တိုက်ခိုက်ရင်းဖြင့်လေ့ကျင့်ခြင်း
Vol. 2 Ch. 122
မြစ်ဝါနဂါးဂိုဏ်းမှ အဆင့်မြင့်သိုင်းသမားတစ်ယောက်မှ သွေးမိစ္ဆာအ လက်ညိုးငေါက်ငေါက်ထိုး၍ ပြစ်တင်ပြောဆိုလိုက်သည်။
ထိုလူမှာ သွေးမိစ္ဆာ၏လက်ချက်ကြောင့်အတွင်းအားကုန်စင်အောင်စုပ်ယူခြင်းခံရသည့် ရင်းနှီးသည့်ဆက်ဆံရေးရှိသူဖြစ်သည် ။
သွေးမိစ္ဆာမှာ ထိုလူ၏စကားကြောင့် သူ၏မျက်နှာအမူအယာဆိုးရွားသွားသည် ။ ထိုလူမှာမူ သွေးမိစ္ဆာအား ဂရုစိုက်ခြင်းမရှိတော့ပေ။
“ ညီနောင်တို့ မင်းတို့လည်း အဲဒီခွေးအိုကြီးရဲ့လုပ်ရပ်တွေကိုမြင်ကြမှာပါ။ သူကငါတို့ဂိုဏ်းကိုပျက်စီးခြင်းတွေသယ်ဆောင်လာပေးတဲ့သူပဲ ။
မင်းတီု့မှာပဲဆက်နေပြီးမင်းတို့ရဲ့အတွင်းအားတွေစုပ်ယူခံမလား အခုချက်ခြင်းထွက်သွားပြီး အသေခံမလား မင်းတို့ရွေးကြ “
ထိုလူမှ မြစ်ဝါနဂါးဂိုဏ်းသားများအော်ဟစ်လိုက်သည်။ ထို့နောက် ရွက်ဖျင်တဲများနောက်သို့ဝင်ရောက်ကာပျောက်ကွယ်သွားသည်။
ထိုနေရာတွင်လျှို့ဝှက်လမ်းတစ်ခုရှိကာ ပြင်ပတွင်စောင့်ကြပ်နေကြသည့် မဟာမိတ်အဖွဲ့အစည်းမှမမြင်နိုင်ဘဲ လွတ်မြောက်နိုင်လေသည် ။
မြစ်ဝါနဂါးဂိုဏ်းသားများမှာ ပထမတွင်အနည်းငယ်တုံ့ဆိုင်းနေကြသေးသော်လည်း ထိုလူ၏စကားများနှင့် ထင်းရှီ၏စကားများကြောင့် ဆုံးဖြတ်ချက်ချလိုက်ကြသည်။
ထို့နောက် သူတို့အားလုံး အလျှင်အမြန်ပင် လျှို့ဝှက်လမ်းမှ ထွက်ပြေးသွားကြသည်။
ထင်းရှီလည်း သူ၏စကားအတိုင်းပင် ထိုလူများကိုလိုက်လံတိုက်ခိုက်ခြင်းမပြုပဲ ရပ်ကြည့်နေသည်။
သွေးမိစ္ဆာမှာ သူ့ဂိုဏ်းသားများ၏အပြုအမူကိုကြည့်ကာ သူ၏စိတ်ထဲတွင် ဒေါသပေါက်ကွဲသွားပြီး သွေးတစ်လုပ်အန်ထုတ်တော့မည်ကဲ့သို့ဖြစ်လာသည် ။
“ မင်းတို့ မင်းတို့အားလုံးကိုငါနောက်ကျရင် လိုက်လံသတ်ဖြတ်မယ်ကွ ငါကျိန်ဆိုတယ် “
သွေးမိစ္ဆာမှ ဒေါသတကြီးအော်ဟစ်လိုက်သည် ။သို့သော်မြစ်ဝါနဂါးဂိုဏ်းသားများမှာမူ တစ်ယောက်မှနောက်လှည့်ကြည့်ခြင်းမရှိတော့ပေ ။
***ပြင်ပမှအန္တရာယ်များထက် အတွင်းထဲမှစိတ်ဝမ်းကွဲခြင်းက အဆတစ်ရာဆိုးရွားပေသည်။ ****
ထင်းရှီလည်း မြစ်ဝါနဂါးဂိုဏ်းမှထွက်ပြေးသွားကြသည့်လက်ကျန်ဂိုဏ်းသားများအားကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
သူထိုလူများကိုလိုက်လံတိုက်ခိုက်ချင်စိတ်လည်းမရှိတော့ပေ။ ယခင်က ရွာငယ်လေးမှလူများ ရွ လုံးကျွတ်သတ်ဖြတ်ခံရ၍ သူ၏စိတ်များဒေါသများဖုံးလွှမ်းသွားကာ မြစ်ဝါနဂါးဂိုဏ်းသားများကို အမြစ်ပြက်သုတ်သင်ရန်လာခဲ့ခြင်းဖြသ်သည်။
ယခု အနည်းငယ်သွေးအေးသွားသည့်အချိန်မှစဉ်းစားကြည့်လိုက်သည့်အခါ ထိုလုပ်ရပ်မှာ စတုတ္ထရေဘုရင်နှင့်သာသက်ဆိုင်ကာ ကျန်ဂိုဏ်းသားများနှင့်မပတ်သတ်ပေ ။
စတုတ္ထရေဘုရင်မှာ ယခုအချိန်တွင်လက်မောင်းတစ်ဖက်ပြက်ကာသူ၏လက်အတွင်းသို့လြံးဝကျရောက်နေပြီဟုပြော၍ရသည်။
ထို့အတွက်ကြောင့်လည်း သူ၏ဒေါသများအတော်အတန်ပြေပျောက်ပြီးဖြစ်သည်။ ထို့ကြောင့် ကျန်ဂိုဏ်းသားများအား အလွတ်ပေးရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
သွေးမိစ္တာကိုကမူ လုံးဝအလွတ်ပေး၍မရပေ။ သူတို့နှစ်ဦးအကြားတွင်ရန်ငြိုးကြီးကြီးမားမားဖြစ်ပြီးသည့်အပြင် အတွင်းအားစုပ်သိုင်းကျမ်းမှာလည်း ထိုလူ့ထံတွင်ရှိနေသည် ။
ထို့အပြင် သူတိုက်ပွဲအားရပ်စဲလိုသော်တောင်မှ သွေးမိစ္ဆာ၏စရိုက်အရ သူ့ကိုနောက်ပိုင်းတွင်ဘများစွာဒုက္ခပေးလာနိုင်သည် ။
ထို့ကြောင့်ပင်ထင်းရှီလည်းသွေးမိစ္ဆာကိုမူ အလွတ်မပေးဘဲ သတ်ဖြတ်ရန်ဆုံးဖြတ်ထားခြင်းဖြစ်သည်။
“ ရေဘုရင်သုံးယောက် ခင်ဗျားတို့အခုချိန်မှုထွက်သွားရင် ကျုပ်ကမတိုက်ခိုက်ဘူးလို့ကတိ ပေးတယ်။
မဟုတ်ရင်ခင်ဗျားတို့သုံးယောက်ပါသွေးမိစ္ဆာနဲ့အတူဇာတ်သိမ်းသွားစေရမယ် “.
ထင်းရှီမှ ရေဘုရင်သုံးယောက်အားဦးတည်၍ပြောလိုက်သည် ။သူ၏စကားကြောင့် ရေဘုရင်သုံးယောက်မှာ ရှုပ်ထွေးသည့်အမူအယာများဖြစ်လာသည်။
ထင်းရှီ၏စကားမှာ အမှန်ပင်ဖြစ်သည် ။သွေးမိစ္ဆာမှထင်းရှီအား အနိုင်ယူနိုင်စွမ်းမရှိပေ ။
မြစ်ဝါနဂါးဂိုဏ်းမှလူများလည်း ထွက်ပြေးသွားပြီဖြစ်သောကြောင့် သွေးမိစ္ဆာမှာ အတွက်းအားစုပ်ယူရမည့်လူမရှိတော့ပေ။
ထိုအခြေအနေတွင်တိုက်ခိုက်ပါက သူတို့သုံးယောက်ပါသွေးမိစ္ဆာနှင့်ပူးပေါင်း၍တိုက်ခိုက်လျှင်ပင် ထင်းရှီအား အနိုင်ရရန်မသေချာလှပေ။
“ မင်းကအခုငါ့ရဲ့တပည့်တွေကိုပါ သွေးဆောင်နေတာလား။ သူတို့က ငါ့အပေါ်မှာပဲသစ္စာရှိတာကွ။
သူတို့ကိုအဆင့်လွန်သိုင်းသမားတွေဖြစ်လာအောင်ငါပဲပျိုးထောင်ပေးခဲ့တာ ။ နောက်ပြီးတော့ ငါ့ရဲ့အတွင်းအားတွေပြန်လည်ရရှိလာပြီ “
သွေးမိစ္ဆာမှ ထင်းရှီအား လှောင်ပြောင်လိုသည့်လေသံဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် ရေဘုရင်တစ်ယောက်မှာလည်းထင်းရှီအား အော်ဟစ်လိုက်သည်။
“ မင်းကဒီလိုလှည့်ကွက်သေးသေးလေးတွေနဲ့ ငါတို့ကို သွေးခွဲလို့ရ “
ထိုလူမှထင်းရှီအားဒေါသတကြီးအော်ဟစ်လိုက်သော်လည်း သူ၏စကားမှာ တစ်ဝက်တစ်ပျက်ဖြင့်ရပ်တန့်သွားသည်။
ထို့နောက် သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်သည့်အမူအယာများပေါ်လာကာ သွေးမိစ္တာအားလှည့်ကြည့်လိုက်သည်။
“ ဂိုဏ်းချုပ် ခင်ဗျား ခင်ဗျား “
“ ငါတောင်းပန်ပါတယ် “
သွေးမိစ္ဆာမှခပ်တိုးတိုးပြောကာ အတွင်းအားစုပ်ယူနေခြင်းအားတိုးမြင့်လိုက်သည်။
သူ၏လက်ဝါးနှစ်ဖက်မှာ ထင်းရှီအားဒေါသတကြီးပြောလိုက်သးနှင့်ကျန်လူတစ်ယောက်၏နောက်ကျောထက်တွင်ဖိကပ်ထားသည်။
ကျန်ရေဘုရင်တစ်ယောက်မှာ လွန်စွာအံ့ဩတုန်လှုပ်နေသည့်မျက်နှာဖြင့်နောက်သို့ ဒရောသောပါးဆုတ်လာသည် ။ထို့နောက် လျှင်မြန်စွာပြေးထွက်သွားတော့သည်။
သွေးမိစ္ဆာမှာ သူ့တပည့်ရေဘုရင်နှစ်ယောက်အား အရင်လူများကဲ့သို့ပင်အတွင်းအားများစွာစုပ်ယူနေသည်။
ထင်းရှီလည်း မြေပြင်တွင်ခြေတစ်ချက်ဆောင့်ကာ လေထဲသို့ခုန်တက်၍ သွေးမိစ္ဆာ၏ဦးခေါင်းအားခုတ်ပိုင်းလိုက်သည်။
“ ကောင်းကင်ဓားဖြင့်ထိုးစိုက်ခြင်း “
ထင်းရှီ၏အော်ဟစ်မာန်သွင်းသဲနှင့်အတူ သူ၏ဓားမှာ အရှိန်အဟုန်ပြင်းစွာဖြင့် သွေးမိစ္ဆာထံသို့ရောက်လာသည်။
သွေးမိစ္ဆာမှာ ရေဘုရင်နှစ်ယောင်အား ကမန်းတကန်းပြန်လွှတ်ကာ နောက်သို့အလျှင်အမြန်ဆုတ်လိုက်သည် ။
ထင်းရှီ၏တိုက်ကွက်ကို သူလက်ဗလာဖြင့် မခုခံရဲပေ ။
“ ဝုန်းး... “
မြေပြင်တွင်ဓားရာကြီးတစ်ခုပေါ်လာပြီး သွေးမိစ္ဆာအတွင်းအားစုပ်ယူထားသည့်ရေဘုရင်နှစ်ယောက်မှာ ဘေးဘက်သို့လွင့်စင်သွားသည်။
ထင်းရှီမှ သူ၏တိုက်ကွက်ကို သွေးမိစ္ဆာထံသို့ဦးတည်ထား၍သာ ထိုနှစ်ယောက်မှာ လွတ်မြောက်သွားခြင်းဖြစ်သည် ။
သို့မဟုတ်ပါက ထင်းရှီ၏ဓားချက်ကိုထိမှန်လျှင် သူတို့၏ခန္တာကိုယ်များထက်ခြမ်းကွဲကုန်ပေမည် ။
ယခုလည်း သွေးမိစ္ဆာ၏အတွင်းအားစုပ်ယူမှုကြောင့် ထိုနှစ်ယောက်မှာ အတွင်းအားလုံးဝမရှိတော့ပေ။
သို့သော် ထင်းရှီ၏ကြားဖြတ်တိုက်ခိုက်မှုကြောင့် သွေးမိစ္ဆာမှသူတို့အားအဆုံးထိမစုပ်ယူလိုက်ရဘဲ သက်စောင့်အားအနည်းငယ်ကျန်သေးသည်။
ထို့အတွက်ကြောင့် သူတို့နှစ်ဦးမှာ ယခင်လူများလောက်အခြေအနေဆိုးရွားခြင်းမရှိဖြစ်သည်။
သွေးမိစ္ဆာမှ ထင်းရှီ၏ဓားချက်အား နောက်သို့ခုန်ဆုတ်၍ ရှောင်တိမ်းလိုက်ပြီးတဟားဟားအော်ဟစ်ရယ်မောလိုက်သည်။
သူ၏လေသံမှာ ကျယ်လောင်ကာ အတွင်းအားပြည့်ဝနေပုံပေါ်သည်။ အဆင့်လွန်သိုင်းသမားနှစ်ယောက်နှင့် ထိပ်တန်းအဆင့်နှစ်ယောက်ထံမှအတွင်းအားစုပ်ယူခြင်းက သူ့ကို အတွင်းအားများစွာတိုးပွားလာစေသည်။
“ ဟီးဟီး.. မင်းသေဖို့သာပြင်တော့ “
သွေးမိစ္ဆာမှာ အရုပ်ဆိုးစွာရယ်မောလိုက်ကာ ထင်းရှီထံသို့ လျှင်မြန်စွာတိုးဝင်လာသည်။
သူ၏လှုပ်ရှားမှုများမှာ ထင်းရှီနှင့်ပထမတစ်ခေါက်တိုက်ခိုက်စဉ်ကထက်ပို၍ သွက်လက်လာသည်။
ထင်းရှီလည်း သူ၏ဓားအားဝေ့ယမ်းကာ သွေးမိစ္ဆာအား တုံ့ပြန်တိုက်ခိုက်လိုက်သည်။ ယခုတစ်ကြိမ်တွင် တိုက်ပွဲအခြေအနေမှာပြောင်းလဲသွားသည်။
သွေးမိစ္ဆာမှာ ပြင်းထန်လှသည့်လက်ဝါးသိုင်းကွက်များဖြင့် မိုးသီးမိုးပေါက်များပမာ ဆက်တိုက်တိုက်ခိုက်နေကာ ထင်းရှီမှာမူ သူ၏ခံစစ်အားလုံခြုံစွာထား၍ကာကွယ်နေသည်။
သွေးမိစ္ဆာမှာ အတွင်းအားများစွာစုပ်ယူပြီး၍ သူ၏အတွင်းအားများကြောက်မက်ဖွယ်ကောင်းလောက်အောင်တိုးတက်လာသော်လည်း သိုင်းပညာမှာမူ သိုင်းဝိဇ္ဇာအဆင့်သို့ ခြေလှမ်းတစ်ဝက်ဝင်ရုံမျှသာရှိသည်။
တစ်ဖက်တွင်ထင်းရှီမှာ သွေးမိစ္ဆာ၏လက်ဝါးချက်များကို ဂရုတစိုက်ဖြင့်ကာကွယ်ကာတုံပြန်တိုက်ခိုက်နေသည် ။
သူ၏အခြေအနေမှာ အောက်စည်းသို့ရောက်နေသော်လည်း သွေးမိစ္ဆာမှ သူ့ကိုဒဏ်ရာရရှိစေရန်မစွမ်းဆောင်နိုင်သေးပေ ။
အမှန်က ယခုတစ်ကြိမ်တွင် ထင်းရှီမှာ လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုအသုံးမပြုဘဲတိုက်ခိုက်နေခြင်းဖြစ်သည်။
တစ်ခါတစ်ရံသေရေးရှင်ရေးအခြေအနေ အကျဉ်းအကြပ်ထဲကိုကျရောက်သွားမှအသုံးပြုခြင်းဖြစ်သည်။
ထို့အတူ ထင်းရှီ၏ဓားသိုင်းမှာလည်း ပို၍တိုးတက်လာသည်။
ထင်းရှီ၏နည်းလမ်းမှာ ပြိုင်ဘက်အားဓားသွေးကျောက်ကဲ့သို့သဘောထား၍ သူ၏ဓားသိုင်းကို ပို၍ပြည့်စုံမှုရှိလာစေရန်တိုက်ခိုက်ခြင်းဖြစ်သည်။
သေခြင်းရှင်ခြင်းတိုက်ပွဲတွင် ယခုလိုတိုက်ခိုက်နေသည်က အနည်းငယ်အန္တရာယ်များသည် ။သို့သော် အသက်အန္တရာယ်နှင့်ပို၍နီးကပ်မှ ပုန်းကွယ်နေသည့် အရည်အချင်းများ ပို၍ထွက်ပေါ်လာမည်ဖြစ်သည် ။
သွေးမိစ္ဆာမှာ ပထမတွင် ထင်းရှီအားဖိအားပေး၍တိုက်ခိုက်နေသော်လည်း တိုက်ပွဲကြာလာသည့်အခါ တစ်စုံတစ်ရာမှားယွင်းနေကြောင်းကို ရိပ်စားမိလာသည်။
ယခုအချိမ်အထိ သူအပေါ်စီးမှတိုက်ခိုက်နေသော်လည်း ထင်းရှီအားဒဏ်ရာတစ်ခုတစ်လေပင်ရရှိအောင်မလုပ်နိုင်သေးပေ။
သူနှင့်တိုက်ခိုက်နေသည့်ထင်းရှီမှာမူ အချိန်ကြာလာသည်နှင့် ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်ဂုထင်လိုက်သည် ။
အထူးသဖြင့် ထင်းရှီမှာ တိုက်ပွဲအစတွင် အကျဉ်းအကြပ်ထဲသို့ အကြိမ်ရေအတော်များများရောက်ရှိသွားသော်လည်း ယခုအချိန်တွင်သူ၏ဓားဖြင့် သွေးမိစ္ဆာ၏လက်ဝါးများကို ပိတ်ဆို့ထားနိုင်လေသည် ။
သွေးမိစ္ဆာလည်း မည်သည့်အရာများဖြစ်နေသည်ကိုသိရှိသွားကာ ထင်းရှီ၏အကြံကိုရိပ်မိလိုက်ပြီး ဒေါသအပြင်းအထန်ထွက်သွားသည်။