အရိပ်တပ်ဖွဲ့
Vol. 2 Ch. 135
မဟာမိတ်အဖွဲ့၏စခန်းအတွင်းသိုင်းသမားတစ်ဝက်ခန့်သာကျန်တော့သည် ။ မူလက သိုင်းသမားရာနှင့်ချီသော်လည်းယခု ထိုအင်အား၏တစ်ဝက်ခန့်သာရှိတော့သည် ။
မြစ်ဝါနဂါးဂိုဏ်း၏အန္တရာယ်ကိုဖြိုခွင်းပြီးသည့်နောက်တွင် အချို့သိုင်းသမားများမှာ အဖွဲ့အတွင်းမှ ထွက်ခွာကုန်ပြီဖြစ်သည် ။
ကျန်လူများမှာလည်း အနှေးနှင့်အမြန်ထွက်သွားကြတော့မည်ဖြစ်သည်။
ရွက်ဖျင်တဲတစ်ခုအတွင်း
အသက်နှစ်ဆယ်အရွယ် အနက်ရောင်ဝတ်စုံနှင့်လူငယ်မှာ ပျင်းရိစွာလဲလျောင်းနေသည် ။
မြစ်ဝါနဂါးဂိုဏ်း၏ပြဿနာပကိုဖြေရှင်းပြီးနောက် သူတို့မဟာမိတ်အဖွဲ့ထဲမှလူများမှာ အတော်လေးအားလပ်နေသည်ဟုဆိုရမည် ။
သူသဘောဖြင့်ဆိုလျှင် ထိုမဟာမိတ်အဖွဲ့မှထွက်ခွာပြီးသည်မှာ ကြာပြီဖြစ်သော်လည်း နယ်စားကြီးကျောက်ဖူမှ သူ့ပထမအစ်ကိုတင်းဖန်းအယး မကြာခဏတွေ့ဆုံနေသဖြင့် သူပါထိုနေရာတွင်သောင်တင်နေသည် ။
တင်းဖန်းမှာ စစ်တပ်နှင့်ဆက်နွယ်သည့်မိသားစုမှဖြစ်ကာ နယ်စားကြီးကျောက်ဖူဖြင့်လည်းရင်းနှီးပေသည် ။
ကျောက်ဖူမှလည်း အရည်အချင်းရှိကာ ထက်မြကိသည့်တင်းဖန်းအား ယုံကြည်သည် ။ ထို့ကြောင့် သူတို့မကြာခဏဆွေးနွေးကြခြင်းဖြစ်သည်။
“ ဟမ့် ဘယ်သူလဲ “
ရွက်ဖျင်တဲထဲသို့ လူတစ်ယောက်ဝင်ရောက်လယသဖြင့် စီးတုမင်မှာ သတိအနေအထားဖြစ်သွားသည်။
မဟာမိတ်အဖွဲ့တွင် ကိုယ့်နေရာနှင့်ကိုယ်နေထိုင်ကြကာ ဂိုဏ်းအဖွဲ့အစည်းတူညီသည်မှအပ တစ်ဖွဲ့နှင့်တစ်ဖွဲ့ရင်းနှီးကျွမ်းဝင်မှုများစွာမရှိဘဲ မျက်မှန်းတန်းမိရုံသာရှိသည်။
ယခုလူတစ်ယောက်မှ သူ၏နေရာသို့ရုတ်တရက်ဝင်ရောက်လာသဖြင့် စီးတုမင်မှာ မျက်မှောင်ကြုတ်ကာ သတိအနေအထားဖြစ်သွားသည်။
ထိုလူမှာ ညစ်ပေနေသည့်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ဦးခေါင်းတွင် ခမောက်ကြီးတစ်လုံးအားဆောင်းထားသည် ။
စီးတုမင်၏မေးခွန်းကြောင့် ခမောက်နှင့်လူမှ ခေါင်းမော့လာသည်။
“ တတိယညီလေး ငါပါ “
ရင်းနှီးနေသည့်အသံနှင့်အတူ ခမောက်အောက်မှ ချောမောသည့်မျက်နှာတစ်ခုထွက်ပေါ်လာသည် ။
မြေအောက်နန်းဆောင် လျှို့ဝှက်ဂိုဏ်း၏ဌာနချုပ
ဂိုဏ်းချုပ်ထိုင်ခုံကြီးပေါ်တွင် မျက်နှာဖုံးနှင့်လူတစ်ဦးမှာ ခန့်ညားစွာထိုင်လျက်ရှိသည် ။
သူ၏အောက်တွင် အသက်နှစ်ဆယ်ကျော်သုံးဆယ်အရွယ်လူငယ်နှစ်ယောက်နှင့် ဆယ့်ရှစ်နှစ်ခန့်ရှိမည့် လှပသည့်မိန်းကလေးတစ်ယောက်တို့မှာ ဒူးထောက်လျက်ရှိသည်။
မိန်းကလေးမှာ လှပချောမောသော်လည်း သူမ၏ ဘယ်ဘက်ပါးပြင်တစ်ခြမ်းတွင် ဓားဒဏ်ရာအမာရွက်လေးရှိနေကာ သူမ၏မျက်နှာအလှအားအနည်းငယ်လျော့ကျစေသည်။
သို့သော် အမာရွက်တစ်ခုရှိနေသည့်တိုင်မိန်းကလေးမှာ လှပနေဆဲပင်ဖြစ်သည်။
“ မင်းက ငါတို့ဂိုဏ်းထဲကို ဝင်မှာ သေချာရဲ့လား “
မျက်နှာဖုံးရှင်မှ တင်းမာခက်ထန်သည့်လေသံဖြင့်မေးလိုက်သည် ။
သူ၏အသံမှာ ဩဇာတစ်မျိူးမျိုးပါနေကာ ကြားမိသူတိုင်းအား သူ၏စကားကို နားထောင်လိုစိတ်များဖြစ်လာစေသည်။
“ သေချာပါတယ် ကျွန်မ ဂိုဏ်းချုပ်ရဲ့အကျိုးကို အရိုးကြေကြေအရေခမ်းခမ်းလုပ်ဆောင်ပေးမှာပါ “
မိန်းကလေးမှ ဒူးထောက်နေရာမှ မော့မကြည့်ဘဲဖြေကြားလိုက်သည်။ သူမ၏လေသံမှာလည်း စိတ်ဆုံးဖြတ်ထားသည့်ပုံစံဖြင့် လေးနက်နေသည် ။
“ ကောင်းတယ် ကောင်းတယ် “
မျက်နှာဖုံးရှင်မှ မိန်းကလေး၏အဖြေကြောင့် ခေါင်းတဆက်ဆက်ငြိမ့်လိုက်သည်။ သူ၏ပုံစံမှာ ကျေနပ်နေသည်လား မကျေနပ်သည်လားကို ခွဲခြားရန်ခက်ခဲလှသည် ။
သူ၏စူးရှသည့်မျက်ဝန်းများမှာ မိန်းကလေး၏ခန္တာကိုယ်ပေါ်သို့ ရောက်ရှိနေသည်။
“ ဝှစ် “
မျက်နှာဖုံးရှင်မှ လက်ကိုဝေ့ယမ်းလိုက်ရာ မိန်းကလေး၏ရှေ့သို့ ပစ္စည်းအချို့ ညင်သာစွာကျရောက်လာသည်။
သိုင်းလောကထဲရှိထိပ်သီးများသာ မျက်နှာဖုံးရှင်၏လှုပ်ရှားမှုကိုမြင်ရပါက ထိတ်လန့်တကြားအော်ဟစ်လိုက်ကြမည်ဖြစ်သည်။
အရာဝတ္ထုများကို နေရာတစ်ခုမှတစ်ခုပစ်လွှတ်ခြင်းသည်လွယ်ကူသော်လည်း ယခုလို သာမန်ပုံစံဖြင့်သိမ်မွေ့စွာထိမ်းချုပ်နိုင်ရန်မှာ မြင့်မားလှသည့်အတွင်းအားနှင့် နက်နဲသည့်ထိမ်းချုပ်နိုင်စွမ်းတို့လိုအပ်ပေသည်။
မိန်းကလေးလည်း သူမ၏ရှေ့ရှိအရာများအားသိလိုစိတ်ပြင်းပြစွာကြည့်လိုက်မိသည်။
ထိုအရာများမှာ ထွေထွေထူးထူးမဟုတ်ဘဲ စာအုပ်ငယ်တစ်အုပ် ဆေးလုံးတစ်လုံးသာ ဖြစ်သည်။
စာအုပ်မျက်နှာဖုံးတွင် ညှို့ယူခြင်းသံဇဉ်သိုင်းကျမ်းဟုရေးမှတ်ထားကာ မိန်းကလေးလည်း သိုင်းကျမ်းတစ်မျိုးမျိုးဖြစ်ကြောင်းကိုသိလိုက်သည် ။
စာအုပ်ပေါ်ရှိဆေးလုံးမှာမူ ရွှေရောင်သမ်းလျက်ရှိကာ အမြင်လှသော်လည်း ဆိုးရွားသည့်အနံ့တစ်ခုရှိသည် ။
ဝမ်းတနှင့်ဝမ်းတုတို့မှာ ထိုဆေးလုံးအားမြင်သည်နှင့် သူတို့၏မျက်လုံးများပြုးကျယ်သွားကြကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည် ။
သူတို့၏ပုံစံမှာ မယုံကြည်နိုင်ဖွယ်တစ်ခုခုအားတွေ့လိုက်ရသည့်ပုံကဲ့သို့ဖြစ်သည်။
“ ဂိုဏ်းချုပ်ကိုကျေးဇူးတင်ပါတယ် “
မိန်းကလေးမှမူ ထိုပစ္စည်းများအားတည်ငြိမ်စွာကြည့်လိုက်ကာ မျက်နှာဖုံးရှင်အားဂါရဝပြုလိုက်သည်။
မျက်နှာဖုံးရှင်မှ လက်ကိုအသာဝေ့ယမ်းလိုက်သည်။ ထို့နောက် စူးရှသည့်မျက်လုံးများဖြင့်မိန်းကလေးအားစိုက်ကြည့်ကာပြောလိုက်သည်။
“ မင်းဝမ်းတုဆီက ငါတို့ဂိုဏ်းရဲ့စည်းကမ်းတွေကို သိပြီးလောက်ရောပေါ့ ။
မင်းဆီမှာရှိတဲ့ဆေးလုံးက နှလုံးကြွေဆေးလုံးထက် အဆပေါင်းများစွာဆိုးရွားတဲ့ဆေးလုံးပဲ ။။မင်းစိတ်ဆုံးဖြတ်ပြီးပြီလား “
မျက်နှာဖုံးရှင်၏မေးခွန်းအားမိန်းကလေးမှပြနိမဖြေပေ ။သူမ၏လက်ထဲမှဆေးလုံးအားမြောက်ကာ ပါးစမ်အတွင်းပစ်ထည့်၍ဝါးစားလိုက်သည် ။
ဆေးလုံးမှာ သူ၏အနံ့နှင့်တူစွာ အရသာမှလည်းတိုးရွားလှသည်။ မိန်းကလေး၏ခန္တာကိုယ်ခုလုံး မီးစဖြင့်အထိုးခံရသလို ပူပြင်းလာလေသည်။
“ မဆိုးဘူး “
မျက်နှာဖုံးရှင်မှ ကျေနပ်နေသည့်လေသံဖြင့်ပြောလိုက်သည်။ မိန်းကလေး၏အမူအယာမှာမူ မပြောင်းလဲသော်လည်း သူမ၏ခန္တာကိုယ်မှု အနည်းငယ်တုန်ယင်နေသည်။
“ မင်းသွားလို့ရပြီ “
ထို့နောက်တွင် မျက်နှာဖုံးရှင်မှ မိန်းကလေးအား အခန်းတွင်းမှထွက်ခွာခိုင်းလိုက်သည်။
ခန်းမကျယ်ထဲတွင် ဝမ်းတ ၊ ဝမ်းတုနှင့် မျက်နှာဖုံးရှင်တို့သုံးယောက်သာကျန်ခဲ့တော့သည် ။
“ ဆရာ ဒါက “
ဝမ်းတမှ မယုံကြည်နိုင်သည့်လေသံဖြင့်မေးရန်ပြင်လိုက်သည် ။ ဝမ်းတု၏အမူအယာသည်လည်း ထို့အတူပင်ဖြစ်သည်။
မျက်နှာဖုံးရှင်မှ ဝမ်းတ၏မေးခွန်းမဆုံးမီလက်ကာပြလိုက်သည် ။ ထို့နောက် ဝမ်းတုအားမေးလိုက်သည်။
“ မင်းသူနဲ့စပြီးတွေ့ဆုံက ဘယ်လိုလဲ “
မျက်နှာဖုံးရှင်၏မေးခွန်းကြောင့် ဝမ်းတု၏မျက်နှာထက်တွင် အံ့ဩရိပ်အချို့ဖြက်ပြေးသွားသော်လည်း သူနှင့်မိန်းကလေးတို့စတင်တွေ့ဆုံခဲ့သည့်အကြောင်းကို ပြောပြလိုက်သည်။
ထို့နောက် မျက်နှာဖုံးနှင့်လူမှ တိတ်ဆိတ်သွားကာ တစ်စုံတစ်ရာထပ်မံပြောဆိုခြင်းမပြုတော့ပေ ။
အတန်ကြာမှ မျက်နှာဖုံးရှင်၏အသံထွက်ပေါ်လာသည်။
“ မြစ်ဝါနဂါးဂိုဏ်းကို အဖြူရောင်သွေးမိစ္ဆာဆိုတဲ့လူငယ်တစ်ယောက်ဖျက်ဆီးသွားတယ်လို့ သတင်းကြားတယ် ။ သူ့အကြောင်းနဲ့ပတ်သတ်ပြီး ဘာတွေသိထားသေးလဲ “
မျက်နှာဖုံးရှင်၏မေးခွန်းကြောင့် ဝမ်းတနှင့်ဝမ်းတုတို့မှာ အနည်းငယ်ကြောင်အသွားကြသည်။
ထိုအကြောင်းအား သူတို့သိမထားကြပေ။ သို့သော် မျက်နှာဖုံးရှင်၏ဘေးသို့ရိပ်ခနဲရောက်လာသည့်အရိပ်တစ်ခုကြောင့် သူတို့ကိုမေးမြန်းခြင်းမဟုတ်မှန်းသဘောပေါက်လိုက်သည် ။
ထိုအရိပ်မှာ အမှောင်ထဲမှထွက်ပေါ်လာကာ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားသည်။ ထိုလူ၏မျက်နှာကိုပင်မမြင်ရဘဲ အနက်ရောင်ခေါင်းစွပ်တစ်ခုဖြင့် လုံအောင်ဖုံးထားသည် ။
ဝမ်းတနှင့်ဝမ်းတုတို့မှာ ထိုလူရောက်နေသည်အား ထို့မတိုင်မီအထိ တစ်စုံတစ်ရာသိရှိခြင်းမရှိကြပေ။
ထိုလူ၏ကိုယ်ဖော့ပညာမှာ ကြောက်မက်ဖွယ်ကောင်းလှသည် ။
သို့မဟုတ်ပါက နှင်းငွေ့မိစ္ဆာသခင်ကြီး၏လက်အောက်မှ အရေးကြီးသည့်အရိပ်တပ်ဖွဲ့ခေါင်းဆောင်နေရာကို ရမည်မဟုတ်ပေ ။
“ ဂိုဏ်းချုပ် သူက ထင်းရှီလို့ခေါ်တဲ့လူငယ်တစ်ယောက်ဖြစ်ပြီးတော့ သိုင်းလောကထဲကိုဝင်တာမကြာသေးပါဘူး ။
ဒါပေမယ့် သူကအရှေ့ပိုင်းသိမ်းငှက်ညီနောင် တို့နဲ့ရင်းနှီးပုံရတယ်။ နောက်ပြီးတော့ စီးတုမိသားစုရဲ့တတိယသခင်လေး ၊ အရှေ့မြောက်ပိုင်းက တင်းအိမ်တော်သခင်လေး တို့နဲ့ သွေးသောက်ညီအး်ကိုဖွဲ့ထားသေးတယ်။
အရေးအကြီးဆုံးကသူက နဂါးစိမ်းဂိုဏ်းချုပ်ရဲ့သမီး အော့မေ့ဂိုဏ်းချုပ်ရဲ့တပည့် ပန်းနတ်သမီးနဲ့မရှင်းလင်းတဲ့ ဆက်ဆံရေးရှိတယ်လို့သိထားတယ် ။
သူ့ရဲ့ဇာတ်မြစ်ကိုမှန်းဆလို့မရသေးပေမယ့် ဝင်္ကပါတောအုပ်ထဲကလာတာလို့ ခန့်မှန်းထားပါတယ် “
ဝတ်ရုံနက်မှ ထင်းရှီ၏အကြောင်းကိုပြည့်စုံစွာဖြေကြားလိုက်သည် ။
သူ၏စကားအား ထင်းရှီသာကြားပါက လွန်စွာအံ့အားသင့်သွားပေမည်။ ထိုလူမှာ သူသိုင်းလောကထဲသို့စတင်ဝင်ရောက်လာသည့်အချိန်မှစ၍ သူ၏လှုပ်ရှားမှုများအား အနီးစပ်ဆုံးမှန်ကန်အောင်ပြောနိုင်လေသည်။
“ သူ့ရဲ့သိုင်းပညာကရော “
မျက်နှာဖုံးရှင်မှ ထပ်၍မေးလိုက်သည်။ ဝတ်ရုံနက်မှလည်း ချက်ခြင်းပြန်ဖြေလိုက်သည် ။
“ သူ့ရဲ့သိုင်းပညာကအဆင့်လွန်သိုင်းအဆင့်မှာရှိနိုင်ပြီးတော့ ဓားကိုအသုံးပြုပြီးတိုက်ခိုက်ပါတယ်။
ဒါပေမယ့် သူကမြစ်ဝါနဂါးဂိုဏ်းရဲ့ဌာနချုပ်ကိုတစ်ဦးနည်းဖြိုခွင်းပြီး ဂိုဏ်းသားနှစ်ရာကျော်ကိုသတ်ဖြတ်သွားခဲ့တယ် ။
သူသတ်ခဲ့တဲ့လူတွေထဲမှာ ထိပ်တန်းအဆင့်တွေအတော်များများပါပြီးတော့ အဆင့်လွန်သိုင်းအဆင့်ရေဘုရင်လေးယောက် ၊ ဒုဂိုဏ်းချုပ်တစ်ယောက်နဲ့ သိုင်းဝိဇ္ဇာအဆင့်ကိုခြေလှမ်းတစ်ဝက်ရောက်နေတဲ့ သွေးမိစ္တာတို့လဲပါတယ် ။။
ဒီအချက်တွေကိုကြည့်ရင် သူ့ရဲ့တိုက်ပွဲဝင်စွမ်းအားက သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်လောက်ရှိနိုင်တယ် “
ဝတ်ရုံနက်၏စကားကြောင့် ဝမ်းတနှင့်ဝမ်းတုတို့မှာ ပင့်သက်ရှိုက်လိုက်မိကြသည်။