အခန်း (၁၄၄)
Vol. 15 Ch. 144
ကျီဖေး နေမထိထိုင်မသာဖြစ်နေပြီး ထွက်သွားရန် လမ်းကြောင်းရှာချင်နေသည်။
ချင်မိသားစု၀င်များလည်း အံဩနေရင်း သူမနှင့်အတူလိုက်ရန် အကြောင်းပြချက်ရှာနေမိသည်။
ချင်ပါးပါးသည် ရုတ်တရက် အကြံတစ်ခုရသွားပြီး သူ့ဖုန်းကို ထုတ်ကာ "အိုး! ချင်ရှန့်က သူ့သူငယ်ချင်း ဟို တယ်မှာအရည်အသွေးကောင်းတဲ့ ဟင်းပစ္စည်းတွေ အသစ်ရောက်လို့ ဒီညညစာစားဖို့ အတူသွားကြရအောင်တဲ့"
မားမားချင်သည်လည်း အတူပူးပေါင်းလိုက်ပြီး "ဘယ်ဟိုတယ်လဲ ?"
"XX Hotel" ပါးပါးချင်သည် အကြောင်းအရင်းအစုံအ လင်ကို တစ်ခါတည်း ချင်ရှန့်ကို စာပို့နေရင်းပြောလိုက်သည်။
ကျီဖေးသည် ဟိုတယ်နာမည်ကိုကြားလိုက်ရချိန် အံ့ဩသွားသည်။
ချင်ရန်က "အွန်း၊ ကျွန်မတို့ ညစာ သွားစားကြတာပေါ့"
ချင်ရုန်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။
ချင်ကျောက်သည် ချက်ခြင်းထရပ်လိုက်ပြီး ချင်ရှီကိုလည်း သူနှင့်အတူဆွဲခေါ်လျှက် "ကားကို အဆင်သင့်ပြင်ထားဖို့ ဒရိုက်ဘာကိုသွားပြောလိုက်ဦးမယ်"
ချင်ရှီ တစ်ယောက်တည်း ကြောင်တောင်တောင်စိုက်ကြည့်နေသည်။
ကျီဖေး တွေးမိသွားသည်မှာ - [တိုက်ဆိုင်လိုက်တာ]
ချင်မိသားစုအေးခဲသွားပြီး- သိသာသွားလား ?
[ယုရို့ရင်ကို ကောင်းကင်ဘုံကတောင် ကယ်တင်ချင်တဲ့ပုံပဲ]
ချင်မိသားစုသည် သက်ပြင်းတစ်ချက်ချကာ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။
ထိုအချိန်တွင် ချင်ရှန့်သည် စာရွက်စာတမ်းများဖြင့်အ လုပ်ရှုပ်နေစဉ် မက်ဆေ့ချ်ကိုမြင်သောအခါ တခဏ တိတ်ဆိတ်သွားပြီး အလုပ်များကိုအပြတ်ဖြတ်ကာ မိသားစုလိုက် ညစာစားရန်စီစဉ်တော့သည်။
မိသားစုတစ်စုလုံးသည် ဟိုတယ်ကို အစုလိုက်အပြုံးလိုက်ရောက်ရှိလာသည့်အခါ ဤဟိုတယ်တွင် သီးသန်းလမ်းတစ်ခုရှိသည့်အတွက်ကျေးဇူးတင်မိသည်။ သို့ မဟုတ်ပါက ချင်ကျောက်နှင့် ကျီဖေးတို့၏လက်ရှိကျော် ကြားမှုအရဆိုလျှင် ရုပ်ဖျက်ပြီးလာလျှင်တောင် ပေါ်သွားပေလိမ့်မည်။
၎င်းတို့သည် waiter ၏ဦးဆောင်မှုအောက် အေးဆေး စွာလိုက်လာသည်မှာ ကျီဖေး၏အတွေးများကို မကြားခင်အထိပင်။
[ဟူး... အချိန်မီသေးလို့ပေါ့၊ သူတို့နှစ်ယောက် အခုထိ စကားပြောနေကြတုန်းပဲ၊ ကော်ဖီထဲကို ဆေးထည့်ထားပေမယ့် ကံကောင်းတာက မသောက်ရသေးတာပဲ]
ချင်မိသားစုလည်း ချက်ချင်းစိုးရိမ်သွားသည်။ ဆေးတွေတောင်ပါလာပြီဆိုတော့ အခြေအနေက ပိုပြင်းထန်လာတာပဲ။
၎င်းတို့သည် ကျီဖေး၏အတွေးများအတိုင်း ယုရို့ရင်တို့နှင့် အနီးစပ်ဆုံးအခန်းကိုယူလိုက်သည်။ ဤဆိုင်၏အ ပြင်အဆင်သည် တဲများဖြစ်သာ ပြင်ဆင်ထားသော် လည်း အပြင်ဘက်မှ လျှောက်ပတ်ကြည့်ရင်တောင် အထဲရှိလူကို မမြင်နိုင်ချေ။
သို့သော် ဂရုတစိုက်နားထောင်ပါက စကားသံအနည်း ငယ်ကိုကြားနိုင်သေးသည်။
စားပွဲရှိ လူတစ်စုသည် ချင်ရှန့်ကိုစောင့်ရင်း ဖုန်းကြည့် ဟန်ဆောင်ကာ တိတ်ဆိတ်စွာသာနေလိုက်သည်။ ကျီဖေးသည် ခိုးနားထောင်ဖို့သာ အာရုံစိုက်နေသောကြောင့် ထိုထူးဆန်းမှုကို သတိမထားမိချေ။
ယုရို့ရင်သာ ကော်ဖီသောက်ဖို့ ပြင်လိုက်ပါက သူမ ချက် ချင်း၀င်သွားပြီး မတော်တဆ တိုက်မိဟန်ဆောင်ကာ မရရအောင်ရပ်ပြစ်မည်ဟု တွေးမိသည်။
တစ်ဖက်တဲရှိ ယုရို့ရင်၏အေးဆေးတည်ငြိမ်သော အသံသည် ပျံ့လွှင့်လာသည်။
"မဒမ်ကျုံး အခုအခြေအနေကို နားလည်ပြီလို့ ကျွန်မထင်တယ်၊ ရှင့်ခင်ပွန်းနဲ့ ကျွန်မကြားမှာ ဘာအဆက်အသွယ်မှမရှိဘူး၊ လိုင်းပေါ်က သတင်းတွေကို ရှင် ယုံတာပဲလား? ဒီကိစ္စသာ အမှန်ဖြစ်ရင် ကျွန်မ လူကြားထဲထွက်လာမှာ မဟုတ်ဘူး၊ ဒီကိစ္စကို ဒီလောက်နဲ့ပဲရပ်ဖို့ ကျွန်မမျှော်လင့်တယ်၊ အခု ကျွန်မဘဝ အသစ်တစ်ခုကိုစတင်နေပြီ၊ ရှင်နဲ့ ပတ်သက်ချင်တော့ဘူး"
[ ဘယ်လောက် အရှက်မရှိလိုက်လဲ ! မဒမ်ကျုံးက ယုရို့ရင် သူ့ကိုလာတွေ့ဖို့ တွန်းအားပေးခဲ့တာပဲ၊ သူမရဲ့ အနာ ဂတ်ကို ဖျက်စီးပြစ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့သေးတယ်၊ အဲ့တာကြောင့်မဟုတ်ရင် ယုရို့ရင်က တွေ့ဖို့ သဘောတူလိုက်မှာ မဟုတ်ဘူး၊ ယုရို့ရင်က စတူဒီယိုကို ပြဿနာမဖြစ်စေချင်လို့ သူ တစ်ယောက်တည်းဖြေရှင်းဖို့ကြိုးစားနေတာပဲ]
ချင်မိသားစုသည် မျက်မှောင်မကြုတ်ပဲမနေနိုင်လိုက်ချေ။ ယုရို့ရင်သည် လက်ရှိအဆင့်အတန်းကို အသုံးမချခဲ့ပုံပင်။ သူမသည် စတူဒီယို၏လက်မှတ်ရေးထိုးထားသော အနုပညာရှင်တစ်ဦးဖြစ်သောကြောင့် ဒီလောက်ပြဿနာလေးကို စတူဒီယိုကကိုင်တွယ်နိုင်တယ်ဆိုတာ သူ မသိဘူးပဲ။
လောလောဆယ်တော့ ယုရို့ရင် တစ်ယောက်တည်း တိုက်ခိုက်နေဆဲဖြစ်သည်။
[သူက အရမ်းရိုးသားတာပဲ၊ တစ်ယောက်တည်းတောင် လာရဲသေးတယ်၊ မတော်လို့ တစ်ခုခု...]
ချင်မိသားစုလည်း ယုရို့ရင်၏ရွေးချယ်မှုကို လက်မခံသဖြင့် ခေါင်းယမ်းလိုက်သည်။
"ဟမ့်! နင့်လို မိန်းမတွေက ဖြားယောင်းဖို့ပဲတက်တယ်၊ နင်က ငါတို့အိမ်ထောင်ရေးကို ပျက်စီးအောင် လုပ်တဲ့သူဆိုတာ ရှင်းနေတာပဲ၊ အခုမှ အပြစ်ကင်းချင်ယောင်ဆောင်သွားပြီပေါ့၊ ငါက နင့်ကိုတောင် သနားရပေးဦးမှာလား? နင့်ကို ဒီလောက်ဆွဲဆောင်မှုရှိတဲ့ မျက်နှာနဲ့ မွေးလာဖို့ ဘယ်သူပြောလိုက်လဲ"
[အဲ့ မိန်းမက ချက်ကောင်းကို ဘယ်လိုရိုက်ရမလဲဆိုတာ တကယ်သိတာပဲ]
သို့သော် ယုရို့ရင်သည် ရုတ်ချည်းပင်။
"ကျွန်မ မမှားဘူး၊ ဒါတွေအကုန်လုံးက သူ့အမှားပဲလေ၊ ရှင်တို့အပြစ်ပဲ၊ သေချာတာက ကျွန်မတို့အပြစ်မဟုတ်ဘူး!"
သူမ စကားများသည် ခိုးနားထောင်နေသော တစ်သိုက်ကို သက်ပြင်းချနိုင်သည်။ ပြောတာကောင်းတယ်!
"နင့်ကိုယ်နင် အပြစ်ရှိတယ်လို့တောင် နည်းနည်းလေး မထင်ဘူးလား"
"လှတယ်ဆိုတာ ကံကောင်းခြင်းတစ်ခုပဲလို့ ကျွန်မကို တစ်ယောက်ယောက် ပြောဖူးတယ်၊ လှနေတာက ဘာလို့ ကျွန်မ အမှားဖြစ်ရမှာလဲ? တခြားသူတွေရဲ့ အမှားတွေကြောင့် ကျွန်မ နောင်တရစရာမလိုဘူး"
"နင်... နင် မရှိတုန်းကဆို ငါတို့ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်လဲဆိုတာ သိရဲ့လား"
[အရမ်းချစ်တယ် ? ရုပ်ရှင်ရိုက်စရာရှိလို့ဆိုပြီး နှစ်ဝက်လောက် အတူမအိပ်ရတဲ့ အချစ်မျိုးလား? ဒါမှမဟုတ် သူက ရှင့်ရဲ့အဝေးကိုရောက်တိုင်း အဆက်အသွယ်ပျက်တာကရော ရှင်ပြောတဲ့အချစ်လား ? မဟုတ်မှ သူကအ ရည်အချင်းရှိလွန်းလို့ ရှင်နဲ့တောင် မထိုက်တန်ဘူးလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်? မဒမ်ကျုံးရေ ကိုယ့်ကိုယ်ကို ပြန်လိမ်နေတာတော်ပါတော့၊ သူ ရှင့်ကို ဘယ် တုန်းကမှ မချစ်ခဲ့ဘူး!]
ချင်မိသားစုများလည်း အံ့သြသွားသည်။ ဒီစုံတွဲရဲ့ ဆက် ဆံရေးက ဒီလိုကြီးလား? ဒီလိုအခြေအနေဖြစ်တာတောင် မဒမ်ကျုံးက သူ့ ကိုယ်သူ ပြန်လိမ်နိုင်ရတာလဲ?
သို့သော် ယုရို့ရင်သည် ၎င်း၏အရေမရအဖက်မရ စကားများကို နားထောင်ရန် ငြီးငွေ့လွန်းသဖြင့် "ဒါ ကျွန်မနဲ့ဘာမှမဆိုင်ဘူး၊ ရှင်တို့နှစ်ယောက် ကျွန်မကို နှောင့်ယှက်နေတာ ရပ်တန်းကရပ်လိုက်တော့ "
မဒမ်ကျုံး မရပ်တန့်ချင်သေးပဲ သူမ၏ ခံစားချက်များ သည် မီးတောင်တစ်ခုအလား ပေါက်ထွက်သွားသည့်ပမာ ပြောဆိုနေတော့သည်။
တစ်ဖက်ရှိ ချင်မိသားစုသည် မှာထားသော အအေးများကိုသောက်လျက် အချင်းချင်း တီးတိုးပြောနေကြသည်။ ၎င်းတို့၏ စကားများသည် သူတို့ဝိုင်းဆီ အထင်းသားကြားနေရသဖြင့် သူတို့သိနေကြောင်းကို ဖုံးကွယ်ထားစရာမလိုတော့ချေ။
[ မဒမ်ကျုံးက အမြဲတမ်း ဒီလောက်တောင်စကားများတက်တာလား? သူ့ကြည့်ရတာ ရပ်မဲ့ပုံမပေါ်ဘူး၊ ကဲ.. ဒါဆို ကျုံးချွမ် ဘာလုပ်နေလဲဆိုတာ ကြည့်ရအောင်]
ချင်မိသားစုများလည်း စူးစမ်းချင်စိတ် ပြင်းပြလာသည်။
[ဝှက်သယ်ဖက်! မဒမ်ကျုံးက ဟိုတယ်ခန်းထဲမှာရော ဆေးထည့်ထားတဲ့ လက်ဖက်ရည်ကို ကြိုပြင်ထားပြီးပြီပဲ၊ ကျုံးချွမ်က အများကြီးသောက်ပြီးပြီ! အခု ဆေးအာ နိသင်ကပြလာလို့ သူ ရီဝေဝေတောင်ဖြစ်နေပြီ]
ချင်မိသားစု၀င်များ ပင့်သက်ရှိုက်မိသွားသည်။
မဒမ်ကျုံးလည်း ကျုံးချွမ်ထံသို့မက်ဆေ့ချ်ပို့လိုက်ပြီး အကြောင်းပြန်စာမရလာသည့်အခါ အေးစက်စွာရယ် မောလိုက်ပြီး ပြောလက်စ စကားကို ခဏရပ်လိုက်ကာ ကော်ဖီ မော့သောက်လိုက်သည်။
များသောအားဖြင့်တော့ စကားစမြည်ပြောပြီးချိန်တွင် တစ်ဖက်လူသောက်လိုက်သည့်အချိန် ကျန်လူလည်း လိုက်သောက်တက်သည်။ သို့သော် ထိုထဲမှာ ယုရို့ရင်မပါချေ။
မဒမ်ကျုံးသည် အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး သူ့ အမူအရာသည် ချက်ချင်းပင် ဝမ်းနည်းနေဟန်ဖြင့် "နင်ပြောတာဖြစ်နိုင်တယ်၊ ဒါ ငါတို့အပြစ်ပဲ... ငါတကယ်ပဲ..."
"ရှင် နားလည်သွားတာကောင်းတယ်၊ ကျွန်မရှင့်ကိုအပြစ် မတင်ပါဘူး" ယုရို့ရင်၏ လေသံသည်လည်းပျော့ပြောင်းသွားသည်။
"ရယ်လျက်~...ငါတို့စကားတွေ အရမ်းပြောခဲ့ကြတာဆိုတော့ မစ္စယု ရေငတ်နေလောက်ပြီ မဟုတ်လား? ဒီဟာ ငါ နင့်အတွက်အထူးမှာပေးထားတာ၊ ဒီကော်ဖီက ငါ အ ကြိုက်ဆုံး အရသာပဲ၊ ဒီဟိုတယ်မှာပဲရနိုင်တဲ့ အထူးကော်ဖီလေ"
၎င်းတို့ ဘေးအခန်းရှိ ချင်မိသားစု၀င်များ၏မျက်နှာများ ခက်ထန်သွားသည်။
ကျီဖေးသည် ၎င်းတို့ကို နှုတ်ဆက်သလိုလိုနှင့် သွားပြီး တားရန် ရည်ရွယ်လိုက်သောကြောင့် မတ်တပ်ထရပ်လိုက်သော်လည်း သူမ တစ်၀က်သာ ထရသေးသည့်အချိန်တွင် ယုရို့ရင် အသံကိုကြားလိုက်ရသည်။
"ဆောရီးပါ ကျွန်မ မသောက်တော့ဘူး"
ကျီဖေးအေးခဲသွားပြီး ကို့ရို့ကားယား ပြန်ထိုင်လိုက်ပြီး ချင်မိသားစုများသည် အာရုံစိုက် နားထောင်နေသည် ။
"ဘာ ?" မဒမ်ကျုံးလည်း ထိုအဖြေကို မမျှော်လင့်ထားချေ။
တစ်ဖက်ရှိ ယုရို့ရင်၏ အပြုံးများသည် မှုန်ဝါးပြီး "ကျွန်မ လူ့အသိုင်းအဝိုင်းထဲ ဝင်လာထဲကကြုံခဲ့ရတဲ့ အတွေ့ အကြုံတွေကနေ သင်ခန်းစာတွေအများကြီးရခဲ့ပြီးပြီ၊ အဲထဲကတစ်ခုဆိုရင် ကျွန်မ မရှိတဲ့အချိန် မှာထားတဲ့အစားအသောက်တွေတို့ အဖုံးဖွင့်ပြီးသား ဘယ်အရာကိုမဆို လက်နဲ့တောင်မကိုင်သင့်ဘူးဆိုတာပဲ"
ထိုစကားသည် အမှန်တကယ်ပင် မမျှော်လင့်ထားသောအရာဖြစ်သည်။
တစ်ဖက်ခန်းရှိချင်မိသားစု၀င်အားလုံးသည် အကြည့်ချင်းဖလှယ်မိကြသည်။ ထိုစကားမျိုးသည် အလွန်အ ရေးပါသော သင်ခန်းစာတစ်ခုဖြစ်ကာ အထူးသဖြင့် မိန်းကလေးများအတွက်ပင်။ မင်း မသိလိုက်ခင်ထဲက ရောက်လာတဲ့ အစားအသောက်တို့ မင်းကိုယ်တိုင် မမှာ ထားတဲ့ အစားအသောက်တွေဆိုပါက သတိထားရပေမည်။
ယုရို့ရင် အမြင်မှာ ထိုကော်ဖီအား သူမ မှာထားခြင်း မဟုတ်ချေ။ သူမ ရောက်လာကတည်းက စားပွဲပေါ်ရှိနေသည့်အရာမို့ သောက်ချင်တိုင်းသောက်လို့မရပေ။
[ဟာဟား! ငါ အစက ယုရို့ရင်ကို ဒီလောက် သတိရှိတဲ့သူလို့ မထင်ခဲ့ဘူး၊ ဒါပေမယ့် သေချာတွေးရင် သူ့ လိုဖျော် ဖြေရေးနယ်ပယ်မှာ နှစ်အတော်ကြာအောင် ကျည်လည်လာတဲ့ သူတစ်ယောက်ဖို့ ဒီကိစ္စတွေကို ဂရုမစိုက်ဘဲ ဒီလိုနေရာကို ဘယ်လိုရောက်လာနိုင်မှာလဲ၊ ကြည့်ရတာတော့ ငါ စွက်ဖက်ဖို့ မလိုတော့ဘူးနဲ့တူတယ်]
မဒမ်ကျုံး၏ မျက်နှာသည် ပျက်ယွင်းသွားပြီး "ဒီမှာ မစ္စယု ငါက နင်နဲ့ ကျေအေးဖို့ ကြိုးစားနေတာနော်၊ အခု နင်က ငြင်းတယ်ဆိုတော့ ငါ့ မျက်နှာကို ဂရုမစိုက်ဘူးလား"
[အိုး... ဖိအားပေးဖို့တောင် ကြိုးစားလာပြီပေါ့? ဒါနဲ့ ရှင့်မျက်နှာကို ဘယ်သူက ဂရုစိုက်လို့လဲ?]
ကျီဖေးသည် ယုရို့ရင် ဘေးကြပ်နံကြပ်ဖြစ်နေမည်ကို စိုးရိမ်မိသော်လည်း ယုရို့ရင်သည် ရုတ်တရက် မေးလာခဲ့သည်။
"ဒီကော်ဖီထဲမှာ တစ်ခုခုရှိလို့လား?"
ထိုစကားသည် ပတ်၀န်းကျင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။