← Chapters

အခန်း (၁၂၇)

Vol. 13 Ch. 127

အခန်း (၁၂၇)

Vol. 13 Ch. 127

မျက်နှာချင်းဆိုင်စွပ်စွဲခြင်း၊ ထုတ်ဖော်ပြောဆိုခြင်းနှင့် လူမှုရေးဆက်ဆံရေးအား လုံးဝမထီမဲ့မြင်ပြုလုပ်ကာ အပြန်အလှန်လမ်းမဖွင့်ပေးဘဲ ရှေ့တန်းတင်လိုက်ခြင်းသညါ လူကြီးလောကမှာကြုံတွေ့ရတဲ့အခါ မသက်မသာဖြစ်စရာမဟုတ်ပါလား ?

မည်သို့ပင်ဆို‌စေကာမူ ကျီဖေးကတော့မရှက်ပေ။ စကား ပြောပြီးနောက် “မင်းမြင်တဲ့အတိုင်း အဆင်ပြေသလိုလုပ်” ဆိုသည့် သဘောထားကိုခံယူခဲ့သည်။

ချင်ကျောက်သည် အပြုံးကိုဖိနှိပ်ထားပြီး ပါးစပ်ကို လက်ဖြင့်အုပ်ထားပြီး ချင်ရုန်၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့်တောက်ပလာသည်။

ဖေးမင်ရွမ်သည် မျက်နှာကိုလက်ဖြင့် အုပ်ချင်စိတ်ဖြစ်နေပြီး မန်နေဂျာအနေနျင့် မမျှော်လင့်ထားသည့်အခြေ အနေတွေကိုအမုန်းဆုံးပင်။

ဒါပေမယ့်... အဲ့ဒါဟာ အရှုပ်တော်ပုံတစ်ခု ဖန်တီးဖို့အခွင့် အရေးတစ်ခုလိုပင်။

ယုရို့ရင်ဟည် ကျီဖေးအား ထိတ်လန့်စွာကြည့်လိုက်သည်။ ဒါနဲ့ သူလည်း သန့်စင်ခန်းထဲဝင်တုန်းက စကားစ မြည်းပြောတာက်ုကြားလိုက်တာလား ? ဒါဆို ဘာလို့ ဒီမေးခွန်းကိုမေးတာလဲ ?

ဤကဲ့သို့ အရည်ရွှမ်းသောအတင်းအဖျင်းအားရယူရမည်ဟု မမျှော်လင့်ထားကြပေ။ မှန်သည်ဖြစ်စေ မှား သည်ဖြစ်စေ မဆိုင်းမတွဘဲထုတ်ဖော်ပြောဆိုလိုက်ခြင်းပင်။

မိန်းကလေးသုံးယောက်၏မျက်နှာများ အရောင်ပြောင်းလာပြီး သိသိသာသာကိုကြောက်ရွံ့နေခဲ့ကြသည်။

"ဒါ လုံးဝကိုအဓိပ္ပါယ်မရှိဘူး၊ မင်းတို ဘာမဟုတ်တာတွေပြောနေကြတာလဲ" ဒါရိုက်တာမှ ဒေါသတကြီးမေးလာသည်။

ထုတ်လုပ်သူကလည်း သူတို့သုံးယောက်အား အေးစက်သောအမူအရာဖြင့်ကြည့်လိုက်သည်။

"မင်း ငါတို့နဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေကို လုပ်ကြံဇာတ်လမ်းတွေဖန်တီးနေတယ်လား ? မင်း အလုပ်တွေ ပျက်ချင်နေတာလား ? ငါတို့ကို ပြောစမ်း၊ မင်းတို့ထဲက ဘယ်သူက မျက်လုံးနဲ့တပ်အပ်မြင်လိုက်တာလဲ"

ကောင်မလေးနှစ်ယောက် လုံးဝကိုထိတ်လန့်နေပြီဖြစ် သည်။ သူတို့ပါးစပ်ကနေ ဘာမှမပြောနိုင်ပေမယ့် ဒီကိစ္စမှာ သူတို့သည်နားထောင်သူဖြစ်သည်။ ထိုကြောင့်အ လျင်အမြန် အလယ်ကမိန်းကလေးအား တွန်းပို့လိုက်ကြသည်။

သူမကသာ ကိုယ်တိုင်မျက်စိနဲ့မြင်ဖူးသည်ဟု အခိုင်အ မာပြောခဲ့သူပင်။

ဒါပေမယ့် ဒီအချိန်မှာ မိန်းကလေးက မည်သို့ရူးရူးမိုက် မိုက်ပြောရဲသည်သတ္တိရှိမည်နည်း ? သူမ ဝိုးတဝါးဖြင့်သာပြောနိုင်သည် - "ကျီလောင်ရှစ် နားကြားမှားတာဖြစ်မယ်။ ကျမတို့ ဒါရိုက်တာနဲ့ ထုတ်လုပ်သူက ဘယ်လိုလုပ် ယုလောင်ရှစ်နဲ့မလျော်ကန်တဲ့ ဆက်ဆံရေးမျိုးရှိနိုင်မှာလဲ ?"

"ငါ့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အကြားအာရုံမှာ ပြဿနာရှိနေပြီလို့ ဆိုချင်တာလား ? ဒါပေမယ့် မင်း အသံကျယ်ကျယ်နဲ့ပြောခဲ့တာပါ" ကျီဖေး ပြုံးပြီးပြောလိုက်သည်။

"သန့်စင်ခန်းထဲ လူတွေရှိနိုင်တယ်ဆိုတာ မင်း ရှင်းရှင်း လင်းလင်းသိတာပဲ၊ ဒါပေမယ့် မင်း အသံကျယ်ကျယ်နဲ့ တမင်ပြောနေတာ မဟုတ်လား။ အဲဒါကို လူများများသိအောင်ဖြန့်စေချင်လို့မဟုတ်ဘူးလား။ ငါ သေသေချာချာ ကြားခဲ့တာပါ ဘာလို့ အခုမှလက်မခံတာလဲ"

ကောင်မလေး၏မျက်နှာသည် အလွန်ရုပ်ဆိုးသွားပြီး မျက်လုံးများနီရဲလာသည်။ ကျီဖေးသည် သူမ အဆင့် အတန်းကိုအသုံးပြု၍ အနိုင်ကျင့်နေသကဲ့သို့ မကျေမနပ်ဖြစ်ကာ ထိတ်လန့်မှုမျရောနှောနေပြီး ကျီဖေးအားကြည့်လိုက်သည်။

"ကျမ တကယ် ဘာမှမပြောခဲ့ပါဘူး..."

အကယ်၍ သူမဝန်ခံလိုက်ရင်ပြီးသွားပြီ၊ ကျီဖေးလို အဆင့်အတန်းရှိတဲ့သူတစ်ယောက်က သူ့လို မိန်းကလေး တစ်ယောက်ကို ဘာကြောင့်ရွေးရတယ်ဆိုတာ သူ နားမလည်ခဲ့ပေ။ အရမ်းအနိုင်ကျင့်ခံရသလို ခံစားရသည်။

[ရယ်ရလို့သေတော့မယ် သူက ဘယ်လိုလုပ်သားကောင် ဖြစ်သွားတာလဲ ? ငါ သိပြီ၊ ငါ ကြားခဲ့ရင်တောင် ငါက ယုရို့ရင်အပေါ် လျှို့ဝှက်ပြီးတစ်ခုခုကြံနေသင့်တယ်မဟုတ်လား ? အဲဒါကြောင့် ကောလဟာလတွေ ရူးရူးမိုက်မိုက် ဖြန့်နေကြတာလား။]

ချင်ကျောက်နှင့် ချင်ရုန်- Tsk tsk tsk ၊ ဘယ်လောက် တောင် စက်ဆုပ်စရာကောင်းလိုက်သလဲ ?

"ဒါရိုက်တာနဲ့ ထုတ်လုပ်သူရှိနေတဲ့နေရာကို ယုလောင်ရှစ် သွားတွေ့ခဲ့တယ်လို့ ပြောတာဘဲ..." ကျီဖေး ရယ်မောပြောလိုက်သည်။

ကောင်မလေး၏မျက်နှာမှာ သေမင်းတမန်အလားဖြူဖျော့လာသည်။ သူ့ လက်ကိုအမြန်ဝှေ့ယမ်းပြီး

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ကျမက ဒါရိုက်တာရဲ့အနားမှာ တစ်ချိန်လုံးရှိနေတာ။ ယုလောင်ရှစ်နဲ့ တစ်ယောက်တည်း တွေ့တာမျိုး တစ်ခါမှမရှိဖူးဘူး၊ ဒါကြောင့်ဒီလိုစကားမျိုး မပြောနိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျီလောင်ရှစ် ကျမကို ပြဿနာမရှာပါနဲ့။"

မိန်းကလေး ဒီလိုပြောလာတဲ့အခါ သူ့ဘေးနားက ကောင် မလေးနှစ်ယောက်၏မျက်နှာတွေ ပြောင်းသွားသည်။ ဒါပေမယ့် သူတို့ထံ ရွေးချယ်စရာမရှိတော့ပေ။

"ကျီလောင်ရှစ်၊ ကျွန်မတို့ပြောနေတာတွေကို သေချာမကြားလိုက်လို့ နားလည်မှုလွဲတာဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မတို့ ထုတ်လုပ်ရေးအဖွဲ့က ပြိုင်ပွဲရဲ့ မှန်ကန်မှုကိုသေချာစေရပါ့မယ်"

"ဟုတ်ကဲ့၊ ကျွန်မတို့ တောင်းပန်ပါတယ်။ ကျွန်မတို့ ထုတ် လုပ်ရေးအဖွဲ့က ပြိုင်ပွဲရဲ့တရားမျှတမှုကို သေချာပေါက် အာမခံပေးမှာပါ။"

ကျီဖေး ဒီကိစ္စကိုဖုံးဖို့ကြိုးစားနေမှန်း သိလိုက်သည်။

"ဒါဆို ယုလောင်ရှစ်က ပြိုင်ပွဲအတွက် ဒါရိုက်တာနဲ့ ထုတ် လုပ်သူကို လှည့်ဖြားဖို့ ဘာမှမလုပ်ထားဘူးဆိုတာသေချာရဲ့လား၊ ယုလောင်ရှစ်ရဲ့ အပြုအမူတွေက သင့် တင့်လျောက်ပတ်တယ်ဆိုတာကို မင်းတို့ အမြဲသိခဲ့ကြတာလား ?"

သုံးယောက်သား တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။

"ဒါဆို ထူးဆန်းလိုက်တာ"

ကျီဖေး ဖုန်းကိုထုတ်လိုက်ရင်း ပြုံးပြီးပြောလိုက်သည်။

သုံးယောက်သား ချွေးတွေတသီတကြီးစီးကျနေပြီး ဒီအ ချိန်မှာအံ့ဩသွားကြသည်။ သူတို့တွေးနေတာ မဖြစ်နိုင်ဘူးမှတ်လား ??

ကျီဖေးသည် လျှို့ဝှက်ရိုက်ကူးထားသော ဗီဒီယိုတစ်ခုအားဆွဲထုတ်လာခဲ့သည်။

သန့်စင်ခန်းထဲ သူတို့စကားပြောဆိုမှုသည် ပေါက်ကွဲအ ပြင်းထန်ဆုံးအပိုင်းဖြစ်ခဲ့သည်။

တခဏချင်းမှာပင် မိန်းကလေးသုံးယောက်၏ မျက်နှာတွေ သိသိသာသာပြောင်းလဲသွားပြီး မျက်လုံးတွေပြူးကျယ်သွားသည်။

"စွပ်စွဲဖို့က သက်သေလိုတယ် မဟုတ်လား" ဟုဆိုပြီး ကျီဖေးလျှာကို ဖြည်းဖြည်းချင်းကလိနေသည်။

ကျီဖေးဗီဒီယိုရိုက်ထားမည်ဟု မည်သူမှမမျှော်လင့်ထားချေ။ ပထမအကြိမ်မှာတင် သက်သေအထောက်အထားယူဖို့ စဉ်းစားမိတယ်ဆိုတော့ ပါပါရာဇီတွေထက်တောင် ပိုပြီးစိတ်ဝင်စားစရာကောင်းနေတာလား..?

ကြည်လင်ပြတ်သားသောဆွေးနွေးသံသည် လူတိုင်း၏ နားထဲသို့ရောက်ရှိသွားပြီး အံ့အားသင့်မှုတစ်ခုလူအုပ်ကြားထဲပျံ့နှံ့သွားသည်။

သူတို့တကယ်ပြောခဲ့ရုံတင်မကဘဲ တစ်ပတ်ရစ်အချက် အလက်ပင်မဖြစ်ခဲ့ချေ။ သူကိုယ်တိုင် မျက်စိနဲ့ မြင်ဖူးသည်ဟု အခိုင်အမာဆိုခဲ့ပြီး သူ့ကိုယ်သူ မျက်မြင် သက်သေအဖြစ်ထုတ်ဖော်ခဲ့သေးသည်။

ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့၏မျက်နှာမှာ ပိုအကျဉ်း တန်လာခဲ့သည်။ ဒီကောလဟာလ‌တွေ ဘယ်အချိန်ကစပြီး ဘယ်လောက်ကြာကြာပျံ့နှံ့နေလဲဆိုတာကို သူတို့ မတွေးနိုင်ခဲ့ချေ။

နဂိုက သူတို့နားလည်မှုလွဲသည်ဟုထင်ခဲ့ကြသည်။ နောက်ဆုံးတော့ ဒီသုံးယောက်သည် ၎င်းတို့၏လက် ထောက်တွေဖြစ်ပြီး သူတို့၏ကိစ္စအဝဝကို ရှင်းရှင်းလင်း လင်းသိသင့်သည်။ ထို့ပြင် ၎င်းတို့သည် ယုရို့ရင်အပေါ် အာဃာတမရှိသောကြောင့် ကောလဟလများဖြန့်ရန် အကြောင်းမရှိပေ။

ဒါပေမယ့် ဒီလောကမှာ လေထဲကဇာတ်လမ်းတွေကိုဖန် တီးနိုင်တဲ့ သူတွေရှိနေဦးမယ်ဆိုတာ ဘယ်သူသိမှာလဲ။

"မင်း..."

ထုတ်လုပ်သူ ဒေါသတကြီးအော်ဟစ်လိုက်သည်။

ထိုအချိန်တွင် သုံးယောက်ကြား ကမောက်ကမဖြစ်သွားသည်။

"ကျွန်မတို့ ဘာမှမသိဘူး၊ သူ ပြောတာကိုပဲ ပြောနေခဲ့ကြတာပါ"

"အဲ့ဒါ ကျမတို့နဲ့ ဘာမှမဆိုင်ဘူး။"

အလယ်ကကောင်မလေးသည် စာရွက်တစ်ခုလိုဖြူဖျော့နေပြီး သူ့ တစ်ကိုယ်လုံးတုန်ရီနေသည်။ သူ အစကအ ခြေအနေကိုလျှော့ချနိုင်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် သူ့ဟာ သူ ချောင်ပိတ်မိနေပြီဖြစ်သည်။ နောက် ဆုံးမထိန်းနိုင်တော့ဘဲ မျက်ရည်တွေဝဲလာသည်။

ဒါပေမယ့် သူမ ငိုပြီးသည်နှင့် ဒါရိုက်တာက "မင်းက ငိုရဲ သေးတယ်ပေါ့၊ ငါတို့အကြောင်း ကောလာဟလတွေဘာလို့ ဖြန့်နေတာလဲ၊ မင်းကိုယ်တိုင် ငါတို့နဲ့ တချိန်လုံးအတူ တူရှိနေခဲ့တာလေ ယုလောင်ရှစ်နဲ့ တစ်ယောက်တည်းတွေ့တာမျိုးမမြင်ဖူးဘူးဆို။ မင်း ဘယ်လောက်တောင် သတ္တိ ရှိနေလို့ လိမ်ညာပြောရဲတာလဲ"

ကောင်မလေး၏ခြေထောက်များသည် မခိုင်တော့ဘဲ မြေပြင်ပေါ်သို့လဲကျသွားသည်။ ဒီအချိန်မှာတော့ သူမသည် ငြင်းလို့မရသည့်သက်သေအထောက်အထားများနှင့် နောက်ဆုံးမှာ ငြင်းဖို့ကြိုးစားတာကို ရပ်တန့်လိုက်သည်။

"တောင်းပန်ပါတယ်၊ ကျမ မရည်ရွယ်ပါဘူး၊ ကျမ တကယ်မရည်ရွယ်ခဲ့ဘူး၊ ခဏလေးပဲ စိတ်ရှုပ်ထွေးသွားတာ၊ ကျမ... ကျမ..."

ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့ ဒေါသဖြစ်နေသော်လည်း ငယ်ရွယ်သောအမျိုးသမီးတစ်ဦးနှင့် ရင်ဆိုင်ရသဖြင့် လက်ဖြင့်မရွယ်ခဲ့ကြချေ။

သူတို့ တောင်းပန်ခံရပြီးသော်လည်း လေထုကမူအဆင်မ‌ ပြေဆဲပင်။ ‌၎င်းတို့အ‌နေဖြင့် ဧည့်သည်များကိုစိတ်ကျေနပ်အောင်လုပ်ပြီးနောက် ထိုသုံးယောက်အား နောက်မှ သီးသန့် ပြောဖို့လိုသည်။

ဒါပေမယ့် အဘယ့်ကြောင့် စိတ်‌ကျေနပ်မှုမရှိမှန်းနားမလည်ချေ။ ညစ်ပတ်သောရေဆိုးဖြင့် အလောင်းခံရခြင်းကြောင့် ထူးဆန်းသောစိတ်ခံစားမှုတစ်ခုရှိခဲ့သည်။

"ငါတို့ကို မတောင်းပန်နဲ့ ယုလောင်ရှစ်ကို တောင်းပန်သင့်တယ်!" ထုတ်လုပ်သူက စိတ်မရှည်စွာပြောလာသည်။

ကောင်မလေးသည် သူတို့ပြောသမျှလိုက်လုပ်နေရသဖြင့် လုံးလုံးစိတ်ရှုပ်သွားသည်။ သူမ အမြန်ထကာ ယုရို့ရင်အားဦးညွှတ်ပြီး "တောင်းပန်ပါတယ် ယုလောင်ရှစ်"

ဒီလုပ်ရပ်သည် လူများအား ကောလဟာလတချို့ကို သတိရစေဟည်။ အရင်က လူတွေ ယုရို့ရင်ကို စော်ကားပြီးတောင်းပန်တဲ့အခါ သူမသည် ၎င်းတို့အား အမြဲတမ်း မာနကြီးစွာလျစ်လျူရှုခဲ့သည်ဟုဆိုကြသည်။

ဒါက လူတွေကို မကောင်းမြင်စေသည်။ ခွင့်မလွှတ်ခြင်းသည် လူတစ်ဦး၏အခွင့်အရေးဟုမထင်ကြချေ။ ကိုယ့်ဘက်က မှန်နေရင်တောင် ဒါမှမဟုတ် အမှန်ကိုမမြင်နိုင်တော့ဘဲ အာဏာရှင်ဆန်သည်ဟုသာမြင်လေ့ရှိသည်။

ထို့ကြောင့် ယုရို့ရင်သည် မာနကြီးပြီး သူ့အလှကို အလွဲ သုံးစားလုပ်သည်ဟုထင်မြင်လာခဲ့သည်။

ယခုတောင်းပန်စကားကိုကြားတော့ ယုရို့ရင်သည် အမှန်ပင် အသိအမှတ်မပြုခဲ့ဘဲ သူ့ ပါးစပ်ထောင့်တွင် လှောင် ပြောင်သောအပြုံးကိုပင် လှစ်ဟပြသခဲ့သည်။

လူတွေစိတ်ထဲ အခြေအနေမှာ အဆင်မပြေဖြစ်ရသည်ဟုခံစားရစေသည်။

ကျီဖေးသည် ကောလာဟလများကိုရပ်တန့်ရန် တမင်တ ကာတိုက်ရိုက်ပြောနေခြင်းဖြစ်သည်ကို ယုရို့ရင်နား လည်သွားသည်။

ကျီဖေး သူ့အားကူညီချင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ့ကို ကျေးဇူးတင်မိပေမယ့်... အားထုတ်မှုဟာ အလဟသဖြစ်နိုင်ဖွယ်ရှိသည်။

ကောလဟာလသတင်းသမားများသည် မှားယွင်းသောသတင်းများကိုဖြန့်ဝေခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း အရေးမကြီးတော့ချေ !?

အရင်တုန်းက ယုရို့ရင်သည် ဒီကိစ္စတွေကိုရင်ဆိုင်ဖို့ ဘယ်တုန်းကမှမတွေးခဲ့မိပေ။ အားနည်းချက်ကြောင့် မဟုတ်ဘဲ အဘယ့်ကြောင့်ဆိုသေည် သူမသည် သူတို့ကို ရင်ဆိုင်ပြီး အမှန်တရားဟုခေါ်သည့် အမှန်တရားကို ထုတ်ဖော်ခဲ့လျှင်ပင် ဘာမှထူးထူးခြားခြားဖြစ်လာမည် မဟုတ်ချေ။

ယုရို့ရင်၏အကြည့်များသည် ဘေးမှကြည့်ရှုသူများအ ပေါ်လွှမ်းသွားသည်။

တကယ်တော့၊ ဒါရိုက်တာနဲ့ ထုတ်လုပ်သူနဲ့ ရင်းနှီးသူများအတွက် ထိုကောလာဟလသည် အတော်လေးအဓိပ္ပါယ်မဲ့သည်ဟုယူဆကြပြီး ဒါရိုက်တာနှင်ါ ထုတ်လုပ်သူသည် ဘယ်တော့မှ ဒီလိုအရာတွေလုပ်မှာမဟုတ်တဲ့အတွက် အစကတည်းက မယုံခဲ့ကြချေ။ မဒမ်ကျုံးပင်လျှင် မဖြစ်နိုင်ကြောင်းနားလည်သည်၊ မဟုတ်ပါက သူမ အစောပိုင်း ကျောထောက်နောက်ခံပြုပေးရန် ပြောမည်မဟုတ်ပေ။

သို့သော် ၎င်းတို့နှင့်မရင်းနှီးတဲ့သူများသည် ဒရာမာအား ကြည့်ရှုနေခဲ့ကြသည်။

ဒရာမာက ဒီအခြေအနေထိရောက်လာမှတော့ အကြည့်တစ်ချက်နဲ့တင် စကားလုံးမလိုဘဲနားလည်သွားကြသည်... သူတို့ ဒီနေရာကနေထွက်သွားပါက အတင်းပြောစရာတွေ အများကြီးရှိလာလိမ့်မည်။

အရာအားလုံးအရင်အတိုင်းဖြစ်ကာ ဘာမှပြောင်းလဲခြင်း မရှိချေ။

All Chapters