← Chapters

အခန်း (၁၄၆)

Vol. 15 Ch. 146

အခန်း (၁၄၆)

Vol. 15 Ch. 146

လွှမ်းမိုးမှုရှိသည့်ရောင်ဝါသည် ကျီဖေးအား ရုတ်တရက် လွှမ်းခြုံသွားပြီး၊ ယောက်ျားပီသသည့် ဖယ်ရိုမုန်းရနံ့များသည် သူ့ထံသို့ အလုအယက်ပြေးလာကာ သူ့ ခန္ဓာ ကိုယ်အားပျော့ညံ့သွားစေပြီး အလိုလိုနောက်ပြန်ဆုတ်လုမတတ်ဖြစ်သွားသည်။

ကျီဖေး မျက်လုံးများပြူးကျယ်သွားပြီး ချင်ရှန့် အနီးသို့ မယုံနိုင်စွာလှမ်းကြည့်ကာ သူ့အသက်ရှုသံများပင်ရပ် တန့်သွားရသည်။

ချင်ရှန့်၏နက်မှောင်နေသည့် မျက်လုံးများမှာနူးညံ့လာပြီး သူ့အသံကိုနှိမ့်ကာ အေးမြစွာဆွဲဆောင်မှုအပြည့်ဖြင့်

"ကျီဖေး..."

" ရှင် ဘာလုပ်နေတာလဲ ?!" ကျီဖေး သူ့လက်အားတွန်းဖယ်လိုက်ကာ တုန်လှုပ်စွာအော်ဟစ်လိုက်သည်။

သူသည် ရေချိုးဝတ်ရုံကော်လံအားဖွင့်ထားပြီး၊ ကျီဖေး ၏ လက်အား သူ၏ စိုစွတ်နေဆဲဖြစ်သည့် ရင်ဘတ်ပေါ်တိုက်ရိုက်ကျစေခဲ့သည်။

ချင်ရှန့် သူ့နှလုံးသားထဲမှ ချိုမြိန်မှုများအားမခံနိုင်တော့ပေ။ မျှော်လင့်ထားသည့်အတိုင်း ကျီဖေးသည် တင်းတင်းမာမာပြောနေသော်လည်း ဆင်းလာသောအခါတွင် သူ ချက်ချင်းအခွံထဲသို့ပြန်ဆုတ်သွားခဲ့သည်။

သူ ဘာမှလုပ်ဖို့မရည်ရွယ်ပါဘူး၊ ဒီတိုင်း... ဒီအတိုင်း ဆေးရဲ့ အာနိသင်ကြောင့်ပါ၊ သူ ရုတ်တရက်... နမ်းချင်တယ်... ထိတ် လန့်နေတဲ့ မျက်လုံးလေးတွေ၊ တုန်လှုပ်နေတဲ့ မျက်တောင်လေးတွေ။

[ နေဦး၊ ကော်ဖီက တကယ်ဆေးမပါဘူးဆိုတာ ငါ မြင်ခဲ့တယ်မဟုတ်လား၊ ဒါဆို… ချင်ရှန့်က ဆေးမိမနေသင့်ဘူးလေ ဟုတ်တယ်မလား? သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ ? ရုတ်တရက်ရူးသွားတာလား?]

ချင်ရှန် : ???!!!!

ကျီဖေး၏ အကြည့်များ တကယ်ပြောင်းလဲသွားပြီး အံ့အား သင့်စွာဖြင့် " ချင်ရှန့်၊ ရှင်..."

ချင်ရှန့် သူ့လျှာသူ အလျင်စလိုကိုက်မိသွားသလို ခံစားလိုက်ရပြီး "မင်း... ကိုယ့်အဝတ်အစားတွေ ပေါ်ထိုင်နေတာ"

ကျီဖေး …

ချင်ရှန့် ...

အောက်ကိုငုံ့ကြည့်လိုက်ရာ အမှန်ပင် အင်္ကျီအသစ်၏ထောင့်တစ်နေရာအား ကျီဖေး မတော်တဆဖိထိုင်ထားမိသည်။

ကျီဖေး ရှက်ရွံ့ စွာပြုံးပြလိုက်သည်။ ချင်ရှန့်မှ မတ်တပ်ထရပ်ကာ အဝတ်အစားအားကောက်ယူရန် ကျီဖေး မထသေးမီငြိမ်သက်စွာစောင့်ဆိုင်းနေသည်။

[ ဖွီးးး၊ ဒါ ငါ့ကို လန့်စေတယ်။ ငါ တွေးမိတာက.. အဟမ်း ရှက်စရာကြီး။ အခြေအနေကို အခွင့်ကောင်းယူနိုင်မယ်လို့မျှော် လင့်ခဲ့တာ။]

ချင်ရှန့် : ... စကားကို ဖြောင့်ဖြောင့်ပြော

ကျီဖေးသည် သူ၏လျင်မြန်စွာခုန်နေသော နှလုံးအား ဖုံးအုပ်ကာ ချင်ရှန့်ကို ခိုးကြည့်လိုက်သည်။ ရေချိုးခန်းထဲ အဝတ်အ စားတွေ ပြန်ယူသွားတာကိုမြင်ချိန် သူ သက်ပြင်းတစ်ချက်ချလိုက်သည်။

မကြာသေးမီက အတင်းအဖျင်းစကားများအား သတိရရင်း ချက်ချင်းပင် အာရုံပြောင်းသွားသည်။

[ ဘာတွေဖြစ်နေတာလဲ? ယုရို့ရင်ရဲ့ ကော်ဖီထဲမှာ ဘာဆေးမှမရှိတာလဲ? တစ်စုံတစ်ယောက်က မူးယစ်ဆေးပါတဲ့ကော်ဖီကို ပြောင်းခဲ့ပြီး အခု ဆေးဒဏ်ကိုခံရမှာက မဒမ်ကျုံးတဲ့လား!]

[အမိုက်စားလှည့်ကွက်ပဲ... ဒါဆို အခု မဒမ်ကျုံးက ဘယ်သူနဲ့ ရှိနေတာလဲ… အိုး ဂေါ့ဒ်၊ အားးး~]

[ နေပါဦး၊ ဒါကြီးက အင်းစက်မဟုတ်လား... မဟုတ်သေးဘူး၊ သူတို့က သွေးမတော်သားမစပ်ဘူး... ဒါပေမယ့် မဟုတ်သေးဘူးလေ၊ သူတို့ ဘယ်လိုများ လုပ်ရဲတာလဲ!]

( T/N : incest= သွေးရင်းလိင်ဆက်ဆံမှု အဟွတ်)

အထဲမှာ အဝတ်ဝတ်နေသည့် ချင်ရှန့်ပင် ပြောနေသည်ကိုသိချင်လာသည်။

[ ကျုံးချွမ်က ဘယ်မှာလဲ? သူ့အခန်းထဲမှာ တစ်ယောက် တည်း... သူ့ ပိုင်ဆိုင်ရာလေးတွေကို ထားခဲ့ပြီးတော့လား?]

ချင်ရှန့် ထွက်လာသောအခါ တံခါးဝတွင်ဝပ်နေသည့် ကျီဖေးမှ လျှို့ဝှက်စွာ ချောင်းကြည့်နေသည်ကို တွေ့ လိုက်ရသည်။

အပြင်ဘက်တွင် ခြေသံများရှိနေပုံရသည်။ ချင်ရှန့်သည် ကျီဖေး နောက်တွင်ရပ်နေသည်။

ကျီဖေးက သူ့အား "ရှူးးးး .. " အမူအရာဖြင့် အမြန်လုပ်လိုက်သည်။

ချင်ရှန့် အပြင်သို့လှမ်းကြည့်လိုက်တော့ ကင်မရာအား ကိုင်ဆောင်ပြီး အခန်းရှာနေသည့် လူတစ်ယောက်ကိုတွေ့ လိုက်သည်။

အခန်းတစ်ခန်းတွင်သော့ခတ်ထားပုံရပြီး၊ ထို့နောက်တွင် လှည့် စားသူများအားဖမ်းရန် အော်ဟစ်ကာ ရုန်းရင်းဆန်ခတ်ပြုဟန်ပြုလာကြသည်။ တစ်ထပ်တည်းရှိ ဧည့်သည်အများအ ပြား စိတ်အနှောင့်အယှက်ဖြစ်ကာ ထွက်လာကြသည်။

" ဟမ်? ပါးနဲ့ မားက ဘာလို့ ဒီကိုရောက်နေတာလဲ ?"

ကျီဖေး အံ့သြသွားပြီး အပြင်ထွက်ချင်ပေမယ့် ချင်ရှန့်က သူ့အား ပြန်ဆွဲထားလိုက်သည်။

" ချင်ကျောက် ဒီမှာမရှိဘူးဆိုတာ သတိမထားမိဘူးလား ? မင်း အခု နာမည်ကြီးတစ်ယောက်ဖြစ်နေပြီ။ မင်း မတော်တဆ ဓာတ်ပုံရိုက်ခံလိုက်ရရင် ပြဿနာတက်လာနိုင်တယ်။"

ကျီဖေး ချက်ချင်းပင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

[ ငါ အရင်ကဆို အတင်းပြောလို့ရတယ်။ အိုးးကောင်းကင်ကြီးရေ၊ အိုးး ကမ္ဘာမြေကြီးရေ၊ နင် ဘာလို့ ငါ့ကို ဒီလိုဆက်ဆံရတာလဲ!]

ကျီဖေး၏သနားစရာကောင်းသည့် အမူအရာအားမြင်လိုက်ရတော့ ချင်ရှန့် နှုတ်ခမ်းများလှုပ်ယမ်းသွားသည်။ သူ နောက် ပြန်လှည့်ပြီး အနက်ရောင်ရှပ်အင်္ကျီကိုယူကာ ကျီဖေး၏ခေါင်းပေါ်တွင် ခြုံထားလိုက်ပြီး "မင်းမျက်နှာကိုကောင်းကောင်းအုပ်ထားလိုက်။ ကိုယ် ခေါ်သွားပေးမယ်"

(T/N : ကြည့်စမ်း မိန်းမကို မျက်နှာတစ်ချက်အညိုးမခံဘူး)

"ဒါ ပိုသိသာနေမှာ မဟုတ်ဘူးလား?"

"မင်းမျက်နှာကို မရိုက်မိသရွေ့တော့ ထင်ရှားနေရင်တောင် ကိစ္စမရှိပါဘူး။ ကိုယ့်ဓာတ်ပုံတွေကိုတော့ အများအားဖြင့် သူတို့ လူသိရှင်ကြား မဖော်ထုတ်နိုင်ဘူး။"

ကျီဖေး မျက်လုံးများ ချက်ချင်းတောက်ပလာသည်။ သူသည် ချင်ရှန့်၏ရနံ့အား သယ်ဆောင်နေဆဲဖြစ်သော အနက်ရောင်ရှပ်အင်္ကျီဖြင့် ဖုံးအုပ်ထားကာ သူ၏မျက်လုံးများသာမြင်နေရပြီး ချင်ရှန့်အား မျှော်လင့်နေသည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။

ချင်ရှန့်သည် အရှေ့မှ မားမားမတ်မတ်ကာကွယ်ထားသကဲ့သို့ ကျီဖေး၏ ပခုံးများပေါ်သို့ သူ့လက်အားတင်ကာ ဖက်ထားလိုက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်မှုထဲပါဝင်ရန် တံခါးမှ စိတ်ချလက်ချထွက်လာခဲ့ သည်။

သူတို့ ဤကဲ့သို့ ပေါ်လာသောအခါ ချင်မိသားစုသည် မရယ်ချင်ဘဲ မနေနိုင်တော့ပေ၊ ချင်ရှန့်သည် ထိုကဲ့သို့အပျော်အ ပျက်မျိုး ဘယ်သောအခါမှ မလုပ်တတ်ပေ။

ချင်ရှန့်အား စိုက်ကြည့်ရင်း အနည်းငယ်စိတ်မသက်မသာ ခံစားလိုက်ရသည်။ တံခါးနောက်ဘက်တွင်၊ ချင်ကျောက်သည် ၎င်း၏အာ့ကောနှင့် အာ့စောင်အား မကျေမနပ်ဖြင့်ကြည့်လိုက်သည်။

ဒီအချိန်တွင် အကြံတစ်ခုပေါ်လာခဲ့ရင်တောင် အလုပ်မဖြစ်ပေ။ နောက်ထပ်လူတစ်ယောက်နှင့်ဆိုလျှင် ပိုလို့ပင်သိသာလာလိမ့်မည်။

တူညီသောအထပ်ရှိလူများသည် ၎င်းတို့အား ဂရုမစိုက်ကြပေ၊ အဆုံးတွင် လိမ်လည်လှည့်ဖြားသူများအား ဖမ်းစားနိုင်သည့် လက်တွေ့ ဘဝဒရာမာတစ်ခုရှိနေသည်။ လူတိုင်းက နီးနီးကပ်ကပ်ကြည့်ချင်ပေမယ့် မတတ်နိုင်ကြပေ။

သူတို့ မစုဝေးခင်မှာပင် ပါပါရာဇီက တံခါးအားရိုက်ဖွင့်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဇာတ်ကားတိုလေးတစ်ကားနှင့် နှိုင်းယှဉ်နိုင်သည့် အသံများထွက်လာသည်။

ကျီဖေး မတုံ့ပြန်မီတွင် သူ့နားများအား တစ်စုံတစ်ယောက်က လက်ဖြင့်ဖုံးအုပ်ထားသည်။

အခြား ချင်မိသားစုဝင်များကိုကြည့်လိုက်ရာ ၎င်းတို့သည် နားရွက်များအား လျင်မြန်စွာဖုံးထားသော်လည်း ၎င်းတို့၏ မျက်နှာများသည် အံ့သြမှုနှင့် မယုံနိုင်မှုတို့ကိုပြသနေသည်။

သူတို့ရဲ့ပထမဆုံးတုံ့ပြန်မှုက ဆေးမိနေတဲ့ ကျုံးချွမ်က သူ့ဇနီးဆီသွားပြီး ဆေးအာနိသင်ကို ဖြေလျော့နေတာလား ?

လူလတ်ပိုင်းနှစ်ယောက်အတွက် ဒီလိုမျိုး ရုန်းရင်းဆန်ခတ်ကြီးဖြစ်အောင်လုပ်လိုက်တာက တကယ့်ကို.. အသက်ကြီးမှ နွားသိုးကြိုးပြတ်ဖြစ်နေတာပဲ။

သို့ပေမယ့် နောက်တစက္ကန့်တွင် ကျီဖေး၏အတွင်းစိတ်မှ အတွေးများ အား သူတို့ကြားလိုက်ရသည်။

[ ကျုံးစစ်ချီက တကယ် ဆာနေလို့၊ သူ ဘာမဆိုစားနိုင်တာလား?! အသက်က နှစ်ဆယ်လောက်ကွာနေရုံတင် မကသေးဘူး၊ အဲ့ဒါ သူ့ အဒေါ်လေ!]

ချင်မိသားစု : ????

ခဏနေဦး၊ မင်း ဘာပြောလိုက်တာလဲ? စကားလုံးတိုင်းကို ငါတို့ မှတ်မိပေမဲ့ ဘာလို့ နားမလည်ရတာလဲ?

ကျုံးစစ်ချီက ဘာဖြစ်တယ် ? သူ့အဒေါ်က ဘာဖြစ်တယ် ?

အထဲမှာ ရှိနေတာက ကျုံးချွမ်နဲ့ သူ့မိန်းမ မဟုတ်ဘူးလား?

[ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အတိအကျပြောရရင်၊ သူတို့ရဲ့ လက်ရှိအခြေအနေမှာ မဒမ်ကျုံးကဆေးမိနေတယ်၊ သူဆန္ဒရှိလို့မဟုတ်နိုင်ပေမယ့် ကျုံးစစ်ချီက ဆေးမမိထားဘူးလေ...]

ချင်မိသားစု- နိုးနိုးနိုးးး၊ ငါတို့က မင်းနဲ့ ချင်ရှန့်ကို သီးသန့်ချိန်းတွေ့ ဖို့ခဏလောက်ခွင့်ပြုထားတာ၊ ငါတို့ ဒီလောက်အချက် အလက်အများကြီး ဘယ်လိုလုပ်လွတ်သွားတာလဲ?

မဒမ်ကျုံး ဘယ်တုန်းကဆေးမိသွားတာလဲ? သူက ယုရို့ရင်ကို ဆေးခပ်တဲ့သူ မဟုတ်ဘူးလား?

ချင်မိသားစုသည် ကျီဖေးအားဖမ်းကာ အသေးစိတ်မေးမြန်းလိုသည့် ဆန္ဒများပြင်းထန်လာပြီး နားနှင့်ပါးကို ကုတ်ချင်လာသဖြင့် အလွန်စိုးရိမ်နေလေသည်။ ဤအတင်းအဖျင်းသည် အလွန်ကိုဆန်းကြယ်လွန်းသည်၊ ၎င်းသည် မိသားစုကျင့်ဝတ်ဆိုင်ရာပြဿနာအဖြစ်သို့ပင် လှည့်သွားခဲ့သည်။

တံခါးဖွင့်သံနှင့်အတူ အတွင်းမှ အော်သံများကြားနေရသည်။

မဒမ်ကျုံး၏အသံနှင့် လူငယ်တစ်ယောက်၏အသံအား ရှင်း ရှင်းလင်းလင်းကြားလိုက်ရသည်။

"အိုးမိုင်ဂေါ့၊ ယုရို့ရင်နဲ့ ကျုံးချွမ် မဟုတ်ဘူးဟ၊ မဒမ်ကျုံးနဲ့ ကျုံးချွမ် ရဲ့တူ!" ဟု အော်ဟစ်နေကြသံအား ကြားလိုက်ရသည်။

တခဏချင်းမှာပင် ကျီဖေး၏အတွင်းစိတ်မှ အတွေးများအား လုံးဝ အတည်ပြုလိုက်ပြီဖြစ်သည်။

ချင်မိသားစုဝင် အားလုံး အဆင်မပြေဖြစ်ခဲ့ရသည်။ သူတို့ မည်သူ မည်ဝါပင်ဖြစ်ပါစေ၊ ဤအခိုက်အတန့်တွင်တော့ သူတို့အားလုံးက : သောက်ချီး!!!! ဟု အော်မိလိုက်ကြသည်။

အခြား စပ်စုနေသည့်ဧည့်သည်များက ၎င်းတို့အား မမှတ်မိနိုင် သော်လည်း ထိုနာမည်များအား ကြားလိုက်ရခြင်းသည့်အခါ အလွန်ကို မကြားဝံ့မနာသာဖြစ်သွားသည်။

ဒီလိုတားမြစ်ချက်မျိုးက၊ သူတို့ ကြည့်ကိုကြည့်ရမယ်၊ လူတော်တော်များများ ပါပါရာဇီနှင့် အတူဝင်သွားကြသည်။

ကျီဖေး တကယ် ဝင်သွားကြည့်ချင်ပေမယ့် မျက်လုံးများ အပူလောင်သွားမည်ကို ကြောက်သည်။

ထို့ကြောင့် သူ တံခါးဝတွင်နေကာ အတွင်းမှကျုံးစစ်ချီ၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်-

"မင်းတို့က ဘယ်သူတွေလဲ ? မင်းတို့က ငါတို့ရဲ့ကိုယ်ရေး ကိုယ်တာကို ချိုးဖောက်နေတာကွ၊ ထွက်သွားစမ်း၊"

[ သူက တော်တော်လေးကို သရုပ်ဆောင်ကောင်းတယ်၊ ဒါ နင် စီစဉ်ထားတာပဲ မဟုတ်ဘူးလား ? ဒီတော့ နင်က ဒီဟာအတွက် နင့်ရဲ့သရုပ်ဆောင်စွမ်းရည်တွေကို သိမ်းထားခဲ့တာလား?]

ချင်မိသားစုသည် ကြည့်ရှုရန်မဝင်ခဲ့ပဲ ကျီဖေး၏မှတ်ချက်စကားများကိုသာ နားစွင့်နေကြသည်။

ကျုံးစစ်ချီ ဒါကို စီစဉ်ခဲ့တာလား?!!! နောက်ကျ သူဘာဖြစ်မလဲ ?

[ ငါ့ရဲ့လောကအမြင်က တကယ့်ကိုကွဲအက်သွားပြီ။ သူက ကော်ဖီကို လဲလိုက်တဲ့သူပဲ၊ သူ မဒမ်ကျုံးနဲ့ တွေ့ တုန်းက မဒမ်ကျုံးက သူ့ကိုယ်သူ ဆေးမိနေမှန်းမသိသေးဘူး။ သူက ကျုံးစစ်ချီကို ရှာပြီး သူတို့ရဲ့ အစီအစဉ်ကိုဖျက်သိမ်းဖို့နဲ့ ပါပါရာဇီတွေကိုမလာခိုင်းဖို့ ပြောဖို့ ဘေးအခန်းထဲကိုအရင်လာခဲ့တာ။ ဒါပေမဲ့ ကျုံးစစ်ချီက မဒမ်ကျုံးကို အဲ့တာက ဖျက်လိုက်လို့မရဘူးလို့ပြောခဲ့တယ်။ တကယ်တော့ သူက မားကတ်တင်းအကောင့်ကို တိုးတိုးတိတ်တိတ်ဆက်သွယ်ပြီး အခန်းနံပါတ်ကို ပြောင်းဖို့ပြောခဲ့တာ။ ဒါက ပါပါရာဇီ ဘာလို့ ဒီအခန်းကိုပစ် မှတ်ထားလဲ ဆိုတဲ့အချက်ပဲ။]

သူတို့ အကျိုးအကြောင်းနားထောင်နေကြစဉ် အခန်းတွင်းမှ ကျယ်လောင်သည့် ပါးရိုက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

" နင် ရူးနေလား ? နင် ဘယ်လိုလုပ်..."

"..မရှင်းသေးဘူးလား အန်တီ.. မဟုတ်သေးဘူး ယန်ကျဲ၊ ခင် ဗျားက ကျွန်တော့်ကို အရင်ပွေ့ဖက်ခဲ့တာသိသာတယ်၊ ကျွန် တော် ခင်ဗျားကို ကူညီချင်တယ်၊ ကျွန်တော်... ကျွန်တော် ခင်ဗျားကို သဘောကျတယ် ဝူး ဝူးဝူးးး..."

" စစ်ချီ၊ နင်..."

ချင်မိသားစု - သူက ငိုတောင် ငိုနေလိုက်သေးတယ်။

မဒမ်ကျုံးရဲ့လေသံက… သူ တကယ် ကျုံးစစ်ချီကို ယုံနေတာလား?!

[ ဒီအိုက်တင်၊ ဒီသရုပ်ဆောင်ချက်... အိုး ဟိုးးး နင့်ဦးလေးသာ ဒီမှာရှိနေရင် သူ နင့်ရှေ့မှာ ဒူးထောက်ရလိမ့်မယ်။ နင့်ဦးလေးရဲ့စားခွက်ကို လုမလို့လား၊ အနှစ်နှစ်ဆယ်လောက် ကြိုးစားအားထုတ်မှုကိုကျော်တက်ပြီး နင့်ရဲ့သရုပ်ဆောင်မှုက အထွတ် အထိပ်ကိုရောက်နေပြီပဲ!!]

ထိုအခိုက်တွင် တံခါးသည် ရုတ်တရက်ပွင့်လာပြီး ကျုံးချွမ်သည် မျက်နှာဖြူဖျော့ဖျော့ဖြင့် လူအုပ်ကြားထဲမှတွန်းတိုက်ပြီး ပြေးဝင်လာခဲ့သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ !"

All Chapters