အဖြူရောင်သွေးမိစ္ဆာ
Vol. 2 Ch. 133
ကျာပွတ်နှင့်သိုင်းသမား၏အကြည့်များမှာ ဒေါ်လေးဟူတို့လူစုထဲမှ လူငယ်တစ်ယောက်၏လက်ထဲမှဓားဆီသို့ရောက်ရှိနေသည်။
ထိုလူငယ်မှာ အနည်းငယ်ထိတ်လန့်သွားကာ သူ၏ဓားအားနောက်သို့မသိမသာဝှက်လိုက်သည်။
“ အဲဒီဓားကမြစ်ဝါနဂါးဂိုဏ်းက ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ရဲ့ဓားမဟုတ်လား ။ ငါသူနဲ့အရင်က လေးငါးခါလောက်တိုက်ခိုက်ဖူးတယ် “
ကျာပွတ်ဖြင့်သိုင်းသမား၏မျက်လုံးများမှာ စူးရှလာသည် ။
ထိုလူမှ လူငယ်အားကြည့်ကာ သတ်ဖြတ်လိုသည့်ပုံစံဖြစ်လာသည်။ ထို့နောက် အေးစိမ့်သည့်လေသံဖြင့် ပြောလိုက်သည်။
“ မင်းတို့အားလုံးက လိမ်ညာထားတာမလား ။ မင်းတို့က မြစ်ဝါနဂါးဂိုဏ်းသားတွေနဲ့ ဘယ်လိုပတ်သတ်နေတာလဲ “
ထိုလူ၏သတ်ဖြတ်လိုသည့်စကားကြောင့် လူငယ်မှာ ကြောက်လန့်သွားသလို ဒေါ်လေးဟူသည်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
ကျာပွတ်ဖြင့်သိုင်းသမားနှင့် ကျန်လူများကမူ လက်နက်ကိုယ်စီထုတ်ကာ ချိုင့်ဝှမ်းထဲမှလူများကိုဝန်းရံထားလိုက်ကြသည်။
“ သူတို့ကမြစ်ဝါနဂါးဂိုဏ်းနဲ့ဘာမှမပတ်သတ်ဘူး “
အေးစက်သည့်လေသံတစ်ခုထွက်ပေါ်လာကာ ထိုနေရာတွင်ရှိနေကြသည့်လူများမှာ လေပြင်းတစ်ချက်တိုက်ခိုက်သွားသလိုခံစားလိုက်ရသည်။
သူတို့နှင့်မနီးမဝေးတွင် အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်ရပ်နေကာ ထိုလူ၏ခါးတွင်ဓားရှည်တစ်ချောင်းကိုချိတ်ဆွဲထားသည် ။
ထိုလူ၏ဝတ်စုံမှာအဖြူရောင်ဖြစ်သော်လည်း နီကျင့်ကျင့်အရောင်များပါစွန်းထင်းနေကာ ကြည့်ရဆိုးနေသည်။
ကျာပွတ်နှင့်သိုင်းသမားတို့လူစုမှာ ထိုလူကြောင့် ထိတ်လန့်သွားကြသည်။ ထိုလူရောက်လာသည်မှာ တစ္ဆေသရဲတစ်ကောင်ကဲ့သို့လျှင်မြန်လွန်းလှသည်။
တစ်ဆက်တည်း ထိုလူ၏သိုင်းပညာမှာ သူတို့မယှဉ်ပြိုင်နိုင်သည့်အဆင့်သို့ရောက်နေပြီဖြစ်ကြောင်းသိလိုက်ကြသည်။
ဒေါ်လေးဟူ၏နောင်တွင်ပုန်းကွယ်နေကြသည့်ကလေးနှစ်ယောက်မှာ ဝမ်းမြောက်သွားကြသည်။
“ မျက်လှည့်ဆရာကြီး “
ထိုကောင်လေးနှစ်ယောက်၏စကားကြောင့် ထိုလူမှ ပြုံးလျက်အသိအမှတ်ပြုသလိုကြည့်လိုက်သည် ။ ထို့နောက် ကျာပွတ်နှင့်လူကိုစူးရှစွာကြည့်လိုက်သည် ။
ကျာပွတ်နှင့်လူမှာ ဝတ်စုံဖြူဝတ်လူကို ကြာကြာမကြည့်ရဲပေ ။ ထိုလူ၏အကြည့်မှာ ဓားနးတစ်ချောင်းလိုထက်ရှနေကာ သူ၏စိတ်ထဲတွင် ထိတ်လန့်ကြောက်ရွံ့သည့်ခံစားချက်ကိုဖြစ်စေသည်။
သို့သော် ကျာပွတ်နှင့်လူမှာ သူ၏စိတ်ကိုပြင်ဆင်ကာ ဝတ်စုံဖြူနှင့်လူအားပြန်ကြည့်လိုက်သည် ။
“ ခင်ဗျားကအားကောင်းတာကိုသိပါတယ် ။ဒါပေမယ့် ကျုပ်တို့က မဟာမိတ်အဖွဲ့ကပဲ ။
သူတို့လူစုကသံသယဖြစ်စရာကောင်းနေတယ်။ ခင်ဗျားဘယ်သူလဲဆိုတာကိုမသိပေမယ့်ကျုပ်တို့ရဲ့ကိစ္စကိုဝင်မရှုပ်ပါနဲ့။ မဟုတ်ရင် ကျုပ်ကျာပွတ်ရှင်စန်းမင်က ယဉ်ကျေးမှုမရှိဘူးလို့ အပြစ်မတင်ပါနဲ့ “
ကျာပွတ်နှင့်လူမှ သူ၏နာမည်အားပြောပြလိုက်သလို မဟာမိတ်အဖွဲ့၏နာမည်ကိုအသုံးပြု၍ မသိမသာ ချိန်းခြောက်လိုက်သည်။
ကျာပွတ်ရှင်စန်းမင်ဆိုသည့်နာမည်မှာ သိုင်းလောကတွင်အနည်းငယ်ကျော်ကြားသည် ။
စန်းမင်မှာ တစ်ကိုယ်တော်သိုင်းသမားတစ်ယောက်ဖြစ်သည့်အပြင် သူ၏ကျာပွတ်သိုင်းမှာ ထူးဆန်းကာ ရင်တိုင်ရခက်လေသည်။
ချိုင့်ဝှမ်းထဲမှလူများမှာ ထိုနာမည်ကြောင့် သူတို့၏စိတ်ထဲတွင်လွန်စွာတုန်လှုပ်သွားကြကာ ဝတ်စုံဖြူနှင့်လူအား အားကိုးတကြီးကြည့်လိုက်ကြသည် ။
ထိုလူမှာ ကလေးငယ်နှစ်ယောက်နှင့်သိရှိနေသည့်အပြင် ထိုလူအားကျာပွတ်ရှင်စန်းမင် မှလည်း အနည်းငယ်ကြောက်လန့်နေသည့်ပုံရသည်။
“ ကျာပွတ်ရှင်စန်းမင်ဟုတ်လား ကျုက်မကြားဖူးဘူး။ ပြီးတော့ မဟာမိတ်အဖွဲ့ကအားကောင်းပေမယ့် ကျုပ်ကိုသူတို့မတားဆီးနိုင်ဘူး “
ဝတ်စုံဖြူနှင့်လူ၏စကားများမှာ မောက်မာလှသည်။ တစ်ချိန်တည်း သူ၏စကားထဲတွင်လည်း ယုံကြည်မှုများနှင့်ပြည်နှက်နေသည်ကို တွေ့ရပေမည်။
“ မင်းး.. “
ကျာပွတ်ရှင်စန်းမင်မှာ ဒေါသကြောင့် သူ၏မျက်နှာမဲမှောင်သွားသည်။
တစ်ဖက်လူမှာ သူ့ကိုမျက်နှာသာမပေးရုံမျှမက မဟာမိတ်အဖွဲ့ကိုပင်ကြောက်လန့်ပုံမရပေ။ ထိုအဖြစ်ကသူ့ကို ဒေါသအကြီးအကျယ်ထွက်သွားစေသည်။
သူတို့လူစုမှာထိပ်တန်းအဆင့်သုံးယောက်နှင့် အဆင့်မြင့်သိုင်းသမားငါးယောက်ပါဝင်သည်။ ထိုလူစုဖြင့်ဆိုလျှင် အဆင့်လွန်သိုင်းသမားတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်လေသည် ။
သူ၏ရှေ့ရှိဝတ်စုံဖြူဖြင့်လူမှာ အားကောင်းသော်လည်း သူတို့အားလုံးပူးပေါင်း၍တိုက်ခိုက်လျှင် အနိုင်ယူနိုင်မည်ဟု ယုံကြည်သည်။
စန်းမင်မှာ သူ၏လူများကို တစ်စုံတစ်ခုပြောမည်ပြုလိုက်သည်။ သို့သော် သူ၏မျက်နှာမှာ ပျက်ယွင်းသွားကာ သူ၏စကားများလည်းပျောက်ရှကုန်သည်။
သူ၏ဘေးဘက်တွင်ရပ်နေသည့် ထိပ်တန်းအဆင့်သိုင်းသမားနှင့် အဖွဲ့ထဲမှ အဆင့်မြင့်သိုင်းသမားနှစ်ယောက်တို့မှာ တုန်ရီနေကြသည်။
သူတို့၏မျက်နှာများကကြောက်ရွံ့ထိတ်လန့်သည့်ဟန်များဖြင့်ပြည့်နှက်နေကာ ဝတ်စုံဖြူဖြင့်လူအား
စိုက်ကြည့်နေကြသည်။
“ အဖြူရောင်သွေးမိစ္ဆာ မမှားနိုင်ဘူး မင်းကအဖြူရောင်သွေးမိစ္ဆာပဲ “
စန်းမင်၏ဘေးမှထိပ်တန်းအဆင့်သိုင်းသမားမှာ ခန္တာကိုယ်တစ်ခုလုံးတုန်ယင်နေကာ ဝတ်စုံဖြူအား လက်ညိုးထိုးလျက်ကြောက်လန့်စွာပြောလိုက်သည် ။
ထိုလူ၏စကားကြောင့် စန်းမင်၏အမူအယာပြောင်းလဲသွားသလို သူတို့အဖွဲ့ထဲမှအခြားလူမျယစ၏မျက်နှာထက်တွင်လည်း ကြောက်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်းစသည့်အရိပ်အယောင်များပေါ်ထွက်လာလေသည်။
စန်းမင်လည်း သူ၏လူများအား သေချာစိုက်ကြည့်လိုက်ပြီးနောက် ထိုလူများ၏ကြောက်လန့်တုန်လှုပ်နေသည့်အမူအယာမှာ အမှန်တကယ်ဖြစ်ကြောင်းသိလိုက်သည် ။
သူ၏စိတ်ထဲတွင်လည်း လွန်စွာလေးလံသွားကာသက်ပြင်းတစ်ချက်အား မသိမသာရှိုက်လိုက်မိသည် ။
သူတို့ထဲမှလူနှစ်ယောက်မှာ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်အတွင်းသို့ ဦးစွာရောက်ရှိသူများထဲမှဖြစ်သည်။
ထိုလူများမှာ သတ္တိကောင်းကာ သေရဲသတ်ရဲသည့်သိုင်းသမားရင့်မာများဖြစ်သည့်တိုက် မြစ်ဝါနဂါးဂိုဏ်းဌာအတွင်းမှဆီးကြိုနေသည့်မြင်ကွင်းများက သူတို့၏စိတ်ကိုခြောက်ချားစေသည်။
နေရာအနှံ့လဲကျသေဆုံးနေသည့်အလောင်းများ ထ ကိုယ်တစ်ပိုင်းပြက်ကာသေဆုံးနေသူများ၊ ကိုယ်လက်အင်္ဂါအစုံအလင်မရှိသည့်အလောင်းများ၊ တစ်ကိုယ်လုံးခြောက်ကပ်သည်အထိစုပ်ယူခံလိုက်ရသည့်လူသေများနှင့်အိုင်ထွန်းနေသောသွေးကွက်များပြည့်နှက်နေသည် ။
ထိုမြင်ကွင်းကိုမြင်ခဲ့ရစဉ်က သူတို့ထဲမှလူအတော်များများမှာ ကြောက်လန့်တုန်လှုပ်ကု အချို့လူများဆိုလျှင် အော့အန်ကြသေးသည်။
သူတို့ကိုယ်တိုင်တိုက်ပွဲများစွာကိုတိုက်ခိုက်ဖူးသော်လည်း သူတို့မြင်ဖူးသည်မှာ လူသေအလောင်းဆယ်ဂဏန်းခန့်သာဖြစ်ကာ ယခုလိုရုပ်ပျက်ဆင်းပျက်အလောင်းများမပါဝင်ပေ။
အမှန်မှာ ထင်းရှီမြစ်ဝါနဂါးဂိုဏ်းကိုထိုးဖောက်စဉ်က သူ၏အားအင်များအားခြွေတာလို၍ အဆင့်နိမ့်ဂိုဏ်းသားအတော်များများအား သိုင်းတစ်ကွက်ဖြင့်သတ်ဖြတ်ခဲ့သည် ။
ထိုသို့သတ်ဖြတ်ရာတွင် သေကွင်းသေကွက်နေရာများသို့ရွေး၍တိုက်ခိုက်သဖြင့် ရုပ်ပျက်ဆင်းပျက်မြင်ကွင်းများပေါ်နေခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အလောင်းများမှာလည်းရာနှင့်ချီနေကာ
သူတို့ထဲမှအများစုမှာ ဘဝတွင် ပထမဦးဆုံးအဖြစ်လူအစုလိုက်အပြုံလိုက်သေဆုံးသည်ကို တွေ့မြင်ဖူးခြင်းဖြစ်သည်။
သူတို့ကိုသတ်ဖြတ်သွားသည်လူမှာလည်း လွန်စွာရက်စက်ကာ ခံစားချက်ကင်းမဲ့သည့်စိတ်ဓာတ်ရှိမှဖြစ်ပေမည်။
ထိုစဉ်က မြစ်ဝါနဂါးဂိုဏ်းထဲသို့ ဦးစွာဝင်ရောက်သွားကြသည့်သိုင်းသမားများမှာ သူတို့နှင့်ဌာနချုပ်အပြင်တွင်ဆုံခဲ့သည့်လူငယ်၏စူးရှသည့်အကြည့်ကို သတိရသွားကြမိသည် ။
နက်မှောင်နေသည့်မျက်ဝန်းများအတွင်းမှ အေးစိမ့်သည့်ခံစားချက်များ ၊ လူသတ်လိုသည့်အငွေ့အသက်များပြည့်နှက်နေသည့်ခန္တာကိုယ်တို့မှာ ပြန်စဉ်းစားမိလိုက်တိုင်းသူတို့အား အရိုးထဲမှကြောက်လန့်စေသည်။
ထိုစဉ်က ကံကောင်းထောက်မ၍ လူငယ်အားသူတို့တစ်စုံတစ်ရာဆန့်ကျင်းးဘက်မပြုမိကြခြင်းဖြစ်သည်။
ထို့ကြောင့်ပင် ယခုထိုနှစ်ယောက်မှာ ထင်းရှီအားနောက်တစ်ကြိမ်ပြန်တွေ့သည့်အခါတွင်ယခုလိုလွန်စွာကြောက်လန့်ကြခြင်းဖြစ်သည်။
‘ အဖြူရောင်သွေးမိစ္ဆာ ‘
ထင်းရှီမှာ ထိုနှစ်ယောက်၏အမူအယာကြောင့် မျက်မှောင်ကြုတ်သွားသည်။
သူ့အားထိုလူများက ယခုလိုဘွဲ့နာမည်ပေးထားမည်ဟုသူမထင်ခဲ့မိပေ။ ထိုနာမည်အားသူမနှစ်သက်ပေ ။
ထိုနာမည်မှာ သူသတ်ဖြတ်ခဲ့သည့်မြစ်ဝါနဂါးဂိုဏ်းချုပ် မြေခွေးအိုသွေးမိစ္ဆာနှင့်ပင်အနည်းငယ်ဆင်တူနေသေးသည်။
သို့သော် ယခုအချိန်တွင် ထိုအကြောင်းအား တစ်စုံတစ်ရာပြောဆိုခြင်းမပြုရန်ဆုံးဖြတ်လိုက်သည်။
“ မင်းတို့ရဲ့ကိစ္စပြီးပြီလား “
ထင်းရှီမှအေးစက်ကာ ခံစားချက်ကင်းမဲ့ဟန်ရသည့်လေသံဖြင့်မေးလိုက်သည်။
သူ၏စကားကြောင့် ကျာပွတ်ရှင်စန်းမင်မှာ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
“ နားလည်မှုလွဲသွားတာပါ ကျုပ်တို့ချက်ခြင်းထွက်သွားပါတော့မယ် “
စန်းမင်မှထင်းရှီအားဂါရဝပြု၍ အလျှင်အမြန်ပင်ဆုတ်ခွာသွားသည်။ ထိုလူမှာ ထင်းရှီ၏အဖြေကိုပင်မစောင့်တော့ပေ။
သူတို့သိရှိထားသည်မှာ မြစ်ဝါနဂါးဂိုဏ်းအားတစ်ဦးတည်းဖြိုခွင်းကာ လူရာနှင့်ချီ၍သတ်ဖြတ်ခဲ့သည့် အဖြူရောင်သွေးမိစ္ဆာမှာ မဟာမိတ်အဖွဲ့မှလူများကြားတွင်နာမည်ကြီးနေပြီဖြစ်သည်။
ထိုကဲ့သို့လူမျိုးအား သူ၏အဆင့်ဖြင့်သာမက မဟာမိတ်အဖွဲ့၏နာမည်ကိုပါပြောတိုချိန်းခြောက်ခြင်းမှာ အနည်းငယ်ရယ်စရာကောင်းနေသည် ။
မဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များပင် ယခုအချိန်တွင် အဖြူရောင်သွေးမိစ္ဆာအားအနိုင်ရနိုင်ပါ့မလားမသိပေ ။
ထို့ကြောင့် သူတို့အသတ်မခံရခင်ချက်ခြင်းထွက်သွားသည်ကအကောင်းဆုံးဖြစ်ပေသည်။
ထိုလူစုမှာ တခဏအတွင်း သူတို့၏မြင်ကွင်းမှပျောက်ကွယ်သွားသည်။