အခန်း (၁၅၀)
Vol. 15 Ch. 150
[ သူဝင်ရောက်စွက်ဖက်ရတဲ့ အကြောင်းအရင်းက သူ့သားရဲ့ အရင်က ရည်းစားတွေအားလုံးက ပြဿနာအမျိုးမျိုးရှိတာကြောင့်ပဲ။ သူက သူ့အဆက်အသွယ်တွေကိုစုံစမ်းပြီး သူ့သား လမ်းလွဲသွားမှာစိုးရိမ်လို့ အားလုံးကို အမြန်ဖော်ထုတ်ခဲ့တာ။ အဲ့တာကြောင့် သူ့သားကိုလမ်းခွဲဖို့ အတင်းအကြပ်စေခိုင်းခဲ့ပြီး မိခင်ဖြစ်သူရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာကြီးပြင်းလာခဲ့တဲ့ သူ့သားက သဘာဝအတိုင်း သူ့ကို မဖီဆန်ရဲဘူး။]
ချင်မိသားစု - ကလေးကို ချစ်တာကနားလည်နိုင်ပေမယ့် သူ့ကို 'ယောက္ခမဆိုး' လို့ခေါ်တာကတော့လွန်းတာပေါ့။ အမှန်တော့၊ သူက သူ့ရဲ့ကိုယ်ပိုင်အကြိုက်တွေအပေါ်အခြေခံပြီး လူတွေကို မောင်းထုတ်ရုံသာမက၊ ဒါပေမဲ့ တကယ်တော့ သူကပြဿနာတွေကို ဖုံးကွယ်ပေးထားတာပဲ။
[ ဒါပေမယ့်... သူ့သားက လမ်းလွဲဖို့မလိုဘူး။ မကောင်းတဲ့မျိုးစေ့ကကြီးထွားလာတာနဲ့ သဘာဝအတိုင်းဆိုးသွားမှာပဲ။ ကံကောင်းထောက်မစွာနဲ့ပဲ စွင်းမန်မှာ အချစ်ပူမိနေတဲ့ဦး နှောက်မရှိတာကြောင့် လျင်လျင်မြန်မြန်ပဲလွတ်မြောက်သွားတာ၊ မဟုတ်ရင် ငါ အခြားစုံတွဲတွေရဲ့ နှောက်ယှက်တာကို တကယ်မခံနိုင်တော့ဘူး။]
ချင်မိသားစု - မကောင်းတဲ့မျိုးစေ့ ? အဲဒီ မားမားဘွိုင်းလေးကလား ?
ချင်ရုန်သည် အရမ်းတုန်လှုပ်သွားသည် သူ ထိုနှစ်ယောက်အား တစ်ကြိမ် ship ခဲ့ဖူးသည်။
ယုလောင်ရှစ်၏သားအား လန်ကျွယ်ဟုခေါ်ပြီး နားဆင်သူအနည်းသာရှိသည့် ရက်ပ်ပါတစ်ယောက်ဖြစ်သော်လည်း သူ့အမေနှင့် ရည်းစားဟောင်းကြောင့် ကျော်ကြားမှုအနည်းငယ်ရခဲ့သည်။ သူ့မိခင်၏ဗီဇကောင်းများအား အမွေဆက်ခံပြီး သူသည် အမှန်ပင်ချောမောကာ သူ့အား မျက်စိမှိတ်ချစ်ကြသည့် fangirl တစ်သိုက်လည်းရှိသည်။
စွင်းမန်သည် လန်ကျွယ်နှင့် အတူရှိနေချိန်မှာ ပါပါရာဇီသည် သူတို့၏ချစ်စဖွယ်အပြန်အလှန်တုံ့ပြန်မှု မြင်ကွင်းများစွာအား ရိုက်ကူးခဲ့ပြီး အချိန်တစ်ခုကြာအောင် ချစ်ဖို့ကောင်းလွန်းတာကြောင့် အင်တာနက်သုံးစွဲသူများက ဝမ်းသာအားရ အော်ဟစ်ခဲ့ကြသည်။
အထူးသဖြင့် လန်ကျွယ်၏ဖျော်ဖြေပွဲတစ်ခုအပြီးတွင် စွင်းမန်အားမြောက်ပြီး သူ့အားလှည့်ကာစင်ပေါ်မှ အမြန်ဆင်းလာသည့် အချိန်တွင်ဖြစ်သည်။ စွင်းမန်သည် မူလက ၎င်းအားမမျှော်လင့်ထားခဲ့ပုံပေါ်သော်လည်း ဖြစ်လာသမျှအား ထိန်းချုပ်နိုင်ပြီး သူ့အားအလွန်စိတ်လှုပ်ရှားစေသည်။ အခင်းအကျင်းမှာ မည်သို့ပင်ရှိစေကာမူ လန်ကျွယ်က သူ့အား "မေ့မေ့" ဟုခေါ်ကာ တင်းတင်းကြပ်ကြပ်ဖက်ထားလေသည်။
ထိုအချိန်တွင် အင်တာနက်အသုံးပြုသူများသည် လန်ကျွယ်က အိမ်ထဲတွင် သူ့မိခင်နှင့် အိမ်အပြင်တွင် ဇနီးဖြစ်သူတို့ထံမှ အလိုလိုက်ခံရသည်မှာ ကံကောင်းသည်ဟုအရွှန်းဖောက်ခဲ့ကြ သေးသည်။
ထိုအချိန်ကရိုက်ကူးမိခဲ့သည့် စွင်းမန်၏အသုံးအနှုန်းများအား ကြည့်ပြီး သူသည် အချစ်ရေးတွင်အလွန်မြုပ်နှံထားပုံရသည်။
ထို့အပြင် လန်ကျွယ်သည် အွန်လိုင်းပေါ်တွင် အပျက်သဘောဆောင်သည့် ကောလာဟလများ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။
ချင်ကျောက်သည် နယ်ပယ်အတွင်း လူတစ်ဦးပင်ဖြစ်သော် လည်း လန်ကျွယ်၏ဂီတသည် သူ့ကိုယ်ပိုင်အပျော်အပါးအတွက်သာဖြစ်ပြီး ငွေအများကြီးမရှာဘဲ သူ့အခြေခံ စားဝတ်နေရေးစရိတ်များအား သူ့မိသားစုကပေးဆောင်ထားသဖြင့် တစ်ခါတစ်ရံတွင် သူ့ရည်းစားကိုပင်အားကိုးရကောင်းမှန်းသိနေရုံသာရှိသည်။ ဒါက ရှက်စရာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် “မကောင်းတဲ့မျိုးစေ့ ” ဟူသည့် အဆင့်အထိတော့မ ရောက်ချေ။
စွင်းမန်နှင့် လမ်းခွဲလိုက်သည့်အခါ သူသည် ရည်းစားဟောင်းနှင့် ပတ်သက်သည့် မကောင်းမှုများအား ဘယ်တော့မှမဖော်ပြဘဲ လိုက်ဖက်မှုမရှိသည့် ကိုယ်ရည်ကိုယ်သွေးများကြောင့် လမ်းခွဲခဲ့ကြသည်ဟုပြောခဲ့သည်။ ထို့ကြောင့် အပြင်လူများကလည်း သူတို့လမ်းခွဲရသည့် အကြောင်းရင်းအား ရှင်းရှင်းလင်း လင်းမသိခဲ့ကြချေ။
ချင်မိသားစု၏စူးစမ်းလိုစိတ်မှာ လန်ကျွယ် မည်ကဲ့သို့ ဆိုးရွားသွားသည်ကို သိရှိရန်အလွန်စိတ်ဝင်စားနေကြသည်။
သို့သော် စွင်းမန်သည် အညစ်အကြေးအား လုံးလုံးလျားလျား စွန့်ပစ်လိုက်သောကြောင့် ကျီဖေးသည် ၎င်းတို့၏ ကိစ္စရပ်များကိုစိတ်ဝင်စားမှုမရှိတော့ပေ။
ခဏနေတော့ မားမားချင်၏ဖုန်းသည် ရုတ်တရက်မြည်လာသည်။ ခေါ် ဆိုသူ၏အမည်ကို မြင်သောအခါတွင် သူ့အမူအ ရာမှာ အနည်းငယ်ထူးခြားလာသည်။
ပါးပါးချင် တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဖြေကြားပြီးနောက် မားမားချင်က အေးဆေးစွာ နှုတ်ဆက်လိုက်ပြီး "ဘာ ? နင် အခုချက်ချင်း လာလည်မှာလား?"
၎င်းအားကြားတော့ လူတိုင်းလန့်သွားသည်။ ညနေစောင်းနေပြီလေ၊ ဘယ်သူက ရုတ်တရက်လာလည်မှာလဲ? နည်းနည်းတော့ မယဉ်ကျေးပုံရသည်မဟုတ်ပါလား ??
သို့သော် မကြာခင်မှာပင် မားမားချင်က ချင်ကျောက်နှင့် ကျီဖေးအား အံ့အားသင့်စွာကြည့်လိုက်ပြီး " နင်က ချင်ကျောက်နဲ့ ကျီဖေးတို့ကို တွေ့ ချင်တာလား? Show ရဲ့နောက်အပိုင်းကို ဆွေးနွေးဖို့ ?"
မားမားချင် ဖုန်းအား ဖုံးအုပ်ထားပြီး မတွေ့ ချင်ဘူးဆိုရင် ငြင်းဖို့အကြောင်းပြချက်ရှာမည်ဟု သူ့ရဲ့ မျက်လုံးများဖြင့်ညွှန်ပြခဲ့သည်။
သို့သော် ယခုအချိန်တွင် ပါးပါးချင်က ရုတ်တရက် " မင်းရဲ့ ငယ်ဘဝ ကစားဖော်လား ? သူ့ကို လာခိုင်းလိုက်လေ"
ချင်မိသားစုကြားတွင် တိုက်ပွဲတစ်ခုစတင်တော့မည်ကဲ့သို့ပင် ချက်ချင်းပြောင်းလဲသွားသည်။ ဖုန်းခေါ်ဆိုမှုပြီးသွားသောအ ခါ ကျီဖေးမှလွဲ၍ အားလုံးရှုပ်ထွေးနေတော့သည်။
ချင်ရန်နှင့် ချင်ရုန်က မားမားချင်အား မိတ်ကပ်ခန်းထဲသို့ဆွဲခေါ်သွားသည်။ မိတ်ကပ်အဖွဲ့ ကို ဖုန်းခေါ်ဖို့အချိန်မရှိပေမယ့် ကံကောင်းထောက်မစွာပင် ချင်ရုန်သည် ပန်းချီပညာကိုလေ့ လာခဲ့ပြီး လှပသည့် အလှတရားများအားဖန်တီးနိုင်သည်။
ပါးပါးချင်နှင့် ချင်ကျောက်တို့သည် စုဆောင်းထားသည့် မိသားစု၏လက်ဝတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများအား စတင်ရှာဖွေခဲ့ကြ သည်။
နောက်ဆုံးတွင် ချင်ရှန့်သည် ဧည့်သည်လက်ခံရန် စီစဉ်ဖို့ရာအိမ်တော်ထိန်းနှင့် အိမ်အကူအား ရှာဖွေရန်ထလာသည်။
ကျီဖေးသည် သူ့မှတ်ဉာဏ်၏ နက်နဲသည့်နေရာမှ အချက်အ လက်အချို့အား အချိန်နောက်ကျပြီးမှတူးဖော်နိုင်ခဲ့သည်။
သူတို့မိသားစု၏ကြာရှည်သောဆက်ဆံရေးကြောင့် မားမားချင်တွင် သူ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သည့် ကလေးဘဝ ကစားဖော်တစ်ဦးရှိခဲ့သည်။ မားမားချင်သည် လှပပြီး ပြည့်စုံသောကြောင့် သူသည် အခြားသူများ၏မနာလိုဖွယ် ပစ်မှတ်ဖြစ်ခဲ့သည်။ ဆုံတွေ့ ချိန်တိုင်း နှိုင်းယှဉ်မှုများဖြင့် ကြုံရတတ်ပြီး အခွင့်သာလျှင် လှောင်ပြောင်စရာမျိုးစုံကို ရှာတွေ့လိမ့် မည်။
မားမားချင်သည် တိုက်ခိုက်ခြင်းကိုနှစ်သက်သူမျိုး မဟုတ် သောကြောင့် မကြာခဏစိတ်ဆိုးတတ်သော်လည်း ၎င်းတို့၏ မိသားစုများသည် သူငယ်ချင်းဟောင်းများဖြစ်သောကြောင့် အခြားတစ်ယောက်ကို သင်ခန်းစာမပေးနိုင်ပေ။ သူသည် မိမိကိုယ်မိမိသာ စိတ်တည်ငြိမ်အောင် ကြိုးစားပြီး အခြားသူ၏ လက်အောက်သို့ ခေါင်းငုံ့မခံဘဲနေနိုင်ခဲ့သည်။
ချင်မိသားစုသည် အမြဲတမ်းနှိမ့်ချ၍နေပြီး အပြင်ထွက်သည့်အခါ ၎င်းတို့၏ဝတ်စားဆင်ယင်မှုသည် အလွန်ချမ်းသာကြောင်းဖော်ပြမထားသောကြောင့် လက်ဝတ်ရတနာများနှင့် လက်ကိုင်အိတ်များအကြောင်းနှင့် ပတ်သတ်ပြီး အခြားသူများ ၏လှောင်ပြောင်သရော်မှုကို မကြာခဏဆိုသလိုခံရတတ်သည်။
တခြားမိသားစုဝင်များက ၎င်းကိုမကြာခဏကြုံဖူးပြီး အားလုံးကဒေါသကိုထိန်းထားကြသည်။
ချင်မိသားစု ပိုအောင်မြင်လာသည်နှင့်အမျှ အခြားသူများသည် မားမားချင်ရှေ့ ပေါ်မလာတော့ပေ။
မထင်မှတ်ပဲ၊ ဒီတစ်ကြိမ်မှာတော့ သူဟာ သူ့ဘာသာသူ စတင် လုပ်ဆောင်လာသောကြောင့် မားမားချင်အား ပံ့ပိုးပေးရမည်။ ထို့ကြောင့် လူတိုင်းကအရမ်းတက်ကြွနေကြသည်။
ပုံမှန်အားဖြင့်၊ မားမားချင်သည် ကျီဖေးအပေါ် အလွန်ကောင်းသူဖြစ်သောကြောင့် ကျီဖေးလည်း ကူညီချင်ပေမယ့် သူ့တွင် လုပ်စရာဘာမှမကျန်တော့သဖြင့် ငြိမ်ငြိမ်လေးနေရုံသာတတ် နိုင်ခဲ့သည်။
သို့ပေမယ့် မားမားချင်က " မလိုပါဘူး၊ ငါဘယ်တုန်းကမှ သူ့ကိုစိတ်မဝင်စားဖူးဘူး။ ဒီလို အဆင့်နိမ့်တဲ့ နှိုင်းယှဉ်မှုမျိုးက အဓိပ္ပါယ်မရှိဘူး။ ငါ ဘယ်လောက်ကောင်းကောင်းနေနေရလဲဆိုတာ ဘယ်သူမှ ငါ့လောက်ပိုမသိနိုင်ဘူး။”
သူ့အတွက် အလုပ်ရှုပ်နေသည့် မိသားစုတစ်ခုလုံးအား ကြည့်လိုက်ရင်း၊ ထိုကဲ့သို့ နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် သူသည် တခြားသူများထက် ပိုဆိုးသည့်နေထိုင်မှုပုံစံအား မည်ကဲ့သို့ သက်သေပြနိုင်မည်နည်း ?
သူ ပျော်သည်။
သို့ပေမယ့် ချင်မိသားစုအား သူ့ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ဖို့တောင်းဆိုနေမည်မဟုတ်ပေ။
သူ့ရှေ့တွင် တင်ထားသည့် စုဆောင်းထားသော ပစ္စည်းများနှင့် လက်ဝတ်ရတနာများသည် သူ့အား အကုန်လုံးကိုဝတ်ဆင်ချင်အောင်လုပ်နေသောကြောင့် နောက်ထပ် မရွေးတတ်တော့ပေ။
မားမားချင်၏တောင်းဆိုချက်အရ သူသည် စိမ်းစိုနေသည့် ကျောက်စိမ်းဆွဲကြိုးအား ရွေးချယ်ဝတ်ဆင်ကာ ဧည့်ခန်းထဲတွင် သပ်သပ်ရပ်ရပ်ဖြင့် နှိမ့်ချပြီးဇိမ်ကျကျထိုင်နေလိုက်သည်။
စိတ်အားထက်သန်စွာ ထိုင်နေသည့် လူတိုင်းကိုမြင်တော့ မားမားချင်က "အခုစဉ်းစားသင့်တာက သူ ဘာကြောင့်လာတာလဲ? ကျီဖေးနဲ့ ချင် ကျောက်ရဲ့ ရှိုးနဲ့ ဘယ်လိုဆက်စပ်နေတာလဲ ?"
ထိုအခါမှသာ အားလုံးတုံ့ပြန်ကြသည်၊ ဟုတ်သားပဲ၊ သူ ဘာအတွက် လာတာလဲ?
ခဏကြာတော့ ကားသံကြားပြီး အိမ်အကူမှ ချမ်းသာသည့် အသွင်အပြင်ရှိသော အမျိုးသမီးအားအမြန်သွားကြိုသည်။
သူ ဝင်လိုက်သည်နှင့် ပုလဲလည်ဆွဲကြီးအား သူ့လည်ပင်းတွင် သုံးကြိမ် ခန့်ပတ်ရစ်ထားသည်ကိုတွေ့ လိုက်ရသည်။
သူ အမှန်ပင် ပြင်ဆင်လာခဲ့သည်။ လက်ဝတ်ရတနာများအား သတိမ ထားမိသည့် ကျီဖေးပင်လျှင် ဤပုလဲလည်ဆွဲအ ကြောင်း ဗီဒီယိုအားမြင်ဖူးသည်။ နောက်ဆုံးလေလံမှာ သိန်း 100 နဲ့ လေလံတင်ရောင်းချခဲ့သည်ဟုသိရသည်။
ယခုတစ်ကြိမ်တွင် မားမားချင်၏ လက်ဝတ်ရတနာများသည် အနည်းငယ်ညံ့ဖျင်းနေသည်။
ချင်မိသားစုသည် ပုံမှန်အားဖြင့် ထိုကဲ့သို့သော ဇိမ်ခံပစ္စည်းလေလံပွဲများတွင် မပါဝင်သည့်အတွက် သူတို့ကိုယ်သူတို့ အပြစ်တင်ကာ ချက်ခြင်းနောင်တရသွားသည်။ အမှန်တော့ သူတို့ဟာ မိသားစုလိုက်လုပ်ရတာကို ပိုစိတ်မဝင်စားကြချေ။
"မတွေ့ ရတာကြာပြီနော်။"
နှုတ်ဆက်သည့်အခါတွင် တစ်ဖက်လူသည် မားမားချင်၏ လည်ဆွဲအား ကြည့်ပြီး၊ သူ့နှုတ်ခမ်းထောင့်များမှာကောင်းကင် ယံသို့ပင် ကွေးတက်နေကာ သူ့ကိုယ်သူ အလွန်သဘောကျနေသည်မှာ သိသာထင်ရှားသည်။
မားမားချင် မတ်တတ်ထရပ်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်သည်။ သူ့ပတ်ဝန်းကျင်မှ မိသားစုဝင်များ စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကို ခံစားရင်း မားမားချင်က ပြုံးပြီးပြောလိုက်သည်။
"ဟုတ်တယ် နော်၊ နင် ကွာရှင်းပြီးကတည်းက ဒါပထမဆုံးတွေ့ ဖူးတာပဲ။ ၀ိုး၊ နင့်ရဲ့ ပုလဲလည်ဆွဲက တကယ်လှတယ်၊ ကွာရှင်းမှုနစ်နာကြေးအနေနဲ့ ယူခဲ့တာလား ?"
ဧည့်သည်၏ အမူအရာကတွန့်လိမ်သွားသည်။
ချင်မိသားစုသည် မားမားချင်အား အံ့အားသင့်စွာကြည့်လိုက်သည်။
ကျီဖေး: [ငါ့ မားမားချင်ကို တိုက်ပွဲမှာမနိုင်နိုင်ဘူးလို့ ဘယ်သူပြောလဲ၊ သတ်ချဖို့အတွက် စကားတစ်ခွန်းပဲလိုတယ်!!]
ဧည့်သည်က အလွန်ဒေါသထွက်နေပေမဲ့ ထိုင်နေတုန်းပင်။
ကျီဖေးသည် သူ့နာမည်အား တဖြည်းဖြည်းပြန်သတိရလာပြီး သူ့ရှေ့မှမျက်နှာနှင့် တွဲလိုက်သောအခါ ချက်ချင်းအတင်းအ ဖျင်းပြောနိုင်သွားသည်။
ရုတ်တရက် ကျီဖေးသည် အဓိကအချက်အား ရှာဖွေတွေ့ ရှိခဲ့သည်။
[ သေရော ? လန်ကျွယ်မှာ ဘယ်လိုကံကြမ္မာမျိုးရှိနေတာလဲ၊ တကယ်ကြီး သူ့ရဲ့ခေါင်းကိုင်သားလား၊ သူ့ တစ်သက်လုံး မိန်းမတွေကိုပဲ အားကိုးနေတယ်။]
အားလုံးက တုန်လှုပ်သွားကြသည်၊ တကယ်ကြီး ဒီလိုဆက်ဆံရေးမျိုးရှိတယ်လား ?
တစ်ဖက်လူမှ တည်ငြိမ်မှုပြန်ရသွားတာကို သူတို့မြင်လိုက်ရပြီး ထိုသူကပြုံးကာ သူ့လည်ပင်းပေါ်ရှိ ပုလဲလည်ဆွဲအား ထုံးစံအတိုင်းထိလိုက်ရင်း "စကားမစပ်၊ ဒီတစ်ခေါက်က ငါ့ရဲ့ခေါင်း ကိုင်သားလန်ကျွယ်ကိစ္စအတွက် လာခဲ့တာ။ နောက်ပြိုင်ပွဲမှာ နင် စွင်းမန်ကို ဖျော်ဖြေရေးနယ်ပယ်ထဲက ထွက်သွားဖို့နည်းလမ်းရှာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊"
[...တူညီတဲ့ တောင်းဆိုမှုကိုလုပ်လာခဲ့တဲ့ နောက်ဆုံးလူပဲ...]