← Chapters

အခန်း (၁၄၅)

Vol. 15 Ch. 145

အခန်း (၁၄၅)

Vol. 15 Ch. 145

[ဘုရားရေ၊ သူဘယ်လိုသိတာလဲ ?] ကျီဖေး တကယ်ကို ထိတ်လန့်သွား သည်။

ချင်မိသားစုဝင်များလည်း အချင်းချင်းအံ့အားသင့်စွာ ကြည့်နေကြသည်။

မဒမ်ကျုံး၏အမူအရာသည် ခဏတာပျက်ပြားလုနီးပါးဖြစ်သွားသော်လည်း သူက ဒေါသတကြီးဖြင့်

"နင် ဘာတွေပြောနေတာလဲ!"

ယုရို့ရင်က "တကယ်မဟုတ်ရင် စိတ်ရှုပ်မခံပါနဲ့ မဒမ်ကျုံး၊ ရှင်က မင်းသမီးတစ်ယောက်မဟုတ်သလို သရုပ် ဆောင်ကျွမ်းကျင်တဲ့ မင်းသမီးကို လိမ်ဖို့ခက်ပါတယ်။ ရှင် ကျွန်မကိုဖိတ်ပြီး သောက်ဖို့အရင်ပြောပြီး သောက်စရာတစ်ခုခုပေးကတည်းကထူးဆန်းနေပြီ။ အကယ်၍ ကျွန်မသာ ဒီလောက်အထိနိုးနိုးကြားကြားမရှိရင် အခုဆို ဖျော်ဖြေရေးလောကမှာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အခွင့်ကောင်းယူခံရပြီးလောက်ပြီ။"

ထိုအချိန်တွင် မဒမ်ကျုံးသည် အမှန်တကယ်ပင် အက်ကွဲသွား တော့သည်။

ယုရို့ရင် သူ့ရှေ့မှကော်ဖီခွက်ပေါ်လက်တင်ပြီး " မဒမ်ကျုံး၊ ဒါကို ငြိမ်းချမ်းစွာ အဆုံးသတ်သွားဖို့ ကျွန်မမျှော်လင့်ထားခဲ့တာ။ ဒါပေမယ့် ရှင်က အရမ်းရက်စက်တဲ့အတွက် ကျွန်မကို အပြစ်မတင်ပါနဲ့"

ထို့နောက် ယုရို့ရင် ဖုန်းခေါ်ရန်လုပ်လိုက်သည်။

"နင် ရဲခေါ်မလို့လား ?" မဒမ်ကျုံး၏အသံ ရုတ်တရက် ကျယ်လောင်လာသည်။

ဘေးအခန်းမှ လှုပ်ရှားသံကိုကြားတော့ ကျီဖေးချက်ခြင်းထရပ်ပြီး ချင် မိသားစုက နောက်မှလိုက်လာခဲ့သည်။ ဝိုင်းအုံနေသည့် စားပွဲထိုးများက ဆူညံသံကြားတော့ပြေးလာကြသည်။

ကော်ဖီခွက်အား လှမ်းဆွဲရန် မဒမ်ကျုံးဟာ လက်တွေ့ ကျကျဆုပ်ကိုင် နေသည်ကို တွေ့ လိုက်ရသည်။

ယုရို့ရင်က ကော်ဖီခွက်အား ကောက်ယူပြီးပြေးဖို့ ကြိုးစားခဲ့ပေမယ့် မဒမ်ကျုံးက သူ့အား နောက်ကနေတွန်းထုတ်လိုက်သည်။

အနီးကပ်ဆုံးဖြစ်သည့် ကျီဖေးသည်ပြုတ်ကျလာသော ယုရို့ရင်အား ဖမ်းနိုင်ခဲ့သော်လည်း ကော်ဖီခွက်က သူ့လက်ထဲမှ ပြုတ်ကျသွားသည်။ခွက်အတွင်းမှ ကော်ဖီများသည် တစ်စုံတစ်ဦးအား ခေါင်းမှခြေဖျား အထိ ရွှဲစိုမသွားမီ လေထဲကွေ့ ဝိုက်သွားသည်။

ယခုအချိန်တွင် ချင်မိသားစုသည် စက်ဝိုင်းပတ်လမ်းပြခန်းထဲမှ မထွက် ခွာရသေးဘဲ အသစ်ဝင်ရောက်လာသူအား ထိတ်လန့်စွာစိုက်ကြည့်နေနိုင် သည်။

ကော်ဖီအစွန်းအထင်းများဖြင့် ဖုံးလွှမ်းနေသည့် ချင်ရှန့်သည် သူ့ရှေ့ တွင် အေးခဲနေသည့် အမူအရာနှင့်ကြည့်နေသည်။

မဒမ်ကျုံးနှင့် ယုရို့ရင်နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ သူတို့ နှစ်ယောက်စလုံး ချင်ရှန့်၏ဝိသေသလက္ခဏာအားသိကြပြီး ကျီဖေးနှင့် ချင်မိသားစုမှ ပြေးဝင်လာရန် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။

ဒါ ဘယ်လိုမြင်ကွင်းလဲ ?

ကျီဖေးသည် ယုရို့ရင်အား တည်ငြိမ်စေပြီး ချင်ရှန့်၏ပွက်ပွက်ဆူနေ သည့် အသွင်အပြင်အားကြည့်လိုက်သည်။ သူ ရယ်ချင်သော်လည်း မသင့်တော်ဟု ခံစားမိသည်။

ချင်ရှန့် သူ့အား တစ်ချက်ကြည့်လိုက်ပြီး ကျီဖေးမှ ရေစိုနေသည့် ခွေး တစ်ကောင်ကို ခြောက်သွားအောင် သုတ်ပေးသလိုမျိုးသုတ်ပေးရန် စားပွဲပေါ်မှ လက်သုတ်ပုဝါတချို့အား အမြန်ဆွဲယူလိုက်သည်။

ချင်ရှန့်က ကျီဖေးအား ကူညီခွင့်မပြုဘဲငြင်းဆန်ခဲ့သည်။

မဒမ်ကျုံးသည် သတိပြန်လည်လာကာ ကော်ဖီကုန်သွားသည်ကို မြင် လိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။ သူက ရှေ့သို့ လှမ်းပြီး "မစ္စတာချင်၊ ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့ ပဋိပက္ခဖြစ်နေကြတာပါ၊ ပြီးတော့ ရှင့်ကို ထိမိသွားတယ်။ တကယ် တောင်းပန်ပါတယ်။"

ယုရို့ရင်လည်း အသိဝင်လာပြီး ချက်ခြင်းတောင်းပန်လိုက်သည်၊ ချင် အဖွဲ့ အစည်းနှင့် လက်မှတ်ရေးထိုးထားကြောင်း သူ ကောင်းကောင်း သိသည်။ တောင်းပန်ပြီးနောက် သူက ကျီဖေးအားညင်သာစွာကျေးဇူးတင် စကားပြောခဲ့သည်။

သို့သော်လည်း မဒမ်ကျုံးသည် ထိတ်လန့်တကြားထွက်ပြေးသွားခဲ့ သည်။

ယုရို့ရင် သူ့ကို တားရန်မကြိုးစားခဲ့ချေ။ သူ့စိတ်ခံစားချက်များက အရမ်းတည်ငြိမ်နေသည်၊ အဘယ်ကြောင့်ဆိုသော် သူ့ဘက်က ၎င်းအား လျှော်ပေးလိုက်မည်ဆိုလျှင်ပင် မဒမ်ကျုံး သည် သေသည့်အထိလက်ခံမည့်သူ မဟုတ်မှန်းသိနေသော ကြောင့်ဖြစ်သည်။ အချည်းနှီးသော ငြင်းခုံမှုများတွင် အကြောင်းပြချက်မရှိပေ။

သို့ပေမယ့် သူ အဆင်သင့် မဖြစ်ခဲ့ချေ။ CCTV မှတ်တမ်း copy အား ဝန်ထမ်းထံမှတောင်းခဲ့သည်။ မဒမ်ကျုံးမှ သူ့အား နောက်တစ်ကြိမ် ဒုက္ခပေးမည်ဆိုလျှင် ထိုဗီဒီယိုအား သတိပေးချက်အနေနှင့် အသုံးပြုသွားမည်ဖြစ်သည်။

ချင်မိသားစုသည် မြေပြင်ပေါ်ပြုတ်ကျနေသည့် ကော်ဖီခွက်အား စိတ်ပျက်စွာကြည့်ရင်း လွန်စွာစိတ်မကောင်းဖြစ်ခဲ့ရသည်။ သို့သော် ဤအဖြစ်အပျက်ပြီးနောက် မဒမ်ကျုံးသည် ယုရို့ရင်နှင့် နောက်တစ်ကြိမ်မရှုပ်ဝံ့တော့ပေ။

လုပ်ငန်းရှင်တစ်ယောက်အဖြစ် ချင်ကျောက်က သူ့အားအနာ ဂတ်မှာ တစ်ယောက်တည်း မလုပ်မိဖို့နှင့် ကိစ္စတစ်ခုခုအတွက် သူ့မန်နေဂျာကို အမြဲခေါ်ဆောင်ရန် သတိပေးခဲ့သည်။

ယုရို့ရင် ခေါင်းညိတ်သဘောတူခဲ့သည်။

ထို့နောက် ယုရို့ရင်သည် လူတိုင်းအား နှုတ်ဆက်ပြီး ဟိုတယ်မှ ဘေး ကင်းစွာ ထွက်ခွာခဲ့သည်။ သူ ယခုထွက်သွားသရွေ့ နောက်ပိုင်းဖြစ်ပျက်ခဲ့သမျှသည် သူနှင့် ဘာမှမဆိုင်ပေ။

ထိုအချိန်တွင်၊ ဟိုတယ်မန်နေဂျာသည် အပြေးအလွှားသွားကာ သဘောထားကြီးစွာဖြင့် ချင်ရှန့်အား သပ်ရပ်အောင်ပြင်ဆင်ရန် အပေါ်ထပ်ရှိ President Room သို့ဖိတ်ကြားခဲ့သည်။

သူ့ဆံပင်များတွင် ကော်ဖီများရွှဲနေသည်ကို သုတ်ထားပြီးသော်လည် ယခုလိုပုံစံနှင့် မထွက်ခွာနိုင်သောကြောင့် ရေချိုးရန် အပေါ်ထပ်သို့ တက်ခဲ့ရသည်။

ချင်မိသားစုသည် အကြည့်ချင်းဖလှယ်ကာ ကျီဖေးအား လိုက်သွားရန်တိုက်တွန်းလိုလေသည်။

သို့ပေမယ့် သူတို့စကားမပြောခင် ကျီဖေးက ရုတ်တရက်

"ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်"

ချင်ရှန်း အံ့အားသင့်သွားပြီး ကျီဖေးကိုကြည့်လိုက်သည်။

ချင်မိသားစုဝင်များ ဝမ်းသာသွားသည်။ နောက်ဆုံးတော့...

[ ဒါက President Room ပဲ၊ အဲ့လိုဆို အထပ်ချင်းအတူတူပဲ။ ဒီအချိန်ဆို ကျုံးချွမ် ဆေးရဲ့အာနိသင်ကို ခံစားနေရလောက်ပြီ၊ ပြီးတော့ မဒမ်ကျုံး သူ့ ကို ရှာဖို့သွားလိမ့်မည်။ ဒါ့အပြင်၊ paparazzi တွေက အရာအားလုံးကို ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားနိုင်တယ်။ တစ်ခုခုကို ဖမ်းယူနိုင်မလားပဲ... ဟားဟား၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်လေးကိုမြင်ချင်မိပြီ!]

Qin မိသားစု- …ဒါက မမျှော်လင့်ထားပေမယ့် တစ်နည်းနည်းနဲ့တော့ ခန့်မှန်းလို့ရပါတယ်။

အခုတော့ သူတို့လည်း စပ်စုချင်နေပြီ။ သူတို့သည် တစ်စုံတစ် ဦးအား ကယ်တင်ရန်လာခဲ့ကြသော်လည်း ယခုအခါ ပြဿနာမရှိတော့သဖြင့် စိုးရိမ်စရာမရှိပဲ ဒရာမာအားခံစားနိုင်ကြသည်။

ချင်ရှန့်သည် တိတ်တဆိတ် သက်ပြင်းချကာလှည့်ထွက်သွားပြီး ကျီဖေး သူ့နောက်မှ စပ်စလူးခါပြီးလိုက်သွားသည်။

သူတို့ထွက်သွားပြီးနောက် ချင်မိသားစုသည် အခန်းများအား ချက်ချင်းတောင်းဆိုပြီး သူတို့နောက်ကိုလိုက်သွားသည်။

အခန်းထဲသို့ ရောက်သည်နှင့် သူ့အဝတ်အစားများအား ချွတ်လိုက်သောအခါ ချင်ရှန့်၏အဝတ်အစားများမှာလည်း စွန်း ထင်းနေသည်ကိုတွေ့ လိုက်ရသည်။ ကံကောင်းထောက်မစွာ၊ သူ့လုပ်ငန်းသုံးကားထဲတွင် အဝတ်အစားအပိုများအမြဲရှိနေသောကြောင့် သူ့လက်ထောက်အားအမြန်ယူလာခိုင်းလိုက်ရုံသာလိုသည်။

ချင်ရှန့် သူ့အပြင်ဘက်အဝတ်အစားများအား ချွတ်ကာ အမြန်ရေချိုးပြီးနောက် အဝတ်အစားအသစ်ယူရန် ရေချိုးဝတ်စုံဖြင့် ထွက်လာခဲ့သည်။

သို့သော် သူထွက်လာသည်နှင့် တပြိုင်နက် ပျော့ပျော့အိအိကြီး ကုတင်ကြီးပေါ်တွင်ထိုင်ကာ သူ့အဝတ်အစားများအား ပွေ့ ထားပြီး စေ့စေ့ကြည့်နေသည့် သူ့ကိုမြင်လိုက်ရသည်။

ဒီမြင်ကွင်းက ဘယ်လိုပဲကြည့်ကြည့်... အရမ်းသိမ်မွေ့ နေပုံရသည်။ ချင်ရှန့်၏မျက်လုံးများသည် အနည်းငယ် မှိန်သွားကာ ဟိုတယ်ခန်း၏နွေးထွေးသော အလင်းရောင်ကြောင့်လား သို့မဟုတ် အခြားအရာ တစ်ခုခုကြောင့်လား မသေချာသော် လည်း… သူ့ရင်ထဲ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

ရုတ်တရက် ကျီဖေး သူ့အား လှည့်ကြည့်လိုက်ပြီး မျက်လုံးများကကြည်လင်တောက်ပကာ အသက်ဝင်နေသည်။

"မင်း ဘာလုပ်နေတာလဲ?" ချင်ရှန့်၏ အသံသည် သိသိသာသာ မှေးမှိန်သွားသည်။

ကျီဖေး ရုတ်တရက် စိတ်လှုပ်ရှားစွာနှင့် "ကျွန်မအထင်၊ ဒီစွန်းထင်းနေ တဲ့အဝတ်တွေကနေ မူးယစ်ဆေးရဲ့အာနိသင်ကို စစ်ကြည့်လို့ရမလားလို့ "

ကျီဖေး သူကြားခဲ့ရသည့် စကားဝိုင်း၏ အကြောင်းအရာအား သံသယမဖြစ်အောင် အမြန်ရှင်းပြလိုက်သည်။

ချင်ရှန့် : ...

" နောက်မှ ကိုယ့်လက်ထောက်ကို စမ်းသပ်ဖို့လွှတ်လိုက်မယ်။"

ကျီဖေး ခေါင်းညိတ်လိုက်ပြီး ချင်းရှန့်အား စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

ချင်ရှန့်က "နောက်ထပ် ပြောစရာရှိသေးလား ?"

ကျီဖေး ခေါင်းကို အမြန်ခါလိုက်ပြီး "မရှိတော့ဘူး၊ ရေချိုးပြီးပြီလား"

ကျီဖေး၏အတွေးများဝင်လာသည်ကို ကြားလိုက်သောအခါ ချင်ရှန့် ခေါင်းညိတ်တော့မည်ဖြစ်သည်။

[ ချီးပဲ၊ ငါမေ့သွားတာ၊ အစောက ချင်ရှန့်ရဲ့ နှုတ်ခမ်းတွေနဲ့ ကော်ဖီ မတော်တဆထိမိခဲ့လားလို့ ? ပမာဏ နည်းနည်းလေးကတောင် အာနိသင်ပြမယ်ဆိုရင် သူ ထိခိုက်နိုင်လောက်လား? သူ့မျက်နှာက နီမြန်းနေပုံပဲ၊ အဲဒါ ဆေးအာနိသင်ကြောင့်လား ဒါမှမဟုတ် ရေချိုးခန်းထဲက ရေနွေးငွေ့ တွေကြောင့်လား?]

ဒါကိုကြားတော့ ချင်ရှန့်လည်း ထိတ်လန့်သွားသည်။ သူ တစ် စုံတစ်ယောက်ကိုခေါ်ရန်လုပ်လိုက်ပြီး၊ အမှန်ပင် ၊ သူ အနည်း ငယ် ထိမိသွားသလိုပင် ..

[ အဲ့မူးယစ်ဆေးရဲ့အာနိသင်ကဘာလဲ ? သူ ရုတ်တရက်ကြီး ထိန်းမနိုင် သိမ်းမရဖြစ်ပြီး ငါ့ကို ရိုက်နှက်ပြီး ဒချိဒချိမှာလား?]

ချင်ရှန်း၏ပါးပြင်များသည် ယခုအချိန်တွင် အမှန်တကယ်ပင် ပူနွေးလာသည်။ ဒါဆို စောနကလွင့်နေတာက မူးယစ်ဆေးကြောင့်လား?

[ဒီလို ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြီးပြည့်စုံတဲ့ ကောင်လေးတစ်ယောက်က အစပြုလာရင် ငါ ခုခံသင့်လား ဒါမှမဟုတ်.. မခုခံသင့်ဘူးလား...]

ကျီဖေးအား ခိုးကြည့်နေရင်း ချင်ရှန့်၏နားရွက်များ ပူလောင်ကာ ခန္ဓာကိုယ်ကတောင့်တင်းလာရသည်။

သူ... အဲ့လို ဖြစ်စေချင်တာလား ?

[နောက်ပြီး ငါမှ သူ့အပေါ် မူးယစ်ဆေးမသုံးတာကို၊ ငါက ဒီမှာ နစ်နာသူလေးပါနော်...]

ချင်ရှန့်သည် အကြိမ်အနည်းငယ် ချောင်းခြောက်ဆိုးပြီး သူ့ အဝတ်အစားအားယူရန် ကုတင်ပေါ်သို့လျှောက်သွားသည်။ အသိစိတ် ရှင်းရှင်းလင်းလင်းမရှိဘဲ သူ အဲ့လိုကိစ္စမျိုးဘယ် တော့မှ လုပ်မည်မဟုတ်ပေ။

[အား၊ အနာဂါတ်မှာ ကွာရှင်းပြီးရင် ငါ ဒီလို အရည်အချင်းရှိတဲ့သူတစ်ယောက်နဲ့ ထပ်အိပ်နိုင်ဖို့က ခက်လိမ့်မယ်။]

ချင်ရှန့် သူအဝတ်အစားများအား ဆုပ်ကိုင်ရင်း လှုပ်ရှားမှုများ အေးခဲသွားပြီး မရင်းနှီးသည့် ခံစားချက်တစ်ခု သူ့နှလုံးသားထဲသို့တိုးဝင်လာသည်။ အရင်တုန်းကတော့ သူ ထိုကဲ့သို့မိုက်မဲ သောပြောစကားများအားကြားရခြင်းအား စိတ်အနှောက်အယှက်ဖြစ်မိသလို ကူကယ်ရာမဲ့သလိုဖြစ်သွားပေမယ့် ယခုအချိန်မှာတော့ အပ်နဲ့အထိုးခံရသလို ခံစားရပြီး စိတ်မသက်မသာဖြစ်ရသည်။

[ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ တစ်ယောက်ယောက်ကို အခွင့်ကောင်းယူတာက မှားတယ်။ စိတ်အေးအေးထားစမ်းပါ၊ စိတ်အေးအေးထား... အချိန်တန်ပြီ၊ ငါ့ကိုယ်ငါ အာရုံပြောင်းဖို့ သူတို့ရဲ့ အခြေအနေကို စစ်ဆေးကြည့်ရအောင်။]

ချင်ရှန့်၏မျက်လုံးများထဲ နက်မှောင်နေသည့် အကြည့်တစ်ခု တောက်ပလာသည်။ သူ စိတ်တွေပူပြီး ကျီဖေး မတုံ့ပြန်နိုင်ခင်မှာပင် သူ သူ့ရှေ့မှာမတ်တပ်ရပ်ပြီး ငုတ်တုတ်ထိုင်နေလိုက်သည်။

All Chapters