← Chapters

အခန်း (၁၄၁)

Vol. 15 Ch. 141

အခန်း (၁၄၁)

Vol. 15 Ch. 141

ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့သည် အွန်လိုင်းပေါ်တွင် ဖြစ်ပျက်နေမှုများအားစစ်ဆေးရန်ပင် အနှောက်အယှက်ဖြစ်ခံမနေတော့ဘဲ ကျုံးချွမ်အား စင်ပေါ်တက်ခွင့်ပေးရန် ရည်ရွယ်ချက်မရှိပေ။ ဖေးမင်ရွှမ်နှင့် လာမည့်အစီအစဉ်များအား ဆွေးနွေးရန်လှည့်ထွက်သွားကြသည်။

တစ်ချိန်တည်းမှာပင် ကျုံးချွမ်သည် စိတ်တည်ငြိမ်မှုများ အပြည့်အဝပျောက်ဆုံးသွားခဲ့သည်။

ကွာရှင်းပြတ်စဲပြီး နောက်အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကျုံးချွမ်သည် မူလကတရားမျှတသည်ဟုခံစားခဲ့ရသော်လည်း ယခုအခါ အွန်လိုင်းပေါ်မှ လှောင် ပြောင်မှုအမျိုးမျိုးနှင့် ကဲ့ရဲ့ရှုံ့ချမှုများစွာ ပေါ်လာသည်ကိုတွေ့ လိုက်ရသဖြင့် ဒီလိုလူထုအမြင်၏သက်ရောက်မှု ကို သူ တကယ်မခံနိုင်ကြောင်း နောက်ဆုံးသိလိုက်ရသည်။

အင်တာနက်သုံးစွဲသူများကြား ဒီနေ့ည သူ့ ရည်ရွယ်ချက်များအား ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေလေပြီ။

“အသက်ကြီးမှ အရှက်ကွဲတယ်” ဆိုသည့် စကားလုံးလေးလုံးက သူ့မျက်နှာကို ပါးရိုက်လိုက်သလိုခံစားရစေ သည်။

ဇနီးမယားများထံမှ ကောင်းစွာကာကွယ်ခံထားရသည့် သက်လတ်ပိုင်းအမျိုးသားများသည် ယခင်က မည်မျှ မိုက်မဲသည်ကိုမသိဘဲ ချစ်ခြင်းမေတ္တာကို ရှေ့တန်းတင်နိုင်သည်ဟုသာဆိုနိုင်သည်။

ယခုမူ ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေပြီးမခံနိုင်တော့ပေ။

[ ချွေးအေးတွေထွက်နေတာကို ကြည့်ပါဦး၊ သူ ဆုံးဖြတ် ချက်ချတုန်းက ဒီလိုမျိုး ရလဒ်ကိုစိတ်ကူးကြည့်ခဲ့ဖူးရဲ့ လားလို့ ငါတွေးမိတယ်၊ ဟား ဟား။]

ယနေ့ညတွင် ကွာရှင်းပြတ်စဲပြီး နောက်အိမ်ထောင်ပြုလိုက်လျှင်ပင် အွန်လိုင်းလူထုမှ သဘောထားဖောက်ပြန်မှု၏ အစွမ်းသတ္တိကို ရှာဖွေတွေ့ ရှိခဲ့ပါက ယုရို့ရင်အား ကျည်ဆံထုတ်ရန် ချက်ချင်းပင် တွန်းထုတ်နိုင်လိမ့်မည်ဟု ချင်မိသားစုက တွေးခဲ့သည်။

ကျုံးချွမ်သည် မွေးရာပါ တစ်ကိုယ်ကောင်းဆန်ပြီး သွေး အေးသူဖြစ်သည်။

ရုတ်တရက် ဗြုန်းကနဲ နိုးထလာသလိုပင် ကျုံးချွမ်က ယုရို့ရင်ထံသို့ပြေးသွားခဲ့သည်။

[အိုး၊ သူ ယုရို့ရင်ဆီက အကူအညီရဖို့ စီစဉ်နေတာ မဟုတ်လား၊ အရှက်မဲ့ပြီး စင်ပေါ်တတ်ဖို့မျှော်လင့်နေသေးတာလား?]

ချင်မိသားစု- တကယ် အရေထူအဘိုးကြီးပဲ။

ရွဲ့ စောင်းနေသော်လည်း လူတိုင်းသည် ယုရို့ရင် အနာ းယူနေစဉ် ကျုံးချွမ်အား ပိတ်ဆို့ရန် ကြံရွယ်နေကြဆဲဖြစ်သည်။

ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့ဖြင့် စကားပြောနေသည့် ဖေးမင်ရွှမ်သည်ချက်ချင်းတုံ့ပြန်ခဲ့ပြီး ကျုံးချွမ်၏လမ်း ကြောင်းအား တိုက်ရိုက်ပိတ်ဆို့ခဲ့သည်။

ကျုံးချွမ် စိတ်တိုနေပြီး စိတ်မပါသည့် အပြုံးတုဖြင့် အတင်းအကြပ်ပြုံးပြကာ "ငါ ရို့ရင်နဲ့ ဆွေးနွေးစရာရှိတယ်"

ဖေးမင်ရွှမ်က " ရှင့်ရဲ့ ဖျော်ဖြေမှုကိုဖျက်သိမ်းလိုက်ပြီ၊ ရှင် အခုဘာပြောစရာ ရှိသေးလို့လဲ? မစ္စယုက အရမ်းကြိုးစားခဲ့တယ်၊ သူ့ကို ခဏလောက်အနားယူခိုင်းလိုက်ပါ။ ကျမက ဇာတ်ပို့တွေကိုအင်တာဗျူးတော့မှာမို့လို့ မစ္စယုစင်ပေါ်မတက်ခင် အခြေအနေကောင်းနေဖို့ လိုတယ်။ မစ္စတာကျုံးကိုတော့ အွန်လိုင်းပေါ်က အမြင်တွေကိုကိုင် တွယ်ဖို့ ကိုယ်ပိုင်PR ကို အမြန်ရှာဖို့အကြံပြုချင်တယ်။"

ကျုံးချွမ်၏အမူအရာမှာ ဒေါသဖြင့် တွန့်လိမ်ကာ ထိန်းမရဖြစ်နေသည်။

"ဒါက မင်းတို့နဲ့ ဘာဆိုင်လို့လဲ ? မင်းတို့ ငါ့ ကိစ္စတွေကို ဘာလို့ ဝင်စွက်ဖက်နေရတာလဲ!"

[သူ ထိတ်လန့်နေပြီ၊ တုန်လှုပ်နေပြီ၊ အမြဲတမ်းဖြောင့် မတ်စွာပြုမူတတ်တဲ့သူက လုံးဝကိုကျရှုံးသွားတာကို မြင်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။]

ချင်မိသားစုသာမက အခြားနောက်ကွယ်မှပရိသတ်များကပင် တောက်ပသောမျက်လုံးများဖြင့်ကြည့်နေကြသည်။

"အားလုံး ကျွန်မတို့နဲ့ ပတ်သက်တော့မှာပါ"

ဖေးမင်ရွှမ် အဓိပ္ပါယ်ရှိသောအပြုံးဖြင့်ပြောသည်။

"မစ္စယုရဲ့ စာချုပ်က သက်တမ်းကုန်တော့မှာ မဟုတ်လား?"

ကျုံးချွမ် အံ့အားသင့်သွားပြီး ဖေးမင်ရွှမ်အား မယုံကြည်နိုင်စွာကြည့်နေမိသည်။ မူလက စာချုပ်သက်တမ်းကုန် ဆုံးတော့မည်ဖြစ်သောကြောင့် သူ့အား လုံးဝထောက်ခံခြင်းမရှိပဲ ရှင်းလင်းသွားစေရန်နှင့် ယုရို့ရင်အား ကူညီရန်တွေးထားခဲ့ခြင်းပင်။ သူ့ကို အနည်းငယ်ခြိမ်းခြောက်နိုင်သည်ဟု သူ ထင်မိခဲ့သည်။

ယခုမူ... ကျုံးချွမ်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ယုရို့ရင်ထံ ထိပ်တန်းအဖွဲ့ မှလူများဝိုင်းနေကြောင်း ရုတ်တရက် သိလိုက်ရသည်။

ယုရို့ရင် တစ်ယောက်တည်း မဟုတ်တော့ပေ။

သူသည် အကျပ်ကိုင်ခြင်း သို့မဟုတ် ဖြားယောင်းခြင်းကို အလွယ်တကူခံရနိုင်သည့်သူတစ်ယောက် မဟုတ်တော့ပေ။

နောက်ဆုံးတွင် ကျုံးချွမ်သည် သူ့ခြေထောက်ကြားမှ အမြီးကိုဝှက်ထားနိုင်ခဲ့သည်။

ကျုံးစစ်ချီသည်လည်း လက်ရှိအခြေအနေကြောင့် ထိတ် လန့်သွားခဲ့ သည်။ ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက် လာသည့် ယင်ကောင်လေးတစ်ကောင်အနေနှင့် သူက သဘာဝအတိုင်းပင် ဘာမှလုပ်ရဲသည့် သတ္တိမရှိသော ကြောင့် ကျုံးချွမ်နောက်သို့ အမြန်ထွက်ပြေးခဲ့သည်။ ကျုံးချွမ်ကို တွေ့ သည်နှင့် မဒမ်ကျုံးနှင့် ဖုန်းပြောနေသံကိုကြားလိုက်သည်။

ကျုံးစစ်ချီသည် ချက်ချင်းပင် တုန်လှုပ်သွားပြီး ခိုးနား ထောင်ရန် နီးကပ်လာကာ နှစ်ယောက်သား ထိပ်တိုက်တွေ့ပါက သူ၏သေးငယ်သော အပြုအမူများအား ဖော်ထုတ်မိမည်ကို စိုးရိမ်နေသည်။

"မင်း ဘယ်လိုလုပ်လိုက်တာလဲ!"

ကျုံးစစ်ချီ အံ့အားသင့်သွားကာ သူ့ဦးလေးသည် ယခုအချိန်တွင်ပင် သူ့ အဒေါ်အားအကူအညီမတောင်းဘဲ ဆူပူကြိမ်းမောင်းခြင်းဖြင့် စတင်ခဲ့သည်။

ကိုယ့်ကို အစာကျွေးသည့်လက်အား ပြန်ကိုက်နိုင်သည့်စွမ်းရည်က ကျုံးစစ်ချီရဲ့ လက်လှမ်းမှီမှုထက် တကယ်ကိုကျော်လွန်သွားခဲ့ပြီ။

"ယောက်ျား၊ အဲ့တာက သက်သေမရှိလို့…."

မဒမ်ကျုံး၏အသံမှာ ချီတုံချတုံဖြစ်ပြီး သူအွန်လိုင်းပေါ် မှရရှိသည့် သတင်းကြောင့် စိတ်ရှုပ်ထွေးနေပုံရသည်။

" တိတ်စမ်း၊ မင်းရဲ့ ထင်ရာစိုင်းတဲ့လုပ်ရပ်တွေက ငါ့အတွက် အားလုံးကိုပျက်စီးစေတယ်ဆိုတာ မင်းသိလား? ဒါက ငါတို့ရဲ့လျှို့ဝှက်ကိစ္စပဲ၊ ဘာလို့ တခြားသူတွေကို ပြောလိုက်ရတာလဲ၊ အဲဒါတွေလုပ်ဖို့ Ladies's Clubအဖွဲ့ နဲ့ ဘာလို့ ပူးပေါင်းရမှာလဲ? အခုတော့ ပြန်ထိပြီမဟုတ်လား! ဒါရိုက်တာနဲ့ ထုတ်လုပ်သူက ငါ့ကို ဘယ်လိုပြောခဲ့လဲ မင်းသိလား? သူ တို့က ငါ့ကို စင်ပေါ်မတက်စေချင်ဘူးကွ။ သူတို့က ငါ့ကို နောက်လာမဲ့ရှိုးတွေမှာတောင် မပါစေချင်ဘူး၊ ငါ ဒီလောကမှာရှိနေတာ နှစ် အတော်ကြာနေပြီ၊ အခုတော့ ငါ ဒီလိုဆက်ဆံခံနေရတယ်။ အဲ့တာတွေ အားလုံး မင်းကြောင့်ပဲ၊"

အံဝင်ခွင်ကျဖြစ်ခြင်းအတွက် ဂုဏ်ယူနေသည့် ကျုံးချွမ်သည် မဒမ်ကျုံးနှင့် ကွာရှင်းပြတ်စဲရန် ဆွေးနွေးနေချိန် ကပင် ဤကဲ့သို့ရက်စက်ခြင်းမျိုး တစ်ခါမှမရှိခဲ့ပေ။ ဤပေါက်ကွဲသံသည် မဒမ်ကျုံးအား အံ့အားသင့်သွားစေ သည်။

"ယောက်ျား.. ယောက်ျား ကျွန်မတောင်းပန်ပါတယ်၊ သူတို့ ကျွန်မကို ဒီလိုပြန်တိုက်ခိုက်မယ်ဆိုတာ မသိခဲ့ဘူး၊ ကျွန်မ တကယ် မသိခဲ့ဘူး..."

ကျုံးချွမ် စကားများများပြောလေလေ၊ ဒေါသပိုထွက်လေလေဖြစ်ကာ လုံးလုံးမှားသွားသလိုခံစားလာရသည်။ သူက ယုရို့ရင်အား ဘယ်တုန်းကမှ အခွင့်ကောင်းမယူခဲ့ပေ၊ အဲ့တာက မအောင်မြင်တဲ့ အဆိုပြုချက်တစ်ခုပဲ၊ ဘာကြောင့် သူက ဒီလိုဆက်ဆံခံရမှာလဲ? သူ့ မိန်းမက အရူးဖြစ်ပြီး ယုရို့ရင်ကခွေးမပင်။

"သူတို့လင်တွေက တကယ်ယုတ်ညံ့ပြီး ဒီလိုစက်ဆုပ်ရွံ ရှာစရာကောင်းတဲ့ အရာတွေလုပ်ခဲ့တယ်၊ ငါက ဘာလုပ်မိလို့ သူတို့နဲ့အတူဝေဖန်တာခံရမှာလဲ? ဒီနှစ်တွေထဲမှာ ငါဘယ်လိုလူလဲဆိုတာ မင်း လည်းသိတယ်မဟုတ်လား? သားသမီးမမွေးနိုင်လို့ ငါ မင်းကို အပြစ်တင်ခဲ့ဖူးလား? တခြားသူတွေကိုတောင် အဲ့တာက ငါ ကလေးမလိုချင်လို့ဆိုပြီးပြောခဲ့သေးတယ်။ ငါ မင်းကို ပိုကြင်နာခဲ့တာ၊ အဲ့တာအတွက် ဒါ မင်းငါ့ကို ပြန်ဆပ်တဲ့နည်းလား!"

"မဟုတ်ဘူး၊ ယောက်ျား၊ ကျွန်မ ယုရို့ရင်နဲ့ပဲ ဖြေရှင်းချင်တာ၊ ဒါက မတော်တဆမှုတစ်ခုပါ၊ ကျွန်မ ရှင့်ကို ဘယ်လိုလုပ် ဆန့်ကျင်ရမှာလဲ?"

ကျုံးချွမ်က "မင်း ဒီကိစ္စကို ရှင်းဖို့ နည်းလမ်းရှာထားတာ၊ မဟုတ်ရင် ငါ တို့အိမ်ထောင်ရေးက တကယ်ကို ပြီးပြီပဲ"

မဒမ်ကျုံး၏ အသံသည် ရပ်တန့်ပြီး တိတ်ဆိတ်သွားသည်။ အဲ့တာကကျုံးချွမ် စိတ်မရှည်တော့သည့် အချိန်အထိဖြစ်ပြီး ထို့နောက် မဒမ်ကျုံး က ဖြည်းညင်းစွာပြောလိုက်သည်၊ " ယောက်ျား၊ ကျွန်မတို့ အိမ်ပြန် ရောက်မှ ဒီကိစ္စကို ပြောကြရအောင်။ ဒါက မြန်မြန်ဖြေရှင်းလို့မရဘူး"

သူ ကိုင်တွယ်ရန် ရည်ရွယ်ထားသည်ကို တွေ့ လိုက်ရသဖြင့် ကျုံးချွမ် ချက်ခြင်းသက်သာရာရသွားသည်။ ကံကောင်းထောက်မစွာပင်၊ သူသည် ပဏာမခြေလှမ်းကို သိမ်းပိုက်နိုင်ခဲ့သည်။ အကယ်၍ မဒမ် ကျုံးသည် ယခင်ဖြစ်ရပ်များနှင့် ပတ်သက်၍ဇဝေဇဝါဖြစ်ရန် ဤ အခိုက် အတန့်ကို ရွေးချယ်ခဲ့မည်ဆိုလျှင်၊ ယင်းသည် အမှန်ပင် ဒုက္ခဖြစ်ပေလိမ့်မည်။

ကျုံးစစ်ချီသည် ကျုံးချွမ်၏ကြောင်သူတော် အပြုအမူအား ဘေးမှကြည့်ကာစကားမပြောတော့နိုင်ပေ။ သို့ပေမယ့် ပိုလို့တောင်ပြောစရာပျောက်ရှရသည်က မဒမ်ကျုံးဟာ ကျုံးချွမ်အားလက်မလျော့နိုင်သေးတာပင်။

သူ နောက်ထပ်အစီအစဉ်တစ်ခုအား စဉ်းစားရန်လိုနေပုံရသည်။

တစ်ဖက်တွင် ပြဿနာရှာသူ ထွက်သွားပြီးနောက် ဒါရိုက် တာနှင့် ထုတ်လုပ်သူတို့သည် ဇာတ်ပို့သရုပ်ဆောင်များအား စင်ပေါ်တက်၍တွေ့ ဆုံမေးမြန်းရန်စီစဉ်ပေးခဲ့သည်။

ထိုလှုပ်ရှားမှုသည် အင်တာနက်အသုံးပြုသူများ၏ နှလုံး သားအား သဘာဝအတိုင်းဖမ်းစားနိုင်ခဲ့သည်။

အရင်တုန်းကတော့ ဝါရင့်သရုပ်ဆောင်များအပေါ် တွယ် ကပ်နေသည့် မြေခွေးမများအား လူတွေကကြောက်ကြပေမယ့် ယခုတော့ ချောမောလှပသည့် ယုရို့ရင်ကို နှောင့် ယှက်နေသည့် တဏှာရူးအိုကြီးများအားကြောက်နေကြသည်။

မင်းသမီးချောလေးများ တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ထက်သို့ တက်လာသည်နှင့်အမျှ မင်းသမီးတိုင်းကို ချီးကျူးဂုဏ်ပြုမှုများ ထပ်မံထွက်ပေါ်လာခဲ့သည်။

သို့ပေမယ့် အစီအစဉ်တင်ဆက်သူ၏ အင်တာဗျူးများ တိုးတက်လာ သည်နှင့်အမျှ ဒီမင်းသမီးတွေဟာ အဲဒီလို ကင်မရာများနှင့် ရင်ဆိုင်ဖို့ ကျင့်သားရ မနေတော့ကြောင်း ထင်ရှားလာခဲ့ပြီး အချို့ ကတော့ လွန်ခဲ့ သည့် နှစ်ပေါင်းများစွာက အရှုပ်တော်ပုံများကြောင့် ဖျော်ဖြေရေးနယ် ပယ်မှ ထွက်ခဲ့ရ၍ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ သိသိသာသာ ခံစားရပြီး တစ်ချို့က သူတို့ကို ရင်ဆိုင်ဖို့ပင် ကြောက်ရွံ့ခဲ့ကြသည်။

"မင်း နည်းနည်းတော့ စိတ်လှုပ်ရှားနေပုံရတယ်" ဟု MC ပြုံးပြီးပြောလိုက်သည်။

"နားလည်ပါတယ်၊ နောက်ဆုံးတော့၊ အဲဒါက ခုနစ်နှစ်ရှိပြီ။"

မင်းသမီးက ပြုံးပြီးခေါင်းညိတ်ကာ "ဟုတ်တယ်၊ ခုနှစ်နှစ်ရှိပြီ။"

"ဒါပေမယ့် အခုလေးတင်ဖျော်ဖြေတင်ဆက်မှုမှာ မင်း အရမ်းကိုသဘာဝကျပြီး အရမ်းတော်တယ်။"

"ကျွန်မ ဖျော်ဖြေရတာကြိုက်လို့ပါ။"

တခြားသူများမှ ထိုကဲ့သို့ပြောခဲ့မည်ဆိုလျှင် ၎င်းက တရားဝင်အဖြေတစ်ခုဟု ထင်ရပေမယ့် သူတို့ဆီက ထွက်လာသည်မှာ အထူးသဖြင့် စစ်မှန်သည်ဟုခံစားရသည်။

မကြိုက်ရင် စင်ပေါ်ကနေ အကြာကြီးဝေးကွာခဲ့ပြီးမှ ဘယ်လိုလုပ်ပြောင်မြောက်အောင်စွမ်းဆောင်နိုင်ပါ့မလဲ?

အစီအစဉ်တင်ဆက်သူက ပြုံးပြီး "မင်း ဒီ comeback တိုက်ပွဲကို လှလှပပလေးအနိုင်ယူပြီးသွားပြီ။ အင်တာနက်အသုံးပြုသူ တော်တော်များများက မင်းနောက်တစ် ခါထပ်လုပ်မယ့်အချိန်ကို စောင့်မျှော်နေကြတယ်"

မင်းသမီး၏အပြုံးသည် ပိုသဘာဝကျလာသော်လည်း နှုတ်မှစကားများ ထွက်မလာခင်အထိသာဖြစ်သည်။

"ပြဇာတ်ထဲမှာ လွတ်လွတ်လပ်လပ်ဖျော်ဖြေခွင့်ရတာက ကျွန်မအတွက် ကျေနပ်စရာဖြစ်နေပါပြီ။ လောင်ရှစ်ကျီဖေးနဲ့ လောင်ရှစ်ချင်ကျောက်တို့ကို ကျေးဇူးတင်မိပါတယ်၊ အကောင်းနဲ့အဆိုးက နောက်ဆုံးမှာလုပ်ခဲ့တဲ့အတိုင်းဖြစ်လာမှာလို့ ကျွန်မကို နားလည်စေခဲ့ တယ်။ ကျွန်မဖျော်ဖြေရေးလောကကနေ လုံးဝအနားယူလိုက်ပြီး နောက်တစ်ကျော့ပြန်လာဖြစ်မှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် ကျီလောင်ရှစ်နဲ့ ချင်လောင်ရှစ်ကသာ ကျွန်မကို လိုအပ်လာခဲ့ရင်တော့ အချိန်မရွေးဆန္ဒရှိပါတယ်။"

All Chapters