← Chapters

အခန်း (၁၂၄)

Vol. 13 Ch. 124

အခန်း (၁၂၄)

Vol. 13 Ch. 124

မားမားချင်နှင့် ချင်ရုန်တို့သည် အကြောင်းအရာတစ်ခုခုရှိမရှိ လျင်မြန် စွာ ရှာဖွေကြည့်ခဲ့ကြသည်။

အမှန်ပင်၊ အလယ်တန်းကျောင်းသူဟောင်းတစ်ဦးထံမှ ဖော်ထုတ်ခံရ သည်ဟု ဆိုသည့် ကောလာဟလတစ်ခုကို သူတို့တွေ့ ရှိခဲ့သည်။

"ယုရို့ရင်က အလယ်တန်းကျောင်းတုန်းက ယောက်ျားလေးတွေနဲ့ မကြာခဏပြောဆိုဆက်ဆံလေ့ရှိပြီး တစ်ပြိုင်နက်တည်း ယောက်ျားလေးတွေအများကြီးနဲ့ ဆက်ဆံခဲ့တယ်။ သူက ကျောင်းမှာရှိတဲ့ ယောက်ျားလေးအားလုံး သူ့အနားမှာဝန်းရံနေစေချင်တာ၊ အရမ်းကို စိတ် ကူးယဉ်တဲ့သူပဲ။ သူက သူတို့ကိုစွဲလန်းစေခဲ့ပေမယ့် နောက်ပိုင်းမှာ အတူမနေချင်တော့ဘဲ လူတွေကိုကစားခဲ့တာ။ နောက်ဆုံးတော့ ဒေါသထွက်နေတဲ့ ယောက်ျားလေးတွေက သူ့ကိုလက်စားချေခဲ့ကြပြီး အရာရှိတွေကိုဖုန်း ဆက်ရတဲ့အထိဖြစ်သွားခဲ့တယ်။ သူက သူတို့ကိုတရားစွဲမယ်လို့တောင် ခြိမ်းခြောက်ခဲ့ပြီး နောက်ဆုံးကောင်လေးတွေအကုန် ကျောင်းပြောင်းသွားခဲ့ရတယ်။ သူက ပြဿနာရှာတဲ့သူပါ။ ကျွန်မတို့အတန်းဖော်တွေ အကုန် လုံး ဘယ်သူမှ သူ့ကိုမကြိုက်ကြဘူး၊ သူ ဘယ်လိုလူမျိုးဆိုတာ အားလုံးသိကြတယ်။"

ထိုအချိန်တွင် ကျီဖေး၏ အတွင်းစိတ်ထဲမှအသံသည် လုံးဝကွဲပြားသော အဖြစ်မှန်ကို ပြောပြလိုက်သည်။

[ယုရို့ရင်ရဲ့အနောက်မှာထိုင်ကြတဲ့ အဲ့ဒီသုံးယောက်ကလည်း သားရဲလေးတွေပဲလေ။ သူတို့ရဲ့ ဆယ်ကျော်သက်အရွယ်က တကယ့်ကို စိတ်မနှံ့တဲ့အဆင့်ထိရောက်သွားခဲ့တာပဲ။ သူတို့ရဲ့ စိတ်ကူးနဲ့ တွန်းအားတွေကို မထိန်းချုပ်နိုင်ဘဲ ညစ်ညစ်ညမ်းညမ်းတွေကြည့်ပြီးနောက် ယုရို့ ရင်ကို မှားယွင်းတဲ့အမြင်နဲ့ကြည့်ခဲ့ကြတယ်၊ သူရဲ့လုပ်ရပ်တိုင်းကို မှားယွင်းစွာအဓိပ္ပာယ်ကောက်ခဲ့ကြတယ်။ သူတို့က မကြာခဏဝါကြွားပြီး နှိုင်းယှဉ်ကြတယ်၊ တစ်ယောက်က ယုရို့ရင် သူ့ကိုကြိုက်နေတယ်လို့ ခံစားရတယ်လို့ပြောပြီး၊ နောက်တစ်ယောက်ကျတော့ ယုရို့ရင်က သူ့ရှေ့မှာတမင်ပြပြီး သူ့ကိုဖြားယောင်းတယ်လို့ပြောတယ်၊ နောက်တစ်ယောက်ကျတော့ သူနဲ့ ယုရို့ရင်တို့ တောထဲမှာ ဘာညာဘာညာ လုပ်ခဲ့တယ်လို့တိုက်ရိုက်ပြောလာတယ်။ တချို့က မယုံကြည်ဘဲ အထောက်အ ထားလိုချင်ကြတယ်၊ တချို့က မနာလိုဖြစ်ပြီး သူတို့လည်း စမ်းကြည့်ချင်ကြတယ်၊ အဲ့ဒါကြောင့် သူတို့သုံးယောက်က ယုရို့ရင်ကိုတောထဲဆီ လှည့်စားပြီးခေါ်သွားခဲ့တယ်။]

[ အစကတော့ သူတို့ ယုရို့ရင်ကို ဘယ်သူ့ကို စိတ်ဝင်စားနေလဲလို့မေးမြန်းချင်ရုံပဲ။ ယုရို့ရင်က သူ့ရဲ့အနေအထားကိုနှိမ့်ချနေတဲ့အချိန်မှာ ဒီလိုအရာတွေနဲ့ ကြုံရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ ဒေါသထွက်ပြီး သူတို့ကိုပြင်းပြင်းထန် ထန်ဆူပူခဲ့တယ်၊ ဒါပေမယ့် ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ အသက်အရွယ်မရွေးထိခိုက်လို့မရဘူး။ မကောင်းတဲ့အတွေးတွေက ထိန်းမရဘဲပေါက်ထွက်လာပြီး ယုရို့ရင်ဆီကိုဦးတည်သွားခဲ့တယ်။]

[ အဲ့ဒီနောက်မှာတော့ အဲ့တာက ကျောင်းတစ်ကျောင်းပဲလေ။ အော်ဟစ်သံတွေကြားပြီး လူတွေကအမှုဖြစ်မသွားအောင် မြန်မြန်ဆန်ဆန်ဟန့်တားခဲ့ကြတယ်။ ကောင်လေးတွေလည်း သတိရလာပြီး ကြောက်လန့်သွားခဲ့ကြတယ်။ ယုရို့ရင်ရဲ့ မိဘတွေရောက်လာတော့ ရဲကိုဖုန်းဆက်ပြီး တရားစွဲဆိုခဲ့တယ်။ အခြားမိဘတွေကလည်း ဆူပူကြပြီး သူတို့ရဲ့ကလေးတွေကိုကာကွယ်ပြီးတော့ ယုရို့ရင်ကို ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုခဲ့ကြတယ်၊ သူ့ကို ကြည့်ရုံနဲ့တင်တည်ကြည်မှုမရှိဘူးဆိုတာ သိနိုင်တယ်ဆိုပြီးလေ၊ ဒီလိုဖြစ်ဖို့က နှစ်ဦးနှစ်ဖက် သဘောတူမှရတာဆိုတာမျိုးတွေပြောခဲ့ကြတယ်။ ယောက်ျားလေးသုံးယောက်ကလည်း ယုရို့ရင်ဘင်က သူတို့ကိုအရင်ဖြားယောင်းခဲ့တာဆိုပြီးဇွတ်ပြောခဲ့ကြတယ်။]

[ များပြားလှတဲ့သက်သေတွေနဲ့ အခြေအနေက အရမ်းဆိုးနေတဲ့အတွက် ယုရို့ရင်က တရားဥပဒေအရတရားမျှတမှုကိုရရှိခဲ့တယ်။ ဒါပေမယ့် သူတို့ကအရွယ်မရောက်သေးတဲ့ကလေးတွေဖြစ်တဲ့အတွက် အပြစ်ဒဏ်မပြင်း ထန်ခဲ့ဘဲ နောက်ပိုင်းမှာ ကျောင်းပြောင်းသွားခဲ့ကြတယ်။ ယုရို့ရင်လည်း အဲ့ဒီကိစ္စကြောင့် နောက်ထပ်ကျောင်းပြောင်းခဲ့ရပြန်တယ်။]

မားမားချင်နှင့် ချင်ရုန်တို့ အလွန်ဒေါသထွက်နေပြီး ဤဖော်ထုတ်ခံရသည့်အကြောင်းအား လျင်မြန်စွာထုတ်ယူကာ ကျီဖေးနှင့်ဆွေးနွေးခဲ့ကြသည်။ယုံကြည်မှုမရှိကြောင်း ခိုင်မာစွာပြောဆိုခဲ့ကြပြီး ယုတ္တိမကျမှုတွေကို ထောက်ပြခဲ့ကြကာ ဒီသားရဲကောင်သုံးကောင်ကို ဆဲဆိုခဲ့ကြသည်၊ ဒါ သူတို့အမှားဖြစ်ကြောင်း ရှင်းရှင်းလင်း လင်းပြောခဲ့ကြပြီး ဒီအကြောင်းကို တမင်တကာလှည့် စားရေးသားခဲ့သူကိုလည်း ဆဲဆိုခဲ့ကြသည်။

သူတို့ ဆဲဆိုနေစဉ်မှာလက်ချော်ပြီး နောက်ထပ်ဖော် ထုတ်ခံရသည့် အကြောင်းတစ်ခုကို ဆွဲချလိုက်မိသည်။

"ယုရို့ရင်အတွက်အထက်တန်းကျောင်းသားတစ်ယောက် ကိုယ့်ကိုကိုယ် သတ်သေခဲ့ဖူးတယ်။”

သူတို့သုံးယောက် ရုတ်တရက်တိတ်ဆိတ်သွားခဲ့ကြသည်။ မားမားချင်နှင့် ချင်ရုန် တို့ လျင်မြန်စွာကြည့်ခဲ့ကြသည်။

ကျီဖေးလည်း အမြန်စစ်ဆေးခဲ့သည်။

[ ဟင်း::... ဒုက္ခတွေက အမြဲတမ်း အားအနည်းဆုံးနေရာကို ရိုက်ခတ်တတ်တယ်၊ ပြီးတော့ ကံဆိုးမှုတွေက ကံဆိုးသူကိုပဲ လိုက်ရှာတတ်တယ်။ ဒီရုပ်ရည်သွင်ပြင်က တကယ့်တော့ ကျိန်စာတစ်ခုပဲမဟုတ်ဘူးလား ? အထက်တန်း ကျောင်းတုန်းက သူက သူ့အသွင်အပြင်ကို စိတ်ပျက် လက်ပျက်နဲ့ ပျက်စီးအောင်လုပ်ခဲ့တာ အံ့သြစရာမရှိဘူး။ မိဘနှစ်ပါးလုံးသေဆုံးသွားတဲ့ဒဏ်ကို ဘယ်သူမှခံနိုင်မှာမဟုတ်ဘူး။]

မားမားချင်နှင့် ချင်ရုန်တို့ အသက်ရှူသံများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

[ တကယ်တော့ ဒါက မတရားခံရတဲ့ ကပ်ဘေးပဲ။အထက်တန်းကျောင်းတုန်းက ယုရို့ရင်က များသော အားဖြင့် ပြုံးတာမရှိဘဲ အမြဲတမ်းမာနကြီးတဲ့အမူအရာနဲ့ နေခဲ့တယ်၊ ဘယ်သူနဲ့မှ မနီးစပ်ဘဲနေခဲ့တယ်၊ တကယ်တော့ နားလည်မှုလွဲတာမျိုးတွေမဖြစ်အောင်ပါ။ ဒါပေမယ့် သူ့ကို တိတ်တခိုးချစ်နေတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့တယ်။]

[ သူ့မိဘတွေက အာဏာရှင်ဆန်ပြီး သူ့ကို စာကျက်ဖို့ပဲ ဖိအားပေးခဲ့တယ်၊ ဖိအားတွေများလွန်းတဲ့အတွက် သူက စိတ်မတည်မငြိမ်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် သူ့မိဘတွေကစိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဂရုမစိုက်ဘဲ သူ့ရဲ့ အမှတ်တွေကျတဲ့အခါမှာ သူ့အခန်းကိုရှာဖွေပြီး သူ ဝှက် ထားတဲ့ ယုရို့ရင်ရဲ့ဓာတ်ပုံတွေကိုတွေ့ ခဲ့ကြတယ်။ သူတို့ရဲ့သားက မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ဓတိတ်တဆိတ်ရိုက်ယူလိမ့်မယ်လို့ မယုံကြည်တဲ့အတွက် ကျောင်းကိုသွားပြီး ယုရို့ရင်ကိုဆွဲထုတ်ပြီး မေးမြန်းခဲ့ကြတယ်။ ဘာကြောင့် သူတို့သားကို ဓာတ်ပုံတွေပေးဖြား ယောင်းပြီးတော့ စာကျက်ဖို့အာရုံမစိုက်အောင်လုပ်နေ တာလဲဆိုပြီးတော့လေ။]

[ ကျောင်းတစ်ကျောင်းလုံး ဝိုင်းကြည့်နေတဲ့အချိန်မှာ ဒါ ကောင်လေးကိုလှုံ့ဆော်ပေးလိုက်တာပဲ။ နောက်ဆုံး ဖိအားတွေကို မခံနိုင်တော့ဘဲ အဆောက်အဦးပေါ်ကနေ ခုန်ချသတ်သေသွားခဲ့တယ်။ ယုရို့ရင်က သူ့ ကိုတောင်မသိဘူးဆိုတာ သက်သေပြီးနောက်မှာတောင် ကောင်လေး ရဲ့မိဘတွေက ယုရို့ရင်ကို အဲ့တာက သူ့ကြောင့်ဆိုပြီး ရူးသွပ်စွာလက်စားချေခဲ့ကြတယ်၊ သူ့ကိုစွပ်စွဲခဲ့ကြတယ်၊ သူ့ ကြောင့် သူတို့သားသေဆုံးရတာဆိုပြီး သူ့ကိုလျော် ကြေးပေးဖို့တောင် တရားစွဲချင်ခဲ့ကြတယ်။ သူ့ကိုသာမက သူ့မိဘတွေကိုပါနှောင့်ယှက်ခဲ့ကြတယ်၊ သူတို့ရဲ့ အလုပ်ကို မတည်ငြိမ်အောင်လုပ်ခဲ့ကြတယ်။ အဆုံးမှာတော့ သူ့မိဘတွေက စိတ်ပိုင်းဆိုင်ရာပြိုလဲသွားလို့ ကားမောင်းနေတဲ့အချိန်မတော်တဆမှုဖြစ်ပြီး နှစ်ယောက်စလုံးသေဆုံးသွားခဲ့ကြပြီး၊ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့ အဖွားတစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။]

[ ဒီဖြစ်ရပ်ဖြစ်ပြီးနောက်မှာ ယုရို့ရင်ကို သိတဲ့သူတွေက သူ့ကိုမြင်တဲ့အခါ ဝမ်းနည်းကြတယ်၊ ကလေးက သနားစရာကောင်းလို့တော့မဟုတ် ဘူး... ဒါပေမယ့် အလှတရားက ကပ်ဘေးဖြစ်စေတာကြောင့်ပဲ။]

၎င်းကိုကြားသောအခါ မားမားချင်နှင့် ချင်ရုန်တို့မျက် လုံးများနီမြန်းလာခဲ့သည်။ ယုရို့ရင် ဘာကြောင့် ဒီလောက်ကြီးမားတဲ့ တန်ဖိုးကိုပေးဆပ်ရမှာလဲ? ဒါ သူတို့ကြည့်ဖူးတဲ့ ဝမ်းနည်းစရာဇာတ်လမ်းတွေ ထက်တောင် ပိုပြီးဝမ်းနည်းစရာကောင်းနေသည်။ ဒါ ဘယ်လိုလူသား ဆန်တဲ့ ဝမ်းနည်းစရာဇာတ်လမ်းလဲ ?

"ဒီဖော်ထုတ်ခံရတဲ့အကြောင်းက အရင်တစ်ခုထက်တောင် ပိုပြီးလက်တွေ့ မကျဘူး။ ဒါက မိန်းကလေးရဲ့ အမှား ဘယ်လုပ်ဖြစ်နိုင်မှာလဲ?" ဟု မားမားချင် ပြောလာခဲ့သည်။

ချင်ရုန်လည်း ထပ်မံပြောခဲ့သည်။

"ဟုတ်တယ်၊ ဒီဖော်ထုတ်ခံရတဲ့အကြောင်းက မဆီလျော်ဘူး။ ငါထင်တာ သူ့မိဘတွေက အရမ်းဆူပူလိုက်လို့သာ ကလေးက အဆောက်အဦးကနေ ခုန်ချသွားရတာပဲ။"

၎င်းကိုကြားသောအခါ ကျီဖေးက " ငါလည်း ဒီလိုပဲထင်တယ်၊”

နက်ရှိုင်းစွာ အသက်ရှူလိုက်ပြီးနောက် ကျီဖေး ဆက်ဖတ်ခဲ့သည်။

[ ဘာဘဲဖြစ်ဖြစ်.. သူ ဘာကြောင့် ဖျော်ဖြေရေးလောကထဲဝင်ခဲ့တယ်ဆိုတာ ခန့်မှန်းမိပြီလို့ ငါထင်တယ်... တကယ်တော့ သူ့အဖွားရဲ့ကျန်းမာရေးအခြေအနေကြောင့်ပဲ၊ ငွေအများကြီးလိုအပ်ခဲ့တာ။ အစကတော့ ကျောင်းထွက်ပြီး အလုပ်လုပ်ရင်းငွေရှာခဲ့တယ်၊ ဒါပေမယ့် သူ့ သွင်ပြင်ကြောင့် နေရာတိုင်းမှာ နှောင့်ယှက်ခံခဲ့ရတယ်။ ဒါကြောင့် သူက သူ့အသွင်အပြင်နဲ့ဆိုရင် ဘယ်နေရာသွားသွား မကောင်းတဲ့အမြင်တွေနဲ့ ကြုံရမယ်ဆိုတာ သိလာခဲ့တယ်။ ပုံမှန်အလုပ်တွေကလည်း သူ့ အဖွားရဲ့ဆေးကုသမှုအတွက် ငွေမလောက်ငှဘူး။ အဲ့ဒါကြောင့် သူက သူ့အသွင်အပြင်ကိုအသုံးပြုဖို့ ကြိုးစားခဲ့တယ်... ဒါက သူ ဖျော်ဖြေရေးလောကမဝင်ခင် အရင်က ကလပ်တစ်ခုမှာအလုပ်လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပါလား ?]

ထိုအကြောင်းကို သူတို့ဖုန်းများနှင့် အထူးစစ်ဆေးစရာမလိုချေ၊ မကောင်းသတင်းများသည် နေရာတိုင်းတွင် ရှိနေသည်။

[သူ့ရဲ့ ပင်ကိုစရိုက်က အရမ်းခိုင်မာတယ်၊ ပြီးတော့ အဲဒီနေရာမှာ သူကအခြေအနေတွေကို ကျွမ်းကျင်စွာကိုင် တွယ်နိုင်အောင် လေ့ကျင့်ခဲ့တယ်။ သူ့ကို ခေါ်လာတဲ့ အစ်မကြီးဆီက သင်ယူခဲ့တဲ့အရေးကြီးဆုံးအရာက ယောက်ျားတွေကိုသဘောကျအောင်လုပ်ပြီး သူ့ကိုယ်သူ ကာကွယ်နည်းပဲ။ အလှတရားနဲ့ ဘဝရဲ့ ဖိအားတွေကို ထမ်းပိုးထားရတဲ့အတွက် သူ့မှာ အခြားရွေးချယ်စရာမရှိခဲ့ဘူး။ နောက်ဆုံးမှာတော့ သူ့ကိုစတွေ့ ရှိပြီး ဖျော်ဖြေရေးလောကထဲဝင်ခွင့်ပေးခဲ့တဲ့ လက်ရှိအေဂျင်စီနဲ့ တွေ့ ဆုံခဲ့တယ်။]

[သူ့ရဲ့ အမြင်မှာ ဖျော်ဖြေရေးလောကက ကလပ်တွေထက်ပိုပြီးစိတ်ချရတယ်၊ ဒါပေမယ့် သူ မသိခဲ့တာက အေဂျင်စီက သူ့ရဲ့နောက်ခံကို အပြည့်အဝစုံစမ်းထားပြီး သူ့ကို တင်းကျပ်စွာထိန်းချုပ်ထားတယ်ဆိုတာပဲ။ သူက လောကကြီးအကြောင်းမသိသေးတဲ့ အချိန်မှာ သူတို့က သူ့ကို ဆယ်နှစ်ကြာစာချုပ်တစ်ခုကို လက်မှတ်ထိုးခိုင်းခဲ့တယ်၊ ပျက်ကွက်ခဲ့ရင် လုံးဝမတတ်နိုင်တဲ့ပမာဏကို ပေးရမယ့်စာချုပ်ပဲ။ သူတို့ပေးတဲ့အလုပ်တွေ၊ လုပ်ခိုင်းတဲ့အရာတွေ ဘယ်လောက်ပဲများနေများနေ၊ သူ့လစာက သူ့အဖွားရဲ့ဆေးကုသမှုအတွက် လောက်ငှရုံလေးပဲရပြီး တခြားဘာမှကျန်မနေဘူး။]

[ ပြီးတော့ သူ့အသွင်အပြင်ကြောင့် သူ့ကိုချစ်တယ်ဆိုတဲ့ ယောက်ျားတွေထဲက အာဏာနဲ့ဩဇာရှိသူတွေတောင်မှ သူ့ကိုပိုင်ပဲပိုင်ဆိုင်ချင်တာ၊ ကယ်တင်ချင်တာမဟုတ်ဘူး။ သူကယောက်ျားတွေကိုမှီခိုဖို့ ဘယ်တော့မှ မမျှော် လင့်ဘဲ သူ့ကိုယ်သူပဲ အားကိုးခဲ့တယ်။

[ အခုဆိုရင် စာချုပ်သက်တမ်းကုန်တော့မယ်၊ သူ လွတ် လပ်မှုကိုရတော့မယ်။ ဖေးကျဲကို သူ တင်ပြခဲ့တဲ့အချက်တွေက လစာနည်းနည်းတိုးပေးဖို့၊ သူ တတ်နိုင်တဲ့ပမာဏအတွင်းကပဲ ပျက်ကွက်ကြေးပေးဖို့နဲ့ သူ့ကို မရောင်းစားဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက အမြဲဒုက္ခရောက်နေတာ၊ မကောင်းတဲ့သတင်းတွေ အများကြီးရှိတယ်၊ သူ့ကို လက်မှတ်ထိုးဖို့ဆိုတာ အန္တရာယ်များတဲ့အလောင်းအစားပဲ။ ဒါပေမယ့် သူ အလုပ်ကြိုးစားတာကလွဲရင် တခြားဘာမှမကြုံချင်တော့ဘူး။]

[ သူ့အဖွား မသေခင်မှာ သူ့အခြေအနေကိုစိုးရိမ်ရတာမျိုးမဖြစ်စေချင်ဘူး၊ လူတိုင်းက သူ့ကိုဆဲဆိုနေတာကို နားထောင်ရမှာကိုမလိုချင်ဘူး။ သူက သူ့အဖွားကို ဒါ သူ့ကိုမုန်းတဲ့သူတွေရဲ့ တမင်လုပ်ကြံစွပ်စွဲမှုပဲလို့ လှည့်ဖြားပြီးပြောနေရင်တောင် မရှင်းပြနိုင်တဲ့တစ်နေ့ဆိုတာ ရောက်လာရဦးမှာပဲ...]

[ ဝူးဝူးဝူးး ငါ သေသင့်တယ်၊ ငါ ဖေးကျဲကို လက်မှတ်ထိုးခိုင်းလိုက်သင့်တယ်၊ လက်မှတ်ထိုး၊ သေချာကိုလက်မှတ် ထိုးခိုင်းသင့်တယ်]

ထိုအချိန်တွင် ကျီဖေး နောင်တအပြည့်ရနေပြီဖြစ်သည်။ ယုရို့ရင်ကို ပထမဆုံးမြင်သောအခါ သူသည် ဒရာမအား ကြည့်ရှုရန်လုံးလုံးတွေးနေပြီး သူ့အား လှပသည်၊ ဆွဲဆောင်မှုရှိသည်၊ နှစ်လိုဖွယ်ကောင်းသည် ထို့နောက် သဘာဝအတိုင်း အံ့အားသင့်ဖွယ်ကောင်းသည်ဟု ထင် မြင်ခဲ့သည်။ သူက သူ့ရုပ်ရည်ကို သဘောကျပြီး သူသရုပ်ဆောင်ခဲ့သည့် ဇာတ်ရုပ်အချို့အား ကြည့်ရှုရသည်ကိုနှစ်သက်ခဲ့သော်လည်း နောက်ကွယ်တွင် ထိုမျှလောက်ဘသွေးထွက်သံယိုနှင့် မျက်ရည်ကျဖွယ်အတွေ့ အကြုံမျိုးရှိလိမ့်မည်ဟုမထင်ခဲ့ချေ။

မားမားချင်နှင့် ချင်ရုန်တို့သည် ဖုန်းကြည့်ဟန်ဆောင်ကာ ခေါင်းငုံ့ထားပြီး မဟုတ်ပါက မျက်ရည်များကျလာမည်ဖြစ်သည်။

တစ်ဖက်တွင် ချင်ရှန့်သည် သူတို့လောက်စာနာစိတ်မရှိပေ။ တကယ်တော့ ကမ္ဘာပေါ်တွင် ကြေကွဲဖွယ်ကောင်းသူတွေအများကြီးရှိပြီး ယုရို့ရင်နှင့် ဆင်တူသည့် ဖျော်ဖြေရေးနယ်ပယ်မှ မိန်းကလေးများမှာတကယ်မဆန်းပေ။ ယခင်တုန်းကဆိုလျှင် မိသားစုအကြွေးများဆပ်ရန် ရောက်လာသည့်သူများပင် များလှသည်။

အနည်းဆုံးတော့ ယုရို့ရင်သည် ၎င်းအတွင်း၌ မိမိကိုယ်ကိုကာကွယ်ခြင်း၏ နှိုင်းယှဉ်မျှတမှုကိုတွေ့ ရှိခဲ့သည်။ သူ့တွင် မရေမတွက်နိုင်သည့် အရှုပ်တော်ပုံများရှိခဲ့သော် လည်း အရင်းရှင်များ၏ကစားစရာအဖြစ်သို့ မကျဆုံးခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် အရည်အချင်းနှင့် ပတ် သက်သည့် ခက်ခဲသော အမှန်တရားအားသိရှိနားလည်နိုင်လောက်အောင်ထက်မြက်ပြီး အခြားသူများ၏ခွန် အားကို မည်ကဲ့သို့အသုံးချရမည်ကိုလည်းသိရှိသော ကြောင့်ဖြစ်သည်။ ဤအသွင်အပြင်နှင့် သရုပ်ဆောင်မှု စွမ်းရည်သည် ယခုအချိန်အထိ မပြိုကွဲသေးဘဲ ထိန်းထားနိုင်ခဲ့သည့် အကြောင်းရင်းဖြစ်ပြီး သူ့နှလုံးသားထဲမှ တစ်ခုတည်းသော ပံ့ပိုးကူညီမှုမှာ သူ့အဖွားဖြစ်သည်။

ကျီဖေး၏ညိုးငယ်နေသော အကြည့်အားမြင်လိုက်ရသောအခါ ချင်ရှန့်လည်း အားကိုးရာမဲ့ဖြစ်နေသည်။ ကျီဖေးသည် သူ့ကိုယ်သူ ဂရုမစိုက်ဘဲ အခြားသူများ၏ ကံကြမ္မာအား ဝင်ရောက်စွက်ဖက်ခြင်းမပြုသကဲ့သို့ ပြုမူတတ်သည်ကိုသိသော်လည်း အမှန်မှာ စိတ်သဘောထား ပျော့ပျောင်းသူဖြစ်သည်ကို ချင်ရှန့် သိသည်။

ချင်ရှန် သူ့အားခေါင်းပုတ်ကာ နှစ်သိမ့်ပေးရင်း

"သူ အရင်က အရမ်းကံမကောင်းခဲ့ပေမယ့် မင်းနဲ့ တွေ့ ပြီးရင်တော့ သူ့ကံကောင်းမှုတွေစတင်လာမှာပါ ဟုတ်တယ်မလား ?"

ကျီဖေး ခဏလောက်ထိတ်လန့်သွားသည်။ ချင်ရှန့်၏ မျက်လုံးများသည် နက်ရှိုင်းပြီး မဲနက်နေသည်ကိုသတိ ပြုမိသော်လည်း ၎င်းတို့သည် ဘာမဆိုလုပ်ရန် သူ့အား ယုံကြည်မှုအပြည့်ရှိစေမည့် တိကျသေချာသည့်ဆုံးဖြတ် ချက်တစ်ခုကို ထုတ်ဖော်ပြသနေသည်။

ကျီဖေး မျက်တောင်ခတ်ပြီး သူ့အမြင်ကို အလေးပေးကာ ဖေးကျဲထံ message ပို့လိုက်သည်။ ဖေးကျဲသည် သေချာထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း ဖော်ပြနေသော်လည်း သူသည် ဇာတ်ညွှန်းရေးဆရာများနှင့် အမှန်တကယ်စတင်ဆွေးနွေးနေပြီဖြစ်သည်။ ၎င်းတို့သည် ပြည်တွင်းဖျော်ဖြေရေးအကဲဖြတ်ဒိုင်များ၏စတိုင်ကို လိုက်နာကာ အနာဂတ်အဖွဲ့ ဝင်အသစ်များအတွက် တောက်ပသည့် လမ်းကြောင်းအားခင်းကျင်းရန် စီစဉ်ခဲ့ကြသည်။

သုံးရက်ကြာပြီးနောက်၊ မဲနှိုက်လိုက်သောအခါ ၎င်းသည်အမှန်တကယ် ပင် "beauty" ဖြစ်သည်။

နောက်ပြီး သေချာတာပေါ့၊ အဲဒါ သူတို့နှစ်ဖွဲ့ ပြိုင်ရမှာ!

အွန်လိုင်းပေါ်မှ လူများသည် ဤအကြိမ်တွင်တော့ ယုရို့ရင်မှာ လူမြင်ကွင်းတွင် ထွက်ပေါ်လာနိုင်ခြင်းမရှိတော့ပဲ လုံးဝထွက်သွားရမည့်သူ ဖြစ်လိမ့်မည်ဟု ပြောနေကြသည်။

ဒါရိုက်တာနှင့် ထုတ်လုပ်သူသာလျှင် ထိပ်တန်း Idol အဖွဲ့ မှ message များအားကြည့်ကာ တစ်ညလုံးအိပ်မပျော်နိုင်ဘဲ ရင်ဘတ်ကိုတင်းတင်းဆုပ်ထားရသည်။

ဒါ နောက်ထပ် လျှို့ဝှက်ဇာတ်ညွှန်းတစ်ခုပဲ !

All Chapters