← Chapters

အခန်း (၁၂၁)

Vol. 13 Ch. 121

အခန်း (၁၂၁)

Vol. 13 Ch. 121

[သူ့ရဲ့အချစ်ဦးပြန်လာပြီဆိုတော့ ငါ့နေရာကနေဖယ်ပေးဖို့သူအချက်ပြနေတာများလား]

ချင်ရှန့်သည်မျက်ခုံးတွန့်သွားလျက် သူ၏နှလုံးသားထဲတွင် ဒေါသလှိုင်းရိုက်ခတ်လာသည်။

ချင်မားမားနှင့်ချင်ရုန် : !!!!!!!!!

[မဟုတ်ဘူး၊ သူ့ရဲ့ဇနီးတစ်ယောက်အနေနဲ့ငါဘယ်လိုဖြေရှင်းမလဲဆိုတာကို မေးနေတာများလား]

ချင်ရှန့်:……[စိတ်လျော့ထား …မင်း ဒီထက်ပိုကောင်းတာလေးတွေးလို့ရတယ်]

ချင်မားမားနှင့် ချင်ရုန်တို့မှာ အသက်ပင်မရှူရဲကြဘဲ သူတို့၏ ခံစားချက်များကတက်လိုက်ကျလိုက်ဖြစ်နေကာ နှလုံးသားထဲတွင်လည်း စိုးရိမ်ပူပန်မှုများဖြင့်ဗျောင်းဆန်နေလေသည်။

ချင်မားမား [ဖေးဖေး၊ သူ့ဇနီးတစ်ယောက်အနေနဲ့ အစစ် အမှန်ဇနီးသည်တစ်ယောက်ရဲ့ဂုဏ်ကိုပြပြီး တစ်ခြားအမျိုးသမီးတွေကိုသတိပေးသင့်တယ်၊ ရည်းစားဟောင်းဆိုတာ သေသွားသလိုမျိုးနေနေသင့်တာ သင်္ချိုင်းမှာတောင် ပေါ်လာသင့်တာမဟုတ်ဘူး.]

ချင်ရုန်: [အာ့စောင်!!!!!!ကျွန်မအကို ရှင့်ကိုစာပြန်ဖို့မေးတယ်ဆိုတာ ရှင့်အပေါ် ရိုးသားကြောင်းဖော်ပြချင်လို့ပဲ သူ့ရည်းစားဟောင်းအပေါ် ဘယ်လိုတွယ်တာမှုမျိုးမှရှိမနေဘူး. ဒါယုံကြည်မှုရဲ့အကြီးမားဆုံးသ‌င်္ကတပဲ!!ရှင့် အပေါ် သူအရင်က တန်ဖိုးမထားခဲ့ဘူးဆိုရင်တောင် သူ့အပေါ်လက်မလျော့လိုက်ပါနဲ့..ဒီအခွင့်အရေးကိုအရယူပြီး ခြိမ်းခြောက်မှုတွေကိုဖယ်ရှားပစ်လိုက်! ရည်းစားဟောင်းကို အနိုင်ပိုင်းပစ်လိုက်!!!]

ကံဆိုးစွာပင် ချင်မားမားနှင့် ချင်ရုန်တို့၏အတွေးများကို ကျီဖေးမကြားနိုင်ပေ။ လက်ရှိတွင်ထာ၀ရဆင်ဂယ်ခွေးလေးဖြစ်နေခဲ့သည့် ကျီဖေး၏စိတ်ထဲ ဗရုတ်သုတ်ခဖြစ်နေကာ သူ့နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုများနှင့် စပ်စုလိုစိတ်များအကြောင်းတွေးနေလေသည်။

သူတို့ တကယ်အောင်မြင်နိုင်ပါ့မလား….

ကျီဖေး၏မျက်လုံးများ ပန်းကန်ပြားလောက်ကျယ်လာသည်ကိုမြင်လိုက်ရသဖြင့် ချင်ရှန့် နူးညံ့သွားရသည်။သူ့လေသံကလည်း ငြင်သာလာကာ အလိုလိုက်သံလေးပင်အနည်းငယ်ပင်ရောစွက်လာသည်။

“မင်း စာပြန်ချင်သလိုပြန်လို့ရတယ်.”

ကျီဖေး၏မျက်လုံးများလင်းလက်သွားကာ သူ့အတွင်းစိတ်ထဲမှဆန်းဆန်းပြားပြားအတွေးများကလည်း ဇက် ကြိုးမထိန်းနိုင်သည့် နွားရိုင်းကြီးခုန်ပေါက်ပြေးလွှားနေသလိုဖြစ်နေလေသည်။

[တကယ်လား..ဒါဆိုပုံမှန်အတိုင်းပဲ စာပြန်လို့ရလား ..အိုကေ..မင်းကို စောင့်နေမယ်.’]

ချင်ရှန့်၏အမူအရာတောင့်တင်းသွားရသည်။

[ဒါမှမဟုတ် အထက်စီးဆန်တဲ့ စီအီးအိုပုံစံစာပြန်ရမလား… အတိတ်မှာ မင်းဘက်က ပြတ်စဲချင်တဲ့အတွက် ငါတို့လမ်းခွဲခဲ့ရတယ်၊ အခုမှပြန်လာချင်တာလား ? မင်း ငါ့ကိုဘယ်လိုလူထင်နေတာလဲ]

ချင်ရှန့်၏အမူအရာအက်ကွဲလာသည်။

[ဒါမှမဟုတ် tsundere ပုံစံလေးဆိုရင်ရော…မင်း ငါ့ကိုမချစ်ရင် ဘာမှဆက်ပြောစရာမလိုသလို ငါ့ကို လာတွေ့စရာလည်းမလိုဘူး..]

ချင်ရှန့် သွေးများစီးကျလာသလိုခံစားလိုက်ရသည်။

[ဒါမှမဟုတ် ရှက်နေတဲ့ပုံစံလေး…ငါ မကွာရှင်းရသေးဘူး]

ချင်ရှန့် ဖော်ရွေဟန်ပြုံးလိုက်သည်။

[ဒါမှမဟုတ်လည်း…….]

ချင်မားမားနှင့်ချင်ရုန်: ရပ်၊ ရပ်ပါတော့ ငါတို့နှလုံးသားလေးက ဒီထက်ပိုပြီးမခံစားနိုင်တော့ဘူး…ဝူးဝူးဝူး

“ဟန်နီ ဘယ်လိုစာပြန်မလဲ စဉ်းစားပြီးပြီလား ?”

ချင်ရှန့်ရုတ်တရက်စကားပြောလိုက်ပြီး ကျီဖေး၏အတွေးရိုင်းများကိုဖျက်ဆီးလိုက်သည်။

ကျီဖေး ဟန်နီဟုအခေါ်ခံလိုက်ရသဖြင့် တုန်လှုပ်သွားခဲ့ရသည်။ သူမ ချင်ရှန့်ကိုစနောက်သည့်အနေနှင့် ယောက်ျားဟု မကြာခဏခေါ်ခဲ့ဖူးသော်လည်း သူ့ဘက်မှ သူမနှင့်မျက်နှာချင်းဆိုင်ပြီး ဟန်နီဟုတစ်ခါမှမခေါ်ခဲ့ဖူးသ လောက်ပင်။

[ဘာ..ဘာ…ဘာလို့သူ ငါ့ကို ရုတ်တရက်ကြီး ဟန်နီလို့ခေါ်လိုက်တာလဲ ? သူဆေးမှားသောက်ထားတာလား ? ရည်း စားဟောင်းကတွေ့ချင်တယ်ဆိုလို့ ရှော့ခ်ရသွားတာများလား]

ချင်ရှန့် : …နိုး.ငါမင်းကြောင့်ရှော့ခ်ရသွားတာ

မားမားချင်နှင့်ချင်ရုန် : ….နင့်ကြောင့် နင့်ကြောင့် နင့်ကြောင့်

ကျီဖေးသည် ချင်ရှန့်အား မယုံကြည်နိုင်မှုများနှင့်ကြည့်နေရာမှ ရုတ်တရက် ချင်ရှန့်ပြုံးနေသော်လည်း သူ့အ ကြည့်များ အေးစက်နေသည်ကိုတွေ့လိုက်ရသည်။ သူမ သူ့အမူအရာကိုမဖတ်နိုင်သော်လည်း သူမ၏ပင်ကိုယ်သိစိတ်ကအော်ဟစ်နေသည်မှာ .. အန္တရာယ် အန္တရာယ် အန္တရာယ်!!!!!

ကျီဖေး၏တစ်ကိုယ်လုံးတုန်လှုပ်နေလေသည်။

“ကျွန်မ…ကျွန်မ..သူ့ကို ဘယ်လိုဆူလိုက်ရမလဲ.”

ချင်ရှန့်၏မျက်လုံးများလက်ကနဲဖြစ်သွားသည်။ ချင်ရှန့်စကားပြောရန်ပြင်ချိန် ကျီဖေး၏ဘွာခတ်သည့်အပြောကိုကြားလိုက်ရသည်။

“သူက အကြောင်းအရင်းမရှိဘဲ ဒီလိုတောင်းဆိုမှာမဟုတ်ဘူး..ကျွန်မတို့ သူ့ကိုဆူလိုက်ရင်ပိုဆိုးလာနိုင်တယ်..ကျွန်မတို့……မမြင်သလိုသဘောထားလိုက်ရင်ရော ဘယ်လိုလဲ..စာမပြန်နဲ့”

[ဒီနည်းလမ်းက ဘယ်လိုနည်းနဲ့မှမမှားနိုင်ဘူး .အန္တရာယ် ကင်းပြီး ပြည့်စုံတဲ့အဖြေပဲ. ငါ စမတ်ကျလွန်းတယ်!!!!]

ချင်မားမားနှင့်ချင်ရုန်တို့ ရုတ်ချည်းပင်စိတ်ဓါတ်ကျသွားရသည်။ အကယ်၍ကျီဖေးသာ ချင်ရှန့်ဒေါသကိုမကြောက်လျင် သူ့ကိုအကဲစမ်းနေမလား ဒါမှမဟုတ် သူ့ကိုဒီထက်ပိုပြီး ဆက်ဂရုမစိုက်တော့မလားဆိုတာ မသေ ချာပေ။

ချင်ရှန့်၏နက်ရှိုင်းသည့်အနက်ရောင်မျက်ဝန်းများက ကျီဖေးအပေါ် အချိန်တခဏမျှကြည့်ရှုလျက် သူမကိုယ် သူမသံသယဝင်စေရန်လုပ်လိုက်သည်။အဆုံးတွင် မျက်လွှာချလျက် ခံစားချက်မဲ့စွာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။

“အင်း…”

အမှန်တကယ် သူ့ထံ ကျီဖေးကိုစာပြန်စေချင်သည့်အ ကြောင်းပြချက်ရှိသည်။ ယုကျစ်သည် ဂုဏ်သိက္ခာရှိပြီး ကျင့်ဝတ်ရှိသူတစ်ယောက်ဖြစ်သည်။ သူမ သူ့ကိုမည့်သည့်အတွက်ကြောင့် ပြန်ဆက်သွယ်လာမှန်း သူနားမလည်ပေ။ အကယ်၍ သူ့ဇနီးသည်သာ ရည်းစားဟောင်းပြန်ပေါ်လာခြင်းကိုကန့်ကွက်ခဲ့လျှင် ယုကျစ်သည် သူမ ၏မသင့်တော်သည့်အပြုအမူများကိုရပ်လိုက်သင့်ပြီး သူ့အား လာဆက်သွယ်နေခြင်းကိုလည်းရပ်သင့်သည်။ ဤသည်ကသာ ပြဿနာအကုန်လုံးကို တစ်ကြိမ်တည်းနှင့်ဖြေရှင်းနိုင်မည်ဖြစ်သည်။

ပြီးနောက် ချင်ရှန့်၏အမြင်အရ သူစာပြန်လိုက်သော် ဤသည်ကိုရည်းစားဟောင်းနှင့်ပြန်ဆက်သွယ်ခြင်းဟုခေါ်ရပေမည်။ အခြားတစ်ဖက်မှလည်း စကားဆက်ရန်ကြိုး စားလာပေလိမ့်မည်။ အတိတ်တွင် သူသည် စကားနည်းသူဖြစ်သောကြောင့် ယွုကျစ်ကသာ စကားဝိုင်းမပြတ်စေရန်ကြိုးစားခဲ့ရသည်။

ကျီဖေး၏ဟာသမြောက်သော အတွေးအတွဲလိုက်ကိုထည့်မတွက်လျင်ပင် သူစာပြန်လိုက်သည်နှင့် ထိုစာသည် အထင်အမြင်လွဲမှားခြင်းကိုဦးတည်သည့် သက် သေတစ်ခုဖြစ်လာပေမည်။ မေ့လိုက်တော့….ကျီဖေး၏ သဘောအတိုင်း လိုက်နာသည်ကပင် အကောင်းဆုံးဖြစ်ပေမည်။

ချင်ရှန့်မည်သည့် အရာများစဉ်းစားနေသည်ကို ကျီဖေးမခန့်မှန်းနိုင်သော်လည်း သူ အနည်းငယ်မပျော်မရွှင်ဖြစ်နေသည်ကိုတော့သူမခံစားမိသည်။ အနည်းဆုံးတော့ ဆုံးဖြတ်ပိုင်ခွင့်ကို သူ့လက်ထဲပြန်ထည့်ပေးခဲ့သည့် အတွက် ထိုကိစ္စနှင့်ပတ်သက်ပြီး သူမ ဆက်စိတ်ပူစရာမလိုတော့ပေ။

ကြည့်လိုက်သည်နှင့် သူမတို့၏ဖရဲသီးကိုစားနေကြသည့်လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။ကျီဖေး အနည်းငယ်ကိုးရိုးကားယားဖြစ်သွားခဲ့သည်။ သူမ ပြန်လျှောက်လာချိန် ချင်ရုန်၏စိတ်လှုပ်တရှားအော်သံကိုကြားလိုက်ရသည်။

"အာ့စောင် ..ဘာလို့ စာမပြန်လိုက်တာလဲ အာ့စောင် သေချာပေါက် သူ့ကိုပြန်ကြိမ်းမောင်းလိုက်သင့်တာ.”

“ဟမ်၊ သူ ဘယ်သူလဲ ? သိနေတာလား…ဘာလို့ကြိမ်း မောင်းခိုင်းနေတာလဲ”

ထိုစကားကိုကြားရုံသက်သက်ဆိုလျှင်သေချာပေါက် နားဝေတိမ်တောင်ဖြစ်ပေလိမ့်မည်။ ရုတ်တရက် ချင်ရုန်စိတ်ထဲကြောက်ရွံသွားရသည်။ ချင်မားမားက အလျင်အ မြန်ပင်

“မေးနေစရာလိုသေးလို့လား မင်းရဲ့အမူအရာကိုကြည့်တာနဲ့သေချာပေါက်အရင်လူတွေနဲ့ပတ်သက်နေမှန်း သိနိုင်တယ်လေ၊ သူတို့ကိုသေချာပေါက် ကြိမ်းမောင်းသင့်တယ်”

ချင်ရုန် ချက်ချင်းပင် သူ့မား၏အလျင်အမြန်တွေးနိုင်ခြင်းအတွက် စိတ်ထဲလက်မထောင်ပြလိုက်သည်။

ကျီဖေးခြောက်ကပ်ကပ်ရယ်လိုက်သည်။

“သူတို့တွေ မဟုတ်ပါဘူး”

ပင်ကိုအားဖြင့် ချင်မားမားနှင့်ချင်ရုန်သည်လည်းဆက်မဆွေးနွေးရဲပေ။ ဤနေရာ၌ဆက်နေပြီး ခိုးနားထောင်ဖို့ရာလည်း မသင့်လျော်သလိုခံစားရသည်။ သူတို့ထွက်သွားရန်အတွက် အလျင်အမြန်အကြောင်းပြချက်ရှာပြီး ထိုစုံ တွဲအတွက် ကိုယ်ပိုင်အချိန်လေးပေးလိုက်သည်။

"မား သန့်စင်ခန်းသုံးဖို့လိုနေပြီ၊ ရုန်ရုန် မားနဲ့လိုက်ခဲ့.”

“အိုကေ…အိုကေ”

နှစ်ဦးသား သုတ်သုတ်ပျာပျာထွက်သွားလိုက်ကြသည်။ဆိုဖာရှင်းရန်သွားနေစဉ်အတွင်း ကျီဖေး စိတ်ထဲစောဒ ကတက်နေခဲ့သည်။

[ငါ သူ့ကို ကြိမ်းမောင်းခဲ့ရင် ငါတကယ်ရူးနေလို့ပဲ၊ ချင်ရှန့် အခုဘာပဲစဉ်းစားနေနေ သူ့မှာရည်ရွယ်ချက်ရှိရှိ၊ မရှိရှိ ငါ ကြိမ်းမောင်းပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်အတူတူပြန်ရှိသွားကြရင် ဘာပဲဖြစ်ဖြစ် ငါ့အမှားဖြစ်သွားလိမ့်မယ်။ သူ့အချစ်ဦးလေးကို မကျေမနပ်ဖြစ်မိတဲ့အတွက် ငါ့လမ်းခွဲကြေးတောင်မှလျော့သွားနိုင်တယ်။ ငါ့လို သတိရှိတဲ့သူမျိုးက ဒီလိုပုန်းကွယ်နေတဲ့အန္တရာယ်မျိုးကို သေချာပေါက်ချန်ထားခဲ့မှာမဟုတ်ဘူး။ ငါဘာအ တွက်ကြောင့်မှ ဗီလိန်မဖြစ်ချင်သလို သူတို့ဆက်ဆံရေးအတွက် ဓါတ်ကူပစ္စည်းလည်းမဖြစ်လာချင်ဘူး…]

အီးမေးလ်ကိုဖျက်တော့မည့် ချင်ရှန့်:……..

ချင်ရှန့် ကျီဖေးအားအေးစက်သည့်အကြည့်တစ်ချက်ဖြင့်ကြည့်လိုက်ချိန် ယခုလေးတင် သူမ သိမ်းဆည်းထားခဲ့သည့် တန်ဖိုးကြီးပစ္စည်းများကိုကိုင်တွယ်ရင်း အမှတ်တမဲ့သီချင်းညည်းနေသည့် ကျီဖေးကိုတွေ့လိုက်ရရသဖြင့် သူ အသက်မရှူနိုင်တော့သလိုခံစားလိုက်ရသည်။

သူအဝေးကိုကြည့်လိုက်ပြီး အမူအရာမဲ့စွာဖြင့် မောက်စ်ကိုငြင်သာစွာရွေ့လိုက်ကာ ဘယ်လက်ဖြင့်စာပြန်ရန်နှိပ်လိုက်သည်။ ထို့နောက် ဘယ်လက်ဖြင့်ပင် ကီးဘုတ်ပေါ် အလျင်အမြန်စာရိုက်လိုက်သည်။

သူသည် ဘယ်သန်မဟုတ်သော်လည်း လက်နှစ်ဖက်စလုံးကိုသွက်လက်စွာအသုံးပြုနိုင်သူဖြစ်သည်။သို့သော် လည်း ဤသည်မှာ သူရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားသည့် တစ်စုံတစ်ခုဖြစ်သည်။

“ကျွန်မက ကျီဖေး..မစ်ချင်ပါ၊ ကျွန်မခင်ပွန်းက ဒီအီးမေးလ်ကိုကိုင်တွယ်ဖို့တောင်းဆိုခဲ့တယ်။ မစ်ယု ကျွန်မရှင့်ကို ကျွန်မခင်ပွန်းနဲ့ထပ်မတွေ့စေချင်ဘူး။ ကျေးဇူးပြုပြီး ကျွန်မခင်ပွန်းကို နောက်ထပ်မဆက်သွယ်လာပါနဲ့..”

ပို့ခဲ့သည်!!

စနောက်မှုတစ်ခုကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်သကဲ့သို့ ချင်ရှန့်၏နှုတ်ခမ်းထောင့်များအပေါ်သို့ကွေး ညွတ်လာခဲ့သည်။ သို့သော် သူ ကျီဖေးကိုမြင်ချိန်အနည်း ငယ် အပြစ်ရှိသလိုခံစားလိုက်ရသည်။

“သွားစို့၊ ဒီနေ့ အပြင်ထွက်စားကြမယ်။ မင်း ဘာစားချင်လဲ”

ချင်ရှန့် တိတ်တဆိတ်အပြစ်ဖြေရန်ကြိုးစားလိုက်သည်။ ထို့နောက် သူ့မိသားစုကိုပါခေါ်ယူပြီး စားသောက်ဆိုင် တွင်ဘိုကင်ယူလိုက်သည်။

ထိုအချိန်အတောအတွင်း နိုင်ငံခြားတွင်ရှိနေသည့် ယုကျစ်သည် ပြန်ပို့လာသည့် အီးမေးလ်ကိုမြင်လိုက်ရရာ သူ့နှုတ်ခမ်းဖျားထက် လှောင်ပြောင်လေဟန် အရိပ်အ ယောင်တို့ယှက်သမ်းသွားခဲ့သည်။

သူမ၏ သူငယ်ချင်းကောင်းသည်လည်းပြန်စာကိုမြင်လိုက်ရရာ မခံမရပ်နိုင်ဖြစ်လျက် “ဘာလဲဟ သူ့ကိုယ်သူ မစ်ချင်လို့ တကယ်ထင်နေတာလား ? ငါ ကြားတာတော့ ချင်ရှန့် သူ့ကိုတိတ်တိတ်လေး လက်ထပ်ထားတာတဲ့၊ မဟုတ်ရင် အခုလိုမျိူးလက်ထပ်ပွဲ မကျင်းပဘဲနေမလားချင်ရှန့်ရဲ့ညီအကိုတွေကလည်း သူ့အကြောင်းတစ်ခါမှထုတ်မပြောဖူးဘူး၊ ချင်ရှန့်ရဲ့ပင်ကိုယ်စရိုက်အရဆိုရင် အဲ့မိန်းမကို ခွာချလို့မရတာပဲနေမှာ၊ ဒါပေမဲ့လည်း ချင်ရှန့်ရဲ့အီးမေးလ်ကို ခိုးဖတ်ရဲတယ်ဆိုတော့ သတ္တိနည်းနည်းတော့ရှိသားပဲ.”

သူသည် ထိုအဓိပ္ပါယ်မရှိသည့် “ကျွန်မခင်ပွန်းက ဒီအီးမေးလ်ကိုကိုင်တွယ်ဖို့တောင်းဆိုခဲ့တယ်”ဟူသောစကားကိုမယုံပေ။ နောက်ဆုံး ချင်ရှန့်ဟူသည်ကား သူ၏နယ်နမိတ်နှင့်ပတ်သက်လျင် အလွန်ဇီဇာကြောင်သူဖြစ်သည်။အတိတ်ကဆိုလျင် ယုကျစ်တောင်မှ ချင်ရှန့်၏ခွင့်ပြု ချက်မရှိဘဲ သူ့အီးမေးလ်ကိုမစစ်ရဲသလို သူ့ဖုန်းကိုလည်းမထိရဲခဲ့ပေ။

ယုကျစ်သည် အထင်အမြင်သေးစွာဖြင့်လှောင်ပြုံးပြုံးလိုက်ကာ “အဆင်ပြေပါတယ်၊ ဦးနှောက်မရှိတဲ့မိန်းမတွေက ကိုင်တွယ်ရလွယ်တယ်လေ၊ သူ ဘယ်လောက်ထိတုံးသလဲ ဆိုတာမြင်လိုက်ရတော့ ငါ စိတ်သက်သာရာရသွားပြီ”

“ဒါဆို နင် ချင်ရှန့်နဲ့ အဆက်အသွယ်ဆက်လုပ်ပြီး သူ့ကိုလှည့်ကွက်နည်းနည်းလောက်ပြပေးလိုက်”

သို့သော် ယုကျစ်က ယုံကြည်ချက်ရှိစွာဖြင့် သူ့ဖုန်းကိုဘေးဖယ်လိုက်ကာ “မလိုဘူး၊ ငါချင်ရှန့်ကို ထပ်ဆက်သွယ်မှာမဟုတ်ဘူး၊ ငါ ချင်ရှန့်ရှေ့နောက်တစ်ခေါက်ပေါ်လာချိန်မှာ ငါ ဘယ်လို မတရားခံခဲ့ရသလဲဆိုတာ သူသိသွားလိမ့်မယ်။”

သူမ၏သူငယ်ချင်းက ထိုအကြောင်းကိုစဉ်းစားပြီးရယ် မောလျက်

“နင်မှန်တယ် နင်သူ့ကို အသိမပေးဘဲ တိတ်တိတ်လေးပြန်သွားတဲ့အခါ ချင်ရှန့် သေချာပေါက်အံ့ဩသွားမှာပဲအဲ့ဒီနောက် သူ့ကိုဒီအီးမေးလ်ပြပြီး မဆိုင်ဘဲဝင်စွက်ဖက်တတ်တဲ့ အဲ့ဒီရုပ်ဆိုးတဲ့မိန်းမရဲ့မျက်နှာကို အားလုံးအရှေ့မှာဖော်ထုတ်ပစ်လိုက်ရင် ချင်ရှန့် အဲ့မိန်းမကိုသေချာ ပေါက်ပိုရွံသွားပြီး နင့်အတွက်ဝမ်းနည်းပေးမှာပဲ၊ နင်မကြာခင်မှာ မစ်ချင်ဖြစ်လာနိုင်တယ်။”

ယုကျစ်သည် အရာအားလုံး သူ့ထိန်းချုပ်မှုအောက်တွင်ရှိနေသကဲ့သို့ ယုံကြည်ချက်ရှိစွာပြုံးလိုက်သည်။

ထိုအချိန်တွင် ကျီဖေးသည်ကား အတော်လေးနှာချေနေလေသည်။

ချင်ရှန့်မှလျောက်လာပြီး သူ၏ကုတ်ကိုကျီဖေး၏ပခုံးတွင်လွှမ်းခြုံပေးလျက် “အေးနေလား ?”

ကျီဖေးသည်သူမ၏နှာခေါင်းကိုပွတ်ပြီး "ဟင့်အင်း တစ် ယောက်ယောက်က ကျွန်မနောက်ကွယ်မှာ သေချာပေါက် ကျွန်မအကြောင်းပြောနေတာပဲဖြစ်ရမယ် Ladies Club ကများလား..”

ချင်ရှန့် အနည်းငယ်မျက်ခုံးပင့်လိုက်သည်။ သူတို့ထိုအကြောင်းတွေးနေစဉ် ဖုန်းမြည်လာခဲ့သည်။ ကျီဖေး ဖုန်းကိုင်ပြီး ခေါ်ဆိုသူကိုကြည့်လိုက်ရာ ဖေးကျဲခေါ်နေခြင်းဖြစ်သည်။

All Chapters