← Chapters

ရသေ့လက်ဝါးနှင့်နောက်တစ်ကြိမ်

Vol. 2 Ch. 129

ရသေ့လက်ဝါးနှင့်နောက်တစ်ကြိမ်

Vol. 2 Ch. 129

စမ်းချောင်းဘေးရှိလူမှာ အညိုရောင်ဝတ်စုံကိုဝဆ်ဆင်ထားကာ သစ်ပင်အားကျောမီ၍ရပ်နေသည် ။

ပုံမှန်ဆိုလျှင်ထင်းရှီမှာ ထိုလူအနီးအနားသို့ရောက်လာသည်နှင့် ချက်ခြင်းသိမည်ဖြစ်သော်လည်း သူ၏စိတ်ထဲတွင်အတွေးလွန်နေသောကြောင့် ယခုမှသိလိုက်ခြင်းဖြစ်သည်။

ထင်းရှီလည်း ထိုလူအားတွေ့လိုက်ပြီးနောက် သူ၏မျက်နှာတည်ကြည်သွားသည်။ထို့နောက် စမ်းချောင်းအတွင်းမှထွက်ကာ အဝတ်အစားများပြန်ဝတ်၍ ထိုလူနှင့်မနီးမဝေးသို့သွားလိုက်သည်။

“ ဒီကမိတ်ဆွေက ဘာအလိုရှိလို့လဲမသိဘူး “

ထင်းရှီ၏စကားကြောင့် ထိုလူမှာနောက်ဘက်သို့လှည့်လာသည် ။ ထိုလူ၏မျက်နှာကိုမြင်လိုက်ရပြီး ထင်းရှီ၏မျက်နှာထက်တွင် အံ့အားသင့်သည့်အရိပ်အယောင်များပေါ်ထွက်လာသည် ။

ထိုလူမှာ ခွန်လွန်ဂိုဏ်းသားဝတ်စုံကို ဝတ်ဆင်ထားသည် ။ ထိုလူအားထင်းရှီသိရှိသည် ။

ထိုလူမှာ ထင်းရှီနှင့်တိုက်ခိုက်ဖူးသည့် သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှနံပါတ်ငါး ရသေ့လက်ဝါးဖြစ်သည် ။

“ ဒီတစ်ခါတော့ မင်းငါ့ကိုရှောင်ပြောတော့မှာမဟုတ်ဘူးမလား “

ထိုလူမှထင်းရှီအားခပ်ပြုံးပြုံးမျက်နှာဖြင့်မေးလိုက်သည် ။သူ၏စကားကြောင့် ထင်းရှီလည်း သက်ပြင်းတစ်ချက်ချကာ ခေါင်းညိမ့်ပြလိုက်သည် ။

ထင်းရှီမှာ ထိုလူယခုလောက်အထိတိုက်ခိုက်လိုစိတ်ပြင်းပြလိမ့်မည်ဟုသူမထင်ခဲ့မိပေ။ သို့သော် ယခုတစ်ခေါက်တွင်တော့ ထိုလူစိတ်ကျေနပ်လောက်သည်အထိတိုက်ခိုက်ပေးရန်သူဆုံးဖြတ်လိုက်သည် ။

ထိုလူမှ ထင်းရှီ၏သဘောတူဟန်ရသည့်အမူအယာကြောင့် ကျေနပ်သွားသည် ။ ထို့နောက် မရေမရာသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ အမှန်အတိုင်းပြောရရင် မင်းမြစ်ဝါနဂါးဂိုဏ်းရဲ့လက်ကျန်ဂိုဏ်းသားတွေကိုသုတ်သတ်ပြီးတာကိုမြင်လိုက်ရပြီးတော့ ငါယုံကြည်ချက်သိပ်မရှိတော့ဘူး ။

မင်းအရင်ငါနဲ့တိုက်ခိုက်တုန်းက ပညာလျှိုထားခဲ့တာလား “

ထိုလူ၏စကားကြောင့်ထင်းရှီလည်း ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် အနည်းငယ်ဝေဝါးသည့်လေသံဖြင့်ပြန်ဖြေလိုက်သည် ။

“ ဒီလိုပဲဆိုပါတော့။ မြစ်ဝါနဂါးဂိုဏ်းကိုသုတ်သင်နိုင်တာက ကျုပ်အသစ်နားလည်သွားတဲ့သဘောတရားတစ်ခုကြောင့်ပဲ ။

ဒါပေမယ့် ခင်ဗျားနဲ့တိုက်ခိုက်ရင် အဲဒါကိုအသုံးမပြုဘူး မဟုတ်ရင် ခင်ဗျားကျုပ်ကို လုံးဝအနိုင်ယူနိုင်မှာမဟုတ်ဘူး “

ထင်းရှီ၏အဖြေကြောင့် ထိုလူမှလက်ဝါးနှစ်ဖက်အားပွတ်ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။

“ ဟားးဟားး ငါလဲဒီလိုပဲ ထင်ပါတယ်။ ကဲတိုက်ခိုက်ကြတာပေါ့ “

သူ၏စကားဆုံးသည်နှင့် ထိုလူမှထင်းရှီထံသို့ပြေးဝင်လာသည်။ တစ်ဆက်တည်း သူ၏လက်ဝါးချက်သည်လည်း ထင်းရှီထံသို့ ပြင်းထန်စွာတိုးဝင်လာသည်။

“ ရှစ်မျက်နှာဖမ်းဆုပ်ခြင်း “

ထိုလူ၏လက်ဝါးရိပ်များမှာ စုစုပေါင်းရှစ်ခုအထိခွဲဖြာသွားကာ ထင်းရှီ၏ခန္တာကိုယ်အစိတ်အပိုင်းများအား ပစ်မှတ်ထားလိုက်သည် ။

ထင်းရှီလည်း ထိုလက်ဝါးချက်ကိုကြုံတွေ့ဖူးလေသည် ။ထို့ကြောင့် သူတတ်မြောက်သည့် အကြီးအကဲခုနစ်၏ဓားသိုင်းတစ်ခုကိုအသုံးပြုလိုက်သည် ။

“ ဓားတစ်ရာခွဲဖြာခြင်း “

ထင်းရှီ၏ဓားသည်လည်း ဓားရိပ်များစွာခွဲဖြာသွားသည် ။ ထိုဓားရိပ်များမှာ ပုံရိပ်ယောင်များမဟုတ်ဘဲ ဓားအစစ်များဖြစ်ကြသည်။

အကြီးအကဲခုနစ်မှာ ဓားစံအိမ်တွင်ကိုယ်ဖော့ပညာအကောင်းဆုံးဖြစ်သလို သူ၏ဓားသိုင်းတွက်လည်းအားမနည်းပေ ။

ထင်းရှောင်ယင်၏ အိပ်မက်ကကြိုးဓားကွက်ပြီးလျှင် အကြီးအကဲခုနစ်၏ဓားတစ်ရာဓားသိုင်းမှာ အရှုပ်ထွေးဆုံးဖြစ်သည်။

ယခုလည်း ထင်းရှီ၏ဓားကွက်များမှာ ရသေ့လက်ဝါး၏လက်ဝါးချက်များကို လွယ်လွယ်ကူကူဖြင့်ပျက်ပြယ်သွားစေသည်။

ရသေ့လက်ဝါးလည်းထိုဖြစ်ရပ်ကြောင့်အနည်းငယ်အံ့အားသင့်သွားကာ သူ၏စိတ်ထဲတွင်လည်း ပျော်ရွှင်၍သွားသည်။

ယခင်တစ်ခေါက်ကထင်းရှီအားသူအနိုင်မယူနိုင်ခဲ့ခြင်းမှာ ထင်းရှီ၏လျှင်မြန်လှသည့်ကိုယ်ဖော့ပညာကြောင့်ဖြစ်သည်။

ယခုတိုက်ပွဲတွင်မူ ထင်းရှီမှ အစွမ်းထက်ဓားကွက်များကိုပါအသုံးပြုလာသဖြင့် သူစိတ်ကျေနပ်သည်အထိတိုက်ခိုက်ရမည်ဖြစ်သောကြောင့် သူ၏စိတ်ထဲတွင်ဝမ်းမြောက်သွားခြင်းဖြစ်သည်။

ထို့နောက် သူ၏တိုက်ခိုက်လိုစိတ်များ ပို၍နိုးကြွလာကာ ထင်းရှီထံသို့ နောက်ထပ်တစ်ကြိမ်တိုးဝင်သွားလိုက်သည် ။

သို့သော် တစ်ခုရှိသည်က ဤသည်မှာ အစစ်အမှန်သေခြင်းရှင်ခြင်းတိုက်ပွဲမဟုတ်ပေ။ ထို့ကြောင့်ထင်းရှီလည်း သူ၏လွတ်လပ်သောဓားဆန္ဒကိုထုန်မသုံးပေ။

သေခြင်းရှင်ခြင်းတိုက်ပွဲတွင်သာဆိုပါက ထင်းရှီ၏လွတ်လပ်သောဓားဆန္ဒကို ရသေ့လက်ဝါးမှာ အများဆုံးသုံးကွက်အထိသာခုခံနိုင်ပေမည်။

ထင်းရှီမှာ ဓားဆန္ဒကိုသာအသုံးပြုပါက သာမန်သိုင်းဝိဇ္ဇာအဆင့်များကိုပင်ညလက်ရည်တူတိုက်ခိုက်နိုင်မည်ဟုယုံကြည်မှုရှိလေသည် ။

ယခုလည်း သူတို့နှစ်ဦးမှာလက်ရည်တူနေသည် ။ ထင်းရှီမှ အနည်းငယ်အသာစီးရနေသယောင်ပင်ထင်ရသည် ။

ထင်းရှီ၏ဓားပညာမှာ လွတ်လပ်‌သော ဓားဆန္ဒကိုနားလည်ပြီးနောက်တွင် တဟုန်ထိုးတိုးတက်လာခဲ့သည်။

ထို့ကြောင့် ဓားဆန္ဒကိုအသုံးမပြုလျှင်ပင် ရသေ့လက်ဝါးကိုဖိနှိပ်နိုင်ခြင်းဖြစ်သည်။

ခွန်လွန်ဂိုဏ်းမှလူသည်လည်း တိုက်ပွဲတွင် ဖိအားပေးခံနေရသော်လည်းသူကောင်းစွာတိုက်ခိုက်နိုင်သေးသည် ။

သို့သော် ထင်းရှီ၏ဓားမှာ ယခင်ကထက်များစွာပို၍လျှင်မြန်လာသည်ဟု သူထင်လိုက်ကာ ထင်းရှီ၏ဓားနှင့်မထိခိုက်အောင်သတိထား၍ရှောင်တိမ်းနေရသည် ။

ထို့အပြင် သူ၏ရသေ့လက်ဝါးသိုင်းမှာ ပျော့ပြောင်းသော်လည်း ထင်းရှီမှအလားတူနှေးကွေးသော်လည်း ပျော့ပြောင်းဟန်ရသည့်ဓားသိုင်းဖြင့်တိုက်ခိုက်နေသဖြင့်သူအသာစီးမရပေ ။

“ ရသေ့လက်ဝါးသိုင်း နှောင်ကြိုးများအားဖြတ်ထုတ်ခြင်း “

ထိုလူ၏လက်ဝါးမှ အတွင်းအားများစွာစုလာပြီး ထင်းရှီထံသို့ဖြေးညင်းစွာတိုးဝင်လာသည် ။

ထင်းရှီမှာ ထိုသိုင်းကွက်အားရှောင်တိမ်းလျှင်ရသော်လည်း သူမရှောင်တိမ်းပေ။

သူ၏ကိုယ်ဖော့ပညာမှာ လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းဒုတိယအဆင့်ကို လုံးဝအောင်မြင်ပြီးသည့်နောင်ပိုင်းတွင် ယခင်ကထက်နှစ်ဆခန့်ပင်အစွမ်းထက်လာခဲ့သည်။

သိုင်းဝိဇ္ဇာအတွင်းအားကိုခေတ္တရရှိကာ သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်သို့ရောက်ရှိနေသည့် သွေးမိစ္ဆာပင်ထင်းရှီအားထိုခိုက်အောက်မလုပ်နိုင်ပေ။

ရသေ့လက်ဝါးမှာ အဆင့်လွန်သိုင်းအဆင့်သာရှိသေးသော်လည်း သူ၏ရသေ့လက်ဝါးသိုင်းဖြင့် သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်ခန့်ပင်အစွမ်းထက်သည် ။

သို့‌သော် ထင်းရှီမပြန်လှန်မတိုက်ဘဲ ကိုယ်ဖော့ပညာအစွမ်းကုန်သုံး၍ရှောင်တိမ်းနေပါက ထင်းရှီ၏အင်္ကျီစကိုပင်ထိအောင် သူတိုက်နိုင်မည်မဟုတ်ပေ။

ထင်းရှီလည်း ရသေ့လက်ဝါး၏ ပြင်းထန်သည့်သိုင်းကွက်ကြောင့် သူ၏စိတ်ထဲတွင်အသိအမှတ်ပြုလိုက်သည် ။

ထင်းရှီမှ သစ်ရွက်ကြွေဓားသိုင်းကိုအသုံးပြနေသောကြောင့် ရသေ့လက်ဝါးမှာ အသာစီးမဂခြင်းဖြစ်သည် ။ထို့ကြောင့် ပြင်းထန်သည့်သိုင်းကွက်များကို ပြောင်းလဲအသုံးပြုပုံရသည် ။

“ တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်း “

ထင်းရှီလည်း သူ၏အင်အားပြင်းထန်သည့်ဓားကွက်ကိုအသုံးပြုလိုက်သည် ။

“ ဝုန်းး... “

ဓားလှိုင်းကြီးနှင့်လက်ဝါးရိပ်ကြီးမှာ လေထဲတွင်တွေ့ဆုံကာပေါက်ကွဲသွားကြသည်။ သို့‌သော် ထင်းရှီ၏ဓားမှာ ရသေ့လက်ဝါးဆီသို့ရောက်လာသေးသည်။

“ ရွှပ် “

ရသေ့လက်ဝါးမှခန္တာကိုယ်အားအနည်းငယ်တိမ်းစောင်းပေးလိုက်သောကြောင့် ထင်းရှီ၏ဓားမှာ သူ၏အင်္ကျီစများကိုဖြတ်တောက်သွားသည်။

သူ၏ရင်ဘက်တွင်လည်းသေးသယ်သည့်ပြက်ရှရာတစ်ခုပေါ်လာသည် ။ ရသေ့လက်ဝါးမှာ နောက်သို့ခုန်ဆုတ်ကာရယ်မောလိုက်သည် ။

“ မင်းရဲ့ဓားကွက်တွေက အမျိုးအစားစုံလင်ပြီးကြောက်ဖို့ကောင်းတာပဲ။ သတိထားပါ ငါ့ရဲ့နောက်ဆုံးသိုင်းကွက်လာတော့မည်။

ဒီသိုင်းကွက်နဲ့မှမင်းကိုအနိုင်မရရင် ငါရှုံးနိမ့်ပြီလို့သတ်မှတ်တယ် “

ရသေ့လက်ဝါးမှ ပြက်သားစွာပြောလိုက်သည်။သူတိုက်ခိုက်မည့်သိုင်းကွက်မှာ သူ၏အစွမ်းအထက်ဆုံးသိုင်းကွက်ဖြစ်ကာ ထိုသိုင်းကွက်နှင့်ထင်းရှီအားအနိုင်မရလျှင် သူလုံးဝအနိုင်ရတော့မည်မဟုတ်ပေ ။

“ အဖြူအနက် သူတော်စင်နတ်ဆိုး “

ရသေ့လက်ဝါးမှ အော်ဟစ်ကာ သူ၏အတွင်းအားများကိုစုစည်းလိုက်သည် ။ထို့နောက် ထင်းရှီထံသို့ လက်ဝါးချက်နှစ်ခုကိုရိုက်ထုတ်လိုက်သည် ။

သူ၏လက်ဝါးတစ်ဖက်မှာ ဖြူဖွေးနေကာ ကျန်တစ်ဖက်မှာမူ နတ်မှောင်နေသည် ။ သူ၏လက်ရှိပုံစံမှာ အလင်းနှင့်အမှောင်ရောယှက်ထားပုံရသည်။

ထို့အပြင် အတွင်းအားလှိုင်းများသည်လည်း ရေလှိုင်းများကဲ့သို့ တလိပ်လိပ်တက်လာကာ ထင်းရှီအားဖုံးလွှမ်းသွားတော့မည့်ပုံရသည်။

ထင်းရှီလည်း ပေါ့ပေါ့ဆဆမတွေးဝံ့ပေ ။‌ ရသေ့လက်ဝါး၏တိုက်ကွက်မှာ လွန်စွာပြင်းထန်မည်မှာ သေချာသလောက်ရှိပေသည်။

ထင်းရှီလည်း လေထဲသို့ခုန်တတ်၍ အကြီးအကဲတစ်၏ ဓားတစ်ထောင်ဓားသိုင်းကိုအသုံးပြုလိုက်သည် ။

ဓားစံအိမ်မှအကြီးအကဲတစ်၏ ဓားတစ်ထောင်ဓားသိုင်းနှင့် အကြီးအကဲခုနစ်၏ဓားတစ်ရာဓားသိုင်းတို့မှာ အနည်းငယ်ဆင်တူသော်လည်း အတော်လေးကွာခြားသည် ။

ဓားတစ်ရာသိုင်းမှာ ရှုပ်ထွေးမှုနှင့်လျှင်မြန်မှုအားအခြေခံထားကာ ဓားတစ်ထောင်သိုင်းမှာမူ အင်အားပြင်းထန်ကာရိုးစင်းသည် ။

အတွင်းအားကိုချွေတာရမည့်တိုက်ပွဲမျိုးတွင် အကြီးအကဲခုနစ်၏ဓားတစ်ရာသိုင်းမှာ ကိုယ်ဖော့ပညာနှင့်တွဲ၍သုံးလျှင်အလွန်သင့်လျှော်သော်လည်း အင်အားချင်းထိတ်တိုက်ရင်ဆိုင်ရမည့်တိုက်ပွဲတွင်မူ အကြီးအကဲတစ်၏ အင်အားပြင်းထန်လှသည့် ဓားတစ်ထောင်သိုင်းမှာ ပို၍သင့်လျှော်သည်။

“ ဓားပေါင်းတစ်ထောင်ပေါင်းစည်းခြင်း “

ထင်းရှီ၏လက်ထဲမှဓားမှာ ဓားရိပ်များစွာခွဲဖြာသသွားသည်။ ထို့နောက် ထင်းရှီမှအောက်သို့ခုန်ချလိုက်သည့်အခါ ဓားရိပ်များမှာပေါင်းစည်းသွား၍ ကြီးမားသည့်ဓားပုံရိပ်ကြီးဖြစ်ပေါ်သွားသည်။

“ ဝုန်းးး... “

ကျယ်လောင်လှသည့် အသံကြီးထွက်ပေါ်လာကာ တောတစ်ခုလုံးပင်တုန်ဟည်းသွားသည်ဟုထင်ရသည် ။

All Chapters