← Chapters

အခန်း (၁၄၈)

Vol. 15 Ch. 148

အခန်း (၁၄၈)

Vol. 15 Ch. 148

ကျုံးစစ်ချီ၏ မျက်လုံးများတောက်ပလာပြီး " ခင်ဗျားတို့နှစ်ယောက်ကုတင်ခွဲပြီး အိပ်နေတာ တစ်နှစ်ကျော်လောက်ရှိပြီမို့ ယန်ကျဲနဲ့ ငါ အတူနေဖြစ်တာက အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြဿနာမရှိဘူး။ တချို့လုပ်ရိုးလုပ်စဉ်တွေ မပြီးသေးရုံပဲ"

ကျုံးချွမ်သည် လျှပ်စီးလက်သကဲ့သို့ အေးခဲနေပြီး ထိုနေရာတွင်ရပ်ရင်း မဒမ်ကျုံးအား မယုံကြည်နိုင်စွာကြည့်နေကာ သူ့ခန္ဓာကိုယ်သည် အနည်းငယ်ယိမ်းနွဲ့နေသည်။

မဒမ်ကျုံး၏ရုတ်တရက် အေးစက်ပြီး နှလုံးသားမဲ့သည့်တုံ့ပြန် မှုကြောင့် သူ အကြီးအကျယ် ထိတ်လန့်သွားပုံရသည်။

[အိုး၊ မဒမ်ကျုံးက ကျုံးစစ်ချီနဲ့ ပူးပေါင်းပြီး ကျုံးချွမ်ကို ဆန့် ကျင်ဖို့ ဆုံးဖြတ်လိုက်ပြီ]

မဒမ်ကျုံး၏ယခင်က တုံ့ပြန်မှုများကြောင့် ချင်မိသားစုသည် အလွန်အံ့အားသင့်ခဲ့ရပြီး သူ၏အချစ်ရူးနေသည့် ဦးနှောက်သည် ဤမျှလွယ်ကူစွာပြန်လည်ကောင်းမွန်လာမည်မဟုတ်ဟု ထင်မြင်မိသည်။

ပါပါရာဇီသည် ကျုံးချွမ်အား ကွာရှင်းခြင်းအကြောင်းကို ချက်ချင်းပင် စတင်မေးမြန်းခဲ့ပြီး ကျုံးချွမ်သည် မိန်းမောနေသေးကာ နောက်ဆုံးတွင် သူ့အခြေအနေ၏ မရေရာမှုကို သဘောပေါက်သွားခဲ့သည်။

သူ့အမူအရာသည် အကြိမ်ပေါင်းများစွာ ပြောင်းလဲပြီးနောက် ကျုံးချွမ် အနည်းငယ်တင်းမာနေသေးသော်လည်း သူ၏ ပုံမှန်ယဉ်ကျေးပြီး သန့်စင်သည့် အမူအရာအား ပြန်လည်ရရှိရန် တွန်းအားပေးနိုင်ခဲ့သည်။

ဒေါသကို နှိမ့်ချပြီး မာနကိုဘေးဖယ်ထားရင်း "ဟန်နီ၊ ကွာရှင်းဖို့ပြောခဲ့တာက ခဏတာ မိုက်မဲမှုတစ်ခုပဲ။ ဒီသားရဲလေးအတွက် မင်း တကယ်ပဲ ကိုယ်နဲ့လမ်းခွဲချင်နေတာလား ? ဒီအ မှားတစ်ခုကို ကိုယ် ခွင့်လွှတ်ပေးနိုင်တယ်၊ ကိုယ်တို့ အိမ် ထောင်ကျခဲ့တာ နှစ်အတော်ကြာခဲ့ပြီဆိုတော့ မင်းအတွက်ကြောင့် နည်းနည်းကြံ့ကြံ့ခံပြီးကြိုးစားနေနိုင်သေးတယ်။ ကိုယ် မင်းနဲ့အတူလက်တွဲသွားချင်သေးတယ်။ အခု မင်းရွေး ချယ် - မင်းကိုယ့်ကို ယုံလား ဒါမှမဟုတ် မင်းကို ချုပ်ကိုင်ချင် နေတဲ့ ဒီ သားရဲကောင်လေးကို ရွေးမလား!"

ကျုံးချွမ်သည် မဒမ်ကျုံး၏ခလုတ်များအား မည်သို့တွန်းရမည်ကိုသိနေသေးသည်။ သူစကားပြောပြီးသည့်အခါ မဒမ်ကျုံးသည် တစ်စုံတစ်ခုအား သတိရသွားသကဲ့သို့ အေးခဲသွားသည်။ အထူးသဖြင့်ကျုံးချွမ်သည် သူ့အားချစ်သည့်အခါ မည်မျှသည်းခံခဲ့သည်ကိုစဉ်းစားရင်း နှစ်ပေါင်းများစွာ ချစ်ခင်တွယ်တာမှုအားစွန့်လွှတ်ရန် သူ့ နှလုံးသားထဲခက်ခဲနေဆဲဖြစ် သည်။

[ပြီးသွားပြီ... ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်လဲ။]

ရုတ်တရက် ချင်ရှန့်သည် ကျီဖေး၏နားတွင် တိုးတိုးလေးကပ်ပြောကာ "သူ တစ်ခုခုကို ရည်ညွှန်းနေပုံရတယ်။ သူ့အတွက် 'နည်းနည်းကြံ့ကြံ့ခံပြီး' ဆိုတာက ဘာကိုဆိုလိုတာလဲ?"

ကျီဖေးအံ့အားသင့်သွားပြီး ချက်ချင်းစူးစမ်းလိုက်မိသည်။

ချင်ရှန့်၏စကားအား ကြားလိုက်ရသည့် ချင်မိသားစုမှ အခြားအဖွဲ့ ဝင်များသည် မစပ်စုချင်ပဲမနေနိုင်ကြပေ။

[ မိုင်ဂေါ့၊ ဒီအချိန်မှာ မဒမ်ကျုံးအတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။ မုန်းဖို့အကောင်းဆုံးလူတွေက တစ်ခါတစ်လေမှာ သနားဖို့အကောင်းဆုံးလူတွေ ဖြစ်နိုင်သည်။ သူတို့ရဲ့ အပြစ်တွေက ခွင့်မလွှတ်နိုင်ပေမယ့် ကျုံးချွမ်၊ ရှင်ကတော့ တကယ် သေဖို့ထိုက်တန်တယ်!]

ချင်မိသားစုမှ အဖွဲ့ ဝင်များအားလုံး အံ့သြစွာမျက်လုံးပြူးသွားကြသည်။

ဘာတွေဖြစ်နေတာလဲ ?

ကျီဖေးက ဒီလို တုံ့ပြန်ဖို့အတွက်ဆိုရင် ဒါက သတင်းကြီးပဲ ဖြစ်ရမယ်။

အဲဒါက ဘာဖြစ်နိုင်မလဲ ?

သို့သော် ကျီဖေးမှ လျှို့ဝှက်ချက်အားမဖော်ပြမီ ကျုံးစစ်ချီ သည် မှန်ကန်သည့် အသုံးအနှုန်းတစ်ခုဟုယူဆထားပြီး

"ဦးလေး၊ ခင်ဗျား အရမ်းအရှက်မမဲ့လို့မရဘူးလား။ ဒီအချိန်မှာတောင် ယန်ကျဲကိုစိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်ပြီး သူ့ကို ပြန်လာအောင် လှည့်စားချင်နေသေးတာလား?"

ကျုံးချွမ်၏မျက်နှာသည် ပြောင်းလဲသွားပြီး ကျုံးစစ်ချီအား မယုံကြည်နိုင်စွာကြည့်နေသည်။

သူ့ကိုမတားခင် ကျုံးစစ်ချီက မဒမ်ကျုံး၏ လက်အားကိုင်ထားပြီး "တောင်းပန်ပါတယ် ယန်၊ ဒီအကြောင်းကို မကြာသေးခင်ကပဲ သိလိုက်ရတာ။ ကလေးမမွေးနိုင်တဲ့သူက ခင်ဗျား မဟုတ်ဘူး၊ အဲ့ဒါသူပဲ။ ယန် စဉ်းစားကြည့်ပါဦး။ ကျွန်တော့် ဦးလေးက တစ်မိနစ် နှစ်မိနစ်လောက်ပဲကြာတာ၊ သူ ခင်ဗျားကို ကိုယ်ဝန်ရအောင် လုပ်နိုင်ပါ့မလား ? ခင်ဗျား သူ့ကို တကယ်ကြီးအပျော်အပါးရှောင်ပြီး လင်ခန်းမယားခန်းတွေမှာ စိတ်ပါဝင်စားမှုမရှိဘူးလို့ ထင်နေတာလား ? အဲ့တာက သူ မစွမ်း ဆောင်နိုင်လို့ပဲ၊ သူ ယုရို့ရင်ကိုတွေ့ တော့ သူ အဲ့တာကိုပြန်လုပ်နိုင်မယ်လို့ ခံစားခဲ့ရတာ၊ အဲ့တာကြောင့် သူ တကယ့်ယောက်ျား ဖြစ်ကြောင်းသက်သေပြဖို့ စိန်အားထက်သန်နေတာ!"

ကောင်းကင်မှ မိုးခြိမ်းသံများအလား ~

ပါပါရာဇီများသည် အလွန်တုန်လှုပ်သွားပြီး ၎င်းတို့၏ အသံဖမ်းကိရိယာများအား စတင်စစ်ဆေးကာ ပေါက်ကွဲစေတတ်သည့် အခိုက်အတန့်အား လွတ်သွားမည်ကိုစိုးရိမ်နေကြသည်။

၎င်းအားကြားတော့ တခြားကြည့်ရှုသူများ၏မျက်နှာများက အမျိုးမျိုးသော အမူအရာများပြပြီး အားလုံးကျုံးချွမ်အား လှည့်ကြည့်လိုက် ကြသည်။

ဒရာမာတွေထဲတွင် ထိပ်တန်းအခန်းကဏ္ဍများစွာ၌ ပါဝင်ခဲ့သည့် အဲဒီလူဟာ တကယ်တော့... တစ်မိနစ် သို့မှမဟုတ် နှစ်မိနစ်ပဲကြာသည်။

မဒမ်ကျုံးက ဒါကို နှစ်ပေါင်းများစွာ ဘယ်လိုများသည်းခံနိုင်ခဲ့တာလဲ ? ပြီးတော့ သူ့ကိုယ်သူပြဿနာတွေရှိနေတယ်လို့တောင် သံသယရှိမိသေးတယ်လား?

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...?"

မဒမ်ကျုံးသည် ကျုံးစစ်ချီအား ဗြောင်ကျကျ စိုက်ကြည့်နေပြီး သူ့အသံသည် တုန်လှုပ်နေကာ ဤဖွင့်ဟချက်ကြောင့် သိသိသာသာတုန်လှုပ်သွားသည်။

ကျုံးစစ်ချီသည် မဒမ်ကျုံး၏နား အနားသို့ကပ်ကာ တစ်စုံတစ် ခုအားတိုးတိုးပြောလိုက်သဖြင့် သူ့မျက်နှာနီမြန်းလာပြီး ထို့နောက်ဖျော့တော့လာသည်။

နောက်ဆုံးတွင် သူ့မျက်လုံးများသည် တဖြည်းဖြည်းနီရဲလာကာ ကျုံးချွမ်အားစိုက်ကြည့်လာသည်။

လူတိုင်းက ဘာပြောလိုက်လဲ သိချင်နေကြသည်။

ချင်မိသားစုကသာ သိသည်။

[ကျုံးစစ်ချီက မဒမ်ကျုံးကို ဦးလေးနဲ့တူကြားက ခြားနားချက်ကိုနှိုင်းယှဉ်ကြည့်ဖို့ ပြောခဲ့တာ၊ အဲ့တာကြောင့် သူက သူ့အိမ် ထောင်ရေးမှာစစ်မှန်တဲ့ပျော်ရွှင်မှုမျိုး တစ်ခါမှမကြုံဖူးကြောင်းသဘောပေါက်သွားတာ။ ဒါပေမဲ့ သူက ငယ်ရွယ်ပြီး အတွေ့ အကြုံမရှိတဲ့အရွယ်မှာ ကျုံးချွမ်ကို ချစ်မိသွားတာကြောင့် သူ့ ဘဝတစ်ဝက်စာလောက် စိတ်ပိုင်းဆိုင်ရာခြယ် လှယ် ခံခဲ့ရတယ်။ သူ ခင်ပွန်းဖြစ်သူကို အကဲခတ်ကြည့်လိုက်တော့ အခြားဘယ်သူနဲ့မှဆွေးနွေးဝံ့ခြင်းမရှိဘူး။ အဲ့ဒါကြောင့် တခြားယောက်ျားတွေနဲ့ ဒီလိုမျိုးမဖြစ်သင့်ဘူးဆိုတာကို သူ မသိခဲ့ဘူး။]

[သူတို့နှစ်ယောက်က ဘယ်တုန်းကမှ ကိုယ်ဝန်မဆောင်နိုင်ခဲ့ကြပေမယ့် ပြဿနာကို ဘယ်တော့မှရှာမတွေ့ ခဲ့ကြဘူး။ မဒမ်ကျုံးရဲ့မိသားစုထဲမှာ အမျိုးသမီးတွေမျိုးမပွားနိုင်တာကြောင့် အဲ့တာက သူ့ပြဿနာလို့အမြဲတမ်းသံသယဝင်ခဲ့တာ ကျုံးချွမ်ရဲ့ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာတွေကို စစ်ဆေးဖို့ဘယ်တုန်း ကမှ မစဉ်းစားခဲ့ဖူးဘူး။]

[သူတို့နှစ်ယောက် အတူတူဆေးကုသဖို့အကြောင်းပေါ်လာတိုင်း ကျုံးချွမ်က အမြဲတမ်းဂရုမစိုက်ဘဲ ကိုယ်ဝန်ရဖို့ခက်တဲ့ အရွယ်ရောက်တဲ့အထိ သူ့ကို ချိုမြိန်တဲ့စကားလုံးတွေ သုံးပြီး စိတ်အေးလက်အေးနဲ့ အချိုသပ်လေ့ရှိတယ်။ ဒီတစ်လျှောက်လုံး သူက ခင်ပွန်းဖြစ်သူကို ကလေးမွေးမပေးနိုင်ဘူးဆိုတဲ့ အပြစ်ရှိစိတ်နဲ့နေလာခဲ့တာ။]

[ ကျုံးချွမ်က ဒီအချက်ကို တကယ်ကြိုးကိုင်နေတာပဲ ယုရို့ ရင်ကိုလိုက်ရှာပြီး ကွာရှင်းဖို့တွန်းအားပေးတဲ့နေရာမှာ ရဲရဲရင့်ရင့် လုပ်ဆောင်ခဲ့တာ။ ကွာရှင်းလိုက်ရင်တောင် မဒမ်ကျုံးက စိတ်ပိုင်း ဆိုင်ရာအရဘယ်တော့မှ သူ့ကို ထားခဲ့နိုင်မှာမဟုတ်ဘူးလို့ သူ ယုံကြည်ခဲ့တာ။ သူက တကယ့်ကို လိမ္မာပါးနပ်ပြီး ရက်စက်တယ်!]

ထိုစကားအား ကြားပြီးနောက် ချင်မိသားစုသည် ကျုံးချွမ်ကို မထီမဲ့မြင်မပြုပဲမနေနိုင်ပေ။ သူက တကယ်ကို လူ့အမှိုက်ပဲ။

[Tsk tsk tsk၊ သူ ဆေးမိထားတာတောင် မြန်မြန်ပြန်ကောင်းလာပြီး သူ့ ကိုလိုက်ရှာနေတာ အံ့သြစရာမရှိပါဘူး။ သူ့မှ မမာနိုင်တာ။ ယုတ္တိဗေဒအရ စစ်ဆေးကြည့်ရင်လေ။]

ချင်မိသားစုလည်း ၎င်းအား သဘောပေါက်ပြီး မရယ်ပဲမနေနိုင်ပေ။

ယခုအချိန်တွင် ကျုံးချွမ်သည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့ရှေ့မှအခြေအနေကြောင့် နစ်မွန်းသွားပုံရသည်။

"မင်း... မင်း သူ့ကို မယုံဘူးမဟုတ်လား ?" ကျုံးချွမ် အဆုံးအထိ ခါးသီးစွာ အရှုံးမပေးခဲ့ချေ။

ထိုအချိန်တွင် မဒမ်ကျုံး၏မျက်နှာသည် နတ်ဆိုးတစ်ကောင်လိုဖြစ်နေ ပြီး "ကောင်းပြီလေ၊ ဆေးစစ်ဖို့ ဆေးရုံကိုသွားကြရအောင်။ ကျုံးချွမ် နင် ငါ့ကိုလိမ်ခဲ့တယ်ဆိုရင် ငါကျိန်ရဲတယ် ငါ နင့်ကို ပြန်ပေးဆပ်ရအောင်ကိုလုပ်မှာ"

"မင်း... မင်းရူးသွားပြီလား ? မင်း ငါ့ကိုမယုံဘူးလား? ဒါက ငါ့ကို စော်ကားလိုက်တာပဲ။ မင်း ဒီလိုလုပ်နေမယ်ဆိုရင် ကွာရှင်းကြရအောင်။ ငါ့ရဲ့ အပြစ်ကင်းစင်မှုကိုသက်သေပြပြီးရင် တောင် ငါ မင်းကို ဘယ်တော့မှခွင့်မလွှတ်ဘူး။"

ယခုအချိန်ထိ ကျုံးချွမ်သည် မဒမ်ကျုံးအားခြိမ်းခြောက်ရန် ကြိုးစားဆဲဖြစ်ပြီး သူ၏အကြံအစည်အား ကြောက်ရွံ့ရန် ကြိုးပမ်းရာတွင် အလျှော့မပေးဘဲ ဆက်လက်ဟန်ဆောင်နေသည်။

"တည့်တည့်ပြောစမ်း၊ မင်းကမှ အခုလှည့်စားတဲ့သူပဲ။ ငါ ဘယ်တုန်းကမှ ကိုယ်ထိလက်ရောက် သစ္စာမဖောက်ဖူးဘူး၊"

ထိုစကားပြောပြီးသည်နှင့် ကျုံးချွမ်သည် ကိုယ်ကျင့်တရားမြင့်မားသည့် နေရာအားမရယူမီတွင် လူအုပ်ထဲမှအသံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်တုန်းကမှ သစ္စာမဖောက်ဖူးဘူး... အဲ့တာက ရှင်မစွမ်း ဆောင်နိုင်ဘူးဆိုတာ ရှင့်ကိုယ် ရှင်သိပြီး တခြားမိန်းမတွေက ရှင့်ကို ဖော်ထုတ်လိုက်မှာကို ကြောက်လို့မဟုတ်ဘူးလား?"

ဘယ်သူကမှ ပြောသူကိုလှည့်မကြည့်ပေမယ့် လူတိုင်းက ပြီးပြည့်စုံစွာ အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။

ချင်ရှန့်သည် ကျီဖေးအား ကူကယ်ရာမဲ့ငုံ့ကြည့်နေပြီး သူသည် ပါပါရာဇီများတွေ့ ရှိခြင်းအား အမှန်တကယ်မကြောက်ခဲ့ဟု တွေးတောနေသည်။

ကျီဖေးသည် ချင်ရှန့်အားမော့ကြည့်လိုက်ပြီး သူ့မျက်လုံးများ သည် အပြစ်ကင်းစင်စွာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။

[ ငါ မထိန်းနိုင်ပဲ၊ ငါ့စိတ်ထဲက အတွေးကိုမတော်တဆပြောမိသွားတာ။ ကျုံးချွမ်လို လူဆိုးကြီးက ယုရို့ရင်အပေါ် အရင်က တကယ် မလှုပ်ရှားဖူးတဲ့အကြောင်းရင်းကို တွေးလိုက်မိတယ်။ အဲ့တာက ယုရို့ရင်အတွက် ကျုံးချွမ်ကို အမှန်တကယ် မွန်မြတ်ပြီး သီလရှိတဲ့သူလို့ထင်မြင်သွားပြီး သူ့အပေါ် အရောင်မျိုးစုံနဲ့ ကြည့်တတ်သူမဟုတ်တဲ့ စီနီယာတစ်ယောက်လို့ထင်ခဲ့တာ။ ဒါပေမယ့် တကယ်တော့ ကျုံးချွမ်က သူ့ အခြေအနေကို မဖော်ပြရဲခဲ့ဘူး။ သူအရင် လက်ထပ်ပြီးစမ်းကြည့်ချင်တာ၊ အိမ် ထောင်ကျပြီးရင် သူ့မိန်းမက သူ့အခြေအနေကိုဖော်ထုတ်နိုင် မှာ မဟုတ်ဘူးလို့ သူ ထင်ခဲ့တာ။]

ကျီဖေး၏တိုးတိုးတိတ်တိတ်ပြောသံအား ကြားလိုက်သည့်အခါ ချင် မိသားစုသည်လည်း အဓိပ္ပာယ်ရှိလှသည်ကို သဘောပေါက်သွားခဲ့သည်။ အမှန်မှာ၊ ဤနည်းလမ်းကိုတွေးမိခြင်းသည် ယုတ္တိရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသည်။

ကျီဖေး၏အမြင်ကျယ်စေသည့် မှတ်ချက်ကြောင့် မဒမ်ကျုံးက ဒေါသတကြီးဖြင့် " ငါတို့ စစ်ကိုစစ်ဆေးရမယ်၊"

"ရူးနေပြီ... ရူးနေတဲ့ မိန်းမ၊ မင်း တည့်တည့်မတ်မတ်တွေးလို့မရဘူးလား။ ငါ မင်းကို သည်းမခံနိုင်တော့ဘူး!" ကျုံးချွမ် လှည့်ထွက်သွားသည်။

သို့ပေမယ့် လမ်းလျှောက်မထွက်ခင်မှာပင် သူက ပါပါရာဇီကို ဆဲဆိုလိုက်ပြီး "သူ ငါ့ကို ဆဲဆိုနေတာ။ အသရေဖျက်မှုနဲ့ တရားစွဲမယ်၊"

အာ၊ ဒါက… အရမ်းဆန္ဒပြနေတာလား ?

ပါပါရာဇီများပင် ဤခေါင်းမာသည့်လူအားကိုယ်ချင်းစာကြသည်။

[ လူလိမ်တစ်ယောက်ကိုဖမ်းမိတဲ့ စိတ်မြန်တဲ့ လုပ်ရပ်တစ်ခုက တစ်သက်လုံးစာအရှက်ကွဲစေတယ်။ လောင်ကျုံး၊ လောင်ကျုံး ကျွန်မ ရှင့်အတွက် ဖယောင်းတိုင်တစ်တိုင် ထွန်းပေးထားတယ်။]

ထိုအချိန်တွင် ကျုံးချွမ်သည် ချင်မိသားစုဘေးမှဖြတ်သွားခဲ့သည်။ သူတို့ အပြင်းအထန် ရယ်မောချင်သော်လည်း ချင်မိသားစုဝင်များသည် ၎င်းတို့၏အူမြူးနေမှုကို ထိန်းထားရန် တွန်းအားပေးခဲ့ကြသည်။

နောက်ဆုံးတွင် ဟိုတယ်ဝန်ထမ်းများက လူစုခွဲရန်နောက်ကျမှ ရောက်လာကြသည်။ ကျီဖေးသည် ၎င်းတို့ အရမ်းနောက်ကျပြီးမှရောက်မလာမီတွင် လုံခြုံရေးကင်မရာများပေါ်မှ ဖြန့်ထားသည့်ဒရာမာအား ကြည့်ရှုခဲ့သည်ဟု သံသယရှိခဲ့သည်။

လှည့်စားမှုဒရာမာတွင် ထိုသို့သောလှည့်ကွက်များအား ကြည့် ရှုခဲ့ရသည့်ကြည့်ရှုသူများသည် ကျေနပ်နေသည့်အပြုံးများဖြင့် အခန်းထဲသို့ပြန်ဝင်လာကြသည်။

ကျီဖေးနှင့် ချင်မိသားစုတို့လည်း အတူတူ မထွက်ခွာမီ ပါပါရာဇီများအရင်ပြန်သွားရန် စောင့်မျှော်နေကြသည်။

အောက်ထပ်သို့ ဆင်းလာသောအခါ ဧည့်ခန်းထဲရှိ ဧည့်သည်များနှင့် ဝန်ထမ်းများ အတူတူတပြိုင်နက် တီးတိုးပြောကာ ဖုန်းများအား ကြည့်နေကြသည်ကိုတွေ့လိုက်ရသည်။ ဒီသတင်းဟာ Weibo မှာ ပေါက်ကွဲ သွားခဲ့တာဖြစ်နိုင်သည်။

ကျီဖေးတို့အဖွဲ့ သည်လည်း သည်းမခံနိုင်တော့ပဲ ၎င်းတို့၏ ဖုန်းများအား စစ်ဆေးတော့သည်။

သေချာသည်၊ ဒီအချိန်တိုလေးအတွင်းမှာပင် သူတို့၏ hashtag များမှာ Hot Search သို့ရောက်နေခဲ့သည်။

#ZongChunRealMan နှစ်မိနစ်အောက်#

#ZongChun GaslightingWife#

#UncleAndNephewShareOneWife ? စာရိတ္တပျက်ပြားခြင်းသို့...#

#LovingHusbandImage ကွဲအက်၊ စံပြစုံတွဲသည် နောက်ဆုံးတွင် Cracks Going ToCheck Infertility Truth#

#ခေါင်းမာသောလူ#

#တူလေးက သူ့ဦးလေးနေရာမှာ အစားထိုးဖို့ဆုံးဖြတ်ခဲ့တယ်#

#ယုရို့ရင်လောက် ကံမကောင်းတဲ့သူက ဘယ်သူဖြစ်နိုင်မလဲ။

All Chapters