← Chapters

အခန်း (၁၃၉)

Vol. 14 Ch. 139

အခန်း (၁၃၉)

Vol. 14 Ch. 139

"သောက်ကျိုးနဲ၊ ငါ ရင်တွေနာနေပါပြီ။"

"ဒါ တကယ် အစမ်းမလေ့ကျင့်ရသေးတာလား၊ သူ အခုလေးတင်ရထားတဲ့ ဇာတ်ညွှန်းနဲ့ ?"

"ဒါကို ကျပန်းဖန်တီးနိုင်မှုလို့ ခေါ်ရမလား? ယုလောင်ရှစ်၊ ဒါ စော်ကားတာပဲ၊ '1,2,3,4,5,6' လိုမျိုး စာကြောင်းတွေကိုရွတ်ဆိုရမဲ့ တခြား သရုပ်ဆောင်တွေကို စတုရန်းတစ်ခုဆီ ပြန်သွားဖို့လိုတယ်လို့ ဆိုလိုတာလား?"

"ဖေး၊ တောင်းပန်ပါတယ် ဒါပေမယ့် ဒီခဏမှာ ငါ့ သစ္စာတွေ ပြောင်းသွားပြီ။ ယုကျဲ၊ ရှင် အရမ်းတော်တာပဲ၊"

"မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊ လူတစ်ယောက်က ဘယ်လောက်တောင်လှပပြီး ကျွမ်းကျင်အောင် မလေ့ ကျင့်ရသေးတာတောင် မယုံနိုင်စရာကောင်းလောက်အောင် သရုပ်ဆောင်နိုင်တယ် ? ငါမယုံဘူး၊ အဲ ဒါက လွဲမှားမှုတစ်ခုပဲဖြစ်ရမယ်။ ငါ နိုးထဖို့လိုတယ်!"

"အပေါ်ထပ်ကလူ နိုးလာပြီလား ?"

"ငါ့ကိုယ်ငါ ပျော့ဖတ်သွားအောင်ရိုက်လိုက်တယ်။ အိပ် ရာကနိုးလာတော့ အဲဒါက လွဲမှားမှုတစ်ခုမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ အိုးမိုင်၊ အရှင်ရေ၊ နင့်ရဲ့ ဘာသာ ရပ်က နောက်ကျသွားပြီ!"

"သူက သရုပ်ဆောင်မင်းသမီးတစ်ယောက်ရဲ့ လျှို့ဝှက်ရတနာတစ်ခုပါပဲ၊ ဖျော်ဖြေရေးနယ်ပယ်က လူတိုင်းက မျက်မမြင်တွေလား? သူက တကယ့်ကို အစွမ်းထက်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတာကို အခုအချိန်အထိ ဘယ်သူမှ မသိခဲ့ကြဘူး?"

"ဒီဇာတ်ခုံရဲ့ဇာတ်ကွက်က ရင်းနှီးတယ်လို့ မထင်ဘူးလား?"

"ငါပြောချင်တာက ငါ ဒီလိုမျိုး ကြုံဖူးတယ်။ သူတို့အား လုံးက သူဌေးကို ငါက ဖြားယောင်းတာလို့ပြောနေကြပေမယ့် တကယ်တမ်းကျတော့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံနေရတာ။ သူဌေးရဲ့ဇနီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကတောင် ဝိုင်းပယ်ခံရတယ်။ အဲ့ဒီနောက် ငါ ရာထူးကနေ နုတ်ထွက်ခဲ့တယ်... နင် တကယ် အာဏာရှိသူတွေကိုမဆန့် ကျင်နိုင်ဘူး။"

"ငါလည်း ဒီလိုမျိုး ဆင်တူတာကြုံဖူးတယ်။ ငါ အဲ့နေရာမှာတင် သူဌေးကို ဘယ်ပြန်ညာပြန်ပါးရိုက်ပြီး လူယုတ် မာလို့ ပြောလိုက်တာ၊ ဒါပေမယ့် နေရာမှာ မတုံ့ပြန်နိုင်တဲ့ သူတွေကိုတော့ ငါ နားလည်ပါတယ်။ မိန်းမတစ်ယောက်အနေနဲ့ ငယ်ငယ်ကတည်းက စကားမပြောနိုင်တဲ့အပြု အမူတချို့နဲ့ တင်းခံပြီး လူမြင်ကွင်းမှာ မဖော်ပြဝံ့ဘူး၊ လူရှေ့သူ ရှေ့မထွက်ရဲဘူး၊ တချို့ ကျတော့လည်း ခုခံဖို့တောင် ကြောက်ကြတယ်... ကျဲရေ၊ ကြောက်မနေနဲ့။ သူတို့ကမှ အမှားလုပ်တဲ့သူ၊ သူတို့က မှကြောက်သင့်တဲ့ သူတွေပဲ!"

"မညီမျှတဲ့ ပါဝါဒိုင်းနမစ်တွေနဲ့ ပရောပရည်လုပ်တာက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုလို့ပဲ ပြောချင်တယ်။ အထူး သဖြင့် တခြားလူက မင်းရဲ့ပရော်ဖက်ရှင်နယ် အနာဂတ်ကိုထိန်းချုပ်နိုင်တဲ့အခါပေါ့"

"ဒါမျိုးမကြုံဖူးတာ ငါ့ ရုပ်ရည်ကြောင့်လား... ငါသာ ယုရို့ရင်လောက်ချောရင် ဒီလိုအခြေအနေမျိုးကို ရှောင်ဖို့မဖြစ်နိုင်ဘူးလား? သူတို့က ဘာလို့ ငါတို့မိန်းကလေးတွေကိုအနိုင်ကျင့်ပြီး ငါတို့အကြောင်း ဇာတ်လမ်းတွေရေးနေတာလဲ?"

"ယောက်ျားတစ်ယောက်အနေနဲ့ အပေါ်ထပ်က အမျိုး သမီးတွေကိုပြောပြချင်တာက ဒီလိုအခြေအနေမျိုး ကြုံလာရတဲ့အခါ စိတ်ရှုပ်မနေဖို့လိုတယ်။ မင်းက လွယ်ကူတဲ့သူ မဟုတ်ဘူးဆိုတာ သူတို့ကိုပြလိုက်။ ဘာမဆိုကြိုး စားပြီး သူတို့ရဲ့ သတ္တိကိုဖယ်ထုတ်ပစ်လိုက်၊"

"ဟေး ဟေး ဟေး၊ အင်တာနက်သုံးစွဲသူတွေ သောင်းနဲ့ချီပြီး ဆဲဆိုကြိမ်းမောင်းနေတဲ့ အဲဒီအရှုပ်တော်ပုံကို သတိရမိသေးလား?"

"ငါမှတ်မိတယ်၊ အဲဒါက ဇာတ်ညွှန်းရေးခန်းထဲဝင်ပြီး ဓာတ်ပုံရိုက်တာလား?"

"မဟုတ်ဘူး၊ အဲဒါက အမျိုးသားဇာတ်ဆောင်ရဲ့ အခန်းထဲ ဝင်တဲ့ကိစ္စ ..."

"တစ်ခုခုက ငါးညှီနံ့ထွက်နေတာ ငါသိတယ်။ ငါတို့ ဒီဇာတ်စင်ရဲ့ ရှုထောင့်ကနေကြည့်ရင် ဒီအဖြစ်အပျက်တွေအားလုံးက ပြဿနာဖြစ်နေပြီ!"

"အဲ့မှာ သက်သေမရှိဘူး၊ ယောက်ျားက နှုတ်ဆိတ်နေရုံပဲ၊ သူ့မိန်းမက ဆဲဆိုကြိမ်းမောင်းတယ်၊ လူပြောသူပြောနဲ့ ဓာတ်ပုံတွေလည်းရှိတယ်။ အဲဒါက အတူတူပဲ၊ ဒါက အမှန်တရားကို ဖော်ထုတ်လိုက်တာနဲ့ တူတယ်!"

"အဲဒီနှစ်တွေတစ်လျှောက်လုံး ငါ နယ်ရုပ်လေးအဖြစ် အသုံးချခံလိုက်ရသလို ခံစားရတယ်။ ချီးပဲ၊ သူတို့ကို သေတဲ့အထိ ကျိန်ဆဲချင်လိုက်တာ!"

ဇနီးသည်များအဖွဲ့ သည် တုံ့ပြန်မှုပင်မရှိသေးသော် လည်း သူတို့၏ Weibo အကောင့်နှစ်ခုလုံးက ရှုပ်ပွနေပြီး သူတို့၏ခင်ပွန်းများက သူတို့ နှင့်အတူခေတ်စားနေသည့် အကြောင်းအရာများအတွက် ကျိန်စာတိုက်ခံနေရသည်။

ကျန်ရှိနေသည့် ဇာတ်ပွဲများပေါ်ပေါက်လာသည်နှင့်အမျှ အမှုဟောင်း တစ်ခုပြီးတစ်ခုတူးဖော်ခဲ့သည်။ ဇနီးသည်များအဖွဲ့ သည် ဤပြဇာတ်မှာ ၎င်းတို့အား ပစ်မှတ်ထားခြင်းဖြစ်ကြောင်း မျှော်လင့်မထားခဲ့ပေ၊ တစ်ချက်မှမလွတ်ပဲ ထိုးနှက်ခံခဲ့ရသည်။

မည်သို့သော အရေးပေါ်အစီအမံများပင်လုပ်လုပ် ယခင်အခြေအနေများကဲ့သို့ အသုံးမဝင်ခဲ့ပေ။

တစ်ချို့ အမျိုးသားများသည် ထိုအချိန်တုန်းက တိတ်တိတ်ဆိတ်ဆိတ် နှင့် မမြင်နိုင်သည့်အတွက် သူတို့၏ ဇနီးမယားများကိုပင် ဘတ်စ်ကားအောက်သို့ပစ်ချကြသည်။

သူတို့၏ပြင်းထန်သည့် ပရိသတ်များကတော့ သူတို့ကို ယုံကြည်ဖို့တောင်းဆိုနေကြတုန်းပင်။

သို့သော် ကံကြမ္မာက တစ်ဖန်ပြန်လာပြီး အခြားနစ်နာသူများသည် ၎င်းတို့၏ခင်ပွန်းများအား တိုက်ခိုက်ရန် ရောက်ရှိလာကြသည်။ မရေမတွက်နိုင်သည့် အင်တာနက်အသုံးပြုသူများ၏ မထီမဲ့မြင်ပြုခြင်းခံရသော အမှိုက်အသစ်သည် နံရံထက်တွင်ချိတ်ဆွဲထားကာ ရှေ့ ကထွက်လာသော အညစ်အကြေးများနှင့် တန်းစီထိုင်နေသည်။

ယုရို့ရင်၏ပြောင်မြောက်သော သရုပ်ဆောင်မှုစွမ်းရည်သည် ပရိတ် သတ်အသစ်များအား ဆက်လက်ဆွဲဆောင်နိုင်ခဲ့ပြီး သူ၏ Weibo တွင် follower အရေအတွက် တဖြည်းဖြည်းတိုးလာခဲ့သည်။ တစ်ချို့က သူ၏ သရုပ် ဆောင်မှုများကြောင့်စွဲလန်းသွားပြီး တစ်ချို့ကအတိတ်အဖြစ်အပျက်များအတွက် အပြစ်ရှိသလိုခံစားခဲ့ကြရကာ တစ်ချို့ကတော့ သူ၏အတွေ့ အကြုံများအား စာနာကြသည်။ တခဏချင်းမှာပင် လူထုအမြင်သည် လုံးဝပြောင်းပြန်ဖြစ်သွားသည်။

ထိုအချိန်က 'ခံရသူများ' ဟုခေါ်သော အချို့သောမုန်းတီး သူများကြားတွင် ပရော်ဖက်ရှင်နယ် မျက်နှာပြောင်တိုက်သူများသာကျန်ရှိတော့ပုံရသည်။

ဖျော်ဖြေပွဲပြီးဆုံးသည်နှင့်အမျှ အဆိုပါ 'ခံရသူများ' ၏ မျက်နှာဖုံးများသည် နောက်ဆုံးတွင် လုံးဝစုတ်ပြဲသွားခဲ့သည်။ အွန်လိုင်းမှာတင် မဟုတ်ပဲ၊ ပတ်ဝန်းကျင်ကလူတွေတောင် သူတို့ကို မကျိန်ဆဲပဲ မနေနိုင်ကျချေ။ အရင်က ကိုယ့်ကိုယ်ကိုဖြောင့်မတ်စေရန် ယုရို့ရင်အား ဆဲရေး တိုင်းထွာခဲ့ကြဖူးသည်။

"အိုး၊ ယုရို့ရင် ငယ်ငယ်တုန်းက နင့်ခင်ပွန်းကိုစော်ကားတယ်လို့ နင်ပြောခဲ့တယ်မဟုတ်လား၊ ဒါကြောင့် သူ့ကို အားပေးသူတွေကို နှိပ်ကွပ်ခဲ့တယ်ဆို ?"

"နင် နှလုံးသားမရှိတဲ့ လူ့အမှိုက်ထွက်သွားစမ်း၊ ငါတကယ် နင့်ကို ယုံကြည်ပြီးသနားခဲ့တာ။ ငါ့သမီးကိုတောင် နင့်အိမ်မှာကျူရှင်ထားလိုက်သေးတယ်။ ငါ့သမီးက ဒီကိုလာရတာမကြိုက်ဘူးလို့ပြောခဲ့တာကို ဒီနေ့မှပဲ ငါသဘောပေါက်တော့တယ်။ အဲ့ဒါက သူ စာလုပ်ရတာ မကြိုက်လို့မဟုတ်ပဲ နင် သူ့ကိုမတော်မတရားထိတွေ့ ခဲ့လို့မဟုတ်လား၊ ငါ နင့်ကို သေအောင်ရိုက်သတ်ပစ်မယ်!"

"ခြေထောက်သုံးချောင်းနဲ့ ဘီလူးကောင်၊ နင် အခြေအနေကြားမှာတောင် တပ်မက်နေတုန်းပဲ။ အဲ့ဒီတုန်းက ယုရို့ရင် လှလို့ နင်သူ့ကိုပစ်မှတ်ထားခဲ့တာပဲဖြစ်ရမယ်။ နင်က လုံးဝကိုမကောင်းဆိုးရွားပဲ၊ လူ့ အဝတ်အစားအောက်က ဘီလူးပဲ၊"

.....

"သူဌေးက သူ့ကို အလုပ်ထုတ်လိုက်တာ။ သူ့ကို နိမ့်ကျတဲ့ သတ္တဝါတစ်ကောင်လိုပြောခဲ့တဲ့သူက ယုရို့ရင်ကြောင့် အလယ်တန်းကျောင်းကအတန်းဖော်တွေ ကျောင်းပြောင်းဖို့ဖိအားပေးခံခဲ့ရတာလို့ပြောခဲ့တယ်။ ငါ့အထင် အဲ့တစ်ယောက်က လင်တရူးနေတာပဲ၊ ကောင်လေးတွေ အကုန်လုံး ယုရို့ရင်ကိုအာရုံစိုက်နေတာ မြင်တော့ မနာလိုလို့ သူ့အကြောင်း ဇာတ်လမ်းတွေရေးခဲ့တာ။"

"ငါ ဖုန်းကွယ်ထားတာကိုမြင်နေရတယ်။ ယုရို့ရင်က နစ် နာသူဆိုတာ အရှင်းကြီးပဲ။ ပြစ်မှုကျူးလွန်သူတွေက သူတို့ရဲ့အမှားကိုဝန်ခံဖို့ ငြင်းဆန်တာတောင်ဆိုးလှပြီ၊ ဒါပေမယ့် ဘေးလူတွေကတောင် သူ့ကို ဒီလိုဆက်ဆံတယ်။ အဲ့ဒီအဖြစ်အပျက်သာ ငါ့သမီးဆီမှာဖြစ်လာခဲ့ရင် ငါ တကယ် တစ်ယောက်ယောက်ကိုသတ်ပစ်ချင်တယ်"

"မိန်းမသား အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် စည်းလုံးညီညွတ်စွာ ရပ်တည်မပေးနိုင်တဲ့အပြင် ကောလဟာလတွေဖြန့်ပြီး ရွှံ့တွေနဲ့ ပစ်ပေါက်နေတယ်။ သူ့ လင်အကြိုက်လုပ်နေတာ၊ ရွံရှာစရာကောင်းတယ်။"

"အဲ့အလယ်တန်းကျောင်းသား သုံးယောက်ရဲ့အထောက် အထားတွေ ဖော်ထုတ်ခံလိုက်ရတယ်လို့ကြားတယ်။ သူတို့အားလုံး စည်းလုံးညီညွတ်တဲ့ မိသားစုတွေနဲ့ အိမ် ထောင်ကျပြီး သူတို့ကိုယ်သူတို့ကောင်းကောင်းမွန်မွန် ပြုမူနေကြပါပြီ။ အခုတော့ ဒီအလွှာကို ပြန်ခွာလိုက်တဲ့အတွက် သူတို့ရဲ့အတိတ်က ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ဖြေဖို့အချိန်တန်ပြီ"

"မိန်းကလေးတစ်ယောက်ကြောင့် သားကောင်းတစ်ယောက်ကိုဆုံးရှုံးခဲ့ရတဲ့ မိသားစုက သနားစရာကောင်းတယ်လို့ ငါ အမြဲထင်ခဲ့တာ။ ပြန်စဉ်းစားကြည့်တော့ သူလုံးဝ သူမနဲ့မဆက်သွယ်ခဲ့သင့်တာ၊ အဲ့တာက သူ့ရဲ့ တစ် ဖက်သပ်အချစ်သက်သက်ပဲ ပြီးတော့ ဒီလိုမိသားစုမှာ မွေးလာမိလို့ ကံမကောင်းလိုက်တာ။"

"ဒါ့အပြင် သူတို့က ကိုယ့်သားကိုသတ်တဲ့ သူတွေပဲ၊ အဲလိုကလေးရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုများရယ်မောပြီး လစ်လျူရှုထားနိုင်မှာလဲ? နဂိုရှိရင်းစွဲ စိတ်ကျန်းမာရေး ပြဿနာတွေကြောင့် သူ ဘယ်လို ရှင်သန်နိုင်မှာလဲ? စိတ်ရောဂါကု ဆရာဝန်တွေတောင် သတိပေးတာကို ကြားခဲ့ရပေမယ့် လုံးလုံးလျားလျား လျစ်လျူရှုထားကြတာ။ ပြီးတော့ သားဖြစ်သူဆုံးပါးသွားတဲ့အခါ ကိုယ့်ကိုကိုယ်ပြန်မစဉ်းစားဘဲ တခြားသူတွေကိုပါအပြစ်လိုက်တင်နေကြတယ်"

"ငါလည်း ရယ်ချင်တယ်။ တစ်ယောက်ယောက်သေသွားလို့ ဒီလိုမျိုးတခြားသူတွေကို ညှဉ်းပန်းနှိပ်စက်လို့ရတယ်ထင်လား ? သူတို့ကြောင့် သူ့မိသားစု ပျက်စီးခဲ့ပြီးပြီ၊ ပြီးတော့ နှစ်တွေအများကြီးကြာသွားတာတောင် သူတို့က သူ့အကြောင်းပြောတိုင်းဆဲဆိုနေကြတုန်းပဲ။ သူတို့ရဲ့ အသိတရားက ဘယ်မှာလဲ? ဘယ်သူက အပြစ်ပိုကြီးလဲ။ သူတို့ ဝဠ်လည်မှာကို ကြောက်သင့်တယ်။"

"ကြည့်ရတာ ဝဠ်လည်ပြီးပြီထင်တယ်။ သိပ်မကြာခင်က သူတို့ ကားတိုက်မှုဖြစ်တယ်လို့ ငါ ကြားတယ်။"

.....

တစ်ချိန်တည်းမှာပင် လိမ္မာပါးနပ်သည့် ပရိသတ်အချို့သည် ပိုမိုလေးနက်သောပြဿနာအချို့ အား ရှာဖွေတွေ့ ရှိခဲ့ပြီးဖြစ်သည်။

ယုရို့ရင်ကို သူ့ကုမ္ပဏီက သူ့နာမည်ကိုရှင်းလင်းအောင် မကူညီပေးဘဲ နှစ်ပေါင်းများစွာအပုပ်ချခဲ့တာ ဘာကြောင့်လဲ၊ ခုတော့ PK ပြိုင်ဘက်က သူ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ကူညီပေးခဲ့တာလဲ ?

တစ်ခုခုက ညီဆော်နံနေတယ်။ သူ့ကုမ္ပဏီက တော်တော်ကိုပြဿနာရှိနေတာပဲ။

တဖြည်းဖြည်းနှင့် လူတွေက ယုရို့ရင်၏ကုမ္ပဏီကို တူးဆွလာကြသည်။

ထိုအချိန်တွင်၊ အာရုံစူးစိုက်မှုကိုရှာဖွေသော အတွင်းလူအချို့သည် သဘာဝအလျောက်ပေါက်ကြားလာကာ ယုရို့ရင်သည် ဤနှစ်များတစ်လျှောက်လုံး ဖိနှိပ်ခံခဲ့ရပုံကို လူအများအားသိစေခဲ့သည်။

ဒေါသထွက်စရာကောင်းသည့် အပိုဒ်တချို့အား မြင်လိုက်ရချိန် အင်တာနက်သုံးစွဲသူများအားလုံး မယုံနိုင်လောက်အောင်အံ့ဩသွားကြသည်။

သတ်မှတ်ထားတဲ့လစာနဲ့ ဆယ်နှစ်စာချုပ်လား ? တခြားသူတွေသန်းနဲ့ချီပြီးရနေတဲ့အချိန်မှာ ယုရို့ရင်ရဲ့လုပ်အား ခက အလုပ်သမားသာသာပဲလား?

အင်တာနက်အသုံးပြုသူအချို့သည် စာချုပ်၏တရားဝင်မှုကိုပင်မေးခွန်းထုတ်လာကြသည်။ ဥပဒေအတိုင်းဆိုလျှင် သိက္ခာမဲ့သည်။ သိက္ခာမဲ့သည့် ကုမ္ပဏီနှင့် ရင်ဆိုင်ရလျှင် ဘာလုပ်သင့်လဲ ? ၎င်း၏အခွန်ကိစ္စများကို သတင်းပို့သင့်တယ်၊ ဒီလိုမျိုးအမျိုးသမီးအနုပညာရှင်တွေကိုအမြတ်ထုတ်ရင် အခွန်က ဘယ်လိုမှလက်ခံနိုင်ဖွယ်မရှိဘူး၊

တခဏချင်းမှာပင် ယုရို့ရင်၏ကုမ္ပဏီဟောင်းမှ အာဏာရှိသူများသည် ဒေါသတကြီးနှင့် ယုရို့ရင်အားဆက်သွယ်ခဲ့ပြီး အခြေအနေကိုရှင်းလင်းအောင်ကူညီပေးဖို့ တောင်း ဆိုခဲ့သည်။

သို့သော် ယခုအချိန်တွင်၊ ယုရို့ရင်သည် ပြဇာတ်ငါးခုစလုံးအား စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေပြီဖြစ်သည်။ မိုးခြိမ်းသံများကြားတွင် သူအနားယူရန်စင်မြင့် နောက်ဘက်သို့ မှင်တက်စွာလိုက်ပါသွားခဲ့သည်။

သူ့ ကံကြမ္မာပြောင်းလဲသွားသည်ကို သတိမပြုမိသေးဘဲ ဘေးဆိုးကြီးမှလွတ်မြောက်သွားသကဲ့သို့ ကုလားထိုင်ကိုမှီလျက်အိပ်ပျော်သွားသည်။

All Chapters