အခန်း (၁၄၉)
Vol. 15 Ch. 149
ဟော်တယ်မှာ ဖောက်ပြန်သည့်ဒရာမာသည် Weibo ပေါ်တွင် နှစ်ရက်လုံးလုံး ရေပန်းစားနေခဲ့ပြီး ဟောင်းမသွားသည့်အပြင် အရည်ရွှမ်းသည့် အသေးစိတ် အချက်အလက်များဖြင့် ပြည့်နှက်နေသည်။
ယခင်က အရှက်ကွဲပြီး လိမ်လည်လှည့်စားခံရသည့် အမျိုး သားများသည် သနားစရာပုံပေါက်သော်လည်း ယခု ကျုံးချွမ်နှင့်နှိုင်းယှဉ်ကြည့်လျှင် ကံဆိုးပုံမပေါ်တော့ပေ။ ကျုံးချွမ်သည် နာမည်ပျက်ရုံသာမက ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်ကာ ဦးထုပ်စိမ်းဆောင်းခံရပြီး ဇနီးဖြစ်သူ ခိုးယူခံခဲ့ရသော်လည်း ၎င်း၏ ဂုဏ်သိက္ခာသာ ပျက်ပြားသွားခဲ့ရသည်။
[တစ်ခွန်းပဲပြောမယ်၊ သနားစရာလေး~]
ချင်မိသားစုသည် ဧည့်ခန်းထဲတွင် တစ်မိသားစုလုံး စုဝေးနေခဲ့သည်။ ချင်ရှီငယ်မှလွဲ၍ ကျန်လူအားလုံးသည် လက်ဖက်ရည်နှင့် အစားအစာ များချကာ အတင်းအဖျင်းပြောသည့် မိသားစုအလေ့အထအသစ်အား တီထွင်ခဲ့ကြသည်။ နေ့စဉ်စကားပြောဆိုခြင်းက သူတို့အားလန်းဆန်းစေပြီး ခွန်အားဖြစ်စေပါသည်။
ချင်ရှန့်သည်ပင် အလုပ်မှ စောစောပြန်လာသည့် အခါရံဖန်ရံခါ ပါဝင်လေ့ရှိသည်။
ကျုံးချွမ်၏စိတ်ဆင်းရဲမှုနှင့် ပတ်သက်၍ ကျီဖေး၏ပေါ့ပေါ့ ပါးပါးနှင့် ရွဲ့စောင်းသည့်မှတ်ချက်အား ကြားလိုက်ရာ ချင်ရှန့်၏ နှုတ်ခမ်းများကွေးသွားကာ အခြားသူများလည်း ရယ်လိုက်ကြသည်။
ကျီဖေးက ပြောင်းလဲသွားပုံပင်... တစ်မိသားစုလုံး အတူတူ ရယ်မောရင်း အချိန်ပိုကုန်သွားသည်။
" နောက်ဆုံးပေါ်သတင်းကို တွေ့ လိုက်တယ်၊ မစ္စကျုံးက ကွာရှင်းပြတ်စဲကြောင်း တရားဝင်ကြေငြာခဲ့ပြီး ကျုံးချွမ်ကို တရားစွဲဖို့ ရှေ့နေဆီကနေ စာတစ်စောင်ပေးပို့သွားမှာပါတဲ့" ဟု ချင်ရုန် စိတ်လှုပ်ရှားစွာ သတင်းပေးပို့ခဲ့သည်။
"ကျုံးချွမ်တော့ အိမ်အပြင်ကိုကန်ထုတ်ခံလိုက်ရပြီ"
"အမှန်တရားထွက်ပေါ်လာပုံပဲ" မားမားချင်က ပြောသည်။
"သူ့ရဲ့ နာမည်ဂုဏ်သတင်းကို ဂရုမစိုက်တော့လောက်အောင် ဒေါသထွက်နေပုံရတယ်။"
ပါးပါးချင်က "ကျုံးချွမ်က လက်ဗလာနဲ့ထားခံရရုံသာမကဘူး၊ လျော်ကြေးလည်းပေးရမှာ။ အခုချိန်မှာ သူကအလုပ်နဲ့မိသား စုနှစ်ခုလုံးမှာ တကယ်ကျရှုံးနေပြီ"
"မစ္စကျုံးရဲ့ဗီလာမှာ ကျုံးစစ်ချီ နေထိုင်နေတာကို ပါပါရာဇီက ဖမ်းမိထားတယ်" ဟု ချင်ကျောက် မယုံနိုင်စွာပြောသည်။
"သူ တကယ်အောင်မြင်ခဲ့တာကို ငါမယုံနိုင်ဘူး။ မစ္စကျုံးကဆက်ပြီး... မစ္စကျုံး ဖြစ်နေတုန်းပဲမလား ?"
အားလုံး ရယ်မောလိုက်ကြသည်။
ချင်ရန် သူ့ခေါင်းကိုခါယမ်းလိုက်ပြီး "ယောက်ျားတစ်ယောက်ဆီကနေ ဆိုးဆိုးရွားရွားဒဏ်ရာရပြီးမှတော့ သူ ယောက်ျားတွေကို ဘယ်လိုယုံနိုင်ပါ့မလဲ?"
" သူ မယုံတော့တာဖြစ်နိုင်တယ် ဒါပေမယ့် အခုချိန်မှာတော့ သူ ဘဝကို ပျော်ပျော်ပါးပါးဖြတ်သန်းချင်နေပြီလေ။ နောက်ဆုံး သူ့မှာပိုက်ဆံရှိတယ်... ယုရို့ရင်အပေါ် သူတို့လုပ်ခဲ့တာတွေကို မဖြေရှင်းနိုင်တာကတော့ ရှက်စရာပဲ" ဟု ကျီဖေးက ဝမ်းနည်းစွာပြောသည်။
လူတိုင်းက သနားစရာကောင်းသည်ဟုခံစားရသည်။ အဝတ် အထည်ပေါ်ရှိ ကော်ဖီအစွန်းအထင်းများမှ မူးယစ်ဆေးဝါး သဲလွန်စများအား ရှာဖွေတွေ့ ရှိနိုင်မည်ဟု ထင်ခဲ့ကြသော် လည်း စစ်ဆေးကြည့်လိုက်သောအခါ ကော်ဖီထဲမူးယစ်ဆေး ဝါးများမရှိခဲ့ပေ။ တစ်စုံတစ်ယောက်အားဆေးခပ်ရန် ကြိုးစားခဲ့သူသည် အဲ့အစားနစ်နာသူအဖြစ် အဆုံးသတ်ခဲ့ရသည်။ တခြားဘာပြောနိုင်မလဲ?
ချင်ရှန့်က ရုတ်တရက်ဆိုသလို " မစ္စကျုံးရဲ့ ဝမ်းကွဲကပြောတယ်၊ သူ့ရဲ့ နှစ်ဖက်မိသားစုတွေက မစ္စကျုံးလုပ်ခဲ့တဲ့အွန်လိုင်းပေါ်က အရှုပ်တော်ပုံ တွေကြောင့် မစ္စကျုံးကိုမိသားစုလုပ်ငန်းစာရင်းကနေ ဖယ်ရှားဖို့စီစဉ်နေတယ်တဲ့။ သူသာ သူ့ဘာသာသူ အလုပ်မလုပ်ဘူးဆိုရင်၊ အနာဂါတ်မှာ... သူ ဖြုန်းဖို့ ငွေအများကြီးမရှိတော့မှာ ဆိုးရိမ်မိတယ်။"
မစ္စကျုံး၏ဝမ်းကွဲသည် ချင်အဖွဲ့ အစည်းမှ ဒါရိုက်တာဖြစ်သောကြောင့် သူပြောသည့်စကားသည် မှန်ကန်သည့် အတင်း အဖျင်းဖြစ်ရမည်။
သို့သော်လည်း ချင်မိသားစုဝင်များအားလုံးသည် ချင်ရှန့်အား အံ့အားသင့်စွာကြည့်နေကြသည်။ ကုမ္ပဏီမှဘော့စ်အဖြစ် အမြဲတမ်းအလေးအနက်ထားတတ်တဲ့ လူတစ်ယောက်သည် တစ်စုံတစ်ဦး၏လျှို့ဝှက်တိုင်ကြားချက်များအား နားထောင်ကာအတင်းအဖျင်းပြောဖို့ သတင်းပြန်ကြားလာလိမ့်မည်ဟု မည်သူက တွေးကြည့်နိုင်မည်နည်း ?
ဒါက… "ချင်ရှန့်"နှင့် သိပ်မတူပေ။
သို့ပေမယ့် ဒီသတင်းကိုကြားတော့ ကျီဖေး၏မျက်လုံးများ လင်းလက်နေသည်ကိုတွေ့ လိုက်ရပြီး ချင်ရှန့်၏လက်မောင်းကိုပင် လှမ်းဆွဲလိုက်သည်... ချင်မိသားစုဝင်များ ချင်ရှန့်အား သဘောပေါက်စွာကြည့်လိုက်ကြသည်။
ဒီတော့ ဒါက သူ့မိန်းမကို ကျေနပ်စေမယ့်နည်းလမ်းသစ်တစ်ခုလား ?
အရင်တုန်းကတော့ ချင်မိဘများသည် သူတို့စုံတွဲ၏အချစ်ရေးနှင့်ပတ်သက်၍ အတော်လေး မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြသော် လည်း ယခုမူ နေ့တိုင်းလိုလို သူတို့၏ချိုမြိန်သည့် အခိုက်အ တန့်များအား ခံစားဖို့ နည်းလမ်းတွေရှာတွေ့ခဲ့ကြသည်။
"တကယ်လား ?"
ကျီဖေးက သူမျက်နှာအနှံ့ စိတ်ဝင်တစားမှုအပြည့်ဖြင့် မေးလိုက်သည်။
ချင်ရှန့် ခေါင်းညိတ်ပြီးအသေးစိတ်ရှင်းပြလာသည်။
ကျီဖေး ပြတ်ပြတ်သားသားရယ်မောလိုက်သည်။
"မင်းလုပ်လိုက်တဲ့ မကောင်းမှုတွေက မင်းကို တစ်နည်းနည်းနဲ့ ကိုက်လာလိမ့်မယ်။"
မစ္စကျုံးပိုက်ဆံမရှိတဲ့အခါ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာ တွေးကြည့်နိုင်သည်။ ကျုံးစစ်ချီကရော ဘယ်လိုလဲ ? သူ့အဒေါ်ကို သွေးဆောင်၊ နာမည်ဆိုးနဲ့ ဖောက်ထွက်ပြီး သူ့အသက်မွေးဝမ်းကြောင်း တံတားအားလုံးကိုပါမီးရှို့ခဲ့ပြီးပြီ။ သူ့မှာ ဘယ်လိုအနာဂတ်မျိုးရှိနိုင်မှာလဲ ?
"ယုလောင်ရှစ်ကတော့ ဥမင်လိုဏ်ခေါင်းရဲ့ အဆုံးမှာအလင်း ရောင်ကိုမြင်လိုက်ရပြီ။ ဘယ်သူမှ သူ့ကို အန္တရာယ်ပြုဖို့မကြိုး စားတော့ဘူး" ဟု ချင်ရုန်က ဝမ်းသာအားရ ပြောသည်။
လူတိုင်းပြုံးလိုက်ကြသည်။
သို့သော် ချင်ရန် ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး
"ဟုတ်သားပဲ၊ ဖေးဖေး၊ စန်းတိ၊ နင်တို့ရဲ့ Show က အခု ဘယ် လိုဆက်လုပ်ကြမှာလဲ"
ကျီဖေး ထိုအရာများအား ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ အလုပ်ဆိုတာနှောင့်နှေးဖို့ပင် ဖြစ်နိုင်ရင် လစ်လျူရှုထားလိုက်ချင်သည်။ ထိုမေးခွန်းမေးတော့ ချင်ကျောက်အားလှမ်းကြည့် လိုက်သည်။
"ယုရို့ရင်နဲ့ ကျုံးချွမ်တို့ရဲ့ အဖွဲ့ ကတော့ သေချာပေါက်ထွက်သွားပြီ" ဟုချင်ကျောက်က ပြောသည်။
ကျီဖေးသည် သူ့ဂုဏ်သတင်းဟာ ယခုအချိန်တွင် မရေမရာဖြစ်မည်ဟု စိတ်ကူးထားပြီးသားဖြစ်ပြီး သူ၏ကိုယ်ရေးကိုယ် တာမက်ဆေ့ချ်များ မကြာသေးမီကတိုးလာသည်မှာ အံ့သြစရာမဟုတ်ပေ။
ချင်ကျောက်က " ယုရို့ရင်က ငါတို့ စတူဒီယိုရဲ့အနုပညာရှင် ဖြစ် နေတုန်းပဲ၊ အဲ့ဒါကြောင့် သူက ငါတို့ရဲ့ စင်ပေါ်မှာ ဇာတ်ပို့အဖြစ်နဲ့ ဆက်ရှိနေမှာပဲ"
ကျီဖေး သူ့လက်အား မြောက်လိုက်ပြီး " တကယ်တော့ ငါ နုတ်ထွက်လို့ရတယ်၊ ပြီးတော့ ယုရို့ရင်ကို စင်ပေါ်မှာဖျော်ဖြေခွင့်ပေးလိုက်ပါ။ ဖေးကျဲ သူ့ကို စနစ်တကျ ပြုစုပျိုးထောင်ပေးချင်နေတာ မဟုတ်လား ?"
သို့ပေမယ့် ချင်ကျောက်က " ဒါရိုက်တာနဲ့ ထုတ်လုပ်သူတို့ ညလယ်ခေါင်ကြီး မင်းအခန်းရှေ့ကြိုးဆွဲချနေတာကိုမြင်ချင်လား ?"
တစ်မိသားစုလုံး ရယ်မောလိုက်ကြသည်။
ကျီဖေးက "သူတို့ရဲ့ ခံနိုင်ရည်က တော်တော်သန်မာတယ်လို့ ငါထင်တယ်"
ချင်ကျောက်က "အရင်က အဖွဲ့ တွေ လူသိရှင်ကြား ရှုံ့ချခံရမှာကိုကြောက်လို့ ပွဲက မသုံးရဲတော့ဘဲ ပျောက်ကွယ်သွားတယ်။ သူတို့သာနုတ်ထွက်ဖို့ဆန္ဒရှိတော့ သူတို့ရဲ့ စာချုပ်တွေက ထုံးစံအတိုင်းရပ်စဲသွားတယ်လေ။ ဒါပေမယ့် မင်းမှာက ဘာပြဿ နာမှမရှိဘူး၊ အဲ့ဒါကြောင့် အလုပ်ထွက်ချင်ရင် စာချုပ်ဖောက် ဖျက်တဲ့အတွက် ဒဏ်ကြေးပေးရမယ်။"
"ပိုက်ဆံပေးရမလား ??"
တစ်မိသားစုလုံး ကျီဖေးအား ရွှင်မြူးပြီးစိတ်အနှောက်အယှက်ဖြစ်စွာ ကြည့်နေကြသည်။
သို့ပေမယ့် ချင်ရှန့်က ကျီဖေးအားတိုက်ရိုက်ပြောပြီး " မင်းတကယ်မပါချင်ရင် ဒဏ်ကြေးပေးရမယ်"
ကျီဖေး: "စိတ်မရှိနဲ့နော် ငါ အကုန်ပါမှာပါ"
[ ပိုက်ဆံပေးရမယ်၊ ဘယ်သူ့ပိုက်ဆံပဲဖြစ်ဖြစ်၊ အဲဒါကို လုံးဝလက်မခံနိုင်ဘူး၊ ပိုက်ဆံမရှာနိုင်တာထက် ပိုနာကျင်ရတယ်!]
ချင်ကျောက်က " အပိုင်းတစ်ပိုင်းပဲ ကျန်တော့တယ်၊ ပေါ့ပေါ့ ပါးပါးနဲ့ ပြီးသွားလိမ့်မယ်။ ငါတို့ အရင်ကအရမ်းထင်ရှားခဲ့တာဆိုတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အဆုံးသတ်လိုက်တာက အဆင်ပြေပါတယ်။ နောက်ပြဿနာတစ်ခုခုဖြစ်လာရင် ဒါရိုက်တာနဲ့ ထုတ်လုပ်သူအတွက် လုံလောက်တဲ့ Nitroglycerin ဆေးတွေ ထပ်မရှိနိုင်လောက်တော့ဘူးလို့ သံသယရှိတယ်။"
ဒါရိုက်တာနှင့် ထုတ်လုပ်သူနှစ်ယောက်လုံးက အကြွင်းမဲ့ပြတ် သားစွာ တိုင်ကြားခဲ့တာထင်ရှားသည်။
"တစ်ပိုင်းပဲ ကျန်တော့တာလား?"
ကျီဖေးအံ့အားသင့်စွာ မေးလိုက်သည်။
၎င်းတို့သည် မူလက တစ်ရာသီလုံးစာ လက်မှတ်ရေးထိုးခဲ့သည်။
"ဟုတ်တယ်၊ အဖွဲ့ နှစ်ဖွဲ့ ပဲကျန်တော့လို့ ပြိုင်ပွဲပုံစံတွေ ထပ်မတက်နိုင်တော့ဘူး။ ရှိုးမှာ ဧည့်သည်အနေနဲ့ ဘယ်သူမှ မလာရဲတော့ဘူး၊ အဲ့ဒါ ကြောင့် ဒါရိုက်တာနဲ့ ထုတ်လုပ်သူတို့က လက်လျော့လ်ုက်ပြီး နောက်အပိုင်းကို နောက်ဆုံးအဖြစ်ကြေညာခဲ့တာ။ ကျန်တဲ့အချိန်တွေကို တခြားရှိုးတွေအတွက်ပေးသွားမှာ"
ကျီဖေး ချက်ချင်းပြုံးလိုက်သည်။
[ဘဝရဲ့ ပျော်ရွှင်မှုတစ်ခုက အလုပ်ချိန်နည်းနည်းနဲ့ တူညီတဲ့ငွေပမာဏကို ရရှိတာပဲ။]
"ဒါဆို အဲ့ဒီအဓိပ္ပါယ်က မင်းတို့အုပ်စုကပဲ အသွားအပြန်ပြိုင်ပွဲကိုလုပ်ရလိမ့်မယ်" ဟု ပါးပါးချင် ရယ်မောကာ ပြောသည်။
"ဖေးဖေးက ပေါင်းစပ်မှုတိုင်းကို စမ်းသပ်နေပုံပဲ။"
မားမားချင်က " ကျွန်မ နောက်ဆုံးအဖွဲ့ နဲ့ တော်တော်လေးရင်း နှီးတယ်။ ငယ်ငယ်တုန်းကလုဖေးရဲ့ ဒရာမာဇာတ်လမ်းတွဲတွေကိုကြိုက်ခဲ့တာ။ သူက နိုင်ငံ့အဆင့် မင်းသမီးတစ်ယောက်ပဲ၊ ဘယ်သူက ဒီတစ်လျှောက်လုံး သူ့ ဒရာမာဇာတ်လမ်းတွဲတွေကို မကြည့်ဖူးလို့လဲ ? ပြီး တော့ သူက သူ့သားရဲ့ရည်းစားဟောင်း စွင်းမန်နဲ့ တွဲရမှာ ဟုတ်တယ်မလား? သူတို့ ဘယ်လို တွဲကြမလဲလို့တွေးမိတယ် ?"
"တကယ်တော့၊ ယောက္ခမနဲ့ ချွေးမအုပ်စုက ပြိုင်ပွဲကို သေချာ ပေါက်ရှုံးမယ်ဆိုပြီးလောင်းတဲ့ သူတွေတောင်ရှိတယ်" ဟု ချင်ရုန် ပြောလာသည်။
ချင်ရန်- "သူတို့ ရှုံးရင် ဖေးဖေးနဲ့ အာ့တိကို ရင်ဆိုင်ရမှာ ကြောက်နေတယ်ဆိုတာ သက်သေပြနိုင်လိမ့်မယ်။ အင်တာနက်သုံးစွဲသူတွေက သူတို့ကို အချိတ်အဆက်မိအောင်လွှတ်ထားမှာမဟုတ်ဘူး။"
ချင်ကျောက် ခေါင်းညိတ်ပြီး "ထုတ်လုပ်သူက သူတို့နဲ့ စကား ပြောခဲ့ပြီးပြီ သူတို့ဘက်က နုတ်ထွက်ချင်တဲ့ရည်ရွယ်ချက်ကို ထုတ်မပြောခဲ့ဘူး။ ကောင်းဟောင်နဲ့ ဖေးမင်ရွမ်တို့က သူတို့အတွက် ကြီးကြီးမားမားပြဿနာမရှိဘူးလို့ ပြောတယ်။ နောက်ပြီး လုလောင်ရှစ်မှာ တရားဝင်နောက်ခံလည်းရှိတယ်၊ အဲ့ဒါကြောင့် သူ့ရဲ့ 'မကောင်းဆိုးဝါး ယောက္ခမ' ဆိုတဲ့ ပုံရိပ်ကလွဲလို့ သူ ကောင်းကောင်းထိန်းထားသင့်တယ်။"
"ငါအရင်က ဖတ်ခဲ့ဖူးတယ်၊ သူ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်လာပြီး သူ့သားကို အမြဲအားကိုးခဲ့တာ" ဟု မားမားချင်က ဆိုသည်။
"ဒါဆို သူ့သားက မားမားဘွိုင်းလေးလား ? နောက်ပြီး အမေဖြစ်သူက သူ့ သားရဲ့ရည်းစားတွေကို အမြဲတမ်း အနှောင့်အ ယှက်ပေးနေတာလား ?" ချင်ရန်က မေးသည်။
ချင်ကျောက်က "ဒါဖျော်ဖြေရေးလောကမှာ သူတို့ပြောကြတာ။"
[..အဲလိုပြောလို့ရတယ် ထင်တာပဲ။]
လူတိုင်းအံ့ဩသွားကြသည်။ ချန်လှပ်ထားသော အဓိပ္ပါယ် များနှင့်အတူ ဤတုံ့ဆိုင်းနေသည့်လေသံသည် အပေါ်ယံနှင့် အောက်တွင် လုံးဝကိုကွဲပြားခြားနားသည့် အချက်အလက်များအား ဝှက်ထားကြောင်းသက်သေပြနေခဲ့သည်။