လျှို့ဝှက်သည့်သားအမိ
Vol. 2 Ch. 132
သူတို့၏မြင်ကွင်းထဲသို့ အသက်သုံးဆယ်ကျော်လေးဆယ်နားနီးသည်အမျိုးသမီးတစ်ယောက်အေါ်လာသည် ။
ထိုအမျိုးသမီးမှာ ဖျင်ကြမ်းအင်္ကျီအဖြူကိုဝတ်ဆင်ထားကာ အနည်းငယ်ချောမောကာာကြင်နာတတ်ပုံရသည်။
ကလေးငယ်နှစ်ယောက်မှာ ထိုအမျိုးသမီးအားမြင်သည်နှင့် ပျော်ရွှင်သွားကြသည် ။
“ မေမေ “
ကလေးငယ်နှစ်ယောက်မှာ ထိုအမျိုးသမီးဆီသို့ လက်ကိုဆန့်တန်း၍ပြေးသွားလိုက်ကြသည်။
အမျိုးသမီးလည်း ကလေးနှစ်ယောက်အားမြင်မှ သူမ၏မျက်နှာတွင်စိတ်သက်သာရာရသွားသည့်အပြုံးတစ်ခုပေါ်လာကာ ကလေးငယ်များကိုပွေ့ဖတ်ထားလိုက်သည် ။
ထင်းရှီမှာ သူငယ်စဉ်က သူနှင့်ရှောင်ကျန်းမင်တို့ကို ဒေါ်လေးကျိဟွာမှ ယခုလိုဂရုတစိုက်ချစ်ခင်သည့်မြင်ကွင်းကိုပြန်မြင်ယောင်လာမိသည်။
သူကိုယ်တိုင်မသိလိုက်ဘဲ ထင်းရှီ၏မျက်ဝန်းထောင့်မှာ အနည်းငယ်စိုစွတ်လာမိသည်။ ဒေါ်လေးကျိဟွာဆုံးပါးသွားသည်မှာ နှစ်များပင်ကြာလေပြီ။
“ မေမေ ဟိုနားမှာ မျက်လှည့်ဆရာကြီးတစ်ဦးရှိတယ် “
“ ဟုတ်တယ် သူကမျက်လှည့်ပညာလည်းကျွမ်းကျင်သေးတယ် “
ကလေးငယ်နှစ်ယောက်မှ သူတို့မိခင်အား အလုအယက်ပြောလိုက်သည်။ အမျိုးသမီးလည်း ကလေးငယ်များ၏စကားကြောင့် ခန္တာကိုယ်တစ်ချက်တုန်သွားကာ ထင်းရှီအားစူးရဲစွာကြည့်လိုက်သည်။
ထင်းရှီမှာ အမျိုးသမီး၏အကြည့်ကိုခံစားမိ၍ ထိုင်နေရာမှထရပ်လိုက်သည် ။ထို့နောက် အနည်းငယ်ဝဲတတ်နေသည့်မျက်ရည်စများကို လက်ဖနှောင့်ဖြက့်ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ကာ အမျိုးသမီး၏အနားသို့လျှောက်လုခဲ့သည်။
အမျိုးသမီးမှာ ထင်းရှီအားကြည့်နေကာ သူမ၏မျက်နှာတွင် သတိထားသည့်အရိပ်အယောင်များပေါ်လာသည် တစ်ဆက်တည်း သူမ၏ကလေးနှစ်ယောက်ကိုလည်း သူမ၏ခန္တာကိုယ်နောက်သို့ပို့လိုက်သည်။
“ ရှင်ကဘယ်သူလဲ “
အမျိုးသမီးမှထင်းရှီအားမေးလိုက်သည် ။ထင်းရှီလည်း သူမ၏မေးခွန်းအားပြုံးလျက်ပြန်ဖြေလိုက်သည်။
“ ကျုပ်ကခရီးသွားတစ်ယောက်ပါ ဒီကောင်လေးနှစ်ယောက်နဲ့ စောစောကမှတွေ့တာ “
ထင်းရှီလည်း ကလေးနှစ်ယောက်အားကြည့်ကာပြုံးလျက်ပြောလိုက်သည်။
အမျိုးသမီးမှာ သူ၏စကားကို ယုံကြည်သည့်သန်မရပေ။ ထင်းရှီ၏ခါးမှဓားကိုတစ်ချက်ကြည့်ကာထပ်၍မေးလိုက်သည်။
“ ရှင်ကသိုင်းလောကသားတစ်ယောက်မဟုတ်လား နောက်ပြီးညကတိုက်ပွဲက ရှင်နဲ့ပတ်သတ်နေလား “
အမျိုးသမီး၏မေးခွန်းကြောင့် ထင်းရှီမှာ အနည်းငယ်အံ့အားသင့်သွားသည် ။ထို့နောက် အနည်းငယ်စဉ်းစားလိုက်ကာ ထိုအချက်မှာမထူးဆန်းကြောင်းသိလိုက်သည်။
ညကသူတို့၏ တိုက်ပွဲမှာ ပြင်းထန်၍ အသံများလွန်စွာကျယ်လောင်ခဲ့ကာ တောအုပ်တစ်ခုလုံးပင်တုန်ဟီးသွားခဲ့ရသည် ။
ထို့အပြင် ဤပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲ၏ခြေရာလက်ရာများကျန်ရှိနေသောကြောင့် ထိုအမျိုးသမီးမှခန့်မှန်းနိုင်ခြင်းဖြစ်ရမည်။
သို့သော် ထိုအမျိုးသမီးမှ စေ့စေ့စပ်စပ်အကဲခပ်နိုင်သောကြောင့် သိုင်းပညာမတတ်မြောက်သည့် သာမန်အမျိုးသမီးဖြစ်ပုံမရပေ။
ထင်းရှီ၏တိတ်ဆိတ်နေသည့်အမူအယာကြောင့် အမျိုးသမီးမှာ သတိအနေအထားဖြစ်သွားသည်။ သူမ၏မျက်ဝန်းများက ထင်းရှီအားစူးရဲစွာကြည့်နေကာ အကဲခပ်နေသည်။
“ မပူပါနဲ့ ကျုပ်က ခင်ဗျားတို့ကိုဒုက္ခပေးမှာမဟုတ်ပါဘူး ။။ကျုပ်သိချင်တာက ခင်ဗျားတို့ကဘာလို့တောအုပ်ထဲကိုရောက်နေတာလဲ “
ထင်းရှီမှ ဆက်၍မေးလိုက်သည်။ သို့သော် သူ၏မေးခွန်းအားပြန်မဖြေဘဲအမျိုးသမီးမှနှုတ်ပိတ်နေသည်။
ထင်းရှီလည်း တစ်စုံတစ်ရာဆက်၍မမေးတော့ပေ ။ ချောင်းဘေးသို့ပြန်လာကာ ထိုင်ချလိုက်သည် ။
အမျိုးသမီးမှာ ထင်းရှီ၏အေးဆေးသည့်အမူအယာကြောင့် အနည်းငယ်စိတ်အေးသွားပုံရသည်။ ထို့နောက် ကလေးနှစ်ယောက်အားခေါ်ကာ တောအုပ်အတွင်းပြန်ရန်ပြင်လိုက်သည်။
ထင်းရှီမှာ မျက်လုံးများမှိတ်ထားသော်လည်း သူမတို့၏လှုပ်ရှားမှုများကို သိရှိနေသေးသည်။
ကလေးတစ်ယောက်မှ အမျိုးသမီး၏လက်ထဲမှရုန်းထွက်လိုက်ကာ ထင်းရှီ၏အနားသို့ပြေးလာသည် ။ထို့နောက် ထင်းရှီ၏ဘေးတွင်သစ်သီးလေးငါးလုံးချပေးခဲ့ကာ အမျိုးသမီးနှင့်အတူထွက်သွားလိုက်သည် ။
ကလေးငယ်၏စိတ်ထဲတွင် ထင်းရှီမှာ အစားအသောက်တစ်စုံတစ်ရာရှိပုံမပေါ်သောကြောင့် ယခုလို သူတို့၏သစ်သီးများ ထားခဲ့ခြင်းဖြစ်ရမည်။
ထင်းရှီလည်း မျက်စေ့ပွင့်လာပြီး သူ၏ဘေးရှိသစ်သီးများအားပွတ်သပ်ကြည့်လိုက်သည် ။ကလေးငယ်၏အပြုအမူမှာ သူ၏ရင်ကိုနွေးထွေးသွားစေသည်။
ထိုကလေးငယ်နှစ်ယောက်မှာ သူ့အားပထမဆုံးစတင်တွေ့သည်မှန်သော်လည်း သူ့အားအနည်းငယ်တွယ်တာပုံရသည် ။
ထင်းရှီလည်း သစ်သီးများကိုသူ၏အင်္ကျီအတွင်းသိမ်းလိုက်ကာ ထိုင်နေရာမှထရပ်လိုက်သည် ။ ထို့နောက် သူ၏ခန္တာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ကာ စမ်းချောင်းဘေးမှပျောက်ကွယ်သွားလေသည် ။
တောအုပ်အတွင်းဘက်
အသက်သုံးဆယ်ကျော်လေးဆယ်ခန့်ရှိမည့်အမျိုးသမီးတစ်ယောက်မှာ ကလေးငယ်နှစ်ယောက်အားလက်မှဆွဲကာ ခပ်သွက်သွက်လျှောက်နေသည် ။
ထိုအမျိူသမီးမှာ လမ်းလျှောက်နေရင်း နောက်သို့မကြာခဏလှည့်ကြည့်တတ်သေးသည်။
ထို့နောက် သူတို့သုံးယောက်မှ အနည်းငယ်သေးငယ်သည့်ချိုင့်ဝှမ်းတစ်ခုအတွင်းရောက်ရှိသွားကြသည်။
ထိုချိုင့်ဝှမ်းလေးမှာ သစ်ပင်များထူထပ်စွာပေါက်ရောက်နေသည့်နေရာတွင်ရှိကာ ရုတ်တရက်ကြည့်လျှင် ချိုင့်ဝှမ်းဝင်ပေါက်အားရှာမတွေ့နိုင်ပေ ။
ထို့အပြင် ချိုင့်ဝှမ်းထဲတွင် ထူးခြားသည့်တစ်စုံတစ်ရာမရှိ၍လည်း သာမန်အချိန်များတွင် မည်သူမှ စိတ်ဝင်စားခြင်းမရှိကြပေ ။
ယခုအချိန်တွင်မူ ချိုင့်ဝှမ်းထဲ၌ တဲအိမ်လေးငါးဆယ်လုံးခန့်နှင့် လူများရှိနေကြသည် ။
ထိုလူများထဲမှအများစုမှာ ကလေးငယ်များနှင့်အမျိုးသမီးများဖြစ်ကြကာ ယောင်္ကျားသားများမှာ လေးငါးယောက်ခန့်သာရှိသည် ။
ထိုလူများမှာ ကောင်းမွန်သည့်ဝတ်စုံများအားဝဈ်ဆင်ထားကြကာချမ်းသာကြွယ်ဝပုံရသည် ။
သို့သော် သူတို့၏တဲအိမ်များမှာ ယာယီတဲအိမ်များဖြစ်ကြကာ အချိန်အနည်းငယ်ခိုလှုံနိုင်ရန်ဆောက်လုပ်ထားခြင်းဖြစ်ရမည်။
အမျိုးသမီးမှာ ချိုင့်ဝှမ်းအတွင်းဝင်ရောက်သွားသည်နှင့် ချိုင့်ဝှမ်းထဲမှလူများမှာ ထိုအမျိုးသမီးကိုနှုတ်ဆက်လိုက်ကြသည်။
ထိုအမျိုးသမီးမှာ ချိုင့်ဝှမ်းထဲတွက် ဩဇာအနည်းငယ်ရှိဟန်တူသည်။
“ မကောင်းတော့ဘူး ဒီဘက်ကို လာနေတဲ့သိုင်းသမားတစ်စုတွေ့တယ် “
လူငယ်တစ်ယောက်မှ ဓားတစ်ချောင်းအားသိုင်းလွယ်ကာ ချိုင့်ဝှမ်းအတွင်းသို့ပြေးဝင်လာသည်။ ထိုလူငယ်၏စကားကြောင့် ချိုင့်ဝှမ်းထဲရှိလူများမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည် ။
“ ဒေါ်လေးဟူ အခုဘယ်လိုလုပ်ကြမလဲ “
များစွာသောလူများမှာလည်း ဖျင်ကြမ်းအင်္ကျီနှင့်အမျိုးသမီးနားသို့ဝိုင်းလာကြသည်။ ထိုအမျိုးသမီးမှာ ထိုလူစုထဲတွင်ခေါင်းဆောင်ဖြစ်ပုံရသည်။
သတင်းလာပို့သည့်လူငယ်မှာလည်း ခေါင်းကုတ်လျက်ရပ်နေသည် ။သူ၏ပုံစံမှာ အနည်းငယ်ကြောင်တောင်တောင်ဖြစ်သည်။
ထိုလူငယ်တစ်ဦးတည်း မကပေ။ ကျန်ရှိနေသည့်လူများမှာလည်း အမျိူးသမီး၏ဆုံးဖြတ်ချက်ကိုစောင့်ဆိုင်းနေပုံရသည်။
အမျိုးသမီးလည်းသက်ပြင်းတစ်ချက်အားမသိမသာချလိုက်မိသည် ။
ဤနေရာတွင်ရှိနေကြသည့်လူအများစုမှာ သိုင်းပညာမတတ်ဘဲအားနည်းသည့်မိန်းမများနှင့်ကလေးများဖြစ်ကြသည်။
ယောင်္ကျားလေးလေးငါးယောက်မှာလည်း သိုက်စပညာအဆင့်နိမ့်ကာ တိုက်ပွဲအတွေ့အကြုံနည်းပါးသည်။
ထို့ကြောင့် တစ်စုံတစ်ယောက်မှ သူတို့အားတိုက်ခိုက်လာပါက သူတို့အနေဖြင့် ခုခံနိုင်ရန်ခဲယဉ်းလှသည်။
သို့သော် သူမစိတ်ပျက်အားလျော့သည့်အမူအယာမပြဝံ့ပေ။ ထိုနေရာတွင် သူမခေါင်းဆောင်ဖြစ်နေသည့်အတွက် သူမသာအားလျော့နေပါက ကျန်လူများမှာ စိတ်ဓာတ်ပျက်ပြားကုန်မည်ဖြစ်သည်။
“ အားလုံးအများကြီးစိတ်မပူကြပါနဲ့။ ဒီချိုင့်ဝှမ်းက တော်ရုံတန်ရုံနဲ့မမြင်နိုင်ပါဘူး ။ပြီးတော့ သူတို့ရောက်လာရင်လဲ ကျွန်မတို့ဖြေရှင်းလိုက်ပါ့မယ် “
ဒေါ်လေးဟူဆိုသည့်အမျိုးသမီးမှ ကျယ်လောင်သည့်အသံဖြင့်ပြောလိုက်သည်။
သူမ၏စကားဆုံးသည်နှင့် ချက်ခြင်းလိုလိုပင် ချိုင့်ဝှမ်းအတွင်းသို့လူရိပ်များရောက်ရှိလာကြသည်။
“ ဟားး ဒီနေရာကဘယ်လိုလဲ ဒီမှာလူတွေရှိနေပါလား “
သိုင်းသမားတစ်ဦးမှအော်ဟစ်လိုက်သည် ။ သူ၏နောက်မှသိုင်းသမားများသည်လည်း ချိုင့်ဝှမ်းအတွင်းသို့ စူးစမ်းလိုသည့်အကြည့်ဖြင့်ကြည့်လိုက်ကြသည် ။
“ ရှင်တို့ကဘယ်သူတွေလဲ “
ဒေါ်လေးဟွာမှ ထိုသိုင်းသမားအားကြည့်ကာမေးလိုက်သည် ။ထိုလူမှာ ယခုအုပ်စုထဲတွင်ခေါင်းဆောင်ဖြစ်ပုံရသည် ။
ထိုလူ၏ခါးတွင် ကျာပွတ်ရှည်တစ်ချောင်းအားချိတ်ဆွဲထားကာ ရှားပါးသည့်ကျာပွတ်သိုင်းပညာကိုအသုံးပြုသူဖြစ်ရမည်။
“ စိတ်မပူပါနဲ့ ကျုပ်တို့ကအဖြူရောင်သိုင်းသမားတွေပါ ။ မြစ်ဝါနဂါးဂိုဏ်းကိုဖြိုခွင်းပြီးတော့ ပြန်လာခဲ့တာ “
ကျာပွတ်သိုင်းသမားမှ ဒေါ်လေးဟူ၏မေစခွန်းအားပြန်ဖြေလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများက ဒေါ်လေးဟူအားစူးစိုက်ကြည့်လိုက်သည်။
“ နေစမ်းပါဦးမင်းတို့ကရောဘယ်သူတွေလဲ ဘာကြောင့်ဒီလို လူသူကင်းမဲ့တဲ့ချိုင့်ဝှမ်းထဲကိုရောက်နေတာလဲ “
ထိုလူ၏နောက်ဆက်တွဲမေးခွန်းကြောင့် ဒေါ်လေးဟူမှာ ရင်ထိတ်သွားသည် ။သို့သော် သူမ တည်ငြိမ်သည့် အမူအယာဖြင့် ပြန်ဖြေလိုက်သည်။
“ ကျွန်မတို့က ဒီအနီးအနားကရွာကပါ လွန်ခဲ့တဲ့ရက်တွေက မြစ်ဝါနဂါးဂိုဏ်းနဲ့ မဟာမိတ်အဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်တော့ ဒီချိုင့်ဝှမ်းထဲမှာလာရောက်ရှောင်တိမ်းနေတာပါ “
ဒေါ်လေးဟူ၏တည်ငြိမ်သည့်အဖြေကြောင့် ထိုလးမှာ ခေါင်းတဆက်ဆက်ငြိမ့်လိုက်သည်။
ထို့နောက် ထိုလူမှာ သူ၏လူများနှင့်အတူ ပြန်ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် သူ၏ခြေလှမ်းများရပ်တန့်သွားကာဘေးနားရှိလူငယ်တစ်ယောက်အားကြည့်လိုက်သည်။
“ မင်းရဲ့လက်ထဲကဓားကဘာလဲ “