← Chapters

အခန်း (၁၃၅)

Vol. 14 Ch. 135

အခန်း (၁၃၅)

Vol. 14 Ch. 135

ထိုမထင်မှတ်ထားသော အလှည့်အပြောင်းသည် တိုက် ရိုက်ထုတ်လွှင့်မှုကို ကမောက်ကမဖြစ်သွားစေသည်။ ကင်မရာများသည် အကဲဖြတ်ဒိုင်များထံ ချက်ချင်းပြောင်းသွားပြီး ပွဲတင်ဆက်သူသည် အခြေအနေကိုအမြန်ထိန်းသိမ်းရန် - "မတော်တဆ နည်းနည်းဖြစ်သွားတာပါ၊ ကျီဖေးနဲ့ ချင်လောင်ရှစ်တို့ကို ခဏလောက်နားခွင့်ပြုလိုက်ရအောင်၊ အခုတော့ ငါတို့ ဒိုင်တွေရဲ့ထင်မြင်ချက်တွေကို နားထောင်ကြည့်လိုက်စို့လား ? ဒီတစ်ခေါက်က ငါတို့ မထင်မှတ်ထားတဲ့ ဧည့်သည်တော်‌တွေ အများကြီး ရှိတာပဲ"

ကင်မရာများသည်လည်း တင်ဆက်သူနှင့် ပူးပေါင်းဆောင်ရွက်ရန် ဒါရိုက်တာနှင့် ထုတ်လုပ်သူထံမှ အရေး တကြီး ညွှန်ကြားချက်ကိုလက်ခံရရှိသဖြင့် ဒိုင်များဘက်သို့လှည့်သွားပြီး ဧည့်သည်များ၏သရုပ်ဆောင်မှုစွမ်းရည်အပေါ် ဝေဖန်မှုများကိုရိုက်ကူးနေသည်။ သို့သော် တိုက်ရိုက်ထုတ်လွှတ်မှုကို ထိုမျှနှင့်မထိန်းနိုင်ပဲ comment box တစ်ခုလုံး ပွတ်ပွတ်ညံနေတော့သည်။

လူတိုင်း၏စိတ်၀င်စားမှုများသည် အထွတ်အထိတ်သို့ ရောက်နေကြလေပြီ။

ယခု ထိပ်တန်းအဖွဲ့၏လုပ်ရပ်များသည် ၎င်းတို့နောက် ကွယ်ရှိ သခင်ကြီး၏အမိန့်ကြောင့်ဖြစ်ဟန်တူသည်။ နောက်ထပ် ဘယ်သူတွေက စွပ်စွဲခံရဦးမှာလဲ ? ဘယ်သူတွေက လုံးလုံးလျားလျားအရှုံးပေးပြီး လက်ခံမှာလဲ ? အတင်းအဖျင်း ကြိုက်သည့် netizens များ ဖြစ်စေ၊ အမှန်တရားဘက်မှ ရပ်တည်သည့်သူများဖြစ်စေ နောက် ထပ် ဘယ်သူတွေ အပြောခံရမည်ကို သိချင်လွန်းသဖြင့် စောင့်မျှော်နေကြသည်။

ပရိသတ်အများစုသည် ကျီဖေး၏အခြေအနေကို စိုးရိမ်နေကြသည်။

"ငါတို့ဖေးကျဲ ဘယ်မှာလဲ၊ ဘာဖြစ်သွားတာလဲ ?"

"မင်းတို့ ထုတ်လုပ်ရေးအဖွဲ့က ဘာဖြစ်နေတာလဲ၊ တမင်ပြဿနာရှာနေတာလား ဘာလား ? ဘာမှမဆိုင်တဲ့ ငါတို့ ဖေးကျဲလိုလူတောင် အခုလိုမတော်တဆဖြစ်သေးတယ်"

"ဖေးကျဲရဲ့ ဖျော်ဖြေမှုကို ငါ စောင့်နေတုန်းပဲ၊ သူက အခုထက်ပိုကြီးမားမယ့် ကိစ္စတွေကိုထုတ်ဖော်လာလိမ့်မယ်လို့ ငါ အာရုံခံမိတယ်"

"သူ အမှန်တရားတွေကို ထုတ်ပြောလိုက်လို့ အထက် လူကြီးတွေဆီကနေ အဆူခံနေရတာများဖြစ်နိုင်မလား"

"Fuck ! ဖြစ်နိုင်တယ်ကွ၊ ငါတို့ ဖေးကျဲကြောင့် သူတို့ရဲ့ မျက်နှာအစစ်တွေပေါ်လာပြီလေ၊ သူတို့ အရှက်တွေရ စရာမရှိဖြစ်ကုန်ပြီ၊ ဒါကြောင့် သူတို့ ဖေးကျဲကိုပါ တစ်ခါ တည်းဆွဲချသွားချင်တာလား"

"စဉ်းစားကြည့်၊ တစ်ချို့အရူးတွေဆိုရင် ထိပ်တန်းအဖွဲ့ကြီးကို စွပ်စွဲလို့ရှေ့နေခေါ်စာပို့ပြီးတောင် ခြိမ်းခြောက် နေပြီ"

"အိုး ဟေး!! ကောလဟာလသတင်းကြောင့်တော့ တရား မစွဲပါဘူးနော်?!! သူတို့ မျက်နှာ မလိုချင်တော့ဘူးလား"

"ဘာ ? ဒီလို အရူးတွေကရှိသေးတာလား၊ ငါ့ကီးဘုတ်နဲ့ သင်ခန်းစာတစ်ခုလောက်ပေးမှနဲ့ တူတယ်!"

"တကယ်တော့ ငါလေ ဒီကိစ္စကို ပူးပေါင်းကြံစည်တာဆိုပြီး မတွေးပဲမနေနိုင်ဘူး သိလား၊ ထိပ်တန်းအဖွဲ့က မြို့ တော်ရဲ့ အဓိကအသက်သွေးကြောကို ဖမ်းဆုတ်ထားလာများလား? သူတို့က ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းတာတွေကိုတောင်ဖြတ်ဖို့အထိ တားနိုင်တာဆိုတော့လေ၊ ဒါကြောင့် အခုလည်း ဒီတိုက်ရိုက်ထုတ်လွှင့်တာကို ခဏရပ်နားဖို့လှည့်စားခဲ့တာလား ?"

" ခြိမ်းခြောက်လိုက်တာတောင် ဖြစ်နိုင်တယ်"

"အား အား အား! အခုမှ အင်အားကိုမကြောက်တဲ့ သူ‌တစ်ယောက်ကို အနုပညာလောကမှာရခဲ့တာလေးကို အခုချက်ချင်းကြီး ဇာတ်သိမ်းသွားတော့မှာလား?"

"မတက်နိုင်ဘူး၊ ၀န်ထမ်းတွေကို အကာအကွယ်ပေးနေတဲ့ ၀န်ထမ်းတွေဆိုတာရှိတယ်၊ နောက်ဘာ လာမလဲဆိုတာ ရိုက်ကူးရေးကိုဆက်ကြည့်ရမှာပဲ၊ ငါတော့ ထိပ်တန်း အဖွဲ့ရဲ့ ဖိအားတွေ နည်းနည်းလောက်လျှော့သွားဖို့မျှော် လင့်တယ်"

လူတိုင်းသည် တိုက်ရိုက်ထုတ်လွှင့်မှု စခရင်ထက်တွင် စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြသည်။

ထိုစဉ်စင်နောက်ရှိ လူတိုင်းသည် အခြားသူများထက် ပိုစိုးရိမ်နေကြသည်။ သို့သော် ချင်းမိသားစုတော့မပါချေ။

ဟုတ်သည်၊ ကျီဖေးလဲကျသွားသည့်အခါ ချင်မိသားစုဝင်များအားလုံး သူမအနားကိုအမြန်ပြေးလာခဲ့သော် လည်း ကျီဖေးကိုမထိဝံ့ဘဲ စိုးရိမ်တကြီးကြည့်ရုံသာတက်နိုင်သည်။

ထိုအခြေအနေသည် ကျီဖေး သူမခြေထောက်နာတယ်ဆိုတာကိုမပြောမချင်း အချိန်ထိပင်။ ထို့နောက်မှာ လူတိုင်း သူမကို အလျင်အမြန်လာကူညီခဲ့သည်။

ပါးပါးချင်နှင့် မားမားချင်တို့သည် လူနာတင်ကားခေါ်ချင်သော်လည်း ချင်ကျောက်သည် သူမကို ဆေးရုံသို့တိုက် ရိုက် လိုက်ပို့ပေးပြီး ချင်ရုန်နှင့် ချင်ရန်တို့သည် ကျီဖေး တစ်ကိုယ်လုံးကို စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ မတော်တဆ တခြားနေရာများကိုပါ ထိခိုက်မှာကို စိုးရိမ်နေကြခြင်းပင်။

ဤအခန်းတွင် ဖေးမင်ရွှမ်နှင့် ရှောင်းထောင်တို့အတွက်ပင်နေရာမရှိတော့ပဲ ချင်မိသားစုဝင်များကြားတွင်သာ ပိတ်မိနေခဲ့သည်။

"ကျွန်မ အဆင်ပြေပါတယ်၊ ကျွန်မ တကယ်အဆင်ပြေပါတယ်... အဲ့ဒါ တကယ်မပြင်းထန်ပါဘူး၊ အဲ့လောက်ကြီး စိုးရိမ်နေစရာမလိုပါဘူး!"

[အင်း... ငါ အခုမှ အပြစ်ရှိသလိုလိုခံစားနေရပြီ၊ လူတိုင်း ငါ့ကိုစိုးရိမ်နေကြပေမဲ့ တကယ်က ငါ့ဘာသာ ခုန်ချခဲ့တာဆိုတော့ ခြေထောက်က နည်းနည်းမှတောင်မနာဘူး]

ချင်မိသားစုဝင်များ အားလုံးတစ်ပြိုင်တည်း အေးခဲသွားကာ ကျီဖေးကိုထိတ်လန့်စွာကြည့်လိုက်ကြသည်။

ချင်ကျောက်၏မျက်လုံးများသည် ပိုလို့ပင်ပြူးကျယ်သွားသော်လည်း သူ မတုံ့ပြန်နိုင်မီ ဖေးမင်ရွှမ်သည် လူအုပ်ကြားထဲမှ တွန်းဖယ်ထွက်လာသည်။

ဖေးမင်ရွှမ် အလောတကြီးဆန်စွာ "အခု နင့် အခြေအနေ ဘယ်လိုလဲ၊ စင်ပေါ်တက်လို့ရလား ?"

ကျီဖေး အနည်းငယ် ရှက်ရွံ့စွာဖြင့် အားနည်းချင်ယောက်ဆောင်ကာ "ခြေကျင်းဝတ် လည်သွားတာနဲ့တူတယ်၊ ကျွန်မ အရမ်းနာတာပဲ၊ အခုတော့ စင်ပေါ်မတက်နိုင်ဘူး"

ဖေးမင်ရွှမ် အော်ဟစ်ချင်လာသည်: နင် နည်းနည်းလေးလောက်သည်းခံလို့မရဘူးလား!! အလုပ်ကို ကြိုးကြိုးစားစားလုပ်စမ်းပါ! ရှိုးက ဒီလောက်နဲ့တင် ပြီးလို့မရဘူးလေ!

သို့သော် ချင်မိသားစုဝင်များသည် ကျီဖေးမှာချွေးမတစ်ယောက်သာဖြစ်သော်လည်း မည်မျှအဖိုးမဖြတ်နိုင်သည့်အလားဆက်ဆံနေကြသည်ကိုမြင်သဖြင့် သူ့ပါးစပ်မှ ပြောမထွက်နိုင်တော့ချေ။

သူ့ရှေ့ရှိလူသည် သာမာန် သခင်မလေးမဟုတ်ပေ။ သူမတွင် ထင်ရှားသောရုပ်သွင်မရှိသော်လည်း အမှန်တကယ်ပင်ချမ်းသာသောမိသားစုမှ အမွေဆက်ခံသူသခင်လေး ၏ဇနီးဖြစ်သည်။

ဖေးမင်ရွှမ် စိတ်ထဲတုန်လှုပ်နေသည်။ ယခုအခိုက်အတန့်တွင် ဒါရိုက်တာနှင့် ထုတ်လုပ်သူများသည်လည်း အပြေး အလွှားလာပြီး အခြေအနေကိုစိုးရိမ်တကြီးမေးလာသည်။

ချင်မိသားစုဝင်များ စကားအများကြီးမပြောရဲချေ။ ကျီဖေး ဘာကြံနေလဲ သူတို့မသိသော်ငြား မိသားစုတစ်စုအနေဖြင့် သူမကိုခြွင်းချက်မရှိပံ့ပိုးပေးရမည်။

ဒါရိုက်တာနှင့်ထုတ်လုပ်သူသည် ကျီဖေး ဖျော်ဖြေပွဲပြီးသည်အထိ စင်မြင့်ပေါ်မတက်နိုင်တော့ဘူးဆိုသည့် စကားကိုကြားလိုက်ရသည့်အခါ ၎င်းတို့ အမူအရာများ သည် မျှော်လင့်ချက်များသေဆုံးသွားသည့်ပမာ အသက်မဲ့သွားသည့်ဟန်ပင်။ ၎င်းတို့ဘ၀သည် နေ့ချင်းညချင်းဆိုသလို တစ်စစီကြေမွသွားပုံရသည်။

ပြောရမည်ဆိုလျှင် Imperial Consort Group ၏အ ဆင့်အတန်းသည် မလုံလောက်တော့ကြောင့်ပင်။ ၎င်းတို့သည် ရှိုးကိုရှည်အောင်ဆွဲကာ အခြားအဖွဲ့များထက် ကျော်ကြားအောင်လုပ်ဖို့ဆိုပါက အလွန်အမင်းအားစိုက်ထုတ်ရပေလိမ့်မည်။

သို့မဟုတ်ဘဲ ရှိုး၏အခန်းများကိုလျှော့ချလိုက်လျှင် ၎င်းတို့၏စည်းကမ်းများကို ၎င်းတို့ကိုယ်တိုင်ဖောက်ဖျက်ခြင်းဖြစ်သွားပေမည်။

၎င်းတို့သည် ဖျော်ဖြေရေးနယ်ပယ်တွင် ကြမ်းတမ်းသော မုန်တိုင်းမျိုးစုံကိုတွေ့ဖူးသော်လည်း ၎င်းတို့ ထုတ်လုပ်ရေးအဖွဲ့ကိုချေမှုန်းရန် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း မုန်တိုင်းများတစ်ခုပြီးတစ်ခုလာသည်ကိုတော့ မတွေ့ဖူးချေ။

၎င်းတို့အားလုံးသည် ထိပ်တန်းအဖွဲ့ကြီးကို ဒူးထောက်မခစားလိုကြပေ။ ၎င်းတို့သည် ဤရှိုးကိုအကျော်ကြားဆုံးဖြစ်လာအောင် တောင်းဆိုခြင်းမဟုတ်ပဲ ချောမွေ့စွာ ရိုက်ကူးနိုင်ဖို့ကိုသာမျှော်လင့်မိသည်။

ကျီဖေးသည် ၎င်းတို့သွေးတက်သွားမည်ကိုစိုးသော ကြောင့် "စိတ်မပူပါနဲ့၊ ကျွန်မနေရာမှာအစားထိုးပြီးသရုပ် ဆောင်နိုင်မဲ့သူရှိမှာပါ"

ဒါရိုက်တာနှင့် ထုတ်လုပ်သူသည် ကောင်းကင်မှ ပိုင်မုန့်ကြီးပြုတ်ကြလာသည့်အလား မျှော်လင့်ချက်ကြီးစွာ “မင်းမှာ အစားထိုးဖို့သင့်တော်တဲ့ သရုပ်ဆောင်ရှိလား"

ကျီဖေး ခေါင်းညိတ်လိုက်သည်။

သို့သော် ဖေးမင်ရွှမ်သည် ကျီဖေးအားထိတ်လန့်စွာကြည့်နေသည်။ သူတို့မှာ ဘယ်မှာရှိလို့လဲ ?

အခြား ဧည့်သည်တော်များစွာသည် လျှို့ဝှက်ချက်များကိုထိန်းသိမ်းထားရန် ၎င်းတို့၏ကိုယ်ပိုင်အခန်းများကို သီးခြားစီလေ့ကျင့်လေ့ရှိသည်။

ကျီဖေး ဘယ်လိုလုပ် ကတိတစ်ခုကို ဒီလောက်ပေါ့ပေါ့ တန်တန်ပေးနိုင်တာလဲ ? ဖေးမင်ရွှမ်မှာတော့ အစမ်းလေ့ ကျင့်ရေး ဗီဒီယိုကို သုံးရမလား? ဘီးတပ်ကုလားထိုင်ပေါ်က ကျီဖေးအား ဇာတ်ရုပ်အသစ်ကိုပဲ ပုံဖော်ခိုင်းရမလား ဟုတွေးနေပြီဖြစ်သည်။

ဤနေရာတွင် အခြားအဓိကသရုပ်ဆောင်ဖြစ်သော ချင်ကျောက်သည်လည်း ကျီဖေးအား အံ့အားသင့်စွာကြည့်နေသည်။ သူ မမေးခင် ကျီဖေး အတွင်းစိတ်ရှိအတွေးများကိုကြားလိုက်ရသည်။

[ဟုတ်တယ် တစ်ယောက်ရှိတယ်၊ တကယ်တော့ နင်တို့က နီးရပ်နဲ့ဝေးနေတာ၊ အဲ့လူက ယုရို့ရင်ပဲ... ဒါပေမယ့်.. နင်တို့က အဆင်မပြေဘူးလို့ထင်ရင် ငါ ပြန်ကောင်းလာတဲ့အထိဖျော်ဖြေပွဲကိုဆွဲထားမှရတော့မှာ ဟဲဟဲ၊ နင်တို့ လည်း တိုက်ရိုက်ထုတ်လွှင့်တာကို ရပ်လို့လုံး၀မရဘူး၊ ဒီနည်းလမ်းသာဆို အလုပ်ဖြစ်လောက်တယ်၊ စောင့်ကြည့်ရအောင် ...]

ချင်မိသားစုဝင်များသည် ထိုစကားကိုကြားသောအခါ သူတို့၏မျက်လုံးများပြူးကျယ်လာပြီး သဘောကျမှုများ ပြည့်နှံသွားသည်။ ဒီတော့ ဒါ ကျီဖေးရဲ့ အစီအစဉ်ပေါ့…

ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့သည် ကျီဖေးမှာ အဓိကဇာတ်ဆောင်သူဖြစ်သောကြောင့် ဇာတ်ကြောင်းတစ်ဝက်လောက်ကိုသရုပ်ဆောင်ရမည်ဟူသော အချက်ကိုပင် ဂရုမစိုက်တော့ချေ။ သူတို့ ဘာလိုပဲဖြစ်ဖြစ် ဒီရှိုးကိုဆက်ရိုက်ချင်သည်။

ထို့ကြောင့် "မင်းမှာ လူရှိရင်ပိုကောင်းတယ်၊ ငါတို့ မင်းကိုပြင်ဆင်ဖို့ နောက်ထပ်ဆယ်မိနစ်ပေးမယ်၊ အခုလော လောဆယ် တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်ထိန်းထားလိုက်မယ်၊ အဆင်ပြေလား"

ဖေးမင်ရွှမ် မတုံ့ပြန်ခင် ကျီဖေးခေါင်းညိတ်ပြီးသားပင်။

ဒါရိုက်တာနှင့် ထုတ်လုပ်သူသည် အတည်ပြုမှုရပြီးနောက် အလျင်အမြင်ထွက်ခွာသွားခဲ့သည်။

"မစ်ကျီ!"

ဖေးမင်ရွှမ်၏အသံသည် ထိန်းချုပ်မှု အနည်းငယ်လွတ်နေပုံရသည်။

ကျီဖေးသည် အသနားခံသည့် အပြုံးတစ်ပွင့်ပေးပြီး တံခါးဝသို့ရောက်နေသော လူကိုလှမ်းကြည့်လိုက်သည်။

ယုရို့ရင်သည် ကျီဖေး၏အခြေအနေကို စိုးရိမ်သဖြင့် သတင်းမေးရန်လာခဲ့ခြင်းပင်။ သူ့ လက်ထဲရှိဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း အမူအရာသည်တော့ မောပန်းနွမ်းနယ်မှုအပြည့်ပင်။ သူမ တံခါးဝကိုရောက်သည်နှင့် ကျီဖေးလက်ပြနှုတ်ဆက်နေသည်ကို မြင်လိုက်ရသည်။

ယုရို့ရင် စိတ်ရှုပ်ထွေးစွာဝင်လာသည်။

တခြားလူများလည်း ကျီဖေး လက်ဝှေ့ယမ်းပြနေသည့်လူကိုလှမ်းကြည့်လိုက်သည်။

ဖေးမင်ရွှမ်သည် ယုရို့ရင်ကိုတွေ့လိုက်သည့်အခိုက် တစ် ခုခုကိုသဘောပေါက်သွားသလိုမျိုး သူမ၏မျက်လုံးများသည် သိုးတစ်ကောင်ကိုမြင်သည့် ဝံပုလွေတစ်ကောင်ပမာတောက်ပနေသည်။

"မစ်ယု၊ ကျွန်မ အခုဖျော်ဖြေဖို့ စင်ပေါ်မတက်နိုင်တော့ဘူး၊ ပြီးတော့ ဒီလိုအချိန်တိုလေးအတွင်းမှာ ကျွန်မကို ကူညီမယ့်သူကိုလည်းရှာမတွေ့နိုင်လို့ မစ်ယု စိတ်မရှိဘူးဆိုရင် ကျွန်မနေရာမှာအစားထိုးပြီး ကူညီပေးပါလား"

ထိုစကားကြောင့် လျှို့ဝှက်စောင့်ကြည့်နေသည့် တခြားဝန်ထမ်းများပင်အံ့ဩသွားရသည်။

ယုရို့ရင်သည် ကျီဖေးအား မယုံနိုင်စွာစိုက်ကြည့်ကာ

"ဘယ်လို ?"

All Chapters