← Chapters

ကောင်းခြင်းဆိုးခြင်း

Vol. 2 Ch. 134

ကောင်းခြင်းဆိုးခြင်း

Vol. 2 Ch. 134

“ အစ်ကိုကြီး ဒီလူတွေကိုမောင်းထုတ်လိုက်တာက မိုက်တယ်။ ဒါကရောမျက်လှည့်ပညာနဲ့ပဲလား “

ဒေါ်လေးဟူ၏ကလေးနှစ်ယောက်မှာ ထင်းရှီ၏အနားသို့ပြေးလာကာ သိလိုစိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။

ချိုင့်ဝှမ်းထဲမှလူများမှာ ထိုအစွမ်းထက်ဟန်ရသည့်လူနှင့် ကလေးငယ်နှစ်ယောက်သိရှိနေ၍ သူတို့၏စိတ်ထဲတွင် ထူးဆန်းသလိုခံစားလိုက်ရသည်။

ထင်းရှီလည်း ထိုကလေးနှစ်ယောက်၏မေးခွန်းကြောင့်ပြုံးလိုက်မိသည်။

“ မင်းသာလုံလောက်အောင်အစွမ်းထက်တနေမယ်ဆိုရင် ဘယ်သူမှမင်းကိုအမိန့်မပေးရဲဘူး “

ထင်းရှီ၏စကားကို ကလေးငယ်များမှာ များစွာနားမလည်ကြပေ။ သူတို့၏မိခင်ဒေါ်လေးဟူမှာ ထင်းရှီ၏အနားသို့လျှောက်လာသည်။

“ ကျွန်မတို့လမ်းခဏလျှောက်ရအောင် “

ဒေါ်လေးဟူ၏စကားကြောင့်ထင်းရှီမှာ အနည်းငယ်အံ့ဩသွားသည်။ ထို့နောက် သူမ၏အမူအယာကိုကြည့်ကာ တစ်စုံတစ်ရာပြောလိုသည်ကိုရိပ်စားမိလိုက်သည် ။

“ ကောင်လေးတွေ ငါမင်းတို့အမေနဲ့ လမ်းခဏလျှောက်လိုက်ဦးမယ် “

ထင်းရှီလည်းကလေးငယ်နှစ်ယောက်၏ဦးခေါင်းအားပွတ်ကာပြောလိုက်သည် ။

ချိုင့်ဝှမ်းထဲမှလူများသည်လည်း ထင်းရှီ၏အနားသို့ရောက်လာကြကာ သူတို့အားကူညီသည့်အတွက်ကျေးဇူးတင်စကားပြောလိုက်ကြသည်။

ထို့နောက် ထင်းရှီလည်း ဒေါ်လေးဟူနှင့်မနီးမဝေးသို့လျှောက်သွားလိုက်သည်။

“ ရှင်က တကယ်ပဲဘယ်သူလဲ “

ဒေါ်လေးဟူမှ ထင်းရှီအားစေ့စေ့စပ်စပ်ကြည့်ကာမေးလိုက်သည် ။ ထိုလူငယ်မှာ သူမ၏မျက်စေ့ထဲတွင် ပို၍ဆန်းကြယ်ဘာသည်။

ထင်းရှီမှာ အသက်နှစ်ဆယ်ကျော်အရွယ်သာရှိသေးသော်လည်း သူ၏သိုင်းပညာမှာ အလွန်မြင့်မားသည့်အဆင့်သို့ရောက်နေမည်ဟု သူမခန့်မှန်းမိသည်။

ကျာပွတ်ရှင်စန်းမင်မှာ သိုင်း‌လောကတွင်ကျော်ကြားသည့်သိုင်းသမားတစ်ဦးဖြစ်သော်လည်း လူငယ်အားကြောက်လန့်တကြားထွက်ပြေးသွားရသည် ။

ဤအဖြစ်မှာ သူမကိုအံ့ဩထိတ်လန့်‌စေသည် ။ ယခုလူငယ်မှာ သူမတို့နေရာသို့ရောက်နေသည်မဟုတ်ပါလား ။

အကယ်၍လူငယ်သာမကောင်းသည့်ရည်ရွယ်ချက်တစ်စုံတစ်ရာရှိပါက ကျာပွတ်ရှင်စန်းမင်တို့ထက်အ‌ဆပေါင်းများပို၍ ရင်ဆိုင်ရခက်ပေမည် ။

သို့သော် သူမအကဲခပ်ကြည့်ကသလောက် လူငယ်မှာ သူမ၏သားနှစ်ယောက်နှင့်ရင်းနှီကာ မကောင်းသည့်ရည်ရွယ်ချက်တစ်စုံတစ်ရာရှိပုံမရပေ။

“ ကျုပ်က သာမန်သိုင်းသမားတစ်ယောက်ပါ ဒါပေမယ့် ခင်ဗျားတို့အကြောင်းကို စိတ်ဝင်စားလို့ ခင်ဗျားတို့ရဲ့နောက်ကိုလိုက်လာတာပါ တခြားရည်ရွယ်ချက်မရှိပါဘူး “

ထင်းရှီမှ သူ၏ရည်ရွယ်ချက်ကိုရှင်းပြလိုက်သည်။ သူ၏စကားကြောင့်‌‌ဒေါ်လေးဟူလည်း ခေါင်းညိမ့်လိုက်သည်။

“ ဒါထက် ခင်ဗျားတို့ကတကယ်ပဲဘယ်သူတွေလဲ ဘာဖြစ်လို့ဒီလိုနေရာမျိုးမှာ လာနေတာလဲ “

ထင်းရှီမှ သူသိလိုသည့်အချက်ကိုမေးလိုက်သည် ။ ချိုင့်ဝှမ်းအတွင်းမှလူများမှာ အနည်းငယ်ထူးဆန်းကာ တစ်စုံတစ်ရာကိုဖုံးကွယ်ထားပုံရသည်။

သူတို့ပြောသလို အနီးအနားရှိရွာများမှဆိုလျှင် တိုက်ပွဲကိုရှောင်ရန် အနီးဆုံးမြို့များကို သွားမည်ဖြစ်သည် ။

သို့သော် ယခုထိုလူစုမှ တောအုပ်အတွင်းမှ ဖုံးကွယ်သည့်နေရာတွင်လာရောက်နေထိုင်နေသည်မှာ အနည်းငယ်ထူးဆန်းနေသည်။

“ မင်းလဲ တစ်စုံတစ်ခုကို ခန့်မှန်းမိတယ်မလား “

ဒေါ်လေးဟူမှ ထင်းရှီ၏မျက်လုံးထဲသို့စေ့စေ့ကြည့်ကာမေးလိုက်သည် ။ ထင်းရှီ၏ မည်းနက်နေသည့်မျက်လုံးများမှာ တည်ငြိမ်နေသည်။

ထို့နောက် ထင်းရှီလည်း သက်ပြင်းဖွဖွတစ်ချက်ရှိုက်၍ ခေါင်းညိမ့်ပြလိုက်သည်။ ဒေါ်လေးဟူလည်း ထင်းရှီအနည်းငယ်ခန့်မှန်းမိသည်ကိုနားလည်သွားသည်။

“ အမှန်အတိုင်းပြောရရင် ငါတို့က မြစ်ဝါနဂါးဂိုဏ်းသားအချို့ရဲ မိသားစုဝင်တွေပဲ “

ဒေါ်လေးဟူမှ ခပ်တိုးတိုးပြောလိုက်သည်။ သူမ၏စကားကြောင့်ထင်းရှီ၏အမူအယာမှာ အနည်းငယ်ပြောင်းလဲသွားသည်။

သူ့အနေဖြင့် ထိုအချက်အား ကြိုတင်ခန့်မှန်းမိသော်လည်း ဒေါ်လေးဟူ၏ပါးစပ်မှထုတ်ပြောသည့်အခါ အနည်းငယ်အံ့အားသင့်မိသည်။

ဒေါ်လေးဟူမှလည်း ထင်းရှီ၏အံ့အားသင့်မှုကိုနားလည်သည်။ ထို့နောက် သူမ၏စကားကို ဆက်လိုက်သည်။

“ မြစ်ဝါနဂါးဂိုဏ်းသားတွေက ခိုးဆိုးလုယက်ပေမယ့် သူတို့အားလုံးကတော့ဒီလိုမဟုတ်ဘူးလေ ။

ဘယ်သူမှ မွေးကထဲက ဆိုးသွမ်းလာတဲ့လူတွေမဟုတ်ပါဘူး ။ ပတ်ဝန်းကျင်ရဲ့ရိုက်ခက်မှုကလည်း အနည်းနဲ့အများပတ်သတ်နေတာ ။

သူတို့က တခြားလူတွေအမြင်မှာ သူခိုးဓားပြတွေဖြစ်ပေမယ့် ငါတို့အတွက်ကအိမ်ထောင်ဦးစီးဖခင်တွေပဲ။

သူတို့အားလုံးကိုကောင်းတယ်လို့မပြောနိုင်ပေမယ့် သူတို့ထဲကအချို့က အခြေအနေတစ်ချို့ကြောင့် ဆိုးသွမ်းလာရတဲ့လူတွေပဲ။

ထားပါ ငါ့တို့စကားကိုဆက်ကြရအောင် ။

ငါက မြစ်ဝါနဂါးဂိုဏ်းကသေဆုံးသွားတဲ့ ဒုဂိုဏ်းချုပ် ဟုန်းချင်ရဲ့ဇနီးပဲ ။ သူသေဆုံးပြီးတဲ့နောက်မှာ တိုက်ပွဲတွေက ပိုပြီးအရှိန်မြင့်လာခဲ့တယ် ။

ဒါကြောင့် ငါတို့လဲ မြစ်ဝါနဂါးဂိုဏ်းရဲ့ဌာနချုပ်ထဲက ထွက်ပြေးတိမ်းရှောင်ခဲ့တာပဲ။ ငါနဲ့အတူပါလာတဲ့လူတွေက ဂိုဏ်းသားတွေရဲ့ မိသားစုအနည်းငယ်ပဲ။

ကျန်တဲ့လူတွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်ပြေးကုန်ကြတယ် ။

ပထမတော့ ငါတို့က ဒီအနီးဆုံးကမြို့မှာ သွားပြီးခိုလှုံဖို့စိတ်ကူးထားသေးတယ်။ ဒါပေမယ့် ငါတို့သွားတဲ့အချိန်မှာ တပ်မှူးကြီးကျောက်ဖူရဲ့တပ်တွေက ပိုက်စိတ်တိုက်စစ်နေတာနဲ့ ငါတီု့တောအုပ်ထဲမှာ သောင်တင်နေတာပဲ “

‌ဒေါ်လေးဟူမှ သူမ၏အကြောင်းကို ရှည်လျားစွာရှင်းပြလိုက်သည်။ ထို့နောက် သူမ၏မျက်နှာတွင် အနည်းငယ်စိတ်ပေါ့ပါးသွားသည့်အမူအယာထွက်ပေါ်လာသည်။

သူနှင့်ဆန့်ကျင်ဘက် ထင်းရှီမှာမူ မျက်မှောင်ကြုတ်လျက်ရှိကာ အတွေးနက်နေသည် ။

သည့်မတိုင်မီက မြစ်ဝါနဂါးဂိုဏ်းသားများအားသတ်ဖြတ်ခြင်းမှာ အခြားလူကောင်းများအတွက်ကောင်းမွန်ကာ နောင်တတစ်ခုတစ်လေမှပင်မရခဲ့ပေ။

သို့သော် ယခု ဒေါ်လေးဟူ၏စကားကိုကြားပြီးမှ သူ၏စိတ်ထဲတွက် ဒွိဟအတွေးများစတင်ထွက်ပေါ်လာသည်။

လူကောင်းနှင့်လူဆိုးမှာရောနှောနေသလို လူဆိုးများသည်လည်း မွေးလာသည့်အချိန်မှစ၍ ဆိုးသွမ်းလာခြင်းမဟုတ်ပေ ။

၎င်းအချက်အား သိုးထိန်းကြီးမှလည်းသူ့အားမကြာခဏပြောဖူးသည် ။သို့သော် ယခင်ကသူများစွာမတွေးခဲ့မိပေ ။

ယခုအခါတွင်မူ သူ၏မျက်စေ့ရှေ့တွင်ရှိသည့်ချိုင့်ဝှမ်းအတွင်းမှလူများမှာ အကူအညီလိုအပ်နေကြသည့်လူများဖြစ်နေကြသည် ။

ထိုလူများမှာ သူတို့၏ဖခင်များ၊ လင်ယောင်္ကျားများအသက်ရှင်နေသေးမည်ဟု မျှော်လင့်ချက်ရှိကောင်းရှိ‌နိုင်‌ပေမည် ။

ဒေါ်လေးဟူ၏ကလေးငယ်နှစ်ယောက်ကဲ့သို့ သူတို့၏ဖခင်အသက်ရှင်နေသေးသည်ဟု အခိုင်အမာယုံကြည်နေသည့်ကလေးငယ်များလည်းရှိကောင်းရှိနိုင်ပေမည်။

ထင်းရှီမှာ ပထမဆုံးအကြိမ်အဖြစ် သူ၏လုပ်ရပ်အပေါ်ကောင်းခြင်းဆိုးခြင်းနှင့်ပတ်သတ်၍ သံသယဝင်ခဲ့မိခြင်းဖြစ်သည်။

သူ၏စိတ်များလွန်စွာရှုပ်ထွေးနောက်ကျိ‌သွားသလို မည်သည့်အရာကိုမှသေချာစဉ်းစားနိုင်ခြင်းမရှိတော့ပေ။

ယခုချိုင့်ဝှမ်းထဲရှိလူများ၏မိသားစုဝင်များအား သူသတ်ဖြတ်ကောင်းသတ်ဖြတ်ခဲ့နိုင်သည် ။

မြစ်ဝါနဂါးဂိုဏ်းမှ သူသတ်ခဲ့သည့်လူအရေအတွက်မှာ နှစ်ရာကျော်ရှိမည်မဟုတ်လား ။

အကယ်၍ သူသာထိုမျှလူအများအပြားမသတ်ခဲ့ပါက အခြေအနေမှာ ပြောင်းလဲသွားကာ လူအနည်းငယ်အတွက် ကောင်းမွန်လာပေမည် ။

ထို‌အတွေးက သူ၏စိတ်ကိုစိုးမိုးထားကာ ရွာငယ်လေးမှလူများ သူ၏ပယောဂကြောင့် သေဆုံးရခြင်းကိုလည်း ပြန်လည်သတိရမိသွားသည်။

ထင်းရှီ၏အမူအယာမှာ သွေးဆုပ်ဖြူလျော်သွားကာ သူ၏ဦးခေါင်းများပေါက်ထွက်တော့မည်ကဲ့သို့ ခံစားလိုက်ရသည် ။

ဒေါ်လေးဟူမှာ ထင်းရှီ၏ငြိမ်သကိနေသောအမူအယာကိုအကဲခပ်နေရာမှ ထင်းရှီ၏မျက်နှာဖြူဖျော့လာ၍ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

“ မင်းအဆင်ပြေရဲ့လား “

ဒေါ်လေးဟူ၏မေးခွန်းကြောင့် ထင်းရှီ၏အတွေးများပြက်တောက်သွားကာာပြင်ပသို့ အသိပြန်ရောက်လာသည် ။

သို့သော် သူ၏မျက်နှာအမူအယာမှာ ရှုပ်ထွေးနေကာ မှိုင်းညို့နေသည် ။

“ ကျုပ်အဆင်ပြေပါတယ် “

ထင်းရှီမှပြုံးလျက်ပြောလိုက်သည် ။။သို့သော် သူ၏အပြုံးမှာ အသက်မပါလှသည်ကို ဒေါ်လေးဟူရိပ်စားမိလေသည် ။

“ ဒီနေရာကိုကျုပ်ရဲ့မိတ်ဆွေတွေကိုလွှတ်လိုက်မယ်။

သူတို့ကမဟာမိတ်အဖွဲ့ကသိုင်းသမားတွေဆိုပေမယ့် ကျုပ်ရဲ့သွေးသောက်ညီအစ်ကိုတွေပဲ။ သူတို့ကခင်ဗျားတို့ကို အဆင်ပြေအောင်ဆောင်ရွက်ပေးမှာပါ ။

အနည်းဆုံးတော့ အခုလို ကလေးငယ်တွေနဲ့ တောထဲမှာ ဒုက္ခခံနေစရာမလိုတော့ဘူးပေါ့ “

ထင်းရှီမှ ဒေါ်လေးဟူအား ပြောလိုက်သည် ။ သူထိုနေရာမှထွက်သွားလျှင် မဟာမိတ်အဖွဲ့သို့သွားကာသူ၏ညီအစ်ကိုများကိုရှာမည်ဟုစိတ်ကူးထားသည်။

သူ၏သွေးသောက်ညီအစ်ကိုနှစ်ယောက်မှာ သာမန်လူများမဟုတ်ကြသည့်အပြင် သူတို့၏နောက်ခံများမှာ မရိုးရှင်းလှ၍ ယခုကိစ္စကို အဆင်ပြေပြေလုပ်ဆောင်ပေးနိုင်မည်ဟု သူယုံကြည်သည်။

သူ၏သွေးသောက်ညီအစ်ကိုများမဟာမိတ်အဖွဲ့တွင်ရှိသေးရန်သာ သူမျှော်လင့်မိသည် ။

ဒေါ်လေးဟူလည်း အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ထင်းရှ၏အကူအညီကိုလက်ခံလိုက်သည် ။

ထင်းရှီမှာ သူတို့ကိုကူညီနေသူဖြစ်ကာ ထင်းရှီ၏အစီအစဉ်မှာလည်း သိပ်မဆိုးဟုခံစားမိနေသည် ။

သို့သော် မည်သည့်အတွက်ထင်းရှီမှ သူတို့အားယခူလို အကူအညီများစွာပေးနေသည်မသိပေ ။

“ မင်းကဘယ်သူလဲ ဘာဖြစ်လို့ငါတို့ကို ဒီလိုမျိုးအကူအညီတွေပေးနေတာလဲ “

ဒေါ်လေးဟူမှ သူမသိလိုသည့်အချက်ကိုမေးလိုက်သည် ။သို့သော် ထင်းရှီမှပြန်မဖြေဘဲခေါင်းယမ်းပြလိုက်သည်။

ထို့နောက် လေပြင်းတစ်ချက်တိုက်ခတ်သလိုခံစားလိုက်ရကာ ထင်းရှီ၏ခန္တာကိုယ်မှာ မှုန်ဝါး၍ပျောက်ကွယ်သွားသည် ။

“ ကျုပ်ရဲ့အပြစ်တွေကများနေတဲ့အတွက် ဒီအကူအညီကမပြောပလောက်ပါဘူး “

ထင်းရှီ၏စကားသံမှာ သူမ၏အနီးတွင်ကျန်ခဲ့သည် ။

ဒေါ်လေးဟူမှာ ထိုစကား၏အဓိပ္ပာယ်ကို စဉ်းစားရင်းကျန်ရစ်ခဲ့သည်။

All Chapters