← Chapters

အခန်း (၁၃၆)

Vol. 14 Ch. 136

အခန်း (၁၃၆)

Vol. 14 Ch. 136

ဖေးမင်ရွှမ်သည် ရှေ့သို့လျင်မြန်စွာလှမ်း၍ ယုရို့ရင်၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး " မင်းရဲ့ စတိတ်စင်မှာ ဖျော် ဖြေဖို့အတွက်ဖြည့်ပေးမယ့် တစ်ယောက်ယောက်ကရှာဖို့ ခက်တယ်။ ဒါရိုက်တာနဲ့ ထုတ်လုပ်သူက တစ်ယောက် ယောက်ကို ရှာမတွေ့ ရင် မင်းအဖွဲ့ရဲ့ပြဇာတ်ကိုဖျက် သိမ်းလိုက်လိမ့်မယ်။ အဲ့အစား ဘာလို့ ငါတို့နဲ့ အတူတူ ဖျော်ဖြေဖို့မလာတာလဲ? မင်းရဲ့ PK ပြိုင်ဘက်ကို အကူအ ညီတောင်းလို့မရဘူးဆိုတဲ့ စည်းမျဉ်းမရှိပါဘူး။"

ဖေးမင်ရွှမ်က "အဲ့အပြင် နောက်ဆုံးမိနစ်မှာ အစားထိုးဖို့ ဆန္ဒရှိတယ်ဆိုတဲ့အချက်က မင်းရဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်နိုင်စွမ်းကို ယုံကြည်မှုရှိတယ်ဆိုတာပြနေတာပဲ။ အဲ့ဒါကြောင့် မင်း ငါတို့ရဲ့ ဇာတ်လမ်းဖျော်ဖြေမှုထဲမှာပဲ တိုတိုတုတ်တုတ်ကိုင်တွယ်နိုင်သင့်တယ် မဟုတ်လား?"

ဖေးမင်ရွှမ် ပြောသည့်စကားအတိုင်း သူသည် သူ့ကိုယ် ပိုင်ဆင်ခြင်မှုအား ပိုမိုယုံကြည်လာပုံရသည်။ ရုတ်တ ရက် သူ ကျီဖေးအား မသင်္ကာစွာတစ်ချက်ကြည့်လိုက်သည်။

ဘယ်လောက် ထူးဆန်းလိုက်သလဲ၊ တိုက်ဆိုင်မှုလား ?

ကျီဖေး အပြစ်ရှိသမျိုးအကြည့်ကိုရှောင်လိုက်ပြီး

"ဖေးကျဲရဲ့ ခွဲခြမ်းစိတ်ဖြာချက်က ရှင်းသွားပြီ။ ယုလောင်ရှစ် အဆင်သင့်ဖြစ်ပြီလား? ဒါက ရှင့်ကိုယ် ရှင် သက်သေပြဖို့ အခွင့်အရေးပဲ!"

ယုရို့ရင် မှင်တက်သွားသော်လည်း "ကိုယ့်ကိုယ်ကို သက် သေပြဖို့ အခွင့်အရေး" ဟု ကြားလိုက်ရသောအခါ သူ့မျက်လုံးများ ရုတ်တရက်တောက်ပလာသည်။

လူတိုင်းကို အကူအညီတောင်းသည့်အခါတိုင်း အတိအ ကျကို သူ အသည်းအသန်ရှာနေခဲ့တဲ့ဟာတင်မဟုတ်ပဲ၊ သူ့ကိုယ် သူ သက်သေပြဖို့ အခွင့်အရေးလား?

ကျုံးချွမ်မှ သူ့အခွင့်အရေးအား ဖျက်ဆီးခဲ့သော်လည်း ယခုအခါတွင် နောက်ထပ်အခွင့်အရေးတစ်ခု ကောင်း ကင်မှပြုတ်ကျလာခဲ့သည်။

ချက်ချင်းလက်ငင်း ဖျော်ဖြေနိုင်မှုနှင့်ပတ်သက်၍ အဘယ်အရာက ပိုကြောက်စရာကောင်းသနည်း ? လုံးဝကို မဖျော်ဖြေနိုင်မှာပဲ၊ တကယ်ကြောက်စရာကောင်းတာကလုံးဝကိုမဖျော်ဖြေနိုင်မှာပဲ၊

ဒီအဆိုပြုချက်ဟာ လုံးဝကိုအဓိပ္ပါယ်မဲ့နေပေမယ့် ယုရို့ရင်ဟာ ဒီနေ့ညမှာမဖြစ်နိုင်သည့် အံ့ဖွယ်အမြောက်အ မြားအားဖန်တီးထားသည့် ထိပ်တန်းအဖွဲ့ ကိုကြည့်လိုက်သည့်အခါ သူ ရင်မဆိုင်ရဲသည့် စိတ်လှုပ်ရှားမှုကို ခံစားခဲ့ရသည်။

သူ့စိတ်ထဲတွင် ရည်မှန်းချက်များပြည့်လျှံလာကာ သူ့မျက်လုံးများပိုမိုတောက်ပလာသည်။ သူ ကျီဖေးဘက်လှည့်ပြီး "တကယ်လား ? ကျွန်မ ရှင့်နေရာမှာ တကယ်သရုပ်ဆောင်နိုင်လား? ရှင် ကျွန်မကို ဒီအခွင့်အရေးပေးချင်တယ်လား?"

"မင်း လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလား ?" ဖေးမင်ရွှမ် ပြုံးပြုံးလေးနှင့် ပြောလိုက်သည်။

ယုရို့ရင် တုံ့ဆိုင်းသွားရင်း အခွင့်အရေးအားလက်လွတ်ဆုံးရှုံးလိုက်ရမည်ကို ကြောက်သကဲ့သို့ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူသည် အခွင့်အလမ်းမှန်သမျှကိုဆုပ်ကိုင်ထားသူဖြစ်သည်။

စကားတစ်လုံးမှမပြောဘဲ ဖေးမင်ရွှမ်က ယုရို့ရင်အား နောက်ဆုံးပြကွက်ငါးခုအတွက် ဇာတ်ညွှန်းပေးခဲ့သည်။ ကျန်ရှိနေသည့်အချိန်သည် ယုရို့ရင်အား တစ်ကြိမ်ဖတ်ရန်သာလုံလောက်သည်။

စင်နောက်မှဘေးလူများသည် ဤအဖွဲ့ အား ရူးသွပ်နေဟန်တူသည်ဟူသော အကြည့်မျိုးဖြင့်ကြည့်နေကြသည်။

တစ်စုံတစ်ဦးအား နက်ရှိုင်းသည့် အဆုံးသို့ပစ်ချခြင်း၏ ရင်ဖိုဖွယ်မြင်ကွင်းတစ်ခုဖြစ်သည်။

ဤအခိုက်အတန့်တွင် ချင်ကျောက်သည် နောက်ဆုံးမထိန်းနိုင်တော့ပဲ "ဟေး" ဟုအော်လိုက်သည်။

အားလုံးက ချင်ကျောက်ကိုကြည့်လာကြသည်။

ချင်ကျောက် စကားပြောခါနီးတွင် ဝမ်းချုပ်နေသည့်အမူအရာမျိုးဖြစ်နေသည်။

"ငါ နင့်ကိုယုံတယ်!" ကျီဖေး ခပ်တည်တည်သာပြောပစ် လိုက်သည်။

"မကောင်းရင် ငါ့ကို အပြစ်တင်လိုက်!"

"ချင်လောင်ရှစ်က ပရော်ဖက်ရှင်နယ်ပဲ၊"

ဖေးမင်ရွှမ်သည် ဇာတ်ဆောင်မင်းသားတစ်ယောက်ရှိနေသေးသည်ကို သတိရရုံသာရှိသည်။

"ရှင် လုပ်နေကြအတိုင်း လိုက်လျောညီထွေဖြစ်အောင်သာလုပ်လိုက်ပါ။ ပထမအပိုင်းက အရမ်းကောင်းနေပြီမို့ နောက်အပိုင်းက အဆင်မပြေလည်းကိစ္စမရှိဘူး။"

ချင်မိသားစုဝင်များသည် ပတ်ပတ်လည်ကိုလှည့်ပတ်ကြည့်ရှုနေကြပြီး၊ ဤအရာမည်သို့ မည်ပုံဖြစ်လာမည်ကို ပိုစိတ်ဝင်စားနေပုံရသည်။ အင်တာနက်သုံးစွဲသူများသည် ထိုကဲ့သို့သောအရည်ရွှမ်းသည့် အတင်းအဖျင်းများအားမျက်မြင်ကိုယ်တွေ့ မြင်တွေ့ ခွင့်ရသည့်အပေါ် မည်ကဲ့သို့တုံ့ပြန်မည်ကိုသိချင်ကြသည်။ ချင်ကျောက် ၏ခံစားချက် အတွက်ကတော့...

"မင်း ကံကောင်းပါစေ!"

ချင်ကျောက်: ... ချီးပဲ

တစ်ချိန်တည်းတွင် ဇာတ်ညွှန်းရရှိခဲ့သည့် ယုရို့ရင်သည် သူ့ပတ်ဝန်းကျင်အားဂရုမစိုက်နိုင်ခဲ့ပေ။ သူသည် နေရာ၌ အမြစ်တွယ်နေပြီး ဇာတ်ညွှန်းအားဖတ်ရန်သာ လုံးဝအာ ရုံစိုက်နေခဲ့သည်။ ဖေးမင်ရွှမ် သူ့အား မိတ်ကပ်ခုံပေါ်သို့ ဆွဲတင်ပြီးပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ရန် ၎င်းတို့၏ မိတ်ကပ်ပညာရှင်များကိုအမိန့်ပေးခဲ့သည်။

ယုရို့ရင်သည် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ဖြစ်နေပြီး သူ့မျက်လုံးများသည် ဇာတ်ညွှန်းပေါ်တွင်သာ စွဲမြဲနေချိန်တွင် အခြားသူများမှ သူ့အားလုပ်ချင်ရာလုပ်ခွင့်ပြုထား သည်။

ဖေးမင်ရွှမ်မှ သူ့အားလက်မှတ်ထိုးဖို့ အစီအစဉ်ရှိ၊ မရှိကို သူ မမေးတော့ဘဲ ပြင်းထန်သည့် ဇာတ်ညွှန်းခွဲခြမ်းစိတ် ဖြာမှုထဲသို့သာ သူ့ကိုယ်သူပစ်ထည့်လိုက်သည်။ သူ၏ တုံ့ပြန်မှုလုံးဝမရှိခြင်းသည် ထိပ်တန်းအဖွဲ့ အား အံ့အား သင့်စေခဲ့သည်။

နောက်ဆုံးပြကွက်ငါးခုသည် ထိုနေ့တွင် ဇနီးသည်များ အဖွဲ့ (Ladies's Club အား ပြောင်းလိုက်ခြင်း) မှပေးအပ်ထားသော ယုရို့ရင်အပေါ်အမျိုးမျိုးသောစွပ်စွဲချက်များအပေါ် အခြေခံထားသည်။

ယုရို့ရင်သည် ဤအချက်အားသိရှိရန် ဉာဏ်ရည်ဉာဏ်သွေးမကျန်တော့ဘဲ၊ တစ်ကမ္ဘာလုံးတွင် သူနှင့်ဇာတ်ညွှန်း သာရှိနေသကဲ့သို့ ကျုံ့သွားသလိုပင်။

သူသည် အခြားသူများအား စိတ်မပျက်စေချင်ခဲ့ပေ။ ၎င်းသည် အခွင့်အရေးအား အပြင်းအထန်ဆုပ်ကိုင်ဖို့ သူ၏တုံ့ပြန်မှုပင်။

ဆယ်မိနစ်လောက် လျှင်မြန်စွာကုန်သွားသည်။

စင်နောက်ဘက်တွင် လမ်းလျှောက်နေသည့် ကျုံးစစ်ချီသတင်းရသွားပြီး ကျုံးချွမ်အား ချက်ချင်းအကြောင်း ကြားလိုက်သည်။

ကျုံးချွမ်သည် ယုရို့ရင်၏နောက်ဆုံးလက်နက်ချခြင်းအား စောင့်မျှော်လျက် လက်ဖက်ရည်ကို အေးအေးဆေး ဆေးသောက်နေခဲ့သည်။ ဒီသတင်းကြားတော့ သူ အံ့သွသွားသည်။ သူသည် ဒါရိုက်တာနှင့် ထုတ်လုပ်သူအား ချက်ချင်းရှာဖွေကာ ထိုကဲ့သို့အဓိပ္ပာယ်မဲ့သောအရာအား ခွင့်မပြုနိုင်ဟု အခိုင်အမာဆိုခဲ့သည်။

ထိုအချိန်တွင် ဒါရိုက်တာနှင့် ထုတ်လုပ်သူသည် ဉာဏ်အလင်းရရှိသည့် အခြေအနေသို့ရောက်ရှိသွားခဲ့သည်။

အရင်က ဘယ်လိုမုန်တိုင်းမျိုးမှ မကြုံဖူးဘူး။

ဖျော်ဖြေတင်ဆက်သူများကိုပြောင်းမလား? ပြိုင်ဘက်ကို အကူအညီတောင်းမလား ? သိပ် ကိစ္စမရှိဘူး!

ဒါ သူတို့အား စိတ်ပျက်စရာမဟုတ်ပေ။

ဒီပွဲပြီးလျှင် တခြားရှိုးများတက်ရန် သူတို့ကိုယ်သူတို့ ပြင်ဆင်ထားပြီး သားဖြစ်၍ သူတို့၏ swan သီချင်းသည် မည်သည့်ပုံစံမျိုးနှင့်မဆိုလိုက်ဖက်သည်။

သို့သော် စင်ပေါ်တက်မည့်လူအား ကြည့်လိုက်ရာ...

ယုရို့ရင်၏အစောပိုင်းအမူအယာကြောင့် သူတို့သည် လုံးဝပြင်ဆင်ထားခြင်းမရှိသော စင်မြင့်အား တုန်လှုပ်ချောက်ချားစွာကြည့်နေခဲ့သည်။

ဆိုလိုသည်မှာ ယုရို့ရင်သည်သူရရှိထားသည့်ဇာတ်ကွက် အကျဉ်းချုပ်နှင့် သူ၏သရုပ်ဆောင်ဖော် ချင်ကျောက်မှ ပံ့ပိုးပေးသော ဆွေးနွေးမှုလမ်းညွှန်ချက်များအပေါ် အခြေခံ၍ ကြံဆဖန်တီးရမည်ဖြစ်သည်။

ဒါတွေအားလုံး တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းသာ…

"သူ မလုပ်နိုင်ဘူးဆိုရင် ဖျော်ဖြေရေးတစ်ခုလုံး ဒီမှာပဲ ပြိုပျက်သွားလိမ့်မယ်။ လူတိုင်းက သူ့ကို အပြစ်ပုံချပြီး မထိုက်တန်တဲ့ ဝေဖန်မှုတွေခံရလိမ့်မယ်။ သိက္ခာရှိတဲ့ ပုဂ္ဂိုလ်က ဒီလိုအန္တရာယ်ရှိတဲ့ ဖိတ်ခေါ်မှုကို လက်မခံသင့်ဘူး" ဟု ဒါရိုက်တာက ပြောလိုက်သည်။

ထုတ်လုပ်သူက " ဒါပေမယ့် လုပ်နိုင်ခဲ့ရင်တော့... ဖျော် ဖြေရေးနယ်ပယ် မှာ အံ့ဖွယ်ကောင်းလောက်အောင် စွမ်းဆောင်နိုင်လိမ့်မယ်။ သူ့ရဲ့ပရော်ဖက်ရှင်နယ် အရည် အချင်းတွေကို ဘယ်သူမှငြင်းလို့မရနိုင်တော့ဘူး ဒါမှမဟုတ် သူ့ရဲ့အလှကို အာရုံစိုက်ရုံပဲ။ ကျုံးချွမ်က သူ့ရဲ့ ကိုယ်ပိုင်ဖျော်ဖြေမှုတွေကို ပြီးမြောက်အောင်လုပ်ဖို့ ခွင့်မပြုထားတာကြောင့် ဒါ သူ့အတွက် တစ်ခုတည်းသော အသက်သွေးကြောပဲ။ ဘယ်လောက်ခက်ခဲနေပါစေပေါ့..."

သူတို့စကားပြောနေစဉ် ကျုံးချွမ် ချဉ်းကပ်လာသည်ကို သတိပြုမိသည်။

နှစ်ယောက်သားအကြည့်ချင်းဖလှယ်ကာ သူတို့၏ပွဲအတွက် ဒုက္ခများစေခဲ့သည့် တစ်စုံတစ်ယောက်အပေါ် ဖော်ရွေခြင်းမရှိကြပေ။

"ကျုံးလောင်ရှစ်၊ အလှည့်ကျတဲ့အထိမဖျော်ဖြေနိုင်သေး ဘူးဆိုရင် ကျွန်တော်တို့အချိန်ဖြည့်ပြီး ခင်ဗျားရဲ့ ဇာတ်စင်ဖျော်ဖြေမှုကိုဖျက်သိမ်းဖို့ တခြားအရာတွေ စီစဉ်ဖို့ လုပ်နေပါတယ်။"

"သူ..."

ကျုံးချွမ်ထပ်ပြောချင်ပေမယ့် ဒါရိုက်တာက ဝန်ထမ်းအားလုံးအားစီစဉ်ပေးနေပြီဆိုတာ သိလိုက်ရသည်။

"အားလုံးပဲ၊ ဒီ 'အလုံးစုံသော အလောင်းအစား' က နောင် တရစရာမရှိကြောင်း သေချာစေဖို့အတွက် အားလုံးအတူ တကွပူးပေါင်းပြီး အကောင်းဆုံးပံ့ပိုးကူညီကြရအောင်။"

ကျုံးချွမ်၏အမူအရာသည် အကြိမ်ပေါင်းများစွာပြောင်း လဲသွားသည်။ ၎င်းတို့၏အဓိပ္ပါယ်အား နားလည်ကာ ယုရို့ရင်ကိုရပ်တန့်ရန်ကြံရွယ် ပြီး စင်ဘေးဘက်သို့ခုန်ဆင်းသွားခဲ့သည်။ နောက်ဆုံး ဒါက ပြိုင်ဆိုင်မှုတစ်ခုပင်၊ သူ့ပြိုင်ဘက်ကို ဘယ်လိုလုပ်ကူညီနိုင်မှာလဲ ? သူ ရူးသွားပြီလား?

သို့သော် သူရောက်သည့်အခါ ယုရို့ရင်နှင့် ချင်ကျောက်သည် လှေကားထစ်များပေါ်ရပ်နေပြီး မည်သည့်အချိန်တွင်မဆို စင်ပေါ် သို့တက်ရန် အဆင်သင့်ဖြစ်နေသည်ကို သူ တွေ့ လိုက်ရသည်။

"ခဏနေကျရင် ရှင်က ဇာတ်ညွှန်းအတိုင်းဖျော်ဖြေပြီး ကျွန်မက ရှင့်ကိုပံ့ပိုးဖို့အစွမ်းကုန်လုပ်မယ်။"

ယုရို့ရင် စိတ်လှုပ်ရှားစွာပြောသည်။

ချင်ကျောက် နောက်ဆုံးစကားမပြောမီ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး "ဒါက ပူးပေါင်းဆောင်ရွက်မှုတစ်ခုပဲ။ ဖိအားက မင်း တစ်ယောက်တည်းအပေါ်မှာ မဟုတ်ဘူး၊ စိတ်မပူပါနဲ့။"

ယုရို့ရင် အံ့အားသင့်သွားပြီး သူ့မျက်လုံးများ ရုတ်တ ရက်တောက်ပသွားသည် ။ အနုပညာလောကထဲသို့ စဝင်ကတည်းက မင်းသမီးတစ်ယောက်အနေနှင့် အခုလိုလေး စားယုံကြည်မှုမျိုး ရှားရှားပါးပါးရရှိခဲ့သည်။

"ကျေးဇူးတင်ပါတယ်၊ ရှင် ကျွန်မကို စိတ်မပျက်စေရဘူးဆိုတာ သေချာပါတယ်!"

စကားပြောပြီးနောက်၊ ယုရို့ရင်၏အကြည့်သည် အခန်းတစ်ဝိုက်ပျံ့နှံ့သွားပြီး သူ့အား ငရဲသို့ဆွဲချလိုသေသူများ ဆီသို့ ရောက်သွားလေသည်။

သူသည် သူ၏အမုန်းဆုံး အပြုံးအားတောက်ပစေခဲ့သည်။ နင် ငါ့ကို ဖျက်စီးလို့မရဘူးဟု တိတ်တိတ်လေးပြောနေသလိုပင်။

ကျုံးချွမ်နှင့် ကျုံးစစ်ချီတို့သည် သူ့အားထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။

ထိုအချိန်တွင် အစီအစဉ်တင်ဆက်သူက စတင်မိတ် ဆက်လာသည်။

ကြေညာချက်အား တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြုလုပ်ခဲ့ခြင်းကြောင့် comment ထဲတွင် စက္ကန့်အတော်ကြာကွက် လပ်ဖြစ်သွားခဲ့သည်။ ထို့နောက် ကျယ်ကျယ်လောင်လောင် comment noti သံများဖြင့် ပြည့်လျှံသွားကာ ချောင်းရေများသည်ပင် နှေးကွေးသွားခဲ့သည်။

" ဘာ ?! ငါ ဘာကြားလိုက်ရတာလဲ? ယုရို့ရင်က ဖေးမေ့နေရာမှာ ဖျော်ဖြေမယ် ဟုတ်လား?"

"ယုရို့ရင်လား ? ဒါဆို ဖျော်ဖြေရေးအစီအစဉ်အပြောင်း အလဲက သူ စင်ပေါ်တက်ရမှာ ကြောက်လို့မဟုတ်ပဲ၊ တကယ်က ကျုံးလောင်ရှစ်ဘက်က ပြဿနာရှိလို့လား?"

"ဟေး ဟေး ဟေး၊ သူတို့က ပြိုင်ဘက်တွေ မဟုတ်ဘူးလား? အားလုံးရဲ့ဖျော်ဖြေရေးနယ်ပယ်က တရားသူကြီးက သူ့ကိုပါဖောမန့်မှာကူညီပေးဖို့ ဘာလို့တောင်းဆိုရတာလဲ?"

" ဒါ ဘယ်လို ထူးထူးဆန်းဆန်းစစ်ဆင်ရေးမျိုးလဲ? ငါ အသက်ရှင်လာခဲ့တဲ့ ကာလပတ်လုံးတခါမှမမြင်ဖူးဘူး။"

"သူတို့က သူ့ကိုအရှက်ရစေမယ့် ဇာတ်ကွက်မျိုးသုံးမှာလား ? ကြည့်ရတာ ဒါ ဖျော်ဖြေရေးနယ်ပယ်က တရား သူကြီးရဲ့လူဆိုးတွေကို အပြစ်ပေးမယ် နည်းလမ်းဖြစ်နိုင်တယ်။"

" ဟုတ်တယ်၊ ဟုတ်တယ်၊ ယုရို့ရင် သူ့ကိုယ်သူအရူးလုပ်နေတာကို ငါတို့ သေချာပေါက်မြင်ရလိမ့်မယ်။ သူတို့က တခြားသူတွေကို လှည့်ဖြားတဲ့ပုံစံအတိုင်း သူ့ကို ဖြစ်အောင်လုပ်လိမ့်မယ်၊ ဟားဟား၊"

"ပရော်ဖက်ရှင်နယ် မုန်းတီးသူတွေ တိုက်ရိုက်ထုတ်လွှင့်မှုကနေထွက်သွားစမ်း၊ နင်တို့သာ အရင်က စင်မြင့်ဖျော် ဖြေပွဲတွေကို အလေးအနက်ထားပြီး ကြည့်ဖူးတယ်ဆိုရင်၊ ဘာလို့ ယုရို့ရင်ကို လူဆိုးတစ်ယောက်လို့ အခိုင်အ မာယုံကြည်နေဦးမှာလဲ? အရာအားလုံးက ငြင်းခုံစရာဖြစ်နေတုန်းပဲ!"

"အတိအကျပဲ၊ ကူညီဖို့လာခဲ့တဲ့ အဲ့ဒီ မင်းသမီးတွေကို ကြည့်လိုက်ရင် ထိပ်တန်းအဖွဲ့ ရဲ့ရည်ရွယ်ချက်တွေကို မင်းတို့အားလုံး မှန်းဆလို့မရနိုင်ဘူးလား?"

"ငါ့ လူတို့၊ အဲ့ဒီ အစောကငှက်တွေ အတိတ်ကအတင်း အဖျင်းတွေ တူးထုတ်ပြီးသွားပြီ၊ ထိပ်တန်းအဖွဲ့ က ဒီအရှုပ်တော်ပုံရဲ့နောက်ကွယ်က အမှန်တရားကို သိထားလို့ ဒီလှုပ်ရှားမှုကိုဆွဲထုတ်ဖို့ သတ္တိရှိနေတာလို့ ငါ ခံစားရတယ်။"

"နေစမ်းပါဦး၊ ငါတစ်ယောက်တည်း ပြဇာတ်တစ်ခုလုံး ဘယ်လိုဖြစ်လာမှာကို စိတ်ပူနေတာလား? ဖေးမေ့ရဲ့ ဒဏ်ရာက မတော်တဆဖြစ်ပြီး ယုရို့ရင်ကို နောက်ဆုံးမိနစ်မှာ အစားထိုးလိုက်တယ်။ ဇာတ်ညွှန်းတောင် မဖတ် ရသေးပဲ၊ သူ ဘယ်လိုသရုပ်ဆောင်မလဲ?"

"သူ ဘယ်လိုလုပ် ဖျော်ဖြေနိုင်မှာလဲ ? ကြံဆဖန်တီးခြင်း ဟုတ်တာပေါ့။ နောက်ဆုံးတော့၊ ထိပ်တန်းကြယ်ပွင့်ချင်ကဇာတ်ညွှန်းနဲ့ ဆွေးနွေးမှု အားလုံးကိုသိတယ်။"

"တကယ်လို့ သူတို့ကျွမ်းကျင်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ချို့ကိုတွေ့ ရင် အခွင့်အလမ်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ရုပ်ရည်ကို အဓိကအားကိုးတဲ့ မင်းသမီးကိုရွေးလိုက်တော့... သူ့မှာ သရုပ်ဆောင်တဲ့ဘအရည်အချင်းတစ်ချို့ ရှိပေမယ့် ဂန္တဝင်လေ့ကျင့်မှုမဟုတ်ဘူး ဆိုတာ တော့ငြင်းလို့မရဘူး။ သူ တီဗီဒရာမာတွေမှာပဲလုပ်နိုင်တာ၊ ဒီလို အခြေအနေမျိုးက.. ဒီဖျော်ဖြေမှုက ဘယ်လို ပုံစံမျိုးဖြစ်မလဲဆိုတာကို တွေးကြည့်လို့တောင် မရဘူး။"

"မဟုတ်ဘူး၊ မင်း ဒီလိုစဉ်းစားသင့်တယ်၊ ယုရို့ရင်က ဒါကိုတောင် ကိုင်တွယ်နိုင်ခဲ့ရင်... အဲ့ဒီ အရှုပ်တော်ပုံတွေအားလုံး လုံးဝအဓိပ္ပါယ်မရှိဘူးဆိုတာကို သက်သေပြနိုင်မှာ မဟုတ်ဘူးလား ?"

All Chapters