← Chapters

အခန်း (၁၄၃)

Vol. 15 Ch. 143

အခန်း (၁၄၃)

Vol. 15 Ch. 143

ရှိုးရိုက်ကူးမှုပြီးဆုံးပြီးနောက် ကျီဖေး၏အားလပ်ရက်များစတင်ခဲ့ပြီး သူ့အားအိမ်တွင် သုံးရက်တာအနားယူခွင့်ပြုခဲ့သည်။

ထိုသုံးရက်အတွင်း သူသည် ကြီးမားစွာကသောင်းကနင်း ဖြစ်နေသည့် ဖျော်ဖြေရေးနယ်ပယ်အား ကြည့်ရှုရင်း အင်တာနက်ပေါ်အချိန်ဖြုန်းနေခဲ့သည်။

"ဖျော်ဖြေရေးနယ်ပယ်မှ တရားသူကြီး" အဖြစ် သူ့ ဂုဏ်သတင်းသည် ပိုဆန်းကြယ်လာသည်။

ဧည့်ခန်းထဲ ချင်မိသားစုများ အတူတကွစကားစမြည်ပြောနေကြသည်။

ကျီဖေး သူ့ဖုန်းအားပြရင်း ချင်ရုန်က အထိန်းအကွပ်မဲ့စွာ ရယ်မောလိုက်သည်။

ဖန်သားပြင်ပေါ် အင်တာနက်အသုံးပြုသူတစ်ဦး၏ ပူစပ်စပ် comment ဖြစ်သည်။

"ပြိုလဲဖို့အလွယ်ဆုံးပုဂ္ဂိုလ်က သူတို့ဖြစ်မယ်လို့ ငါတို့ ထင်ထားကြပေမဲ့၊ အဲ့အစား အခြားသူတွေက ပြိုလဲသွားတယ်။ ဖေးမေ့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားအချို့ ရှိတယ်ဆိုတာတော့ ငါတို့ ဝန်ခံရမယ်။"

ကျီဖေး တွေးမိသည်- [ဟမ်၊ ငါ့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အရည်အချင်းတွေ တကယ်ရှိတယ်လို့ပဲ ဆိုကြပါစို့။]

ကျီဖေး၏အတွင်းစိတ်ထဲမှ ပြောသံကိုကြားတော့ ချင်မိသားစုသည် သူ ပိုင်ဆိုင်သည့်စနစ်အကြောင်းတွေး တောနေသည် - အမှန်ပင် ဆန်းကြယ်လှသည်မဟုတ်ပါလား!

"ဒါကို ကြည့်လိုက်" ချင်ရန်က ပြုံးပြသည်။

"အခုမှစပြီး သူတို့က နင် ရွေးချယ်မယ့်သူအပေါ်မူတည်ပြီး followမယ့် သူကိုရွေးချယ်မယ်လို့ပြောထားတယ်။ အဲ့လိုမှမဟုတ်ရင် သူတို့ တကယ့်ခံစားချက်တွေ မြုပ်နှံထားပြီးမှ အနုပညာရှင်တွေနာမည်ပျက်သွားမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော ငွေကြေးပါဆုံးရှုံးသွားမှာတဲ့။"

"ဖေးဖေးက တခေတ်လွှမ်းမယ့်သူဖြစ်လာတာပဲ" ဟု မားမားချင် ရယ်မောရင်းပြောသည်။

" ငါ့ရဲ့ Weiboက private chat မှာ စစ်မှန်ကြောင်းသက် သေပြဖို့ တောင်းဆိုနေတဲ့သူတွေနဲ့ ပြည့်နှက်နေတယ်။ ငါကြည့်ရတာ စစ်မှန်ကြောင်းအတည်ပြုတဲ့ကျွမ်းကျင်ပညာရှင်ဖြစ်လာပြီပဲ" ဟု ကျီဖေးက နောက်ပြောင်ပြောဆိုခဲ့သည်။

[ တကယ်တော့ နာမည်ကြီးတွေနောက်လိုက်ရတာက လက်ထပ်ရတာနဲ့ တူတယ်။ အစမှာ ကောင်းနိုင်ပေမဲ့ အဆုံးမှာတော့ အားလုံးက အသိစိတ်အပေါ်မှာ မူတည်နေရော အနာဂတ်မှာ ဘယ်သူက ကျေးဇူးတရားကနေ ကျဆုံးနိုင်မလဲဆိုတာ ငါတကယ် ခန့်မှန်းလို့မရဘူး။]

ချင်မိသားစုက ထိုသဘောထားကိုသဘောတူသည်။

"စကားမစပ် ယုရို့ရင်ကို အခု မင်းစတူဒီယိုက အနုပညာရှင်တစ်ယောက်လို့ သတ်မှတ်လို့ရပြီလား ?" မားမားချင်က ယောင်ဝါးဝါးမေးသည်။

ချင်ရှီနှင့်ကစားနေသည့် မော်ဒယ်တစ်ယောက်အဖြစ် လုပ်ကိုင်နေသည့်ချင်ကျောက်မှ အချိန်ကိုကြည့်ကာ

"အခုဆိုရင်တော့ ဖြစ်လောက်ပါပြီ။ ဒီနေ့ ဖေးမင်ရွှမ်က သူ့အရင်ကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်းပြီးရင် သူနဲ့ တရားဝင် လက်မှတ်ထိုးမှာ"

"မင်း သူ့ကို စာချုပ်မှာအမြတ်မထုတ်တာ ပိုကောင်းမယ်" ဟု မားမားချင်က မထိန်းနိုင်ဘဲပြောလိုက်သည်။

"သနားစရာကောင်းတဲ့ ကောင်မကလေး"

ပါးပါးချင်နှင့် မားမားချင်တို့ နှစ်ဦးစလုံးသည် ကြင်နာတတ်သူများဖြစ်သောကြောင့် ၎င်းတို့သည် ယုရို့ရင်အတွက် ဝန်ထမ်းအကျိုးခံစားခွင့် များပေးဆောင်ရန် ဆုံးဖြတ်ထားပြီး သူ့ အဖွားအား ပြန်လည်ထူထောင်ရေးနှင့် ပြုစုစောင့်ရှောက်မှုအတွက် ချင်အဖွဲ့ အစည်းလက် အောက်ရှိ အကောင်းဆုံးပြန်လည်ထူထောင်ရေးစင်တာသို့ တိုက်ရိုက်လွှဲပြောင်းကူညီပေးခဲ့သည်။ ချင်ရန်က ၎င်းကို ကိုင်တွယ်ရန်တာဝန်ယူခဲ့သည်။

ချင်ကျောက်က " ကျွန်တော်တို့က အမြတ်ထုတ်မဲ့ပုံပေါ်လို့လား ? စာချုပ်က သူ့ကို လွတ်လပ်မှုအမြင့်ဆုံးပေးမှာပါ" ဟု ဒေါသတကြီးတုံ့ပြန်ခဲ့သည်။

ကျီဖေးက ပြုံးပြီး " ဖေးကျဲသာဆိုရင် အစီအစဉ်က ယုရို့ရင်ကို နိုင်ငံတကာဆုရ မင်းသမီးဖြစ်ဖို့ အန္တိမရည်မှန်း ချက်နဲ့ ကြီးမားတဲ့ပုံရိပ်အတွက် လက်သပ်မွေးဖို့စီစဉ်နေလောက်မှာ။ ယုရို့ရင်ရဲ့ ပင်ကိုယ်စွမ်းရည်ကြောင့် သူ့ရဲ့ အနာဂတ်တန်ဖိုးက တိုင်းတာလို့မရဘူး။"

ယုရို့ရင်သည် ဤနေရာအထိရောက်ရှိလာသည့်အတွက် အားလုံးကျေနပ်နေကြသည်။

သူတို့စကားပြောနေတုန်း ကျီဖေး ဖုန်းကတုန်ခါသွားသည်။ ၎င်းအား ပေါ့ပေါ့ဆဆကြည့်လိုက်ရာ သူ့ Weibo အကောင့်သို့ သီးသန့်မက်ဆေ့ချ်တစ်ခု ပေးပို့ထားသည်ကို တွေ့လိုက်ရသည်။

"မင်း တစ်ခုခုရိုက်ကူးဖို့ အချိန်ရလား ?"

ကျီဖေး ခဏတာ အံ့အားသင့်သွားသည်။

[ အိုး၊ အခုမှ မှတ်မိတယ်။ အရင်က ငါ ဒီအကောင့်ကို paparazzi အဖြစ်ဟန်ဆောင်ပြီး ပေါက်ကြားနေတဲ့ ဗီဒီယိုတွေကို မားကတ်တင်းအကောင့်တွေဆီ ရောင်းဖို့ အသုံးပြုခဲ့တာပဲ။ သူက ငါ့ကို တစ်ခုခု ရိုက်ခိုင်းချင်တာလား? သူ တကယ် ငါ့ကို paparazzi လို့ထင်နေတာလား? ကောင်းပြီလေ၊ ဘယ်လိုအတင်းအဖျင်းတွေ ဖမ်းဖို့လိုမလဲကြည့်လိုက်ရအောင်...]

ပထမတော့ ချင်မိသားစုသည် ထိုရုတ်တရက် အဖြစ်အ ပျက်လေးအား သိပ်ဂရုမစိုက်ဘဲ ကျီဖေး၏အတွင်းစိတ်ထဲမှ အသံက သူတို့နားထဲသို့ပေါက်ကွဲထွက်မလာခင်အထိပင်။ သတိမမူမိသည့် ချင်ရှီမှလွဲ၍ ကျန်လူများ၏ ခန္ဓာကိုယ်များသည် နားရွက်များအား ဖုံးကွယ်လုနီးပါး စောင်းသွားကြသည်။

ဘာလဲ...ဘာဖြစ်နေတာလဲ...?!

[ သူတို့က ငါ့ကိုဟိုတယ်တစ်ခုကိုသွားပြီး ယုရို့ရင်နဲ့ ကျုံးချွမ်တို့ တွဲနေတဲ့ ဓာတ်ပုံတွေကို ရိုက်စေချင်နေတာ။]

ချင်မိသားစု : ဘာ ? တစ်လောကလုံးက ယုရို့ရင်ကို အပြစ်ကင်းတဲ့ နစ်နာသူအဖြစ်သိထားကြတာလေ၊ ယုရို့ရင်နဲ့ လုံးဝလုံးထွေးခဲ့ကြတာက ကျုံးစုံတွဲဆိုတာကို ခန့် မှန်းထားပြီးသားလေ။ ဒီလိုအချိန်မျိုးမှာတောင် ဒီလိုမျိုး အချစ်ရေးဓာတ်ပုံတွေလာတောင်းတဲ့ အရူးတွေကရှိသေးတယ် ??

ကျီဖေး တည့်တည့်မတ်မတ်ထိုင်ကာ လက်မထောင်ပြီး ဒေါသတကြီး ဖြင့် သူ့ဖုန်းပေါ်ရှိ အခြေအနေအားမေး မြန်းရန် မက်ဆေ့ချ်တစ်စောင် ချက်ချင်းပို့လိုက်သည်။

[ဘာ ? ယုရို့ရင်က ဒီနေ့ည XX Hotelရဲ့ အခန်း YY ထဲမှာ ကျုံးချွမ်နဲ့တွေ့ လိမ့်မယ်လို့ တစ်စုံတစ်ယောက်က မားကတ်တင်းအကောင့်တွေဆီကို လျှို့ဝှက်သတင်းပေးခဲ့တယ်။ အဲ့ဒါကြောင့် မားကတ်တင်းအကောင့်တွေက မျက်မြင်ဓာတ်ပုံရိုက်ကူးဖို့ စွမ်းဆောင်ရည်ရှိတဲ့ paparazzi တွေကို နေရာတိုင်းမှာ လိုက်ရှာနေကြတယ်။ အဓိပ္ပါယ်မရှိလိုက်တာ၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!]

ချင်မိသားစုသည်လည်း အဓိပ္ပါယ်မဲ့သည့် လုပ်ကြံဖန်တီးထားကြောင်းသိရှိခဲ့သည်။

မားကတ်တင်းအကောင့်များသည် အမှန်တရားကိုပိုင်း ခြားမရသော်လည်း အခွင့်အရေးအား လက်လွှတ်ရမည့်အစား သတိထား၍အမှားလုပ်ရန လိုလားကြသည်။ ထို့ ကြောင့် ဓာတ်ပုံရိုက်ရန် paparazzi များအား ကျေကျေ နပ်နပ်ကြီး ပိုက်ဆံပေးခဲ့ကြသည်။

အကယ်၍ ၎င်းတို့သည် ဤအချက်တွင် ခိုင်မာသည့် အထောက်အထားများရရှိနိုင်ပါက၊ ၎င်းသည် ချက်ချင်းပင် လမ်းကြောင်းပြောင်းသွားပြီး ကြီးမားသည့် အသွား အလာကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ယုရို့ရင် ဒုက္ခ ရောက်ရုံသာမကဘဲ သူ့အားကူညီခဲ့သည့် ထိပ်တန်းမင်းသမီးများနှင့် ထိပ်တန်းအနုပညာရှင်များ အားလုံးလည်း ဒုက္ခရောက်ကြမည်ဖြစ်သည်။

ကျီဖေးသည် ဖန်သားပြင်၏တစ်ဖက်ခြမ်းမှ စိတ်လှုပ် ရှားမှုကို ခံစားနိုင်သည်။ အမှန်တော့၊ ဤမားကတ်တင်းအကောင့်များအတွက်၊ အပြင်းထန်ဆုံးသောသတင်းများရရှိခြင်းသည် ရတနာတစ်ခုအားကိုင်ဆောင်ထားသကဲ့သို့ဖြစ်သည်။

ဓာတ်ပုံများ ရရှိလျှင် ဆွေးနွေးပွဲအတွက် စောင့်ဆိုင်းရင်း သတင်းများ အား အရင်ဖွလိမ့်မည်ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကျေနပ်ပါက သို့မဟုတ် ပြိုင်ဘက်က ငွေပိုပေးမည်ဆိုပါက အချက်အလက်အားထုတ်ပြန်မည်ဖြစ် သည်။

ကျီဖေးသည် ပြီးခဲ့သည့်တစ်ကြိမ်က သီးသန့်အကြောင်း အရာအား ဖော်ပေးခဲ့သောကြောင့် မားကတ်တင်းအကောင့်မှ သူ့အား အလွန်ကြောက် စရာကောင်းသည့် paparazzi ဖြစ်သည်ဟု ယူဆခဲ့သည်။ သာမန် paparazzi များသည် ထိုသို့သော သီးသန့်ဆက်တင်များအား မဖမ်းမိနိုင်ဟုထင်ကာ ပူးပေါင်းလုပ်ဆောင်ရန် သူ့ထံဆက်သွယ်ခဲ့ကြသည်။

[ ဟားဟား၊ နင်က ငါ့ရဲ့ "ဖျော်ဖြေရေးနယ်ပယ်က တရား သူကြီး" ဆိုတဲ့ သရုပ်ကို ဖျက်ဆီးချင်နေတာလား? အိပ် မက်မက်နေတာလား... အယ် ? ဘာပဲဖြစ်ဖြစ် ငါလည်း ဒီသရုပ်ကိုအထူးထိန်းသိမ်းထားချင်တာမျိုးမှ မဟုတ်တာ? ကျစ်၊ ဘာပဲဖြစ်ဖြစ်၊ ငါ စုံစမ်းကြည့်ဖို့လိုတယ်!]

ချင်းမိသားစုသည် ဆိုဖာပေါ်ထိုင်ကာ အဖြေကိုစောင့် ဆိုင်းရင်း ချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။ နားလည်မှုလွဲမှားခြင်းဖြစ်မည်ဟု သူတို့ယုံကြည်ကြသည်။

သို့ပေမယ့် နောက်တစက္ကန့်မှာပင် ကျီဖေးထံမှ ပေါက်ကွဲသံများအားကြားလိုက်ရသည်။

[ဘယ်လိုတောင် စက်ဆုပ်စရာကောင်းတဲ့ စုံတွဲလဲ၊ သူတို့က ယုရို့ရင်ကိုထိန်းချုပ်ဖို့ တကယ်ကြီးပူးပေါင်းကြံစည်နေကြတယ်။]

ချင်မိသားစု တုန်လှုပ်သွားသည်။ အခုအချိန်အထိတော့ ယုရို့ရင်နှင့် ကျုံးစုံတွဲတို့ နှစ်ဖက်စလုံးက ဒီကိစ္စအား အေးအေးဆေးဆေးငြိမ်းသတ်ဖို့ ရည်ရွယ်ထားကြောင်း သက်သေပြဖို့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးချေ။

ယုရို့ရင်၏အမြင်အရ သူ ဘာမှသက်သေမပြနိုင်ဘဲ ရှေ့ ဆက်သွားရမည့် နိယာမကိုနားလည်သည်။ အင်တာနက်သုံးစွဲသူများ၏ကိုယ်ချင်းစာမှုအား ပြေပျောက်အောင် မတတ်နိုင်သောကြောင့် သူတို့အားအချိတ်အဆက်မိအောင်လွှတ်ထားဖို့သာဆန္ဒရှိခဲ့သည်။

ကျုံးဇနီးမောင်နှံအတွက်မူ သူတို့သာအသိဥာဏ်ရှိမည်ဆိုလျှင် ယခုအချိန်တွင် ငုံးတွေနှိမ့်ချနေသင့်သည်။ နောက် ဆုံးတွင်၊ သူတို့အကြောင်း အတင်းအဖျင်းပြောခြင်းအား သက်သေမပြနိုင်ပေ။ တိတ်တိတ်ဆိတ်ဆိတ်နေမည်ဆိုလျှင် အကုန်လုံးကိုမှုတ်ထုတ်နိုင်သလို လူသိရှင်ကြား ပြစ်တင်ရှုံ့ချမှုများအား တောင်းပန်ပြီး လုပ်ငန်းကနေ အနားယူခဲ့ရသည့် ရှေ့ကသူများလောက် စိတ်ဆင်းရဲစရာများဖြစ်လာမည် မဟုတ်ပေ။

သို့ပေမယ့် ယခုမူ ၎င်းတို့လင်မယားနှစ်ယောက် ထပ်ပြီး ပြဿနာရှာတော့မည်ဟု ပြောနေကြသည်။

[ သူတို့က ကျုံးချွမ်ကို ယုရို့ရင်က ဖျားယောင်းခဲ့တယ်ဆိုတာကိုသက်သေပြဖို့အတွက် ယုရို့ရင်ကို မူးယစ်ဆေးနဲ့ လုပ်ကြံပြီး၊ paparazziကဓာတ်ပုံရိုက်ပြီးတော့ မားကတ်တင်းအကောင့်ထဲ ပို့ဖို့စီစဉ်နေကြတာ... Damn! ဒီတော့ မားကတ်တင်းအကောင့်က အချက်အလက်တွေရဲ့အရင်း အမြစ်က တကယ်တော့ မဒမ်ကျုံးဖြစ်နေတာကိုး။ ဒါ ကိုယ်တိုင်ညွှန်ကြားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ လိမ်လည်လှည့်ဖျားတဲ့ ဒရာမာတစ်ခုဖြစ်နေတာပဲ။]

[ရည်ရွယ်ချက်ကတော့ ယုရို့ရင်က တကယ်ပဲ ကျုံးချွမ်ကို ဖျားယောင်း ပြီး သူတို့ရဲ့ မိသားစုကိုဖျက်ဆီးဖို့ကြိုး ပမ်းခဲ့တဲ့သူ ဆိုပြီး အင်တာနက်သုံးစွဲသူတွေကို သိစေချင်နေတာ။ ဒါကို အစောပိုင်းတုန်းက မဒမ်ကျုံးက ကျုံးချွမ်ကိုကွာရှင်းချင်နေတာလို့ အထင်လွဲခဲ့ပြီး ကျုံးချွမ်က ဖျော်ဖြေဖို့အတွက် စင်ပေါ်ကိုမတက်ခဲ့တာက ယုရို့ရင်ကို ငြင်းပယ်ဖို့အတွက် ဆိုပြီးလုပ်ချင်နေတာ။]

[ သူတို့လုပ်ခဲ့တာတွေအတွက် သက်သေအများကြီးမထားခဲ့တာကြောင့်၊ ဒီပြောင်းပြန်ဇာတ်ကြောင်းကို သက် သေအဖြစ် ဆွဲဆောင်မှုရှိတဲ့ဓာတ်ပုံတွေနဲ့တွဲပြီးရင် အခြေအနေကို လုံးဝလှည့်ပစ်ပြီး သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဖြူစင်စေနိုင်တယ်။]

ချင်မိသားစုသည် အမှန်တရားအား ကြားလိုက်ရပြီး နေမကောင်းချင် သလို ဖြစ်သွားသည်! ယခင်က သူတို့လင် မယားနှစ်ယောက်သည် အရှက်ကင်းမဲ့သည်ဟုထင်ခဲ့ကြသော်လည်း ယခုချိန်မှာတော့ သူတို့နှစ် ယောက်ဟာရက် စက်ကြမ်းကြုတ်နေမှန်းသိလာကြသည်။

[ နေပါဦး၊ မဒမ်ကျုံးက အချစ်ကြောင့် ကန်းနေတာ မဟုတ်ဘူးလား? သူ ဒါကို ဘယ်လိုများသည်းခံနိုင်တာလဲ? ဘာမှဖြစ်မသွားခင် ကြားဝင်ဖို့စီစဉ်နေတာလား?]

ချင်မိသားစု- ဟုတ်တယ် ဒီလိုမှမဟုတ်ရင် အဲ့လို အရှက် ကင်းမဲ့တဲ့ကျုံးချွမ်က သူလိုချင်တာကိုရသွားလိမ့်မယ်မဟုတ်ဘူးလား?

[ ဘာ၊ သူက ကျုံးချွမ်ကို ကြားဝင်စွက်ဖက်မယ်လို့ပြော ထားပေမဲ့ ကျုံးချွမ်အပေါ်ကိုလည်း မူးယစ်ဆေးသုံးဖို့ စီစဉ်နေပြီး ဖြားယောင်းမှုကိုတကယ်အဖြစ် ပြောင်းလဲပြီး ယုရို့ရင်နဲ့ ကျုံးချွမ်ရဲ့အနာဂတ်ကို ဖျက်ဆီးပစ်မလိုပဲ။ ဒီလိုနည်းနဲ့ဆိုရင် သူ့အနားမှာ ကျုံးချွမ်ကိုထာဝရ ထိန်းသိမ်းထားနိုင်မှာ... အာ.. အဲဒါက စိတ်ကူးယဉ်ဆန်လွန်းတယ်။]

ချင်မိသားစု၏စိတ်ထဲ တုန်လှုပ်ချောက်ချားသွားကာ ရူးသွပ်ပြီး ပိုင်ဆိုင်လိုစိတ်ပြင်းပြသည့် အချစ်ဇာတ်လမ်းအား လူလတ်ပိုင်းအရွယ် version ဖြင့် ကြားလိုက်ရသလိုခံစားလိုက်ရသည်။

[ ဒါပေမယ့် လေဒီ၊ ဒီရွှေတူးသမားကို သင်ခန်းစာပေးချင်တာကိုစိတ်မရှိပါဘူး၊ ဒါပေမယ့် ကိုယ်တိုင်လုပ်လေ၊ ဘာလို့ အပြစ်ကင်းတဲ့ မိန်းကလေးကို ဒီလိုမျိုးဆွဲသွင်းရတာလဲ?!]

ချင်မိသားစုက ကျီဖေးအား အလျင်အမြန်ကြည့်လိုက်သည်။ အခု ဘာလုပ်သင့်လဲ? သူတို့ သိပြီးပြီဆိုမှတော့ ယုရို့ရင်ကို မကယ်သင့်ဘူးလား?

All Chapters