← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

ကျီဖေး နောက်ဆုံးရောက်လာသည်။ ရောက်သည်နှင့် အခန်းကို စကင်န်ဖတ်လိုက်သည်။ ကောင်းပြီ၊ လူတိုင်းရှိတယ်။

ယခုအခါတွင် ဖေးမင်ရွမ်သာလျှင် ထိပ်တန်း Idol အဖွဲ့ နောက်သို့လိုက်ပါသွားခဲ့သည်။ ကောင်းဟောင်သည် ချင်ကျောက်၏နိုင်ငံခြားရေးရာ ကိစ္စများအား အဓိကထား ကိုင်တွယ်ခဲ့သည်။

ဖေးမင်ရွမ်သည် ထိပ်တန်းအဖွဲ့ နှင့် သိပ်မရင်းနှီးသေးပေ။ ကျီဖေး၏စတင်ရန် စိတ်အားထက်သန်နေသကဲ့သို့ စိတ်လှုပ်ရှားနေသည့် အမူအရာအား မြင်လိုက်ရကာ၊ ချင်ကျောက်နှင့် ချင်ရုန်တို့၏ အမူအရာ များသည်လည်း ကျီဖေးပေါ်လာသည့်အခိုက်တွင် ပြောင်းလဲသွားကြ သည်။သူတို့၏ မျက်လုံးများ သိသိသာသာတောက်ပလာသောကြောင့် သူ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည် ။

သူတို့ ဘာဖြစ်နေတာလဲ? သူတို့အားလုံးမလာချင်ဘူးလို့ ပြောနေခဲ့ကြတယ်မဟုတ်လား? ဒါနဲ့ပတ်သတ်ပြီး သူဘာလို့ ဆိုးဆိုးရွားရွားခံစားချက်ကြီးရနေတာပါလိမ့်?

ကျီဖေးသည် ဒါရိုက်တာနှင့် ထုတ်လုပ်သူနောက်ကွယ်မှ ဝန်ထမ်း အနည်းငယ်ကိုကြည့်လိုက်သည်။ ထိုအခိုက်အ တန့်တွင် သူတို့သည် အဓိပ္ပါယ်ရှိသည့် အကြည့်များဖြင့် အပြုံးများဖလှယ်နေကြပြီး ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် ယုရို့ရင်တို့အား တိတ်တဆိတ်ချောင်းကြည့်နေကြသည်။

ဒါရိုက်တာနှင့် ထုတ်လုပ်သူသည် ဤအရာများအားမမြင်နိုင်ပေ။

ယုရို့ရင်သည်လည်း ထိုထူးဆန်းသည့်အကြည့်များအား သတိမထားမိပုံရသည်။ သူ စောစောက ဆိုးရွားလှသည့် ကောလာဟလများအား မကြားခဲ့ရသလိုပြုံးကာ ဘေးတွင် ရပ်နေသေးသည်။ သူ့အကြည့်များက သူတို့အဖွဲ့ ဘက်ကို လှည့်လိုက်သည့်အခါမှသာ ဖေးမင်ရွမ်မှ သူ့အား အဖြေမပေးရသေးကြောင်း သတိရမိပြီး သူ့မျက် ဝန်းများထဲမှ မတူကွဲပြားသည့် အလင်းများထွက်ပေါ်လာသည်။

ငြင်းဆိုမှုမပြုခြင်းသည် မျှော်လင့်ချက်ရှိသေးသည် ဟူသောအဓိပ္ပါယ်ပင်။

ဝါရင့်မင်းသားကြီးကျုံးချွမ်သည် ချဉ်းကပ်ရလွယ်ကူသည့် စီနီယာတစ်ဦး၏လေထုကို ထိန်းသိမ်းထားဆဲဖြစ်သော်လည်း ယုရို့ရင်အား ချစ်ခင်ကြင်နာစွာစိုက်ကြည့်နေသည်။

[ အသက်အရွယ်က အချစ်ရေးမှာ ပြသနာမဟုတ်ပေမယ့် အသက်နှစ်ဆယ်လောက်ကြီးတဲ့ လူတစ်ယောက်ကို ဒီလိုမျိုးကြိုက်ဖို့က နည်းနည်းတော့.. ဦးလေးရေ၊ ယုရို့ရင် ရှင့်ရဲ့အကြည့်တွေကိုရှောင်နေတာ မမြင်ဘူးလား?]

ချင်ကျောက်နှင့် ချင်ရုန်မှ လှမ်းမကြည့်ပဲမနေနိုင်ချေ။ ယခင်အပိုင်းအနည်းငယ်တွင် ကျုံးချွမ်သည် သိပ်မသိ သာသော်လည်း ယခုတော့ လုံးဝစိတ်လွတ်သွားသလို ခံစားရသည်။ ကွာရှင်းပြီးနောက် အထိန်းအကွပ်မဲ့နေဖို့ စီစဉ်နေတာလား?

သို့သော်လည်း မဒမ်ကျုံးသည် ကျုံးချွမ်အား သူ့ကို စွန့် ပစ်သွားပြီး ယုရို့ရင်ကို လိုက်ရှာမည်ကို တားဆီးကာကွယ်ရန်ကြိုးစားနေသကဲ့သို့ သူ့ ဘေးနားတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားဆဲဖြစ်သည်။

မဒမ်ကျုံးသည် သူ့အကြည့်များကိုပင် တားဆီးချင်သော် လည်း ရိုးရိုးရှင်းရှင်းပင်မဖြစ်နိုင်ပေ။ သို့သော်လည်း မကြာမီတွင် အရပ်ရှည်ရှည် အသွင်အပြင်တစ်ခုသည် သူ့အား အကူအညီပေးရန်ရောက်လာသည်။

ယုရို့ရင်သည် ကျုံးစစ်ချီမှ သူ့အနီးတွင် ရပ်နေသည်ကို သတိပြုမိပြီး သူ့အမူအရာမှာ မမြင်နိုင်လောက်အောင် ပြောင်းလဲသွားသည်။

တကယ်တော့ ကျုံးစစ်ချီသည် သူတို့၏ဇာတ်ပို့သရုပ် ဆောင်အဖြစ် သတ်မှတ်ခံရသည်။ ပုံမှန်အားဖြင့်တော့ ဒီလိုအခြေအနေမျိုးတွင် သူ ရောက်လာဖို့ မလိုအပ်ပေ။

"အဲ့တာ ဘယ်သူလဲ?"

ကျီဖေး ရုတ်တရက် ထိုလူပေါ်လာသည်ကို မြင် တော့ စိတ်ဝင်တစား မေးလိုက်သည်။

"ဇာတ်ပို့တစ်ယောက်ဖြစ်နိုင်တယ်၊ သူ့ကိုမသိဘူး” ဟု ချင်ကျောက် ပြောလိုက်သည်။

သူ့နာမည်ကို မသိရတာက သဘာဝကျကျပင် သူ့အား အတင်းအဖျင်းပြော၍မရပေ။ ကျီဖေးသည် သူအရမ်း နီးနေပြီဟုခံစားလိုက်ရပြီး သူလည်း ပုတ်သိုးသွားမလားဆိုပြီး အနည်းငယ်စိုးရိမ်နေမိသည်။

ဖေးမင်ရွမ်က ချက်ချင်းပင် "ကျုံးစစ်ချီ၊ ကျုံးချွမ်ရဲ့ အကြီးဆုံးတူ၊ အသစ်ဝင်လာတဲ့သရုပ်ဆောင်၊ ပေါ့ပေါ့ပါးပါးပါပဲ။ မဒမ်ကျုံးက သူ့ကို လူတွေကိုစောင့်ကြည့်နိုင်အောင် ကူညီပေးဖို့ ရည်ရွယ်ပြီး ဝင်လာလို့ ရအောင် အထူးစီစဉ်ထားတာ။"

အားလုံးက အသေးစိတ်သိနေ၍ အံ့အားသင့်သွားသလို ဖေးမင်ရွမ်အား ချက်ချင်းကြည့်လိုက်သည်။

"ငါက မန်နေဂျာလေ"

လူတိုင်း၏အံ့အားသင့်မှုသည် ဖေးမင်ရွမ်အတွက် သူ ၏ပရော်ဖက်ရှင်နယ် အရည်အချင်းများကို စော်ကားလိုက်သလိုပင်။

အားလုံးက သူ့အား သဘောတူညီကြောင်း ချက်ချင်းလက်မထောင်ပြကြသည်။

[ အဲ့လိုဆိုရင် နှောင့်ယှက်တာမဟုတ်ဘဲ ကာကွယ်နေတာလား? အဲဒီတုန်း က စိတ်မဝင်စားခဲ့ဘူး။ မဒမ်ကျုံးရဲ့ အစီအစဉ်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ စစ်ကြည့်ရအောင်?]

ဒါရိုက်တာက လက်ထဲမှာရှိသည့် အရာနှင့် ပတ်သက်ပြီး ကျယ်ကျယ် လောင်လောင် ပြောလာသည်။ ထိပ်တန်းအဖွဲ့ တွင် ဖေးမင်ရွမ်နှင့် ရှောင်းထောင်မှလွဲ၍ကျန်အား လုံးသည် သူတို့၏ကိုယ်ပိုင်ကမ္ဘာထဲပျောက်ဆုံးသွားခဲ့ပြီး အတင်းအဖျင်းပြောနေကြသည်။ သူတို့ လုံးဝရှိမနေကြသလိုပင်။

[ အဲဒါ အရမ်းအဆိပ်ပြင်းတယ်၊ တကယ့်ကို အဆိပ်ပြင်းတယ်။ ဒါရိုက်တာအဖွဲ့ မှာ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်တွေရှိတာကောင်းတယ်။]

[ ငါတို့က သူတို့ကို လှုံ့ဆော်မှုပေးတယ်လို့ ထင်မြင်တာက အပြစ်ကြီးတယ်။ ဒီလိုမျိုး တစ်စုံတစ်ယောက်ကို ဆဲဆိုတာက အသရေဖျက်မှုလို့ မယူဆနိုင်ဘူးလား?]

[ နင့်ရဲ့ အမျိုးသမီးများအဖွဲ့ က သက်သေမရှိဘဲ တစ် ယောက်ယောက်ကိုသိက္ခာချဖို့ ဆန္ဒရှိနေတာကြောင့်၊ အဲဒါကို ငါတို့က အရေးယူရင် စိတ်ပူစရာမရှိဘူး။]

ကျီဖေး၏အတွင်းစိတ် အတွေးများမှာအသေးစိတ်မဖော်ပြထားသောကြောင့် ချင်ကျောက်နှင့် ချင်ရုန်တို့ကို အလွန်စိုးရိမ်သွားစေခဲ့သည်။

အတိအကျကဘာလဲ? ငါတို့ကို တန်းလန်းကြီးမထားခဲ့ပါနဲ့၊ ငါတို့ spoil ခံဖို့ဆန္ဒရှိပါတယ်၊ ငါတို့စောစောသိလေ၊ ပြင်ဆင်ဖို့အချိန်ပိုရလေလေပဲလေ။ ငါတို့ မထိန်းနိုင်ရင် ဘာဖြစ်လဲ ?

သူတို့ ရင်တွင်းမှ အော်ဟစ်နေကြစဉ် ကျီဖေး ရုတ်တရက် ရပ်သွားသည်ကိုတွေ့ လိုက်ရသည်။ ထိုအချိန်တွင် ဒါရိုက်တာမှ ပြောပြီးသည်နှင့် ထုတ်လုပ်သူနှင့်အတူ “ဒါဆို ဒီလောက်ပါပဲ၊ အားလုံးပဲ ပြိုင်ပွဲမှာ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်”

အစည်းအဝေးပြီးဆုံးတော့မည်ဟု လူတိုင်း ထင်နေကြသော်လည်း ကျီဖေးမှ ရုတ်တရက် စိတ်လှုပ်ရှားစွာနှင့် " ကျွန်မ ရှင်ရှင်းလင်းလင်းသိချင်နေတဲ့ မေးခွန်းတစ်ခုရှိတယ်၊ အဲ့တာမှမဟုတ်ရင် ပြိုင်ပွဲရဲ့တရားမျှတမှုကို ထိခိုက်စေမှာ ဆိုးရိမ်ရတယ်”

ဤစကားများသည် ဒါရိုက်တာနှင့် ထုတ်လုပ်သူထံ ရှင်း ရှင်းလင်းလင်းညွှန်ပြခဲ့သည်။

နောက်ဆုံးတော့ သူတို့က showကို စီစဉ်ပေးသည့်အ တွက် တရားမျှတမှုရှိရန် သေချာပေါက်တာဝန်ရှိသည်။

ကျီဖေး၏ရုတ်တရက်ထုတ်ပြန်ချက်သည် ဒါရိုက်တာနှင့်ထုတ်လုပ်သူအား အနည်းငယ်အပြစ်ရှိသလိုခံစားရစေသည်။ နောက်ဆုံးတွင်၊ PK ၏အကြောင်းအရာများ သည် အမှန်တကယ်အားဖြင့် အနည်းငယ်ကွဲလွဲနေသော် လည်း ၎င်းသည် PK ၏တရားမျှတမှုကို အမှန်တကယ်ထိခိုက်စေမည်မဟုတ်ဟု ခံစားမိသောကြောင့် အာဏာ ပိုင်များ၏ဖိအားအောက်တွင် ၎င်းတို့သည် အပေးအယူ လုပ်ခဲ့သည်။

ထိပ်တန်း Idol အဖွဲ့ က ဒီအကြောင်းကိုသိပြီး အစိုးရိမ်လွန်နေတာများလား?

ကျုံးချွမ်နှင့် ယုရိုရင်တို့သည် အမှန်တကယ်ပင်သတိမထားမိကြသောကြောင့် ထိုဘက်တွင် တစ်ယောက်တည်းစိတ်ပူပန်နေသူမှာ မဒမ်ကျုံးဖြစ်သည်။ သို့သော် အစော ကမဒမ်ကျုံးသည် ဒီအကြောင်း ကို ကျီဖေးအား ရှင်းရှင်း လင်းလင်းပြောခဲ့သည်။

မဲနှိုက်ပြီးနောက် ကျီဖေးနှင့် အခြားသူများမှ တုံ့ပြန်ခြင်းမပြု သောကြောင့် မဒမ်ကျုံးက ၎င်းတို့အားကန်းသွားပြီဟု ထင်ခဲ့သည်။

ထုတ်လုပ်သူသည် အတွင်းပိုင်းတွင် အထိတ်တလန့် ဖြစ်နေသော်လည်း အပေါ်ယံတွင်ပြုံးကာ တောင်းပန်ရင်း

"ဒီပွဲကို မနက်ဖြန် တိုက်ရိုက်ထုတ်လွှင့်တော့မယ်။ မင်း ပြဿနာတစ်ခုခုကြုံရင် ငါတို့ သေချာဆွေးနွေးလို့ရတယ်"

ဒါရိုက်တာလည်း ချွေးတဒီးဒီးကျကာ အဆက်မပြတ် ခေါင်းညိတ်သဘောတူသည်။

ကျီဖေး ယုရို့ရင်ထံသို့ တမင်တကာလှည့်ကြည့်လိုက်သည်။

ယုရို့ရင်အံ့အားသင့်သွားပြီး ကျီဖေးက ပြင်းထန်သောလေသံဖြင့် "ယုလောင်ရှစ်က PK အတွက် ဒါရိုက်တာနဲ့ ထုတ်လုပ်သူ တို့နဲ့အိပ်တယ်လို့ ကျွန်မ ကြားလိုက်တယ်။ ကျွန်မတို့ ဒီလိုပြိုင်ပွဲရဲ့ တရားမျှတမှုကိုဘယ်လိုမျိုး ယုံကြည်နိုင်မှာလဲ ?”

ထိုစကားကြောင့် ယုရို့ရင်၏မျက်နှာသည် ဖြူဖျော့သွားသည်။

အခြားသူများ၏မကောင်းသောစကားများနှင့် ရင်ဆိုင်ရသောအခါတွင် သူ့စိတ်တည်ငြိမ်မှု ပျောက်ဆုံးခဲ့သည်။ ကျီဖေးနှင့် အခြားသူများ၏ ယခင်အမူအကျင့်များက သူ့အား ဖြောင့်မတ်ခြင်းအပြည့်ဖြင့် ခံစားရစေကာ သူ့အားနုံအသည့်မျှော်လင့်ချက် မျိုးကို ဆုပ်ကိုင်စေထားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒါပေမယ့် လူသုံးယောက်က ကျားတစ်ကောင်ကို အမှန်တကယ် ဖန်တီးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ထိုကဲ့သို့သော ကောလာဟလများ အမှန်တကယ် ပျံ့နှံ့သွားပြီး ယေဘုယျအားဖြင့် ဤအခြေအနေတွင် ကောလာဟလများကို ရပ်တန့်ရန်မဖြစ်နိုင်ကြောင်း သူ သိသည်။ သူ့စကားအား မည်သူမှယုံမည်မဟုတ်ပေ။ ဆွံ့အနားမကြားဟန်ဆောင် ရုံမှတပါး သူ ဘာမှမတတ်နိုင်ပေ။

ထိပ်တန်း Idol အဖွဲ့ မှ သူ့အားနားလည်မှုလွဲလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ယခုအချိန်တွင် သူ၏ စာချုပ်ချုပ်ရန်တောင်းဆိုမှုမှာ မေးခွန်းထုတ်စရာမရှိတော့သလိုပင်။ သူ ရုတ်တရက် အလွန်စိတ်ဓာတ်ကျသွားသည်။

ငိုချင်သော်လည်း မျက်ရည်မကျ။ သူ ထိုသို့သော ထိုး နှက်ချက်များအား ခံစားရသည်မှာ ကြာလှပြီဖြစ်သည်။

သို့သော် ယခုအကြိမ်ကမတူပေ အဘယ်ကြောင့်ဆိုသော် ၎င်းက လူ ရှေ့သူရှေ့မှာဖြစ်ပြီး အများသူငှာရှေ့ အရှက် ကွဲခြင်းနှင့် ညီမျှသည်။

သူသည် ယခင်က ပါးရိုက်ခံရခြင်းနှင့် ဆံပင်ဆောင့်ဆွဲခံရခြင်းတို့ကို ကြုံတွေ့ခဲ့ဖူးပြီး ထိုယောက်ျားများသည် ထိုရူးသွပ်နေသော မိန်းမများ အား သယ်ဆောင်သွားသော် လည်း သူ့အား အပြစ်ကင်းကြောင်း သက်သေပြရန် စကားလုံးတစ်လုံးမျှ မချန်ထားခဲ့ပေ။ အခင်းဖြစ်ပွားရာ နေရာရှိ လူတိုင်း သူ့အားကြည့်နေကြပြီး ထိုအကြည့်များက သူ့ကို အရိုးထိအောင်အေးခဲသွားစေသည်။ သူ ဘာပြောပြော သူ့ကို ဘယ်သူမှယုံမည်မဟုတ်ပေ။

ယခုလည်း တူညီလုနီးပါးမြင်ကွင်းတစ်ခု ဖြစ်သည်။ နေရာတစ်ခုလုံး တိတ်ဆိတ်သွားကာ သူ့အား ကြည့်နေသည့် ဓားမြောင်ကဲ့သို့ အကြည့်များ။

သူ အလိုလိုပါးစပ်ဖွင့်ကာ ကိုယ့်ကိုယ်ကို ခုခံချင်သော် လည်း လည်ချောင်းမှာ ဆို့နင့်နေသလိုခံစားရသည်။ နောက်ဆုံးတွင် သူ ထုံထိုင်းစွာ စွန့်လွှတ်လိုက်သည်။

သို့ပေမယ့် နောက်တစ်စက္ကန့်တွင်။

“ဘာ ” ဒါရိုက်တာ ထိတ်လန့်တကြားအော်လိုက်သည်။

ထုတ်လုပ်သူ၏မျက်နှာမှာလည်း ဖြူဖျော့သွားခဲ့သည်။ "ကျီလောင်ရှစ်၊ မင်း ဒီလို ပေါ့ပေါ့တန်တန်ပြောလို့မရဘူး"

နှစ်ယောက်သား ဒေါသထွက်နေပုံပေါ်သည်။

အခြားသူများမှာတော့ ရှက်ရွံ့ခြင်း၊ အတင်းအဖျင်းပြောခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်းတို့ ဖြစ်နေကြသည်။

ယုရို့ရင် အံ့ဩသွားသည်။ ဒီတစ်ခေါက်သည် အမှန်တကယ်ပင် မတူညီသည့် အခြေအနေဖြစ်ကြောင်း နားလည်သွားသည် အဘယ်ကြောင့်ဆိုသော် ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့သည် သူနှင့်ပတ်သက်၍မသင့်လျော် သည့် အတွေးမျိုးဘယ်တုန်းကမှ မရှိခဲ့ဖူး၍ဖြစ်သည်။ ဒီ တစ်ခါတော့ သူ နည်းနည်းလောက်ငြင်းခုန်နိုင်မည်ဟုထင်သည်။

ယုရို့ရင် မော့ကြည့်လိုက်သောအခါ ကျီဖေး သူ့အား ကြည့်နေသည်။ သူ အနည်းငယ်ထိတ်လန့်သွားပြီး လည် ချောင်းထဲတွင်တင်းကြပ်ကာ "ကျီလောင်ရှစ် နားလည်မှုလွဲတာပါ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူတို့နဲ့ မလျော်ကန်တဲ့ ဆက်ဆံရေးမျိုးမရှိပါဘူး။ ဒါတွေအားလုံးကောလဟာလပါ။ ငါ... ငါ လုံးဝကို အပြစ်ကင်းပါတယ်....

သူ ပြောပြီးသည့်နောက်တွင် မေးခွန်းထုတ်ခြင်း သို့ လှောင်ပြောင်ခြင်းတို့မရှိခဲ့ပေ။ မော့ကြည့်လိုက်သော အခါ ကျီဖေးပါးစပ်ထောင့်မှ အပြုံးတစ်ခုနှင့် သူ့အား ကြည့်နေသည်ကိုတွေ့ လိုက်ရပြီး သူ့အကြည့်များထဲ ကြည်နူးမှုအပြည့်ဖြစ်နေသည်။ ယုရို့ရင် အံသြသွားသည်။

ကျီဖေး ခေါင်းလှည့်ပြီး "အာ ? ကောလဟာလလား ? ဒါပေမဲ့ ကျွန်မ ဒါရိုက်တာရဲ့လက်ထောက်ဆီကနေ ရှင်း ရှင်းလင်းလင်းကြားလိုက်ရတာ”

ပြောပြီးသည်နှင့် ကျီဖေးက ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့၏ အနောက်မှ မိန်းကလေးသုံးယောက်အား ညွှန်ပြပြီး

"ယုလောင်ရှစ်က ဒါရိုက်တာ၊ ထုတ်လုပ်သူတို့နဲ့ သုံးယောက်အတူလုပ်ခဲ့တယ်လို့ သန့်စင်ခန်းထဲမှာ သူ တို့ပြောနေတာ တစ်နာရီလောက်ကြာတယ်။ သူတို့ကိုယ်တိုင် မျက်စိနဲ့ မြင်တာလို့လည်းပြောသေးတယ်။ ရည်ရွယ် ချက်က ငါတို့ကို ရိုက်ချဖို့လား၊”

ကျီဖေး လက်ရှိရှိနေသူတို့၏ ရုတ်တရက်တုံ့ပြန်မှုပြောင်း လဲခြင်းကို လျစ်လျူရှုကာပခုံးတွန့်ပြီး

"ဒီလိုစကားမျိုးကြားတော့ ကျွန်မအရမ်း စိတ်ကသိက အောက်ဖြစ်နေလို့ ရှင်းသွားအောင် ထုတ်ပြောရတာပေါ့။ ကာယကံရှင်တွေ အားလုံးရှိနေတော့ ထိပ်တိုက်ရှင်းကြရအောင်။"

ဒါရိုက်တာနှင့် ထုတ်လုပ်သူသည် ထိုလူသုံးယောက်အား မယုံကြည်နိုင်စွာလှည့်ကြည့်လိုက်သည်။

အားလုံး၏အကြည့်များက ထိုသုံးယောက်ပေါ်သို့ ချက် ချင်းကျရောက်သွားပြီး ခြေထောက်တွေတုန်လာသည်။

[အမှန်တရားရဲ့အလင်းအောက်မှာ အညစ်အကြေးနဲ့ အကျင့်ပျက်မှုတွေကို ဖုံးကွယ်လို့ရနိုင်ရိုးလား ?]

All Chapters