← Chapters

အခန်း (၁၄၂)

Vol. 15 Ch. 142

အခန်း (၁၄၂)

Vol. 15 Ch. 142

ထိုစကားများပြောပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်သည့် comment များအား မဖော်ပြပဲတောင် အောက်တွင် ရှိနေသည့်ပရိသတ်များနှင့်ပင် နောင်တရစရာများထွက်လာကြသည်။

အခြားသောမင်းသမီးများကလည်း အလားတူ အဖြေများပေးပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု၏ comment များတွင် ရင်တွင်းစကားသံများဖြင့် ပြည့်နှက်နေခဲ့သည်။ မင်းသမီးဘယ်နှစ်ယောက်တောင် ဆုံးရှုံးခဲ့ရတာလဲ!

သူတို့ချောမောလှပတဲ့ ကျဲကျဲတွေကိုမြင်ချင်သေးတယ်လေ။

ဒေါသထွက်နေသည့် အင်တာနက်အသုံးပြုသူများသည် အဆိုပါ ညစ်တီးညစ်ပတ်ယောက်ျားများနှင့် ကြံရာပါ မိန်းမများအား ထပ်မံကဲ့ရဲ့ရှုတ်ချခဲ့ကြသည်။

အစီအစဉ်တင်ဆက်သူကတောင်မှ " မင်းတကယ်မစဉ်း စားတော့ဘူးလား? အနည်းဆုံးတော့ ဒီဇာတ်ခုံပြီးရင် မင်းရဲ့ သရုပ်ဆောင်အလုပ်တွေက ပိုအဆင်ပြေလာလိမ့်မယ်လေ။"

နောက်ဆုံးတွင်၊ ထိပ်တန်းအဖွဲ့သည် ၎င်းတို့အတွက် ကောင်းမွန်သည့် လမ်းကြောင်းအားခင်းပေးခဲ့ကြောင်း လူတိုင်းမြင်နိုင်သည်။ အနာဂတ်တွင်၊ ဈေးကွက်ရှာဖွေ ရေးအကောင့်များ ကောလာဟလများ သို့မဟုတ် အခြားသူတို့အာ ရိုက်ခတ်နေသည့်တိုင် အင်တာနက်အသုံးပြုသူများသည် ၎င်းတို့အား အလွယ်တကူယုံကြည်ကြတော့မည်မဟုတ်ပေ။

တကယ်တော့ ဖေးမင်ရွှမ်သည် သူတို့အားလုံးဟာ အရည် အချင်းရှိသူတွေဖြစ်၍ စာချုပ်ချုပ်ချင်သောကြောင့် သူတို့ထံတက်ကြွစွာချဉ်းကပ်ခဲ့သည်။

သို့သော် သူတို့အားလုံးငြင်းဆိုခဲ့ကြသည်။ သူတို့၏ စိတ် နှလုံးသည် ယခုအခါငြိမ်သက်နေသောကြောင့်ဖြစ်နိုင် သည်။

မင်းသမီးက ပြုံးပြီး " အင်း၊ ကျွန်မရဲ့ ရည်ရွယ်ချက်က ဘယ်တော့မှ Come Back လုပ်ဖို့မဟုတ်ဘူး” ဟု ပြောလိုက်သည်။

အစီအစဉ်တင်ဆက်သူက ထိုမင်းသမီးများ၏မျက်လုံးများထဲမှ မတူတာကိုသတိထားမိပုံပေါ်ပြီး " မင်းနာမည်ကိုတစ်ခါတည်းရှင်းဖို့ လုပ်တာအပြင်တခြားအကြောင်း ပြချက်ရှိသေးလား?"

အားလုံးချက်ချင်းပင် စူးစမ်းချင်စိတ်ဖြစ်လာပြီး စင်ပေါ်ရှိ မင်းသမီးများအားလှမ်းကြည့်ကြသည်။

မင်းသမီးများသည် အပြုံးချင်းဖလှယ်ကြသည်။

"ကျွန်မတို့ရဲ့ နာကျင်စရာသင်ခန်းစာတွေနဲ့ ဖျော်ဖြေရေးနယ်ပယ်အတွက် ကိုယ့်ကိုယ်ကို သက်သေထွက်ဆိုဖို့ ထွက်လာခဲ့ပြီး အနာဂတ်မှာ ကျွန်မတို့နဲ့ အလားတူကံကြမ္မာကို ရင်ဆိုင်ရတဲ့မင်းသမီးတွေဟာ သူတို့ ကိုယ်သူတို့ကာကွယ်ဖို့ ခိုင်ခံ့တဲ့အကာအရံတွေရှိကြသလို အမှောင်ထဲမှာပုန်းနေတဲ့ နတ်ဆိုးတွေက နောက်ထပ်ဘယ် တော့မှ သူတို့ဆီကို ညစ်ပတ်တဲ့လက်တွေ ထပ်မဆန့်နိုင်တော့ဖို့ မျှော်လင့်ပါတယ်။"

မင်းသမီးများထဲမှတစ်ဦးက ယုရို့ရင်အား သပိတ်မှောက်ရန်ဇနီးသည်များအသုံးပြုခဲ့သည့် စကားလုံးများကိုပင် ရယ်မောစွာကိုးကားဖော်ပြခဲ့သည်။

" သူတို့ရဲ့အရည်အချင်းပေါ်မူတည်ပြီး ရာထူးရှိသူတွေကို လေးစားရမယ်။ လက်လှမ်းမီတဲ့ နည်းလမ်းတွေ၊ ကျေး ဇူးပြုပြီး ဖျော်ဖြေရေးလုပ်ငန်းကနေ ထွက်သွားပါ။ မင်းကို ဒီမှာမကြိုဆိုဘူး!"

ထိုစကားများပြောသောအခါ ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားသည်။ သို့ ပေမယ့် သူတို့ပြောပြီးသည့် နောက်တွင် မိုးခြိမ်းသံများထွက်ပေါ်လာပြီး အချိန်အတော်ကြာအောင်တည်တံ့နေခဲ့သည်။

Comment များသည် ၎င်းတို့အား ဆက်နေရန်ဆွဲဆောင်ခြင်း၊ ၎င်းတို့၏အရည်အချင်းများအား ငိုကြွေးခြင်း သို့မဟုတ် ထိုလူဆိုးများကိုကျိန်ဆဲရန် ကြိုးပမ်းခြင်းများ မရှိတော့ပေ။ အဲဒီအစားမင်းသမီးများ၏ စကားများကိုသာ ထပ်တလဲလဲပြောနေကြသည်။

သူတို့၏စွမ်းရည်မှာနည်းပါးပြီး သူတို့လုပ်နိုင်တာတွေကို ကန့်သတ်ထားသော်လည်း ဖျော်ဖြေရေးနယ်ပယ်က သရုပ်ဆောင်တွေအတွက် ခက်ခဲသည့်အခြေအနေကို ပြောင်းလဲရန်တတ်နိုင်သလောက် ရပ်တည်ဖို့ရွေးချယ်ခဲ့ကြသည်။

သူတို့သည် မင်းသမီးများဖြစ်ကြသည်၊ အရင်းရှင်များ ၏ကစားစရာများမဟုတ်ဘဲ ယောက်ျားများ၏အကြည့်အောက်မှအရာဝတ္ထုများ မဟုတ်ပေ။

ဖြတ်လမ်းလိုက်ချင်သည့် မင်းသမီးတချို့ရှိကောင်းရှိနိုင်ပေမယ့် မင်းသမီးအများစုကတော့ ထိုသို့ မဟုတ်ပေ။ သူတို့ထဲက အတော်များများသည် ယောက်ျားများ၏ အကျည်းတန်သည့် ဆန္ဒများထဲအတင်းအကျပ်တွန်းပို့ခံခဲ့ရပြီး အက်ကွဲကြောင်းများထဲတွင် ရှင်သန်ဖို့ရုန်းကန်ခဲ့ကြရပြီးအောင်မြင်ခဲ့မည်ဆိုလျှင်ပင် အကျင့်ပျက်ခြစားသည့် ကောလဟာလတစ်ခု သို့မဟုတ် နှစ်ခုကြောင့် ပျက်စီးသွားနိုင်သည်။

မည်မျှပင် မတရားသော်လည်း အလင်းရောင်တစ်ခုအမြဲရှိခဲ့သည်။

ပရိသတ်များထံမှ အာရုံစူးစိုက်မှုအားကောင်းလာတာကြောင့် နောက်ဆုံးတွင် ဇာတ်ပို့မင်းသမီးယုရို့ရင်မှာ စင်ပေါ်တက်ရန်အချိန်ကျပြီဖြစ်သည်။

စင်မြင့်ပေါ်ရှိ မင်းသမီးများအားလုံးသည် ယုရို့ရင်အတွက်နေရာဖယ်ပေးပြီး ဤစင်မြင့်ပေါ်သို့ လျှောက်လှမ်းရန် စောင့်ဆိုင်းနေသကဲ့သို့ ပြုံးပျော်နေကြသည်။

ယုရို့ရင်လည်း သူတို့အား ကြောင်တက်တက် စိုက်ကြည့်နေခဲ့သည်၊ နောက်ဆုံးတွင် သူတို့၏ကံကြမ္မာသည် တစ်ချိန်ကအလားတူပင်။

ယုရို့ရင် ညင်သာစွာပြုံးပြပြီး နောက်ပြန်လှည့်ကာ လက်ကိုဆန့်ပြီး ခုန်ထွက်လာသည့် ကျီဖေးအား ထူပေးလိုက်သည်။ ချင်ကျောက်သည် သူတို့ နောက်မှလိုက်သွားလေသည်။

သုံးယောက်သား စင်ပေါ်သို့တက်ကြသည်။

လက်ခုပ်သံများသည် ခန်းမတစ်ခုလုံးတွင် တစ်ဖန်ပြန် လည်ထွက် ပေါ်လာပြီး "ဖေးမိသားစု အသက်ရှည်ပါစေ" နှင့် "ဖျော်ဖြေရေးနယ်ပယ် ကို သန့်ရှင်းအောင်လုပ်ပေးပါ!" ဟူသော commentများက ပို၍ကျယ်လောင်လာခဲ့သည်။

ယုရို့ရင် အင်တာဗျူးလုပ်နေချိန်တွင်၊ ချင်ကျောက်နှင့် ကျီဖေးတို့က ဖိတ်စာတစ်စောင်ကိုထုတ်ပြီး အခွင့်အရေးယူကာ ညနေခင်း၏အငွေ့ အသက်အား အထွတ်အထိပ်သို့တွန်းပို့လိုက်သည်။

ဖေးမင်ရွှမ်သည် ယုရို့ရင်အားအသိပေးထားပြီးဖြစ်သော် လည်း၊ ထို အချိန်တွင် ယုရို့ရင်သည် မျက်ရည်ကျကာ တုန်တုန်ယင်ယင်ဖြစ်နေသေးပြီး ကျီဖေးအား ချက်ချင်း ပွေ့ ဖက်ရန်လှည့်လိုက်သည်။

လေထုအခြေအနေက မှန်ကန်နေသည်၊ လူတိုင်းက ချင်ကျောက်နှင့် မဆက်ဆံချင်ကြတဲ့အတွက် မင်းသမီးများအားလုံး ကျီဖေးဆီသို့ပြေးသွားကြသည်။ အဆုံးတွင် ကျီဖေးသည် လှပသောအမျိုးသမီးတိုင်းထံမှ အနမ်းတစ်ခုစီရရှိခဲ့ပြီး ကျီဖေး၏မျက်နှာငယ်လေးသည် စိတ်လှုပ်ရှား မှုကြောင့် ချက်ချင်းနီရဲလာပြီး အားနည်းချင်ယောင်ဆောင်ရန် မေ့လျော့သွားလုနီးပါးဖြစ်သွားသည်။

ကျီဖေးသည် မျက်နှာပေါ်တွင် နှုတ်ခမ်းနီအမှတ်အသားများဖြင့် စင်ပေါ် မှဆင်းလာကာ သူ့နှလုံးသားထဲမူးနောက်နေဆဲဖြစ်သည်။

[ မိန်းကလေး အချင်းချင်းနမ်းတာ၊ ကောင်မလေးတွေရဲ့ အနမ်းက တကယ်ကိုမွှေးနေတာပဲ၊ ငါ ကံကောင်းလိုက်တာ၊ မနာလိုစိတ်ကြောင့် ယောက်ျား ဘယ်နှစ်ယောက်လောက် သေမလဲလို့တွေးမိတယ်၊ ဟား ဟားဟား]

"ရှောင်းထောင် ဒါကို အမှတ်တရဖြစ်အောင် ဓာတ်ပုံရိုက်ပေးပါဦး" ကျီဖေး ပြုံးပြသည်။

မူလကလိုပျော်ရွှင်ဖွယ်ကောင်းသည့် လေထုဖြစ်နေသေးသော်လည်း ချင်မိသားစုဝင်များအားလုံးသည် အစောပိုင်းကတည်းက သိမ်မွေ့ သည့်အမူအရာရှိသည့် ချင်ရှန့်အားတိတ်တဆိတ်စိုက်ကြည့်နေကြသည်။

ချင်ရှန့်၏အကြည့်သည် ကျီဖေးမျက်နှာပေါ်ရှိ နှုတ်ခမ်းနီအမှတ်အသားများအားစိုက်ကြည့်နေသည်။ ရှောင်းထောင်ဓါတ်ပုံရိုက်ပြီးသည်နှင့် ချင်ရှန့်က ရှေ့သို့တိုက် ရိုက်လှမ်းပြီး ကျီဖေးမတုံ့ပြန်ခင်မှာပင် သူ့အား ပွေ့ချီလိုက်သည်။

ကျီဖေးအံ့သြလွန်း၍ " ရှင်ဘာလုပ်နေတာလဲ ?!"

"ပွဲပြီးပြီ၊ အိမ်ပြန်ချိန်ရောက်ပြီ။ မင်းခြေထောက်က ဒဏ်ရာရထားတယ်၊ ကိုယ် မင်းကို ချီသွားပေးမယ်။"

[လူတွေ အများကြီးကြည့်နေကြတာ၊ ဒီလိုလုပ်ဖို့ မလိုပါဘူး!]

ကျီဖေး စကားလုံးအချို့ကြောင့် သူ့ကိုယ်သူ ရုတ်တရက် ပျောက်ဆုံးသွားကာ "တကယ်တော့ မနာတော့ပါဘူး... ကျွန်မ ဘာသာလမ်းလျှောက်နိုင်ပါတယ်" ဟု တိုးတိုးလေးသာပြောနိုင်ခဲ့သည်။

"မရဘူး"

ချင်ရှန့်သည် စကားလုံးများအား မဖြုန်းတီးဘဲ ကျီဖေးအားတိုက်ရိုက်ထုတ်လွှင့်သည့် အဆောက်အဦး၏အရေး ပေါ်ထွက်ပေါက်မှ တိုက်ရိုက်သယ်ဆောင်သွားခဲ့သည်။

ချင်ရှန့်မှာခြေတံရှည်ရှည်ဖြင့် ခြေလှမ်းကြီးများလှမ်းနေသောကြောင့် ကျီဖေးသည် သူ့အားစောင့်ကြည့်နေသည်ဟုမခံစားရပေ။ အမှန်တော့ ကျီဖေး အတွေးလွန်နေတာဖြစ်သည်။ သူတို့၏အဆင့်အတန်းကြောင့် တစ်စုံတစ် ယောက်မှ ဓာတ်ပုံရိုက်ခဲ့လျှင်ပင် ပို့စ်တင်လို့မရပေ။

ခန္ဓာကိုယ်အပူရှိန်သည် ပွေ့ဖက်မှုနှင့်အတူ ပေါင်းစပ်လာပြီး ချင်ရှန့်၏နားမလည်နိုင်စွာ ဝမ်းနည်းနေသည့်နှလုံး သားသည် တဖြည်းဖြည်းငြိမ်သက်သွားသည်။

ကျီဖေး အရမ်းတိတ်ဆိတ်နေသည်ကို မြင်လိုက်ရတော့ သူ အရမ်းတင်းကြပ်ပြီး ကျီဖေးအား စိတ်မသက်မသာဖြစ်သွားမိစေလားဟု မတွေးဘဲမနေနိုင်တော့ပေ။

သို့သော် နောက်စက္ကန့်တွင် ချင်ရှန့်သည် သူ့အတွေးလွန်နေပြီဟုသဘောပေါက်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ခြေဖဝါးသေးသေးလေးများက သူ့ခန္ဓာကိုယ်ကို အခွင့်ကောင်းယူနေသည်အား ခံစားမိ နေသောကြောင့်ဖြစ်သည်။

လမ်းလျှောက်နေခြင်းကြောင့် မတော်တဆပွတ်တိုက်မှုသက်သက်ဟု ဟန်ဆောင်နေသေးသည်။

ကားရပ်နားရာနေရာသို့ရောက်ရှိချိန် ချင်ရှန့်၏မျက်နှာသည် ထိတွေ့ မှုအားလုံးကြောင့် နီမြန်းလာသည်။

[အလှလေးတွေဆီက အနမ်းတွေ၊ ချောတဲ့ယောက်ျားဆီကထွေးပိုက်ထားမှု၊ ဘယ်လိုတောင် ထိပ်တန်းအတွေ့အ ကြုံတစ်ခုလဲ ??]

ကျီဖေး၏ဗလုံးဗထွေးရေရွတ်သံများအား နားထောင်ရင်း ချင်ရှန့် သည် ယနေ့ညတွင် သူ တကယ်ပျော်နေမှန်း သိလိုက်သည်။

သူ့အား ခရီးသည်ထိုင်ခုံတွင်ထားကာ ထိုင်ခုံခါးပတ် ချိတ်ပေးပြီးနောက် ရုတ်တရက်တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။

"ဟမ်? တခြားသူတွေဘယ်မှာလဲ?" ကျီဖေး မေးလိုက်သည်။

တံခါးပိတ်နေစဉ် ချင်ရှန့်၏လက်များရပ်တန့်သွားသည်။ သူ မေ့သွားခဲ့ခြင်းပင်၊ သူ ဖုန်းကိုထုတ်လိုက်ပြီး ကျီဖေးမှလွဲ၍ group chat ရှိ message များအားတွေ့ လိုက်ရသည်။

ပါးပါးချင် : ဒီလိုမျိုး ထားခဲ့တယ်ပေါ့ ?

မားမားချင် : ဒါက သူတို့ပြောနေကြတဲ့ မင်း မိန်းမရပြီဆိုတာနဲ့ မင်းအမေကို မေ့သွားတယ်ဆိုတာကို ခေါ်တာလား? [စိတ်လှုပ်ရှားနေသည့်.JPG]!

ချင်ရန်: အာ့တိက အခု သူ့မျက်လုံးထဲမှာ ဖေးဖေးပဲရှိတော့တယ်။ [ရယ်မောနေသည့်.JPG]

ချင်ကျောက် : [လူတိုင်းအား ဝေးရာသို့မောင်းထုတ်နေသည့်.JPG]

ချင်ရုန်: ဓာတ်ပုံ ဓာတ်ပုံ ...

၎င်းတို့အားလုံးသည် ကျီဖေးအားထောင့်မျိုးစုံမှ အလျား လိုက် ပွေ့ချီလာသည့် ချင်ရှန့်၏ဓာတ်ပုံများဖြစ်သည်။

ချင်ရှန့်၏အမူအရာမှာ ရှက်ရွံ့လာသည်။ ယာဉ်မောင်းထိုင်ခုံဆီသို့လျှောက်သွားရင်း ဓာတ်ပုံများအား မထင် မှတ်ဘဲ save မိခဲ့သည်။ (မထင်မှတ်ပဲတဲ့ 🤣🤣)

"သူတို့ စန်းတိနဲ့ အတူတူသွားဖို့စောင့်နေကြတာ၊ ငါတို့ အရင်သွားကြမယ်။"

သူတို့ အိမ်ပြန်ရောက်သည့်အခါ ကျန်လူများမရောက်သေးပေ။ ချင်ရှန့် သည် အမူအရာအားဆက်ထိန်းရန် ရွေးချယ်ခဲ့ပြီး ကျီဖေးအား သူ့အခန်းထဲသို့တောက် လျှောက် သယ်ဆောင်သွားခဲ့သည်။

သူ ကျီဖေးအားကုတင်ပေါ်သို့ချပေးပြီးသည်အထိဖြစ်ပြီး ထို့နောက် ကျီဖေး အနည်းငယ်မသက်မသာဖြစ်သွားသည်။

"ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ ရှင် ဒီကနေစပြီး အနှောက်အယှက်ဖြစ်နေစရာ မလိုတော့ပါဘူး။" ဟု အလျင်အမြန်ပြောခဲ့သည်။

ချင်ရှန့် နားလည်ထားပြီး ကျီဖေးအား စိတ်မသက်မသာ မဖြစ်စေချင်တော့ပေ။ သတိပေးချက် အနည်းငယ်ပေးပြီးနောက် ထွက်ခွာရန်ပြင်ဆင်ခဲ့သည်။

သို့သော်၊ တံခါးမှမထွက်ခွာမီတွင် ချင်ရှန့် မတတ်နိုင်ဘဲ နောက်ပြန်လှည့်ကာ "မင်း ဒီညပွဲမှာ ကောင်းကောင်းလုပ်ခဲ့တယ်။"

ကျီဖေး အံ့ဩသွားပြီး သူ ဘာကို ရည်ညွှန်းမှန်းသေချာမသိပေ။ သို့ပေမယ့် အကြောင်းတစ်ခုခုကြောင့် သူ့ ပါးစပ်ထောင့်မှာ ကွေးတတ်သွားရသည်။

"ကျွန်မလည်း ထင်ပါတယ်။"

ချင်ရှန့် ပြုံးပြီးထွက်သွားသည်။

အဆုံးတွင်၊ ဤ PK session သည် တစ်ဖက်ကို ဆုံးရှုံးခြင်းနှင့်အတူ ပြီးဆုံးသွားသောကြောင့် အောင်နိုင်သူ သို့မဟုတ် ရှုံးနိမ့်သူမရှိပေ။

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးပြီးနောက် အွန်လိုင်းပေါ်တွင် စိတ်လှုပ်ရှားမှုများလုံးဝမလျော့သွားပေ။

အရှုပ်တော်ပုံအသစ်များ ဆက်တိုက်ဆိုသလိုပေါက်ကြားလာကာ ကျီဖေးနှင့် ချင်မိသားစုဝင်များသည် အပျော်သဘောပါဝင်ရန် သူ့အခန်းထဲသို့ လာရောက်ကြကာ အမျိုးသမီးများ ဝမ်းသာအားရရှုစားစေသည်။

အများအားဖြင့်၊ အရှုပ်တော်ပုံကြီးတစ်ခု ပေါ်ပေါက်လာသည့်အခါ၊ ယခင်အရှုပ်တော်ပုံကြီးများအား လွှမ်းမိုးသွားတတ်သည်။ သို့ပေမယ့် ဒီညမှာတော့ ကံမကောင်းစွာပင်၊ ဖော်ထုတ်ခံရသူများအားလုံးသည် တူညီသည့် အကျင့်များအရ ဆိုးသွမ်းသူများဖြစ်ခဲ့သည်။ ထို့ကြောင့် အသစ်ထွက်လာတိုင်း အရင်ဟာတွေကိုဆွဲထုတ်ပြီးထပ် ခါထပ်ခါ ရိုက်မိလိမ့်မည်။ အခြားသူများအား ကျည်ဆန်ယူရန်မျှော်လင့်ခြင်းမှာ မေးခွန်းထုတ်စရာမလိုတော့ပေ။

အဓိကပရိတ်သတ်အကောင့်များသည် ၎င်းတို့၏ ပရိုဖိုင်ပုံများအား အနက်ရောင်အဖြစ်ပြောင်းလဲကာ၊ anti-fan များက ၎င်းတို့၏ idol များ အားဆောင့်အောင့်ပြီး တောင်းပန်မှုများပြုလုပ်ခဲ့ကြပြီး အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများလည်း ပြိုပျက်သွားခဲ့သည်။

ဒီညသည် ဖျော်ဖြေရေးနယ်ပယ်မှ အမှိုက်များအား ဖယ်ရှားသည့် ညပင်ဖြစ်တော့သည်။

အမည်မဖော်လိုသည့် လူယုတ်မာများအတွက်မူ အားလုံးကကြောက်လန့်တကြား တုန်တုန်ယင်ယင် ဖြစ်နေကြလေသည်။

မှန်သည်၊ မမှန်မကန်စွပ်စွဲပြီး ဒုက္ခရောက်နေသည့် ရေ ပြင်ပေါ်တွင် ငါးရှာရန် အခွင့်အရေးယူခဲ့သည့် စေတနာမဲ့အမျိုးသမီးအချို့လည်းရှိသည်။

သို့ပေမယ့် ၎င်းတို့အား မြန်မြန်ဆန်ဆန်ဖျက်ပစ်လိုက်သည်။

အမှန်တရားအား အတုမယူနိုင်သလို လိမ်လည်လှည့်ဖြားမှုသည်လည်း အမှန်မဖြစ်နိုင်ကြောင်းပြသနေတာ ဖြစ် သည်။ အနုပညာလောကအတွင်းမှ တရားသူကြီး၏ စီရင်ချက်သည် ကျားမရေးရာကို ရည်ရွယ်ခြင်းမဟုတ်ပဲ အမှန်တရားအတွက်သာဖြစ်သည်။

.....

ညဘက်တွင် ကျုံးအိမ်၌ စုံတွဲတစ်တွဲသာကျန်ခဲ့သည်။

ယနေ့ညတွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပျက်ပြားသွားသည့် သူများအသုံးပြုသည့် ဆေးကြောမှုနည်းဗျူဟာတစ်ခုမှ မရှိသည်ကို တွေ့ ပြီးနောက် မဒမ်ကျုံးသည် နောက်ဆုံးတွင် သူ့နှလုံးသားထဲမှ ဖုံးကွယ်ထားသည့် အကြံအစည်အားထုတ်ပြောခဲ့သော်လည်း ကျုံးချွမ်သည် အနည်းငယ်သတ္တိနည်းလာခဲ့သည်။

"မဒမ်၊ မင်း တကယ်သေချာရဲ့လား ? အကယ်၍ ဒါသာ မှားယွင်းသွားခဲ့ရင် ငါတို့ တကယ်အဆုံးသတ်သွားလိမ့်မယ်။”

မဒမ်ကျုံး၏အကြည့်သည် နက်ရှိုင်းပြီး "စိတ်မပူပါနဲ့ ဟန်နီရယ်၊ ကျွန်မနဲ့သာ အကုန်လွှဲလိုက်စမ်းပါ!"

All Chapters