← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

ကျုံးချွမ်ရောက်လာပြီး ဒီမြင်ကွင်းက တကယ်ကို အံ့မခန်းပင်။

ထိုအချိန်တွင် ကျီဖေးနှင့် သူ့အဖွဲ့ သည် ဖြစ်ပျက်နေသည့်အရာများအား ကြည့်ရှုရန်သည်းမခံနိုင်တော့ပေ။

အခန်းထဲ၌ ကျုံးစစ်ချီနှင့် မဒမ်ကျုံးတို့သည် အဝတ်များမဝတ်နိုင်ပဲ ၎င်းတို့၏ခန္ဓာကိုယ်များအား စောင်အောက်တွင် ဖုံးအုပ်ထားပြီး အိပ်ရာထဲမှမထွက်နိုင်ပေ။

တစ်ချိန်တည်းမှာပင် ကျုံးချွမ်သည် ဒေါသနှင့် အသက်ရှူမဝလုနီးပါးဖြစ်သွားပြီး ကုတင်ဘေးတွင် တုန်တုန်ယင်ယင် ရပ်နေကာ မျက်နှာစိမ်းစိမ်းနှင့် သူတို့ကို လက်ညိုးထိုးထားသည်။

" ဟန်နီ၊ ကျွန်မ မဟုတ်ဘူး..."

မဒမ်ကျုံး၏မျက်နှာသည် ဖြူဖျော့နေပြီး စကားများပင် ပျောက်ကွယ်သွားသည် ။

"ယန်ကျဲ..." ကျုံးစစ်ချီသည် နူးညံ့သိမ်မွေ့ သည့် ပန်းတစ်ပွင့်အဖြစ် ရုတ်တရက် သရုပ်ဆောင်ခဲ့ပြီး မဒမ်ကျုံးအား သနားစဖွယ်ကြည့်နေလေသည်။

[သူ့ပုံစံက " ကျွန်တော်ကို သနားပါ ကျဲ~"]

ချင်မိသားစုသည် ပေါက်ကွဲလုနီးပါးရယ်မောလိုက်သည်။

ချင်ရှန့် ချောင်းဆိုးတာကိုပင် မထိန်းနိုင်ဘဲ ကျုံးစစ်ချီက gym trainer တစ်ယောက်လို ပိန်ပိန်ပါးပါးလေးပင်။

မှားယွင်းသည့်အသံဖြင့်ပြောဆိုနေသော သင်တန်းဆရာတစ်ဦးအား သင်မြင်ယောင်ကြည့်နိုင်ပါသလား ?

ဤကမ္ဘာမြေပြိုကျနေသည့်မြင်ကွင်းတွင် ပါပါရာဇီသည် ဟန်ဆောင်မှု အားလုံးအား ချထားလိုက်ပြီး ရွှေစံချိန်သတင်း ထောက်များအဖြစ်သို့ပြောင်းလဲကာ ကျုံးချွမ်အား ချက်ချင်းဖမ်းပြီး " မစ္စတာကျုံး၊ မင်းတို့ မိသားစုသုံးယောက် ဒီနေရာမှာ ဘယ်လိုမျိုး ပေါင်းစည်းသွားတာလဲ ?"

[ မိသားစုသုံးယောက် ?ဟားဟားဟား၊ ဒီ ပါပါရာဇီက ဘယ်လိုမေးရမလဲ တကယ်ကြီး သိတာပဲ။]

ချင်မိသားစု- ...Pff pff pff

" မဒမ်ကျုံး၊ ဒီဦးလေးနဲ့တူလေးကြားမှာ ခင်ဗျား ဘယ်သူ့ကို တကယ် ချစ်တာလဲ ပြောပြပေးပါ?"

[ ဂါးဂါး ဂါးဂါး ဂါးဂါး တောက်ပနေရော!]

ယခုအချိန်တွင် ချင်မိသားစုသာမက၊ ပါပါရာဇီ၏ မေးခွန်းများအား ကြားလာသူတိုင်းက မရယ်မောပဲမနေနိုင်တော့ပေ။

သို့ပေမယ့် ပါပါရာဇီများသည် ပရော်ဖက်ရှင်နယ်တွေဖြစ်ပြီး ရယ်မောခြင်းမပြုပဲ တုံပြန်မှုမရမချင်း ဆက်မေးနေကြသည်။

"အရင်က ကွာရှင်းတယ်ဆိုတဲ့ ကောလဟာလက အမှန်ပဲလား ? အကြောင်းပြချက်က ယုရို့ရင်မဟုတ်ပေမဲ့ မင်းရဲ့ ဇနီးက မင်းတူလေးနဲ့ပိုပြီး နီစစပ်ခဲ့လို့လား ?"

"မစ္စတာကျုံး၊ စင်ပေါ်မှာ မဖျော်ဖြေနိုင်တာက ဒီနေ့ သူတို့ကို ဖမ်းဖို့ ဒီကိုလာခဲ့ရတာကြောင့်လား?"

"မဒမ်ကျုံး ခင်ဗျားဘာတွေတွေးနေတာလဲည? ယုရို့ရင်နဲ့ဆက်ဆံဖို့ Ladies's Club အဖွဲ့ မှာနေတုန်းကရော အချစ်ရေးကိစ္စတွေရှိလား?"

သတင်းထောက်များ၏ ပြတ်သားသည့် မေးခွန်းများက သူတို့ လင်မယားအား အရှက်ရစေပြီး ဒေါသထွက်စေခဲ့သည်။

မဒမ်ကျုံးသည် ကျုံးချွမ်မှ အားလုံးကို မောင်းထုတ်ပြီး ရှင်းပြဖို့ တံခါးကိုပိတ်ပစ်မည်ဟုမျှော်လင့်ခဲ့ပေမယ့် ကျုံးချွမ်က မျက်ထောင့်နီများဖြင့် သူတို့ကို စိုက်ကြည့်နေသည်။

[ မစ္စတာကျုံး၊ ဒီလိုမျိုး ကြောင်သူတော်ဆန်မနေပါနဲ့။ ရှင် အရင်က မဒမ်ကျုံးကိုမချစ်ဘူးလို့ပြောခဲ့တာမဟုတ်လား ? ဒီတော့ ရှင် အချစ်ရေးလိုက်စားတာကြတော့ အဆင်ပြေပေမယ့် ရှင့်မိန်းမက ရှင့်ကို ဦးထုပ်စိမ်းဆောင်းပေးရင်တော့ သူက အပြစ်သားလား?]

ကျုံးချွမ်၏လက်ရှိ သစ္စာဖောက်ခြင်းနှင့် မှားယွင်းခံနေရသည့် အမူအရာသည် ရယ်စရာကောင်းကြောင်း ချင်မိသားစု မှ သဘောပေါက်သည်။

မဒမ်ကျုံးသည် သူ့ပိုင်ဆိုင်ခွင့်ဖြစ်ပြီး သူ့ဘက်က စွန့်လွှတ်နိုင် သော်လည်း အခြားသူတစ်ဦးမှ မယူသွားနိုင်ကြောင်း သူခံစားမိသည်။

ကျုံးချွမ်၏ နှလုံးသားသည် တုန်လှုပ်ချောက်ချားသွားသည်။ ဒီကိစ္စကို ဖြေရှင်းပြီးသည်နှင့် ကွာရှင်းမည်မဟုတ်ဟု သဘော တူပြီး ပျော်ပျော်ရွှင်ရွှင်လက်တွဲနေထိုင်သွားမည်။ သူဘယ်လိုများ သူ့တူလေးနဲ့ အတူ နောက်ကျောဓားထိုးနိုင်ရတာလဲ ?

"မင်း ဖာသည်မ!"

ကျုံးချွမ်သည် နောက်ဆုံးတွင် သူ၏ကိုယ်ရည်ကိုယ် သွေးအတုအားဆုံးရှုံးခဲ့ရသည်။ တကယ်တော့ အမျိုးသားများ ဆုံးရှုံးမခံနိုင်ဆုံးအရာသည် ဂုဏ်သိက္ခာနှင့် မျက်နှာဖြစ်ပြီး၊ ထိုကဲ့သို့ အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် အဖမ်းခံရတာက သူ့မျက်နှာအား တက်နင်းလိုက်သလိုပင်။

သူက ကျယ်ကျယ်လောင်လောင်ဖြင့် "မင်းရဲ့ အသက်အရွယ်ကိုလဲ ကြည့်လိုက်ဦး၊ မင်းဘယ်လောက်ထိ တောင့်ခံနိုင်မှာလဲ၊ မင်း အထီးကျန်မှုကို မခံနိုင်တော့ရင် တုတ်တစ်ချောင်းရှာနိုင်တယ်၊ မင်း ငယ်ရွယ်တဲ့ဆွေမျိုးနဲ့ ဘယ်လိုများဖြစ်ရဲတာလဲ၊ မင်း အရှက်မရှိတဲ့ကောင်မပဲ"

ကျုံးချွမ်၏ပေါက်ကွဲသံနှင့်အတူ မဒမ်ကျုံး အမှန်တကယ် ချစ်ကြိုက်နေသည်ဟု လူတိုင်းက သဘာဝကျကျယူဆလိုက်ကြသည်။

သို့သော် မဒမ်ကျုံး၏မျက်နှာသည် ဖြူဖျော့လာပြီး ကျုံးချွမ်အားမယုံကြည်နိုင်စွာကြည့်နေသည်။

မူလက အထိတ်တလန့်ဖြစ်ပြီး ကူကယ်ရာမဲ့ဖြစ်ကာ ဤအ ခြေအနေမျိုးတွင် သူ စိတ်နှလုံးအကြွင်းမဲ့ မြုပ်နှံထားသည့် အမျိုးသားအား ရှေ့မှမားမားမတ်မတ်ရပ်ကာ ကာကွယ်စေလိုသည်။ သို့သော် သူသည် ထိုကဲ့သို့သော စော်ကားမှုများနှင့် ကြုံခဲ့ရသည်။ မဒမ်ကျုံး၏တည်ငြိမ်မှုများ ချက်ခြင်းပြိုကျလုမ တတ်ပင်။ သူ့ရှေ့ မှလူက သူလုံးဝသိသည့် ကျုံးချွမ်မဟုတ်သလို ရွံရှာဖွယ်ကောင်းကြောင်း သူ ရုတ်တရက်ခံစားလိုက်ရသည်။

[ အိုမို၊ ကျုံးချွမ်က သူ့ နေရာသူ နားမလည်သေးဘူးလား? သူက လက်ရှိအရှုပ်တော်ပုံနဲ့ ပတ်သက်နေသေးတယ် နာမည်လည်းပျက်သွားပြီ။ သူ ကိစ္စတွေကိုပြန်ပြောင်းပြီး ကြည့်မယ်ဆိုရင် မဒမ်ကျုံးကိုပဲ အားကိုးနိုင်တော့တာ။ သူ့ဂုဏ်သိက္ခာကို မကယ်တင်နိုင်ရင်တောင်မှ ချမ်းသာတဲ့ ဇနီးမယားနဲ့ အသက် မွေးဝမ်းကြောင်းပြုရမယ့် အနာဂတ်က တော်တော်ကိုချိုမြိန်နေတုန်းပဲ။ သူ့ထမင်းစားလက်မှတ်ကို ဒီလိုကျိန်ဆဲပြနေတာ ဒီလူ တကယ်ပဲ ဘာတွေတွေးနေတာလဲ?]

ချင်မိသားစုသည်လည်း တုန်လှုပ်သွားကာ ကျုံးချွမ်သည် အမှန်ပင် ကိုယ်ပိုင်အသိဥာဏ်ကင်းမဲ့ပြီး မဒမ်ကျုံးက မြောက်ပင့်ထားလွန်းသဖြင့် ပိုတုံးအလာသည်ဟု ခံစားလာရသည်။

သူတို့၏အိမ်ထောင်ရေးတွင် ရွေးချယ်ပိုင်ခွင့်ရှိသူမှာ ကျုံးချွမ်မဟုတ်ပဲအမြဲတမ်း မဒမ်ကျုံးဖြစ်ပြီး ကျုံးချွမ်တွင် ရှိရှိသမျှ အရာအားလုံးသည် မဒမ်ကျုံးမှပေးထားခဲ့ခြင်းဖြစ်သည်။

ကျီဖေးသည် ရှိုးပွဲအားနှစ်သက်ကာ အတွင်းကျကျ လှောင် ပြောင်နေသည်။

[ အိုးးး လောင်ကျုံး၊ ရှင် အရူးပဲ၊ ရှင် လွယ်ကူတဲ့ဘဝကိုလိုချင်ရင် ခေါင်းပေါ်မှာ ဦးထုပ်စိမ်းလေးဆောင်းထားလိုက်တော့ရော ဘာဖြစ်မှာမို့လို့လဲ? ဒီလိုအချိန်မျိုးမှာ မာန်မာနတွေကို မျိုသိပ်ထားသင့်တာ လျှောက်အော်နေသင့်တာမဟုတ်ဘူး။ ရှင့်ရဲ့ တူလေးက ရှင့်မိန်းမကိုခိုးသွားမှာ ရှင်တကယ် မကြောက်ဘူးလား?]

ချင်မိသားစုသည် ရယ်မောချင်စိတ်အားထိန်းထားကာ အထေ့ အငေါ့ဘုရင်မ မာစတာကျီ၏နောက်တွင်နေနေကြသည်။

[ဒါပေမယ့် ဒီတစ်ခါမှာလည်း မဒမ်ကျုံးရဲ့အချစ်ရူး ရူးနေတဲ့ ဦးနှောက်က မရှင်းလင်းဘူးဆိုရင်...]

"ကျုံးချွမ် ပါးစပ်ပိတ်စမ်း"

မဒမ်ကျုံးက မျက်ရည်စက်လက်နှင့် ဒေါသထွက်စွာအော်လိုက်သည်။

မဒမ်ကျုံးမှ သူ့အား လူပုံလယ်မှာပင် "ပါးစပ်ပိတ်စမ်း"ဟု ရဲရဲတင်းတင်းပြောလိုက်သဖြင့် ကျုံးချွမ်အံ့အားသင့်သွားသည်။

[အိုးဟိုး၊ သူနိုးထတော့မှာလား ? ခွေးစားခွေးဒရာမာတွေ ထွက်ပေါ်လာတော့မှာလား?]

ချင်မိသားစုသည် ရှိုးကောင်းတစ်ခုအား စောင့်မျှော်ကြည့်ရှုရန် ၎င်း တို့၏လည်ပင်းများအား ဆွဲဆန့်မထားဘဲမနေနိုင်ပေ။

သို့သော် အံ့သြစရာကောင်းသည်က ပထမဆုံးပြောခွင့်ရသူသည် ကျုံးစစ်ချီဖြစ်သည်။

"ဦးလေး၊ ခင်ဗျား ယန်ကျဲကို ဘယ်လိုပြောလိုက်တာလဲ ? ဒါက မတော်တဆမှုတစ်ခုပဲ၊ နောက်ပြီး ခင်ဗျားပဲ ယန်ကျဲနဲ့ကွာရှင်းချင်ခဲ့တာလေ..."

ထိုအချိန်တွင် ကျုံးစစ်ချီသည် တစ်ခုခုအမှားလုပ်မိပြီဟု ဆိုပြီး ရုတ်တရက်လန့်နိုးလာကာ မဒမ်ကျုံးအား ကူကယ်ရာမဲ့ ကြည့်နေလိုက်သည်။

[ သူက လမ်းတစ်ဝက်မှာဝင်လာတဲ့ လူသစ်လို့ ဘယ်သူပြောလဲ? ဖေးကျဲသာ ဒီသရုပ်ဆောင်မှုကိုမြင်ရင် သူ့ကို လက်မှတ် ထိုးချင်မှာ သေချာတယ်၊ အားကစားခန်းမထဲက ကြမ်းတမ်းတဲ့ ဒီကောင်လေးက နူးညံ့သိမ်မွေ့ ပြီး အားကိုးရာမဲ့နေတဲ့ လက်ဖက်စိမ်းဆန်ဆန် ခွေးမတစ်ကောင်လို အပြည့်အ၀ပုံဖော်ထားတာ။ ဒါက သံနတ်သမီးရဲ့ ကရုဏာအဆင့်သရုပ်ဆောင်ချက်ပဲ]

ချင်မိသားစု - အစကတော့ မရယ်ချင်ပေမယ့် အခုတော့ ထိန်းထားလို့မရတော့ဘူး။

ကံကောင်းထောက်မစွာပင်၊ အခန်းသည် အလွန်ဆူညံနေသည်၊ မဟုတ်ပါက ၎င်းတို့၏ရယ်မောမှုသည် ပရော်ဖက်ရှင်နယ်မင်းသားကျုံးစစ်ချီ၏ ဖျော်ဖြေမှုကိုထိခိုက်စေနိုင်သည်။

သို့သော် ချင်မိသားစုထဲရှိ လက်ဖက်ရည်ချစ်သူများသည် Tieguanyin အားမသောက်တော့ရန် ဆုံးဖြတ်ခဲ့ကြသည်။

(Tieguanyin" (铁观音) "Iron Goddess of Mercy" ο "Iron Avalokiteśvara" ဟူ၍ ဘာသာပြန်ဆိုထားသည်။ ၎င်းသည် တရုတ်နိုင်ငံ Fujian ပြည်နယ်မှရရှိသည့် သီးခြားလက်ဖက် ခြောက်အမျိုးအစားကိုဖြစ်သည်။ ထိုလက်ဖက်ရည်အား ဗုဒ္ဓဘုရားလောင်းဂွမ်ရင် (Guan Yin) ဟု အမည်ပေးထားပြီး လက်ဖက်ရည်၏အသွင်အပြင်ကို ကရုဏာနှင့်သက်ဆိုင်သည့် စကားအဖြစ် ရည်ညွှန်းနိုင်သည့်အရွက်ဖြစ်သည်။)

သောက်နေရင်း ဤသံလူသားလက်ဖက်စိမ်းကောင်ကို ရုတ်တ ရက်တွေးပြီး ရယ်မိမည်ကိုကြောက်ရွံ့ကြသည်။

လျှာချော်သွားခြင်းကြောင့်၊ အစောပိုင်းက အတင်းအဖျင်းများသည် ချက်ချင်းမှန်ကန်ကြောင်း အတည်ပြုလိုက်မိသည်။

ပါပါရာဇီသည် ကျုံးချွမ်အား ချက်ချင်းပင်မေးခွန်းများဖြင့် ပေါက်ကွဲပစ်ခဲ့သည်။

ကျုံးချွမ်သည် ရှေ့သို့ အပြေးအလွှားသွားကာ ကျုံးစစ်ချီ၏ ကော်လာ အားဆောင့်ဆွဲရန်ကြိုးစားရင်း အမူအရာမှာ ပုံပျက်လုနီးပါးဖြစ်နေသည်။

"မင်း မဟုတ်လား၊ ဒါတွေအားလုံး မင်းစီစဉ်ထားတာ၊ မင်းရည်ရွယ်ချက် ရှိရှိလုပ်ခဲ့တာ!"

သို့သော် ထိုကဲ့သို့ဆောင့်ဆွဲခြင်းသည် စောင်အား မလွှဲမရှောင်သာရွှေ့စေနိုင်သောကြောင့် မဒမ်ကျုံးသည် တိုက်ပွဲအားဖြိုခွင်းရန်ကြိုးစားစဉ်တွင်ပင် စောင်ကိုသဘာဝအတိုင်းကာကွယ်ရန် အလိုလိုကြိုးစားခဲ့သည်။

သို့သော် ကျုံးချွမ်၏မျက်လုံးများထဲ ၎င်းသည် ငယ်ရွယ်သည့် လူငယ်လေးအား ကာကွယ်ပေးနေပုံရသည်။

ကျုံးချွမ် ချက်ချင်းဆိုသလို သူ့အား ပါးရိုက်လိုက်ပြီး

" အရူးမ၊ နင် သူ့ကိုကူညီပေးနေတုန်းပဲလား ? သူ့ ငါတို့ကို လင်မယားနှစ်ယောက်ကို အကွက်ဆင်နေတာ၊ သူ မင်းလို အဘွားကြီးတစ်ယောက်ကို တကယ်ဂရုစိုက်တယ်လို့ ထင်နေတာလား? သူက မင်းရဲ့ ငွေ၊ မင်းရဲ့အဆင့်အတန်းကို မှီခိုချင်နေတာ။ သူ့မိသားစုတစ်ခုလုံးက ပိုင်းလုံးတွေ။ သူတို့ ငါ့ကို မှီခိုပြီး၊ အခု သူတို့က ငါ့နေရာကို အစားထိုးချင်နေကြတာ။ သူ့မှာ မင်းအတွက် ဘယ်လောက် စစ်မှန်တဲ့ခံစားချက်တွေပေးနိုင်မှာ လဲ!"

[ ကိုယ့်အုတ်ဂူ ကိုယ်ပြန်တူးတဲ့နေရာမှာ ကျုံးချွမ်က နံပါတ်တစ်ပဲ၊ မဒမ်ကျုံး သူ့အပေါ် ထားတဲ့ အမူအရာကရှင်းရှင်း လင်းလင်းပျက်သွားတာတောင်မှ သူ့လက်ကိုမြောက်ပြီး လှောင်ပြောင်နေတုန်းပဲ။ သူ တကယ့်ကို ရဲရင့်တဲ့ သူရဲကောင်းပဲ။]

မဒမ်ကျုံး၏ မျက်လုံးများအတွင်းမှ မျက်ရည်များပျောက်ကွယ်သွားပြီး တဖြည်းဖြည်းအေးစက်လာသည်ကို ချင်မိသားစုလည်း မြင် နိုင်သည်။

"ဦးလေး၊ ခင်ဗျား ယန်ကျဲကိုမချစ်တာနဲ့ သူများတွေ မချစ်ဘူးလို့မဆိုလိုဘူး။ ဟိုးအရင်ကတည်းက ယန်ကျဲက ကျွန်တော်အပေါ် သိပ်ကြင်နာတာ။ ဘယ်သူမှ ကျွန်တော်ကို ဒီလောက် ကောင်းကောင်း မဆက်ဆံဖူးဘူး။ ကျွန်တော် သူ့အပေါ် ချစ်မိသွားတာက ဘာများ မဖြစ်သင့်တာရှိလို့လဲ? ယန်ကျဲမှာ အရည် အချင်းတွေ အများကြီးရှိတယ်၊ သူက အရမ်းတော်တယ်။ ခင်ဗျားကိုယ်တိုင်ကျ မမြင်နိုင်ဘူး၊ ဒါပေမယ့် လူတိုင်းကိုကန်းနေတယ်လို့ ထင်နေတာလား ?"

ကျုံးစစ်ချီ ရိုးသားစွာပြောလာခဲ့သည်။

သူသည် ဘေးမှကြည့်သူများအား ဆွဲဆောင်လုနီးပါးပင်။

နှိမ့်ချခြင်းနှင့် ချီးမွမ်းခြင်းကြားက ခြားနားမှုက တကယ့်ကို ပြင်းထန်လွန်းလှသည်။

"မင်း... ခွေးကောင်၊ မင်းဦးလေးရဲ့ ဇနီးနဲ့ ချစ်ကြိုက်ပြီး မဖွယ် မရာတွေလုပ်နေတာ မင်းမှာ အနာဂါတ် ရှိသေးတယ်လို့ ထင်နေသေးလား" ကျုံးချွမ်ပြောပြီးသွားပြီးနောက် မဒမ်ကျုံးအား အော်ငေါက်ကာ " အခု ချက်ချင်းထ၊ပြီးရင် ဒီမကောင်းဆိုးရွား လေးကို အတူတူဖမ်းဖို့ ရဲခေါ်ရအောင်!"

"ယန်ကျဲ!"

ကျုံးစစ်ချီ ထိတ်လန့်နေပုံရပြီး မဒမ်ကျုံးအား အမြန်လှမ်း ခေါ်သည်။

မဒမ်ကျုံး ရုတ်တရက်ပြောလိုက်သည် " ရှင် ကျွန်မကိုကွာရှင်း စာရွက်တွေပေးထားပြီးပြီ၊ ဒီတော့ စစ်ချီနဲ့ ဆက်ဆံရေးကို ဘယ်လိုလုပ် အချစ်ဇာတ်ခင်းတယ်လို့ယူဆရမှာလဲ!"

All Chapters