အခန်း (၁၂၈)
Vol. 13 Ch. 128
ထိုအချိန်မှာပင် ကျီဖေးက "ဖိအားကြောင့် တောင်းပန် တာ မဟုတ်ဘူးလား ? ဒါရိုက်တာနဲ့ ပရိုဂျုဆာ အပြစ်ပေးမှာကိုကြောက်နေတာလား? ဗီဒီယိုထဲမှာတော့ အရမ်းစိတ်ရင်းမှန်နေသလိုပဲကော"
ကြည့်ရှုသူများ အံ့ဩသွားကြသည်။ ကျီဖေးသည် ၎င်းတို့တွေးနေပုံအား အတိအကျထုတ်ပြောလာခြင်းပင်။
ဒီလိုအခြေအနေမျိုးမှာ တိုက်ရိုက်ရင်ဆိုင်ပါက ၎င်းတို့ အပြစ်ရှာရန် လိုအပ်မည်မဟုတ်ပါလောဘ?
မိန်းကလေး အမှန်အတိုင်းပြောနေတာဖြစ်နိုင်သည်။
ယုရို့ရင်သည် သူ့ ရင်ဘတ်ထဲရှိ စိုက်နေသောမြှားတစ် ပိုင်းကိုဖယ်ရှားလိုက်နိုင်သကဲ့သို့ ရုတ်တရက်ထိတ်လန့်သွားသလိုခံစားလိုက်ရသည်။ သူ ကျီဖေးအား အံ့အား သင့်စွာကြည့်လိုက်သည်။
မြူမှုန်များ ကင်းစင်လာသလိုပင်။
"မဟုတ်ဘူး၊ ကျမက...ဟို ဟို ကျမ တကယ်ပြော..." ကောင်မလေး လုံးဝကိုအံသြသင်ါသွားပြီး ဝန်ခံသင့်လား ငြင်းသင့်လား မသေချာပေ။
စကားလုံးအချို့ပြောပြီးသည်နှင့် ခွက်ထဲမှရေဖိတ်စင်သွားသလိုပင်၊ အငွေ့ပျံသွားသကဲ့သို့ ပြန်ဆယ်ယူလို့မရချေ။
ပထမတော့ ဒါရိုက်တာနဲ့ ပရိုဂျူဆာမှ ကျီဖေး၏အဆက် မပြတ်မေးခွန်းထုတ်မှုကြောင့် ယုရို့ရင်နှင့်ဆက်ဆံရေးရှိနေသည်ဟုထင်မြင်ခဲ့ကြသည်။
သို့သော် လူစုလူဝေးအားစကင်န်ဖတ်ပြီး လူအုပ်ထဲရှိ အမျိုးမျိုးသောမျက်နှာများကိုကြည့်ရင်း နောက်ဆုံး အကြောင်းရင်းကိုနားလည်သွားကြသည်။
ကောလာဟလဖြန့်သူမှ ဝန်ခံသည့်တိုင် လူများက မယုံ ကြည်နိုင်ပေ။ ထို့ပြင် ယနေ့ည၏ဖြစ်ရပ်သည် ပျံ့နှံ့သွားသည်နှင့်အမျှ ပြဿနာကြီးဖြစ်လာနိုင်သည်။
ဒါရိုက်တာနှင့် ပရိုဂျုဆာတို့ တစ်စုံတစ်ယောက်အား ရိုက်နှက်ချင်လာသလို ခံစားလာရသည်။
ရုတ်တရက် သူတို့ သဘောပေါက်သွားပြီး ယုရို့ရင်အား တစ်ချက်ကြည့်လိုက်သည်။ အရင်က ကောလဟာလ တွေကကော ခုလိုမျိုးများဖြစ်နေမလား...?
ဤအခိုက်အတန့်တွင်၊ ဒါရိုက်တာနှင့် ထုတ်လုပ်သူသည် နောက်ဆုံး ကျီဖေးက ၎င်းတို့ကိုဖြစ်ပေါ်စေခဲ့သော ဒုက္ခနှင့်အရှက်ရမှုကိုလျစ်လျူရှုလိုက်ပြီး၊ ဤကိစ္စအဖြစ်မှန် ပေါ်ပေါက်လာသည့်အတွက် ကျေးဇူးတင်သလိုခံစားလိုက်ရသည်။
အနည်းဆုံး အခြားအခြေအနေများနှင့်မတူဘဲ၊ ဒါရိုက် တာနှင့် ထုတ်လုပ်သူသည် ၎င်းတို့အပြစ်ကင်းကြောင်း လုံးဝသက်သေပြနိုင်သည်။
ထုတ်လုပ်သူသည် သူ့ဘာသာသူပြောရန် စိတ်မ၀င်စားတော့ဘဲ အတွေ့အကြုံရှိ ကင်မရာမင်းကိုလက်ပြကာ "လောင်ကျန်း၊ မင်းပြောကြည့် ငါတို့က အဲ့လိုဖြစ်နိုင်ပါ့မလား ?"
လောင်ကျန်း ဒေါသတကြီးပြန်ဖြေသည်။
"ဒါ မှားတယ်။ လူသစ်တွေ မသိပေမယ့် ငါတို့ရဲ့ ထုတ် လုပ်သူက ဒါရိုက်တာရဲ့ယောက်ဖပဲ၊ သူတို့ ဘယ်လိုလုပ် အတူတူလုပ်နိုင်ကြမှာလဲ၊ အတူတူမလုပ်ကြရုံတင်မကဘူး Producer လည်း တခြားမိန်းမတွေကို ဒါရိုက်တာနဲ့ ဝေးဝေးမှာထားဖို့ ကူညီပေးမှာပဲ၊ အဲဒါကြောင့် ငါတို့ရဲ့ ဒါရိုက်တာက နှစ်ပေါင်းများစွာ ဘာကောလာဟလတစ်ခုတစ်လေမှမရှိခဲ့တာ။ ဒါရိုက်တာက ဇနီးကြောက်ရတယ်! ထုတ်လုပ်သူကလည်း သူ့ညီမဆို အရမ်းချစ်၊ သူတို့နှစ်ယောက်စလုံး အရမ်းတွယ်ကပ်သလား.."
လောင်ကျန်း သူပြောရင်း ပိုစိတ်လှုပ်ရှားသွားလာသော် လည်း ထိတ်လန့်နေသော ဒါရိုက်တာနှင့် ထုတ်လုပ်သူမှာ လွန်စွာမကျေမနပ်ဖြစ်နေကြသည်။
"တော်လောက်ပြီ၊ ငါတို့ရဲ့အပြစ်ကင်းစင်မှုကို ယုရို့ရင် သက်သေပြဖို့ လုံလောက်သင့်တယ်မဟုတ်လား"
ရောက်ရှိနေသူများသည် အံ့အားသင့်၊ ရှက်ရွံ့ခြင်း၊ ပြုံးမိချင်ခြင်းဖြင့် ရောထွေးနေကြသည်။
ကျီဖေး အတွင်းစိတ်ထဲ ရယ်မောနေပြီဖြစ်သည်။
[ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့ရဲ့ဆက်ဆံရေးကို အသုံး ပြုပြီး ကောလာဟလကိုဖြေရှင်းစေချင်ခဲ့တာ။ ဒါပေမယ့် ဒီလောက်ထိ ဖော်ကောင်လုပ်သွားမယ်လို့ မမျှော်လင့်ခဲ့မိဘူး။ ဒါ ငါ့အပြစ် မဟုတ်ဘူး။]
ဖေးမင်ရွမ်နှင့် ချင်ကျောက်တို့သည်တို့သည် ဤအ ကြောင်းကိုသိပြီးသားဖြစ်သည်။ ထို့ကြောင့် ဤကြီး ကျယ်သောအစီအစဉ်အား စုစည်းနိုင်ခြင်းဖြစ်သည် - သူတို့နောက်ကွယ်တွင် ထိုကဲ့သို့အင်အားရှိသည့်အမျိုး သမီးကြီးရှိသောကြောင့်ပင်။
ဒါကို ချင်ရုန်ရဲ့ပထမဆုံးအကြိမ်ကြားရသဖြင့် ပြုံးရွှင်မဆုံးတပြုံးပြုံးဖြစ်နေသည်။ ဤအရာသည် ယုရို့ရင်၏ အပြစ်ကင်းစင်မှုအား သက်သေပြရန်လုံလောက်ပြီဟုထင်သည်။
ချင်ရုန် အပေါ်ကိုကြည့်လိုက်ရာ ယုရို့ရင်သည် ကျီဖေးကို ဗြောင်ကျကျစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာသဘ် မျက်နှာဖုံးကဲ့သို့ ချစ်စရာကောင်းသည့် အပြုံးမဟုတ်တော့ဘဲ၊ ဇဝေဇဝါဖြစ်နေသောအမူအရာဖြစ်သည်။
ကံကောင်းခြင်းသည် မိမိအပေါ်ကျရောက်လာမည်ကို မယုံကြည်နိုင်သော အကျဉ်းသားတစ်ဦးကဲ့သို့ပင်။
ကျီဖေးသည် သူ့ပတ်ဝန်းကျင်ရှိလူများ၏အမူအရာများကိုမြင်ချိန် သူ့ ရည်မှန်းချက်အောင်မြင်ကြောင်းသိပြီး အရာများကို အဆုံးသတ်ရန်ဆုံးဖြတ်လိုက်သည်။
"အဲဒါဆိုရင် ငါ ယုံပါတယ်" ဟုပြောသည်။ သို့သော် နောက်ထပ်မထိုးနှက်ဘဲမနေနိုင်သဖြင့် - "ဒါဆို မင်းပြောခဲ့တဲ့ ယုရို့ရင် မင်းရည်းစားကိုဖြားယောင်းတယ်ဆိုတဲ့စကားက..."
ကောင်မလေး နောက်တစ်ကြိမ်ဓားနဲ့ထိုးခံရသလိုပင်။
"ကျမ အမှားပါ၊ ကျမ အမှား၊ ကျမ ရည်းစားက ယုရို့ရင်ကိုအဝေးကနေလှမ်းကြည့်လိုက်မိရုံပါပဲ။ အကုန်လုံးက ကျမရဲ့ စိတ်ကူးယဉ်မှုသပ်သပ်ပါ'"
"အိုး နင် ဘယ်လိုလုပ် အဲ့လိုခုပ်ရတာလဲ ? ယုရို့ရင်က အပြစ်မရှိဘူး၊ နင့်ရည်းစားကို သွားစွပ်စွဲသင့်တာ၊ တကယ်ပဲ၊ အမျိုးသမီးတွေ အချင်းချင်း ဘာလို့ဒုက္ခပေး နေကြရတာလဲ ?"
ကျီဖေး သက်ပြင်းချလိုက်ပြီး ယုရို့ရင်ကိုပြုံးပြီး လှည့်ကြည့်လိုက်သည်။
" ငါလည်း ယုရို့ရင်ကိုတောင်းပန်သင့်တယ်။ စောစောက ရှင့်ကို နားလည်မှုလွဲတာလေးတွေရှိခဲ့တယ်"
ယုရို့ရင်က "မဟုတ်ဘူး၊ ကျမ ရှင့်ကိုကျေးဇူးတင်ရမယ်။ တကယ် ကျေးဇူးတင်ပါတယ်"
ယုရို့ရင်၏လေသံမှာ သိသိသာသာကွဲပြားသွားသဖြင့် သူမနှင့် ရင်းနှီးသူများ သူမကိုကြည့်နေမိသည်။ သူမ၏ စိတ်လှုပ်ရှားမှုကို သူ မထိန်းချုပ်နိုင်သော်လည်း သူမ၏ အမူအရာမှာ ကျွမ်းကျင်စွာထိန်းချုပ်ထားဆဲဖြစ်ပြီး သူ ၏အလှဆုံးအပြုံးကိုပြသကာ ယခုအခါ သူ့မျက်လုံးများ သည် ကြယ်ရောင်ကဲ့သို့တလက်လက်တောက်ပနေ သည်။
ကျီဖေး သူ့ကို ကူညီဖို့ဆန္ဒရှိတယ်ဆိုရင် သူတို့စတူဒီယိုက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ဆိုချင်တာလား ?
"အကုန်ရှင်းရှင်းလင်းလင်းပြောလိုက်တာ ကောင်းတယ်။ မပြောဘဲနဲ့ ဘာမှရှင်းလင်းလာမှာမဟုတ်ဘူး။ အရာအား လုံးကို ဖွင့်ဟလိုက်မှသာ မှားပြီးနားလည်မှုလွဲတာတွေကင်းသွားလိမ့်မယ်"
ကျီဖေး ပြုံးပြီး မဒမ်ကျုံးအားစိုက်ကြည့်လိုက်သည်။
"ယုရို့ယင်အတွက် မတရားခံလိုက်ရတဲ့ဒုက္ခပဲ၊ တစ်ဖက် သတ်ပဋိပက္ခထဲ ဇွတ်ထည့်ခံလိုက်ရတာ။ ဘာပဲဖြစ်ဖြစ်၊ နောက်ဆုံးမှာ အမှန်ကအမှားမဖြစ်နိုင်သလို၊ အမှားကလည်း အမှန်မဖြစ်နိုင်ဘူးလေ"
ကျီဖေး၏အဖွဲ့သည် သူ့ဆိုလိုရင်းကိုနားလည်သွားခဲ့ကြသည်။
ကျီဖေး မဒမ်ကျုံးအား နောက်ဆုံးအကြိမ် သတိပေးချက်အဖြစ် ဤအဖြစ်အပျက်ကိုအသုံးပြုခဲ့သည်။ ယုရို့ရင်နှင့်ပတ်သတ်၍ အပျက်သဘောဆောင်သော သတင်းတစ်ပုဒ်ကို သူမ ကိုယ်တိုင်မျက်စိဖြင့် မြင်အောင်ကြည့်စေချင်သည်။
အားလုံးကြားကြသလို မဒမ်ကျုံးလည်း ထိုနည်းလည်း ကောင်းဟု ယူဆရသည်။ လမ်းမှားမှ နောက်ပြန်လှည့်နိုင်လိမ့်မည်ဟု ထို့ပြင် အပြစ်မဲ့သူ တစ်ဦးအပေါ် ကောလ ဟာလများသုံးကာ အပြစ်မဖို့ရန်မျှော်လင့်သည်။
ဒါပေမယ့် ကိစ္စပြီးသွားတော့ သူ့ခင်ပွန်းဖြစ်သူမှာ ယုရို့ရင်အား နှစ်သိမ့်ပေးရန် အပြေးအလွှားသွားနေကြည့်ရင်း မဒမ်ကျုံး၏မျက်လုံးများ မုန်းတီးမှုနှင့် ပူလောင်နေဆဲပင်။
သို့သော် ယုရို့ရင်သည် သူ့အား တက်ကြွစွာချဉ်းကပ်လာရန် မမျှော်လင့်ထားခဲ့ပေ။
ယခင်က ယုရို့ရင်သည် မဒမ်ကျုံးကိုရှောင်နေခဲ့သည်။ သူ့အား စုပေါင်းပစ်မှတ်ထားပြီး သူ၏နောက်လာမည့် Show အား ဖျက်စီးရန် Ladies' Club ၏စီစဉ်ထားကြောင်း သူ သိသည်။ သို့သော် ဤသည်မှာ သူမ၏ အရေးအကြီးဆုံးသော လောင်းကြေးဖြစ်သည် - သူမ၏ စာချုပ်သက်တမ်းကုန်ဆုံးခါနီးတွင် သူမ၏ဖျော်ဖြေရေးအရည်အချင်းနှင့် အဖွားဖြစ်သူ၏ ဆေးကုသမှုစရိတ်များအတွက်ကြိုးစားနေခြင်းဖြစ်သည်။ အံ့အားသင့်ဖွယ်အခြေအနေများ မကြုံစေချင်ပ။။
" မဒမ်ကျုံး၊ ကျမတို့ကြားမှာ နားလည်မှုလွဲမှားတာ လေးတွေရှိမယ်ထင်တယ်။ ရှင့်မှာ ဘာမေးခွန်းပဲရှိရှိ ကျမ ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ဆန္ဒရှိတယ်" ဟု ယုရို့ရင် ရိုးရိုးသားသားပြောလာသည်။
ပွဲဦးထွက်ပြီးနောက် သုံးနှစ်အတွင်း သူမ ဤကဲ့သို့များစွာလုပ်ဆောင်ဖူးသော်လည်း အကြိမ်တိုင်း ကြိမ်းမောင်းခြင်းနှင့် ရိုက်နှက်ခြင်းကိုသာခံခဲ့ရသည်။ ထို့ကြောင့် သူမသည် ကိုယ့်ကိုယ်ကိုရှက်ရွံ့စရာများမှ ရှောင်ဖယ်ကာ အခြားသူများ ထင်သည့်အတိုင်းသာ ထားလိုက်သည်။သူ့ဘဝတွင် ဘာမှပြောင်းလည်းမည်မဟုတ်
ယယချေ။
သို့သော် ယနေ့တွင် သူ နောက်တစ်ကြိမ် သူ့အမှန်ကို ပြောဆိုလိုသည်။
သို့သော် သူမော့ကြည့်လိုက်သောခါ မဒမ်ကျုံး၏အမုန်းတရားပြည့်နေသော မျက်လုံးများကိုမြင်လိုက်ရသည်။ "နားလည်မှုလွဲတာလား ?"
ယုရို့ရင် မျက်နှာပျက်သွားသည်။
"ကျမ မစ္စတာကျုံးကို ဘယ်တုန်းကမှမဖျားယောင်းဖူးသလို ရှင့အိမ်ထောင်ရေးကို ဖျက်စီးဖို့ လည်းမရည်ရွယ်ခဲ့ဘူး။ မစ္စတာကျုံးကို ရှင်းရှင်းလင်းလင်းငြင်းဆန်ခဲ့ပြီးပြီ။ မယုံရင် ကျွန်မတို့ သုံးယောက် ထိပ်တိုက်ရင်ဆိုင်ပြောလို့ရတယ်"
သို့သော် မဒမ်ကျုံး ရက်စက်စွာရယ်မောလိုက်ပါသည်။ ရင်ဆိုင်ပြောဆိုရမည်ဆိုပါက သူ့ ခင်ပွန်းသည် သူ့အား ကွာရှင်းပြီး ဤသူငယ်ချင်းကိုလက်ထပ်မည်ဟု ပြောနေသည်ကို နားထောင်ရမည်လား ?
သူမ၏မယုံကြည်မှုကိုမြင်တော့ ယုရို့ရင်က "ဒီဖျော်ဖြေပွဲပြီးရင် ကျမ မစ္စတာကျုံးနဲ့ ဘယ်တော့မှအလုပ်တွဲမလုပ်တော့ဘူးလို့ ကျိန်ဆိုနိုင်တယ်။ အဲဒါ မဒမ်ကျုံးကို ကျမ မလှည့်ဖြားခဲ့ဘူးလို့ ကျမဘကတိပေးခဲ့ပါတယ်။
"မင်း သူ့ကိုမဖြားယောင်းခဲ့ဘူးဆိုတာ ငါ ယုံအောင်လုပ်ဖို့လား ?' မဒမ်ကျုံးသည် စကားတစ်ခွန်းမှ မကြားရတော့ဘဲ ဒေါသတကြီးဖြင့် တုန်တုန်ယင်ယင် - "မင်း အံသွားတွေက လိမ်တဲ့နေရာမှာတကယ်ကောင်းတာပဲ၊ မင်းသူ့ကို မဖြားယောင်းခဲ့ရင်၊ သူ မင်းကို အကျိုးအမြတ်ပေးခဲ့မှာမဟုတ်ဘူး။ ဒီပွဲမှာမင်းစွမ်းရည်ပြပြီး သူ့ကိုနင်းတက်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား ?"
"ကုမ္ပဏီက ကျွန်မကို ဒီပွဲမှာပါဝင်ခွင့်ပေးတာ။ TV ဇာတ် လမ်းတွဲပြီးကတည်းက မစ္စတာကျုံးနဲ့ ဆက်သွယ်မှုမရှိဘူး"
"Chat မှတ်တမ်းအားလုံးကို စစ်ကြည့်လို့ရတယ်'။"
"ဒါဆို မင်း မလာသင့်ဘူး။ မင်းပါလာတာက သူ့အတွက် အရိပ်အမြွက်ပြနေတာပဲ!"
ယုရို့ရင်၏မျက်လုံးများနီရဲလာသည်။ ကုမ္ပဏီက သူ့ကို ဘာကြောင့် ဒီအခွင့်အရေးကို ပေးခဲ့တယ်ဆိုတာ ရှင်းရှင်း လင်းလင်း သေချာမသိပေမယ့် ဒါ သူ့ရဲ့နာဂတ်အတွက် အကောင်းဆုံးလမ်းကြောင်းဖြစ်မှန်း သိလိုက်တဲ့အခါ သံသယတွေမဖြစ်အောင် ဘာကြောင့်စွန့်လွှတ်သင့်တာလဲ။ သူ့ဘဝတွင် ရွေးချယ်စရာ ဇိမ်ခံမရှိခဲ့ပါ။
"ဒါက ရှင်တို့နှစ်ယောက်ကြား ပဋိပက္ခပဲ၊ ကျမက ဘာလို့အပြစ်ခံရမှာလဲ ? ကျမ..." ယုရို့ရင် ဒါကိုပြောလည်း အသုံးမဝင်မှန်းသိသဖြင့် ရပ်တန့်လိုက်သည်။
"မစ္စတာကျုံးကို ဘယ်တုန်းကမှ အရိပ်အမြွက်မပေးဖူးတဲ့ အဖွားရဲ့ကျန်းမာရေးနဲ့ ကျမ ကျိန်ဆိုနိုင်တယ်" ဟု ယုရို့ရင် မျက်ရည်များဝဲလာသည်။ ဒီလောက်ကြာတာတောင် ကိုယ့်ကိုယ်ကိုကာကွယ်ရတာ ဒုက္ခရောက်ပြီးငိုချင်စိတ်တွေဖြစ်စေမှန်းမထင်ခဲ့မိပေ။
"ဟင့်အင်း မင်း အရမ်းရိုသေတာပဲ၊ မင်းအဖွားကို သေခါနီးဖြစ်နေတာတောင် ကျိန်ဆဲရဲတယ်"
ယုရို့ရင်မျက်နှာ ချက်ချင်းပြောင်းသွားသည်။
"ရှင် ကျမကိုစော်ကားနိုင်ပေမယ့် ကျမအဖွားကို မစော် ကားနဲ့!"
ယုရို့ရင်၏ပြင်းထန်သောလေသံသည် မဒမ်ကျုံးအားခေတ္တ ထိတ်လန့်စေခြင်းဖြစ်နိုင်သည်။
သို့သာ်မကြာခင်မှာင် မဒမ်ကျုံးက "မင်း ငါ့ကို ဘာလို့လာရှာလဲ ငါသိတယ်။ ဒါပေမယ့် မင်း မေ့သွားတာဖြစ်နိုင်တယ်။ မင်း ငါ့အိမ်ထောင်ရေးကို ဖျက်စီးပစ်လိုက်တယ်၊ ငါ မင်းကို ခွင့်မလွှတ်ဘူး!"
ထို့သို့ပြောပြီး မဒမ်ကျုံးလှည့်ထွက်သွားသည်။
ယုရို့ရင်တစ်ဦးတည်းသာကျန်ခဲ့ပြီး သူ့မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။ သူ့ကို သူများတွေယုံကြည်လာအောင် ဘာပြောရမှန်းမသိတော့ချေ။
အဲဒီည...
ဖေးမင်ရွမ်သည် ယုရို့ရင်၏နာမည်ကို ရှင်းလင်းရန် ပထမခြေလှမ်းဖြစ်သည့် အတွင်းပေါက်ကြားပေါက်ကြားမှုများကိုထည့်သွင်းရန်အတွက် ယနေ့ ဇာတ်လမ်းအားတည်းဖြတ်ထားပြီးဖြစ်သည်။
PK တိုက်ရိုက်ထုတ်လွှင့်မှုသည် မနက်ဖြန်ဖြစ်သော ကြောင့်၊ ဤပို့စ်မျိုး လွှင့်တင်သောအခါတွင် ချက်ချင်းဆိုသလိုအာရုံစိုက်မှုများစွာရရှိခဲ့သည်။
ကျီဖေး အိမ်တွင် Weibo ကြည့်နေစဉ် ၎င်းကိုတွေ့မြင်ခဲ့ရသော်လည်း၊ ဤပို့စ်တစ်ခုမှလွဲ၍ အပေါ်အောက်လှိမ့်ကြည့်ရာ အာရုံအားလုံးသည် ယုရို့ရင်၏အဆိုးမြင်သတင်းဆီသို့ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။ အမျိုးမျိုး သော အရှုပ်တော်ပုံဟောင်းများကို အဆက်မပြတ် အကျဉ်းချုံ့ကာ အသစ်တဖန်ပြုလုပ်နေကာ ခြယ်လှယ်မှုအရိပ်အယောင်များမြင်နေရသည်။ မနက်ဖြန်မှ စတင်၍ ပိုမိုပြင်းထန်လာမည်ဟု ခန့်မှန်းရသည်။
ယုရို့ရင်၏အတိတ်ကျောင်းသားနေ့များအကြောင်း ပေါက်ကြားခဲ့သော အမှတ်တရများစွာရှိသောကြောင့် Ladies' Club တစ်ခုတည်းမဟုတ်နိုင်ပေ။ အာရုံစူးစိုက်မှုသည် ရှာဖွေသူအမျိုးမျိုးထွက်လာသလိုပင်။ သူမ လဲ ကျနေချိန်မှာ သူ့ကိုကန်ထုတ်ဖို့ ဒီအခွင့်အရေးကို အခွင့် ကောင်းယူပြီးကန်ထုတ်ချင်နေကြသည်။
ဒုတိယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမစတင်မီ တစ်နာရီအလိုအထိ၊ အားလုံး မိတ်ကပ်ခန်းထဲမှာပြင်ဆင်နေကြသည်။
ကျီဖေးသည် လူကြိုက်များသည့် ရှာဖွေမှုစာရင်းတွင် ယုရို့ရင်နှင့်ပတ်သက်သည့် အပျက်သဘောဆောင်သည့် အကြောင်းအရာများစွာကိုမြင်တွေ့ခဲ့ပြီးဖြစ်သည်။
ထိပ်ဆုံးက #OfficialsPlease CleanUpTheIndustry၊ YuRouyinGetOutOfEntertainment!#
ကျီဖေးလှည့်ကြည့်လိုက်ရာ ယုရို့ရင်သည် သူ့ဖုန်းကို အေးအေးဆေးဆေးကြည့်နေသည်ကို တွေ့လိုက်သည်။
ကျုံးချွမ်နှင့် ကျုံးစီချီနှစ်ယောက်လုံး စိတ်ရှုပ်သွားပုံရသည်။ မဒမ်ကျုံး...သူ ဘယ်မှာလဲ ?
ကျီဖေး မဒမ်ကျုံးလိုက် မလာတာကို သိချင်နေခဲ့သည်။ အတင်းအဖျင်းစကားတွေပြောရင်းနဲ့ ဒါရိုက်တာအဖွဲ့မှာ မကြာခင်စင်ပေါ်တက်ရတော့မည်ဟု လူတိုင်းကိုသတိ ပေးသံကြားလိုက်ရသည်။
ထိုအချိန် ကျုံးချွမ်ရုတ်တရက်ထရပ်လိုက်ပြီး ယုရို့ရင်ရဲ့ နံဘေးကိုလျှောက်သွားပြီး "ရို့ရင်၊ ငါ မင်းနဲ့ ဆွေးနွေးစရာရှိတယ်၊ စကားပြောဖို့ အပြင်ထွက်ရအောင်"
ယုရို့ရင် လန့်သွားပြီး ပဟေဠိဆန်တဲ့အမူအရာနဲ့ သူ့နောက်ကိုလိုက်သွားခဲ့သည်။
အခန်းလွတ်တစ်ခုထဲသို့ဝင်လိုက်သည်နှင့် ကျုံးချွမ်က လက်စွပ်ဗူးလေးကိုထုတ်ကာ "ရို့ရင်၊ ငါ့ကို လက်ထပ်ပါ" ဟု ပြောလိုက်သည်။
မိတ်ကပ်ခန်းထဲ တိတ်တိတ်လေးခိုးနားထောင်နေသည့် ကျီဖေး....
ပွဲစဖို့စောင့်နေတဲ့ ချင်မိသားစုဝင်တွေကတော့ ????
ဒီလိုအချိန်မျိုးမှာ အတင်းအဖျင်းတွေရှိသေးတာလား ?