တိုက်ပွဲပြီးနောက်
Vol. 2 Ch. 128
ထင်းရှီမြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်အတွင်းသို့ထိုးဖောက်လာစဉ်က တံတိုင်းပေါ်မှကျော်တတ်ကာဝင်လာခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင်မူ တံခါးမကြီးအားဖွင့်၍ထွက်သွားလျှင်ရသော်လည်း တံတိုင်းပေါ်မှပင်ကျော်၍ထွက်ခဲ့သည် ။
ထင်းရှီ၏ခန္တာကိုယ်မှာ ငှက်မွှေးလေးကဲ့သို့ပေါ့ပါးစွာဖြင့် တံတိုင်းအပြင်သို့ကျရောက်သွားသည်။
အပြင်ဘက်တွင်မီးရောင်များထိန်လင်းနေကာ မီးတုတ်ကိုယ်စီနှင့်လူများရောက်နေကြောင်းကိုတွေ့လိုက်ရသည်။
ထိုလူများမှာလက်နက်ကိုယ်စီဖြင့် မြစ်ဝါနငါးဂိုဏ်း၏ဌာနချုပ်အတွင်းသို့ သိလိုစိတ်ပြင်းပြစွာဖြင့်ကြည့်နေကြသည် ။
ထိုလူများမှာ မဟာမိတ်အဖွဲ့မှသိုင်းသမားများဖြစ်ကာ လူတစ်ဦးမြစ်ဝါနဂါးဂိုဏ်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်ဟူသည့်သတင်းကြောင့်ရောက်လာခဲ့ခြင်းဖြစ်သည်။
မည်သည့်လူကအတင့်ရဲ့၍ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်အတွင်းထိုးဖောက်သွားသည်ကို သိလိုလှသည်။
ထိုလူမှာ အနည်းငယ်ရူးမိုက်သည်ဟု ပြော၍ရသည် ။ထို့အတူ ထိုလူ၏သတ္တိကိုလည်း သူတို့လေးစားနေမိကြသည် ။ထို့ကြောင့်ပင် သူတို့စုရုံး၍ စောင့်နေကြခြင်းဖြစ်သညမ။
မဟာမိတ်အဖွဲ့မှသိုင်းသမားများမှာ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်အတွင်းသို့ကားမသွားဝံ့ကြပေ။
ဌာနချုပ်ထဲတွင်အဆင့်လွန်သိုင်းသမားအများအပြားနှင့် ဂိုဏ်းသားသုံးရာကျော်ကျန်သေးသည်ဟုသူတို့သိကြသည်။
ထို့ကြောင့်ပင် ထိုလူများမှာ အပြင်ဘက်မှစိတ်ရှည်လကမရှည်ဖြင့် စောင့်နေကြခြင်းဖြသ်သည်။
သို့သော် သူတို့ရောက်လာသည့်အခါတွင်မူ ဌာနချုပ်အတွင်းဘက်မှတိတ်ဆိတ်နေကာမည်သည့်အရာများဖြစ်ပျက်နေသည်ကို သူတို့မခန့်မှန်းမိကြပေ။
မြစ်ဝါနဂါးဂိုဏ်းမှထင်းရှီထွက်ပြေးခွင့်ပြုခဲ့သည့်ဂိုဏ်းသားများမှာလည်း လျှို့ဝှက်လမ်းမှထွက်သွားခြင်းဖြစ်သဖြင့် သူတို့မသိလိုက်ကြပေ။
ယခုတံတိုင်းထက်မှ အနီရောင်ဝတ်စုံနှင့်လူတစ်ယောက်ခုန်ချလာသဖြင့် မဟာမိတ်အဖွဲ့မှသိုင်းသမားများမှာ သတိအနေအထားဖြင့် ထိုလူထံသို့သွားလိုက်ကြသည်။
အနီးသို့ရောက်သည့်အခါထိုလူ၏ဝတ်စုံမှာ အနီရောင်မဟုတ်ဘဲ သွေးများစွန်းပေနေ၍ အနီရောင်သို့ပြောင်းသွားကြောင်းကို သူတို့အံ့ဩဖွယ်ရာတွေ့လိုက်ရသည်။
ထိုလူ၏ခန္တာကိုယ်အနီးတွင်လည်း များပြားလှသည့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်မှာ ကျန်ရှိနေသေးသည် ။
ထိုလူမှာ ထိုကဲ့သို့ဖြစ်ရန် လူမည်မျှကို သတ်ဖြတ်ခဲ့ရမည်နည်း ။ သူတို့၏စိတ်ထဲတွင် တုန်လှုပ်သွားကြမိသည်။
ထင်းရှီမှာ ယခုအချိန်တွင် သူ၏ဒေါသများပြေပျောက်သွားပြီဖြစ်သော်လည်း လူရာပေါင်းများစွာသတ်ဖြတ်ထားသည့်အတွက် သူ၏ခန္တာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသည့်အငွေ့အသက်များထွက်ပေါ်နေသေးသည်း ။
ထင်းရှီလည်း သူ၏ညီအစ်ကိုနှစ်ယောက်ကိုစွားတွေ့ရန်စိတ်ကူးလိုက်သော်လည်း ယခုပုံစံဖြင့်သွားရန်မသင့်ဟု ဆုံးဖြတ်လိုက်သည် ။ ထို့နောက် တောအုပ်အတွင်းသို့ ကိုယ်ဖော့ပညာသုံး၍ပြေးဝင်သွားတော့သည်။
“ ဟားးဟား ငါမှတ်မိသွားပြီကွ မင်းကဟိုလူငယ်ပဲ ငါတို့ ကျေနပ်တဲ့အထိတိုက်ခိုက်ကြသေးတာပေါ့ “
မဟာမိတ်အဖွဲ့ထဲမှလူတစ်ယောက်မှာ ဝမ်းသာအားရရယ်မောကာ ပြေးထွက်သွားသည် ။
ထိုလူ၏လေသံမှာ ထင်းရှီအားသိရှိနေသည့်ပုံစံဖြစ်ကာ သူပြေးထွက်သွားလာဘက်မှာလည်း ထင်းရှီသွားသည့်အရပ်မျက်နှာ သို့ဖြစ်သည်။
မဟာမိတ်အဖွဲ့မှသိုင်းသမားများမှာ ယခုအချိန်အထိ ဆွံအလျက်ကျန်ခဲ့သည် ။
ထို့နောက် သူတို့၏စိတ်ထဲတွင် ထင်းရှီအကြောင်းကိုတွေးလိုက်ကြမိသည် ။ ထိုလူမှ ထူးခြားဆန်းကျယ်လှသလို လူများစွာသတ်ဖြတ်ထားသည်မှာလည်း မေးခွန်းထုတ်စရာမလိုပေ။
ယခုအချိန်တွင်သူတို့သိလိုသည်မှာ ထိုလူမည်သူဖြစ်သည်ဆိုသည့်အကြောင်းကိုသာဖြစ်သည်။
“ ငါမှတ်မိပြီ သူကငါပြောခဲ့တဲ့ ဌာနချုပ်ထဲကိုဝင်သွားတယ်ဆိုတဲ့လူပဲ အခု သူက သူက “
လူအုပ်အတွင်းမှ အော်သံတစ်ခုထွက်လာကာ ထိုအော်သံမှာ ကင်းအစောင့်ကျသည့်သိုင်းသမားများထဲမှတစ်ဦးဖြစ်သည်။
ထိုလူ၏အော်သံကြောင့် မဟာမိတ်အဖွဲ့မှသိုင်းသမားများမှာ ပင့်သက်ရှိုက်လိုက်မိသည်။
ထိုလူမှာ ဓားတစ်ချောင်းဖြင့် မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်အတွင်းထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ယခုထိုလူပြန်ထွက်လာပြီးသည့်နောက်တွင် သူ၏ဝတ်စုံမှာလည်း သွေးများဖြင့်ရွှဲနစ်နေခဲ့သည် ။ မြစ်ဝါနဂါးဂိုဏ်းသားများမှာ မည်သည့်အရာများဖြစ်ပျက်နေခဲ့မည်ကို မေးနေစရာပင်မလိုတော့ပေ။
ထိုအဖြစ်မှာ သူတို့ကိုအံ့ဩစေသလို ကြောက်လန့်တုန်လှုပ်သွားကြသည်။
ထိုအတူ ထိုလူ၏နောက်သို့လိုက်သွားသည်လူကိုလည်း ကြိတ်၍ သနားသွားမိသည်။ ထိုလူမှာ လောကတွင်အသက်ရှင်ရသည်ကိုညည်းငွေ့နေ၍ ကြောက်မက်ဖွယ်ကောင်းသည့်လူ၏နောက်သို့လိုက်သွားသလော ။
ထိုကြောက်မက်ဖွယ်ကောင်းသည့်လူမှာ ဂိုဏ်းသားသုံးရာကျော်နှင့် အဆင့်လွန်သိုင်းသမားများအားတစ်ဦးတည်းသတ်ဖြတ်နိုင်ခဲ့သည်လော ။
ထိုမေးခွန်း၏အဖြေမှာ သူတို့တိတိကျကျမပြောနိုင်ပေ ။ နောက်ဆုံးတွင် မဟာမိတ်အဖွဲ့မှလူများမှာ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချာပ်အတွင်းဝင်ရန်ဆုံးဖြတ်လိုက်ကြသည်။
သူတို့၏ခေါင်းဆောင်များမှ မရောက်လာကြငေးသော်လည်း သူတို့အနေဖြင့် လွန်စွာသိလို စိတ်ပြင်းပြနေကြသည် ။
တံတိုင်းအထက်သို့တတ်ရန်လည်း သူတို့ထဲမှ အများစု၏ကိုယ်ဖော့ပညာမှာ များစွာအဆင့်မြင့်ခြင်းမရှိကြပေ။
ထို့ကြောင့် တံခါးမကြီးအားဖွင့်ကာအထဲသို့ဝင်ရန်ဆုံးဖြတ်လိုက်ကြသည် ။
တံခါးမကြီးအား အချိန်အတော်ကြာကြိုးစား၍ဖွင့်ပြီးနောက် မဟာမိတ်အဖွဲ့မှလူများမှာ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်အတွင်းသို့ဝင်ရောက်သွားကြသည်။
အထဲမှမြင်ကွင်းမှာ ကြည့်ရက်ရာမရှိပေ။ ရာနှင့်ချီသည့်အလောင်းများ နေရာအနှံ့ပျံ့ကျဲနေကာ သွေးချောင်းစီးနေသည်ဟုပြော၍ရလျှင် လွန်မည်မထင်ပေ။
သူတို့အားလုံးမှာ သတ်ဖြတ်ခြင်းနှင့်ရင်းနှီးသည့်သိုင်းလောကသားများဖြစ်သော်လည်းယခုလိုလူများစွာသတ်ဖြတ်ခံရခြင်းအား ပထမဦးဆုံးအကြိမ်တွေ့မြင်ရခြင်းဖြစ်သည်။
သူတို့၏စိတ်ထဲတွင် တူညီစွာတွေးလိုက်ကြသည်ကား ထိုလူမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဆိုသောအချက်ပင်ဖြင်ဖြစ်သည်။
တောအုပ်အတွင်း၌
အရာရာမှာတိတ်ဆိတ်နေသည် ။ ထင်းရှီမှာ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်နှင့်အတန်ငယ်ဝေးသည်အထိပြေးလွှားလာခြင်းဖြစ်သည်။
သူ၏ကိုယ်ဖော့ပညာဖြင့်ဆိုလျှင် ယခုနေရာသို့ရောက်ရန် အချိန်အနည်းငယ်သာပေးရသည်။ ထို့နောက် စမ်းချောင်းနံဘေးတွင်ရပ်တန့်လိုက်သည်။
ထိုစမ်းချောင်းလေးမှာ တောအုပ်၏အတွင်းဘက်မှလာခြင်းဖြစ်ကာမည်သည့်နေရာမှစသည်ကိုမသိသော်လည်း မြစ်ဝါမြစ်အတွင်းစီးဝင်သည်ကတော့သေချာပေသည်။
ချောင်းရေမှာ ကြည်လင်ရေကာ အောက်ခြေအထိထွင်းဖောက်မြင်ရခြင်းမရှိသော်လည်းလရောင်အောက်တွင် လှပနေသည်။
ထို့အပြင် စမ်းချောင်းအနီးတွင် သားရဲသို့မဟုတ် လူသူအရိပ်အယောင်ကိုမတွေ့ရပေ။
ထင်းရှီလည်း ထိုစမ်းချောင်းနံဘေးတွင် ရပ်ကာမိမိကိုယ်မိမိသန့်ရှင်းရေးလုပ်ရန်ဆုံးဖြတ်လိုက်သည်။
လက်ရှိသူ၏အခြေအနေမှာ သွေးများဖြင့်စွန်းပေနေသောဝတ်ရုံ သွေးစများကပ်ညိနေသည့်အသားအရေနှင့်လွန်စွာစိတ်ညစ်ညူးဖွယ်ကောင်းနေသည်။
ထို့နောက် ထင်းရှီလည်း အဝတ်အစားများအား ချွတ်၍ စမ်းချောင်းအတွင်းခုန်ချလိုက်သည်။ တစ်ဆက်တည်းရေချိုးရင်း သူ၏ဝတ်စုံကိုပါလျှော်ဖွတ်လိုက်သည်။
အချိန်အနည်းငယ်ကြာသည်အထိရေစိမ်ပြီးနောက် ထင်းရှီမှာ သူ၏စိတ်များအေးချမ်းသွားသည်ဟုထင်လိုက်ရသည် ။ထို့နောက် သူ၏လုပ်ရပ်များအား တစ်ဆင့်ချင်းပြန်၍စဉ်းစားကြည့်လိုက်ငည် ။
ဖြစ်ရပ်များမှာ ရွာငယ်လေးထဲတွင် မြစ်ဝါနဂါးဂိုဏ်းသားများအားသတ်ခြင်းမှစလေသည် ။
ယခင်က သူ၏ရည်ရွယ်ချက်မှု မြစ်ဝါနဂါးဂိုဏ်းသို့ တိတ်တဆိတ်လာ၍ သိုင်းကျမ်းအားခိုးယူရန်ဖြစ်သည်။ သိုင်းလောကအရေးများတွင် သူပါဝင်ပတ်သတ်လိုစိတ်မရှိပေ ။
သို့သော် ရွာငယ်လေးမှလူများရွာလုံးကျွတ်သတ်ဖြတ်ခံရမှုတွင်သူ၏ပယောဂမကင်းသည်သာမက လက်သည်မှာ မြစ်ဝါနဂါးဂိုဏ်းမှညစတုတ္ထရေဘုရင်ဖြစ်ကြောင်းသိလိုက်သည်နှင့်သူ၏စိတ်များလွတ်ထွက်သွားကာ မြစ်ဝါနဂါးဂိုဏ်းကို တစ်ဦးတည်း အကြောက်အလန့်ကင်းစွာဖြင့်သွားရောက်တိုက်ခိုက်ခဲ့သည်။
ထိုလုပ်ရပ်မှာ ပြန်၍စဉ်းစားကြည့်လျှင် ရူးမိုက်လှသည်ဟုဆိုရမည် ။မြစ်ဝါနဂါးဂိုဏ်းတွင် ဂိုဏ်းသားသုံးရာကျော်အပြင် ရေဘုရင်လေးယောက်နှင့် ဒုဂိုဏ်းချုပ်တစ်ယောက် သိုင်းဝိဇ္ဇာအဆင့်သို့ခြေလှမ်းတစ်ဝက်ဝင်ရောက်နေသည့်သွေးမိစ္ဆာတို့ဂှိနေသည်။
အရေးကြီးသည့်အချိန်တွင် သူသာဓားဆန္ဒအားနားလည်မသွားပါကသွေးမိစ္ဆာ၏လက်ချက်ဖြင့်အသက်သေဆုံးပြီးဖြစ်ပေလိမ့်မည်။
မြစ်ဝါနဂါးဂိုဏ်းသားများမှာမူ သူ၏လက်တွင်လူနှစ်ရာကျော်သေဆုံးခဲ့ရသည် ။
ထိုလူများမှာ သူ၏ကိစ္စနှင့်တိုက်ရိုက်ပတ်သတ်ခြင်းမရှိသော်ငြား ထိုလူအားလုံးမှာ လုယက်သက်ဖြတ်နေကြသည့် အနက်ရောင်သိုင်းသမားများဖြစ်ကြသည်။
ထို့ကြောင့် ထင်းရှီမှာ ထိုလူများအားသတ်ဖြတ်ခဲ့ခြင်းအပေါ် အပြစ်တစ်စုံတစ်ရာရှိသည်ဟုမတွေးခဲ့မိပေ။
သူ၏စိတ်မှာရှင်းလင်းနေသည်။ သူကိုယ်တိုင်သူတော်စင်တစ်ဦးမဟုတ်သော်လည်း ထိုလူများအားသတ်ဖြတ်ခြင်းဖြင့် ထိုလူများ၏လက်ခတက်ဖြင့် ဒုက္ခရောက်မည့် လူကောင်းတစ်ဦးအားအသက်ကယ်တင်ရာရောက်သည်ဟု သိလေသည်။
ထို့ကြောင့်ပင် သူစိတ်များရှင်းလင်းနေသောကြောင့် လွတ်လပ်သည့်ဓားဆန္ဒကို နားလည်သွားခြင်းဖြစ်နိုင်သည်။
ထင်းရှီမှာ မျက်လုံးများအားမှိတ်ကာစဉ်းစားနေရာမှ သူ၏မျက်လုံးများပွင့်လာကာ စမ်းချောင်းဘေးသို့ စူးစိုက်ကြည့်လိုက်သည်။
စမ်းချောင်းဘေးရှိသစ်ပင်အောက်တွင်လူတစ်ယောက်ရှိနေသည် ။ ထိုလူမှာ သစ်ပင်အားမှီထားကာ စမ်းချောင်းအားကျောပေးထားလေသည်။