← Chapters

လွတ်လပ်သောဓားဆန္ဒ

Vol. 2 Ch. 125

လွတ်လပ်သောဓားဆန္ဒ

Vol. 2 Ch. 125

ယခု သူ့ဆရာထင်းချီယင်ပြောခဲ့သည့် တစ်စုံတစ်ရာကို သူခံစားမိနေသည်ဟုထင်လိုက်မိသည်။

သွေးမိစ္ဆာမှာ ထင်းရှီ၏မျက်နှာအမူအယာကိုကြည့်၍ သူ၏မျက်နှာမဲမှောင်သွားသည်။ လက်ရှီထင်းရှီ၏ပုံစဲမှာ အတွေးထဲတွင်နစ်မျောနေသလို ငြိမ်သက်နေသည်။

သူ၏မျက်လုံးများက တစ်နေရာထဲတွင်ငြိမ်သက်နေကာ တစ်စုံတစ်ရာအားအတွေးနက်နေပုံရသည်။ ထို့အတူ သွေးမိစ္ဆာအားတိုက်ခိုက်ခြင်းလည်းမရှိပေ။

သူ၏ပုံစံမှာ သူနှင့် သူသေကိုယ်သေတိုက်ခိုက်နေသည့်သွေးမိစ္ဆာကို ရှိသည်ဟုပင်အောင့်မေ့ပုံမရပေ။ ထင်းရှီ၏ပုံစံကြောင့်သွေးမိစ္ဆာမှာ ဒေါသထွက်သွားသည်။

ထို့နောက် သွေးမိစ္ဆာလည်း အော်ဟစ်မာန်သွင်း၍ထင်းရှီထံသို့ လျှင်မြန်စွာတိုးဝင်သွားသည်။

သူ၏လက်ဝါးနှစ်ဖက်အားမြောက်ကာ ထင်းရှီအား သူ၏အစွမ်းအထက်ဆုံးတိုက်ကွက်ဖြစ်သည့် သွေးစုပ်နတ်ဆိုး၏မရဏတိုက်ကွက်ဖြင့်တိုက်ခိုက်လိုက်သည် ။

ထင်းရှီမှာ သွေးမိစ္ဆာသူ၏ရှေ့သို့ရောက်လာသည်ကို သိရှိသော်လည်းလှုပ်ရှားခြင်းမရှိသေးပေ ။

သို့သော်သွေးမိစ္ဆာ၏လက်ဝါးချက်ရောက်ရှိလာသည်နှင့် သူ၏ခန္တာကိုယ်အားအနည်းငယ်လှုပ်ရှားလိုက်သည်။

“ ဝုန်းး.. “

သွေးမိစ္ဆာ၏တိုက်ကွက်မှာ မြေပြင်တွင်အပေါက်ကြီးတစ်ခုကိုဖြစ်ပေါ်သွားစေသည်။ သို့သော် ထင်းရှီမှ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ခပ်လှမ်းလှမ်းသို့ရောက်ရှိနေသည်။

သွေးမိစ္ဆာမှာ သူ၏မျက်လုံးကိုပင်မယုံကြည်နိုင်သလိုဖြစ်သွားသည် ။အတွင်းဒဏ်ရာပြင်းထန်စွာရထားသူမှ သူ၏တိုက်ကွက်အားလွယ်ကူစွာရှောင်ထွက်သွားနိုင်သည်။

တစ်ခုသတိပြုရမည်မှာ သွေးမိစ္ဆာ၏အတွင်းအားများမှာ အတွင်းအားယာယီနှိုးဆွနည်းကြောင့်ညများစွာမြင့်တတ်နေကာ သိုင်းဝိဇ္ဇာတစ်ဦးနှင့်ပင်နှိုင်းယှဉ်နိုင်သည်။

ထို့ကြောင့်လည်း ထင်းရှီမှာ ဒဏ်ရာမရခင်ကပင် သွေးမိစ္ဆာ၏လျှင်မြန်ကာ အင်အားပြင်းထန်လှသည့်သိုင်းကွက်များကြောင့် အရေးနိမ့်သွားခြင်းဖြစ်သည်။

သို့သော် ယခုပုံစံမှာ အတွင်းဒဏ်ရာအပြင်းအထန်ရရှိနေသည့် ထင်းရှီမှသူ၏အင်အားအပြည့်တိုက်ကွက်ကို လွယ်ကူစွာရှောင်ထွက်သွားနိုင်၍သွေးမိစ္ဆာမှာ အံ့အားသင့်သွားခြင်းဖြစ်သည်။

သို့သော် သွေးမိစ္ဆာလည်း ထိုအံ့သြမှုအားမြိုသိပ်ကာ ထင်းရှီ၏နောက်သို့လိုက်လံတိုက်ခိုက်လိုက်သည် ။

သူ၏သိုင်းကွက်များမှာ အင်အားပြင်းထန်လှကာ လွန်စွာလျှင်မြန်လှသည် ။ ထင်းရှီ၏ဘေးပတ်ဝန်းကျင်တစ်ခုလုံး သွေးမိစ္ဆာ၏လက်ဝါးရိပ်များလွှမ်းခြုံသွားသည်။

ယခုတစ်ကြိမ်တွင်လည်း ထင်းရှီမှာ သွေးမိစ္ဆာ၏လက်ဝါးရိပ်များကြားမှ လွယ်ကူစွာရှောင်ထွက်သွားပြန်သည်။

သွေးမိစ္ဆာမှာ ဒေါသစိတ်ကြောင့် သွေးအန်တော့မည်ကဲ့သို့ဖြစ်သွားမိသည်။ ထင်းရှီမှာ အတွင်းဒဏ်ရာပြင်းထန်စွာရရှိသွားပြီးမှ ယခင်ကထက်ပို၍အစွမ်းထက်လာပုံရသည်။

ပို၍ဆိုးသည်မှာ ယခုအချိန်အထိသူ့ကိုတသ်ချက်ကလေးမှတိုက်ခိုက်ခြင်းမရှိဘဲ သူစတိုက်ခိုက်မှုများကိုသာ အသာအယာရှောင်တိမ်းနေခြင်းဖြစ်သည်။

ထို့နောက်တွင် သွေးမိစ္ဆာမှာ အကျိုးဆက်များအားဂရုစိုက်ခြင်းမရှိတော့ဘဲ ထင်းရှီ၏နောက်သို့ အရူးတစ်ယောင်ပမာ လိုက်လံတိုက်ခိုက်တော့သည် ။

ယခုတစ်ကြိမ်တွင်မူ သွေးမိစ္ဆာမှာ ထင်းရှီအား ဒဏ်ရာရရှိရန်မဆိုထားနှင့် ထင်းရှီ၏အင်္ကျီစလေးကိုပင်ထိအောင်မတိုက်ခိုက်နိုင်တော့ပေ ။

ထင်းရှီမှ သူ၏တိုက်ကွက်ရောက်လာသည်နှင့်ပေါ့ပါးစွာရှောင်ထွက်သွားကာ လေအဝေ့တွင်လေနှင့်အတူလွင့်မျောနေသည့် ငှက်မွှေးလေးတစ်စနှင့်ပင်တူလှသည် ။

ဤသို့ဆိုလျှင် သွေးမိစ္ဆာမှာမူ လေထုအားတစ်ဦးတည်းတိုက်ခိုက်နေသည့်အရူးတစ်ယောက်နှင့်ပင်တူလှသည်။

အမှန်မှာ ထင်းရှီ၏ကိုယ်ဖော့ပညာမှာ သူမသိလိုက်ခင်မှာပင် အဆင့်တတ်သွားခြင်းဖြစ်သည်။

ယခင်က လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းဒုတိယအဆင့်ကိုရောက်ရှိထားသော်လည်း လုံးဝအောင်မြင်ခြင်းမရှိသေးပေ ။

ယခုမူ သွေးမိစ္ဆာ၏ပြင်းထန်လျှင်မြန်လှသည့်သိုင်းကွက်များကိုရှောင်တိမ်းရင်းဖြင့် အဆင့်နှစ်ကိုလုံးဝအောင်မြင်သွားပြီဖြစ်ကာ အဆင့်သုံးထဲသို့ပင်ရောက်ရှိသွားပြီဖြစ်သည် ။

ထို့ကြောင့် သွေးမိစ္ဆာ၏တိုက်ခိုက်မှူများအား သူယခုလိုအသာအယာဖြင့် ရှောင်တိမ်းနိုင်ခြင်းဖြစ်သည်။

အကယ်၍ သူသာဆန္ဒရှိပါက သွေးမိစ္ဆာ၏အားတိုက်ခိုက်ခြင်းမရှိဘဲ ယခုလိုကိုယ်‌ဖော့ပညာကိုအားပြု၍ ရှောင်တိမ်းနေရုံဖြင့် သွေးမိစ္ဆာမှာ သူ့ကိုထိခိုက်အောင်လုပ်နိုင်မည်မဟုတ်ပေ ။

ဆန့်ကျင်ဘက်ဆိုရလျှင် သွေးမိစ္ဆာမှာ အတွင်းအားသူ၏အတွင်းအားများကုန်ခမ်းသွားမည်ဖြစ်သော်လည်း ‌ထင်းရှီအားထိခိုက်အောင်တိုက်ခိုက်နိုင်မည်မဟုတ်ပေ ။

သို့သော် ထင်းရှီမှာ ရှားပါးသည့်ဉာဏ်အလင်းပွင့်ခြင်းအခိုက်အတံ့နှင့်ကြုံတွေ့နေရသဖြင့် သွေးမိစ္ဆာအားအာရုံမစိုက်တော့ဘဲ အသာအယာရှောင်တိမ်းနေသည်။

ထို့နောက်သူ၏စိတ်ထဲတွင် ဓားပညာနှင့်ပတ်သတ်သည့်အကြောင်းများကို ဆက်လက်တွေးတောနေမိသည် ။

စိတ်ခံစားချက်ပါဝင်သည့်ဓားဆိုသည်မှာ မိမိ၏ကိုယ်ပိုင်ဓားဆန္ဒဖြစ်နိုင်သည် ။ သူ၏ဆန္ဒမှာ မည်သည့်အရာဖြစ်သနည်း။

ထင်းရှီမှာ တစ်ဦးတည်းဆက်၍တွေးတောနေသည်။

လူအတော်များများတွင် လွန်စွာစိတ်အားထက်သန်သည့်ဆန္ဒကိုယ်စီရှိတတ်ကြသည် ။ သို့သော် ထိုဆန္ဒအတိုင်းဖြစ်မြောက်အောင်စွမ်းဆောင်နိုင်သူမှာ နည်းပါးလှသည် ။

စိတ်ဆန္ဒဆိုသည်မှာလည်း စွမ်းအားကြီးသည့်အရာတစ်ခုဖြစ်သည်။ လောကတွင်စွမ်းအားအကြီးဆုံးအရာမှာ လူတို့၏စိတ်ပင်ဖြစ်သည်ဟု သိုးထိန်းကြီးမှပြောခဲ့ဖူးသည်။

မိမိစိတ်အားထက်သန်နေသမျှ အောင်မြင်မှုဆိုသာ်မှာလည်း ရောက်ရှိလာရမည်ဖြစ်သည်။ သို့‌သော် တွန်းအားတစ်ခုလည်း လိုအပ်သေးသည် ။ထိုတွန်းအားမှာ ကြိုးစားအားထုတ်မှုဖြစ်သည် ။

ထင်းရှီထံတွင်ကြိုးစားအားထုတ်မှုမှာ ပြည့်ဝခဲ့ပြီးဖြစ်သည်။ သူ့ထံတွင်လိုအပ်နေသည်မှာ ဖြစ်လိုသည့်စိတ်ဆန္ဒတစ်ခုထဲသာဖြစ်သည်။

သို့သော်ထိုစိတ်ဆန္ဒမှာ မည်သည့်အရာဖြစ်သည်ဟုမိမိကိုယ်တိုင်ကွဲကွဲပြားပြားသိရန်လည်းလိုအပ်သေးသည် ။

ထင်းရှီလည်း အထီးကျန်ဓားသိုင်းကျမ်း၏အပေါ်မှစာကိုပြန်၍စဉ်းစားမိသွားသည်။

“ လောကကြီးက သိပ်ရယ်စရာကောင်းတယ်။ ရူးသွပ်ချင်စရာကောင်းတဲ့အချစ်တွေကလည်း ပျင်းစရာကောင်းတယ်။ အရာအားလုံးကို အမှန်အတိုင်းမြင်တတ်ရင် မျက်လုံးထဲမှာ ဗလာနတ္တိဖြစ်သွားလိမ့်မယ်။ ကျန်ရှိနေတဲ့ဘဝသက်တမ်းကို လွတ်လွတ်လပ်လပ်ဖြတ်သန်းပါ ‘

အထီးကျန်ဓားသိုင်းကိုတီထွင်ခဲ့သူမှ သိုင်းကျမ်းမျက်နှာဖုံးတွင်ရေးသားထားသည့်စာများမှာ လွတ်လပ်ပေါ့ပါးသည်ဟုထင်ရသော်လည်း သေချာစဉ်းစားကြည့်ပါက ထိုလူမှာ အထီးကျန်နေသည်ကိုလည်းတွေ့ရပေမည်။

အချစ်မရှိ ၊မိတ်ဆွေမရှိ ၊ တွယ်တာစရာမရှိ ၊ပူပန်စရာမရှိသည့်ဘဝမှာ လွတ်လပ်ပေါ့ပါးလှသော်လည်း တစ်ချိန်တည်းပင် အထီးကျန်ဆန်လှသည်။

ထင်းရှီထိုစဉ်က အထီးကျန်ဓားသိုင်းကိုရွေးချယ်ခဲ့မိခြင်းမှာ သူ၏တစ်ဦးတည်းသီးသန့်ဖြစ်နေသည့်စိတ်ကြောင့်လည်းကောင်း ‌ဓားစံအိမ်တွင် သူနှင့်ရင်းနှီးသူအနည်းငယ်သာရှိသည်ဆိုသောအချက်ကြောင့်လည်းကောင်း ဖြစ်ကောင်းဖြစ်နိုင်သည် ။

သို့သော် နှစ်များကြာလာသည်နှင့်သူနှင့်ရင်းနှီးသူများပိုမိုများပြားလာကာ သူ၏စိတ်အတွင်းမှ လောကတွင် သူတစ်ဦးတည်းဖြစ်နေသလို အထီးကျန်ဆန်သည်ဆိုသည့်ခံစားချက်ကြီးမှာလည်း ငုတ်လျှိုး၍သွားလေသည်။

သူ့ထံတွင် သူ့အားဂရုစိုက်သည့်သူ၏ဆရာရှိသည် ။ သူ့အစ်ကိုကြီးရှောင်ကျန်းမင်ရှိသည် ။ များသောအားဖြင့် ဓားပညာကိုသာသည်းကြီးမည်းကြီးလေ့ကျင့်နေကြသော်လည်း သူ့အပေါ်တွင်နွေးထွေးသည့်အကြီးအကဲများလည်းရှိ သေးသည်။

ထို့အပြင် သူနှင့်ခံစားချက်အချို့ရှိသည်ဟုဆိုရမည့် ထင်း‌ရှောင်ယင်နှင့် ရှောင်ရှောင်တို့လည်းရှိနေသေးသည်။ ထို့ကြောင့် သူ၏ဘဝမှာ အထီးကျန်မဆန်လှပေ။

ယခုအချိန်တွင် သူ၏စိတ်ထဲတွင်ဖြစ်ချင်သည့်အရာမှာ စွန်းအိမ်တော်တွင်တွေ့ခဲ့ရသည့် ဓားသမားလို ဓားတစ်စင်းနှင့်အရက်အိုးတစ်လုံးဖြင့် လောကအနှံ့ခြေဆန့်လိုစိတ်ဖြစ်သည်။

ထိုပန်းချီကားမှာ အမှောင်ထုတွင်ပိတ်မိနေသလိုဖြစ်နေသည့် သူ၏စိတ်ကိုအလင်းရောင်တစ်ခုထွက်ပေါ်လာစေသည်။

ဤသည်က သူ၏အခိုင်မာဆုံးစိတ်ဆန္ဒဟုမှတ်ယူရလျှင် သူ၏စိတ်ဆန္ဒကို လွတ်လပ်သည့်စိတ်ဆန္ဒဟုပြော၍ရသည်။

ထင်းရှီ၏မျက်လုံးများအရောင်လက်သွားသလို တစ်စုံတစ်ခုအား သဘောပေါက်သွားသည်။

သူ၏စိတ်ထဲတွင် သူ့ဆရာပြောခဲ့သည့်အကြောင်းအရာအချို့မှာလည လျှပ်စီးလက်သလို ဖြတ်ခနဲပေါ်လာသည်။

“ ဓားသမားတွေမှာ ဓားဆန္ဒဆိုတာရှိတယ် ။အဲတာက ဓားနဲ့လူတစ်သားထဲအဆင့်ကိုရောက်တယ်လို့သတ်မှတ်လို့ရတယ်။

သူတို့ရဲ့စိတ်ထဲက သံသယ မြူမှုန်တွေကင်းရှင်းပြီးတော့ ကိုယ်ဖြစ်ချင်တဲ့စိတ်ဆန္ဒကိုတိတိကျကျသိရှိသွားရင် အဲဒီဓားသမားက ဓားဆန္ဒဆိုတာကို ထုန်လို့ရသွားတယ် ။

လူပုဂ္ဂိုလ်ကွဲပြားတဲ့အတွက် ဓားဆန္ဒတွေကလည်း သူတို့ကိုလိုက်ပြီး အမျိုးမျိုးကွဲပြားသွားလေ့ရှိတယ် ။

ပြီးတော့ ဓားဆန္ဒကိုထုတ်နိုင်တဲ့ဓားသမားကို ဓားနဲ့လူနဲ့တစ်သားထဲအဆင့်လို့သတ်မှတ်လို့ရတယ်။

အဲဒီအဆင့်မှာ ကိုယ့်ရဲ့စိတ်ကညွှန်းဆိုတဲ့အတိုင်းကိုယ်ရဲ့ဓားကလိုက်ပါလှုပ်ရှားသွားတာပဲ။ ဓားသမားတွေအလွန်ရောက်ချင်တဲ့အဆင့်ပေါ့။

ဒါပေမယ့်ဓားသမားတစ်ထောင်မှာ တစ်‌ယောက်လောက်ပဲ အဲဒီအဆင့်ကိုရောက်နိုင်ကြတယ်။

သူတို့ကလည်း သိုင်းဝိဇ္ဇာအဆင့်ကိုကျော်လွန်သွားပြီးတော့ ဓားပညာကို အလွန်ရူးသွပ်တဲ့လူတွေပဲ “

ထင်းရှီ၏စိတ်ထဲတွင် သူ့ဆရာပြောခဲ့သည့် စကားလုံးများက အစီအရီပေါ်ထွက်လာသည်။

ထို့နောက်ထင်းရှီ၏မျက်လုံးများစူးရဲသွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

“ ဟုတ်ပြီ ငါသဘောပေါက်သွားပြီ ဿားဆန္ဒဆိုတာ ကိုယ့်ရဲ့စိတ်ထဲကပြင်းပြတဲ့ဆန္ဒကိုဆိုလိုတာပဲ။

ဒါဆိုရင် ငါ့ရဲ့ဓားဆန္ဒက လွတ်လပ်သောဓားဆန္ဒပဲ ဟားးဟားး.. “

All Chapters