← Chapters

အခန်း (၁၃၈)

Vol. 14 Ch. 138

အခန်း (၁၃၈)

Vol. 14 Ch. 138

ကျီဖေး ရုတ်တရက်ထိတ်လန့်သွားပြီး ချင်ရှန့်၏ပုခုံးအား အလျင်အမြန်တွန်းလိုက်ကာ "မလိုပါဘူး၊ မလိုဘူး၊ ဒါက သေးသေးလေးပဲ၊ မပြင်းထန်ဘူး၊ ခဏနေ အဆင် ပြေသွားလိမ့်မယ်၊ ဒါမျိုး အတွေ့ အကြုံရှိပြီးသား"

ချင်ရှန့်မျက်မှောင်ကြုတ်ကာ ကျီဖေးမှ သူ့ခန္ဓာကိုယ်အား ဂရုမစိုက်လွန်းသောကြောင့် ကြိမ်းမောင်းလိုက်သည်။

[ ကောင်းရော၊ အမှန်တော့ မုသားတစ်ခုဖုံးကွယ်ဖို့ နောက် ထပ်မုသား အခုတစ်ရာလိုအပ်တယ်။]

ချင်ရှန့်အေးခဲသွားပြီး ကျီဖေးအားကြည့်ကာ သူ့အမူ အရာအဆင်မပြေသည်ကို မြင်လိုက်ရသည်။

ချင်ရှန့် ကျီဖေး၏တွန်းထုတ်ခြင်း ခံခဲ့ရပေမဲ့ " မင်းတကယ် အဆင်ပြေရဲ့လား?"

ကျီဖေး ရှက်ရွံ့စွာပြုံးလိုက်ပြီး " အဆင်ပြေပါတယ်"

[ ငါ့ဘာသာ ငါ ခုန်ချခဲ့တာကို အဆင်မပြေပဲ နေမလား?]

ချင်ရှန့် ခဏလောက်စဉ်းစားပြီး ကျီဖေးလုပ်ခဲ့တာကို သဘောပေါက်သွားသည်။ ဒေါသဖြင့်ရယ်မောရင်း သူ့အားကြည့်နေမိသည်။ သို့ပေမယ့် နောက်ဆုံးမှာတော့ သူ့ကိုထုတ်မပြခဲ့ပေ။

ထို့နောက် ပါးပါးချင်၏ပြန်ကြားချက်အား သတိရကာ ပါးစပ်ကိုလှုပ်ယမ်းရင်း "မင်း တစ်ယောက်တည်း ဘာလို့နေနေတာလဲ၊ တခြားသူတွေ ဘယ်မှာလဲ"

ကျီဖေးလည်း အတော်လေး အံသွသွားသည်။ အခုပဲ၊ ပါးပါးချင်နှင့် မား မားချင်က စင်ပေါ်တွင် ရှိုးသွားကြည့်ဖို့ လူတိုင်းအား ရုတ်တရက်ခေါ်ခဲ့ သည်။

အနည်းဆုံး ရှောင်းထောင်က သူ့အား လူနာအတုအနေ ဖြင့် ကုမ္ပဏီကထိန်းသိမ်းထားဖို့ တွေးထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ၊ သူ့ကို အကြောင်းပြချက်အချို့ဖြင့် ချင်ရန်ကဆွဲထုတ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ဤနေရာတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ဒရာမာ အားဖြန့်ကျက်ကြည့်သည်။

သို့သော် ကျီဖေး စိတ်မဝင်စားပေ။

ချင်ရှန့် အားရှင်းပြပြီးနောက်တွင် သူ့အမူအရာမှာ အနည်းငယ် ထူးဆန်းလာသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူ့ဘေးနားထိုင်ရန် ကုလားထိုင်ကို ဆွဲတင်ကာ သူ့ကိုယ်သူ ကြိတ်မှိတ်လက်ခံလိုက်ပုံရသည်။

"မင်း ဆေးရုံသွားစရာမလိုတာ သေချာရဲ့လား? နည်းနည်းလေးနာနေရင်တောင်မှ ကိုယ်တို့ အရက်ပျံအချို့ သွားယူလို့ရတယ်။"

တကယ်တော့ အဲဒီဇာတ်စင်က တစ်မီတာလောက်မြင့်သည်။ သတိမထားမိပါက အောက်သို့ခုန်ချခြင်းသည်ပင် နာကျင်စေနိုင်သည်။

ကျီဖေး မလိုအပ်ဘူးဟု အခိုင်အမာပြောခဲ့သည်။ စကား ပြောနေရင်းတုန်ခါနေသည့် ဖုန်းသံကိုကြားလိုက်ရသည်။

" ရှင် အရမ်းအလုပ်များနေတာလား ? ကျွန်မ ရှင့်ရဲ့ အ လုပ်ကို အနှောင့်အယှက်ပေးလိုက်မိတာလား?"

ချင်ရှန့်၏လက်မောင်းမှာ ပျောက်ကင်းသွားပြီးနောက်၊ သူသည် အချိန်ပိုလုပ်ရိုးလုပ်စဉ်အား ပြန်လည်စတင်ခဲ့သည်။ ယခုတော့ ဤနေရာသို့ အမြန်ပြေးလားခဲ့ပြီး အထူးသဖြင့် ကျီဖေးအား အတော်လေးအပြစ်ရှိသည်ဟု ခံစားမိစေသည့် သူ၏မှားယွင်းသော အချက်ပေးသံကြောင့်ဖြစ်သည်။

ချင်ရှန့်က "အဆင်ပြေပါတယ်" ဟုပြောပြီး ထို့နောက် သူ့ဖုန်းကိုထုတ်လိုက်သည်။

သူ ဤနေရာသို့ အလျင်စလိုမောင်းလာခဲ့ပြီး ဖုန်းခေါ်ဆိုမှုတွေကို စီမံခန့်ခွဲဖို့အချိန်မရှိခဲ့ပေ။

သူပြန်ဖြေသည်နှင့် ဖုန်းခေါ်ဆိုသူ၏ရည်ရွယ်ချက်ကြောင့် အံ့ဩခြင်းမရှိပေ။ ထို့ပြင်၊ သူသည် ရုံးတွင် အလားတူဖုန်းခေါ်ဆိုမှုများစွာကို လက်ခံရရှိထားပြီးဖြစ်သည်။

ကျီဖေးသည် ချင်ကျောက်နှင့် ဖျော်ဖြေပွဲအကြောင်း တစ်ဖက်လူပြောနေသည်ကို ကြားလိုက်ပုံရသည်။ သူနှင့် ချင်ကျောက်၏လုပ်ရပ်များသည် အမှန်တကယ်ပင် ဒုက္ခဖြစ်စေခဲ့သည်ကို သူ စူးစူးစိုက်စိုက်ကြည့်မိသည်။

ချင်ရှန့်က ကျီဖေးအား ငုံ့ကြည့်လိုက်ပြီး " ဒါပေါ့ ငါ့မိန်းမနဲ့ ငါ့တိတိက သူတို့ဘာလုပ်နေတယ်ဆိုတာ သိတယ်။ ငါ့အနေနဲ့ ကန့်ကွက်စရာမရှိဘူး။ တစ်ယောက်ယောက် ထိ ချင်ရင် အဲဒါကိုပြန်စဉ်းစားသင့်တယ်။ ငါ့မိန်းမနဲ့ ငါ့တိတိတို့နဲ့ ဘာဆိုင်လို့လဲ ? မှန်တယ်၊ အဲဒါ ငါ လုံးဝထောက်ခံတယ်"

တစ်ဖက်မှလူက ဒေါသဖြစ်နေပုံရပြီး အကြာကြီးတိတ် ဆိတ်နေပုံရ သည်။ ချင်ရှန့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

မော့ကြည့်လိုက်တော့ ကျီဖေးကတောက်ပသည့်မျက် လုံးများဖြင့် သူ့ အား စိုက်ကြည့်နေသည်ကိုတွေ့ လိုက်ရသည်။ ချင်ရှန့်၏နှလုံးခုန်သံနှင့် သူ့အကြည့်များပျော့ပြောင်းသွားသည်။

"ဒီည မင်းပျော်ခဲ့လား ?"

ကျီဖေးသည် အတင်းအဖျင်းများပြောနေချိန်တွင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ချင်ရှန့်သည် အမြဲတမ်းနား ထောင်ကောင်းသူဖြစ်သည်။

"လာကြည့်၊ ယုရို့ရင်ဘယ်လောက် ကောင်းကောင်းဖျော် ဖြေနိုင်ခဲ့လဲဆိုတာ။ ဒါက ဇာတ်ညွှန်းကိုဆယ်မိနစ်လောက်ပဲကြည့်ပြီး ဖျော်ဖြေခဲ့တဲ့ရလဒ်ဆိုတာ ရှင် ယုံနိုင်လား ? Live stream ထဲက comment တွေကို ကြည့်လိုက်၊ ဟားဟား၊ အူတက်သေတော့မယ်။ သူတို့ရဲ့စခရင် တွေရှေ့ မှာ ဘယ်လောက်ထိ တုန်လှုပ်သွားရမယ်ဆိုတာ တွေးကြည့်နိုင်တယ်။"

ချင်ရှန့် ကျေကျေနပ်နပ်ပြုံးကာ ဖန်သားပြင်ပေါ်တွင် တိုက်ရိုက်တင် ဆက်မှုအားကြည့်ရှုရန် ကျီဖေးအနားသို့ ချဉ်းကပ်ခဲ့သည်။

"သူက ပရော်ဖက်ရှင်နယ်မင်းသမီးတစ်ယောက်ပဲ။ ရှင့်ရဲ့ စတူဒီယိုမှာအားကောင်းတဲ့ အဖွဲ့ ဝင်သစ်တစ်ယောက်ရသွားတဲ့ပုံပဲ။"

"ဒါပေမယ့် ဖေးကျဲက နည်းနည်းတော့ စိတ်ပူနေသေးတယ်…."

.......

ယခုအချိန်တွင် ယုရို့ရင်သည် ကုမ္ပဏီတစ်ခုတွင် အတွေ့ အကြုံမရှိသော ဝန်ထမ်းအသစ်တစ်ဦးအဖြစ် သရုပ် ဆောင်နေသည်။ သူ့တွင် ဆွဲဆောင်မှုရှိသည့် ရုပ်ရည်နှင့် ဆွဲဆောင်မှုရှိသည့်ပုံစံရှိပေမဲ့ သူ့မျက်နှာအမူအရာ၊ ကြည်လင်သည့်မျက်လုံးများနှင့် တောင့်တင်းသည့် ခန္ဓာကိုယ်လှုပ်ရှားမှုအချို့က အပြစ်ကင်းစင်သည့်ခံစားချက်ကို အပြည့်အ၀ပုံဖော်ထားသည်။

ချက်ချင်းဆိုသလိုပင် အမျိုးသားပရိသတ်များပင် သူ့ အသွင်အပြင်အား ချီးကျူးသည့် မျက်လုံးများဖြင့် မကြည့်ပဲမနေနိုင်ကြချေ။ ဂျူနီယာ သို့မဟုတ် ငယ်ရွယ်သည့် ကျောင်းနေဖက်တစ်ဦးကို ကြည့်နေရသကဲ့သို့ ခံစားရသည်။

တက္ကသိုလ်မှဘွဲ့ ရတော့မည့် ငယ်ရွယ်နုပျိုသည့် ခံစားချက်သည် ထင်ထင်ရှားရှားပင်။

ယုရို့ရင်အားလုံးဝအသိအမှတ်မပြုသော အွန်လိုင်းကြည့်ရှုသူများကိုလည်း ဤမြင်ကွင်းကအံ့အားသင့်စေခဲ့သည်။

နောက်ဆုံးတွင်၊ အများစုမှာ ယုရို့ရင်အား အလွန်လှပပြီး ဆွဲဆောင်မှုရှိသည့် ဇာတ်ရုပ်များအနေဖြင့်သာ မြင်ဖူးကြသည်။ ဘယ်ဒါရိုက်တာမှ သူ့ အား တခြားဇာတ်ကောင်အမျိုးအစားတွေကို သရုပ်ဖော်ခွင့်မပေးသည့်အတွက် ယုရို့ရင်သည် သူ၏ပုံမှန်သရုပ်ဆောင်မှုတွေနှင့် ဝေးကွာသည့် အခါလုံးဝကွဲပြားသည့်လူအဖြစ် ပြောင်းလဲသွားနိုင်သည်ကို လူတွေမသိခဲ့ကြချေ။

သူနှင့် ဆန့်ကျင်ဘက်သရုပ်ဆောင်နေသည့် ချင်ကျောက်နှင့် အခြားဇာတ်ပို့သရုပ်ဆောင်တွေက ဇာတ်ဝင်ခန်းကို ကယ်တင်ဖို့ အရေးပေါ် အခြေအနေ အမျိုးမျိုးအားစိတ် ကူးယဉ်ခဲ့ကြသည်။ သို့သော် ဖျော်ဖြေပွဲအစကတည်းက သူသည် မည်သည့်လိုင်းကိုမှလွတ်သွားသည်ဟူ၍ မရှိခဲ့ပေ။ ကွဲပြားမှုများရှိခဲ့ရင်တောင် အဓိပ္ပါယ်မှာအတူတူပင်။

ကျီဖေးအစား သူတို့မှ သူနှင့်တစ်တပတ်လုံးအစမ်းလေ့ ကျင့်နေပုံအတိုင်း သူ့သရုပ်ဆောင်မှုသည် အပြစ်ကင်း စင်နေသည်။

ချင်ကျောက်သည် ၎င်းတို့၏ဆွေးနွေးမှုထဲ အတားအဆီး မရှိပဲ အလွန်ချောမွေ့ နေသည်ဟုခံစားခဲ့ရသည်။ သူ့လုပ် ဖော်ကိုင်ဖက်က သူ့ကတိအတိုင်းလိုက်လျောညီထွေနေခဲ့သည် - သူက သူ့အပိုင်းကို ကောင်းကောင်းကစားဖို့ပဲလိုသည်။

စီးပွားရေးခရီးစဉ်အတွင်း ဆွေးနွေးရန်လိုအပ်သည့် အရေးကြီးသော စာချုပ်တစ်ခုကြောင့် ပထမအကြိမ်တွင်၊ သူသည် အထက်လူကြီးနှင့် ရှင်းလင်းစွာပြောဆိုဆက်ဆံခဲ့ရသည်။

ချင်ကျောက်မှ ပြင်းပြင်းထန်ထန်မခေါ်ခင်အထိ ယုရို့ရင်အား အားလုံးက စိတ်လှုပ်ရှားစွာကြည့်နေကြပြီး အသေး စိတ်အချက်အလက်များအား ရှင်းလင်းပြတ်သားစွာပြောဆိုကာ အမှားလုပ်မိမည်ကို ကြောက်နေကြသည်။

ထိုအချိန်တွင် ချင်ကျောက်သည် စင်မြင့်ပေါ်ရှိ ကုတင်ပေါ်တွင်ထိုင်ကာ တောက်တောက်ပြောင်ပြောင် ရေချိုးဝတ်စုံအားဝတ်ထားပြီး ဖုန်းကိုင်ကာ " ဖုန်းထဲကနေဆို မရှင်းလောက်ဘူး။ ငါ့အခန်းထဲကို လာခဲ့၊ ငါတို့ သေသေ ချာချာ လုပ်ရမယ်"

"အာ ?"

ယုရို့ရင်၏အမူအရာသည် ဘာလုပ်ရမှန်းမသိဖြစ်နေသကဲ့သို့ အံ့သြသွားသည်ကို ရှင်းရှင်းလင်းလင်းပြသထားသည်။ သီအိုရီအရ၊ ဤအရာသည် မသင့်လျော်မှန်း သူသိသော်လည်း ၎င်းသည် သူ့ အထက်လူကြီး၏ တောင်းဆိုမှုကြောင့် ထိတ်လန့်သွားခဲ့သည်။

"မြန်မြန်လုပ်ရအောင် အဲ့တာမှ မနက်ဖြန်အလုပ်မှာ အမှားအယွင်းမရှိမှာ၊ မဟုတ်ရင်..." သူ့လေသံက အာ ဏာရှိသူတစ်ဦး၏ဖိအားကို သယ်ဆောင်နေပြီဖြစ်သည်။

ယုရို့ရင်သည် လူသစ်တစ်ယောက်၏ပြတ်သားမှုနှင့် မိုက်မဲမှု၊ တုံ့ဆိုင်းမှုနှင့် အကူအညီမဲ့မှုတို့ကို ပုံဖော်ထားပြီး နောက်ဆုံးတွင် အခန်းထဲသို့သွားရန် မဆင်မခြင် ဆုံးဖြတ်ချက်ချခဲ့သည်။

အခန်းထဲရောက်သောအခါ ယုရို့ရင်သည် ချင်ကျောက် ၏အသွင်အပြင်ကိုမြင်ရသည်မှာ စိတ်မသက်မသာဖြစ်နေသည်။ သူ အဝေးမှာ ရပ်လိုက်ပြီး စာချုပ်ကိုထုတ်လိုက်ချိန်တွင် ချင်ကျောက်က " ဒီကို ယူလာခဲ့၊ ငါ ကြည့်မယ်"

သူ့ အထက်လူကြီး၏လေးနက်သည့် အပြုအမူအား မြင်လိုက်ရသဖြင့် ယုရို့ရင် ထိုဘက်သို့လျှောက်သွားလိုက်သည်။ သို့ပေမယ့် သူအနားကိုရောက်သည်နှင့် ချင်ကျောက်က သူ့အား ကုတင်ပေါ်ထိုင်ခိုင်းပြီး "ထိုင်၊ အတူ တူကြည့်ရအောင်၊"

ယုရို့ရင် လန့်သွားပြီး ချက်ချင်းထရပ်လိုက်သော်လည်း ချင်ကျောက်က သူ့အား တင်းတင်းကြပ်ကြပ်ဆွဲထားသည်။ သူက သူ့အားအတွေးလွန်နေသကဲ့သို့ ပြုမူကာ သူ့အပြုအမူအား ဆူပူကြိမ်းမောင်းခဲ့သော်လည်း လက်တွေ့ တွင်မူ သူသည် လက်ဖြောင့်သူဖြစ်သည်။

နောက်ဆုံးတွင်၊ ယုရို့ရင်သည် သူ၏ဂုဏ်သိက္ခာအား ထိန်းသိမ်းကာ လွတ်မြောက်နိုင်ခဲ့သော်လည်း အခန်းတွင်းသို့ ဝင်ရောက်ကာထွက်သွားသည်ကို အခြားလုပ် ဖော်ကိုင်ဖက်များတွေ့ ရှိခဲ့သည်။

ကုမ္ပဏီသို့ပြန်ရောက်သောအခါ အမျိုးသမီးတစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး သူ့အားပါးရိုက်လိုက်ကာ

"ဖာသည်မ၊ အရှက်မရှိပဲ နင်က နင့်ရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်နှာကို ငါ့ခင်ပွန်းရဲ့အခန်းထဲဝင်ပြီး ဖြားယောင်းဖို့ အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးခဲ့တယ်ပေါ့လေ"

ယုရို့ရင်သည် ပါးရိုက်ခံရမှုကြောင့် အံ့အားသင့်သွားကာ သူ့ ပတ်ဝန်းကျင်မှ လူများက တီးတိုးတီးတိုးပြောနေကြသည်။

ယုရို့ရင်သည် သူ့ နားရွက်အား ခိုကိုးရာမဲ့သာဖုံးကွယ်ထားနိုင်ခဲ့ပြီး " ကျွန်မ မလုပ်ခဲ့ပါဘူး... ကျွန်မ မဟုတ်ပါဘူး... ကျွန်မက နစ်နာသူပါ၊ ကျွန်မကသာ..."

နောက်ဆုံးတွင် သူ ကြေကွဲပြီးထအော်သည်။ တူညီသည့် ဖျော်ဖြေမှုပုံစံအတိုင်း အချိန်ကရပ်တန့်သွားသည်၊ ထို့ နောက် ယုရို့ရင်သည် ဒေါသတကြီးဖြင့် ဇနီးဟုခေါ်သော မိန်းမထံသို့ ပါးရိုက်လိုက်ပြီးနောက် အထက်လူကြီးကိုလည်းပါးရိုက်လိုက်သည်။

"သူက ငါ့ကို အခွင့်အာဏာသုံးပြီးဖိအားပေးခဲ့တာ၊အခွင့် ကောင်းယူဖို့ ကြိုးစားခဲ့တာ။ ဒီလို စက်ဆုပ်ဖို့ကောင်းတဲ့ အပြုအမူကို ဘာလို့မရှုံ့ချတာလဲ၊ နင် ငါ့ကို ဘာလို့အနိုင် ကျင့်နေတာလဲ? ငါ့ရုပ်ရည်ကြောင့်လား? ငါက မိန်းမမို့လို့ဆိုပြီး အနိုင်ကျင့်ရတာလွယ်နေတာလား? အမှားနဲ့ အမှန်ကိုခွဲခြားလို့မရဘူး၊ နင်က ငါ့ကိုပြောင်းပြန်လုပ်နေတာပဲ"

ယုရို့ရင်သည် ငိုယိုကာ သူ၏အဆုတ်ထဲမှ အော်ဟစ်ပြီး တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်နေသည်။ သူသည် ကြီးမားသည့် မတရားမှုအားခံစားခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်စွမ်းမရှိသည့် လူသစ်တစ်ဦးကို ပုံဖော်ထားသော်လည်း သူပုံစံမှာ နှစ်ပေါင်းများစွာမှကြေ ကွဲဝမ်းနည်းမှုများအား ဖြေဖျောက်နေပုံရသည်။

"နင်က ငါ့ကို ရွှံ့ထဲဆွဲချချင်ပေမယ့် နင့်အကြံကို ငါခွင့်မပြုဘူး!"

သူ့မျက်လုံးများ နီရဲနေပြီး အချိန်မရွေးသွေးမျက်ရည်များ ငိုကြွေးနိုင်သလို ဖြစ်နေသော်လည်း မျက်ရည်တစ်စက်မှမကျခဲ့ပေ။ သို့သော် ထိုတိတ်ဆိတ်စွာ ငိုကြွေးခြင်းသည် နှလုံးသားကိုနာကျင်စေသည်။ ဒီလို အချိန်တိုလေးအတွင်းမှာ ပြင်းထန်သည့် ခံစားချက်များပေါက်ကွဲထွက် လာခြင်းဟာ ယခင်ကဇာတ်ပို့သရုပ်ဆောင်တွေတောင် မအောင်မြင်နိုင်သည့်အရာပင်။

ဒါရိုက်တာနှင့် ထုတ်လုပ်သူတောင်မှ ဒီဇာတ်စင်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

သူသည် ထိုပါးရိုက်မှုများအား ပြန်လက်စားချေနိုင်ခဲ့သော်လည်း နာကျင်မှုကအောက်တွင်ရှိနေသည့် ပရိသတ်များအပေါ်ပါ ကူးစက်နေဆဲဖြစ်သည်။ လူတွေက သူ့ကို စာနာပြီး လက်သီးတွေကိုမဆုပ်ကိုင်ဘဲ မနေနိုင်ကြချေ။

တိုက်ရိုက်ထုတ်လွှင့်မှုထဲ ရူးသွပ်သွားခဲ့သည်။

အထူးစီစဉ်ထားသော ပရော်ဖက်ရှင်နယ်မုန်းတီးသူများသည် စင်မြင့် ဖျော်ဖြေပွဲ၌ ကြည့်ရှုသူများ၏ အံ့အား သင့်မှုကြောင့် သဲလွန်စမရှိဘဲပျောက်ကွယ်သွားခဲ့သည်။

ဘိုးဘွားရိပ်သာတစ်ခုတွင် ဆေးဝန်ထမ်းအချို့က ဖန်သားပြင်ကျယ်ကြီးကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ယုရို့ရင်နှင့် အချိန်အတော်ကြာ လျှို့ဝှက်ဆက်ဆံခဲ့ပြီး သူသည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း သူတို့သိခဲ့ကြသော်လည်း သူ့ကိုယ်ပိုင်ဘဝအကြောင်းကို ရှင်းရှင်း လင်းလင်းမသိခဲ့ကြပေ။ ဒီတစ်ခါအရေးကြီးသည့်တိုက် ရိုက်တင်ဆက်မှုအကြောင်းကြားတော့ အဖွားယုနှင့် ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

ဒီလိုကွဲပြားသည့် ဇာတ်ရုပ်အားသရုပ်ဖော်ကြည့်ဖို့ ဘယ် တုန်းကမှ မမျှော်လင့်ခဲ့ကြချေ။ ဘယ်တရားသူကြီးက သူ့ကို သူ့မျက်နှာတစ်ခုတည်းပဲ အသုံးချနိုင်တယ်လို့ ပြောခဲ့တာလဲ ? ပေါက်ကရတွေ။

ကြည့်နေရင်းနှင့် ဆေးရုံကုတင်ပေါ်မှ အသံတစ်ခုထွက်လာသည်။ အားလုံးက အဖွားအိုအားလှမ်းကြည့်သော အခါ မျက်ရည်တွေကျနေပေမယ့် သူ့မျက်နှာတွင် ရွှင် မြူးနေသည့် အပြုံးတစ်ခုရှိနေသည်။ သူက လက်အား ခက်ခက်ခဲခဲမြောက်ကာ ဖန်သားပြင်ကို ညွှန်ပြရင်း "ငါ့ မြေးလေး၊ အဲ့တာ ငါ့မြေးလေး၊ ငါ့မြေးလေးပဲ... သူက အံ့သြဖို့အကောင်းဆုံးပဲ" ဟု ဂုဏ်ယူစွာ အော်ဟစ်လိုက်သည်။

All Chapters