← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

ဖေးမင်ရွမ်သည် ယုရို့ရင်အပေါ် ရည်ရွယ်ချက်ရှိရှိစာနာ စိတ်ဖြစ်ရန် မကြိုးစားသော်လည်း ဤအသိုင်းအဝိုင်းထဲမှ အချက်အလက်အချို့သိခဲ့ရသည်။

ယုရို့ရင်၏အခြေအနေသည် တကယ်သနားစရာကောင်းသော်လည်း ဒီလုပ်ငန်းမှာ သူ့ထက်ပိုကံဆိုးသူများသည် ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးသားပင်။ ယုရို့ရင်သည် စိတ်ပိုင်းဆိုင်ရာ ထက်မြက်သောအမျိုးအစားထဲပါဝင်သောကြောင့် ဖေးမင်ရွမ်သည် သူ့အားအောင်မြင်မည်ဟု ယုံကြည်ကာ ခေါ်ရန်အတော်လေးစိတ်ဝင်စားခဲ့သည်။

သို့သော် ကိုယ်စားလှယ်သည် သတိကြီးစွာထားဆဲဖြစ် သည်။

"ဒါ သူ့အကြံပြုချက်ဖြစ်ပေမဲ့ ယုရို့ရင်ရဲ့လက်ရှိစိတ်နေ သဘောထားက ဘယ်လိုဆိုတာပြောဖို့ခက်သည်။ သူမဒီလောကထဲဆယ်နှစ်ကျော်နေပြီး တစ်ခါနာမည်ပျက် စာရင်းအသွင်းခံခဲ့ရသည်။ ပြင်ပပြဿနာတွေလည်း ကိုင်တွယ်ရခက်နေပြီဖြစ်ပြီး သူမကိုယ်တိုင်လည်း ဒုက္ခ ရောက်နေတယ်ဆိုရင်..."

ကျီဖေး သူ့ခံစားချက်ကိုပြန်တွေးပြီး "အနုပညာရှင်တွေကို ဒီလိုအမြဲတမ်းလက်မှတ်ထိုးတာ မဟုတ်ဘူးလား။ သူတို့နဲ့ အလုပ်စလုပ်ပြီးရင် သူတို့ကောင်းလား ဆိုးလားဆိုတာ ရှင် သိတာပဲ။ အဆိုးဆုံးမှ စာချုပ်ရပ်စဲလိုက်တာပေါ့ ဖေးကျဲ စာချုပ်ထဲမှာ သူ့ကို အခွင့်ကောင်းယူခွင့်ပေးမှာမဟုတ်ဘူးလို့ ကျမ ယုံတယ်။"

ဖေးမင်ရွမ် ပြုံးပြီး "ဒါဆို ကျီလောင်ရှစ်က ကျမ လက် မှတ်ထိုးချင်တာကို သဘောတူတယ်လို့ဆိုလိုတာလား။"

ကျီဖေး ရုတ်တရက်စိတ်ရှုပ်သွားသည်။ ဖေးမင်ရွမ်က ဘာကြောင့် သူ့ထင်မြင်ချက်ကို ဆက်မေးနေတာလဲ ? ဖေးကျဲရဲ့ အကြံဥာဏ်နဲ့ လုပ်မယ်လို့ပြောထားတာမဟုတ်ဘူးလား ? အဲ့နယ်ပယ်ကို သူ သိပ်နားမလည်ဘူးလေ။

ရုတ်တရက် ချင်ရှန့်သည် သူ့အနားသို့တစ်စုံတစ်ခုတိုးတိုး ပြောရန် သူမအားလက်ပြလိုက်သည်။

ကျီဖေး သူ့ဖုန်းကိုကိုင်လိုက်ပြီး နားစွင့်နေလိုက်သည်။ ချင်ရှန့် ကျီဖေးနားနားသို့တိုးကပ်လာပြီး "ယုရိုရင်နဲ့ လက် မှတ်ထိုးဖို့ မင်း အကြံပြုတာကိုသေချာစေချင်နေတာ"

ကျီဖေး၏နားရွက်မှ နွေးထွေးသောအသက်ရှုသံများ သည် ကလိထိုးနေသဖွယ် ချင်ရှန့်၏အေးမြသောနှုတ် ခမ်းများမှ မတော်တဆပွတ်တိုက်မိကာ အလိုလိုတုန် လှုပ်သွားခဲ့သည်။

ကျီဖေး သူမ ထိလိုက်သည့်အရာကိုဂရုမစိုက်ပေမယ့် ချင်ရှန့်သည် သူ့နှုတ်ခမ်းတွေကိုဖိကပ်လိုက်ပြီး သူ့အာဒမ်ရဲ့ပန်းသီးမှာ လှုပ်ရှားသွားကာနောက်ပြန်ဆုတ်သွားသည်။

သို့သော် ကျီဖေးသည် ချင်ရှန့်၏အရိပ်အမြွက်ကိုနား လည်သည်။ ထက်မြက်သော စီးပွားရေးသမားတစ်ယောက်ဟည် မျှော်လင့်ထားသည့်အတိုင်း သူ့အတွေးသည် အမှန်ပင်လျင်မြန်သည်။

ကျီဖေး အတော်လေးစိတ်တိုသွားသည်။ ဖေးမင်ရွမ်သည် သူမနှင့်အတူချုံပုတ်တစ်ဝိုက်တွင် ရိုက်နှက်နေသော်လည်း ယုရို့ရင်သည် အပျက်သဘောဆောင်လွန်းကာ ဆွဲဆောင်မှုရှိလာမည်ကိုစိုးရိမ်နေပုံပေါ်သည်။ အား ကောင်းမောင်းသန်ကျောထောက်နောက်ခံမရှိသည့် အတွက် သူမမှာအပြစ်မရှိသော်လည်း၊ Ladies' Club ၏ မကြာသေးမီက အမည်ပျက်စာရင်းသွင်းခြင်းစီစဉ်ခြင်းကဲ့သို့ ပြိုင်ဘက်များ၏ဆွဲဖြဲခြင်းကို ခံရမည်ဖြစ်သည်။

တကယ်တော့ ဖျော်ဖြေရေးနယ်ပယ်ထဲ အမှားအမှန်ကို တရားမျှတမှုဖြင့် မဆုံးဖြတ်ဘဲ ဘယ်သူရဲ့အရင်းအနှီးက ပိုအားကောင်းလဲ ? အရင်းအနှီးပံ့ပိုးမှုဖြင့်သည် တရားမျှ တမှုနှင့်ညီမျှကာ ဖြောင့်မတ်တည်ကြည်မှုဖြစ်လာခဲ့သည်။ မဟုတ်ပါက ဖျော်ဖြေရေးနယ်ပယ်ထဲ ပါဝါဆုံးရှုံးပြီးမှပြန်လည်ပေါ်ပေါက်လာသည့် လူဟောင်းတွေအများ ကြီးရှိမည်မဟုတ်ချေ။

ဖေးမင်ရွမ်သည် ယုရို့ရင်မှာ ဒုက္ခများနှင့်ပြည့်နေမှန်းသိသည်။ သူ့ထံ မစ္စစ်ချင်ဖြစ်သည် ကျီဖေးမှကျောထောက် နောက်ခံအဖြစ်ရှိနေပါက ကြောက်စရာမရှိပေ။ ယင်းအ စား၊ ၎င်းသည် အရှေ့လေကိုချေးငှားခြင်းကဲ့သို့ဖြစ်လာလိမ့်မည်—အရှုပ်တော်ပုံများ ပိုမိုဆိုးရွားလေ၊ ယုရို့ရင်သည် တစထက်တစပိုမိုမြင့်မားလာမည်ဖြစ်သည်။

သို့သော် ကျီဖေးအခက်အခဲတွေ့ခဲ့ပါက ယုရို့ရင်နှင့် လက်မှတ်ထိုးလိုက်ခြင်းသည် အာလူးပူပူကိုကိုင်ထားရသလိုပင်။

နောက်ဆုံး ချင်ကျောက်မှ လက်ပြနှုတ်ဆက်တော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ဒီည သူမဖုန်းဆက်ရသည့်အဓိကအကြောင်းရင်းဖြစ်သည့် ထိုကိစ္စအားသေချာအောင်လုပ်ရမည်ပင်။

မူလက Ladies' Club အဖြစ်အပျက်ကိုကြားပြီးနောက် ဖေးမင်ရွမ်သည် ကျီဖေး၏ထောက်ခံမှုကိုစွန့်လွှတ်ရန် စဉ်းစားခဲ့သော်လည်း ယုရို့ရင်၏ကောင်းမွန်သောသဘောထားကိုတွေ့ရှိပြီးနောက် ထပ်မံစမ်းသပ်မေးမြန်းခဲ့ခြင်းဖြစ်သည်။

မထင်မှတ်ပဲ၊ ယုရို့ရင်အပေါ်ထားသည့် ကျီဖေး၏ သဘောထားမှာမဆိုးပေ။ ထို့ကြောင့် သူမက ထပ်ပြီး စုံစမ်းလိုက်သည်။

[ငါက ကျောထောက်နောက်ခံဖြစ်ပေးနိုင်လားလို့ မေးနေတာလား ? အဲဒါက ငါ ခက်ခဲတဲ့အနေအထားမှာ ရောက်နေတာကို ဘယ်သူ သိမှာလဲ...]

ကျီဖေး စိတ်မသက်မသာဖြင့် တစ်ခုခုပြောတော့မည်ကို သိလိုက်သကဲ့သို့ ချင်ရှန့်၏မျက်ခုံးများသည် ချက်ချင်းတွန့်ချိုးသွားသည်။

သူက အလေးအနက်ထားပြောလာသည်။

"မင်းက မစ္စစ်ချင်၊ မင်း အရာအားလုံးကို ငါနဲ့ ဝေမျှထားတာ၊ မင်းကြိုက်သလောက် ဘယ်သူ့ကိုမဆို မင်းကျော ထောက်နောက်ခံဖြစ်ပေးလို့ရတယ်။"

ချင်ရှန့် အလွန်လိုက်လျောညီထွေရှိသည့်အတွက် ကျီဖေးအံ့သြသွားသော်လည်း သူတွေးမနေနိုင်တော့ချေ။

[အနာဂတ်မှာ ငါတို့ကွာရှင်းရင်...]

ချင်ရှန့် : ...မင်း ငါတို့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး နည်းနည်းလေး အကောင်းမြင်ပေးပါလား ??

မားမားချင်နှင့် ချင်ရုန်သည် တစ်ဖက်တွင် ချောင်းဆိုးလာကြသည်။

မားမားချင်က "စိတ်မပူနဲ့ ဖေးဖေး၊ ငါတို့ ချင်မိသားစုက တကယ်သနားစရာကောင်းတဲ့ မိန်းကလေးဆိုရင် ကံကြမ္မာပါ။ ငါတို့တတ်နိုင်သလောက် ကူညီရမယ်၊ ရှေ့ဆောင်လမ်းပြလုပ်ပြီး လှုဒါန်းတယ်လို့သဘောထား၊ အဲဒါကို ပရဟိတလို့ပဲစဉ်းစားလိုက်။"

မားမားချင်စကားကြောင့် ကျီဖေး နောက်ဆုံး "ဖေးကျဲ၊ ကျမ ဒီကိစ္စနဲ့ ပတ်သက်ပြီးပြဿနာမရှိဘူး။"

ဖေးမင်ရွမ်သည် ဖုန်းတစ်ဖက်မှ စကားပြောဆိုမှုကိုကြားပြီး တစ်ဖက်မှာ ချမ်းသာသော ချင်မိသားစုဖြစ်လိမ့်မည်ဟုမှန်းဆခဲ့သည်။ သူတို့မှာ ဒီလိုချွေးမတစ်ယောက်ရှိတာ အံ့သြစရာမရှိတော့ဘူး။ တစ်မိသားစုလုံးက ကြင်နာတတ်တဲ့ပုံပဲ။

"ကောင်းပြီ၊ ကျမ နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ သူ့ စာချုပ်ပြည့်မယ့်အချိန်က နောက် PK ပြီးမှဖြစ်နိုင်တယ်။ အဲ့ဒီ မတိုင်ခင် သူ့ကို သေချာအကဲဖြတ်လိုက်မယ်"

သူမ ဆုံးဖြတ်ချက်ချပြီးနောက် ဖေးမင်ရွမ် ဖုန်းချလိုက်သည်။

လူတိုင်း ယုရို့ရင်အကြောင်းသိချင်စိတ်ကြောင့် အမျိုးမျိုးသောအချက်အလက်များကို အပြန်လမ်းတွင် ရှာဖွေခဲ့ကြသည်။

ရှာဖွေမှုရလဒ်များထွက်ပေါ်လာသည်နှင့်တပြိုင်နက်၊ "အငယ်အနှောင်း" "လျှို့ဝှက်ချစ်သူ" "မိန်းမယုတ်" "ဖြားယောင်းသူ" ဟူသော ဝေါဟာရများအမျိုးမျိုးဖြင့် ရှိနေလေရာ ခေါင်းကိုက်စေခဲ့သည်။

လှည့်ဖြားခြင်းခံရခြင်းမှရှောင်ကြဉ်ရန် လူတိုင်းသည် ကျီဖေးအတွင်းစိတ်ထဲမှ သတင်းကိုသာရယူလိုကြပြီး ကျီဖေးသည် ယခုအမှန်တကယ်စူးစမ်းနေသောကြောင့် စိတ်မပျက်ခဲ့ရပေ။

[အင်း၊ ဒါက ကြေကွဲစရာကောင်းလွန်းတယ်။]

ချင်မိသားစုဝင်များသည် ထိုကဲ့သို့ပြင်းထန်သောစိုးရိမ်မှုဖြင့် အတင်းအဖျင်းပြောဆိုခြင်းအား ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

[သူ့သွင်ပြင်ကိုက အပြစ်ဖြစ်နေတာ]

ကားထဲရှိလေထုမှာ တိတ်ဆိတ်နေပြီး အားလုံးစိတ်လှုပ် ရှားစွာစောင့်နေကြသည်။

[ယုရို့ရင် ငယ်ဂယ်လေးထဲက သာမန်မိန်းကလေးတွေထက်ဖွံ့ဖြိုးလာတာကြောင့် သူ ငယ်ငယ်လေးတည်းက ယောင်္ကျားလေးတွေဆီကနှောင့်ယှက်ခံရတယ်၊ မိန်းက လေးတွေဆီက ဝိုင်းပယ်ခံရတယ်။ ကံကောင်းလို့ သူ့မှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးရှိနေလို့ သူ့ရဲ့ပင် ကိုယ်စရိုက်မှာ ချို့ယွင်းချက်တစ်ခုမှမရှိခဲ့ဘူး။]

[သူ ခြောက်တန်းကျောင်းသားအရွယ်က ဘဝရဲ့ ပထမဆုံးကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်။ အကျင့်မကောင်းတဲ့ဆရာတစ်ယောက်က သူ့ကို မကောင်းတဲ့အကြံနဲ့ အတင်းပွေ့ဖက်ခဲ့တယ်။ ကံကောင်း လို့ သူက အမြဲတမ်းတိုက်ခိုက်တတ်သူဖြစ်တာကြောင့် ဆရာရဲ့ခေါင်းကို ရိုက်ခွဲပစ်ပြီးထွက်ပြေးခဲ့တယ်။ သူ့မိဘတွေက သူ့အတွက်တရားမျှတမှုရဖို့ ကျောင်းမှာပြဿနာရှာခဲ့ကြတယ်။ ဒါပေမယ့် ကျောင်းက မကောင်းသတင်းကိုဖုံးကွယ်ချင်တာလား၊ ဒါမှမဟုတ် ဆရာကိုကာကွယ်ဖို့လားဆိုတာ မသေချာဘူး။ ယုရို့ရင်ရဲ့အတွေ့အကြုံကို လုံးဝမယုံကြည်ဘဲ ကလေးရဲ့စိတ်ကူးယဉ်မှု၊ မိဘတွေရဲ့အာရုံစိုက်မှုကိုရဖို့လိမ်နေတာ၊ ဒါမှမဟုတ် ဆရာအမှတ်ပိုမပေးတာကို လက်စားချေတာလို့ပြောခဲ့ကြတယ်။]

[တကယ်တော့ သက်သေမရှိလို့၊ ယုရို့ရင်ရဲ့မိဘတွေက ရိုးသားတဲ့သူတွေဆိုတော့ နောက်ဆုံးမှာ သမီးဖြစ်သူကို ကျောင်းပြောင်းပေးဖို့ဒေါသထွက်ခဲ့ရတယ်။]

မားမားချင်နှင့် ချင်ရုန်က ထိုသည်ကိုကြားတော့ ဒေါသထွက်သွားသည်။ ထိုအချိန်တွင် ချင်ရုန် ကောလဟာလတစ်ခုကိုတွေ့လိုက်သည်။

အဲဒါက ယုရို့ရင်သည် ငယ်ရွယ်စဉ်ကတည်းက ရိုင်းစိုင်းတတ်ကြောင်း၊ အကျိုးအမြတ်ရရှိရန် အောက်တန်းကျသောလိမ်ညာမှုများကိုနှစ်သက်ပြီး မုသားစွပ်စွဲသည့် လိမ်လည်စွပ်စွဲမှုများပြုလုပ်ခဲ့ကြောင်း မူလတန်းကျောင်းဆရာတစ်ဦးမှ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ် သည်။ တကယ်တော့ သူမသည် သူ့အား ဖြားယောင်းသွေးဆောင်ဖို့ကြိုးစားကာ ငယ်စဉ်ကတည်းကပင်ညစ် ညမ်းနေခဲ့သည်ဟုဆိုထားသည်။

ချင်ရုန် ဒေါသတကြီးဖြင့် လူတိုင်းကိုပြလိုက်သည်။

[ကောင်းပြီ၊ ဒီလိုယုတ်မာတဲ့သားရဲကို ဒီအတိုင်းထားလို့ မရဘူး။]

"အဲ့လိုစွပ်စွဲချက်တွေက ဘယ်လိုမှအထောက်အထားမရှိနိုင်ဘူး။ ဇာတ်လမ်းတိုင်းမှာ နှစ်ဖက်ရှိတာပဲ။ ဒီဆရာမှာပြဿနာရှိတယ်ဆိုရင်၊ သူ့ကြောင့် ကလေးတွေဘယ် လောက်ထိခိုက်နိုင်လဲဆိုတာ စုံစမ်းသင့်တယ်" ဟု မားမားချင် အလျင်အမြန်ဝင်ပြောသည်။

[မားမားချင်ရဲ့သတိထားမှုက အရမ်းမြင့်တယ်! ကောင်းတယ်!]

ချင်ရှန့် တစ်ချက်ကြည့်လိုက်ပြီး "နားလည်ပါပြီ၊ တစ် ယောက်ယောက်ကိုကိုင်တွယ်ခိုင်းဖို့ စီစဉ်လိုက်မယ်"

သို့သော် သူစကားပြောပြီးသည်နှင့် ကျီဖေးအံ့သြသွားသည့်အသံကိုကြားလိုက်ရသည်။

[အဲဒါ မလိုအပ်ဘူးလို့ထင်တယ်။ အဲ့ဆရာကို ကိုင်တွယ်ပြီးပြီ။]

အားလုံးအံ့အားသင့်သွားပြီး ကျီဖေးကိုချောင်းကြည့်ရာ အနည်းငယ်မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသည်။

[သူ အဲ့ကောလာဟလကိုမြင်ပြီးနောက် ယုတ်မာတဲ့ဆရာကိုသတိရသွားတယ်။ သူ့လိုမိန်းကလေးတွေ ထပ်မံမနစ်နာရအောင် စိုးရိမ်တာရယ်...အဲဒီအချိန်က သူ မတရားဖိအားပေးခံခဲ့ရတဲ့ sugar daddy ဆီကနေ အကူအညီတောင်းခဲ့တယ်။ Sugar daddy က တရားဥပဒေနည်းလမ်းတွေနဲ့ မစပ်သလို ယုရို့ရင်ကိုနှောင့်ယှက်တဲ့သူလို့ သဘောထားပြီး အဲ့ဆရာရဲ့ခြေသုံးချောင်းလုံးချိုးပစ် လိုက်ပြီး သူ့ကိုမသန်စွမ်းအဖြစ်ပြောင်းလဲပေးလိုက်တယ်။]

ကားသည် အချိန်ခဏတာငြိမ်သက်သွားသည်။

[ဒါဆို ဘာလို့ အဲ့အလယ်တန်းကျောင်းသားသုံးယောက်ကို ရှာပြီးလက်စားမချေလိုက်ကတာလဲ ? သူတို့ကိုလည်း ခြေသုံးချောင်းလုံး ရိုက်ချိုးလိုက်သင့်တယ်။]

All Chapters