← Chapters

လှည့်ကွက်ကိုယ်စီ

Vol. 2 Ch. 121

လှည့်ကွက်ကိုယ်စီ

Vol. 2 Ch. 121

“ ကြည့်ရတာ မင်းလဲအကြောင်းတွေကိုသိထားပုံပဲ ။ မိန်းမစိုးကြီးဟောင်က သူဟူပေနယ်စားဆီမှာ ခိုလှုံနေတုန်းက သူ့ရဲ့အတွင်းအားစုပ်သိုင်းကျမ်းကို သူ့မျိုးနွယ်စုဆီကိုပို့ပေးခဲ့တယ်။

ငါကအဲဒီအကြောင်းကိုမမျှော်လင့်ဘဲသိလိုက်ရပြီး သူတို့မျိုးနွယ်စုဆီကခိုးယူဖို့လူလွှတ်ထားခဲ့တယ် ။

ဘယ်သူကသိမှာလဲ မိန်းမစိုးကြီးဟောင်က ရက်စက်ပြက်သားပေမယ့် သူ့မျိုးနွယ်စုကအလကားနေရင်း ကြောက်လန့်တုန်လှုပ်နေတဲ့သူတွေဆိုတာ ။

ကံကောင်းချင်တော့ သူတို့မျိုးနွယ်စုက အတွင်းအားစုပ်သိုင်းကျမ်းကို အခြားရတနာတွေနဲ့အတူ နန်ူမြို့တော်ကိုပို့ဖို့လုပ်ခဲ့တယ် ။

ငါ့အတွက်ကတော့ပိုပြီးအဆင်ပြေသွားတာပေါ့ ။ ဒါကြောင့်ပဲငါလဲ ဘုရင့်ဘဏ္ဍာတွေကို လုယက်ခဲ့တာပဲ “

သူစကားအားကြားပြီးနောက် မြစ်ဝါနဂါးဂိုဏ်းသားများမှာ သူတို့စမျက်နှာထက်၌ မယုံကြည်နိုင်သည့်အမူအယာများပေါ်လာသည် ။

သူတို့၏ဂိုဏ်းပျက်စီးမည့်လမ်းကြောင်းကို သယ်ဆောင်လာသူမှာ သူတို့၏ဂိုဏ်းချုပ်ကိုယ်တိုင်ပင်ဖြစ်နေသည်။

“ ဂိုဏ်းချုပ် ခင်ဗျားက ကျုပ်တို့ဂိုဏ်းပျက်စီးမယ့်အရေးကို ဂရုမစိုက်တော့ဘူးလား “

ကျန်ရှိနေသည့်လူများထဲမှ ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးမှာ သွေးမိစ္ဆာအား စေ့စေ့ကြည့်ကာမေးမြန်းလိုက်သည်။

မြစ်ဝါနဂါးဂိုဏ်းမှ သေဆုံးသွားသည့်ဂိုဏ်းသားများမှာ ခိုးဆိုးလုယက်နေသူများဖြစ်ကြသော်လည်း အနည်းဆုံးတော့ သူတို့အလုံးအတူတိုက်ပွဲဝင်ဖူးသည့် တစ်ဂိုဏ်းထဲသားများဖြစ်ကြသည်။

ယခု သွေးမိစ္ဆာ၏လုပ်ရပ်မှာ သူတို့ဂိုဏ်းသားများ၏အသက်အားလုံးဝဂရုစိုက်ခြင်းမရှိတော့ပုံဖြစ်သည် ။

ထိုလူ၏စကားကြောင့် သွေးမိစ္ဆာမှ တဟားဟားအော်ရယ်လိုက်သည် ။

“ ဘာတဲ့ ဂိုဏ်းပျက်စီးမယ့်အရေးဟုတ်လား ။ မင်းတို့သိသင့်တယ် မြစ်ဝါနဂါးဂိုဏ်းဆိုတာအရင်တုန်းက သာမန်ဓားပြဂိုဏ်းလေးတစ်ခုသာသာပဲ။

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကငါနဂါးစိမ်းဂိုဏ်းချုပ်ဆီက ဒဏ်ရာပရပွနဲ့ထွက်ပြေးလာပြီးတော့ မြစ်ဝါနဂါးဂိုဏ်းကိုရောက်လာခဲ့တယ်။

ငါ့ရဲ့မျက်လုံးတစ်ဖက်ကိုဖောက်ထုတိပစ်တာက သွမ့်ကျန်းမင်ဆိုတဲ့ကောင်ပဲ “

ထိုနေရာတွင် သွေးမိစ္ဆာ၏လေသံမှယ ခက်ထန်လာကာ အမုန်းတရားများနှင့်ပြည့်နေသည်။ ထို့နောက် သူ၏စကားကိုဆက်လိုက်သည် ။

“ ပထမတော့ ငါသိုင်းပညာကိုကြိုးစားလေ့ကျင့်ပြီး သွမ့်ကျန်းမင်ကိုလက်စားချေမလို့ပဲ ။ ဒါပေမယ့် ငါ့ရဲ့ဒဏ်ရာတွေသက်သာလာတော့ ငါ့ရဲ့စိတ်ကူးတွေပြောင်းလဲသွားတယ်။

ဖူဟိုင်ကျင့်ဆိုတဲ့ကောင်ကို တိတ်တဆိတ်သတ်ပြီးတော့ ငါ့ရဲ့မိတ်ဆွေမျက်နှာတစ်ရာကို ဂိုဏ်းချုပ်ဟန်ဆောင်ခိုင်းခဲ့တယ်။

နောက်ပြီးတော့ ဟောဒီကရေဘုရင်သုံး‌ယောက်ကိုလည်းငါပဲပျိုးထောင်ပေးခဲ့တာ။ ငါ့ရဲ့ ရည်ရွယ်ချက်က မြစ်ဝါနဂါးဂိုဏ်းကအင်အားမျပြာာလာရင် သွမ့်ကျန်းမင်ကိုသတ်ဖြတ်ဖို့ပဲ။

ဒါပေမယ့် ငါပြောခဲ့သလိုပဲ မမျှော်လင့်ဘဲနဲ့ငါကအတွင်းအားစုပ်သိုင်းကျမ်းရဲ့သတင်းကိုကြားခဲ့ရတယ် ။

ဒါကြောင့်ငါလဲ အဲဒီသိုင်းကျမ်းကိုရယူဖို့အားထုန်ခဲါတာပဲ ။ငါ့ရဲ့ရည်မှန်းချက်အတိုင်းအခုအတွင်းအားစုပ်သိုင်းကျမ်းကို ငါအတော်များများအောင်မြစ်ပြီးသွားပြီ။

‌ဟိုကောင်သာလာမရှုပ်ရှင် ငါကသိုင်းကျမ်းကိုအဆုံးထိအောင်မြင်မှာပဲ ။အဲဒီနောက်မှာဆိုရင်ငါရဲ့သိုင်းပညာကို ပိုပြီးမြင့်တတ်လာပြီး သိုင်းလောကမှာ ငါ့ကိုယှဉ်နိုင်တဲ့လူအတော်လေးလျော့နည်းသွားမယ်။

နောက်ပြီးတော့ ရယူမှုတိုင်းမှု ပေးဆပ်မှုဆိုတာရှိတာပဲ။ အတွင်းအားစုပ်သိုင်းကျမ်းကိုငါရရယူခဲ့တဲ့အတွက် ငါဆယ်နှစ်ကျော်ပျိုးထောင်လာတဲ့ ငါ့ရဲ့ဂိုဏ်းနဲ့ ငါ့တပည့်ငါးယောက်အသက်ပေးခဲ့ရတယ်။

ဒါပေမယ့် ဘာဖြစ်လဲ အဲဒီအလဲအလှယ်ကတန်တယ်လို့ငါယူဆတယ် “

သွေးမိစ္ဆာမှ ခံစားချက်များပြည့်နှက်နေသည်ပလေသံဖြင့် ဖြေးညင်းစွာပြောလိုက်သည်။

သူ၏စကားကြောင့် မေးခွန်းမေးလိုက်သည့်ထိပ်တန်းအဆင့်သိုင်းသမားမှာ တုန်လှုပ်သွားကာ သွေးမိစ္ဆာအား မယုံကြည်နိုင်သလိုကြည့်ကာ နောက်သို့ဆုတ်သွားသည်။

“ ခင်ဗျားက ခင်ဗျားက မိစ္ဆာတစ်ကောင်ပဲ။ ခင်ဗျားရဲ့သိုင်းပညာမြင့်တတ်လာဖို့ လူထောင်နဲ့ ချီပြီးအသက်ပေးခဲ့ရတယ်။ ပြီးတော့ အဲဒီလူတွေကလည်း ခင်ဗျားရဲ့ဂိုဏ်းသားတွေပဲ “

ထိုလူ၏ မုန်းတီးဟန်ရသည့်စကားကြောင့် သွေးမိစ္ဆာမှ နတ်ဆိုးဆန်ဆန်ရယ်မောလိုက်သည်။

“ အဲ့တော့ဘာဖြစ်လဲ ငါကသွေးမိစ္ဆာပဲ ငါကမိစ္ဆာတစ်ကောင်ပဲ ဟားဟားး.. “

အေးစိမ့်သည့်ရယ်မောသံအဆုံးတွင် သွေးမိစ္ဆာ၏ခန္တာကိုယ်မှာ ရိပ်ခနဲလှုပ်ရှားသွားကာ ထိုဂိုဏ်းသား၏ ဘေးသို့ရောက်သွားသည်။

ထို့နောက် သူ၏လက်ဝါးကိုထိုဂိုဏ်းသား၏ဦးခေါင်းထက်သို့အုပ်ကိုင်လိုက်ကာ အတွင်းအားများထပ်မံစုပ်ယူလိုက်ပြန်သည်။

ရေဘုရင်သုံးယောက်သည်လည်း ချက်ခြင်းပင်ထိုနေရာသို့ရောက်သွားကာ သွေးမိစ္ဆာအားထင်းရှီမှမတိုက်ခိုက်စေရန်ကာကွယ်လိုက်ကြသည်။

ထိုသိုင်းသမားမှာ ပထမလူ၏နည်းတူ မျက်နှာရှုံ့မဲ့လာကာ အားအင်လျော့နည်းလာသည်။ သူနှင့်ဆန့်ကျင်ဘက်သွေးမိစ္ဆာမှာမူ ပို၍ခွန်အားများပြည့်ဝလာသည်။

ထင်းရှီမှာ ထိုမြင်ကွင်းအားဆက်လက်ကြည့်မနေတော့ပေ။ သူ၏စိတ်ထဲတွင်လျှင်မြန်စွာဆုံးဖြတ်ချက်ချလိုက်သည်။

သူသွေးမိစ္ဆာပြောသည့်စကားများအား သည်းခံ၍‌နားထောင်နေခြင်းမှာသူ့အကြံနှင့်သူဖြစ်သည်။

သူမြစ်ဝါနဂါးဂိုဏ်းသို့စတင်ထိုးဖောက်သည့်အချိန်မှစ၍ ရေဘုရင်သုံးယောက်နှင့်ရင်ဆိုင်ရသည့်အချိန်အထိ ဆက်တိုက်သတ်ဖြတ်နေရပြီး အတွင်းအားများစွာအသုံးပြုခဲ့ရသည်။

သွေးမိစ္ဆာနှင့်ရင်ဆိုင်သည့်တိုက်ပွဲတွင်လည်းအတွင်းအားပမာဏများစွာကိုအသုံးပြုခဲ့ရသေးသည်။

အကယ်၍ သွေးမိစ္ဆာ၏ကျင့်စဉ်ဖောက်ပြန်ကာအတွင်းဒဏ်ရာရရှိခြင်းမရှိပါက သူ့အနေဖြင့်တိုက်ခိုက်နေရင်းအတွင်းအားကုန်ဆုံး၍သတ်ဖြတ်ခံရပေမည်။

ထို့ကြောင့် သွေးမိစ္ဆာ စကားပြောဆိုနေသည့်အချိန်အားအခွင့်ကောင်းယူကာ သူ၏အတွင်းအားများကိုပြန်လည်ဖြည့်တင်းနေခြင်းဖြစ်သည်။

ယခု သူ၏အတွင်းအား အားလုံးပြန်၍မပြည့်သေးသော်လည်း တိုက်ပွဲကြီးတစ်ခုကိုမူကောင်းစွာတိုက်ခိုက်နိုင်သည့်အဆင့်သို့ရောက်နေပြီဖြစ်သည်။

သွေးမိစ္ဆာမှ မြစ်ဝါနဂါးဂိုဏ်းမှ ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးကိုထပ်မံ၍အတွင်းအားစုပ်ယူနေသည့်အချိန်တွင် သူ၏စိတ်ထဲတွင်လျှင်မြန်စွာဆုံးဖြတ်ချက်ချလိုက်ရသည်။

သို့မဟုတ်ပါက သွေးမိစ္ဆာမှ အတွင်းအားများစွာစုပ်ယူပြီးလျှင် သူ့အနေဖြင့်သွေးမိစ္ဆာအား လုံးဝသတ်ဖြတ်နိုင်မည်မဟုတ်တော့ပေ။

ယခုလည်း ရေဘုရင်သုံးယောက်မှ သွေးမိစ္ဆာအား အကယအကွယ်ပေးထားသောကြောင့် ထင်းရှီအနေဖြင့် သွေးမိစ္ဆာအားသတ်ဖြတ်လိုပါက ရေဘုရင်သုံးယောက်အားကျော်ဖြတ်ရန်လိုအပ်သည်။

ထိုသုံးယောက်ကို သူ့အနေဖြင့် လွယ်လွယ်ကူကူနိုင်ရနိုင်သော်လည်း အချိန်အနည်းငယ်ပေးရမည်ဖြစ်သည်။

ထိုအချိန်အတောအတွင်းသွေးမိစ္ဆာသာ အတွင်းအားပမာဏများစွာစုပ်ယူပြီးပါက သူ့အတွက်ကောင်းလိမ့်မည်မဟုတ်ပေ။

“ မြစ်ဝါနဂါးဂိုဏ်းသားတွေနားထောင်ကြစမ်း ငါမင်းတို့ဂိုဏ်းကိုလာရောက်တိုက်ခိုက်တာက စတုတ္ထရေဘုရင်နဲ့ရန်ငြိုးရှိလို့ပဲ ။

အခုမင်းတို့ရဲ့ဂိုဏ်းချုပ်က မင်းတို့ရဲ့အတွင်းအားတွေကို စုပ်ယူတော့မှာ ကိုယ့်အသက်ကိုနှမြောရင်အမြန်ဆုံးထွက်ပြေးကြတော့ “

ထင်းရှီမှ အတွင်းအားသုံး၍အော်ဟစ်လိုက်သည် ။သူ၏စကားကြောင့် မြစ်ဝါနဂါးဂိုဏ်းသားများမှာ သူတို့၏ဂိုဏ်းချုပ်သွေးမိစ္ဆာအား ဇဝေ‌ဇဝါကြည့်လိုက်ကြသည်။

သွေးမိစ္ဆာမှာ သူ့အနီးရှိထိပ်တန်းအဆင့်သိုင်းသမားထံမှ အတွင်းအားကုန်စင်အောင်စုပ်ယူပြီးဖြစ်သည်။

ထင်းရှီ၏စကားကိုကြသည့်အခါ သူ၏မျက်နှယမဲမှောင်သွားကာ ‌ဒေါသတကြီးဖြစ်သွားသည်။

“ မင်းကငါတို့ဂိုဏ်းသားတွေကို သွေးခွဲချင်တာလား “

သွေးမိစ္ဆာမှ ထင်းရှီအား ဒေါသတကြီးအော်ဟစ်လိုက်သည်။ ထို့နောက် သူ့အားဝိုင်းဝန်းကြည့်ရှုနေကြသည့်မြစ်ဝါနဂါးဂိုဏ်းသားများဘက်သို့လှည့်လိုက်သည်။

“ ဂိုဏ်းသားတို့နားထောင်စမ်းငါကအတွင်းဒဏ်ရာကိုကုသဖို့အတွက် အတွင်းအားတွေစုပ်ယူပြီးတာပဲ။ ငါက အတိုင်းအတာတစ်ခုအထိစုပ်ယူပြီးရင် မင်းတို့အားလုံးဘာမှမဖြစ်စေရဘူး။

ငါကတိပေးတယ် “

သွေးမိစ္ဆာသည်လည်း ပါးနပ်လှသည့်မြေခွေးအိုကြီး ဖြစ်သောကြောင့် ထင်းရှီ၏အကြံအားလျှင်မြန်စွာရိပ်စားမိသွားကာ သူ့ဂိုဏ်းသားများအားပြောဆိုလိုက်သည်။

သူ့အနေဖြင့် ထိုစကားမှာ အမှန်အတိုင်းပြောသည့်ပုံဖြစ်သော်လည်း သူအမှန်တကယ်စိုးရိမ်သည်က မြစ်ဝါနဂါးဂိုဏ်းသားများထွက်ပြေးသွားပါက သူ့အနေဖြင့် အတွင်းအားထပ်မံစုပ်ယူရမည့်လူမရှိမည်စိုးသောကြောင့်ဖြစ်သည်။

ထင်းရှီလည်း သွေးမိစ္ဆာ၏လှည့်ကွက်ကြောင့် အေးစက်စွာပြုံးလိုက်သည်။ ထို့နောက် မြစ်ဝါနဂါးဂိုဏ်းသားများအား ထပ်၍ပြောလိုက်သည်။

“ မင်းတို့ကိုငါကတိပေးတယ် ။အခုချိန်မှာထွက်သွားရင် မင်းတို့ကိုငါလုံးဝမသတ်ဘူး။

မင်းတို့ဂိုဏ်းချုပ်အတွင်းဒဏ်ရာသ‌က်သာတဲ့အချိန်မှဆိုရင် မင်းတို့ထဲကလူဘယ်လောက်တောင်စုပ်ယူခံရမလဲ ။ စဉ်းစားကြည့်စမ်း “

ထင်းရှီ၏ ပြက်သားသည့်စကားက တွေဝေနေသည့်မြစ်ဝါနဂါးဂိုဏ်းသားများကို ဆုံးဖြတ်ချက်ချပြီးဖြစ်စေသည်။

သူတို့အနေဖြင့် ဂိုဏ်းအားလွန်စွာသစ္စာရှိရန်မှာ သူတို့၏အသက်များကိုရင်း၍ပင်မဖြစ်‌နိုင်ပေ။

ယခု သူတို့၏ရှေ့တွင်ပင် သွေးမိစ္ဆာမှ ဂိုဏ်းသားများအတွင်းအားစုပ်ယူနေသောကြောင့် သူတို့၏စိန်ထဲရှိ သွေးမိစ္ဆာ၏ပုံရိပ်မှာ ပျက်စီးသွားပြီဖြစ်သည်။

“ ထွီ ခွေးအိုကြီး မင်းကငါတို့ဂိုဏ်းသားတွေကိုတောင်မှ မင်းရဲ့ဒဏ်ရာသက်သာလာဖို့ အတွင်းအားစုပ်ယူနေတာ ။ မင်းသာပြန်ကောင်းသွားရင် ရန်သူထက်ပိုဆိုးနိုင်တယ်။

နောက်ပြီးတော့ မင်းကဂိုဏ်းကိုပျက်စီးခြင်းတွေဖြစ်စေပြီးတော့ ငါတို့ညီအစ်ကိုထောင်ပေါင်းများစွာကို သေစေခဲ့တယ်။

မင်းလိုလူတစ်‌ယောက်ကို အသက်နဲ့ရင်းပြီး သစ္စာရှိစရာလုံးဝမလိုအပ်ဘူး “

All Chapters