မင်းက ဘယ်မှာတော်လဲ
Vol. 36 Ch. 528
သူတို့အတွက် ကံကောင်းသည် ထင်ရသော်လည်း ရန်သူမှာ အမြဲ ခြေတစ်လှမ်း သာနေ၏။
ကျားကြီးမှ လင်းချွမ်၏ စုံစမ်းမှုများကို ခုခံကာကွယ်ရန် ထိပ်တန်းဟက်ကာတစ်ယောက် ခန့်ထားကြောင်း သူဌေးကျောက်အား တင်ပြထားသည်။
သို့သော် သူ မသိသည်မှာတော့ ထိုညတွင် လင်းချွမ် စာတစ်စောင် ရထားလေ၏။
ရှဉ့်: “လင်းယုန် ကျွန်တော့်ကို သူဌေးကျောက်က အကောင့်တစ်ခု တည်ဆောက်ခိုင်းလို့ အကူအညီ လိုလို့ပါ။ နောက်ပြီး လင်းယုန်လည်း သေချာ ထပ်စစ်ဆေးကြည့်ထားပါဦး”
အချိန်မှာ ညဦးပိုင်းပင် ရှိသေး၏။
လင်းချွမ် ကွန်ပျူတာရှေ့တွင် ထိုင်လျက် ကျန်း ဖျော်ပေးသော မုန့်ကျန်းလက်ဖက်ရည်ကို မွှေသောက်ကာ နှလုံးသားစကားကုမ္ပဏီထဲ ဝင်ရောက်နိုင်မည့် အခွင့်အရေးအား ရှာဖွေနေသည်။
ထိုအချိန်တွင် ရှဉ့်ထံမှ စာရောက်လာခြင်း ဖြစ်၏။
ရှဉ့်မှာ ထိပ်တန်းဟက်ကာ မဟုတ်သော်လည်း သူ့အရည်အချင်းမှာ လင်းချွမ်၏ အကူအညီ ပေးမှုဖြင့် အတော်လေး ထူးချွန်နေပြီး နှစ်ယောက်သား ဆက်သွယ်မှုမှာလည်း အချိန်နှင့် ဖျက်ဆီးလိုက်သောကြောင့် လူတွေ့မည်ကို မစိုးရိမ်ရပေ။
လင်းချွမ် မျက်မှောင်ကြုတ်လျက် ထိုအကောင့်ကို ကြည့်နေမိ၏။ သူ ခဏစဉ်းစားပြီးနောက် စာပြန်လိုက်သည်။
“အခု စလှုပ်ရှားတော့မလား”
“ဟုတ်ကဲ့”
ရှဉ့်မှာ ဆုံးဖြတ်ချက် ပြတ်သားလှသည်။
လင်းချွမ် လျင်မြန်စွာဖြင့်
“ကောင်းပါပြီ။ အခုပဲ လုပ်ငန်းစဉ်ကို ပို့ပေးလိုက်မယ်။ အဲ့တာကို ကြည့်လိုက်။ ကျွန်တော်ကိုယ်တိုင် မဖျက်မချင်း ဘယ်သူမှ ဖျက်ဆီးလို့ မရဘူး”
လင်းချွမ် ထိုအချက်ကိုတော့ ယုံကြည်ချက် ရှိပါသည်။
AW တစ်ခုလုံးကို ဖျက်ဆီးခဲ့သည့် သမိုင်းဝင် ဟက်ကာတစ်ဦးအနေဖြင့် ဤမျှလောက် စွမ်းအင်လည်း ကောင်းကောင်းရှိ၏။
ထိုစာကို တွေ့ပြီးနောက် ရှဉ့်မှ
“လင်းယုန် ကျွန်တော် ကြားထားတာတော့ သူဌေးကျောက်က ဟက်ကာနတ်ဘုရားဆိုတဲ့ လင်းချွမ်နဲ့ ပေါင်းချင်နေတယ်တဲ့။ ဒီအကာအကွယ် အကောင့်ကလည်း ကြည့်ရတာ သူ့ကို မြှူဆွယ်ဖို့ ထင်တယ်။ ခင်ဗျားရဲ့ လုပ်ငန်းစဉ်က သူ့ကိုရော ထိန်းနိုင်လား”
လင်းချွမ် ပြုံးလျက်
“ရတာပေါ့။ လွယ်လွယ်လေးပါ”
ကိုယ့်ကိုယ်ကိုယ် ထိန်းရမှာလေ။ ဘာပြဿနာမှ မရှိပါဘူး။ နည်းလမ်းတွေမှ အများကြီးပဲ။
ထို့နောက် နှစ်ယောက်သား စကားပြောပြတ်သွားကြသည်။
လင်းချွမ်လည်း သက်ဆိုင်ရာနမူနာများနှင့် ပရိုဂရမ်များ ပေးပို့ကာ ပိုင်ရှန်အုပ်စုထဲ၌ သူ့နေရာ ပိုတည်မြဲရန်နှင့် ပိုတိုးတက်စေရန် ကူညီပေးလေ၏။
ပိုင်ရှန်အုပ်စု။
ကွန်ပျူတာခန်းအကျယ်တွင် အဆင့်မြင့် ကွန်ပျူတာများစွာ စီစဉ်ချထားပြီး နံရံပတ်လည်၌ ကောင်းကင်ပြာရောင်မီးများ တပ်ဆင်ထားသောကြောင် အာကာသထဲ ရောက်နေသကဲ့သို့ ခံစားချက်မျိုး ရရှိလေသည်။
ရှဉ့်မှာ ထောင့်နားရှိ ကွန်ပျူတာခုံတွင် ထိုင်နေပြီး မျက်နှာပြင်ပေါ်မှ ကုဒ်များအား မျက်လုံး မီးတောက်မတတ် စိုက်ကြည့်ရင်း ပရိုဂရမ်များစရန် ပြင်ဆင်နေသည်။
သူ့ဘေး၌ သူဌေးကျောက် ရပ်နေလေ၏။
အနောက်တိုင်းဝတ်စုံကို စတိုင်လ်ကျကျ ဝတ်ဆင်ထားသော်လည်း ဗိုက်ပူပူ၊ နဖူးပြောင်ပြောင်တို့မှာ မီးရောင်ကြောင့် ပိုဝင်းလက်နေပြီး သက်လတ်ပိုင်း ဦးလေးကြီးတစ်ဦး အသွင် ခံစားရသည်။
သူ ရှဉ့်၏ လုပ်ငန်းဆောင်ရွက်ပုံကို လိုက်ကြည့်နေသည်။
လုပ်ငန်းစဉ်ကိုတော့ သိပ်နားမလည်လှသော်လည်း အလွန် အထင်ကြီးစရာကောင်းမှန်းတော့ ခန့်မှန်းနိုင်ပါသည်။
“ဘယ်လို ဖြစ်သွားပြီလဲ”
သူဌေးကျောက်မှ မေး၏။
ရှဉ့်၏ လက်များမှာ ကီးဘုတ်ပေါ်၌ လျင်မြန်စွာ လှုပ်ရှားရင်းမှ
“အချိန် (၅) မိနစ်ပဲ ပေးပါ။ အကောင့်တည်ဆောက်တာ ပြီးပါတော့မယ်”
သူဌေးကျောက် ပြုံးရွှင်လျက်
“ကောင်းပါပြီ”
(၅) မိနစ် ကြာသောအခါ။
ဂျောက်!
ရှဉ့်မှ လက်ခလယ်ဖြင့် Enter ကို နှိပ်ချလိုက်ပြီး တစ်ဖက်သို့ လှည့်ကြည့်၍ ပြုံးလျက်
“သူဌေးကျောက် အားလုံး ပြီးသွားပါပြီ”
သူဌေးကျောက် မျက်နှာပြင်ကို ငုံ့ကြည့်၍
“ဒီအကာအကွယ်နဲ့ ဘယ်လောက်အဆင့် ဟက်ကာလောက်အထိ ခုခံနိုင်လဲ”
ရှဉ့်ပြုံးလျက်
“အားလုံးပါပဲ”
သူဌေးကျောက် မျက်မှောင်ကြုတ်ကာ ရှဉ့်ကို ကြည့်၍
“အားလုံးလား။ ဟက်ကာနတ်ဘုရားအထိလား”
ရှဉ့်မှာ ကျွမ်းကျင်အဆင့် သူလျှိုသင်တန်းဆင်း ဖြစ်သောကြောင့် ဖိအားတစ်စုံတစ်ရာ မရှိဘဲ သရုပ်ဆောင်နိုင်လေသည်။
သူ ရယ်မောလျက်
“ဟက်ကာနတ်ဘုရားက တကယ်တော်ပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်တိုင်အထူးပြုတာ ရှိတယ်လေ။ ထိပ်တန်းဟက်ကာတွေလည်း သိတယ်။ သူ့ကို ခုခံလို့ ရတာ”
“ခုခံတယ်လား”
သူဌေးကျောက် နားမလည်ပေ။
ရှဉ့်မှ ဆက်၍
“သူ့ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ခုခံမှုတွေကို အကြိမ်ကြိမ် သုံးသပ်ကြည့်တဲ့အခါ သူ တိုက်ခိုက်ခံရပြီဆိုတာနဲ့ အမြဲတမ်းနီးပါး ပြောင်းပြန် ပြန်တုံ့ပြန်တယ်။ အဲ့တာက တော်တော်လေးတော့ အန္တရာယ်များတယ်။ သူ့ခုခံနည်းသာ မအောင်မြင်ရင် မူရင်းနေရာအထိ ရောက်ပြီး ပျက်စီးကုန်မှာ”
သူဌေးကျောက်မှာ ကျွမ်းကျင်ပညာရှင် မဟုတ်သော်လည်း ရှဉ့်စကားမှာ အဓိပ္ပာယ်ရှိကြောင်း သိပါသည်။
သူ ထိန်းချုပ်ထားသည့် နည်းပညအဖွဲ့ လက်အောက်မှ လူများလည်း လင်းချွမ်သည် ခုခံရေးထက် တိုက်ခိုက်ခြင်းကို ပိုသဘောကျကြောင်း တညီတညွတ်တည်း ပြောကြ၏။ ထို့ကြောင့် ရှဉ့်စကားနှင့် တိုက်ဆိုင်နေပါသည်။
“မင်းကရော ဘယ်နေရာမှာ တော်လဲ”
သူဌေးကျောက် ရှဉ့်ကိုကြည့်၍ မေးလိုက်၏။
ရှဉ့် ခဏစဉ်းစား၍
“တိုက်ခိုက်ရေးမှာ ဟက်ကာနတ်ဘုရားကို မယှဉ်နိုင်ရင်တောင် ခုခံခြင်းလို တခြားနေရာမှာတော့ လုံးဝမလျော့ဘူးလို့ ယုံကြည်ချက် ရှိပါတယ်”
သူဌေးကျောက် ရှဉ့်၏ ယုံကြည်ချက်ရှိနေပုံကို ကြည့်ကာ
“ကောင်းတယ်ကွာ။ အဲ့လိုပဲ လိုချင်တာ။ မင်းမှာ အလားအလာကောင်းတွေ တွေ့ရတယ်”
“ကျေးဇူးတင်ပါတယ် သူဌေးကျောက်”
ရှဉ့်ပြုံး၍ ပြန်ပြောလိုက်သည်။
သူဌေးကျောက်လည်း သူ့ပုခုံးကို ပုတ်၍
“မင်းလည်း ကြားပြီးရောပေါ့။ မနေ့ညက မော်ဂန်အုပ်စု အာရှ-ပစိဖိတ်ရုံးခွဲ ပျက်စီးပြီး လူးကပ်စ်ပါ အဖမ်းခံလိုက်ရတာ”
ရှဉ့်အပြုံးမှာ ပျောက်သွားပြီး
“ကျွန်တော် ကြားပါတယ်”
“အခု ဘယ်လို စီစဉ်ထားလဲ”
သူဌေးကျောက် သူ့ပုခုံးကို ဆုပ်ကိုင်လျက် မေး၏။
ရှဉ့် ခဏငြိမ်နေပြီးမှ
“မော်ဂန်အုပ်စု ပျက်စီးပြီး လူးကပ်စ်လည်း အဖမ်းခံရမှတော့ ကျွန်တော် မော်ဂန်ကို ပြန်လို့ ဘယ်ရတော့မလဲ”
သူဌေးကျောက် သူ့အဖြေကို သဘောကျစွာကြည့်၍ နှစ်သိမ်လေ၏။
“ကောင်းပါတယ်။ အခုအချိန်ကစပြီး ငါ့အနားမှာပဲ နေတော့။ မင်းဘေးမှာ အင်အားကောင်းတဲ့ ဟက်ကာအဖွဲ့ ဖန်တီးပေးမယ်။ မကြာခင် ဟက်ကာနတ်ဘုရားက မင်းဖြစ်လာတော့မှာပါ”
ရှဉ့် ရုတ်တရက် မှင်တက်နေပြီးမှ မတ်တပ်ထရပ်ကာ သူဌေးကျောက်ကို ငေးငြည့်၍
“ကျေးဇူးတင်ပါတယ် သူဌေး။ ကျွန်တော့်ကို စိတ်မပျက်စေရပါဘူး”
ထိုအချိန်တွင် ရှဉ့်မှာ သူ့ဇာတ်ကောင်ထဲ လုံးဝ နစ်မျောနေပြီး သရုပ်ဆောင် ကောင်းလွန်းလှ၏။ အော်စကာရ မင်းသားနှင့်ပင် တူလေသည်။
သူဌေးကျောက်လည်း ကျေနပ်စွာ ရယ်မော၍
“ဒီည မင်းအနေနဲ့ လုံခြုံအောင် လုပ်နိုင်မလား ကြည့်တာပေါ့”