားကြားသည်နှင့် ပြုံးရွှင်သွားပြီး သူဌေးကျောက်နှင့် အကြည့်ချင်းဆုံလျက်

“သူဌေးကျောက် မျှော်လင့်ထားတာတွေအတွက် စိတ်မပျက်စေရပါဘူး”

All Chapters