အခန်း (၁၃၄)
Vol. 14 Ch. 134
"ပေါက်ကြားလာသည့် သတင်းသာအမှန်ဆိုရင်၊ ကြည့်ရတာ သူရဲ့ဖျော်ဖြေမှုက အဲဒီတုန်းက သူ့ကို နှုတ်ထွက်စေခဲ့တဲ့သူတွေရဲ့ နောက်ဆုံးအကြောင်းကိုဆိုလိုချင်ပုံရတယ်။"
"ဒီလောက်စစ်မှန်ပြီး နှလုံးသားထဲက ထွက်လာတဲ့အသံလိုဖြစ်နေတာ အံ့သြစရာမရှိတော့ဘူး။ ဘယ်လိုတောင် မတရားမှုကြီးလဲ!"
"သူတို့ ဒီအချက်အလက်တွေ ပေါက်ကြားအောင်လုပ်ဖို့ဆိုရင် သတ္တိရှိဖို့လိုတာတော့ အမှန်ပဲ။"
"အထောက်အထားရှိရင်ဖော်ထုတ်ဖို့ကို ဘာလို့အခုအချိန် အထိစောင့်နေကြတာလဲ?"
"အရင်က သူ့မှာကျောထောက်နောက်ခံမရှိလို့ဖြစ်နိုင်လား၊ အဲ့ဒါကြောင့် သူပြောခဲ့ရင်တောင် ပါဝါတွေကြောင့် ဖိနှိပ်ခံခဲ့ရလိမ့်မယ်? ဒါ ပေမယ့် အခု သူ့ကိုပံ့ပိုးပေးမဲ့ 'ဖျော်ဖြေရေးလောကရဲ့တရားသူကြီး' ရှိနေပြီမဟုတ်လား?"
"နင်တို့ ထင်တာမှန်တယ်။ အရင်တုန်းက မင်းသမီးတစ်ယောက်အကြောင်း ရဲစခန်းမှာတိုင်ကြားထားပေမယ့် အထောက်အထားမခိုင်လုံတာကြောင့် ရာဇဝတ်မှုလို့ သတ်မှတ်လို့မရခဲ့ဘူး။ ဒီသတင်းကို ဖိနှိပ်ထားသလိုအင်တာနက်သုံးစွဲသူလည်း မသိသလောက်ပဲ။ သိတဲ့သူတွေက သူ့ကို ဟန်ဆောင်နေတာလို့ထင်ကြပြီး နောက်ဆုံးမှာတော့ ဘာမှဖြစ်လာတာမရှိဘူး။ တရားဥပဒေကတောင် သူ့ကို မကူညီနိုင်တာ လူထုအမြင်ကို ဘယ်လိုလုပ်မျှော် လင့်လို့ရနိုင်မလဲ?"
"အဲဒီတုန်းက ငါ သူ့ကို မဝေဖန်ဖူးဘူး။ အဲ့တော့ ငါ ဒီမှာရှိတဲ့ အင်တာနက်သုံးစွဲသူတွေရဲ့ 90% ထက်သာလွန်တယ်လို့ဆိုလိုတာလား? အဲဒီတုန်းက သတင်းကိုမြင်တော့ ထူးဆန်းတယ်လို့ထင်ခဲ့တာ။ ငါဆိုလိုတာက ဘယ်လိုမျိုး မင်းသမီးအသစ်က ကုမ္ပဏီတစ်ခုလုံးကိုဖြိုခွဲနိုင်မှာလဲ လို့ ? စဉ်းစားကြည့်လိုက်တော့ အဓိပ္ပာယ်မရှိဘူး။"
“ရှေးခေတ်တုန်းကနေ အခုခေတ်အထိ တစ်ချို့အရာတွေက မပြောင်းလဲသေးဘူးလို့ထင်တယ်။ နင့်မှာ အရည်အ ချင်းမရှိရင် အမျိုးသမီးတွေကိုပဲ အပြစ်မတင်နဲ့"
"သူတို့ တခြားအကြောင်းပြချက်တွေနဲ့ အပြစ်တင်လို့ရတယ်၊ သူတို့ ကိုယ်သူတို့ အသုံးမဝင်ဘူးလို့ သက်သေပြနိုင်တယ်၊ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေကို အပြစ် တင်နေသရွေ့တော့ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်လို့မရဘူး။ နောက်ဆုံးတော့ အမျိုးသားတွေကအမျိုးသမီးတွေအတွက် အားလုံးကိုလုပ်ပေးရတာပဲမဟုတ်လား?"
"ဘဏ္ဍာရေးပိုင်းမှာ ရှိတဲ့သူတစ်ယောက်အနေနဲ့ သူက ပြီးပြည့်စုံတဲ့ နစ်နာသူဖြစ်လာတယ်လို့ ငါ ပြောနိုင်တယ်။ အဲဒီဇာတ်ကား အနည်းငယ်မှာ ရင်းနှီးမြုပ်နှံခဲ့မှုက ကုမ္ပဏီဒေဝါလီခံခါနီးမှ ဆုံးဖြတ်ခဲ့တဲ့အရာမဟုတ်ဘူး။ ငွေရေးကြေးရေးပြဿနာဖြစ်စေခဲ့တဲ့ သူတို့ကိုယ်တိုင်ရဲ့ စီမံခန့်ခွဲမှုအမှားအယွင်းပဲ။ ဒီဇာတ်ကားက လူသိရှင် ကြားဖြစ်သွားခဲ့လို့ဟာ CEO ရာထူးကိုကယ်တင်ဖို့ အ ကြောင်းပြချက်တစ်ခုဖြစ်လာခဲ့တာ"
" ဟာဟား၊ D-list မင်းသမီးတချို့က CEO ရဲ့ ပုံစံခွက်ထဲကသားကောင်တွေလို့ပြောနေကြတာကို ငါတွေ့ ဖူးတယ်။ သူက အကျင့်ပျက်ကျူးလွန်သူလို့ထင်ရတယ်၊"
" ငါ့လက်ကို ဖြတ်ပစ်ချင်လိုက်တာ။ သူ့ကို ထောက်ခံဖို့ CEO ရဲ့ဇနီးဖြစ် သူရဲ့ comment အောက်ကိုသွားခဲ့သေးတယ်။ သူ ဘယ်လောက်အရှက်မဲ့ နိုင်မလဲ? သူ့ခင်ပွန်းက တစ်စုံတစ်ယောက်ကို မူးယစ်ဆေးသုံးပြီး ထိခိုက်နစ်နာအောင် ကြိုးစားခဲ့တာတောင် သူက နစ်နာသူရဲ့ ဂုဏ်သိ က္ခာကို ဖျက်ဆီးဖို့ကြိုးစားနေတုန်းပဲ။ သူတို့က တကယ့်ကို ပြိုင်ဘက်ကင်း ဗီလိန်မိသားစုပဲ!"
" အဲ့တာ ဘယ်ကုမ္ပဏီလဲကြည့်ရအောင်... ဘာလဲဟ ? စတော့ဈေးကွက်မှာတောင် စာရင်းသွင်းထားသေးတယ်၊ ညီအစ်ကိုတို့၊ ဒီလိုလူဆိုးတွေရဲ့ စတော့ရှယ်ယာတွေကို ဒီအတိုင်း ကောင်းစားသွားခွင့်ပြုမလား ? လုံးဝပဲ !"
မကြာမီတွင်၊ ဤကုမ္ပဏီနှင့် ပတ်သက်သည့် အကောင့်များအားလုံး ဆိုက်ဘာအနိုင်ကျင့်မှုခံရသည်။ အိမ်တွင် variety show အား တိုက်ရိုက်ကြည့်ရှုနေသည့် ကုမ္ပဏီဝန်ထမ်းများသည် ကုမ္ပဏီ၏အကျပ်အတည်းအားချက် ချင်းဖြေရှင်းရန် ၎င်းတို့ထံအရေးပေါ်ဖုန်း ခေါ်ဆိုမှုများကို မမျှော်လင့်ဘဲလက်ခံရရှိခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ထုတ်ပြန်ခဲ့သော ကြေညာ ချက်သည်အသုံးမဝင်ပေ။ နောက်ဆုံးတွင်၊ ထိပ်တန်းအဖွဲ့ နှင့် 'ဖျော်ဖြေရေးလောကရဲ့ တရားသူကြီး' တို့၏ လွှမ်းမိုးမှုသည်ပြင်းထန်လွန်းသည်။ ထိုအချိန်က မင်းသ မီးခံစားခဲ့ရသော အထီးကျန်မှုနှင့် အကူအညီမဲ့မှုတို့ကို ယခု သူတို့နားလည်လာကြပေလိမ့်မည်။
နောက်တစ်နေ့ စတော့ဈေးကွက်ဖွင့်သည့်အခါ သူတို့၏ ကုမ္ပဏီမှာ မည်သို့သောသက်ရောက်မှုမျိုး ကြုံရမည်ကို မတွေးဝံ့ကြချေ။
CEO၏ဇနီးသည် ဖုန်းကိုဗြောင်ကျကျ စိုက်ကြည့်ရင်း မျက်နှာမှာဖြူဖျော့သွားသည်။ တံခါးပွင့်လာပြီး CEO က သူ့မိန်းမအား တည့်တည့်ပင်ပါးရိုက်လိုက်သည်။
"မင်း ဘာလို့ဝင်ပါရတာလဲ၊ မင်း ဒီတိုင်းလွှတ်ပေးလိုက်လို့မရဘူးလား၊ အခု ဘာဖြစ်သွားပြီလဲကြည့်။ ငါတို့ပြန်တိုက်ခိုက်ခံလိုက်ရပြီ၊ ပြီးသွားပြီ၊ အားလုံးပြီးပြီ!"
တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၌ ထိုမင်းသမီးအား တောင်းပန်စကားဆိုသည့် comment များစွာထွက်ပေါ်လာခဲ့သည်။
ဒါရိုက်တာနှင့် ထုတ်လုပ်သူသည် ၎င်းအားမြင်ချိန်သက်ပြင်းတစ်ချက်ချလိုက်သည်။ အကြီးအကျယ် ရုတ်ရုတ် သဲသဲဖြစ်မည်ဟု သူတို့ထင်ခဲ့ကြသော်လည်း မမျှော်လင့်ဘဲ အတိုက်အခံများအား တိုက်ရိုက်နှိမ်နှင်းကာ လူထု၏ သဘောထားသည် အလွန်လျင်မြန်စွာပြောင်းလဲသွားသည်။
လူထုအမြင်ကိုခြယ်လှယ်ရာတွင် ထိပ်တန်းအဖွဲ့ သည် မည်မျှ ကျွမ်းကျင်ကြောင်းပြသနေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ရေပန်းစားမှုကို စီးနင်းလိုက်ပါက တစ် ဖက်ကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးမပေးဘဲ ၎င်းတို့၏ပြင်ဆင်မှုမှာ စေ့စေ့စပ်စပ်ဖြစ်ပြီး တစ်ခုကနေ နောက်တစ်ခုသို့လှည့်ကွက်ဖြင့် ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။
ကြည့်ရတာ ဇာတ်ပို့တွေကိုရွေးတုန်းက ကျပန်းရွေးချယ်ခဲ့တာမဟုတ်လောက်ဘူး။
ဒီတော့ ကျန်တဲ့ အနည်းစုအတွက်...
တတိယမြောက် ဇာတ်ဝင်ခန်းတွင်၊ အန်းလုရှန်းသည် ပုန်ကန်မှုစတင်ရန် အကြောင်းပြချက်အဖြစ် ဧကရီကြင်ယာတော်ယန်ကိုအသုံးပြုကာ နောက်ဆုံးတွင် ထန်ဧကရာဇ်ရွှမ်ကျုံးသည် ဧကရီကြင်ယာတော်ယန်အား သတ်သေရန်တွန်းအားပေးခဲ့သည်။
စတုတ္ထမြောက် ဇာတ်ဝင်ခန်းတွင် ဝူစန်းကွေ့ သည် သူ့ချစ်သူ ချန်းယွမ်ယွမ်ကို ဒေါသတကြီးဖြင့် ဖြတ်ကျော်ဝင်ရောက်ရန် ချင်စစ်တပ်ကိုဖိတ်ခေါ်သည်။
ပဉ္စမအကြိမ်မြောက် ဇာတ်ဝင်ခန်း...
ဤလုပ်ရပ်တစ်ခုချင်းစီသည် နိယာမတစ်ခုစီကိုဖော်ပြ နေသည်။
"ဘေးဥပဒ်ဖြစ်စေသည့် အလှတရား" ဟူ၍ တစ်ခါမှမရှိခဲ့ပေ။
ဧကရာဇ်များနှင့် ရည်မှန်းချက်ကြီးသော အမျိုးသားများစွာသည် လှပသောအမျိုးသမီးများဖြင့် ဝန်းရံထားပြီး ၎င်းတို့အနည်းစုမှာဖောက်ပြန်ပြီး မာနကြီးကြသေးသော် လည်း ၎င်းတို့သည် နိုင်ငံကို ဆုံးရှုံးရလောက်တဲ့အထိမဖြစ်ကြပေ။ ထို့ကြောင့် အလှတရားသည် ဘေးဥပဒ်ဖြစ်စေရသည့် အကြောင်းရင်းမဟုတ်ပေ။
ဟုတ်ပါသည်၊ ဇာတ်ဝင်ခန်းအား စိတ်ဝင်တစားဖြင့် အောက်မှကြည့်ရှုနေကြသည့် ပရိသတ်များမှလွဲလျှင် အွန်လိုင်းပေါ်မှ အင်တာနက်သုံးစွဲ သူများသည် သူတို့၏ ဇာတ်လမ်းလှည့်ကွက်များအား စတင်လုပ်ဆောင်နေပြီဖြစ်သည်။
သူတို့သည် အင်တာနက်ပေါ်တွင် လွှင့်တင်ရင်း တိုက်ရိုက်တင်ဆက်မှုကိုကြည့်ကာ အလုပ်ရှုပ်နေကြပြီး ဖဝါးနှင့် မြေကြီးထိရုံမျှသာရှိသည်။ Hot Search ရှိ ရှာဖွေမှုအ ကြောင်းအရာများသည် မိနစ်အနည်းငယ်တိုင်းတွင် ပြောင်းလဲသွားကာ အကြိမ်များစွာပျက်စီးသွားပြီး လူအများအား အခြားလူမှုမီဒီယာပလက်ဖောင်းများသို့ပြောင်း ခိုင်းစေခဲ့သည်။
စင်မြင့်ပေါ်ရှိ မင်းသမီးတိုင်း၏အသွင်အပြင်သည် အွန်လိုင်းပေါ်တွင် မုန်တိုင်းထန်စေသောကြောင့်ဖြစ်သည်။
ပထမမင်းသမီးနှင့်ပတ်သက်သည့် ဇာတ်လမ်းလှည့် ကွက်သည် နောက်ဆက်တွဲမင်းသမီးများအား မလိုမုန်း ထားမှုနည်းသွားသည်ဟုဆိုလိုခြင်းဖြစ်သည်။ လူတွေက သူတို့ကို မြင်လိုက်သည်နှင့် သူတို့၏ ပထမဆုံးတုံ့ပြန်မှုသည် သူတို့လည်း မှားဖူးကြတာပေါ့။
ထို့နောက် ၎င်းတို့သည် အပျက်သဘောဆောင်သည့် အချက်အလက်များအား စုံစမ်းစစ်ဆေးခြင်း၊ ဒေတာစုဆောင်းခြင်း၊ ငြင်းခုံမှုများအားပြန်လည်ချေပခြင်းနှင့် အာဏာရှိသူများမြုပ်နှံထားသည့် အမှန်တရားများအား ဖော်ထုတ်ရန်အတွက် အမည်မသိပေါက်ကြားသည့်ပို့စ်များနှင့် ပေါင်းစပ်ကာ ၎င်းတို့က အလိုအလျောက်အဖွဲ့ ဖွဲ့စည်းခဲ့ကြသည်။
၎င်းတို့သည် အစပိုင်းတွင် လူထုအမြင်စစ်ပွဲ၌ ' နစ်နာသူများ' သို့မဟုတ်'အပြစ်မဲ့ပါတီများ' ဖြစ်ကြသောဖြောင့်မတ်ပုံရသောပုဂ္ဂိုလ်များဖြစ်ပြီး တရားစီရင်ခံရရန် နေရောင်ထဲသို့ဆွဲငင်ခံခဲ့ရသည်။
ထိုညတွင် ဖျော်ဖြေရေးနယ်ပယ်မှ အရင်းရှင်နှင့်သူဌေး ကြီးများ၏ချိတ်ဆက်မှုကွန်ရက်သည် ပျံ့နှံ့သွားခဲ့သည်။ မရေမတွက်နိုင်သော လူများ၏ဖုန်းများသည် မရပ်မနား မြည်လာသည်။ အချို့က အခြေအနေကို ကယ်တင်ရန် ကြိုးစားခြင်း၊ အချို့ကခြိမ်းခြောက်ခြင်း၊ တောင်းပန်ခြင်း သို့ လာဘ်ထိုးရန်ကြိုးပမ်းခြင်းတို့ဖြစ်သည်။
သို့ပေမယ့် အားလုံးနောက်ကျသွားပြီ။လုပ်ငန်းလည်ပတ် မှု၏ လျှို့ဝှက်ချက်သည် အလွန်ကောင်းမွန်သောကြောင့် ဤအမှားလုပ်သူများသည် စင်မြင့်ပေါ်တွင် မည်သူဖျော် ဖြေမည်ကို မသိနိုင်ပေ။ ဖျော်ဖြေပွဲစချိန်တွင် အရမ်းနောက်ကျသွားပြီဖြစ်သည်။
အတိတ်ကတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ် အမှန်တရားများအား ဖြည်းညှင်းစွာဖယ်ထုတ်လိုက်သည်နှင့်အမျှ ၎င်းတို့က စောင့်ကြည့်ရုံသာတတ်နိုင်ခဲ့သည်။
နာမည်ကြီးဒါရိုက်တာတွေကနေ နာမည်ကြီးသရုပ် ဆောင်တွေအထိကျူးလွန်သူတွေထဲမှာ အမျိုးသားတွေရော အမျိုးသမီးများပါပါဝင်သည်။ သူတို့ထဲက တစ်ယောက်မှဖြောင့်ဖြောင့်မတ်မတ် မတ်တပ်မရပ်နိုင်ဘဲ တိုးလာသည့် ဤနှင်းလုံးကြီးများအား မရပ်တန့်နိုင်ကြပေ။
မတ်မတ်ရပ်ပြီးချေပဝံ့သူများသည် နှုတ်ဆိတ်သွားသည့်တိုင်အောင် တစ်လုံးပြီးတစ်လုံး ထုတ်ဖော်ပြောဆိုခြင်းများဖြင့် တရစပ်နှိမ်နှင်းခဲ့ကြ သည်။ တံတိုင်းပြိုကျသည့်အခါ လူတိုင်းတွန်းထုတ်ပြီး ပိုလို့တောင်ဆိုးရွားသည့် အဖြစ်အပျက်များအား ဖော်ထုတ်ခဲ့ကြသည်။
ဉာဏ်ကောင်းသူများသည် ချက်ခြင်းပုန်းအောင်းသွားကြသော်လည်း ဤကပ်ဆိုးကြီးတွင် လူတိုင်းချည်နှောင်ထားကြသည်။ မည်သူမှ မလွတ်မြောက်နိုင်ပေ။
ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့သည် အချိန်အတော်ကြာကတည်းက ၎င်းတို့၏ဖုန်းများအား ပိတ်ထားခဲ့ပြီး comment များ၏လမ်းညွှန်မှုကိုသာ စောင့်ကြည့်နေခဲ့သည်။ သူတို့၏ထုတ်လုပ်ရေးအဖွဲ့ ကို ဝေဖန်မှုမခံရသရွေ့တော့ အဆင်ပြေသည်။
သို့ပေမယ့် သူတို့ ဖေးမင်ရွှမ်အား အကြောင်းကြားဖို့လို အပ်တာတစ်ခုရှိသည်။
နောက်ဆုံးတော့ ဒါက သူတို့အဖွဲ့၏ဗိုလ်လုပွဲဖြစ်ပြီး ကျီဖေး အမြဲတမ်းစင်ပေါ်မှာ မရှိဘဲနေလို့မရပေ။
ထိုမင်းသမီးများအတွက် ပြကွက်အချို့အား ဆွဲထုတ်ခြင်းသည် ကန့်သတ်ချက်သို့တွန်းပို့နေပြီဖြစ်သည်။
အကြောင်းကြားချက်ကိုရရှိပြီးနောက် ဖေးမင်ရွှမ်သည် သူ့ဖုန်းထဲနစ်မွန်းကာ တခစ်ခစ်ရယ်နေသော ကျီဖေးအားလှည့်ကြည့်လိုက်သည်။
"အာ့စောင်၊ ဒါကိုကြည့်ကြည့်" ချင်ရုန်သည် စိတ်လှုပ်ရှားစွာနှင့် သူ့ဖုန်းအားကြည့်ထိုးပေးရင်း စိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုအား ကျီဖေးကိုပြသလိုက်သည်။
" Damn၊ ထိပ်တန်းအဖွဲ့က မတရားခံခဲ့ရတဲ့ မင်းသမီးတွေကို သူတို့ရဲ့နာမည်တွေကိုရှင်းပေးဖို့ တမင်ရှာခဲ့တာလား ? ဒါက ပရဟိတလုပ်နေတာနဲ့ ဘာကွာလို့လဲ ?"
"ဒါဖျော်ဖြေပွဲရဲ့ ဆောင်ပုဒ်နဲ့ ကိုက်ညီပါတယ်၊ ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီး ငါ့ ဖေးမေ့(ကျီဖေး)က ဖျော်ဖြေမှုချို့ယွင်းချက်တွေကို ထုတ်ဖော်မပြတတ်ဘူး။ ဟားဟား။ ဖေးကလန်ထဲဝင်လိုက်တာ မှန်ကန်တဲ့ရွေးချယ်မှုဆိုတာ ငါ သိနေတယ်။ ဒီညပြိုင်ပွဲမှာ ကုသိုလ်ကောင်းမှုတွေ အများကြီးစုဆောင်းထားနိုင်သလိုပဲ။"
[ရုတ်တရက်ကြီး၊ 'ဖျော်ဖြေရေးလောကရဲ့တရားသူကြီး' ဖြစ်ရတာ သိပ်တော့ မဆိုးဘူးလို့ခံစားရတယ်။ ဒါပေမယ့် ဒါ ဖေးကျဲရဲ့ကျေးဇူးပါ။ မှားယွင်းစွာစွပ်စွဲခံရတဲ့ အမျိုး သမီးအနုပညာရှင်အများကြီးကို သူတကယ်ရှာတွေ့ ခဲ့တယ်။ ပြီးတော့ သူတို့အားလုံးမှာခိုင်လုံတဲ့ အထောက်အ ထားတွေ ရှိတယ်။ အထင်ကြီးစရာလို့ပဲ ပြောရမယ်။]
[ဒါက ငှက်သုံးကောင်ကို ကျောက်ခဲတစ်လုံးတည်းနဲ့ သတ်လိုက်တာ။ သူတို့က သူတို့နာမည်တွေကို ရှင်းလင်းပြီး၊ ဒီဇာတ်ခုံဖျော်ဖြေမှုကိုကူညီပေးပြီးတော့ စတူဒီယိုအတွက် အဖွဲ့ ဝင်အသစ်တွေကိုလည်း လမ်းခင်းပေးရာရောက်တယ်။]
[ ဒီအစီအစဉ်ကိုအကောင်အထည်ဖော်ဖို့လုပ်တော့မယ့်အချိန်မှာ ကောင်းကောက ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးကိုစော်ကားမိမှာ ကြောက်လို့ ဖေးကျဲကိုငိုယိုပြီး တောင်းဆိုသေးတယ်တဲ့။ ဒါပေမယ့် ဖေးကျဲက လိမ္မာပါး နပ်ပြီး ရဲရင့်တယ်။ ယုရို့ရင်ရဲ့နောက်ဆုံးကျောထောက် နောက်ခံဖြစ်ပေးမယ့် ငါ့ရဲ့ ကတိနဲ့ ဆက်စပ်နေတယ်လို့ ထင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ ချင်ကျောက်ကသာ နောက်ဆုံး ဆုံးဖြတ်ချက်ချခဲ့ရတာပဲ။ လက်ရှိရလဒ်တွေကိုကြည့်လိုက်တော့ ကောင်းကော အခု ဘာမှမပြောနိုင်တော့ဘူးမဟုတ်လား ?]
[ ဒါပေါ့ အကောင်းဆုံးအပိုင်းကတော့ ဇာတ်ကွက်ပေါင်းများစွာက ငါကောင်းကောင်းအနားယူလို့ရတယ်၊အလွတ် ကျက်ဖို့ စာကြောင်းဘယ်နှစ်ကြောင်းလျော့ချနိုင်မလဲ၊ အခုပဲ ချင်ကျောက်က မကျေမနပ်ဖြစ်နေတဲ့ မျက်နှာနဲ့။ မျှော်လင့်ထားသလိုပဲ သူ အလုပ်လုပ်နေတဲ့အချိန်မှာ တခြားသူတွေလျော့သွားတာကို မြင်ရတာမုန်းတာပဲ။]
ကျီဖေးသည် သူ၏ရှေးဟောင်းဝတ်စုံမှ ခေတ်မီအဝတ် အစားသို့ပြောင်းလဲလိုက်ပြီဖြစ်သည်။ ဖေးမင်ရွှမ် ချဉ်း ကပ်လာပြီး "စင်ပေါ်တက်ဖို့အချိန်ရောက်ပြီ၊ နောက်ထပ် ဇာတ်ကွက် ငါးခုရှိသေးတယ်" ဟု ပြောလိုက်သည်။
ကျီဖေးမတ်တပ်ထရပ်ပြီး "စကားမစပ် ယုရို့ရင် ဘယ်လိုလုပ်နေလဲ ?"
ဖေးမင်ရွှမ်က "ဒီပြကွက်အနည်းငယ်ပြီးရင် သူ့ ဂုဏ်သိ က္ခာကိုအပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေရှိလာလိမ့်မယ်၊ တစ်စုံတစ်ယောက်က သူ့ကို ကယ် တင်မယ်လို့ ငါတို့ထင်ခဲ့တာ။ ဒါပေမယ့် ချက်ချင်းလက် ငင်းဖြစ်ဖို့က အရမ်းခက်ခဲနေသေးတယ်။ စင်ပေါ် မှာတော့ သူလုပ်နိုင်တာများပါတယ်။ ဒါပေမယ့် ငါတို့က သူ့ကိုလမ်းခင်းထားပြီးသားဆိုတော့ နောက်မှ လက်မှတ်ထိုးဖို့မခက်ဘူး။"
ကျီဖေး သိပ်ပြီးမစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။ သို့ပေမယ့် သူ ထွက်သွားချိန်မှာတော့ ယုရို့ရင် တက်ကြွစွာ ဖုန်းခေါ်နေသေးသည်ကို တွေ့ လိုက်ရသည်။
သူ့မျက်နှာသည် မခံချိမခံသာဖြစ်မှုနှင့်ပြည့်နှက်နေ သည်။
ကျီဖေး ခဏလောက်စဉ်းစားပြီး ဖေးမင်ရွှမ်အား အပြစ် ရှိစွာ စိုက်ကြည့်လိုက်သည်။
စင်ပေါ်သို့ ရောက်သောအခါ မီးရောင်များလင်းထိန်သွားသည်။
သူ ပြောရမည့် စာကြောင်းတွေတောင် မစရသေးခင်၊
ကျီဖေး " အိုး နိုး!" ဟုအော်ကာ စင်ပေါ်မှတိုက်ရိုက်ပြုတ်ကျသွားသည်။