အခန်း (၁၂၉)
Vol. 13 Ch. 129
အရည်ရွမ်းသည့် ဖရဲသီးကိုတိုက်ရိုက်စားနိုင်ရန်အတွက် ချင်မိသားစုသည်မထွက်သွားချင်ကြဘဲ စင်နောက်တွင်အချိန်ဆွဲနေခဲ့ကြသည်။
[ကျုံးချွမ်က မဒမ်ကျုံးကိုကွာရှင်းစာချုပ်ပို့ပေးလိုက်ပြီး ကွာရှင်းဖို့လူသိရှင်ကြားတောင်းဆိုလိုက်တယ်။ မဒမ်ကျုံးကအရမ်းစိတ်ပျက်သွားရပြီး သူ့ကိုဆေးရုံတင်လိုက်ရတယ်၊ အဲ့ဒါ ဘာကြောင့် သူနဲ့အတူလိုက်မလာနိုင်သလဲဆိုတာပဲ၊ ကျုံးချွမ်..ဒါက အရမ်းကိုမှ အဓိပ္ပါယ်မရှိတာမဟုတ်ဘူးလား၊ ရှင့်ဇနီးကဆေးရုံပေါ်မှာ ရှိနေသေးတာတောင် ရှင်က ဒီမှာတစ်ယောက်ယောက်ကိုချစ်ခွင့်ပန်နေ နိုင်သေးတယ်ပေါ့..ရှင်က အမြဲတမ်းဖြောင့်မတ်သလိုသရုပ်ဆောင်လာခဲ့တော့ ဘယ်သူကများ ရှင်ပြောင်းလဲလွယ်တာကို သိနိုင်ပါ့မလဲ]
ချင်မိသားစု : ဒါ အရမ်းရက်စက်တာပဲ!!!!!!
[ဘယ်လိုတောင်စိတ်ပျက်စရာလဲ !! မနေ့ကဟာတွေပြန်ကြည့်ရအောင်၊ ယုရို့ရင် သတ္တိတွေစုစည်းပြီး မဒမ်ကျုံးဆီ အခြေအနေတွေရှင်းပြဖို့သွားခဲ့တယ်၊ မဒမ်ကျုံးက အပေါ်ယံမှာတော့ သူ့ကိုမယုံပုံပေါ်ပေမယ့် အိမ်ရောက်တဲ့အထိသံသယဝင်နေဆဲပဲ၊ ဒါပေမယ့် အိမ်ရောက်တာနဲ့ စားပွဲပေါ်က ကွာရှင်းစာချုပ်ကိုမြင်သွားပြီး စကားလုံးလေးနည်းနည်းလောက်နဲ့တင် ရိုးသားတဲ့ ယုရို့ရင်လေးက သူတို့ရဲ့အငြင်းပွားမှုတွေကြားထဲ ပြန်ဆွဲသွင်းခံလိုက်ရတယ်.]
[လောင်ကျုံး၊ ယုရို့ရင်တစ်ယောက် ရှင်နဲ့တွေ့ဖို့ကို အရင်ဘဝကအတော်လေးဆိုးရွားတဲ့ မကောင်းမှုတွေကျူးလွန်ခဲ့တာပဲဖြစ်ရမယ် !]
ကျီဖေး၏ပါးစပ်သည် မယုံနိုင်မှုများကြောင့် တွန့်သွားရသည်။
ချင်မိသားစုသည်လည်း ဆွံအသွားခဲ့သည်။သေချာ ပေါက်ပင် ဤသည်ကား ဆက်ဆံရေးအသစ်တစ်ခုကိုပုံသွင်းနေခြင်းမဟုတ်ဘဲ ရန်သူတစ်ယောက်ဖန်တီးနေခြင်းနှင့်ပိုတူနေချေသည်။
[ အား! ခုနက ချစ်ခွင့်ပန်တဲ့အကြောင်းပြချက်ကလည်း ကျုံးချွမ်ကို မဒမ်ကျုံးက တစ်ခုခုပြောပြီးရန်စလိုက်လို့ပဲ..]
ချင်မိသားစု: သူ ဘယ်လို ရန်စခံလိုက်ရတာလဲ..
[ဟားဟား၊ သိရသလောက် မဒမ်ကျုံးကလည်း ယုရို့ရင် ကျုံးချွမ်ကို လုံးဝမချစ်မှန်း သဘောပေါက်သွားခဲ့တယ်။ဒါပေမယ့်ကျုံးချွမ်က မယုံဘူးလေ၊ ယုရို့ရင် သူ့အပေါ်သေချာပေါက်ခံစားချက်ရှိတယ်လို့ပဲ သူကထင်နေတာ၊ သူမသရုပ်ဆောင်နေချိန် သူမ မျက်လုံးထဲမြင်လိုက်ရတဲ့ခံစားချက်တွေကိုပြောနေတာလား..ဟာသတွေမပြောစမ်းနဲ့ အဖိုးကြီး ! ]
ချင်ကျောက် : စိတ်တိုစရာပဲ!! သူက သရုပ်ဆောင်တစ်ယောက်လေ၊ သရုပ်ဆောင်နေတဲ့အချိန်မှာ ခင်ဗျားကိုကြိုက်တဲ့ပုံသရုပ်ဆောင်တာက ဘာမှားလို့လဲ. ?
[ကျုံးချွမ်က ဗဟုသုတလည်းကြွယ်ဝ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းတတ်ပြီး လုပ်နိုင်စွမ်းလည်းရှိ ဂုဏ် သိက္ခာရှိပြီး ယဉ်ကျေးတဲ့ သူ့လိုအသက်လေးဆယ်အရွယ်အမျိုးသားကို အသက်နှစ်ဆယ်အရွယ်ယုရို့ရင်ကအရူးအမူးစွဲလမ်းနေတယ်လို့ အမှန်အကန်ကိုယုံနေတာပဲ၊ သူ အခြားယောက်ျားတွေကိုဆက်ဆံပုံနဲ့မတူဘဲ သူ့မျက်ဝန်းထဲက စစ်မှန်မှုတွေနဲ့ သရုပ်ဆောင်တဲ့အ ကြောင်းမေးဖို့အတွက် သူ့ဆီကိုတက်တက်ကြွကြွချဉ်း ကပ်လာလေ့ရှိတယ်။ ယုရို့ရင်က သူ့ကိုတွဲချင်ရုံတင်မဟုတ်ဘဲ တကယ်ကြိုက်တယ်လို့ ကျုံးချွမ်က ယုံကြည်နေတာ! ]
[ ငါ ဒါကိုပြောနိုင်တယ်၊ ငါ မြင်ရသလောက်တော့ ယုရို့ရင်က သူ့ အလှကိုမမက်မောတဲ့ တခြားလောင်ရှစ်တွေကိုလည်းစိတ်ရင်းမှန်တာပါပဲ၊ သူ့မှာ မေးစရာမေးခွန်းတွေရှိရင် သူတို့ဆီ တက်တက်ကြွကြွချဉ်းကပ်သွားလိုက်တာပဲ၊ ရှင်က ရှင့်ကိုယ်ရှင်ဖုံးကွယ်ရာမှာ အရမ်းတော်နေတော့ ယုလောင်ရှစ်က ရှင့်ကိုဖြောင့်မတ်တဲ့လူကြီးလူကောင်းလို့ အထင်မှားသွားတာဖြစ်နိုင်တယ်.]
ပါးပါးချင် : ဒါဆိုတောက်လျောက် သူ့ဘာသာ သူအထင် မှားနေတာပေါ့၊ အတူသရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီးအကြံဉာဏ်လာတောင်းရုံလေးနဲ့ အဲဒီ ဂျူနီယာလုပ်ဖော်ကိုင်ဖက်က မင်းအပေါ်ချစ်ကျွမ်းဝင်နေတယ်လို့ထင်နေတယ်တဲ့လား ? ငါသာ အဲ့လိုတွေးကြေးဆိုရင် ငါအငြိမ်းစားမယူခင် ငါ့ကိုသဘောကျတဲ့သူတွေအများကြီးရှိနေမှာပဲမလား. ?
[သူက သူ့အလှကို တိတ်တိတ်လေးတပ်မက်နေပြီးတော့ သူအဲ့ဒါကိုဝန်မခံချင်ဘူးလေ! ကျုံးချွမ်ကပြောသေးတယ် သူ့နှလုံးသားက ပြောင်းလဲသွားတာမဟုတ်ဘူး သူနဲ့မဒမ်ကျုံးက လွန်ခဲ့တဲ့နှစ်တွေကတည်းက ခံစားချက်ခြင်းဝေးကွာနေခဲ့တာ မဒမ်ကျုံးက ယောက်ျားဖြစ်တဲ့ သူ့ရဲ့စိတ်ဝင်စားမှုကို မနိုးဆွနိုင်တော့တာက သူတို့မရင်းနှီးတော့တဲ့ သက်သေပဲဆိုပြီး သူကလက်ခံထားတာ.]
မားမားချင် : ဒီအခြေအနေက နှစ်ရှည်လက်ထပ်ထားတဲ့စုံတွဲတွေကို အကြီးအကျယ်စော်ကားလိုက်တာပဲ၊ မလုပ်နိုင်တဲ့လူက နင်ဖြစ်မှာပေါ့...
[သူပြောသေးတယ် သူ့ရဲ့နှလုံးသားတစ်ခုလုံး ယုရို့ရင်ရဲ့ပုံရိပ်တွေနဲ့ပြည့်နှက်နေတာက အချစ်ကိုနောက်တစ်ကြိမ်ခံစားမိပြီး ဘဝကိုတစ်ဖန်ပြန်ပြီးမြူးကြွစေတယ်တဲ့ အခု သူအချစ်မှာပျော်ဝင်နေပြီး ယုရို့ရင်လိုချင်တာမှန်သမျှပေးဖို့ဆန္ဒရှိနေတယ်၊ သူချစ်ရတဲ့အမျိုးသမီးအတွက် ပတ်ဝန်းကျင်က ဝေဖန်တာတွေကိုရင်ဆိုင်ဖို့လည်းအဆင်သင့်ဖြစ်နေပြီ။]
ချင်ရန် : အိုး ! ယုရို့ရင် ဘာလိုချင်သလဲဆိုတာ ရှင် မေးဖူးလို့လား...
[မဒမ်ချင် ဒေါသအရမ်းထွက်နေတာ မအံဩတော့ပါဘူး ဒါပေမယ့်ရှင်ဘယ်လောက်ပဲဒေါသထွက်ထွက် ယုရို့ရင်ကို ရှင်ဒီလိုတော့ မစော်ကားသင့်ပါဘူး၊ ရှင်ဆဲဆို သင့်တာက ရှင့်ယောက်ျားကိုပဲ. ]
ချင်မိသားစု : အသေအချာပဲ၊ နင် လူမှားဆဲနေတာပဲ မဒမ်!
[ဒါ ဘယ်လိုသံသရာမျိုးလဲ မဒမ်ကျုံးက ယုရို့ရင်ကို ပိုပြီးဆိုးဆိုးရွားရွားဆဲဆိုလေ ကျုံးချွမ်ကယုရို့ရန်ကိုပိုကာကွယ်ပြီး မဒမ်ကျုံးကို ပိုပြီးဆဲဆိုလေလေပဲ.အဲလိုလုပ်နေတာကပဲ မဒမ်ကျုံးကို ယုရို့ရင်အပေါ်ပိုပြီးမုန်းတီးသွားစေတယ်၊ အမုန်းတရားကိုပိုပြင်းထန်လာစေတာပဲကျေး ဇူးပြုပြီး နင်တို့နှစ်ယောက်ရဲ့မူမမှန်တဲ့ကစားပွဲထဲ အခြားသူတွေကိုဆွဲမထည့်ပါနဲ့လား ?]
ချင်မိသားစု : အွီး, ရွံစရာပဲ ! ဘယ်လောက်တောင်ရွံဖို့ကောင်းလိုက်လဲ !
[နောက်ဆုံး မဒမ်ကျုံးက ယုရို့ရင်ကိစ္စတွေကိုရှင်းလင်းဖို့လာတုန်းက ပြောခဲ့တာတွေအကုန်လုံးကျုံးချွမ်ကိုပြန် ပြောပြလိုက်တယ်။ သူမ အသားပေးပြောတာတွေက တော့ ယုရို့ရင်က သူ့ရဲ့ပန်းတိုင်အတွက် ကျုံးချွမ်ရဲ့ အောင်မြင်မှုနဲ့အဆင့်အတန်းကိုအသုံးချနေတာဖြစ် ကြောင်း သူ့အရှေ့ဆိုတစ်မျိုး ကျုံးချွမ်အရှေ့ဆိုတစ်မျိုး သရုပ်ဆောင်နေကြောင်း..သူလိုချင်တာရသွားတာနဲ့ရှေ့က ကောလာဟလတွေအတိုင်း သူမက သူ့ကိုချောင်ထိုးထားမှာဖြစ်တဲ့အကြောင်း သူမက သူ့ကိုလက်ထပ်ချင်တာမဟုတ်ကြောင်း..]
[ကျုံးချွမ်လည်း သူ့အချစ်က သူမခန္ဓာကိုယ်ကိုလိုချင်နေကြတဲ့တခြားယောက်ျားတွေလိုမဟုတ်ဘဲ အချစ်စစ်ဖြစ်တဲ့အတွက် သူမအသုံးချနေရင်တောင်မှ သူကလည်းဆန္ဒရှိပါတယ်ဆိုပြီး ခေါင်းမာမာနဲ့ပြန်ပြောလိုက်တယ်..ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကိုလှည့်စားထားတဲ့မျက်ကန်းယုံ ကြည်မှုကြီး စပြီးကွဲအက်လာပြီလေ ဒါကြောင့်အခုလိုမျိုးအလျင်စလိုချစ်ခွင့်ပန်နေရတာပဲ]
ချင်မိသားစု : [ ဟမ့်၊ အငြင်းခံရမှာကို စောင့်နေလိုက်စမ်းပါ အရူးအိုကြီး ! ]
[အိုး ဟိုး၊ သူမ သူ့ကိုငြင်းလိုက်ပြီ.]
ချင်မိသားစု : စိတ်လှုပ်ရှားစရာပဲ !
[ဟုတ်ပြီ အဘိုးကြီးတစ်ယောက်ရဲ့အချစ်စိတ်မွှန်နေတာကို လက်လျော့အောင်လုပ်ဖို့ဘယ်လွယ်ပါ့မလဲ ? သူအခု လေးလေးနက်နက်နဲ့ နှလုံးသားကြွေဆင်းသွားနိုင်မယ့်ကတိမျိုးတွေပေးနေတယ်.]
ချင်မိသားစု : ဘယ်လိုကတိမျိုးလဲ ?
[မင်း အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်စိတ်ထဲမထားဘူး။ အဲ့ဒီအတိတ်နဲ့လည်း မင်းကိုအနိုင်မယူဘူး အနာ ဂတ်မှာ ကိုယ်မင်းကိုကာကွယ်ပါ့မယ်.အရင်ကတည်းကမင်းကို တည်ငြိမ်တဲ့အိမ်လေးတစ်လုံးလိုချင်ခဲ့တယ်ဆိုတာ ကိုယ်သိတယ်၊ မင်းကိုယ့်ကို လက်ထပ်ရင် ဒီပုပ်သိုးနေတဲ့ဖျော်ဖြေရေးနယ်ပယ်ကနေထွက်ပြီး ဇနီးကောင်း မိခင်ကောင်းတစ်ယောက်အဖြစ် ကျေကျေနပ်နပ်နေနိုင်တယ်၊ မင်းက အသက်နှစ်ဆယ်ပဲသေး မိန်းကလေးငယ်လေးပဲဖြစ်နေသေးတာ ကိုယ် မင်းကိုကယ်တင်ပေးနိုင်တယ်။ တခြားယောက်ျားတွေ မင်းကိုချောက်နက်ကြီးထဲဆွဲချသွားမှာမျိုး ကိုယ် ခွင့်ပြုပေးမှာမဟုတ်ဘူး.မင်းအ တိတ်ကကိစ္စတွေကိုသိတယ် မင်း ဆန္ဒမရှိခဲ့ဘူးဆိုတာကိုလည်းကိုယ်သေသေချာချာသိတယ်၊ ကိုယ်မင်းရဲ့အခက် အခဲတွေကိုသိပါတယ်။ မင်းကို့နောက်လိုက်မယ်ဆိုရင် မင်းမှာ သန့်ရှင်းပြီးတောက်ပတဲ့အနာဂတ်ရှိလာလိမ့်မယ်]
ချင်မိသားစု: ……..
[တစ်ခုခုမှားနေသလိုပဲ တစ်နေရာရာကထူးဆန်းနေတယ်…ခန..ဒါအစမ်းလေ့ကျင့်တုန်းက ငါတို့ဖြတ်ထုတ်လိုက်တဲ့ ဒိုင်ယာလော့မဟုတ်ဘူလား ? အဲ့ဒါ အမျိုးသား တစ်ယောက်က အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ကို ပြန်ပြင်ဆင်ဖို့ဖျောင်းဖျနေတာနဲ့တူတယ်.အဲ့ဇာတ်ဝင်ခန်းက ယောက်ျားတစ်ယောက်ကဖြူစင်မှုဆုံး ရှုံးပြီးသွားတဲ့ မိန်းမကိုကယ်တင်နေတယ်လို့ သူ့ကိုယ်သူထင်နေတဲ့အခန်းပဲ၊ ဒါပေမယ့် အဲ့ဒါ အခြားတစ်ယောက်ရဲ့ကံကြမ္မာကိုပြောင်းလဲပြီး သူရဲကောင်းဖြစ်ရတယ်ဆိုတဲ့ ခံစားချက်ကိုကျေနပ်နေရုံပဲလေ]
ချင်ကျောက်နှင့်ချင်ရုန်တို့ ထိုဇာတ်ဝင်ခန်းကိုမှတ်မိသွားကြသည်။ အဆုံးသတ်မှာ ထိုအမျိုးသားသည် အဓိကအားဖြင့် ထိုမိန်းကလေး၏အလှနှင့် သူမလုံခြုံသည်ဟုခံစားရပြီးနောက် သူမမျက်ဝန်းထဲမှပေါ်ထွက်လာသည့်ယုံကြည်ကိုးစားမှုတို့ကိုသာ မက်မောနေခြင်းဖြစ်သည်။သူမကို အမှန်တကယ်ကယ်တင်ပြီးလက်ထပ်လိုက်ပြီးနောက်တွင် သူစတင်ပြီးငြီးငွေ့လာခဲ့ကာ မိန်းကလေး ၏အတိတ်ကိုစတင်စက်ဆုပ်လာခဲ့သည်။
သူတို့ထိုအကြောင်းတွေးပြီးသည့်နောက် သူတို့၏အမူ အရာများမှာအလွန်ထူးဆန်းလာခဲ့သည်။
“ဘာဖြစ်တာလဲ ? နေလို့မကောင်းဘူးလား ? ဘာလို့ဒီလိုပုံဖြစ်နေတာလဲ ? စင်ပေါ်တက်ရတော့မှာ အခုဘာပြဿ နာမှမဖြစ်စေနဲ့ ”
ဖေးမင်ရွှမ် ကျီဖေး၏ထူးဆန်းသည့်အမူအရာကိုချက်ခြင်း သတိထားမိလိုက်သည်။ ချင်ကျောက်သည်လည်းအနည်းငယ်ထူးဆန်းနေသည် သူမ ချင်မိသားစုကိုအာရုံသိပ်မစိုက်မိ၍သာတော်တော့သည်။ မဟုတ်ပါက တစ်မိသားစုလုံးထူးဆန်းနေသည်ဟု သူမထင်လိမ့်ပေမည်။
[ဖေးကျဲကို ချစ်ခွင့်ပန်တာနဲ့ပတ်သက်ပြီးအမှန်အတိုင်းပြောပြလိုက်သင့်လား.]
ကျီဖေးတစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ “ကျွန်မ နည်းနည်းစပ်စုချင်လို့”
“ဘာအကြောင်းလဲ”
“မဒမ်ကျုံး မလာဘူးလေ၊ ဒါ သူတို့ကွာရှင်းလိုက်လို့ဖြစ်မယ်။ ဒီလိုဆို ကျုံးလောင်ရှစ်က ယုရို့ရင်ကိုမကြာခင်ချစ်ခွင့်ပန်လိမ့်မယ်မဟုတ်ဖူးလား ? ဒါဆို ကျွန်မတို့စီစဉ်ထားတဲ့ ယုရို့ရင်နဲ့လက်မှတ်ထိုးမယ့်ကိစ္စကရော..”ကျီဖေး သာမန်ကာလျှံကာပြောလိုက်သည်။
“ယုရို့ရင် လက်မခံသရွေ့ သူသာ မရူးနေဘူးဆိုရင် အခုချက်ခြင်းချစ်ခွင့်ထပန်မှာမဟုတ်ဘူး၊ ပြဿနာမရှိဘူး” ဖေးမင်ရွှမ် ပြောလိုက်သည်။
“ဟမ်၊ အခုချက်ချင်းမဟုတ်သရွေ့ ???” ကျီဖေးအတော်လေးနားမလည်နိုင်ဖြစ်သွားရသည်။
ဖေးမင်ရွှမ်မှရှင်းပြသည်. “ဟုတ်တယ်၊ အကယ်၍သူသာအခုချက်ချင်းချစ်ခွင့်ထပန်ရင် အဲ့ဒါကယုရို့ရင်ကိုခြိမ်း ခြောက်နေတာ ဒါမှမဟုတ် အခွင့်အရေးယူနေတာမဟုတ်ဖူးလား ? နောက်ဆုံး သူမ စင်ပေါ်တက်ရဦးမှာ ငါတို့ရဲ့စာချုပ်မရှိရင် ဒီဟာက ယုရို့ရင်အတွက် အရေးအကြီးဆုံးဖျော်ဖြေမှုဖြစ်လိမ့်မယ်။ ဒီဖျော်ဖြေမှုကပဲ သူမရဲ့အနာဂတ်ကိုအဆုံးအဖြတ်ပေးမှာ.”
ကျီဖေး : !
ချင်မိသားစု : !!