ကလေးများနှင့် မျက်လှည့်ဆရာ
Vol. 2 Ch. 131
သစ်သီးမှာ သစ်တော်သီးတစ်လုံးဖြစ်ကာ အရည်ရွှမ်း၍စားချင်စဖွယ်ရှိသည်။
ထင်းရှီ၏မျက်လုံးများမှာ စုကျုံ့သွားကာ သူ၏ညာလက်မှလည်း ဘေးတွင်ချထားသည့်ဓားအားဆုပ်ကိုင်လိုက်သည်။
ထို့နောက် သစ်တော်သီးအားလှည့်ပတ်ကိုင်ကာ လေပေါ်သို့မြှောက်လိုက်သည်။ သစ်တော်သီးမှ လေထဲသို့ အနည်းငယ်မြောက်တက်သွားကာ အောက်သို့ပြန်အကျတွင်အသာဖမ်းယူထားလိုက်သည်။
ကလေးငယ်များမှာ ထင်းရှီ၏လှုပ်ရှားမှုမှန်းသမျှအား မျက်တောင်မခက်ကြည့်နေကြသည်။ သို့သော် ထင်းရှီမှ ယခုအချိန်အထိမလှုပ်ရှားသေး၍ သူတို့အနည်းငယ်စိတ်မရှည်သည့် ပုံဖြစ်နေကြသည်။
“ အစ်ကိုကြီးကျွန်တော်တို့သစ်သီးကိုစားချင်တာလား “
ကလေးငယ်တစ်ယောက်မှ ထင်းရှီအားမယုံသင်္ကမျက်လုံးများဖြင့်ကြည့်ကာမေးလိုက်သည် ။ကျန်တစ်ယောက်မှာလည်း ထိုအမူအယာဖြစ်နေသည် ။
သူတို့၏စိတ်ထဲတွင်ထင်းရှီမှာ သူတို့သစ်သီးကိုစားလို၍ သိုင်းပညာစွမ်းရည်ပြမည်ဟု လိမ်ညာလိုက်သည်ဟုအထင်ရောက်နေကြသည် ။
ထင်းရှီလည်း သူတို့၏အမူအယာကြောင့်ရယ်မောလိုက်သည်။ ထို့နောက် ခေါင်းညိမ့်ပြလိုက်သည် ။
“ ဟုတ်တယ်လေ ငါတစ်စိတ်စားမယ် မင်းတို့ကတစ်စိတ်စီစား “
ထင်းရှီမှပြောပြောဆိုဆို သစ်တော်သီးအား လက်ညိုးတစ်ချောခင်းဖြင့်ထိလိုက်သည်။
သစ်တော်သီးမှာ သူတို့၏မျက်စေ့အောက်တွင်ပင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သုံးပိုင်းကွဲသွားသည် ။
ထိုသုံးပိုင်းမှာလည်း အညီအမျှပင်ဖြစ်သည်။ ကလေးငယ်များမှာ ထင်းရှီအားပြူးကျယ်နေသည့်မျက်လုံးများဖြင့်ကြည့်လိုက်ကြကာ သူတို့၏စိတ်ထဲတွင်လွန်စွာတုန်လှုပ်နေကြသည်။
အစမှအဆုံးအထိ ထင်းရှီမှာ လှုပ်ရှားမှုတစ်စုံတစ်ရာမပြုဘဲ သစ်တော်သီးအားလေထဲသို့မြောက်၍ဖမ်းယူလိုက်ခြင်းသာရှိသည်။
ထိုလှုပ်ရှားမှုလေးကြောင့် သစ်တော်သီးမှာ သုံးပိုင်းကွဲသွားရသည် ။ဤသည်မှာ သူတို့အား တုန်လှုပ်သွားစေသည် ။
ထင်းရှီမှာ သစ်တော်သီးတစ်စိတ်အားကိုက်ဝါးလိုက်သည်။ သစ်တော်သီးမှာ ချိုမြိန်ကာ အရည်ရွှမ်းသော်လည်း သူ၏စိတ်ထဲတွင် အနည်းငယ်ညှီစို့စို့နိုင်သည်ဟုထင်လိုက်သည်။
ထို့နောက် သူ၏ဓားအားပြန်ကြည့်လိုက်ကာ တစ်စုံတစ်ရာကိုသဘောပေါက်သွားကာ သစ်တော်သီးစိတ်များကိုလွှင့်ပစ်လိုက်သည် ။
ယခင်ကထိုအစိတ်များကိုကလေးငယ်များကိုပြန်ပေးရန်ဆုံးဖြတ်ထားသော်လည်းယခုအချိန်တွင် လွှင့်ပစ်သည်ကပို၍ကောင်းပေသည်။
ယမန်နေ့က သူ၏ဓားမှာ လူရာကျော်သတ်ဖြတ်ခဲ့ရကာ ဓားတစ်ချောင်းလုံးသွေးများရွှဲနစ်ကာ စေးကပ်နေသည်အထိပင်ဖြစ်ခဲ့ရသည် ။
ညကသူဓားအားချောင်းရေဖြင့်ဆေးခဲ့သော်လည်း အကုန်အစင်မပြောင်ခဲ့ပေ။ ထို့ကြောင့် သစ်တော်သီး၏အရသာမှာ ညှီစို့စို့နှင့် တစ်မျိူးတစ်မည်ဖြစ်နေခြင်းဖြစ်သည်။
ကလေးငယ်နှစ်ယောက်မှာ အတန်ကြာတိတ်ဆိတ်နေသည်။ ထို့နောက် သူတို့၏မျက်နှာပေါ်တွင် တစ်စုံတစ်ခုကိုသိရှိသွားပုံရသည် ။
“ သိပြီး အစ်ကိုကြီးကမျက်လှည့်ဆရာဖြစ်မယ် ဟုတ်တယ်မလား “
အငယ်ကောင်လေးမှ ဝမ်းသာအားရအော်ဟစ်လိုက်သည် ။သူ၏စကားကြောင့် ထင်းရှီ၏မျက်နှာအနည်းငယ်ရှုံ့မဲ့သွားသည်။
သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှလူများအား ဓားသုံးကွက်ဖြင့်အနိုင်ယူနိုင်စွမ်းရှိကာ သိုင်းဝိဇ္ဇာများကိုပင်လက်ရည်တူတိုက်ခိုက်နိုင်စွမ်းရှိသည့်သူကဲ့သို့သိုင်းသမားမှာ ထိုကလေးများ၏အမြင်တွင် လမ်းဘေး၌ မျက်လှည့်ပြနေသည့် မျက်လှည့်ဝိဇ္ဇာတစ်ဦးဖြစ်သွားချေပြီ ။
သူ၏ဓားချက်မှာ လျှင်မြန်လွန်းလှကာ ဓားဆန္ဒကိုအသုံးပြုထားသဖြင့် မျက်စေ့ဖြင့်မမြင်နိုင်ဘဲ ဓားရိပ်ကိုပင်ဖုံးကွယ်နိုင်သည်။
အကယ်၍ ကလေးငယ်များ၏နေရာတွင် အဆင့်လွန်သိုင်းသမားများဆိုပါကလည်း ထင်းရှီလှုပ်ရှား
လိုက်သည်ကိုသာရိပ်မိကာ မည်သို့ပြုလုပ်လိုက်သည်ကို မမြင်နိုင်ပေ။
အကယ်၍ သိုင်းပညာအနည်းငယ်အဆင့်မြင့်သည့်သိုင်းသမားတစ်ယောက်ယောက်ဆိုလျှင် ထင်းရှီလှုပ်ရှားလိုက်စဉ်က လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်ဓားအငွေ့အသက်များကို အာရုံခံမိပေမည် ။
သို့သော် ကလေးငယ်များမှာ သိုင်းပညာအခြေခံကိုပင် မကျွမ်းကျင်ကြသေးသည့်အတွက် သူတို့အနေဖြင့်မည်သည့် လှုပ်ရှားမှုကိုမှ မသိလိုက်ကြပေ။
“ မျက်လှည့်ပြပွဲတွေကို မြို့တွေထဲမှာ သွားတုန်းက ကျွန်တော်တို့မြင်ခဲ့ရတယ် ။ကျွန်တော်တို့ကိုမျက်လှည့်ပညာသင်ပေးပါလား “
အကြီးကောင်လေးမှလည်း ထင်းရှီအားအရောင်တလက်လက်တောက်ပနေသည့်မျက်ဝန်းများဖြင့်ကကြည့်ကာပြောလိုက်သည်။
ထင်းရှီမှာ သူတို့၏ စိတ်အားထက်သန်သည့်အမူပယာနှင့် ဝမ်းမြောက်နေပုံရသည့် စကားများကြောင့် အနည်းငယ်စိတ်ညစ်သွားကာ မည်သို့ပြန်ဖြေရမှန်းပင်မသိတော့ပေ။
ထို့နောက်တွင် သူသတိရသွားကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ မင်းတို့ကဘယ်ကဆိုတာနဲ့ ဘာလို့တောထဲကိုရောက်နေတာလဲပြောဦးလေ “
ထင်းရှီ၏စကားကြောင်က ကလေးငယ်များမှာ တခဏငြိမ်သက်သွားသည်။ ထို့နောင် အကြီးကောင်လေးမှပြန်ဖြေလိုက်သည် ။
“ ကျွန်တော်တို့က သိုင်းသမားတွေအများကြီးရှိတဲ့နေရာမှာနေတာ ။ ပြီးတော့ကျွန်တော်တို့က သိုင်းပညာတွေလည်းတတ်သေးတယ် ။
ကျွန်တော်တို့ဖေဖေကလည်း ထိပ်သီးသိုင်းသမားကြီး အခုဒီတောထဲမှာ ကျွန်တော်တို့ ဖေဖေ့ကိုစောင့်နေတာ “
ကလေးငယ်မှ ခေါင်းကိုမော့ကာဂုဏ်ယူသည့်ဟန်ဖြင့်ပြောလိုက်သည်။ ထင်းရှီလည်း ထိုကလေးငယ်၏စကားကြောင့် ခေါင်းတဆက်ဆက်ငြိမ့်လိုက်မိသည်။
ကလေးငယ်နှစ်ယောက်မှာ အကြောင်းတစ်စုံနစ်ရာကြောင့်ထိုတောထဲသို့ရောက်နေခြင်းဖြစ်ရမည်။
ထို့အပြင် သူတို့၏ဖခင်မှာလည်း သိုင်းသမားတစ်ယောက်ဖြစ်နိုင်သည် ။ ထင်းရှီလည်း တစ်စုံတစ်ရာပြောမည်ပြုစဉ် တောအုပ်အတွင်းမှလှုပ်ရှားမှုတစ်ခုပေါ်လာသည်။
“ ရှောင်အာ ဝမ်အာ မင်းတို့ဘယ်မှာလဲ “
ကလေးငယ်နှစ်ယောက်မှာ ထိုအသံကြောင့် လှုပမလှုက်ရှားရှားဖြစ်သွားသည် ။
“ အစ်ကိုကြီး ကျွန်တော်တို့ရဲ့အမေလာနေပြီ “
ကလေးငယ်တစ်ယောက်မှပြောလိုက်သည်။
ရွက်ကြွေတောင်
အရှေ့ပိုင်းသိုင်းလောက
တဲအိမ်လေး၏ရှေ့တွင် အနက်ရောင်သိမ်းငှက်ချွင်းရှန်မှာ မျက်မှောင်ကြုတ်လျက်ရှိနေသည် ။
သူ၏မျက်နှာမှာ တစ်စုံတစ်ခုအား အပြင်းအထန်စဉ်းစားနေပုံပေါ်ကာ အတွေးများဖြင့်ရှုပ်ထွေးနေပုံရသည် ။
သူ၏ရှေ့တွင်မူ တစ်ချိန်ကအရှေ့ပိုင်းသိုင်းလောကထဲတွင်ဖိန့်ဖိန့်တုန်အောင်ကျော်ကြားခဲ့သည့်အရှေ့ပိုင်းဓားသမားရှိနေသည်။
ယခုအချိန်တွင် အရှေ့ပိုင်းဓားသမားမှာ လက်နှစ်ဖက်အားနောက်ပစ်လျက် အဝေးသို့ငေးကြည့်နေသည် ။ သူ၏စိတဲတွင်မည်သည့်အရာများတွေးတောနေသည်ကို သူကိုယ်တိုင်သာသိပေမည်။
“ ဆရာဒါဆိုရင် အစ်ကိုကြီးကို ကယ်တင်လို့မရနိုင်ဘူးပေါ့ “.
ချွင်းရှန်ဆီမှ မေးခွန်းနစ်ခုထွက်ပေါ်လာသည်။ ထိုမေးခွန်းမှာ စိတ်ပျက်အားလျော့သည့်လေသံများအထင်းသားထွက်ပေါ်နေသည်။
အရှေ့ပိုင်းဓားသမားလည်း သက်ပြင်းတစ်ချက်ချကာ သူ၏တပည့်အားလှည့်ကြည့်လိုက်သည်။
“ ဟုတ်တယ် ချွင်းအာ သူ့ကိုဖမ်းဆီးသွားတဲ့လူက ငါ့ဆီကိုလဲရောက်လာတယ်။ နောက်ပြီးတော့ငါတို့ဆွေးနွေးမှုတချို့လုပ်ပြီး ဒီကိစ္စကို ငါကိုယ်တိုင်ဝင်ရောက်မလှုပ်ရှားဖို့ကန့်သက်လိုက်တယ်။
ဒါပေမယ့်မင်းကတော့မတူဘူး ။ မင်းကလူငယ်မျိုးဆက်ကဖြစ်တဲ့အတွက် ဒီကိစ္စတွေထဲကိုပါဝင်နိုင်တယ် “
သူ့ဆရာ၏စကားကြောင့် ချွင်းရှန်မှာ ပို၍စိတ်ရှုပ်ထွေးသွားသည်။ ထိုစကားများအား သူနားမလည်သောကြောင့် နောက်တစ်ခေါက်ထပ်၍မေးလိုက်သည်။
“ ဝမ်းတုက ဆရာ့ဆီကိုပါလာသွားတာလား ။။ဒါပေမယ့် သူကနောက်မှာကျန်ခဲ့တာလေ ကျွန်တော့်ရဲ့ရှေ့ကိုရောက်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူး ။
နောက်ပြီးတော့ဝမ်းတုနဲ့ သူခေါ်လာတဲ့လူနှစ်ယောက်နဲ့ပေါင်းရင်တောင်ဆရာက အသာအယာအနိုင်ယူနိုင်တယ်မဟုတ်လား “
ချွင်းရှန်၏မေးခွန်းများမှာ စီကာစဉ်ကာဖြင့်ထွက်ပေါ်လာသည် ။အရှေ့ပိုင်းဓားသမားလည်း ခေါင်းယမ်းကာဖြေးညင်းစွာပြောလိုက်သည်။
“ ငါ့ဆီကိုရောက်လာတာက သူ့ရဲ့ဆရာပဲ ပြီးတော့ ငါတို့တိုက်ခိုက်ကြပြီး ငါရှုံးနိမ့်သွားခဲ့တယ် ။ ဒါကြောင့်ငါဘာအကြောင်းနဲ့ဖြစ်ဖြစ်သိုင်းလောကထဲကိုမဆင်းရတော့ဘူးလို့ ကတိပေးခဲ့ရတယ် “
အရှေ့ပိုင်းဓားသမား၏စကားကြောင့်ချွင်းရှန်မှာ တုန်လှုပ်သွားသည်။
သူ့ဆရာ၏သိုင်းပညာကို သူအသိဆုံးဖြစ်သည်။ အရှေ့ပိုင်းသိုင်းလောကတွက်မဆိုထားနှင့် အလယ်ပိုင်းသိုင်းလောကတွင်ပင် သူ့ဆရာကိုအနိုင်ယူနိုင်သူ လက်ဆယ်ချောင်းမပြည့်ပေ။
ယခုသူ၏ဆရာမှရှုံးနိမ့်သွားသည့်အပြင် ထိုလူအားကတိတစ်ခုပါ ပေးခဲ့ရသည်ဆိုသဖြင့် သူတုန်လှုပ်သွားခြင်းဖြစ်သည်။ အရှေ့ပိုင်းဓားသမားမှ ဆက်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် မင်းနောက်ပိုင်းမှာသိလာမှာပါ။ မင်းရဲ့သိုင်းပညာကိုပိုပြီးပြည့်စုံအောင် ငါ့ရဲ့ဆရာတူအစ်ကိုဆီကိုသွားဖို့လိုတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်ကငါတို့ယှဉ်ပြိုင်တော့ သူကငါ့ကိုသိုင်းကွက်သုံးဆယ်အတွက်းအနိုင်ယူနိုင်ခဲ့တယ်။
အခုချိန်မှာဆိုရင် သူ့ရဲ့သိုင်းပညာဘယ်အဆင့်ထိရောက်နေမယ်ဆိုတာမသိဘူး။ မင်းသူ့ဆီကိုသွားလိုက်ပါ “
အရှေ့ပိုင်းဓားသမားမှ ထိုသို့ပြော၍ တဲအိမ်အတွင်းဝင်သွားလေသည်။ ချွင်းရှန်လည်း တခဏငြိမ်သက်နေပြီးနောက် သူ၏ဆရာအား ဂါရဝပြုလိုက်သည်။
ထို့နောက် သူပြင်ဆင်ထားသည့်အထုပ်အားယူကာ တဲအိမ်ရှေ့မှ ခြေလှမ်းကျဲကျဲများဖြင့်ထွက်ခွာသွားတော့သည် ။
သူ၏ဦးတည်ရာကား သန့်စင်တောင်တန်းအတွင်းဘက်ပိုင်းသို့ဖြစ်သည်။
အရှေ့ပိုင်းဓားသမားမှာ အတန်ကြာသောအခါတဲအိမ်အတွင်းမှထွက်လာလိုက်သည် ။ထို့နောက် မှုန်ပြပြသာမြင်နေရတော့သည့် ချွင်းရှန်၏ပုံရိပ်ကိုငေးကြည့်ကာတီးတိုးပြောလိုက်သည်။
“ တကယ်ဆိုရင် ငါ့ရဲ့ဆရာတူအစ်ကိုတောင် သူ့ကို အနိုင်ယူနိုင်ပါ့မလားမသိဘူး “
အရှေ့ပိုင်းဓားသမားမှာ သွေးတစ်လုပ်ကိုအန်ထုတ်လိုက်ရသည်။ ထိုသွေးများမှာ မည်းနက်နေကာ အဆိပ်တစ်စုံတစ်ရာပါပုံရသည်။
ထို့နောက်အရှေ့ပိုင်းဓားသမားမှာ တစ်ဦးတည်း တီးတိုးရေရွတ်လိုက်သည်။
“ သိုင်းကွက်သုံးဆယ် သူငါ့ကိုသိုင်းကွက်သုံးဆယ်အတွင်း အနိုင်ရသွားခဲ့တာ ။
ဘာပဲဖြစ်ဖြစ်နောက်သုံးလေးနှစ်အတွင်းမှာ သိုင်းလောကြီးဗရမ်းဗတာဖြစ်ဦးမှာပဲ “
အရှေ့ပိုင်းဓားသမားမှာ သူ၏ခေါင်းအားဖြေးညင်းစွာခါယမ်းကာ တဲအိမ်အတွင်းပြန်ဝင်သွားလိုက်သည်။