အခန်း (၁၃၁)
Vol. 14 Ch. 131
အင်တာနက်သုံးစွဲသူများသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုရှိ ရုတ်တရက်ပြောင်းလဲမှုကြောင့် commentများ ထိတ်လန့်တကြား မန့်လာကြသည်။
"ဘာတွေဖြစ်နေတာလဲ ? ငါ imperial Consort Group ဖျော်ဖြေတာကိုကြည့်ဖို့ စောင့်နေရုံလေးလေ၊ အခုတော့ ထိပ်တန်းအဖွဲ့က အောက်ဖဲလှန်နေတဲ့ ပွဲကြီးဖြစ်သွားပြီလား ? ဘယ်လိုပဲကြည့်ကြည့် သူတို့ရဲ့ရင်ကြားဆက်သူငယ်ချင်းဆက်ဆံရေးကြီးက လုံး၀မရိုးရှင်းတာပဲ"
"ဆရာကျုံး ကျန်းမာရေးမကောင်းဘူးလား? ဒါ အမှန်ရောဟုတ်ရဲ့လား? တိုက်ဆိုင်တာရော မဖြစ်နိုင်ဘူးလား? မဟုတ်မှလွဲရော အဲ့ထိပ်တန်းအဖွဲ့က တမင်ပစ်မှတ်ထားတာများလား? "
"သူတို့က ငါတို့ ဒီဒရမ်မာကြီးကို သေချာမစုံစမ်းဘူးလို့ ထင်နေကြတာလား ?"
"မျှော်လင့်ထားသလိုပဲ၊ အခက်အခဲရှိတဲ့ စတားတွေက ထိပ်တန်းအဖွဲ့တွေကိုကြောက်ကြတာပဲ၊ သူတို့တွေ နောက်ဆုံးမိနစ်အထိ နှင်ထုတ်ခံရမှာကြောက်နေတာ"
"Vixenဆိုရင် အွန်လိုင်းပေါ်ကရှုံ့ချနေတဲ့ သတင်းကို မြင်ပြီး အကြောက်လွန်လို့ စင်ပေါ်တောင်မတက်ဝံ့ဘူး၊ နင်တို့ကလူကောင်းတွေပဲလေ ဆရာကျုံးကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်"
"ကြောက်နေရင်လည်း ရှေ့ဆက်ရမှာပဲ၊ မဟုတ်ရင် သူတို့ကထိုင်ပြီး စကားစမြည်ပြောရမှာလား?"
"Imperial Consort Groupမှာ ဘယ်လိုအပုပ်အပွတောင် ရှိဦးမလဲဆိုတာ စောင့်ကြည့်တာပေါ့"
"စိတ်လောစရာမလိုဘူး၊ ထိပ်တန်းအဖွဲ့ကြီးရဲ့ စွမ်းဆောင်ရည်ကို အရင်ကြည့်ရအောင်၊ ဒီတစ်ခါ ဘယ်လို လှည့်ကွက်တွေကို ဆွဲထုတ်မလဲဆိုတာ ငါအရမ်းသိချင်နေပြီ"
"'အလှတရားတွေက အန္တရာယ်တွေကိုယူဆောင်လာတက်တယ်' ဆိုတဲ့ စကားကိုကြားတာနဲ့ ဒုက္ခဆိုတာကြီးကို မှန်းဆမိတာပဲ၊ ငါ့အထင်တော့ တစ်ခြားသူတွေကို အန္တရာယ်ပြုဖို့အတွက် ခန္ဓာကိုယ်ကိုတောင် ရင်းနိုင်တဲ့ မိန်းမယုတ်တွေကို ဆဲသင့်တယ်လို့ထင်တယ်"
အချိန်ခဏအကြာ Weibo တွင် မတူညီသည့် ခေါင်းစီးတစ်ခုခေတ်စားလာသည်။
ထိုသည်မှာ 'ရင်ကြားဆက် သူငယ်ချင်း' ဖြစ်ပြီး တီးဖြတ်ထားသော ဗီဒီယိုဒရာမာတိုလေးနှင့် ပေါင်းလိုက်လျှက် ချက်ချင်းရေပန်းစားလာသည်။ သို့ရာတွင် Imperial Consort Groupသည် မလှုပ်ရှားလာသောကြောင့် ထိုရေ ပန်းစာနေသော အကြောင်းအရာသည် သူတို့ကိုထိခိုက်စေခြင်းမရှိပေ။
အင်တာနက်အသုံးပြုသူများသည် သဘာဝအတိုင်း ဆူ ပူကြဆဲပင်။ လူများ၏ထင်မြင်ချက်များသည် ထိန်းချုပ်ရန်လွယ်ကူလွန်းလှသလို ထိုကဲ့သို့ မဲညစ်နေသောလုပ် ရပ်များသည် အင်တာနက်သုံးစွဲသူများအမြင်တွင် အလွန်တရားလွန်နေသည်ဟုထင်သည်။ ထို့ကြောင့်ပင် အချို့လူများဆိုလျှင် အိပ်မက်မှနိုးထလာကြပြီး အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ရပ်တည်ကြသည်။
အထူးအားဖြင့် ဗီဒီယိုသည် ပိုခေတ်စားလာသည့်အပြင် တစ်ချိန်တည်းမှာ Ladies' Club အဖွဲ့ဝင်များလည်း Weibo တွင် တူညီသည့် ပို့စ်များကိုတင်လာကြသည်။
"အရည်အချင်းနဲ့ ကြိုးစားတဲ့သူတွေကပဲ လေးစားဖို့ထိုက်တန်တယ်၊ အနောက်တံခါးကနေ ၀င်လာတဲ့သူတွေ ဖျော်ဖြေရေး လောကကနေထွက်သွားတာ အကောင်းဆုံးပဲ၊ နင်တို့က ဒီက မကြိုဆိုဘူး။"
၎င်းတို့သည် ဘယ်သူ့ကိုမှ tag မတွဲထားသော်ငြား ယခင်ကနာမည်ပျက် စာရင်းသွင်းခံရသူတိုင်းအတွက် ပစ်မှတ်ဖြစ်သည်ထင်ရှားလှသည်။
အကယ်၍ Imperial Consort Group သာ ယခုအချိန်တုန့်ပြန်လာပါက ၎င်းတို့၏ Weibo ပို့စ်များသည် သူတစ်ပြန်ကိုယ်တစ်ပြန် ဖြစ်နေပေလိမ့်မည်။
Netizens များသည် အတင်းအဖျင်းပြောချင်သဖြင့် ပြဿနာဖြစ်မှာကို ၀မ်းပမ်းတသာစောင့်နေကြသည်။
သို့သော် ထိုအဖွဲ့သည် တုပ်တုပ်တောင်လှုပ်မလာသဖြင့် အခြေအတင်ဖြစ်ကြတော့သည်။
Ladies' Club အဖွဲ့ဝင်များလည်း အတော်လေး အံသြသွားတယ်။ ၎င်းတို့သည ထိုပို့စ်ကို အလေးအနက်မထားခဲ့ချေ။ ၎င်းတို့၏ ကိုယ်ပိုင် group chatညတွင် ပေါ့ပေါ့ပါးပါးပြောနေကြတာကို လူတိုင်းက Weibo မှာတင်ခဲ့ရုံသာ။
၎င်းတို့ ပို့စ်အောက်ရှိမှတ်ချက်များတွင် အင်တာနက်အ သုံးပြုသူများသည် ၎င်းတို့အား live ကိုကြည့်ပြီးမှပြန် လာပြောဟု ဆိုနေကြကာ လှောင်ပြောင်နေကြသည်။ ကြည့်ရသည်မှာ ၎င်းတို့ ပို့စ်တင်တဲ့အချိန်မှားသွားပုံပင်။
၎င်းတို့ ရုတ်တရက်အံသြမှင်သက်လျက် မဒမ်ကျုံးကို အမြန်ဆက်သွယ်ဖို့ လှုပ်ရှားလိုက်ကြသည်။
အင်တာနက်အသုံးပြုသူများသည် တစ်ပါးတည်း ပို့စ်များကို save ထားမည်အား မှန်းဆမိသဖြင့် ပြန်ဖျက်ရင်တောင်အသုံးမ၀င်ချေ။ ၎င်းတို့သည် Imperial Consort Group လှုပ်ရှားလာမည်ကို စောင့်ဆိုင်းရုံသာတက်နိုင်တော့သည်။
မဒမ်ကျုံးသည် စိတ်ရှုပ်ထွေးနေသော်လည်း ခင်ပွန်းဖြစ်သူ အခြေအနေအတွက် ပိုစိုးရိမ်မိသည်။ သူမသည် ကျုံးစစ်ချီကို အမြန်ဆက်သွယ်လိုက်သည်။ သူမ ကိုယ်တိုင် ထိုနေရာသို့ မသွားနိုင်သော်လည်း ကျုံးစစ်ချီအား ၎င်းတို့ကို အနီးကပ်စောင့်ကြည့်ရန်မှာကြားထားသည်။
"ကျွန်တော်လည်း မသိဘူး၊ ဦးလေး နေမကောင်းဘူးလို့ ကြားပေမယ့် ဆေးရုံသွားဖို့အထိတော့ မလိုဘူး၊ သူ နည်းနည်းလောက် အနားယူပြီးတာနဲ့ စင်ပေါ်ပြန်တက်လို့ရပြီ၊ ဒါပေမယ့် ယုရို့ရင်ကတော့ အရမ်းစိုးရိမ်နေတဲ့ပုံပဲ၊ သူတို့ ဖျော်ဖြေရေး အစီအစဉ်ကိုပြောင်းထားပေမယ့် သူကတော့ အခြေအနေတွေကို အဖက်ဆယ်ဖို့ကြိုးစားနေတုန်းပဲ"
"ဘာ!! ငါ ထင်ထားသလိုပဲ၊ သူက တစ်ကိုယ်ကောင်းဆန်တဲ့ ခွေးမပဲ! ငါ့ခင်ပွန်းက ဒီလိုအခြေအနေတောင်ရောက်သွားတာကို သူကတော့ ဖျော်ဖြေရေးကိုပဲခေါင်းထဲရှိနေတုန်း၊ ငါ့ခင်ပွန်းကို နည်းနည်းစောင့်ဖို့တောင်မတွေးပဲ အစားထိုးချင်နေတာလေ! မိန်းမပျက်တွေက အကြင်နာမဲ့ပြီး သရုပ်ဆောင်တွေက ကျေးဇူးကန်းတက်တယ်ဆိုတာ တကယ်ပဲနဲ့တူတယ်၊ သူကတော့ ထူးထူးခြားခြားနှစ်ခုလုံးကိုက်လို့"
မဒမ်ကျုံးသည် သူမ၏အကြင်နာကင်းမဲ့သော ခင်ပွန်းကြောင့် ဆေးရုံတက်ခဲ့ရသော်လည်း သူ တစ်ခုခုဖြစ်သောအခါတွင် သူမ၏ပထမဆုံးတုံ့ပြန်မှုမှာ စိတ်မကောင်းဖြစ်ခြင်းပင်။ သူမ ဘယ်လိုပဲနာကျင်ခဲ့ပါစေဖျားနာနေပါစေ အေးစက်နေပါစေ သည်းမခံနိုင်တော့ချေ။
"သူ ဘယ်သူနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတာလဲ? ငါ သူတို့နဲ့ စကားနည်းနည်းပြောမှဖြစ်မယ် အဲ့လူတွေက ငါ့ကိုမျက်နှာသာမပေးပဲ သူမကို ကူညီမယ်ဆိုတာ မယုံဘူး" မဒမ်ကျုံး ကျယ်လောက်စွာကျုံးဝါးလိုက်သည်။
"မလိုအပ်တော့ဘူး၊ ကျွန်တော် ဖုန်းနှစ်ကောလောက်ခေါ်ထားတယ်၊ ဘယ်သူမှ သူ့ကို ကူညီဖို့လည်း ဆန္ဒမရှိဘူး၊ လူတိုင်းက အခုလို အရှုပ်တော်ပုံကြီးကိုကြောက်ရွံ့နေလို့ ကြိုတင်ပြင်ဆင်မှုမထားပဲနဲ့ ဘယ်လိုကူညီဝံ့မှာလဲ၊ ဦးလေးနေရာကို အစားထိုးနိုင်မယ့်သူကို ရှာတယ်ဆိုတာက သူ အိပ်မက်မက်နေတာပဲ"
မဒမ်ကျုံးလည်း အတွေးတူညီစွာ "ဟမ့်! ဒီကိစ္စအတွက် အဲ့ကောင်မ ပြန်ပေးဆပ်ရလိမ့်မယ်၊ ဒီကိစ္စပြီးရင် နင့်ဦးလေးလည်း ငါ့စကားကို နားထောင်ပြီး သူ့ကို မကူညီတော့လောက်ဘူး"
ဖုန်း၏တစ်ဖက်ရှိ ကျုံးစစ်ချီသည်တော့ ထိုသို့မထင်ချေ။ ဖြစ်ပျက်ခဲ့တာကို သူ မသိသော်ငြား ဦးလေးဖြစ်သူ၏ရုတ်တရက် ဆိုးရွားသွား ကျန်းမာရေးသည် အရမ်းသံသယဖြစ်စရာကောင်းသည်ဟုထင်သည်။
သူ ဖုန်းချလိုက်ပြီး သိပ်မကြာခင်တွင် ယုရို့ရင်သည် သူ့ဆီချဉ်းကပ်လာတာကိုမြင်လိုက်ရသည်။ သူ့ မျက်နှာသည် ဖြူဖျော့နေကာဆောက်တည်ရာမရပဲ အားကိုးရာမဲ့နေဟန်ပုံပေါ်သည်။
"ရှင်... ရှင့် ဦးလေးရဲ့နေရာကို အစားထိုးလို့ရမလား၊ နင် သရုပ်ဆောင်ရမဲ့ ဇာတ်၀င်ခန်းတွေကိုလည်း သိတာပဲလေ၊ နင့်သရုပ်ဆောင်တာ အရမ်းမတော်ရင်တောင် ကိစ္စမရှိဘူး၊ ငါ နည်းလမ်းရှာပေးပါ့မယ်၊ ငါ…"
"တကယ်လို့ ငါက ဦးလေးနေရာကို ယူပေးမယ်ဆိုရင် မင်း ငါ့ကို ဘယ်လိုပြန်ပေးဆပ်ဖို့ စီစဉ်ထားလဲ ?"
ကျုံးစစ်ချီသည် ရုတ်တရက် ပြုံးလိုက်ပြီး သူ့မျက်လုံးများသည် သူမအားအထက်အောက်စုန်ဆန်ကြည့်နေ သည်။
"မင်းငါ့ကို နောက်ဆုံးအကြိမ်တုန်းကရိုက်ခဲ့ပြီးတော့ အခုကျတော့ လာပြီး အကူအညီတောင်းနေတာလား ?"
ယုရို့ရင်၏မျက်နှာသည် ပိုဖြူဖျော့သွားပြန်သည်။ သူမ အစမ်းလေ့ကျင့်နေသည့် ညတစ်ညတွင် အပြန်နောက် ကျခဲ့ချိန် ကျုံးစစ်ချီ သူမကိုအခွင့်ကောင်းယူရန်ကြိုးစားခဲ့သော်လည်း သူမသည် သင်ခန်းစာကောင်းကောင်းပြန်ပေးခဲ့သည်။
ကျုံးစစ်ချီသည် ယုရို့ရင်၏ဖြူစင်သော မျက်နှာလေးကို ကြည့်လိုက်ကာ သူမသည် အမျိုးသားများ၏ကာကွယ်ပေးမှုကိုမည်သို့ပင်ဖြစ်စေ ခံယူထိုက်သည့်သူအလားပင်။ ဟင့်အင်း! မဟုတ်ဘူး! သူက ယောင်္ကျားတွေကို မြူဆွယ်ဖို့ ထပ်ကြိုးစားနေတာပဲ!!
သူသည် အဆုံးတွင် ရပ်မနေနိုင်တော့ပဲ ယုရို့ရင် အနားသို့တိုးကာ နားရွက်နားကိုကပ်လျက် "မင်းကို ကူညီရမယ်ပေါ့ ?... ငါနဲ့ ရေချိုးခန်းထဲကို လိုက်လာခဲ့၊ ငါကျေနပ်ရင်..."
ဒီကောင်မက သူ့ကိုငြင်းခဲ့ဖူးတယ်၊ တွေ့ကြတာပေါ့… သူမနဲ့ ××× လုပ်ပြီးရင်တောင် သူ မသိချင်ယောင်ဆောင်ပြီး စင်ပေါ်မတက်တော့ရော ဘာဖြစ်လဲ ?
သူ၏လက်သည် ယုရို့ရင်၏လက်မောင်းကိုလှမ်းဆွဲရန်မြှောက်လိုက်သော်လည်း ရှောင်ဖယ်ခြင်းသာခံရသည်။
ကျုံးစီချီ၏မျက်နှာ မည်းမှောင်သွားပြီး "ကျေးဇူးကန်းတဲ့ ခွေးမ! တစ်ခြားသူပဲ ရှာလိုက်!" ထိုသည်နှင့် သူချက် ချင်း လှည့်ထွက်သွားသည်။
ယုရို့ရင်သည် စင်္ကြန်ထောင့်တွင် ပျော့ခွေစွာမှီလျက် သူ့ မျက်လုံးများသည် တဖြည်းဖြည်းမှုန်ဝါးလာသည်။ ပုံမှန်အခြေအနေတောင် လူရှာဖို့ ခက်လှသဖြင့် ယခု သူမ၏ နာမည်ဂုဏ်သတင်းနှင့်ဆိုပါက ပြောစရာကိုမလိုချေ။
ထိုထိပ်တန်းအဖွဲ့မှ သူ့အားစာချုပ်ချုပ်ရန်အချိန်အတန် ကြာကြိုးစားအားထုတ်ခဲ့သည်။ ကြည့်ရတာ… သူမ အလျှော့ပေးရတော့မဲ့ပုံပဲ…
သူမ ခေါင်းမာနေတာကို ရပ်သင့်လားပြီလား? အနည်း ဆုံးတော့ သူမ အပေးအယူလုပ်လို့ရသေးတယ်
မဟုတ်ရင် သူမ အသက်မွေးဝမ်းကြောင်း အလုပ်တောင် ပျက်စီးသွားပါက အဖွား ဘယ်လိုဖြစ်သွားမလဲ?
သူမ ပြိုကွဲကျလုနီးတွင် အနောက်မှ အသံများကြား လိုက်ရသည်။
ယုရို့ရင် တစ်ချက်ကြည့်လိုက်ရာ များစွာသောလူများကြောင့် သူမမျက်လုံးများ တုန်လှုပ်မှုများ တစ်စတစ်စ တိုးလို့လာသည်။
၀န်ထမ်းအများအပြားသည် စင်မြင့်ကိုပြင်နေရင်းဖြင့် အလုပ်ရှုပ်နေသည်။
ဖေးမင်ရွမ် နားနေခန်းဘက်သို့ အမြန်ပြေးကြည့်ချိန် လူများသည် ရိုက်ကွင်းအတွက် အဆင်သင့်ပြင်နေကြပြီဖြစ်သည်။
မူလရှိ ဝန်ထမ်းများသည်လည်း ကူညီရန်လာကြသော လူအုပ်ကြီးကြောင့် သံသယဖြစ်နေတော့သည်။
ယနေ့ညတွင် မမျှော်လင့်ထားသော အဖြစ်အပျက်များ သည် တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး တစ်ကြိမ်ထက် တစ်ကြိမ်ပိုပြင်းထန်လာသည်။
အစတင်ဆက်ပြသမှုသည် ကျန်းမာရေးကိစ္စတစ်ခုကြောင့် ရပ်တန့်ထားရမည်ဟု သူတို့ထင်မိသည်။
သရုပ်ဆောင်ရမည့် သူများသည်လည်း အလိုက်သင့်စွာ ပြင်ဆင်နေကြသည်။
ထိုအခိုက် စင်ပေါ်မတက်မှီအချိန်အတွင်း အရံသရုပ် ဆောင်များစွာပေါ်လာခဲ့ပြီး ၀န်ထမ်းများပင် ထိုလူများကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပြီး ၎င်းတို့သည် မူလတွင်ရှိမနေခဲ့ချေ။
ထိုဇာတ်ပို့သရုပ်ဆောင်များတောင် နာမည်ကြီးသူများ မဟုတ်လျှင် လူများ၏အာရုံစိုက်မှုကိုခံရမှာမဟုတ်ပေ။
သို့သော် ရင်းနှီးကျွမ်း၀င်သည့် သရုပ်ဆောင်များအပြင် မရင်းနှီးသည့် သရုပ်ဆောင်များသည် တစ်ယောက်ပြီး တစ်ယောက် ၎င်းတို့နံဘေးမှဖြတ်သွားကြသဖြင့် အံသြသွားကြသည်။
၎င်းတို့ကြည့်ရင်းနှင့် ထိုလူများတွင် တူညီသောအခြေအ နေတစ်ခုရှိသည်ကို ခပ်ရေးရေးမှန်းဆမိလာသည်။
ထိုလူများသည် ယုရို့ရင်ကဲ့သို့ပင် အချစ်ရေးအရှုပ်တော်များစွာ၌ သတင်းထွက်ဖူးသူများပင်။