အကြီးအကဲငါးနှင့်တိုက်ခိုက်ခြင်း
Vol. 2 Ch. 137
ထင်းရှီလည်း အနည်းငယ်စဉ်းစားဟန်ပြုလိုက်ပြီး ခေါင်းညိမ့်လိုက်သည် ။သူ၏စိတ်ထဲတွင်တော့ မြူး၍နေသည်။
ဓားဆန္ဒကိုနားလည်သဘောပေါက်ပြီးနောက်ပိုင်းတွင် သူမည်သည့်ဓားသမားဖြင့်ဖြစ်စေ တိုက်ခိုက်ရန်ယုံကြည်မှုရှိနေသည်။
ယခု အကြီးအကဲငါးမှ သူ့အားသိုင်းဆယ်ကွက်ခုခံနိုင်လျှင်ရနိုင်မည်ဟုပြောသည့်အတွက် သူ့အကြိုက်ကျသွားသည် ။
ယခင်ကဓားစံအိမ်မှ သူလွတ်မြောက်လာသည်မှာဦးလေးစစ်ချွေမှ သူ့အားအလွတ်ပေးလိုက်၍ဖြစ်ကြောင်းသိလာသည် ။
သူတို့၏ဘဝမှ အချိန်အများစုကိုဓားပညညထဲတွင်နစ်မြုပ်ထားသူများမှာ မည်သည့်အတွက် ဓားဆန္ဒကိုနားမလည်ဘဲရှိမည်နည်း။
အကယ်၍ စစ်ချွေသာထိုစဉ်ကဓားဆန္ဒကိုအသုံးပြု၍တိုက်ခိုက်ပါက သူနှင့်ထင်းရှောင်ယငိနှစ်ယောက်ပေါင်းလျှက်ပင်သိုင်းတစ်ကွက်ထဲဖြင့်ရှုံးနိမ့်ရပေမည်။
သူကိုယ်တိုင်ဓားဆန္ဒကိုသဘောပေါက်ပြီးနောက်ပိုင်းတွင် ဓားဆန္ဒကိုအသုံးပြခြင်းမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သူသိလာသည်။
ယခုအကြီးအကဲငါးမှ သူ့အားသိုင်းဆယ်ကွက်ခုခံခိုင်းခြင်းမှာ သူ့အတွက် အလွန်လွယ်ကူနေသည်။
“ ကောင်းပြီလေ သတိထားပါ “
အကြီးအကဲငါးမှ သတိပေးစကားပြော၍ ထင်းရှီထံသို့တိုးဝင်လာသည် ။တစ်ဆက်တည်း သူ၏ဓားသည်လည်း နဂါးတစ်ကောင်လို ထင်းရှီထံသို့ လိန်တွန့်၍တိုးဝင်လာသည်။
အကြီးအကဲငါး၏ဓားသိုင်းမှာ နတ်နဂါးဓားသိုင်းဖြစ်၍ ဓားစံအိမ်မှအကြီးအကဲများထဲတွင်အလယ်ါလက်အဆင့်ဖြစ်သည် ။
တစ်ခုသိထားရမည်မှာ ဓားစံအိမ်မှမည်သည့်အကြီးအကဲမဆို သိုင်းလောကမှ သိုင်းဝိဇ္ဇာအဆင့်အတော်များများအား အသာအယာဖြင့်အနိုင်ယူနိုင်စွမ်းရှိလေသည် ။
ထင်းရှီလည်း အကြီးအကဲငါး၏ဓားကွက်အားကြည့်ကာသူ၏မျက်နှာအနည်းငယ်တည်ကြည်သွားသည် ။
ထိုဓားကွက်မှာ နတ်နဂါးဓားသိုင်းထဲမှ ပိတ်လှောင်သည့်ဓားကွက်တစ်မျိုးဖြစ်ကာ ထင်းရှီအား အကြပ်အကျဥ်းထဲသို့ ကျရောက်စေရန် ဦးစွာပိတ်လှောင်လိုပုံရသည် ။
“ အထီးကျန်ဓားသိုင်း လောကဘုံမှလွတ်မြောက်ခြင်း “
ထင်းရှီ၏ဓားမှာ ကောင်းကင်သို့ညွန်ပြနေသည့်ပုံစံဖြစ်သွားကာ မလှုပ်ရှားတော့သည့်ပုံရသည်။
အမှန်မှာ ထင်းရှီ၏လှုပ်ရှားမှုများမှာ လွန်စွာလျှင်မြန်၍ သူလှုပ်ရှားကို မျက်စေ့ဖြင့် မတွေ့လိုက်ရခြင်းဖြစ်သည်။
“ ချွမ်း ချွမ်းး “
သူတို့၏ဓားများမှာ အကြိမ်ရေအတော်များများထိတ်တိုက်တွေ့သွားကာ ထင်းရှီသည်လည်းအကြီးအကဲငါး၏ပိတ်လှောင်မှုများထဲမှလွတ်မြောက်သွားတော့သည်။
အကြီးအကဲငါး၏မျက်နှာတွင်ချီးကျူးလိုသည့်အရိပ်အယောင်များထွက်ပေါ်လာကာ ထင်းရှီအားကြည့်လိုက်သည် ။
သို့သော် သူ၏တိုက်ခိုက်မှုအားရပ်နားခြင်းမရှိဘဲ နောက်ထပ်ဓားကွက်တစ်ခုကိုထပ်မံထုတ်ဖော်လိုက်သည် ။
“ နဂါးပင်လယ်ထဲဆင်းခြင်း “
အကြီးအကဲငါး၏ခန္တာကိုယ်မှာ လေပေါ်သို့မြောက်တက်သွား၍ ထင်းရှီဆီသို့ ဇောက်ထိုးဆင်လာသည်။
သူ၏ဓားသည်လည်း ဆက်တိုက်ပင်လှုပ်ရှားနေကာ ထင်းရှီအားအလုပ်များစေသည်။ ထင်းရှီ၏ခန္တာကိုယ်တစ်ဝိုက်တွင်ဖိအားများဖြစ်လာကာ သူ၏ဘေးပတ်လည်မှမြေကြီးတွင်ဓားရာများဖြစ်လာသည် ။
“ မိုးကြိုးမုန်တိုင်းဓားသိုင်း လေပွေမုန်တိုင်း “
ထင်းရှီ၏ခန္တာကိုယ်မှာ ဂျင်တစ်လုံးကဲ့သို့မွတ်မွတ်လည်သွားကာ သူ၏ဦးခေါင်းထက်မှဓားရိပ်များအား ပျက်ပြယ်သွားစေသည်။
ထိုဓားကွက်မှာ သူ့အစ်ကိုကြီးရှောင်ကျန်းမင်၏မိုးကြိုးမုန်တိုင်းဓားသိုင်းထဲမှ ခုခံမှုအကောင်းဆုံးဓားကွက်ဖြစ်သည်။
အကြီးအကဲငါးမှာ ထင်းရှီအားမထိခိုက်နိုင်မှန်းသိသည်နှင့် သူ၏တိုက်ကွက်အားရုတ်သိမ်းကာ နောက်သို့ဆုတ်ခွာသွားလိုက်သည် ။
သူ့အနေဖြင့် ထင်းရှီထိုမျှဓားသိုင်းကွက်အတော်များများကိုတတ်မြောက်နေလိမ့်မည်ဟုမထင်ခဲ့မိပေ။
ထို့အပြင် ထိုကောင်မှာ ဓားစံအိမ်တွင်နေစဉ်ကသူဆီမှ သိုင်းကွက်အချို့ကိုပင်လာရောက်သင်ယူသွားသေးသည်။
ထင်းရှီမှာ အကြီးအကဲငါး၏အကြည့်ကိုသဘောပေါက်၍ ရှက်ရွံ့စွာရယ်မောလိုက်သည် ။သူအကြီးအကဲငါးအား ဆယ်ကွက်ခုခံနိုင်ပြီး လွတ်မြောက်ရန်သာအရေးကြီးလေသည်။
တိုက်ခိုက်ရာတွင်မည်သည့်ဓားကွက်ကိုဖြစ်စေ သူအသုံးပြု၍ရပေသည် ။
အကြီးအကဲငါးလည်းထင်းရှီအားကြည့်ကာ ခေါင်းတစ်ချက်ငြိမ်လိုက်သည် ။ ထို့နောက် သူ၏ဓားအား ထင်းရှီထံသို့ ချိန်၍ ခြေထောက်နှစ်ဖက်ကို စု(ရပ်လိုက်သည် ။
ထင်းရှီလည်း အကြီးအကဲငါး၏ပုံစံကြောင့်အနည်းငယ်စိတ်ညစ်သွားသည်။ အကြီးအကဲငါးမှာ သူ၏အစွမ်းအထက်ဆုံးဓားကွက်ကိုအသုံးပြတော့မည်မှန်း သူရိပ်မိလိုက်သည်။
အကြီးအကဲငါးမှာ ယခုအချိန်အထိဓားဆန္ဒကိုအသုံးမပြုသေးသော်လည်း သူ၏သိုင်းအဆင့်မှာမူသိုင်းဝိဇ္ဇာအဆင့်တွင်ရှိသည်။
ယခုလာမည့်ဓားကွက်ကိုထင်းရှီခုခံနိုင်မည်ဖြစ်သော်လည်း လက်ရဘ်တူနေလျှင်အရေးမကြီးပေ ။
အကယ်၍ သူဒဏ်ရာတစ်စုံတစ်ခုရရှိသွားပါက နောက်ထပ်ဓားကွက်များဆက်၍ခုခံနိုင်ရန် အရေးနိမ့်သွားပေမည်။
ယခုအချိန်ထိ အကြီးအကဲငါးသည်လည်ဓားဆန္ဒကိုအသုံးပြု၍တိုက်ခိုက်ခြင်းမရှိသေးပေ။
“ နတ်နဂါးအသွင်ပြောင်းလဲခြင်း “
အကြီးအကဲငါး၏နှုတ်မှခပ်တိုးတိုးအသံထွက်ပေါ်လာကာ ထင်းရှီဆီသို့ တိုးဝင်သွားလိုက်သည် ။
သူ၏ဓားမှာ အနည်းငယ်မျှသာလှုပ်ယမ်းသွားသော်လည်း ထင်းရှီ၏စိတ်ထဲတွင် အစစ်အမှန်နဂါးတစ်ကောင်မှ လာရောက်တိုက်ခိုက်နေသလိုထင်လိုက်မိသည်။
“ တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်း “
ထင်းရှီမှ သက်ပြင်းတစ်ချက်ချ၍ ခပ်တိုးတိုးပြောလိုက်သည် ။ ဓားဆန္ဒမပါဘဲတိုက်ခိုက်ပါက သူနှင့်အကြီးအကဲငါးမှာ ကွာခြားမှုများစွာရှိနေသေးသည်။
“ ရွှပ် “
အကြီးအကဲငါးမှာ ထင်းရှီထံမှ လေပြင်းတစ်ချက်တိုက်ခိုက်လာသလိုခံစားမိလိုက်ကာ မျက်ခုံးများစုကြုံ့သွားသည် ။
ထို့နောက် ထင်းရှီ၏ဓားကွက်မှ ပြင်းထန်လှသည့်အရှိန်အဟုန်ကြီးထွက်ပေါ်လာလေသည် ။
“ ဝုန်းး.. “
အကြီးအကဲငါး၏နဂါးကြီးမှာ ထင်းရှဖိထံမှထွက်လာသည့်ဓားလှိုင်းကြီး၏ပိုင်းဖြတ်ခြင်းခံလိုက်ရကာ အကြီးအကဲငါးမှာ နောက်သို့လွင့်စင်သွားသည်။
ထို့တိုင်အောင် ထင်းရှီ၏ဓားကွက်မှ ဆက်လက်တိုးဝင်လာသဖြင့် အကြီးအကဲငါးမှာ လျှင်မြန်လှသည့် ဓားချက်သုံးချက်ကိုထုတ်လိုက်ရသေးသည်။
ထို့နောက် သူတို့နှစ်ဦးစလုံးမှာ တိတ်ဆိတ်သွားကြသည်။ ထင်းရှီမှ သူ၏ဓားအားတည်ငြိမ်စွာကိုင်၍ရပ်နေကာ အကြီးအကဲငါးမှာမူ ထင်းရှီအား ပြူးကျယ်နေသည့်မျက်လုံးများဖြင့်ကြည့်ရှုနေသည်။
“ မင်း မင်း ဓားဆန္ဒကိုနားလည်သွားပြီလား “
အကြီးအကဲငါးထံမှ မယုံကြည်နိုင်သည့်လေသံဖြင့် မေးခွန်းတစ်ခုထွက်ပေါ်လာသည် ။ထင်းရှီလည်း ပြန်မဖြေဘဲ ခေါင်းညိမ့်ပြလိုက်သည်။
အကြီးအကဲငါးမှာ ထင်းရှီ၏တည်ငြိမ်နေသည့်အမူအယာကိုကြည့်၍တခဏငြိမ်သက်သွားသည်။ ။ထို့နောက် သူ၏မျက်နှာမှာ ပြုံးရွှင်လာကာ အော်ဟစ်ရယ်မောလိုက်သည်။
“ ဟားးဟားး.. ငါတို့စံအိမ်သခင်ရဲ့တပည့်က ဒီလောက်ထူးချွန်မယ်လို့ထင်မထားခဲ့ဘူး ။ မင်းရဲ့ဆရာတောင် အသက်သုံးဆယ့်ငါးနှစ်ပြည့်မှဓားဆန္ဒကို နည်းလည်ခဲ့တာပဲ။
အခုမင်းကတော့ အသက်နှစ်ဆယ့်ငါးနှစ်လောက်ပဲရှိသေးတယ် ဟားးဟားး မင်းကငါတို့ မမျှော်မှန်းနိုင်လောက်တဲ့အဆင့်တစ်ခုထိရောက်နိုင်တယ်ကွ “
အကြီးအကဲငါးမှယ အရူးတစ်ယောက်လိုအော်ဟစ်ရယ်မောနေတော့သည်။ ထင်းရှီမှာ အကြီးအကဲငါး၏ပုံစံကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။
သူဓားဆန္ဒအားနားလည်သွားပြီဖြစ်သော်ခည်း အကြီးအကဲငါးမှ ယခုလိုပျော်ရွှင်နေလိမ့်မည်ဟု သူမထင်ခဲ့မိပေ။
အမှန်မှာ ထင်းရှီမှ အကြီးအကဲငါး၏ခံစားချက်ကိုလျော့တွက်မိခြင်းဖြစ်သည်။ လက်ရှိထင်းရှီမှာ အသက်နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်ဖြင့်ဓားဆန္ဒကိုနားလည်နိုင်သည့်အတွက် အကြီးအကဲငါးမှာ လွန်စွာပျော်ရွှင်နေခြင်းဖြစ်သည်။
အကြီးအကဲငါး၏နေရာတွင်လည်း အခြားအကြီးအကဲများဆိုပါက ယခုလိုပင်တုံ့ပြန်မိမည်ဖြစ်သည်။
“ လာပါဦးကောင်လေး ငါ့ကိုဖတ်ပါဦး “
အကြီးအကဲငါးမှ လက်ကိုဆန့်တန်းကာပြောလိုက်သည်။ ထင်းရှီလည်း အနည်းငယ်ရှုံ့မဲ့သွားကာခေါင်းယမ်းလိုက်သည်။
သူ၏စိတ်ထဲတွင် တည်ငြိမ်သည့်အကြီးအကဲတစ်ယောက်မှ ယခုလိုချက်ခြင်းလက်ငင်းပြောင်းလဲသွားသည်ကို အံ့ဩမိသည် ။
“ အဟမ်းး ဒါဆို ကျွန်တော်အခုဓားစံအိမ်ကိုပြန်မလိုက်သေးလဲ ရတယ်မလား “
ထင်းရှီမှ သူအလိုရှိသည့်အချက်အားမေးလိုက်သည် ။ အကြီးအကဲငါးမှာ ခေတ္တတုံ့ဆိုင်းသွားပြီးနောက် သဘောတူလိုက်သည် ။
“ ကောင်းပြီလေ မင်းအခုပြန်မလိုက်သေးရင်လဲရတယ် ။ဒါပေမယ့် သုံးနှစ်ပြည့်ရင်တော့ပြန်ခဲ့ပေါ့ “
အကြီးအကဲငါး၏စကားကြောင့် ထင်းရှီမှာ ဝမ်းမြောက်၍သွားတော့သည်။ ထို့နောက် အကြအကဲငါးမှ တစ်စုံတစ်ခုအား သတိရသွားသည့်ဟန်ဖြင့်မေးလိုက်သည်။
“ မင်းအစောပိုင်းကပြောခဲ့တာက ရှောင်ကျန်းမင်ရဲ့ခြေထောက်တွေကိုပြန်ကောင်းနိုင်တာဆိုတော့ မဟုတ်မှလွဲရော မင်းအတွင်းအားစုပ်သိုင်းကျမ်းကိုရလာတာတော့ မဟုတ်လောက်ပါဘူးနော် “
အကြီးအကဲငါးမှ အံ့သြသည့်လေသံဖြင့်မေးလိုက်သည်။
“ အစစ်ပေါ့ “
အကြီးအကဲငါး၏ မေးခွန်းကြောင့်ထင်းရှီမှာ ပြုံးလိုက်ကာ သူ၏ရင်ဘက်ကြားထဲမှစာအုပ်ငယ်လေးအားထုတ်ပေးလိုက်သည်။
အကြီးအကဲငါးမှာ ထင်းရှီ၏လက်ထဲမှစာအုပ်အားယူကာ လှန်လှော၍ကြည့်လိုက်သည်။ ထို့နောက်ခေါင်းယမ်းကာစာအုပ်အားသိမ်းဆည်းလိုက်သည်။
“ ဒါက အတွင်းအားစုပ်သိုင်းကျမ်းအစစ်ပဲ မင်းဘယ်လိုရလာတာလဲတော့ငါမမေးတော့ဘူး ။ကောင်လေး မင်းကအံ့ဩစရာတွေအတော်လေးလုပ်ခဲ့တာပဲ “
အကြီးအကဲငါးမှ ပျော်ရွှင်သည့်လေသံဖြင့်ရေရွတ်လိုက်သည် ။ ရှောင်ကျန်းမင်၏ခြေထောက်များပြန်ကောင်းရန် သူလည်းဆန္ဒရှိနေသည်။
“ ဒါနဲ့ အကြီးအကဲ လမ်းမှာ ကျွန်တော်ခာခဲ့တုန်းက ဝင်္ကပါနှစ်ခုပျက်စီးနေပြီး သစ်ပင်တွေလည်း ဖျက်စီးခံထားရတာကိုတွေ့ထားတယ်။
ဒီတောအုပ်ထဲမှာ ဘာကိစ္စတွေဖြစ်ခဲ့တာလဲ “
ထင်းရှီမှသူသိလိုသည့်အချက်အားမေးလိုက်သည် ။ ထင်းရှီ၏မေးခွန်းကြောင့် အကြီးအကဲငါး၏မျက်နှာတည်ကြည်သွားသည်။