← Chapters

အခန်း (၁၂၂)

Vol. 13 Ch. 122

အခန်း (၁၂၂)

Vol. 13 Ch. 122

"ယုရို့ရင်ကို ဘယ်လိုထင်လဲ"

ဖေးမင်ရွမ်က ပြတ်ပြတ်သားသားမေးလိုက်သည်။

ကျီဖေး အံ့အားသင့်သွားသည်။

[ဒီနေ့ဘာလို့ ယုရိုရင်အကြောင်း လူတွေအများကြီးလာမေးနေကြတာလဲ ?]

စားသောက်ဆိုင်ထဲ ကျီဖေး၏အတွင်းစိတ်အတွေးများကြောင့် စားသောက်ခန်းသည် ရုတ်ချည်းငြိမ်သက်သွားသည်။

ချင်ရှန်းလည်း တိတ်ဆိတ်နေပြီး..

ကျီဖေးက "ဒီနေ့ဖြစ်ခဲ့တာကို ကျဲ ကြားပြီးပြီလား"

ဖေးမင်ရွမ် အံ့သြသွားပြီး "ဘာလဲ ?"

ဒီတော့ သူမကြားထားဘူး။

ကျီဖေးသည် ဖျော်ဖြေရေးနယ်ပယ်နှင့်ဆက်စပ်နေသဖြင့် အခြေအနေဘေးကင်းစေဖို့ရာ သူ့မန်နေဂျာအသစ်အား ရှင်းပြဖို့ဆုံးဖြတ်ခဲ့သည်။

အတင်းအဖျင်း System က သူ သိထားသမျှကို သူမကိုဖော်ပြထားပေမယ့် "သူတို့ကြား နားလည်မှုလွဲနေတာဖြစ်မယ်ထင်တယ်။ မဒမ်ကျုံးကို သက်သေမေးလိုက်တော့ ဘာမှမတတ်နိုင်ဘဲ ကျိန်ဆဲဆဲလာတယ်လေ"

သူပြောပြီးသည်နှင့် ဖုန်း၏အခြားတစ်ဖက်မှရယ်မောသံကိုကြားလိုက်ရသည်။

"တကယ်တော့ သူ... နင့်ကို ကူညီဖို့ ခြိမ်းခြောက်ဖို့ကြိုး စားခဲ့တာ... ဟားဟား၊ အဲဒီ Ladies' Club က အရင်လို မာန်ထောင်နေတုန်းပဲ။ နင့် အဆင့်အတန်းကြောင့် သူတို့ ကြောက်နေခဲ့တာဖြစ်မယ်။ ငါ လာကြည့်ချင်လိုက်တာ ဟားဟား"

ဖေးကျဲသည်လည်း အတင်းအဖျင်းဝါသနာရှင်တစ်ဦး ဖြစ်ပုံရသည်။ ခဏတာရယ်မောပြီးနောက် ဖေးမင်ရွမ်လေးနက်လာသည်။

"မဒမ်ကျုံးက ယုရို့ရင်ကို ပစ်မှတ်ထားပုံပဲ၊ သူ ငါ့ကို ရှာဖို့အလျင်လိုနေတာ အံ့ဩစရာမရှိတော့ဘူး။ ကျုံးချွမ်ကယုရို့ရင်နဲ့အတူရှိချင်တဲ့ ဆန္ဒကိုဖော်ထုတ်ခဲ့တာဖြစ်မယ်။ သူ့မှာ ထွက်လမ်းမရှိတော့ဘူးဆိုတာ သူ သိတယ်လေ။ အဲ့တော့ ကျောထောက်နောက်ခံရှာချင်တယ်၊ ဒါ့ကြောင့် သူ ငါတို့ကို ရွေးချယ်ခဲ့တာ"

ကျီဖေး: "ဟင် ?"

ဖေးမင်ရွမ်က "အရင်က ဆက်သွယ်ရမယ့် အချက်အ လက်တွေဖလှယ်ခဲ့ဖူးတယ်။ ဒီနေ့ သူက ငါတို့ရဲ့ စတူဒီယိုနဲ့စာချုပ်ချုပ်ချင်တယ်ဆိုပြီး ဆက်သွယ်လာခဲ့တာ။"

[ဘာ ! သူက ငါတို့ရဲ့ စတူဒီယိုကိုလာချင်တာ ?]

ချင်မိသားစုဝင်များအားလုံး အံ့အားသင့်သွားကြသည်။

"သူ့ အရင်ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းကကုန်တော့မှာဆို တော့ သက်တမ်းတိုးဖို့ ဒါမှမဟုတ် အေဂျင်စီအသစ်ရှာဖို့ လိုတယ်။ သူ့ အနေနဲ့ သူ့ရဲ့ သရုပ်ဆောင်အရည်အချင်းကိုသက်သေပြဖို့နဲ့ အိမ်အသစ်ရှာဖို့အတွက် အစက ဒီရှိုးကိုအသုံးချချင်ခဲ့တာ။"

"ချင်ကျောက်ရဲ့စတူဒီယိုက သူ့အတွက်ပဲ ဝန်ဆောင်မှုပေးတယ်ဆိုတာက်ု လူတိုင်းသိတော့ သူ အရင်က ငါတို့ကိုမစဉ်းစားခဲ့မိဘူး။ ဒါပေမယ့် မင်းရောက်လာပြီး ဟိုစုံတွဲကြောင့် ငါ့ကို ရှာပြီး အလောင်းအစားလုပ်ဖို့ဆုံး ဖြတ်လိုက်တာပဲ။"

ဖေးမင်ရွမ် ထိုနေရာ၌ ခဏရပ်တန့်ကာ "နင့်ရဲ့ထင်မြင် ချက်ကို မေးချင်လို့ ငါခေါ်လိုက်တာ၊ ဒါပေမယ့်..."

ကျီဖေးအနည်းငယ် အံ့သြသွားပြီး "ဖေးကျဲ၊ ရှင် စာချုပ်ချုပ်တုန်းက အနုပညာရှင်တွေကိုခေါ်ဖို့ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့မရေးထားဘူးလား။ ဘာလို့ မေးနေတာလဲ ?"

ကျီဖေး ချက်ချင်းတုံပြန်လာသောကြောင့် ဖေးမင်ရွမ် ရယ်မောနေခဲ့သည်။

ကောင်းဟောင်နှင့်ချင်ကျောက်မှ ကျီဖေးသည် စတူဒီယို ၏နောက်ထပ်သူဌေးဖြစ်မည်ဟု သူမအားအရိပ်အမြွက်ပြောခဲ့သည်။ သူ့မှာဆုံးဖြတ်ချက်ချနိုင်သည့် အခွင့်အာ ဏာရှိလျှင်ပင် သူဌေးရဲ့အမြင်ကိုမေးမြန်းသင့်သည်။

ဒါပေမယ့် ဒီအနုပညာရှင်ဟာ အနာဂတ်မှာအနုပညာရှင်တစ်ယောက်အနေနဲ့ လက်လျှော့လိုက်ရုံသာမက သူဌေးဖြစ်ဖို့အတွက်လည်း အခက်အခဲတွေ့နိုင်သည်။

ဖေးမင်ရွမ်က "ငါတို့က စတူဒီယိုက အနုပညာရှင်တွေဆိုတော့ အချင်းချင်းအဆင်ပြေဖို့မျှော်လင့်တယ်။ သူ့ကို မကြိုက်ရင် သူနဲ့လက်မှတ်ထိုးမှာမဟုတ်ဘူး"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? ကျမ သူနဲ့တောင် မရင်းနှီးဘူး၊ ဘယ်လိုလုပ် သူ့ကို မကြိုက်ဖြစ်ရမှာလဲ"

“ဒီနယ်ပယ်မှာ သူနဲ့ မရင်းနှီးတဲ့ အမျိုးသမီးအနုပညာရှင် ၉၀ ရာခိုင်နှုန်းလောက်က သူ့ကို မကြိုက်ကြဘူး။"

ဒါအတင်းအဖျင်းဖတ်ခြင်းကနေတဆင့် ကျီဖေးသင်ယူခဲ့သည့် အရာတစ်ခုပင်။

ရှုပ်ထွေးနေသောကောလဟာလများအပြင် အမျိုးသမီး အနုပညာရှင်အများစုသည် ယုရို့ရင်နှင့်အ‌ပေါင်းအသင်း မလုပ်လိုဘဲ အလိုလိုရှောင်ဖယ်သွားကြသည်ကိုတွေ့ရသည်။

တခြားအကြောင်းမရှိဘူး၊ သူ့ပုံစံ ကြောင့်ပဲ။

လှပသောအမျိုးသမီးအမျိုးအစားများစွာရှိပြီး ယုရို့ရင်၏အလှသည် ဒုက္ခအခံရဆုံးအမျိုးအစားဖြစ်သည်။

ဒါအမျိုးသားတွေအတွက် ဆွဲဆောင်မှုရှိတဲ့အလှတစ်မျိုးဖြစ်ပြီး အမျိုးသမီးတွေအနေနှင့် ရန်လိုသည်ကိုတွေ့ရသည်။ ပိုးသားလိုမျက်လုံးမျိူးနှင့် မွေးရာပါဆွဲဆောင်မှုရှိသည့်သဘာဝအလှအတိုင်း သူမသည် ရင့်မှည့်နေသည့် အသီးလိုပင်။

လုံလောက်သောအင်အား၊ နောက်ခံ သို့မဟုတ် အဆင့်အ တန်းမရှိခြင်းကြောင့်သာ..

အမျိုးသားအများစုသည် သူ့အားချစ်မည့်အစား သူနှင့် အတူအိပ်ချင်ကြပြီး အမျိုးသမီးအများစုသည် သူမအား မလိုတမာစိတ်ဖြင့်သာ‌ အကဲဖြတ်ကြလိမ့်မည်။

မတော်ဆတအများစုသည် Show မှာဖြစ်နေကြသည်။

အခြားအမျိုးသမီးအနုပညာရှင်များ ဝတ်ဆင်ထားသည့် အလားတူအ၀တ်အစားများသည် ပေါ့ပေါ့ပါးပါးရှိပုံရသော်လည်း ကြယ်သီးတစ်ချက်မတပ်ဘဲ ဝတ်ဆင်လိုက်သောအခါတွင် လူလတ်ပိုင်းအမျိုးသားတစ်ဦးမှမထင် မှတ်ဘဲ “မစ္စယု ကျွန်တော့်ဘေးမှာလာရပ်ရင် ရဲတွေလာဖမ်းမှာကိုစိုးရိမ်မိတယ်” တဲ့

ထိုနေရာရှိလူတိုင်းကို ရယ်မောလိုက်ကြသည်။

ယုရို့ရင်၏အမူအရာမှာ အပြစ်ကင်းစင်သည်။ သူမသည် ထိုနေရာတွင် ဒေါသဖြစ်ဟန်ဆောင်ကာ မျက်နှာမပျက်ရလေအောင်နှင့် မိမိကိုယ်ကိုနှိမ့်ချကာ ဟာသအပြု အမူများပြုလုပ်ခဲ့သည်။

သို့သော် အစီအစဉ်တင်ဆက်သူအမျိုးသားသည် တစ်စုံ တစ်ရာစွဲလမ်းသကဲ့သို့ ချက်ချင်းဆိုသလိုမှားယွင်းသောမြင်းစီးကစားနည်းကို မိတ်ဆက်လိုက်သည်။ ဤအရာကို ထုတ်လုပ်ရေးအဖွဲ့မှ ရည်ရွယ်ချက်ရှိရှိစီစဉ်ထားခြင်းလားဆိုသည်မှာ မရှင်းလင်းပေ။

အခြားအမျိုးသမီးဧည့်သည်များ မြင်းစီးသည့်အခါ သတ္တိနှင့်ပြည့်စုံသောပုံစံဖြင့် ပြသနိုင်သော်လည်း၊ ယုရို့ရင် စီးသည့်အခါမှာမူ အရုပ်မြင်းကလေးလွှဲခုန်လာသည်နှင့်အမျှ ရယ်သံများနှင့် မဖော်ပြနိုင်သော မျက်နှာအမူအရာများထွက်ပေါ်လာခဲ့သည်။

ယုရို့ရင် သတိမထားမိပုံရပြီး ဂိမ်းပြီးဆုံးသွားသည်။

သို့သော် ဧည့်သည်အမျိုးသမီးက “အိုး၊ ငါတို့ ပြိုင်စရာ မလိုတော့ဘူး၊ သေချာပေါက် မစ္စယုကိုရှုံးသွားပြီ” ဟု လှောင်ပြောင် မှတ်ချက်ပေးခဲ့သည်။

ဒီရှိုးတစ်ခုကနေပဲ ယုရို့ရင်၏မကြာခဏရင်ဆိုင်ရသော အခက်အခဲများကို သိမြင်နိုင်သည်။

သူမ၏ဗီဒီယိုများကို ပြင်းပြင်းထန်ထန်တည်းဖြတ်ထားပြီး တရုတ်ဖျော်ဖြေရေးနယ်ပယ်ထဲ လူအမုန်းအများဆုံးဖြစ်အောင်ဆွဲဆောင်နေခြင်းပင်။ သို့သော် ဤအရာများနှင့်အတူဂယက်ရိုက်မှုနှင့် လွှမ်းမိုးမှုလည်းရောပါလာတတ်သည်။

ဤအကြောင်းကို ကျီဖေးစဉ်းစားနေစဉ် ဖေးမင်ရွမ်က "ဒါပေမယ့် မဒမ်ကျုံးက သူ့ဂုဏ်သိက္ခာကို ဖျက်စီးဖို့စိတ်ပိုင်းဖြတ်ထားတယ်ဆိုတော့ မေ့လိုက်ကြတာပေါ့"

တကယ်တော့ ယုရို့ရင်က သူမကိုဆက်သွယ်ပြီးနောက် ယုရို့ရင်၏အထူးအခြေအနေတွေကို ကောင်းဟောင်နှင့် ဆွေးနွေးခဲ့သည်။

ကောင်းဟောင်သည် သူ့အား ခေါ်ယူဖို့ အမှန်တကယ် သဘောမတူခဲ့ပေ။ ယုရို့ရင်ထံ မကောင်းသတင်းအလွန်များပြီး ပြဿနာဖြစ်လွယ်သည့် အနုပညာရှင်တစ်ဦးဖြစ်နေသည်။ သူမအားလက်မှတ်ရေးထိုးခြင်းသည် အကျိုးထက် ပိုဒုက္ခဖြစ်နိုင်သည်။ ထို့အပြင် "အပြင်ပန်းကို ကြည့်၍အတွင်းသားကို မသတ်မှတ်နှင့်" ဆိုသကဲ့သို့ သူသည် သူ့ချန်ထားခဲ့မည့် စတူဒီယိုအားပိုမိုတည်ငြိမ်စေလိုသည်။

ဖေးမင်ရွမ်သည် ယုရို့ရင်၏ သရုပ်ဆောင်စွမ်းရည်နှင့် အငြင်းပွားဖွယ်ရာများကြား လူကြိုက်များအောင်ပြုလုပ်နိုင်စွမ်းကိုစိတ်ဝင်စားခဲ့သော်လည်း သူမသည် ဤအနု ပညာရှင်ကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်မည်ဟု ယုံကြည်ခဲ့သည်။ စိန်ခေါ်မှုကောင်းတစ်ခုဖြစ်ပြီး ယုရို့ရင်ဘက်မှလည်း အချက်များစွာလျှော့ပေးလာသည့်အတွက် ဖေးမင်းရွှေအားဆွဲဆောင်နိုင်ခဲ့သည်။

ဤအမျိုးသမီး၏ အခြေအနေကိုသိရှိကာ လျှို့ဝှက်ဇာတ်လမ်းများစွာကို နားလည်ထားသည့်အတွက် သူမသည် ကူညီလိုစိတ်ရှိခဲ့သည်။ အကြောင်းမှာ သူမကိုယ် တိုင်လည်း ကြင်နာသောစိတ်ရှိသူများ၏ အကူအညီဖြင့် ခက်ခဲသည့်ကာလများကို ကျော်လွှားခဲ့ရဖူးသောကြောင့် ဖြစ်သည်။ သို့သော် ယုရို့ရင်အား စောင့်ကြည့်နေပြီး ဖျက်ဆီးလိုသည့် အာဏာရှိသူများစုစည်းနေသည်ကိုလည်းသတိထားမိသည်။

ဖေးမင်ရွမ်သည် ပရော်ဖက်ရှင်နယ် ရှုထောင့်မှအားသာချက်များနှင့် အားနည်းချက်များကို ချိန်ဆရမည်ဖြစ် သည်။ စာနာစိတ်အနည်းငယ်ကြောင့် ကျိုးကြောင်းဆီလျော်စွာတွေးခေါ်နိုင်မှုအားမဆုံးရှုံးနိုင်‌ပေ။ နောက် ဆုံးတော့ သူမသည် စတူဒီယိုနှင့် ကျီဖေးကိုတာဝန်ယူခဲ့သည်။

ဖေးမင်ရွမ် အနည်းငယ်စိတ်ပျက်သွားပြီး ကျီဖေးက "ယုရို့ရင် ဘာမှမမှားပါဘူး၊ ဘာလို့ သူ့နာမည်ပျက်သွားရတာလဲ ?" ကျီဖေးပြောလာသည်ကိုကြားသောအခါ ဖုန်းချတော့မည်ဖြစ်သည်။

ကျီဖေး၏ယခင်လုပ်ရပ်များကိုပြန်သတိရသောအခါ ဖေးမင်ရွမ်နှလုံးခုန်နှုန်းခုန်သွားသည်။ သူမ မျက်လုံးတွေတောက်ပလာပြီး "သူ ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုတာ နင် ဘယ်လိုသိလဲ"

ကျီဖေး စိတ်မသက်မသာဖြင့် နှာခေါင်းကိုပွတ်လိုက်ပြီး "တကယ်လို့ သူသာ ယောက်ျားတွေကြားမှာ သတင်းပျံ့နေသလိုဖြစ်နေရင် ဘယ်လိုမှလုပ် ကျမတို့ဆီလာမှာလဲ"

[မဒမ်ကျုံးက အဆက်အသွယ်ရှိပေမယ့် ယုရို့ရင်နဲ့ ပတ် သက်တယ်ဆိုပြီး ကောလာဟလထွက်နေတဲ့ သြဇာကြီး တဲ့အမျိုးသားတွေရှိသားပဲ၊ အကယ်၍ သူသာ အဲ့လူတွေဆီက အကူအညီယူချင်ရင် သူ့အလှကိုနည်းနည်းရောင်း စားပြီး နေရာကောင်းရှာနိုင်တယ် မဟုတ်ဖူးလား။]

[သူက အပြင်မှာထွက်တဲ့ ကောလဟာလတွေအရ ငါတို့ဆီရောက်လာရင်တောင် သူ ချင်ကျောက်နဲ့ ကောင်းကောကို အရင်ချဉ်းကပ်သင့်တာ။ ထက်မြက်တဲ့အမျိုးသမီး ဖေးကျဲ ဆီလာတယ်ဆိုတာ ဖေးကျဲရဲ့ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ အလားအလာအပေါ် အာရုံစိုက်မှုကိုတန်ဖိုးထားတာကြောင့် မဟုတ်ဘူးလား။]

[ဒါကြောင့် သူက သူ့အနာဂတ်ကိုလုံခြုံစေဖို့အတွက် သူ့ရဲ့အရည်အချင်းတွေကို အားကိုးချင်တာလေ။]

မားမားချင်နဲ့ ချင်ရုန် နားထောင်ပြီး ချက်ချင်းခေါင်း ညိတ်လိုက်ပြီး ဒါအဓိပ္ပာယ်ရှိသည်ဟုခံစားရသည်။

ဖေးမင်ရွမ် ပြုံးပြီး "ဒီရှုထောင့်ကနေ တွေးကြည့်တော့လဲ မမှားဘူးပဲ။ သူက ငါတို့နဲ့လက်မှတ်ထိုးဖို့ လျော်ကြေးနဲ့ ကြော်ငြာဖိုးတွေကိုနည်းနည်းပဲတောင်းထားတယ်၊ ဒါပေမယ့် သူ့မှာ အထူးတောင်းဆိုချက်တစ်ခုရှိတယ်။"

"အဲ့ဒါ ဘာလဲ ?" ကျီဖေး စိတ်ဝင်တစားမေးလိုက်သည်။

"အတူအိပ်ခိုင်းတာမျိုး မလုပ်ဖို့"

ကျီဖေး၏အမူအရာ ချက်ချင်းပြောင်းသွားသည်။

တိတ်ဆိတ်နေသည့် အခန်းထဲ ဒီစကားကိုကြားလိုက်ရချိန်မှာ ပိုပြီးတိတ်ဆိတ်သွားသလိုခံစားရသည်။ အသက် ရှူသံများပင် ပိုပြီးတိုးသွားသလိုနှယ်။

ကံကြမ္မာမှ သူ့ကိုယ်သူကယ်တင်ဖို့ရာ ဖြစ်နိုင်သမျှနည်းလမ်းရှာနေသည့် အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသလိုပင်။

All Chapters