အခန်း (၁၂၅)
Vol. 13 Ch. 125
မဒမ်ကျုံးသည် လျှို့ဝှက်ဇာတ်ညွှန်းနှင့်ပတ်သက်၍ အနည်းငယ်စိတ်မ သက်မသာဖြစ်နေဆဲဖြစ်သည်။ ထို့အပြင် ကျီဖေးမှ "ရှင် ကျွန်မကို သံသယဖြစ်ရင် လုံးဝပျက်စီးသွားမှာ မကြောက်ဘူးလား?” ယခင်က သူ တို့အား အနည်းငယ်စော်ကားခဲ့တာကို မပြောလိုပေ။
မဒမ်ကျုံးသည် ထိပ်တန်းအဖွဲ့ ၏ဇာတ်ညွှန်းမှာ ကျုံးချွမ်အား ပစ်မှတ်ထားမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် ယနေ့နောက်ဆုံး အစမ်းလေ့ကျင့်မှုအတွင်း မဒမ်ကျုံး သည် ဒါရိုက်တာနှင့် ထုတ်လုပ်သူထံချဉ်းကပ်ကာ မေးမြန်းခဲ့သည်။
"မဒမ်ကျုံး၊ ကျွန်တော်တို့ တကယ်မသိပါဘူး။ အစမ်း လေ့ကျင့်မှုရဲ့ နောက်ကွယ်မှာ ရိုက်ကူးထားရင်တောင် အပိုင်းအနည်းငယ်ပဲ ရိုက်ကူးနိုင်ပါတယ်” ဟု ထုတ်လုပ် သူမှ အားကိုးရာမဲ့ပြောကြားခဲ့သည်။
ဒါရိုက်တာက မဒမ်ကျုံးအား ပိုလို့ပင်စိတ်မရှည်ပေ။ သူသည် ရှိုးကောင်းကောင်းတစ်ခုအား ထုတ်လုပ်ချင်သော ကြောင့် အစီအစဉ်၏လမ်းညွှန်မှုကို အနှောင့်အယှက်ဖြစ်စေရန်အတွက် ၎င်းတို့၏အခွင့်ထူးများကို အသုံးပြုသူ များအား အထူးခံနိုင်ရည်ရှိခဲ့သည်။
"မဒမ်ကျုံးက ဘာကို စိတ်ပူနေတာလဲ? မင်းရဲ့ ကျုံးလောင်ရှစ်က ဘာမှမမှားပါဘူး။ ထိပ်တန်း Idol အဖွဲ့က ဖျော်ဖြေရေးနယ်ပယ်ရဲ့ တရားသူကြီး မဟုတ်ဘူးလား? သူတို့ ကျုံးလောင်ရှစ်ကို ဘယ်လိုလုပ် မှားယွင်းထိခိုက်စေနိုင်မှာလဲ ?"
မဒမ်ကျုံး မျက်မှောင်ကြုတ်ပြီး “ ဒါပေါ့ ငါ့ရဲ့လောင်ကျုံးကတော့ ဘာမှမမှားပါဘူး၊ ဒါပေမယ့် ထိပ်တန်းIdol အဖွဲ့ ရဲ့နောက်ကွယ်က ပစ်မှတ်ထားတဲ့ စင်မြင့်ပြဇာတ်တွေကိုအမြဲဖျော်ဖြေနေတဲ့ ရည်ရွယ်ချက်က ဘာကြောင့်လဲဆိုတာ ဘယ်သူသိမှာလဲ ? ဖျော်ဖြေရေး နယ်ပယ်မှာ အရင်းရှင်အားလုံးကို တရားမျှတမှုအတွက် စော်ကားဝံ့တဲ့ လူမိုက်တွေရှိလို့လား? သူတို့ရဲ့ရည်ရွယ်ချက်က သူတို့နဲ့ ယှဉ်ပြိုင်သူတိုင်းကို ပစ်မှတ်ထားတာဖြစ်နေမှာကိုပဲ ကြောက်တာ။ သူတို့ရဲ့လူထုပုံရိပ်ကိုထိန်းသိမ်းဖို့ လူကောင်းတွေကိုတောင် သိက္ခာချလာနိုင်တယ်။"
ထိုစကားများက ဒါရိုက်တာနှင့် ထုတ်လုပ်သူအား မည်ကဲ့သို့ ပြန်ချေပရ မှန်းမသိဖြစ်စေသည်။ အမှန်တော့၊ သူတို့အမြင်တွင် ထိပ်တန်း Idol အဖွဲ့ လုပ်နေသည်မှာ အတော်လေး စိတ်ကူးဆန်နေသည်။ ဖျော်ဖြေရေးနယ် ပယ်သည် ကျော်ကြားမှုနှင့် ချမ်းသာရာနေရာတစ်ခုဖြစ်သည်။ သူတို့ တကယ်ပဲ ဖျော်ဖြေရေးလုပ်ငန်းကို ပြုပြင်ဖို့ ဒီမှာရှိနေနိုင်ပါ့မလား? တွေးကြည့် ရုံနှင့်ပင် အဓိပ္ပါယ်မဲ့သလိုခံစားရသည်။
မဒမ်ကျုံးက “ သူတို့ ငါတို့ကို တမင်တကာ ပစ်မှတ်ထားရင် ငါ့ လောင်ကျုံးကို ကာကွယ်ဖို့ ငါအဆင်သင့်ပြင်ထားချင်တယ်၊ ရှင်တို့နှစ်ယောက် ကျေးဇူးပြုပြီး အလျှော့ပေးနိုင်မလား?"
ထုတ်လုပ်သူသည် မဒမ်ကျုံးအား အကြောင်းပြချက် မပေးနိုင်ဟု ခံစား ရသည်။
“ငါတို့ မင်းကို တမင်ဖုံးကွယ်ထားတာ မဟုတ်ဘူး။ ငါတို့ တကယ်ဘာမှ မသိတာ။
တခြားရွေးစရာမရှိ၍ မဒမ်ကျုံးက “ဒါဆို စောစောက မင်းကို ပြောခဲ့တာတွေအကြောင်း..."
ဒါရိုက်တာက ချက်ချင်းပင် “ မရဘူးလို့ ပြောနေတယ်လေ။ အဲ့တာက သူတို့ရဲ့ ကိုယ်ပိုင်စင်တင်ပြဇာတ်ရဲ့ အစိတ်အပိုင်းသာမဟုတ်ရင် ငါတို့က တိုက်ရိုက်ထုတ်လွှင့်နေတဲ့ variety show ရဲ့ အလယ်မှာ တစ်ယောက် ယောက်ရဲ့ ဖျော်ဖြေမှုဗီဒီယိုကို ဘယ်လိုထည့်ရမှာလဲ၊ အထူးသဖြင့် အခြားသူတွေကို တမင်အပုပ်ချတဲ့အခါမျိုးမှာပေါ့ ?”
ထိပ်တန်း Idol အဖွဲ့ သည် ယခင်ကလည်း အလားတူအရာများအားလုပ်ဆောင်ခဲ့ဖူးသော်လည်း ၎င်းသည် ၎င်းတို့၏ဇာတ်ခုံဖွဲ့ စည်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။ တစ်ဖက်တွင် မဒမ်ကျုံးကမူ လူအချို့အား ဖျော်ဖြေရန် စီစဉ်ခဲ့ပြီး Imperial Consort Group ပြီးနောက် ၎င်းအား ထုတ်လွှင့်ပြသစေလိုခဲ့သည်။
ဒါက ပြပွဲကိုအနှောင့်အယှက်ပေးတာ မဟုတ်ဘူးလား။
သူတို့ အစီအစဉ်က သရုပ်ဆောင်တွေကို အနှောင့်အ ယှက်မပေးဘူး၊ ဒါပေမယ့်လည်း သူတို့ကို ပစ်မှတ်မထားဘူး။ အားလုံးက သူတို့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်ပေါ်မှာ မူတည်ပါသည်။
မဒမ်ကျုံး၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"အပုပ်ချတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? ဒါအမှန်တရားပဲလေ။ ငါတို့ အဲ့တာကိုဖော်ထုတ်ဖို့ လူလိုနေရုံပဲ။ ဘာလို့ ငါတို့က ဇာတ်အကူအနေနဲ့ ထပ်ထည့်လို့မရနိုင်တာလဲ?"
ဒါရိုက်တာ မဒမ်ကျုံးနဲ့ မဖြေရှင်းချင်တော့ပေ။
ထုတ်လုပ်သူ၏အမူအရာမှာလည်း ချဉ်နေပြီးဖြစ်ကာ “ငါတို့ မင်းကို တတ်နိုင်သလောက် မျက်နှာသာပေးပြီးပြီ၊ ဒါပေမယ့် ရှိုးရဲ့ ပုံမှန်ထုတ်လွှင့်မှုကို နှောင့်ယှက်ခွင့်လုံးဝ မပြုနိုင်ဘူး”
ယုရို့ရင်နှင့် ဖြေရှင်းရန်အတွက် သူ၏အကောင်းဆုံးနည်းလမ်းမှာ မအောင်မြင်သည်ကို မြင်လိုက်ရသဖြင့် မဒမ်ကျုံးသည် ဒေါသတကြီး ဖြင့် ရှက်ရွံ့ကာတွေးတောမနေဘဲ စကားပြန်ပြောလိုက်သည်။
"ရှင်တို့နှစ်ယောက်က ယုရို့ရင်ကို အရမ်းကာကွယ်နေကြတာပဲ ရှင်တို့လည်း သူနဲ့ ပတ်သက်နေလို့လား”
ထိုစကားများ ပြောပြီးသည်နှင့် ဒါရိုက်တာနှင့် ထုတ်လုပ် သူတို့၏ အမူအရာများ ပြောင်းလဲသွားပြီး မဒမ်ကျုံးအား ထိတ်လန့်တကြားကြည့်လိုက်သည်။
ဤအခိုက်တွင် မဒမ်ကျုံးသည် လုံးဝမဖြစ်နိုင်မှန်း ခံစားမိ၍ ရုတ်တရက်လန့်ဖျပ်သွားကာ တောင်းပန်ပြီးထွက်သွားလေသည်။
သူ ထွက်လာသည်နှင့် တပြိုင်နက် ကဗျာကယာပြေးထွက်သွားသော ဝန်ထမ်းအများအပြားနှင့် ကြုံတွေ့ ခဲ့ရသည်။ မဒမ်ကျုံး နားမလည်နိုင်စွာ ဒေါသထွက်သွားသည်။ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ လူငယ်တစ်ယောက် လမ်းလျှောက်လာသည်ကိုတွေ့ လိုက်ရ သည်။
ကျုံးစစ်ချီက စိုးရိမ်တကြီးကြည့်ပြီး “အန်တီ ဘယ်ကိုသွားနေတာလဲ?"
မဒမ်ကျုံး၏ အမူအရာမှာအနည်းငယ်တိုးတက်လာခဲ့သည်။
“မင်းရဲ့ ဦးလေးနဲ့ အဲ့ဒီမြေခွေးမကို စောင့်ကြည့်ဖို့ ငါ ပြောခဲ့တယ်မဟုတ်လား?"
ကျုံးစစ်ချီက " သူတို့ အစမ်းလေ့ကျင့်တာ ခဏနားပြီး အဲဒီအမျိုးသမီးက အပြင်ထွက်သွားတယ်။ ဘေးက ကြည့်ရတာ ကျွန်တော့်အတွက် အသုံးမဝင်ဘူး။ သူတို့က အဓိပ္ပာယ်ရှိတဲ့ အကြည့်တွေဖလှယ်ဖို့ အစမ်းလေ့ကျင့်တာကို ကာဗာအဖြစ်သုံးနေတယ်။ အဲဒီအမျိုးသမီးကို ကြည့်ရတာ အကြည့်တွေနဲ့ ဆွဲဆောင်ချင်နေပုံရတယ်။ ဟက်၊ ကျွန်တော့်အထင် ကျွန်တော်တို့ သူ့ကိုပေးလိုက်တဲ့ဇာတ်ညွှန်းက သူ့ပင်ကိုစရိုက်ကို ထုတ်ပြခွင့်ပြုလိုက်သလိုပဲ။ သူ ကျွန်တော့် ဦးလေးရဲ့အိပ်ရာထဲကို ခုန်ဝင်ဖို့ မစောင့်နိုင်တော့တဲ့ အပျက်မလိုပဲ။"
ကျုံးစစ်ချီစကားပြောလေလေ မဒမ်ကျုံး၏မျက်လုံးများ နီရဲလာလေလေဖြစ်သည်။ ယုရို့ရင်သာ သူ့ရှေ့တွင် ရပ် နေလျှင် ချက်ချင်းပါးရိုက်ချင်နေလိမ့်မည်။
မဒမ်ကျုံး ဒေါသထွက်နေသည်ကိုမြင်တော့ ကျုံးစစ်ချ ီသက်ပြင်းချလိုက်ပြီး
" ဦးလေး အခု အန်တီအပေါ် အကုန်အကြွေးတင်နေတာ။ သရုပ်ဆောင်လောကထဲကို ဝင်ခွင့်ရတာတောင် အန်တီရဲ့ ကျေးဇူးကြောင့်ပဲ။ အဲဒီတုန်းက ကျွန်တော်တို့မိသားစုက အရမ်းဆင်းရဲတယ်။ ဒီ နေ့ ကျွန်တော်တို့ ဒီမှာရှိနေတာ အန်တီကို ကျေးဇူးတင်ရမယ်။ ဦးလေးကတော့ ရှုပ်ထွေးနေပြီး သူ့ကိုယ်သူ အားလုံးရဲ့အထက်မှာရှိနေတယ် လို့ ထင်နေပေမဲ့ အဲ့ဒီမြေခွေးမဆီက လှည့်စားခံနေရတာ။ သူ အန်တီကိုကွာရှင်းဖို့တောင် လုပ်လိုက်သေးတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ အန်တီ၊;ကျွန်တော်တို့ မိသားစုက အန်တီဘက်မှာ ရပ်တည်ပေးမှာပါ။ ဦးလေး အန်တီအ ပေါ် ကိုအမှားလုပ်ရဲရင်တောင် ကျွန်တော်တို့ သူ့ကို အသိ အမှတ်ပြုမှာ မဟုတ်ပါဘူး။”
ခင်ပွန်းဖြစ်သူ၏ဆွေမျိုးများထံမှ အသိအမှတ်ပြုခံရခြင်းသည် မဒမ်ကျုံး၏အတွင်းစိတ်အား ပိုမိုကောင်းမွန်စေသည်။
"စိတ်မပူပါနဲ့၊ မင်း . ဦးလေးနဲ့ ငါကွာရှင်းမှာမဟုတ်ဘူး။"
ကျုံးစစ်ချီ၏မျက်လုံးများ တဖျပ်ဖျပ်ခတ်သွားသည်။ မဒမ်ကျုံး၏စိတ်အခြေအနေ အနည်းငယ် ကောင်းမွန်လာသည်ကို တွေ့ လိုက်ရသဖြင့် ရှေ့သို့လျင်မြန်စွာ တိုးဝင်ကာ ချော့မော့သည့် စကားများပြောလိုက်သည်။
မဒမ်ကျုံးသည် ကျုံးစစ်ချီအား ကျေးဇူးတင်စွာကြည့်လိုက်သည်။ သူနှင့်ကျုံးချွမ်တို့သည် တစ်ခါမျှပင် ကလေးမရခဲ့ဖူးသောကြောင့် ကျုံးချွမ် အစ်ကိုကြီး၏ သားသမီးများကိုသာ ကောင်းစွာပြုစုစောင့်ရှောက်ခဲ့ကြ သည်။ ထိုမှမဟုတ်ရင် ကျုံးစစ်ချီသည် အသက်သုံးဆယ်နီးပါးဖြင့် ဖျော်ဖြေရေးနယ်ပယ်ထဲသို့ ရုတ်တရက်ဝင်ရောက်ရန် အခွင့်အရေးရှိမည်မဟုတ်ပေ။
"စစ်ချီ၊ မင်းက ယောက်ျားကောင်းပဲ၊ မင်း အဲဒီအပျက်မဆီကနေဖြားယောင်းခံရမှာ မဟုတ်ဘူး” မဒမ်ကျုံး သက် ပြင်းချလိုက်သည်။
ယုရို့ရင်အနီးတွင် နေထိုင်သည့် မည်သူမဆို သူ၏သွေး ဆောင်ခြင်းအားခံရမည်ဟု ယုံကြည်နေပုံရသည်။
ကျုံးစစ်ချီ၏မျက်လုံးများထဲတွင် အမုန်းတရားများ ဖြတ်ကျော်သွားခဲ့သည်။
"သူ ကျွန်တော့်ကို ဖြားယောင်းဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော် ညစ်ပတ်သွားမှာကြောက်တယ်။"
မဒမ်ကျုံးက ကြားရတာသဘောကျပြီး "သူက ညစ်ပတ်တယ်မဟုတ်လား?"
နှစ်ယောက်သား စကားစမြည်ပြောပြီးပြန်သွားကြသည်။
ထိုအချိန်၌ အမျိုးသမီးသန့်စင်ခန်းတွင်။
ကျီဖေး၏ခြေထောက်များ ထုံကျင်သွားသည်။ ၎င်းက အတင်းအဖျင်း သတင်းများအား အချိန်အကြာကြီးဖတ်ခဲ့သည့် သူ့အပြစ်ပင်။ အပြင်သို့ ထွက်ခါနီးတွင် အမျိုးသ မီး အများအပြားအပြင်မှ ဝင်လာပြီး လက်ဆေးရင်း အတင်းအဖျင်းပြောနေသည်ကို ကြားလိုက်ရသည်။
"နင့်ကို နောက်ဆုံးတစ်ခေါက်က ငါပြောခဲ့တယ်လေ၊ နင်ကမှ ငါ့ကိုမယုံ တာ။ အခုတော့ သိပြီမဟုတ်လား?"
ကျီဖေး ချက်ချင်းရပ်တန့်သွားသည်။ အဲ့ဒီမှာ အရည် ရွှမ်းတဲ့ အတင်းအဖျင်းတွေရှိနေတယ်။
"ငါ အရင်က သူ့သတင်းတွေကြားဖူးပေမယ့် တကယ်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ သူက သွားလေရာရာ ယောက်ျားတွေကို တကယ်လှည့်ဖြားတတ်တာပဲ”
"အွန်လိုင်းပေါ်ကလူတွေက သူ ဒီတစ်ကြိမ်တော့ ထိပ် တန်း Idol အဖွဲ့ ဆီကနေ တရားစီရင်ခံရမယ်လို့ လောင်း ကြေးထပ်နေကြပေမယ့် ကြည့်ရတာ သူ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတို့နဲ့ အိပ်ပြီးလောက်ပြီဆိုတော့ ဒီတစ်ကြိမ် တော့ ထိပ်တန်း Idol အဖွဲ့ က နံရံကိုရိုက်မိလောက်တယ်"
ကျီဖေး ... အတင်းအဖျင်းအတုတွေ။
ကျီဖေး အနည်းငယ်စိတ်ဆိုးသွားသည် ။ တံခါးကို တိတ်တိတ်လေးဖွင့် ပြီး စကားပြောနေသည့် အမျိုးသမီးနှစ်ယောက်ကို ချောင်းကြည့်လိုက်သည်။ ၎င်းတို့က ဒါရိုက် တာ၏လက်ထောက်များ ဖြစ်ပုံရသည်။ ကိုယ့် သူဌေးအကြောင်းတောင် ကောလာဟလတွေ ဖြန့်ရဲတယ်။ အထင်ကြီးစရာပဲ။
"ဒါရိုက်တာနဲ့ ထုတ်လုပ်သူတောင်မှ ထိပ်တန်း Idol အဖွဲ့ ကို ရပ်တန့်ဖို့ခက်လိမ့်မယ် မဟုတ်လား? ပထမနှစ်ပိုင်းမှာလူတိုင်း သတိမထားမိလိုက်ဘူး။ ဒါရိုက်တာနဲ့ ထုတ် လုပ်သူတို့ သူတို့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကို အရက်ထဲမှာ နစ်မြုပ်နေတာ ငါ တွေ့ ခဲ့တယ်။"
ကျီဖေး: အင်း ရှက်စရာကြီး။
"ဒါဆို သူ သူတို့နဲ့ အိပ်လည်း ဘာမှအသုံးမဝင်ဘူးလို့ ဆိုလိုတာလား?”
တစ်စုံတစ်ယောက်က ဝမ်းသာအားရပြောသည်။
"အဲ့လိုဖြစ်လာရင် အကောင်းဆုံးပါပဲ။ ပုံမှန် ပရော်ဖက် ရှင်နယ်ဂေဟစနစ်ကို အနှောင့်အယှက်ပေးမယ့် သူ့လို အမျိုးသမီးတွေက ဒီလိုမျိုး ခံစားရဖို့ထိုက်တန်တယ်။ သူ့ခန္ဓာကိုယ်ကို အသုံးပြုရုံနဲ့ အရာအားလုံးကိုမရရှိနိုင်ဘူးဆိုတာ သိသွားလိမ့်မယ်။ အရှက်မဲ့လိုက်တာ။"
"ဝိုးး၊ မင်း သူကို အရမ်းမုန်းနေတယ်လို့ ငါဘာလို့ ခံစားမိနေပါလိမ့်?”
"ဘာလို့လဲဆိုတာ ငါသိတယ်။ သူ့ရည်းစားက သူ့ကို ခေါ်လာပြီး ယုရို့ရင်ကို တွေ့ လိုက်ရလို့ပဲ။ အခု သူက ယုရို့ရင်နဲ့ သူ့ကို နေ့တိုင်းခိုင်းနှိုင်းနေတာ"
"သူက ငါ့ကောင်လေးကို တစ်နေရာရာမှာလှည့်ဖြားခဲ့တာပဲဖြစ်ရမယ်။ မဟုတ်ရင် ငါ့ကောင်လေးရဲ့ရိုးသားတဲ့ အကျင့်စရိုက်ကြောင့် သူ့ကို သတိထားမိမှာတောင် မဟုတ်ဘူး။“
ကျီဖေး အသံထွက်လုနီးပါးရယ်မိသည်။ ဒီကမ္ဘာမှာ မနာ လိုနေတဲ့ ဇနီးတွေ အများကြီးရှိတာပဲ။
"ဟင်းး၊ သူ ဒါရိုက်တာနဲ့ ထုတ်လုပ်သူနဲ့ သီးသန့်အိပ်တယ်လို့ နင်ထင်လား ဒါမှမဟုတ်..။"
"နှစ်ယောက်လုံးနဲ့ဟ။ ငါ့ မျက်စိနဲ့ တပ်အပ်မြင်လိုက်တာ၊ ဒါရိုက်တာနဲ့ထုတ်လုပ်သူတို့ အနားယူခန်းထဲရှိနေတုန်း သူ တစ်ယောက်တည်းဝင်သွားပြီး အဲ့ဒီမှာ နာရီအချို့ကြာအောင်နေခဲ့တာ။ သူထွက်လာတော့ သူ အဲ့လိုပုံစံမျိုးဖြစ်နေတာ။"
"ဘယ်လို ပုံစံမျိုးလဲ?"
"နင် စိတ်ကူးကြည့်လေ။"
မိန်းမများ အပြင်မထွက်ခင် အတူတူရယ်မောလိုက်ကြသည်။
ကျီဖေး နောက်ထပ်တံခါးဖွင့်သံကြားသည့်အချိန်တွင် အပြင်သို့ထွက်ရန် တံခါးဖွင့်နေသည်။
ကျီဖေးခေတ္တရပ်ပြီး ဘယ်သူထွက်လာတာလဲဆိုတာကို အက်ကြောင်းကနေ ချောင်းကြည့်လိုက်သည်။ အံ့သွသင့်စွာဖြင့် မျက်လုံးများပြူးကျယ်သွားသည်။
ယုရို့ရင်အား မှင်ကဲ့သို့ မည်းမှောင်သော မျက်နှာနှင့် အနည်းငယ် နီရဲနေသော မျက်လုံးလေးများဖြင့်မြင်လိုက်ရသည်။ သူ မှန်ရှေ့သို့ သွားကာ ရုတ်တရက် မျက်နှာကို ရိုက်လိုက်ပြီး မှန်ထဲသို့ပြုံးပြကာ လေ့ကျင့်နေသည်။ အနည်းငယ်ကြိုးစားပြီးနောက်၊ သူ ထွက်ခွာမသွားမီ ထိုဂရုမစိုက်သော၊ အနိုင်မခံအရှုံးမပေးသော၊ ဆွဲဆောင်မှုရှိသော အပြုံးအားပြန်လည်ဝတ်ဆင်ခဲ့သည်။
ကျီဖေး လျှာအား နှစ်ကြိမ်ကိုက်ပြီး မျက်ခုံးပင့်လိုက်သည်။
သူ ထွက်သွားပြီးချင်းမှာပဲ ရှောင်းထောင်မှ သူ့အားရှာဖို့ လာနေသည်ကိုတွေ့ လိုက်သည်။
“ကျီလောင်ရှစ်၊ ဖေးကျဲ ခေါ်ခိုင်းလိုက်လို့။"
ကျီဖေး...
သူထင်သည်က သူအနားယူနေတာကြာပြီဖြစ်၍ ဖေးကျဲမှ သူ့အားပြန်လာပြီး အစမ်းလေ့ကျင့်မှု ဆက်လုပ်စေချင်သည်ဟု ထင်ခဲ့သည်။ မထင်မှတ်စွာ၊ ဒါရိုက်တာမှ သူတို့အား တခြားလုပ်ထုံးလုပ်နည်းများ ဆွေးနွေးရန် ခေါ်ခြင်းဖြစ်သည်။
ကျီဖေး၏မျက်လုံးများ ချက်ချင်းတောက်ပလာသည်။
ထိုအချိန်တွင် အခြားတစ်ဖက်တွင် အစောကရောက်လာသည့် ချင်ကျောက်နှင့် ချင်ရုန်တို့သည် နီးကပ်သောအတွေးများအား ကြားလိုက်ရသည်။
[ ဟီးဟီး၊ ဒါက အရမ်းကောင်းတယ်လား ? ငါ စိတ်ရှုပ်နေပြီး အခုကျတော့ သူတို့က ငါ့ကိုအခွင့်အရေးပေးနေတာလား? လူတွေကိုအနိုင်ကျင့်လို့ ငါ့ကို အပြစ်မတင်ပါနဲ့။ မင်းသိတဲ့ အတိုင်းပဲ "ကံဆိုးမှုတွေက ပါးစပ်ဖျားကလာတယ်” လို့ပြောရတဲ့ အကြောင်းပြချက်ရှိတယ် မဟုတ်ဘူးလား။]
ချင်ကျောက်နှင့် ချင်ရုန် - ဘာဖြစ်သွားမှန်း ငါတို့ မသိပေမယ့် အရည်ရွှမ်းတဲ့ အတင်းအဖျင်းတွေရတော့မယ်လို့ မရှင်းပြနိုင်လောက်အောင်ခံစားရတယ်။