← Chapters

အခန်း (၁၃၇)

Vol. 14 Ch. 137

အခန်း (၁၃၇)

Vol. 14 Ch. 137

ကျုံးချွမ်နှင့် ကျုံးစစ်ချီသည် တလှုပ်လှုပ်ဖြင့် ပြန်လာသည်။ နောက်ဖေး တံခါးကို ဖြတ်လျှောက်လာရင်း၊ ဖေးမင်ရွှမ်က ပြုံးပြုံးရွှင်ရွှင်နှင့် " မစ္စတာ ကျုံး ရှင် ဘယ်လိုနေလဲ"

ဝါရင့်မင်းသားကျုံးချွမ်သည် ယခုအချိန်တွင် သူ၏ မျက်နှာအမူအရာကိုပင် မထိန်းနိုင်တော့ပေ။ သူသည် ဖေးမင်ရွှမ်အား ရက်စက်လုနီးပါး အကြည့်ဖြင့် ကြည့်ကာ စွက်ဖက်ခြင်းအတွက် အပြစ်တင်နေဟန်တူသည်။

"အမလေး၊ အကြည့်ကို ကြည့်ပါဦး၊ ရှင် နေမကောင်းသေးဘူးပဲ။ ရှင် လူနာတင်ကားခေါ်ဖို့ မလိုတာသေချာရဲ့ လား ?" ဖေးမင်ရွှမ် စိုးရိမ်တကြီးနှင့် မေးသည်။

ကျုံးချွမ်က သူ့အား လုံးဝလျစ်လျူရှုပြီးထွက်သွားသည်။

ကျုံးစစ်ချီ၏မျက်လုံးများထဲ ဒေါသများဖြင့် ပြည့်နှက် နေသည်။ ထိုမြေခွေးမလေးသည် လွတ်မြောက်ရန်လမ်းကိုရှာတွေ့ ခဲ့ပြီး သူ့အား ထိတောင်မထိရသေးပေ။ ထို့အပြင်၊ ဤကဲ့သို့ဖြစ်လာပါက၊ ဦးလေးအိမ်ထောင်ကွဲတော့မည်မဟုတ်လား ?

ကျုံးစစ်ချီ မှုန်ကုပ်ကုပ်မျက်နှာပေးနှင့် ထွက်သွားသည်။

ကျီဖေး ထိုနှစ်ယောက်အားတွေ့ လိုက်ရတော့ တိတ်တ ဆိတ်ဝမ်းသာသွားသည်။

[ဖေးကျဲကို အရမ်းလိမ္မာပါးနပ်မှုမရှိသလိုမျိုးတွေ့ ရတာ တော်တော်ရှားတယ်။ အမှန်တော့၊ ကျုံးချွမ်အိုကြီးလုပ်ခဲ့တာက တကယ်စက်ဆုပ်စရာပဲ။]

ဖေးမင်ရွှမ် နောက်ပြန်လှည့်ပြီး "ငါတို့ ကုသိုလ်ကောင်းမှုတစ်ခုကို မတော်တဆလုပ်မိတော့မယ်ထင်တယ်"

ကျီဖေး ဘဝင်ခိုက်ပြီး- [ဒါပေါ့ ကောင်းတဲ့အရာပဲ။ ငါတို့ ကျုံးချွမ်ကို ကိုယ့်ရှူးကိုယ်ပြန်ပတ်တာ သေချာအောင် လုပ်ဖို့လိုတယ်။]

ရင်တွင်းမှာ ကြည်နူးနေသော်လည်း ဖေးမင်ရွှမ်ရှေ့ တွင် သံသယမပွားမိအောင် သူ မဖော်ပြဝံ့ပေ။

ချင်မိသားစုသည် ကျီဖေးနှင့်အတူ ရှိနေသေးသည်။ ပရိုဂရမ်၏စီစဉ် ချိန်ညှိခြင်းအကြောင်းရင်းကို ပြန်ပြောင်းသတိရမိသောအခါတွင် သူတို့သည် ဂုဏ်ယူမှုကိုမြင့်တက်သွားစေသည်။

အွန်လိုင်းခေတ်ရေစီးကြောင်းများအား စောင့်ကြည့်ရန် PR ဝန်ထမ်းများကို စီစဉ်နေစဉ်တွင်၊ ဖေးမင်ရွှမ်က

"အစကတော့၊ ငါတို့က ယုရို့ရင်ရဲ့ စင်မြင့်ပြဇာတ်ပြီး သည်အထိစောင့်ပြီး ဇနီးသည်များအဖွဲ့ ရဲ့ စွပ်စွဲချက် တွေကို ဆန့်ကျင်တဲ့ ထုံးသုတ်ရေးကမ်ပိန်းကိုမစီစဉ်မီအချိန်ထိ စောင့်ရဦးမှာ။ အခုတော့ ငါတို့ကိုယ် ငါတို့ ဒုက္ခတွေကနေ ကယ်တင်နိုင်ပြီ။"

ချင်ရုန်က "ငါတို့ ထုံးသုတ်ဖို့ မလိုတော့ဘူးလား?"

" ငါတို့ရဲ့ theme က ခေတ်စားလာတာကြောင့် ယုရို့ရင် အဲဒီပြဇာတ်ငါးခုနဲ့ ဖျော်ဖြေတာကို လူတွေမြင်တဲ့အခါ ဆက်စပ်နေတဲ့ အညစ်အကြေးတွေကိုလိုက်ရှာတော့မှာ သေချာတယ်။ နောက်ဆုံးပြဇာတ်ငါးခုအတွက်သက်သေ မပြထားဘူးဆိုရင်တောင် မတူကွဲပြားတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အင်တာနက်အသုံးပြုသူတွေရဲ့ စူးရှတဲ့ မျက်လုံးတွေကနေ လွတ်မြောက်ဖို့ခက်တယ်။"

ဖေးမင်ရွှမ်၏လက်ချောင်းများသည် သူ၏မှတ်စုစာအုပ်ပေါ်မှ ပျံတက်သွားပြီး၊ " ရပြီ၊ စနေပြီ" ဟု အေးစက်စွာပြောခဲ့သည်။

အားလုံးအရမ်းသိချင်နေကြပေမယ့် ဖေးမင်ရွှမ်၏စိတ်လှုပ်ရှားနေသည့် အမူအရာ၊ ကြီးမားသည့် လှုပ်ရှားမှုအတွက် ရှင်းရှင်းလင်းလင်းပြင်ဆင်နေတာကိုတွေ့ ရတော့ သူတို့ ထပ်မမေးရဲတော့ပေ။

သို့သော် ကျီဖေးသည် မကြာမီတွင် ရှင်းလင်းချက်တစ်ခုပေးခဲ့သည်။

[ဒီလူရွှင်တော်တွေ ယုရို့ရင်ကောင်းကောင်းလုပ်နေတာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူးဆိုတာသေချာတယ်။ ယုရို့ရင်မှာ သူ့နာမည်ကို ရှင်းအခွင့်အရေးရှိတာကိုမြင်လိုက်ရတော့ ချက်ချင်းပဲ ဆူညံသွားတယ်လေ။]

ချင်မိသားစု - ဇနီးသည်များအဖွဲ့ လား ?

[သူတို့က သာမာန်လူတွေပဲဟာ၊ ဘယ်လိုလုပ်ရဲမလဲ ? သူတို့ကိုယ်သူတို့ ခံရသူတွေလို့ တကယ်ကြီး ဖြောင့်မှတ်တယ်လို့ ယုံကြည်နေတာလား ? ဒီအချိန်မှာထွက်လာပြီး တစ်ယောက်ယောက်ကို သိက္ခာချဖို့သတ္တိရှိလိုက်တာ၊ သူ တို့တရားမျှတမှုရဲ့တူကို တကယ် မခံစားခဲ့ရဘူးပဲ၊ သွား ဖေးကျဲ၊ သူတို့ကို ချေမှုန်းလိုက်ပါ။]

ချင်မိသားစု အခုမှသဘောပေါက်သွားသည်။ ယုရို့ရင် ၏ကျောင်းသားဘဝတုန်းက အညစ်အကြေးဟောင်းတွေကို ပြန်လည်တူးဖော်ပြီးပြီဖြစ်သည်။

ထိုလူများသည် မူလက ကိုယ်ကျင့်တရား မြင့်မားစွာ ရပ် တည်ပြီး မနာလိုစိတ်ဖြင့် ထွက်ပေါက်ရှာကာ ၎င်းတို့၏ အစွန်းအထင်းများအား ယုရို့ရင်ထံလွှဲပြောင်းမည်ဖြစ် သည်၊ သူတို့ ဘယ်လိုလုပ် ယုရို့ရင်ကို နေ့ အလင်းရောင်အား ပြန်လည်မြင်တွေ့ ခွင့်ပြုနိုင်ကြမည်နည်း ? ယုရို့ရင် မှ သူ့နာမည်အားရှင်းပြီးသည်နှင့် သူတို့က ဗီလိန်တွေ ဖြစ်လာတော့မည်။

ဖေးမင်ရွှမ်သည် ထိုသို့သော အခြေအနေများအားကိုင် တွယ်ရာတွင် ကျွမ်းကျင်ပြီးသားဖြစ်သည်- ဖော်ထုတ်ရေးသားချက်များအား ထုတ်ပြန်ခြင်း၊ ရေတပ်များ ဝယ် ယူခြင်း၊ ခေတ်စားနေသည့် အကြောင်းအရာများအား ဝယ်ယူခြင်းတို့ဖြစ်သည်။

တကယ်တော့ အဲ့ဒီတုန်းက အဖြစ်အပျက်များသည် လူ အများ၏အမြင်ပေါ်တွင် မူတည်သည်။

ယုရို့ရင်အား ငြူစူသည့်စိတ်ဖြင့် ရှုမြင်ပါက၊ အရာအား လုံးသည် ယခင်ကကဲ့သို့ သူ့အပေါ် အပြစ်ပုံချနေကြဆဲပင်။ သို့သော် ကောင်းသည့် အမြင်ဖြင့် ရှုမြင်လျှင်မူကား ဇာတ်ကြောင်းကို လုံးလုံးလျားလျား လှန်ပစ်လိုက်နိုင် သည်။

ထို့ကြောင့် ဖေးမင်ရွှမ်သည် ထိုလူများမှ အကြောင်းအရာအား ပြင်ပမှ ထုတ်ယူရန်အခွင့်အလမ်းများမရှာဘဲအဖြစ် အပျက်များအား အပြီးအပြတ်ထုတ်ဖော်ရန်သာ လိုအပ်သည်။ ကျန်တာကတော့ လေလာရာလမ်းကြောင်းအ ပေါ်မူတည်သည်။

"ပြီးပြည့်စုံပြီး ခမ်းနားတဲ့ဖိုင်နယ်ပွဲကို ကျွန်တော်တို့ စီစဉ်နိုင်မှာပါ။"

ကျီဖေး ချက်ချင်းသိချင်လာပြီး "ဖျော်ဖြေပွဲပြီးတာနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ကင်မရာတွေရှေ့မှာတင် ယုရို့ရင်ကို ငါတို့ စတူဒီယိုထဲဖိတ်ဖို့ စီစဉ်နေတာလား ?"

[ဒါက ဒီညရဲ့ စိတ်လှုပ်ရှားမှုကို အထွတ်အထိပ်ရောက်အောင် တွန်းပို့နိုင်မှာ သေချာတယ်။]

၎င်းအားကြားတော့ ချင်မိသားစုက ဖေးမင်ရွှမ်အားမျှော် လင့်ချက် အပြည့်နှင့်ကြည့်လိုက်ကြသည်။

ဖေးမင်ရွှမ်သည် ထူးထူးခြားခြား ဖိအားများကို ခံစားခဲ့ရသော်လည်း သတိကြီးစွာဖြင့် "လူထုရဲ့ သဘောထားကို စောင့်ကြည့်ကြရအောင်"

ထို့နောက်တွင်၊ ဇနီးသည်များအဖွဲ့ သည် ယုရို့ရင်အား အမည်ပျက် စာရင်းသွင်းရန်စီစဉ်ခဲ့သည်။ ပျက်ယွင်းသွားသည့် ဖျော်ဖြေရေးအစီအစဉ်ကြောင့် ၎င်းတို့၏ နည်းဗျူဟာ အမျိုးမျိုးအားဆိုင်းငံ့ထားရသော်လည်း လက်ရှိအခြေအနေတွင် ၎င်းတို့သည် ငြိမ်သက်စွာထိုင် နေကြမည်မဟုတ်ပေ။

ထိန်းမနိုင်သိမ်းမရဖြစ်လာပါက၊ ၎င်းတို့သည် ချွန်ထက်သည့်အစွန်းအားရှောင်ရှားပြီး အခြားအစီအစဉ်များကို ပြင်ဆင်ရမည်ဖြစ်သည်။

ယခုအချိန်တွင် ဇနီးသည်များအဖွဲ့ သည် အမှန်တကယ်ပင်စိတ်လှုပ်ရှားနေသည်။ ထိပ်တန်းအဖွဲ့ ၏လှုပ်ရှားမှုသည် ၎င်းတို့အားအံ့သြသွားစေခဲ့သည်။ မဒန်ကျုံးသည် ယုရို့ရင်ကို လှောင်ပြောင်ရန်ပြင်ဆင်ထားသည့် ဗီဒီယိုအတိုအား ယခုအခါတိုက်ရိုက်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ ထို့အပြင် ယခင်သရုပ်ဆောင်များ၏လှုံ့ဆော်မှုများကြောင့် လူအများ၏သဘောထားကိုပြောင်းပြန်လှန်လိုက်ခြင်းကြောင့် ယခုအခါတွင် ၎င်းတို့ အားလုံး စိတ်မသက်မသာဖြစ်နေကြသည်။

"ငါတို့ အခု ဘာလုပ်မလဲ? ငါတို့ ပြောထားပြီးပြီ၊ ဒီတိုင်းမရပ်နိုင်ဘူး၊ ငါ တို့ လုပ်နိုင်ပါ့မလား?"

"နင်မတွေ့ ဘူးလား? ကျီဖေးနဲ့ ချင်ကျောက်က ယုရို့ရင်ဘက်မှာ ရှိနေတယ်။ ကျီဖေးနဲ့ ချင်ကျောက်တို့ရဲ့လက္ခ ဏာတွေကို မမေ့နဲ့၊ ငါတို့ သူတို့ကို စော်ကားဖို့မတတ်နိုင်ဘူး။"

"ယုရို့ရင် ဘယ်လိုဖျော်ဖြေလဲဆိုတာ မကြည့်ရသေးပဲ ငါတို့က ဘာလို့ဆုံးဖြတ်ချက်ချရမှာလဲ? သူ ရှုပ်ထွေးနေရင် ငါတို့အများကြီး ပြောစရာမလိုဘူး၊ အင်တာနက်တစ်ခုလုံးက သူ့ကို ဝေဖန်လိမ့်မယ်။"

" မဒမ်ကျုံး၊ မင်းတစ်ခုခုပြောချင်လား ? "

ထိုအချိန်တွင် မဒမ်ကျုံးသည် ကျုံးစစ်ချီထံမှ အမှန်တကယ်ပင် ယုရို့ရင်အား ဤအခွင့်အရေးရရှိရန်အသ နားခံခဲ့သည့်သူမှာ ကျုံးချွမ်ပင်ဖြစ်ကြောင်း သိရှိရပြီးဖြစ်သည်။

မဒမ်ကျုံး၏မျက်လုံးများသည် အခြားမိန်းမအား နှလုံး သားနှင့်အကာအကွယ်ပေးနေသည့် သူ့ခင်ပွန်း၏အတွေး ကြောင့် နီရဲသွားသည်။ နောက်ဆုံးတွင် သူ စာတစ်စောင် ပို့လိုက်သည်။

"အရင်က အဲဒီလူတွေ ဘာဖြစ်သွားလဲကြည့်။ အခုက နင်ပဲသေမလား ငါပဲ ရှင်မလား အခြေအနေဖြစ်နေပြီ။ အရင်းအမြစ်တွေ အားလုံးကိုစုဆောင်းပြီး ယုရို့ရင်ကို လုံးလုံးလျားလျားဖြတ်ပစ်ရမယ်၊ မဟုတ်ရင် ငါတို့ အား လုံးပြီးသွားလိမ့်မယ်။"

မဒမ်ကျုံး၏စကားကြောင့် အခြားအမျိုးသမီးများသည် ၎င်း တို့၏ဝန်ထမ်းများအားချက်ချင်းစီစဉ်ပေးသည်။

ငွေပေးဝယ်ထားသည့် comment ပေးသူ အများအပြားသည် အင်တာနက်ပေါ်တွင် ဦးဆောင်မှတ်ချက်များ စတင်ရေးသားကြပြီး အချို့မှာ ရေများအားနှောက်ရန် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းသို့ပင်ရောက်လာကြသည်။ သို့သော်လည်း၊ အတင်းအဖျင်းနှစ်သက်သည့် ကြားနေပါတီများနှင့် ဖြတ်သွားဖြတ်လာများ အများအ ပြားရှိခဲ့ရာ အကျိုးသက်ရောက်မှုမှာ ထင်ရှားခြင်းမရှိပေ။

ထုံးစံအတိုင်း မဒမ်ကျုံးထံ တခြားလုပ်စရာများရှိသည်။ ချင်အဖွဲ့ အစည်းက ဒီကိစ္စတွင် ဝင်မစွက်ဖက်ရန်ဆွဲဆောင်ဖို့ အဆက်အသွယ်များအားရှာရန် မျှော်လင့်ရင်း သူ့မိသားစုအားဆက်သွယ်ခဲ့သည်။ သူသည် ယုရို့ရင်ကိုသာပစ်မှတ်ထားပြီး ချင်မိသားစုအား မထိခိုက်စေရန် ကတိပြုခဲ့သည်။

"မင်း ပြောစရာမလိုပါဘူး၊ လူတော်တော်များများ ရောက်ပြီးပြီ” ဟု အခြားအဖွဲ့ အစည်းက ပင်ပန်းစွာ ပြန်ဖြေသည်။

နောက်ဆုံးတွင်၊ သူတို့သည် တစ်ညတည်းတွင် လူများစွာကိုစော်ကားခဲ့ပြီး ၎င်းတို့၏ဆက်ဆံရေးကွန်ရက်သည် ချင်အဖွဲ့ အစည်းသို့ တစ်နည်း မဟုတ်တစ်နည်း ပြန်သွားလေ့ရှိသည်။

ထိုအချိန်တွင်၊ ချင်ကျောက်သည် စင်ပေါ်တွင်ရှိနေတာ သူ့ဖုန်းအား မဖြေနိုင်ဘဲ ကျီဖေး၏ဖုန်းနံပါတ်ကိုတော့ လူများစွာမသိရှိပေ။

ဒါကြောင့် တချို့လူများသည် ထိုကိစ္စအား ကိုင်တွယ်နိုင်သည့် တခြား သူ၏ဖုန်းကိုခေါ်ခဲ့သည်။

ချင်ရှန့်သည် သူ့အိတ်ကပ်အတွင်းမှဖုန်းတုန်ခါမှုကိုလျစ် လျူရှုကာ နောက်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ကျီဖေးတစ်ယောက်တည်း သူ့ဖုန်းဖြင့် ရွှင်မြူးစွာစာရိုက်နေရင်းဖန်သားပြင်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ကာပြဿနာတစ်စုံတစ်ရာမရှိဟုထင်ရသည်။

ချင်ရှန့် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာအမြန်ပြေးသွားခဲ့သည်။

ဤနေရာ၌ကျန်ရှိနေသည့် ဝန်ထမ်းအနည်းငယ်သည် ထိုကဲ့သို့ ရင့်ကျက်သည့် အမျိုးသားတစ်ဦးလမ်းလျှောက်ဝင်လာသည်ကို ရုတ်တရက်မြင်လိုက်ရပြီး ကျီဖေးဆီသို့ ဦးတည်သွားခဲ့သည်။ သူတို့သည် ယုရို့ရင်အကြောင်း အတင်းအဖျင်းပြောခြင်းကို ချက်ချင်းပင် စိတ်မဝင်စားတော့ဘဲ ၎င်းတို့နှစ်ဦးအား စူးစူးစိုက်စိုက်ကြည့်နေကြ သည်။

ကျီဖေးသည် ချင်ကျောက်နှင့် ဆက်ဆံရေးတစ်စုံတစ်ရာ ရှိမရှိကို ယခင်က သူတို့ခန့်မှန်းခဲ့ကြသည်၊ မဟုတ်ပါက ချင်ကျောက်၏မိသားစုဝင်များအားလုံး ကျီဖေးနှင့် အ ဘယ်ကြောင့် ဤမျှလောက်ရင်းနှီးကြမည်နည်း ?

ယခုတွင် ချင်ကျောက်ထက်ပင် ပိုချောမောပြီးချမ်းသာ သည့် အခြား လူတစ်ယောက်ပေါ်လာသည်။ လူတိုင်း၏ နှလုံးသားများထဲ အတင်းအဖျင်းများပြေးလွှားနေတော့ သည်။ သူတို့ပြောနေကြသည်များအား မကြားနိုင်သော် လည်း သူတို့နှစ်ယောက်ကြားမှ လေထုကိုစောင့်ကြည့်နေနိုင်ကြသည်။

"ကျီဖေး!"

ချင်ရှန့် လှမ်းအော်လိုက်ပြီး သူ့အသံကအနည်းငယ်တင်း မာသွားသည်။

ကျီဖေး ခေါင်းလှည့်လိုက်ပြီး အသစ်ဝင်လာသူကိုတွေ့ တော့ ချက်ချင်းအံ့သြသွားသည်။

"ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ ?"

ချင်ရှန့်သည် ယနေ့ညတွင် ထူးထူးခြားခြားကွဲပြားနေ သည်။ ပြေးလွှားလာခြင်းကြောင့် အမြဲတမ်းသပ်ရပ်နေတတ်သည့် သူ၏ဝတ်စားဆင်ယင်မှုမှာ သပ်ရပ်မှုမရှိတော့ဘဲ ဆံပင်များအနည်းငယ်ပွရောင်းနေခဲ့သည်။

ချင်ရှန့်သည် ကျီဖေး၏ခြေဖဝါးများအား စိုက်ကြည့်ရန် ရှေ့သို့ တိုးလာပြီး မည်သည့်ခြေထောက်ကထိခိုက်ဒဏ် ရာရထားသည်ဟုမပြောနိုင်ပဲ နှစ်ဖက်လုံးသည်ခြေတင်ခုံ ပေါ်တွင် တင်ထားကြသည်။

" ကိုယ် တိုက်ရိုက်ထုတ်လွှင့်မှုကနေ မင်း လဲကျသွားတာကိုတွေ့ လိုက်လို့ ပါးကိုမေးလိုက်တာ။ မင်း ခြေထောက်ဒဏ်ရာရသွားတယ်လို့ သူပြောတယ်။ အခု ဖျော်ဖြေရေးကပြီးသွားပြီဆိုတော့ ကိုယ် မင်းကိုစစ်ဆေးဖို့ ဆေးရုံကိုခေါ်သွားပေးမယ်။"

သူစကားပြောနေစဉ်မှာပင် ကျီဖေးအား သူ့ရင်ခွင်ထဲသို့ သယ်ဆောင်ရန်ကြံရွယ်နေသည့်အလား လက်လှမ်းလာသည်။

All Chapters