← Chapters

အခန်း (၁၃၃)

Vol. 14 Ch. 133

အခန်း (၁၃၃)

Vol. 14 Ch. 133

စင်ပေါ်တွင်၊ ဘုရင်ကျိုးရုန်၏ ဂန္တဝင်မြင်ကွင်းသည် လှပသော်လည်း အေးစက်သော ပေါင်စစ်ကိုဖျော်ဖြေရန်အတွက် သူ့လက်အောက်ခံများအား လှည့်စားရန် မီးရှူးမီးပန်းများကိုထွန်းညှိထားသည်။

ဖျောဖြေမှုသည် ယခင်လုပ်ဆောင်မှုပုံစံအတိုင်း သဘာဝ ကျကျ ဆက်သွားခဲ့သည်။

မင်းသမီးသည် နူးညံ့သိမ်မွေ့ သည့် အသွင်အပြင်ဖြင့် လှပသောအမျိုးသမီးဖြစ်သည်။ သူသည် ဖျော်ဖြေရေးလောကမှ နှစ်အတော်ကြာထွက်ခွာသွားခဲ့ပေမယ့် သူ့မိတ်ကပ်လိမ်းခြယ်မှုသည် သူ့ ပထမဆုံး ပွဲဦးထွက်ချိန်ကအလှတရား၏ 70-80% ကို ပြန်လည်ရရှိစေခဲ့သည်။ သူသည် ပြတင်းပေါက်ပေါ် စိတ်ပျက်လက်ပျက်မှီ၍ မျက်လုံးများထဲဝမ်းနည်းနေသော အမူအရာ၊ စိတ်ခံစားမှု အပြည့်ရှိနေသည်။ သူသည် လှောင်အိမ်ထဲမှငှက်တစ်ကောင်ကဲ့သို့ လွမ်းဆွေးနေဟန်ရှိသည်။

ချင်ကျောက်သည် ဘုရင်ကျိုးရုန်အဖြစ် ဖြတ်သွားပြီး အတော်လေးစိတ်ရှုပ်ထွေးနေပုံရသည်- "အလှလေးကို ဘယ်လို ပြုံးအောင်လုပ်နိုင်မလဲ?"

သစ္စာမဲ့သည့် အရာရှိတစ်ဦးသည် ရှေ့သို့တိုးလာကာ ပဒေသရာဇ်ဘုရင်အား လှည့်စားရန် ကြီးကျယ်ခမ်းနားသည့် ပြပွဲကြီးတစ်ခုပြုလုပ်ဖို့ အကြံပြုခဲ့ပြီး ၎င်းအား အလှလေးမှနှစ်သက်စေမည်မှာ သေချာသည်ဟုအကြံ ပေးခဲ့ကြသည်။

ဘုရင်ကျိုးရုန်သည် ဤအရာမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ဟုထင်မြင်သောကြောင့် ဟက်ဟက်ပက် ပက်ရယ်မောပြီး ချက်ချင်းအကြံရသွားသည်။

မကြာမီမှာပဲ ပေါင်စစ်သည် စင်မြင့်ပေါ်သို့ရောက်သွားပြီး ဘုရင်ကျိုးရုန်က သူ့ရင်ခွင်ထဲဆုပ်ကိုင်ထားကာ သူအားနောက်ပြောင်နေသည်။ သူ့ အမူအရာတစ်ခုလုံးသည် သူ့ဆန္ဒကိုဆန့်ကျင်ပြီးအော်ဟစ်နေခဲ့သည်။

မီးရှူးတန်ဆောင်များထွန်းညှိပြီး မြင်းကောင်ရေထောင် ပေါင်းများစွာ ခုန်ပေါက်သွားသည့်တိုင်အောင် ပဒေသ ရာဇ်မင်းများနှင့် စစ်ဗိုလ်ချုပ်ကြီးများသည် စင်မြင့်ပေါ်မှ အလျှင်အမြန်ပြေးဆင်းကာ ရန်သူဘယ်မှာလဲဟုမေး မြန်းနေကြသည်။

သို့သော် မြင့်သောစင်မြင့်ပေါ်တွင် ဘုရင်ကျိုးရုန်၏ ရယ်သံများသာရှိနေပြီး သူ့ပတ်ဝန်းကျင်ရှိ အလိုတော်ရိများ ပါဝင်နေသည်။

ပေါင်စစ်သည် အောက်ဖော်ပြပါ မြင်ကွင်းကိုကြည့်လိုက်ရာ သူ့အမူအရာက အံ့အားသင့်သွားဟန်တူသည်။ မီးပုံးများ၏အဓိပ္ပါယ်ကို သူဘယ်လိုနားလည်နိုင်မလဲ ? ဒီလိုမြင်ကွင်းမျိုးကို သူ ဘယ်လိုမြင်ဖူးနိုင်မှာလဲ ? သူသည် အလွန်ပြင်းထန်သော တစ်စုံတစ်ခုဖြစ်ပျက်သွားသကဲ့သို့ အောက်မှလူများ၏ကြောက်လန့်မှုများကိုသာ ခံစားရသည်။

"ကိုယ်တော့်ရဲ့အလှလေး၊ ဒါ မင်းလေးအတွက် ကိုယ် တော် အထူးစီစဉ်ထားတဲ့ အကောင်းဆုံးရှိုးပဲ။ ဘာလို့ မရယ်တာလဲ? ရယ်စရာ မကောင်းဘူးလား?"

ပေါင်စစ်၏မျက်လုံးများသည် ကြီးမားသောမြင်ကွင်းအားကြည့်ရင်း တစ်ခုခုဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဘုရင်ကျိုးရုန်၏အမေးအမြန်းနှင့် ရယ်မောသံကို ကြားလိုက်ရပြီး ပြုံးနေပုံမပေါ်သောကြောင့် သူ အတင်း ဟန်လုပ်ပြုံးရုံသာရှိတော့သည်။

အလှလေး၏အပြုံးဖြင့် ဘုရင်ကျိုးသည် ကျေနပ်နေခဲ့ပြီး အောက်ရှိမူးမတ်များသည် ၎င်းတို့ အရူးလုပ်ခံလိုက် ရကြောင်း သဘာဝကျကျပင် သဘောပေါက်သွားခဲ့သည်။ အချို့ကမု သူ့ အား ဒေါသတကြီးမေးကြသည်။

သို့ပေမယ့် ဘုရင်ကျိုးရုန်က မိုက်မဲစွာပြောခဲ့သည်။

"ငါကိုယ်တော်ရဲ့အလှလေးကို ပျော်ရွှင်စေနိုင်တာ မင်းတို့အတွက် ဂုဏ်ယူစရာပဲ "

ပေါင်စစ်၏မျက်နှာသည် သူ့အား အစိတ်စိတ်အမြွှာမြွှာ လှီးဖြတ်ချင်နေသကဲ့သို့ စိုက်ကြည့်နေသည့် မရေမတွက်နိုင်သောမျက်ဝန်များကြောင့် တခဏချင်းဖြူဖျော့သွားသည်။

"မင်းက တကယ်ကို ယုတ်မာတဲ့လုပ်ရပ်ကိုလုပ်ဖို့ ဘုရင်ကို လှည့်စားခဲ့တာပဲ!"

"ဒီစုန်းမက ငါတို့ကို အရူးဖြစ်အောင်လုပ်တာ၊ သူ့ကို သေ ဒဏ်ပေးသင့် တယ်!"

မရေမတွက်နိုင်သည့် စွပ်စွဲမှုများနှင့် ကျိန်စာများ ၊ နိုင်ငံတစ်ခု၏ ကျဆုံး ခြင်း၏ နောက်ခံအသံနှင့်အတူ၊ ရာစု နှစ်ပေါင်းများစွာ သမိုင်းဝင်ဝေဖန်မှုများကိုပြသနေသည့် ဖန်သားပြင်ကြီးပေါ်တွင် စာသားတစ်လိပ်ပေါ်လာသည်အထိဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

"ကြီးမြတ်လှတဲ့ ကျိုးမင်းဆက်ကြီးက သူ့ကြောင့် ပျက်သုန်းသွားပြီ။"

"သူက လောကကြီးကိုရှုပ်ထွေးစေတယ်။ လှပတဲ့မိန်းမတစ်ယောက်က ဘေးဥပဒ်တွေကိုယူဆောင်တတ်တယ်။"

ဇာတ်ခုံသည်မှောင်မိုက်သွားပြီး မင်းသမီးအား မီးမောင်းထိုးပြလာသည်။

သူသည် တုန်တုန်ယင်ယင်နှင့် မတ်တတ်ထရပ်ကာကြီး မားသည့် ဖန်သားပြင်အားမရင်ဆိုင်နိုင်သကဲ့သို့ခြေလှမ်း အနည်းငယ်ဖြင့် လဲကျသွားကာ မျက်နှာကို အုပ်လျှက် ငိုယိုတောင်းပန်လိုက်သည်။

"အဲဒါ ကျွန်မ မဟုတ်ဘူး၊ မဟုတ်ဘူး... ရှင်တို့ ကျွန်မကို ဘာလို့ ဒီလိုပြောရတာလဲ!"

"ကျွန်မက ကျွန်မရဲ့ဇာတိတိုင်းပြည်ကျဆုံးပြီး ကျိုးဘု ရင်ထံမှာ အဖမ်းခံခဲ့ရတဲ့သူတစ်ယောက်ပါ။ အိမ်နဲ့ဝေးတဲ့နေရာမှာ အတင်းအကြပ်လက်ထပ်ခဲ့ရပြီး စိတ်မချမ်း သာဘူး၊ အိမ်လွမ်းတယ်၊ ကျွန်မ မပြုံးနိုင်ဘူး၊ အရှင်မင်း ကြီး ကျွန်မကိုချော့တာခံချင်လို့ တမင်မပြုံးတာမဟုတ်ရပါဘူး။"

"မီးရှုးတန်ဆောင်တွေထွန်းထားတဲ့ ရယ်စရာကောင်းတဲ့ လှည့်ကွက်ကို ကျွန်မ ရှာမတွေ့ပေမဲ့ ဘုရင်ကြီးက ကျွန်မကိုပြုံးအောင် ရယ်အောင်လုပ်ဖို့ အားရပါးရကြီးနဲ့ ရယ် မောနေပြီး အားလုံးကရယ်နေကြတော့ ကျွန်မ ဘယ်လိုလုပ်မပြုံးဝံ့ပဲနေနိုင်မှာလဲ?"

"ဒါပေမယ့် အပြုံးတစ်ပွင့်က တိုင်းပြည်ရဲ့ကျဆုံးမှုအ တွက် ကျွန်မကိုအပြစ်ခံခိုင်းဖို့လို့ ဘယ်တုန်းကမှမထင်ခဲ့ဖူးဘူး။"

"ကျွန်မနားမလည်ဘူး ကျွန်မ မသိဘူး ဘာလို့ကျွန်မကိုလဲ !"

၎င်းက တကယ်ငိုနေခြင်းဖြစ်ပြီး စကားလုံးတစ်လုံးခြင်းစီတိုင်းသည် သွေးမျက်ရည်များဖြင့် ရွှဲနေသည်။

ပရိသတ်များ အံ့အားသင့်သွားသည်။ ကျီဖေး၏ အပျော် တမ်း သရုပ်ဆောင်မှုနှင့်ယှဉ်ရင် ဒါ တကယ့်ကိုပရော်ဖက်ရှင်နယ်ပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ခံစားချက်ကိုဖော်ညွှန်းပြီး ပေါင်စစ်၏အကူအညီမဲ့မှုနှင့် မတရားမှုကိုခံစားလိုက်ရသည်။

Comment ထဲတွင် ဆွေးနွေးရုံမှတစ်ပါး မတတ်နိုင်ပေ။

"ပြောရမယ်ဆိုရင် ၊ သရုပ်ဆောင်ကောင်းတယ်၊ ရုပ်ရည်လည်းကြည့်ကောင်းတယ်၊ သူသာ အနားယူခဲ့ဘူးဆိုရင် အခုအချိန်မှာ ထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်နေမှာ"

"သူ့က မေဂျာမှာအမှတ်အများဆုံးနဲ့ သရုပ်ဆောင်ဌာနကို ဝင်ခဲ့တာဆိုတော့ သူ့မှာ ဒီလောက်ကျွမ်းကျင်မှုရှိမှာ သေ ချာတာပေါ့"

" ဘာ ? အင်တာနက်မှာ မရှာကြည့်ဘူးလား ? သူက တက္ကသိုလ်တက်ပြီးတာနဲ့ သူ့စပွန်ဆာဘဲကြီးရဲ့ အရင်း အမြစ်တွေကိုအတင်းအကျပ်သုံးပြီး သူ့ကိုယ်သူမြင့်တင်ခဲ့ပေမဲ့ သူ့ sugar daddy ရဲ့ ကုမ္ပဏီပြိုပျက်လုနီးပါးဖြစ်သွားပြီး မအောင်မြင်ခဲ့ဘူးလေ။ သူ့ဇနီးသည်က ခင်ပွန်းဖြစ်သူရဲ့အိပ်ယာပေါ်တက်တာ အရှက်မရှိဘူးလားဆိုပြီး ဒေါသတကြီးနဲ့ ဗီဒီယိုတစ်ခုတင်ခဲ့သေးတယ်။ ဒီလိုမျိုး အကျင့်စာရိတ္တချွတ်ခြုံကျတဲ့ မိန်းမမျိုးက ယုရို့ရင်နဲ့တူတယ်။"

" ငါ ထိပ်တန်းအဖွဲ့ ကိုပံ့ပိုးပေးခဲ့ဖူးတယ်၊ တကယ်တော့ သူတို့ကဖျော်ဖြေရေးနယ်ပယ်ရဲ့ တရားသူကြီးလို့နာမည်ရခဲ့ပေမယ့် ဖျော်ဖြေတဲ့နေရာမှာ ဒီလိုလူစားမျိုးတွေကို အသုံးချဖို့ဘယ်လိုတွေးနိုင်တာလဲ? ငါ အရမ်းစိတ်ပျက်မိတယ်။"

"သူ comeback လုပ်ဖို့ ကြိုးစားနေတာလား ? ပြောရမယ်ဆိုရင်ကောလဟာလက အရမ်းကြီးတယ်။ သူ့ကို ဖျော်ဖြေရေးလုပ်ငန်းကနေ နှင်ထုတ်ခဲ့တဲ့ ဇနီးကတောင် ဒီလိုကိုယ်ကျင့်တရားဖောက်ပြန် တဲ့ မင်းသမီးကိုအသုံး ပြုခဲ့တဲ့ထိပ်တန်းအဖွဲ့ကို ပြစ်တင်ရှုတ်ချပြောဆိုခဲ့တယ်။"

"ကျေးဇူးပြုပြီး နင့်ရဲ့ ဦးနှောက်ကို သုံးလို့မရဘူးလား? ငါတို့ရဲ့ထိပ်တန်းအဖွဲ့ က အရင်းအနှီးနဲ့ ကျော်ကြားမှုတွေ မရှိဘူး။ သူ့ကို ဒီဇာတ်ဝင်ခန်းကိုဖျော်ဖြေဖို့ ဖိတ်ခေါ်တာကရည်ရွယ်ချက်ရှိရှိလုပ်တယ် ဆိုတာထင်ရှားတယ်။ သူက အငြိမ်းစားမင်းသမီးတစ်ယောက်ဖြစ်နေပြီ၊ ဖျော် ဖြေရေးနယ်ပယ်က တရားသူကြီးရဲ့တရားစီရင်မှု အစိတ် အပိုင်းတစ်ခုဆိုတာကလွဲရင် အခြားအကြောင်းပြချက်တွေ မစဉ်းစားတတ်တော့ဘူး။ ဒီတော့ ငါအခု အရင်က အတင်းအဖျင်းတွေကိုသွားပြန်စစ်လိုက်ဦးမယ်။ အဲ့ဒီမှာ လှည့်စားမှုတွေ ရှိ၊ မရှိပေါ့။"

"ငါ့ မသိစိတ်က ဖေးမေ့ကိုယုံကြည်တာ မမှားဘူးလို့ ပြောနေတယ်၊ ဒီမှာ မှားနေတဲ့ တစ်ခုခုတော့ရှိရမယ်"

"အမှန်ပဲ၊ အဲဒီတုန်းက ယောက်ျားက မိန်းမတစ်ယောက်ဆီက လှည့်စားခံရပြီး သူ့စိတ်တွေလွတ်သွားတာပါလို့ပဲ ပြောပြီး လှလှပပလေးပျောက်ကွယ်သွားတာလေ။ ရိုက်နှက်ခံရဖို့ထွက်လာတဲ့ မင်းသမီးက ဒီပြဇာတ်နဲ့အရမ်းတူနေတယ်၊ တိုင်းပြည်ကိုပျက်စီးအောင်လုပ်ခဲ့တာက ဘုရင်ကျိုးရုန်ဆိုတာ သေချာနေပေမဲ့ အပြစ်တင်မှုအများစုကတော့ ပေါင်စစ်အပေါ်မှာပဲကျရောက်ခဲ့တာ"

"ဒါက တစ်ကယ့်ကို ဆင်တူတယ်။ ဘုရင်ကျိုးက ပေါင်စစ်ကိုရယ်မောစေဖို့ နိုင်ငံတော်ကို ဆုံးရှုံးလိုက်ရတာ၊ CEO က မင်းသမီးကိုကျေနပ်စေဖို့အတွက် ပရောဂျက်များစွာမှာရင်းနှီးမြုပ်နှံပြီး ကုမ္ပဏီကိုပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့တာ၊ ရလဒ်ကတော့ အတူတူပဲ၊ အမျိုးသားက အမျိုးသမီးရဲ့နောက်ကွယ်မှာပုန်းနေပြီး ကျိန်စာတွေ တံတွေးတွေထွေးလာတဲ့အခါမှာတော့ အရင်နစ်သွားခဲ့တာ အမျိုးသမီးပဲ"

Comment များနှင့် အွန်လိုင်းပေါ်မှ သဘောထားများ သည် အညီအမျှကွဲထွက်လုနီးပါးဖြစ်နေသည်၊ အနည်း ဆုံးတော့ ဤမင်းသမီးကို မျက်စိစုံမှိတ်အပုပ်ချခြင်းတော့မလုပ်ကြပေ။ ဤမင်းသမီးသည် အချိန်အတော်ကြာ အငြိမ်းစားယူခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင် သော်လည်း လူအများ၏ရွံရှာဖွယ်ခံစားချက်များသည် ယခု ယုရို့ရင်အပေါ်ထားသကဲ့သို့ ပြင်းထန်ခြင်းမရှိပေ။

စင်ပေါ်တွင် ပေါင်စစ်၏ငိုသံသည် ပိုမိုတိတ်ဆိတ်သွားပေမယ့် တခဏမှာ ရုတ်တရက်နိုးလာပြီး ပေါက်ကွဲသွားသကဲ့သို့ သူ့အသံက ရုတ်တရက်ပြောင်းလဲသွားသည်။

"ဘာလို့လဲ !"

သူ လှည့်ကြည့်ကာ ဘုရင်ကျိုး၏ဝတ်လုံကိုအရူးအမူး ဆုပ်ကိုင်လိုက်သည်။

"အဲ့တာက အရေးကြီးတဲ့အရာနဲ့ ကိစ္စအသေးအဖွဲ့ လေးတွေကို မခွဲခြားတတ်တဲ့ ရှင့်ကြောင့်၊ မဆင်မခြင်ပြုမူခဲ့တဲ့ ရှင့်ကြောင့်၊ မိန်းမတစ်ယောက်ရှေ့မှာ ပါဝါကိုထုတ် ပြချင်နေတဲ့ ရှင့်ကြောင့်ဆိုတာ အထင်းသားကြီးလေ။"

"ရှင့်ကို ကျွန်မအတွက် ဒီလိုမျိုးတွေလုပ်ခိုင်းခဲ့လို့လား? အလှတရားကိုလိုချင်ခဲ့တဲ့ ရှင့်ရဲ့ တစ်ဖက်သတ်ဆန္ဒတွေကြောင့်ပဲလေ၊”

"ပြဿနာတက်လာတဲ့ အချိန်ကျမှ ရှင်က ဘာလို့ ကျွန်မအပေါ် အပြစ်တွေအကုန်လုံးလွှဲချပြီး သူများတွေ ကျွန်မကိုအပြစ်တင်ခွင့်ပြုလိုက်တာလဲ!"

ထို့နောက် သူလှည့်ကာ ထိုမူးမတ်များအားကန်ချလိုက်သည်။

"ဘာလဲ၊ နင်က မိုက်ရူးရဲဆန်ပြီး တိုင်းပြည်ကိုပြိုလဲအောင် မိုက်မိုက်မဲမဲလုပ်ခဲ့တဲ့ဘုရင်ကို အပြစ်မတင်ဝံ့ဘူးလား၊ နင့်ရဲ့ အကြံပေး တာဝန်ကိုမကျေပွန်လို့ ကိုယ့်ကိုကိုယ်အပြစ်မတင်ဝံ့ဘူးလား၊ နင် ငါ့အပေါ်ပဲ ဒေါသပုံချရဲတာလား ? ငါက ပျော့ညံ့တဲ့ မိန်းမမို့လို့လား ? ကြောင် သူတော်ကောင်၊ ရွံဖို့ကောင်းတယ်၊ အရှက်မရှိလိုက်တာ။"

ကင်မရာက သူ့မျက်နှာအားအနီးကပ်ရိုက်ချက်ပေးနေ သည်။ သူ အရူးအမူး ကျိန်ဆဲနေရင်း၊ ဝမ်းနည်းပူဆွေးမှုတွေပြည့်နှက်နေသည့် မျက်လုံးများတွင် တစ်စုံတစ်ခုကို ရင်ဖွင့်လိုက်သလိုပင်၊ စောစောက ငိုနေချိန်ထက် ပိုစိတ် ချယုံကြည်စွာပြုမူနေလေသည်။

သူသည် တစ်စုံတစ်ယောက်ကို အမှန်တကယ်ကျိန်ဆဲနေသကဲ့သို့ပင်။

နောက်ဆုံးတွင် သူ မြေပြင်ပေါ်မှ လေးတစ်ချောင်းနှင့် မြားတစ်စင်းကိုကောက်ယူပြီး ဖန်သားပြင်ကြီးဆီသို့ မြားတစ်စင်းပစ်ခွင်းလိုက်သည်။

အထူးပြုလုပ်ချက်များအား သုံးထားသော ကြီးမားသည့် ဖန်သားပြင်ကြီးသည် သူ့အားဝေဖန်နေသည့် စကားလုံးများအား ချက်ချင်းကြေကွဲသွားစေသည်။

လေပြင်းနှင့် တိမ်တိုက်များတိုးလာသည်နှင့်အမျှ ပေါင်စစ်တစ်ယောက်တည်း မတ်တပ်ရပ်ကာ ကင်မရာဆီသို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထောင့်များတွင် မျက်ရည်များဝေ့သီနေသေးသော်လည်း သူ့ အကြည့်များကမူ ပြတ်သားလှသည်။

"ငါက လှပတဲ့ သူတစ်ယောက်၊ ဒါပေမယ့် ဘေးဥပဒ်တစ်ခုတော့ မဟုတ်ဘူး။"

ဇာတ်ဝင်ခန်းပြီးဆုံးသည်နှင့်အမျှ၊ အောက်တွင် ရှိနေသည့် ပရိသတ်များသည် ဤကောင်းမွန်သော ဖျော်ဖြေမှုအတွက် လက်ခုပ်သြဘာ မပြုပဲမနေနိုင်ကြပေ။

သို့သော်လည်း အင်တာနက်အသုံးပြုသူများသည် အ တင်းအဖျင်း အမျိုးမျိုးအားအချိန်နှင့်တပြေးညီစစ်ဆေး နေသောကြောင့် comment section သည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ဒီမင်းသမီးသည် သူ့သရုပ်ဆောင်မှု ပြီးဆုံးသွားချိန်မှာပင် မင်းသမီးရာထူးကနေ အနားယူလိုက်ရခြင်း၏ နောက်ကွယ်မှ အဖြစ်မှန်များအား ထုတ်ဖော်ရေးသားခဲ့သည်။

၎င်းသည် အင်တာနက်ပေါ်တွင် ကြီးမားသည့် လှိုင်းလုံးကြီးတစ်ခုအားလှုံ့ဆော်ခဲ့သည်။

အစောပိုင်းက မင်းသမီးအားဝေဖန်ခဲ့သည့် CEO ဇနီး၏ comment တွင် စိတ်အားထက်သန်စွာထောက်ခံအားပေး မှုများမှ ဒေါသထွက်နေသည့် မေးခွန်းများအထိလုံးဝပြောင်းသွားခဲ့သည်။

တကယ်တော့...

ကျောင်းသူဘဝတုန်းက မင်းသမီးသည် CEO၏မျက်လုံး ထဲဖမ်းစားမိခဲ့သည်။ သူ့အား လိုက်ရန်အတွက် အထူးရင်းနှီးမြှပ်နှံခဲ့ပြီး ဇာတ်လိုက်နေရာတွင် သရုပ်ဆောင်ဖို့ ဖိတ်ခေါ်ခဲ့သည်။ မင်းသမီးအသစ်တစ်ယောက်အနေနှင့်ဆိုလျှင် သရုပ်ဆောင်ဖို့အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားမည်မှာသေချာသည်။ ရင်းနှီးမြုပ်နှံသူသည် သူနှင့် အတူအိပ်လိုခြင်း ရှိ၊ မရှိအား အခန်းကဏ္ဍကိုလက်ခံခြင်းမပြုမီ သူစုံစမ်းစစ်ဆေးနိုင်သည်နှင့် မတူပေ။"

ထို့ကြောင့် လူ့အဖွဲ့ အစည်းထဲသို့ အသစ်ဝင်လာသည့် ကျောင်းသူလေးသည် အဆိုပါ အခန်းကဏ္ဍကိုလက်ခံခဲ့ပြီး သူ့သရုပ်ဆောင်မှုတွင် အစွမ်းကုန်ကြိုးစားခဲ့သည်။

စီအီးအိုမှ မျက်နှာသာပေးပြီးနောက် ဖြစ်ပျက်သမျှကို သဘောပေါက်သွားပြီး လျင်မြန်စွာငြင်းဆိုခဲ့သည်။သို့ သော် အဘိုးအိုသည် ငယ်ရွယ်နုပျို၍နုံအသော မိန်းက လေးအား မည်သို့အလွယ်တကူ စွန့်လွှတ်နိုင်မည်နည်း ? သူသည် ရုပ်ရှင်ပျက်ကွက်မှုကိုပင် ဆင်ခြေအဖြစ်သုံးပြီး ပျော့ပျောင်းသော နည်းပရိယာယ်များအား အသုံးပြုကာ ရင်းနှီးမြုပ်နှံထားသော ရုပ်ရှင်များထဲ ထိုမိန်းကလေး ဆက်လက်သရုပ်ဆောင်နိုင်စေရန် နည်းလမ်းမျိုးစုံအသုံး ပြုခဲ့သည်။ ထိုနည်းဖြင့် ကောင်မလေးအား သူ၏ငွေ ကြေးစွမ်းအားကိုမြင်စေကာ နောက်ဆုံးတွင် ကျော်ကြားမှုနှင့်ကံဇာတာကြောင့် ပျက်စီးသွားကာ လူကြီးများ၏ စည်းကမ်းများအား တလိုတလား နားလည်ကာ စီအီး အို၏အထိန်းသိမ်းခံ အမျိုးသမီးဖြစ်လာခဲ့သည်။

သို့သော် စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့် ရင်းနှီးမြုပ်နှံမှုအမြင်ညံ့ဖျင်းမှုများကြောင့် ရန်ပုံငွေကွင်းဆက်ပြတ်တောက်သွားပြီး CEO ၏ကုမ္ပဏီသည် ဒေဝါလီခံလုနီးပါးဖြစ်ခဲ့သည်။

ထိုဗီဒီယိုများသည် ငွေများဆုံးရှုံးပြီး မိန်းကလေးအား မရရှိနိုင်ပြီးနောက် သူဌေး၏ဒေါသအမျက်ထွက်ခြင်း၏ ရလဒ်ဖြစ်သည်။ အရှက်တရားနှင့် ဒေါသကြောင့် သူ့အား မူးယစ်ဆေးထိုးကာ ဗီဒီယိုများရိုက်သည်။ နောက် ဆုံးတွင် ၎င်းတို့သည် မှုန်ဝါးနေသည့်ဗီဒီယိုများအား လူသိရှင်ကြားထုတ်ပြရန်ရွေးချယ်ခဲ့သည့် သူဌေး၏ဇနီးသည်လက်ထဲသို့ကျရောက်သွားသည်။

မိန်းကလေး၏မျက်နှာကို မြင်နေရရုံသာဖြစ်သော်လည်း သူ့ဂုဏ်သိက္ခာကို ဖျက်စီးလောက်အောင်ပင်။

ပေါက်ကြားခဲ့သည့်ပို့စ်တွင် မိန်းကလေး၏သဘောမတူကြောင်းသက်သေပြနိုင်သည့် အသံနှင့် စကားပြောဆိုမှု အထောက်အထားများအပြင် ၎င်းတို့၏ကုမ္ပဏီမှာ ဒုက္ခ ရောက်နေပြီဖြစ်ကြောင်းဖော်ပြသည့် ဘဏ္ဍာရေးအစီရင် ခံစာများလည်းပါရှိသည်။

ဤဖော်ပြချက်သည် အတော်လေးကိုတုန်လှုပ်သွားစေခဲ့သည်။ "beacon tower" ဇာတ်လမ်းတွင် ဤထူးခြားသည့် လှည့်ကွက်မှ ဖန်တီးထားသည့် စိတ်ပိုင်းဆိုင်ရာ အကြံပြုချက်ကြောင့်၊ အင်တာနက်အသုံးပြုသူများသည် အဆိုပါပြဿနာအား မတူညီသည့်ရှုထောင့်မှ စတင်စဉ်းစားလာပြီး မိန်းကလေးတစ်ယောက်တည်း အပေါ်တွင်သာ ကြမ်းတမ်းစွာအကဲဖြတ်ခြင်း မလုပ်ကြတော့ပေ။

All Chapters